Chapters

အခန်း ၁၀၆၄

Vol. 71 Ch. 1064

အခန်း ၁၀၆၄

Vol. 71 Ch. 1064

အခန်း ((၁၀၆၄) - ထျန်ကျီးအိမ်တော်တွင် မမျှော်လင့်ထားသည့် အပြောင်းအလဲများ

"မြို့ထဲကို ဝင်ကြမယ်။ ကျွန်မတို့ နေအိမ်ကို ပြန်ကြမယ်..."

ဂျီရွှီယန်သည် အကြံပေး ယန် နှင့် အချိန်ကုန်ခံ၍ စကားပြောမနေချင်တော့ပေ။ သူမသည် ဖိတ်ခေါ်သူများကို ကျော်ဖြတ်ကာ ထျန်းကျီး ကုန်သွယ်ရေးဂိုဏ်း ၏ နေအိမ်သို့ တန်းမတ်သွားရန် ဆုံးဖြတ်လိုက်သည်။

ယီယွင်ကဲ့သို့ အစွမ်းထက်သူတစ်ဦးနှင့်အတူ သူမ၏ ဂိုဏ်းကို ပြန်လည်ဖွဲ့စည်းရန် စီစဉ်ထားပြီးဖြစ်သည်။ သစ္စာမဲ့သူများကို ထုတ်ပယ်ပြီး အရည်အချင်းရှိသူများကို ငှားရမ်းကာ အခြေအနေကို တည်ငြိမ်အောင် လုပ်ဆောင်မည်ဟု သူမ တွက်ချက်ထားသည်။

ယီယွင်ကို အလွန်အမင်း အားကိုးခြင်းဖြင့် သူ့၏ ကျင့်ကြံမှုကို အနှောင့်အယက် ဖြစ်စေမည်ကို သူမ စိုးရိမ်သည်။ ထို့ကြောင့် ကိုယ်ပိုင်အင်အားဖြင့် တည်ငြိမ်အောင် လုပ်ဆောင်ရန် ကြိုးစားခြင်း ဖြစ်သည်။

သို့သော် အကြံပေး ယန် သည် သူမကို လှောင်ပြောင်သံဖြင့် "အစ်မရွှီယန်က ကျွန်တော့်ကို အလေးမထားဘူးပေါ့လေ။ ကိစ္စမရှိပါဘူး။ ခရီးပန်းလာတဲ့ အစ်မနားဖို့ အိမ်ကို ပြန်ပါ။ ကျွန်တော်က သခင်လေးယန် ဆီ ပြန်သွားပြီး ထျန်ကျီး (နတ်ဘုရားလှို့ဝှက်ချက်)အိမ်တော် ကို ကြွလာဖို့ လျှောက်တင်လိုက်ပါ့မယ်။ အဲဒီမှာပဲ စားသောက်ပွဲကို ကျင်းပမယ်။ အစ်မ ငြင်းမှာ မဟုတ်ပါဘူးနော်" ဟု ပြောလိုက်သည်။

"ဘာ..."

ဂျီရွှီယန်၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားသည်။ သူမ၏ ကိုယ်ပိုင်အိမ်တွင် လာရောက်ပြီး စားသောက်ပွဲကျင်းပမည်တဲ့လား ဧည့်သည်တစ်ဦးက အိမ်ရှင်၏ ခွင့်ပြုချက်မပါဘဲ အိမ်ရှင်ဖြစ်သူကို ဖိအားပေး ကျင်းပမည်ဆိုလျှင် ဖြစ်နိုင်ခြေတစ်ခုသာ ရှိတော့သည်။

"အမြန်ပြန်ကြမယ်..."

ဂျီရွှီယန်၏ အမိန့်ကြောင့် ခရီးစဉ်မှာ အရှိန်မြှင့်သွားသည်။ သူတို့ ဂိုဏ်းဌာနချုပ်သို့ ရောက်ရှိချိန်တွင် အကြံပေး ယန် ၏ အဖွဲ့ကလည်း နောက်မှ နီးကပ်စွာ လိုက်ပါလာသည်။

နေအိမ်တံခါးဝသို့ ရောက်သည့်အခါ ဂျီရွှီယန်မှာ ထိတ်လန့်သွားသည်။ သူမကို ကြိုဆိုရမည့် တာဝန်ရှိသူများ မရှိသည့်အပြင် ဂိုဏ်း၏ အကြီးတန်း စီမံခန့်ခွဲသူများနှင့် သူမ၏ ကိုယ်ရေးကိုယ်တာ လက်ထောက်များမှာလည်း မရှိတော့ပေ။ ယင်းအစား ဥပဒေသနန်းတော် အဆင့် ကျင့်ကြံသူ နှစ်ဦးကသာ တံခါးဝတွင် စောင့်နေသည်။

ထိုသူနှစ်ဦးမှာ ဂုန်းယန်နျန် နှင့် ရှောင်းခယ်လင်: တို့ဖြစ်သည်။ သူတို့မှာ ဂျီရွှီယန်ကို အလေးအနက်ထားခြင်း မရှိဘဲ အကြံပေး ယန် ကိုသာ ရိုသေစွာ ကြိုဆိုနေသည်။

"အဟား... အကြံပေး ယန်၊ လမ်းမှာ ပင်ပန်းသွားပြီလား။ အစ်မရွှီယန်က အလေးမထားလို့ ကျွန်တော်တို့ဆီမှာပဲ စားသောက်ပွဲ ကျင်းပရတော့မှာပဲ" ဟု ဂုန်းယန်နျန် က ရယ်မောပြောဆိုသည်။ ထို့နောက် တပည့်များကို "ဟေ့လူတို့၊ ဘာလို့ မင်းတို့ရဲ့ အရှင်သခင်ကို သဲလှေပေါ်ကနေ မဆင်းအောင် ကူညီမပေးကြတာလဲ" ဟု အမိန့်ပေးသည်။

ထိုအခါမှသာ ဂျီရွှီယန်နှင့်အတူ လိုက်ပါလာသော လက်နက်ကိုင် အစောင့်များမှာ အခြေအနေကို သဘောပေါက်သွားတော့သည်။ ဂုန်းယန်နျန် နှင့် ရှောင်းခယ်လင်: တို့သည် ထျန်းယန့် ကုန်သွယ်ရေးဂိုဏ်း ဘက်သို့ သစ္စာဖောက်သွားခဲ့ပြီဖြစ်သည်။

"ဂုန်းယန်နျန်..."

ဂျီရွှီယန်မှာ စိတ်ထဲမှ သည်းခံရန် ကြိုးစားသော်လည်း ဒေါသမှာ ပေါက်ကွဲထွက်သွားသည်။

"အဘိုးက ခင်ဗျားကို အသက်ကယ်ပေးခဲ့တယ်၊ ခင်ဗျားရဲ့ ကျင့်ကြံခြင်းကို ကူညီပေးခဲ့တယ်။ အခုတော့ ခင်ဗျားက ဒီလိုနဲ့ပဲ ပြန်ပေးဆပ်တာလား"

ဂုန်းယန်နျန် သည် ဆေးတံကို ဖွာရင်း "အစ်မရွှီယန်၊ ကျွန်တော့်ကို အပြစ်တင်နေတာလား ခင်ဗျားအဘိုးက ကျွန်တော့်ကို တစ်ခါကူညီခဲ့ပေမဲ့ ကျွန်တော်က ဒီဂိုဏ်းအတွက် နှစ်ပေါင်းများစွာ သစ္စာရှိခဲ့တယ်။

ပြီးတော့ ကံကြမ္မာ ထိန်းညှိဆေ; တောင်းတော့ သူငြင်းခဲ့တယ်။ အဲဒီအတွက် ကျွန်တော့်ရဲ့ ဥပဒေသသစ်သီး တစ်ခု ဆုံးရှုံးခဲ့ရတယ်၊ ဒါ ခင်ဗျားအဘိုးရဲ့ အမှားပဲ" ဟု ပြန်ပြောသည်။

ဂျီရွှီယန်သည် အားငယ်စွာဖြင့် အခြားတစ်ဦးဖြစ်သူ ရှောင်းခယ်လင်: ကို မေးလိုက်သည်။ "အစ်ကို ရှောင်း၊ အစ်ကိုလည်း အဲဒီလိုပဲ တွေးနေတာလား"

ရှောင်းခယ်လင်: က ယပ်တောင်ကို ခတ်ရင်း ပြုံးပြသည်။

"အစ်မရွှီယန်၊ အခုအချိန်မှာ ဒီလောက်မေးခွန်းမျိုး မေးနေတော့မှာလား ပညာရှိဆိုတာ အခြေအနေကို ကြည့်တတ်ရတယ်။ ခင်ဗျားအဘိုးနဲ့ အကြီးအကဲတွေ မရှိတော့တဲ့နောက်မှာ ကျွန်တော်တို့ ဘာလို့ ဒီမှာ ဆက်နေရဦးမှာလဲ လက်ထပ်ခြင်းက ခင်ဗျားအတွက်လည်း အကျိုးရှိမှာပါ။ ဒီလိုမှ မဟုတ်ရင် ဒီဂိုဏ်းရဲ့ အနာဂတ်ကို ဘယ်လိုများ ကာကွယ်မလဲ"