Chapters

အခန်း ၁၀၅၆

Vol. 71 Ch. 1056

အခန်း ၁၀၅၆

Vol. 71 Ch. 1056

အခန်း ((၁၀၅၆) - အနီရောင်ဝတ် အဘွားအို

ယီယွင်သည် အဘွားအိုအား သူ၏ အာရုံခံနိုင်စွမ်း ဖြင့် စစ်ဆေးကြည့်လိုက်သည်။ ထိုအဘွားအိုထံမှ ထွက်ပေါ်နေသော တစ္ဆေဝိညာဉ်ကဲ့သို့သော အရှိန်အဝါများ၊ သင်္ချိုင်းတွင်းမှ ထွက်လာသည့် အလောင်းကောင်ကဲ့သို့သော ပုံပန်းသဏ္ဌာန်များမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

ဂျီရွှီယန်မှာ ထိုအဘွားအို၏ အခန်းသို့ ရဲဝံ့စွာ ဝင်ရောက်သွားသည်။ အခန်းထဲမှ အလောင်းပုပ်နံ့များ ထွက်ပေါ်လာပြီး ဂျီရွှီယန်မှာ အဘွားအိုရှေ့တွင် အရိုအသေပေးလိုက်သည်။

"အဘွား... နှုတ်ဆက်ပါတယ်"

"ဟဲ... ဟဲ... နင်က ငါ့ကို နှုတ်ဆက်ဖို့ အချိန်ရသေးတာလား ငါ အခန်းထဲမှာ တစ်ယောက်တည်း ကျင့်ကြံနေစဉ်အတွင်း နင် ဘာတွေ လုပ်ခဲ့လဲဆိုတာ ငါ သိတယ်" ဟု အဘွားအိုက ရယ်မောရင်း ပြောသည်။

"သဲကန္တာရထဲမှာ လူတစ်ယောက်ကို ကယ်တင်ဖို့အတွက် နင် ဘာတွေများ စတေးခဲ့လဲ ဘာလို့ သူ့ကို ကယ်ခဲ့တာလဲ"

ဂျီရွှီယန်မှာ ကြောက်ရွံ့စွာဖြင့် "ကံကြမ္မာကြောင့် ဆုံတွေ့ရလို့ပါ" ဟု ပြန်ဖြေသည်။

အဘွားအိုမှာ ထိုစကားကို ကြားသောအခါ ရုတ်တရက် ဂျီရွှီယန်၏ မျက်နှာကို သူမ၏ လက်သည်းရှည်များဖြင့် ရိုက်နှက်လိုက်သည်။

"ခွပ်..."

ဂျီရွှီယန်မှာ တံခါးသို့ ရိုက်မိသွားသည်။ သူမ၏ မျက်နှာဖုံးမှာ ပြဲသွားပြီး အဘွားအို၏ လက်သည်းဒဏ်ကြောင့် သွေးထွက်နေသော အမာရွတ်သုံးခု ထွက်ပေါ်လာသည်။ ထိုအမာရွတ်များမှတစ်ဆင့် အဆိပ်များ ပြန့်နှက်လာပြီး အလွန်နာကျင်လှသည်။ ဂျီရွှီယန်မှာ အော်ဟစ်ခြင်း မပြုဘဲ သည်းခံနေသည်။ ယီယွင်မှာ ဂျီရွှီယန်၏ မျက်နှာပေါ်မှ အမာရွတ်မှာ ဤအဘွားအို၏ လက်ချက်ဖြစ်ကြောင်း နားလည်သွားသည်။

"နင် သူ့ကို ကယ်တာက ငါ့ရဲ့ ယင် ကျင့်စဉ်တွေကို အနိုင်ယူဖို့ သူ့ရဲ့ အသက်စွမ်းအားတွေကို သုံးဖို့ ကြံစည်တာ မဟုတ်လား နင်က သူ့ကို အစွမ်းထက်တဲ့ အကြီးအကဲတစ်ယောက်လို့ ထင်ပြီး ငါ့ကို ပြန်တိုက်ခိုက်ဖို့ မျှော်လင့်ခဲ့တာပေါ့လေ" ဟု အဘွားအိုက ဂျီရွှီယန်၏ ကြံစည်မှုအား ဖော်ထုတ်လိုက်သည်။

ဂျီရွှီယန်မှာ စကားမပြောဘဲ တိတ်ဆိတ်စွာပင် ခေါင်းငုံ့ထားသည်။

"ဒါ နင့်ရဲ့ နောက်ဆုံးသတိပေးချက်ပဲ။ နောက်တစ်ခါ ဒီလိုအကြံတွေ ထပ်လုပ်ရင် နင့်ရဲ့ လှပတဲ့ မျက်နှာကို ငါ့လို ဖြစ်အောင် ဖျက်ဆီးပစ်မယ်" အဘွားအိုက ပြောပြီးနောက် ဂျီရွှီယန်၏ အမာရွတ်ပေါ်သို့ လက်သည်းဖြင့် အသာလေး ပွတ်ဆွဲလိုက်သည်။

"နောက်ပြီး... နင်ကယ်ခဲ့တဲ့ ကောင်လေးကို ငါ မနှစ်သက်ဘူး။ ဒီမှာ နှလုံးကိုက် ပိုး ရှိတယ်။ သွား... သူ့ကို သတ်ခဲ့" ဟု ဆိုကာ အဘွားအိုက ပိုးကောင်တစ်ကောင်ကို ထုတ်ပြသည်။

"အဘွား... သူ့ကို လွှတ်ပေးလိုက်ပါ။ သူက အပြစ်မရှိပါဘူး။ သူက ဒီနေရာကနေ ဝေးရာကို ထွက်သွားလောက်ပါပြီ" ဟု ဂျီရွှီယန်က တောင်းပန်သည်။

သို့သော် အဘွားအိုက "သူ မထွက်သွားသေးဘူး။ သူက အခုထိ ငါတို့ သင်္ဘောနောက်ကို လိုက်လာနေတုန်းပဲ" ဟု ပြောလိုက်သောအခါ ဂျီရွှီယန်မှာ ကြောက်လန့်တုန်လှုပ်သွားသည်။

ယီယွင်မှာ အရာအားလုံးကို မြင်နေရသည်။ နှလုံးကိုက် ပိုး ဟူသည့် ပိုးကောင်မှာ သူ့အတွက် စိုးရိမ်စရာ မဟုတ်ပေ။ ယီယွင်၏ ခွန်အားမှာ သူကိုယ်တိုင်ပင် မခန့်မှန်းနိုင်လောက်အောင် အစွမ်းထက်နေသည်။

အဘွားအို၏ ကျင့်ကြံဆင့်မှာ ဥပဒေသနန်းတော် အဆင့် လေးထပ်သာ ဖြစ်သည်။ ယီယွင်အတွက်မူ ဤအဘွားအိုမှာ သူ၏ စွမ်းအားကို စမ်းသပ်ရန် အကောင်းဆုံး ပြိုင်ဘက် ဖြစ်လာပေလိမ့်မည်။

သို့သော် ယီယွင်၏ အာရုံကြောအချို့ကို နတ်ဘုရားသစ်ပင် အစေ့က ထိန်းချုပ်ထားဆဲ ဖြစ်သည်။ သူသည် လုံလောက်သော စွမ်းအင်များကို မဖြည့်ဆည်းပေးနိုင်ပါက သဲကန္တာရထဲကအတိုင်း လှုပ်ရှားမရ ဖြစ်သွားနိုင်သည်ကို သူ စိုးရိမ်နေမိသည်။