← Chapters

အခန်း ၂၇၆

Vol. 28 Ch. 276

အခန်း ၂၇၆

Vol. 28 Ch. 276

အပိုင်း၂၇၆

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ- Silent Cake And Pastries

ဘာသာပြန်- Shue

True Immortal Team

ရက်အနည်းငယ် နေ့ရောညပါ မနားတမ်း ခရီးနှင်ခဲ့ကြပြီး နှင်းများဖုံးလွှမ်းနေသော တောင်ထွတ်များကို ဖြတ်ကျော်ကာ လူရိုင်းနယ်မြေထဲသို့ ဝင်ရောက်လာကြသည်။ ဆိုလွန်မှာ တစ်နေကုန် အရက်သောက်ရန် အတင်းအကျပ်ခိုင်းစေခံရသဖြင့် သူ၏ အချိန်များကို မုန်ထိုလော့၏ ရင်ခွင်ထဲ၌ နှစ်ခြိုက်စွာ အိပ်မောကျလျက်သာ ကုန်ဆုံးခဲ့ရသည်။ ထို့ကြောင့် သူသည် တောင်တစ်သောင်းတောင်တန်း၏ မြင့်မားသော တောင်ထွတ်များကိုဖြစ်စေ၊ လူရိုင်းကုန်းမြေတိုက်ကြီး၏ အရိုင်းဆန်လှသော မြေပြင်ရှုခင်းများကိုဖြစ်စေ တစ်ခါမျှ မမြင်တွေ့ခဲ့ရချေ။

သူ၏ အဝတ်အစားများကိုလည်း အဆိပ်မြွေမျိုးနွယ်စု ဝတ်စုံများဖြင့် လုံးဝ အစားထိုးဝတ်ဆင်ပေးထားခြင်းခံရကာ မျက်နှာပေါ်၌ တက်တူးများ ရေးဆွဲထားပြီး တိရစ္ဆာန်သွားများဖြင့် အလှဆင်ထားသဖြင့် စစ်မှန်သော လူရိုင်းတစ်ဦးနှင့်ပင် ဆင်တူနေတော့သည်။ နောက်ဆုံး၌ မုန်ထိုလော့သည် အလွန်အကျွံ မသောက်ရန် ဆိုလွန်၏ သတိပေးချက်ကို သတိရသွားသည်။

ထို့ကြောင့် ဆိုလွန် နေ့စဉ် အရက်မူးနေသည်ကို မကြည့်ရက်တော့သဖြင့် အရက်အစား အိပ်ဆေးတစ်မျိုးကို တိတ်တဆိတ် ထည့်တိုက်ကာ သူ့ကို နှစ်ခြိုက်စွာ အိပ်ပျော်စေလိုက်တော့သည်။ သူမ၏ အဓိက ရည်ရွယ်ချက်မှာ ရှင်းလင်းလှသည်။ ဆိုလွန် မျက်လုံးပွင့်လာပြီး လူရိုင်းမျိုးနွယ်စုများ၏ ကြမ်းတမ်းခက်ထန်လှသော လက်တွေ့ဘဝကြီးကို မမြင်တွေ့စေလိုခြင်းပင်။

…

ယခုအချိန်တွင် နေ့ရောညပါ ခရီးနှင်လာခဲ့ကြရာ သူတို့ မိုင်ပေါင်းများစွာကိုပင် ဖြတ်သန်းခဲ့ကြလေပြီ။ တစ်နေ့တွင် ထူးဆန်းစူးရှသော အနံ့တစ်ခု ဆိုလွန်၏ နှာခေါင်းထဲသို့ ရုတ်တရက် တိုးဝင်လာသဖြင့် သူ့ကို ချက်ချင်း နိုးကြားသွားစေသည်။ ဆိုလွန် နိုးလာသည်ကိုမြင်လျှင် မုန်ထိုလော့က ပြုံး၍ ပြောလိုက်သည်။

“ငါတို့ ရောက်ပြီ”

“ပျောက်ဆုံးသွေးမြို့တော်က ရှေ့နားလေးမှာပဲ”

ဆိုလွန် ခေါင်းကို ခပ်ကြမ်းကြမ်း ရမ်းလိုက်ပြီး သူမ၏ ရင်ခွင်ထဲမှ ထထိုင်ကာ ရှေ့သို့ လှမ်းကြည့်လိုက်သည်။

ပျောက်ဆုံးသွေးမြို့တော်။

နဂါးတံဆိပ်တုံး ကျောက်တိုင်က ဒီအထဲမှာ တကယ်ပဲ ပုန်းကွယ်နေပါသလော။

…

သူ၏ရှေ့မှောက်၌ ပျောက်ဆုံးသွေးမြို့တော် အပျက်အစီးများ ရှိနေကာ ဆိုလွန် တစ်ချက်ကြည့်ရုံဖြင့် လုံးဝ မှင်သက်သွားရသည်။ ဤနေရာကို အကြိမ်များစွာ စိတ်ကူးယဉ်ကြည့်ဖူးသော်လည်း အပြင်၌ တကယ်တမ်း မြင်တွေ့လိုက်ရသောအခါ သူ့ကို တုန်လှုပ်သွားစေဆဲပင်။

ပျောက်ဆုံးသွေးမြို့တော်သည် နာမည်နှင့် အညီ ကြီးမားသောမြို့တော်ကြီးဖြစ်နေသည်။ ယင်းသည် နုလန်တော်ဝင်မြို့တော်ထက်ပင် ပိုမိုကြီးမားကျယ်ပြန့်သော ဧရာမမြို့ဟောင်းကြီးတစ်ခုဖြစ်ကာ အတိတ်ကာလက မည်မျှအထိ စည်ပင်ဝပြောခဲ့မည်ကို စိတ်ကူးကြည့်ရန် လွယ်ကူလှသည်။

မြို့တစ်ခုလုံးကို မီတာထောင်ချီ မြင့်မားသည့် တောင်တန်းကြီးများဖြင့် ဝန်းရံထားကာ တောင်ခါးပန်းမှ အောက်ဘက်ချိုင့်ဝှမ်းထဲအထိ တိုးချဲ့တည်ဆောက်ထားသည်။ အပေါ်နှင့်အောက် အမြင့်ပေကွာဟချက်မှာ အလွန်ကြီးမားလှကာ မီတာထောင်ချီရှိပြီး အပြင်အဆင်မှာ မိုင်ရာချီကျယ်ဝန်းသည့် ခွက်အကြီးစားကြီးတစ်ခုနှင့် ဆင်တူလှသည်။ အလယ်ဗဟိုတည့်တည့်၌ ဧရာမရေကန်ကြီးတစ်ခုရှိနေပြီး ကန်ရေမှာ သွေးရောင်လွှမ်းနေသည်။

ဤရေကန်သည် မြို့နာမည်၏ မူလဇစ်မြစ်ပင်။ ပျောက်ဆုံးသွေးမြို့တော် တစ်ခုလုံးသည် ရေကန်၏သွေးရောင်ရေပြင်ကို ဗဟိုပြု၍ တည်ရှိနေခြင်းဖြစ်သည်။

“ဒီနေရာမှာ အရင်က အင်အားကြီးတဲ့ ယဉ်ကျေးမှုနဲ့ တိုင်းပြည်တစ်ခု ရှိခဲ့ဖူးတာပဲ”

မြို့ကြီး၏ ခမ်းနားကြီးကျယ်မှုကိုကြည့်ကာ ဆိုလွန် ရေရွတ်လိုက်မိသည်။

“ဒါက ပျောက်ဆုံးသွေးမြို့တော်ကို ကျွန်မ တတိယအကြိမ် ရောက်ဖူးတာပဲ”

“လူရိုင်းနယ်မြေကို မရောက်မချင်း လောကကြီးက ဘယ်လောက်တောင် ကျယ်ဝန်းပြီး ဆန်းကြယ်လဲဆိုတာ ရှင် တကယ် သဘောပေါက်နိုင်မှာ မဟုတ်ဘူး..အလယ်ပိုင်းဒေသကတော့ ဒီနေရာနဲ့ယှဉ်လိုက်ရင် အရမ်းကို သာမန်ဆန်လွန်းတယ်”

မုန်ထိုလော့သည် ဆိုလွန်၏ အံ့ဩသင့်နေသည့်အမူအရာကိုကြည့်ကာ တုံ့ပြန်လိုက်သည်။

“အင်း... ဒီရှုခင်းက တကယ်ကို ရင်သပ်ရှုမောဖွယ်ပဲ”

“ဒါနဲ့ ဒီပျောက်ဆုံးသွေးမြို့တော်က အရမ်း နာမည်ကြီးတာလား”

ဆိုလွန် ခေါင်းညိတ်၍ မေးလိုက်သည်။

“သေချာတာပေါ့”

“ ဒါက လူရိုင်းနယ်မြေမှာရှိတဲ့ လူသိများတဲ့ ရှေးဟောင်းအပျက်အစီး နည်းနည်းလေးထဲက တစ်ခုပဲလေ”

“နှစ်စဉ်နှစ်တိုင်း သူ့ရဲ့ ခမ်းနားမှုကို ကြည့်ဖို့နဲ့ ရတနာတွေရှာဖွေဖို့ လူမရေမတွက်နိုင်အောင် လာကြတယ်”

“ရှင်လည်း ရတနာလာရှာတာ မဟုတ်ဘူးလား”

မုန်ထိုလော့သည် ဂုဏ်ယူဝင်ကြွားစွာနှင့် ရှင်းပြရင်းမှ မေးမြန်းလိုက်သည်။

ဆိုလွန် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ခေါင်းညိတ်လိုက်သည်။ သူ၏ ရည်ရွယ်ချက်မှာ ကြီးမားသည့် လျှို့ဝှက်ချက်တစ်ခုဟု ထင်မှတ်ထားခဲ့သော်လည်း လူတိုင်း သိနေပုံရသည်။

မုန်ထိုလော့သည် ဆိုလွန်၏ ခေါင်းငြိမ့်မှုကိုမြင်သောအခါမှ ဆက်၍ ရှင်းပြလိုက်သည်။

“လူသားတွေရဲ့ လောကက လူအများစုကတော့..ဒီနေရာကို မသိကြဘူးလေ”

“ဘာလို့လဲဆိုတော့ မြင့်မြတ်နတ်နဂါးကျောင်းတော်က ဒီနေရာအကြောင်းကို လျှို့ဝှက်ထားလို့ပဲ”

“ဒါပေမဲ့ လူရိုင်းနယ်မြေမှာတော့ ဒီနေရာရ လူသိများတယ်..မြို့‌တော်အတွင်းမှာရှိတဲပရှေးဟောင်းရတနာသိုက်တွေကို ရှာဖို့ လူတွေမရေမတွက်နိုင်အောင် ဒီကို လာကြတာပဲ”

“ဒီမှာ ရတနာသိုက်တွေ အများကြီး ရှိလို့လား”

ရုတ်တရက် ဆိုလွန် မေးလိုက်သည်။

“ရှေးဟောင်းအပျက်အစီးတိုင်းမှာ အပြည့်ရှိတာပဲ”

“ဒါဆို ငါတို့ အထဲဝင်သွားရင် တခြားလူတွေနဲ့ ဆုံနိုင်တာပေါ့”

“ငါတို့... ဟုတ်လား”

“ရှင် တစ်ယောက်တည်း ဝင်ရမှာ..ကျွန်မ မလိုက်ဘူး”

ဆိုလွန်၏စကားကိုကြားလျှင် မုန်ထိုလော့ ရယ်မော၍ ပြောလိုက်သည်။

“ဘာဖြစ်လို့လဲ”

မုန်ထိုလော့၏ ငြင်းပယ်သောစကားကြောင့် ဆိုလွန် အံ့ဩသွားရသည်။

“ကျွန်မ နောက်ထပ် နှစ်နည်းနည်းလောက် အသက်ရှင်ချင်သေးလို့ပေါ့”

“ကျွန်မသေသွားရင် အဆိပ်မြွေမျိုးနွယ်စုလည်း သွားပြီပဲ”

“လူရိုင်းနယ်မြေမှာ ငါ့မျိုးနွယ်စုက အားအနည်းဆုံးတွေထဲက တစ်ခုဆိုတော့ သူတို့ရှင်သန်နိုင်ဖို့ မျိုးနွယ်စုကြီးတွေကြားမှာ ကျွန်မကိုပဲ လုံးလုံးလျားလျား အားကိုးနေရတာ”

“ပျောက်ဆုံးသွေးမြို့တော် အထဲမှာ တကယ်ပဲ အဲ့ဒီလောက် အန္တရာယ်များလို့လား”

“အင်း...အထဲဝင်သွားတဲ့ လူတစ်ရာမှာ တစ်ယောက်လောက်ပဲ အသက်ရှင်လျက် ပြန်ထွက်လာနိုင်တာလေ”

မုန်ထိုလော့၏စကားကြောင့် ဆိုလွန် လန့်သွားလေပြီ။

“အထဲမှာ ဘယ်လို အန္တရာယ်မျိုးတွေ ရှိနေလို့လဲ”

“ထောင်ချောက်တွေ၊ မိစ္ဆာကောင်တွေ၊ ထူးဆန်းတဲ့ စွမ်းအင်တွေ၊ သေတာထက် ကြောက်စရာကောင်းတဲ့ အဆိပ်တွေ... ရှင်တွေးကြည့်လို့ရတဲ့အရာတွေ အကုန်ပဲ”

“ပြီးတော့ နေရာတစ်ခုလုံးက ဧရာမဝင်္ကပါကြီးလေ.. အထဲကို တစ်ခါဝင်သွားတာနဲ့ ထွက်ပေါက်ရှာတွေ့ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သလောက်ပဲ”

မုန်ထိုလော့သည် ဆိုလွန်၏ လန့်သွားသောအမူအရာကိုမြင်လျှင် လေးနက်တည်သောမျက်နှာဖြင့် အလျင်အမြန် ဆက်ရှင်းပြလာသည်။

“ဪ... ဒါနဲ့... အထဲမှာ လူရိုင်းတွေနဲ့ တွေ့ရင် ချက်ချင်း ထွက်ပြေးနော်”

“သူတို့က ရှင့်ကိုမြင်တာနဲ့ သတ်လိမ့်မယ်.. ဝင်္ကပါက အရမ်းကြီးတော့ ရှင် ကံကောင်းရင်တော့ တစ်ယောက်မှ တွေ့မှာ မဟုတ်ဘူး”

“ဒါပေမဲ့ တွေ့ခဲ့ရင်တော့ သူတို့က သေချာပေါက် လူရိုင်းတွေပဲ ဖြစ်လိမ့်မယ်.. ပြီးတော့ သူတို့ရဲ့ သိုင်းပညာက လူသားသိုင်းပညာရှင်‌တွေထက် အဆတစ်ရာလောက် ပိုသန်မာတယ်”

“ငါ လူရိုင်းတစ်ယောက်လို ရုပ်ဖျက်သွားလို့ ရပါတယ်..မျက်နှာကို လူရိုင်းတစ်ယောက်လို ဖြစ်သွားအောင် အထူးဆေးရည် သုံးလိုက်မယ်.. အဲ့ဒါဆို အစစ်ထက်တောင် ပိုတူသွားဦးမယ်”

ထိုသို့ပြောရင်း ဆိုလွန် လက်မြှောက်ကာ သူ၏ မျက်နှာကို စမ်းကြည့်လိုက်သည်။

သို့သော် အံ့ဩစရာကောင်းစွာပင် သူ၏ အသားအရေမှာ ကျောက်စိမ်းကဲ့သို့ ချောမွေ့နေကြောင်း ခံစားလိုက်ရသည်။ မုန်ထိုလော့က သလင်းကျောက်မှန်တစ်ချပ်ကို ထုတ်ကာ မြှောက်ပြလိုက်သည်။ မှန်ထဲသို့ ကြည့်လိုက်သောအခါ ဆိုလွန်သည် သူ၏ မူလပုံရိပ်ကို မြင်တွေ့လိုက်ရသည်။

သူသည် အပြစ်အနာအဆာကင်းသည့် အသားအရေဖြင့် ယခင်ကအတိုင်း ချောမောနေဆဲပင်။

“ဒီရက်ပိုင်း ရှင်သတိလစ်နေတုန်း မျက်နှာပေါ်က အဲ့ဒီရွံစရာ ဆေးရည်တွေကို ကျွန်မ ဆေးကြောပစ်လိုက်တာ”

“ကျွန်မရဲ့ကိုယ်ပိုင် အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေကိုတောင် သုံးပေးထားသေးတာနော်”

“ဘယ်လိုလဲ..တော်တော် အလုပ်ဖြစ်တယ် မဟုတ်လား”

မုန်ထိုလော့ ချိုသာစွာ ပြုံးလိုက်သည်။

“ငါက ရောနှောနေလို့ရအောင် ရုပ်ဆိုးတဲ့ လူရိုင်းတစ်ယောက်လို ဖြစ်သွားဖို့ အတော်လေး ဒုက္ခခံထားရတာ”

“အခုတော့.. မင်းက ပြန်ပြောင်းပစ်လိုက်ပြီ..”

သူမ၏ရှင်းပြချက်ကြောင့် ဆိုလွန်၏ မျက်နှာရှုံ့မဲ့သွားကာ ညည်းတွားလိုက်ခြင်းပင်။

“ရှင့်ရဲ့ ရုပ်ဖျက်ထားတဲ့ မျက်နှာကြီးက ရွံစရာကောင်းတယ်လေ”

‘ပြီးတော့ နေ့တိုင်း ကျွန်မ ရင်ဘတ်ပေါ်မှာ အိပ်နေတာ... လုံးဝ ချစ်စရာ မကောင်းဘူး.. ချောမောတဲ့ မျက်နှာစစ်စစ်ကို ကြည့်ရတာက ကျွန်မကို အများကြီး ပိုပျော်ရွှင်စေတယ်”

သူမသည် နောက်ပြောင်ချင်သည့်ဟန်ဖြင့် လျှာထုတ်ကာ ဆိုလွန်၏ပါးကို လျှာဖြင့် လျက်လိုက်သည်။

“ဒါပေမဲ့ ငါ လူရိုင်းလို ဟန်ဆောင်ဖို့ လိုတယ်လေ”

“အရူးလေး... ရုပ်ဆိုးရုံနဲ့ လူရိုင်းတွေက ရှင့်ကို လူရိုင်းလို့ ထင်လိမ့်မယ်လို့ တကယ် ယုံနေတာလား”

“လူရိုင်းတွေက လူသားနဲ့ သူတို့အချင်းချင်းဘယ်လို ခွဲခြားလဲဆိုတာ ရှင် သိလို့လား”

မုန်ထိုလော့၏အမေးကြောင့် ဆိုလွန် ဇဝေဇဝါဖြစ်သွားသည်။

“ရုပ်ရည်နဲ့ ခွဲတာ မဟုတ်ဘူးလား”

“သေချာပေါက် မဟုတ်ဘူးပေါ့”

“တချို့လူရိုင်းတွေက လူသားတွေနဲ့ တစ်ပုံစံတည်းပဲ.. ဒါမှမဟုတ် ပိုပြီးတောင် ကြည့်ကောင်းကြသေးတယ်..”

“သူတို့က လူတစ်ယောက်ကို ရုပ်ရည်ကြည့်ပြီးခွဲခြားတာမဟုတ်ဘဲ.. လူတစ်ယောက်ရဲ့ သွေးထဲကနေ ထွက်ပေါ်လာတဲ့ သာမန်မျက်စိနဲ့မမြင်ရတဲ့ စွမ်းအင်အငွေ့အသက်ကို အားကိုးပြီး ခွဲတာ”

မုန်ထိုလော့ လေးနက်စွာ ဆိုလိုက်သည်။ သူမ၏ရှင်းပြချက်က ဆိုလွန်ကို ပို၍ နားရှုပ်သွားစေသည်။

ဆိုလွန်၏ နားမလည်သည့်မျက်နှာကိုမြင်သောအခါ မုန်ထိုလော့ အသေးစိတ်ဆက်၍ ရှင်းပြလိုက်သည်။

“လူသားတွေရဲ့ အဓိက အစောင့်အရှောက်နဲ့ ယုံကြည်မှုက နဂါးပဲ..ဘာလို့လဲဆိုတော့ လူသားတိုင်းရဲ့ ကိုယ်ထဲမှာ နဂါးသွေးတွေ စီးဆင်းနေလို့လေ”

“ဒါပေမဲ့ လူရိုင်းတွေမှာတော့ ကွဲပြားတဲ့ သွေးမျိုးဆက်တွေ အများကြီးရှိတယ်..ဥပမာပြောရရင် ကျွန်မရဲ့ အဆိပ်မြွေမျိုးနွယ်စုမှာ မြွေသွေးမျိုးဆက်ရှိပြီး ယက္ခမျိုးနွယ်စုမှာ ယက္ခသွေးမျိုးဆက်ရှိတယ်”

“မြွေသွေးမျိုးဆက်ကလူတွေက အဆိပ်အားလုံးကို ခုခံနိုင်စွမ်းရှိပြီး... ယက္ခသွေးမျိုးဆက်က ညဘက်ဆိုရင် သူတို့ရဲ့ အဆိပ်စွမ်းအားကို မြင့်တက်လာစေနိုင်စွမ်းရှိတယ်..လူရိုင်းတွေမှာ ထူးကဲတဲ့ ခွန်အားတွေ ဒါမှမဟုတ် လက်နက်တွေနဲ့ ထိုးဖောက်လို့မရတဲ့ သံလိုမာကျောတဲ့ အသားအရေမျိုးလို အထူးလက္ခဏာတွေလည်း အများကြီး ရှိကြသေးတယ်”

ထိုအခါမှ ဆိုလွန် မှင်သက်သွားလေပြီ။

ထိုအကြောင်းများကို သူ တစ်ခါမျှ မကြားခဲ့ဖူးချေ။ လူသားများ၏ သမိုင်းစာအုပ်များ၌ လူရိုင်းများကို မည်သည့်အထူးစွမ်းအားမှမရှိသော ရုပ်ဆိုးပြီး ဉာဏ်မဲ့သည့် တိရစ္ဆာန်များအဖြစ်သာ ဖော်ပြထားသည်။ စာအုပ်များက သူတို့ကို မျိုးဖြုတ်ပစ်ရမည့် မိစ္ဆာများ၊ အယူလွဲသူများအဖြစ် အမြဲတမ်း ပုံဖော်ထားကြခြင်းပင်။

“အရူးလေး... ရှင်က မြင့်မြတ်နတ်နဂါးကျောင်းတော်ရဲ့ ဦးနှောက်ဆေးတာ ခံထား နေရပြီ”

“လူသားတွေက နတ်ဘုရားတွေ ရွေးချယ်ထားတဲ့ မျိုးနွယ်စုလို့ တကယ်ပဲ ယုံနေတာလား.. လောကမှာ လူသားတွေကပဲ အသန်မာဆုံး မျိုးနွယ်စုလို့လေ”

“အာ့ဆိုရှင်မှားသွားပြီ...လူရိုင်းတွေနဲ့ ယှဉ်ရင် လူသားတွေက တိုက်ပွဲမှာ အရမ်း အားနည်းလွန်းတယ်..”

“လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက နဂါးဧကရာဇ်သာ လူသားတွေကို စည်းလုံးပြီး ယဉ်ကျေးမှုတစ်ရပ် မတည်ဆောက်ခဲ့ဘူးဆိုရင် လူသားတွေ မျိုးတုံးသွားတာ ကြာလှပေါ့”

မုန်ထိုလော့ ဆိုလွန်၏ပါးကို ပုတ်လိုက်ကာ ညင်သာစွာဆိုလိုက်သည်။

အပိုင်း ၂၇၆ ပြီး။

All Chapters