← Chapters

အခန်း ၈၆

Vol. 9 Ch. 86

အခန်း ၈၆

Vol. 9 Ch. 86

အခန်း (၈၆) နဂါးကပ်ဘေးဒုက္ခ။

နေရောင်ခြည်မှာ နွေးထွေးလွန်းပြီး ဆုတံဆိပ်များ ရရှိခြင်းမှာ အစဉ်အမြဲ ပျော်ရွှင်စရာ ကောင်းပေသည်။ အထူးသဖြင့် ကျောင်းသားထူးချွန်ဆုအဖြစ် ဝိညာဉ်နယ်မြေသစ်သီး တစ်လုံးနှင့် အကယ်ဒမီမှ နည်းပြများအတွက် ချီးမြှင့်သော ဆုတစ်ခု၊ စုစုပေါင်း နှစ်ဆုရရှိ မည် ဖြစ်ရာ ပို၍ပင် ပျော်ရွှင်ရသည်။

ဝိညာဉ်နယ်မြေသစ်သီးကို ကျူးမင်လန် တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ဤသစ်သီးသည် နတ်ဘုရားများနှင့် လူသားများအတွက်ပင် အရသာရှိသည့် သစ်သီးများ ဖြစ်နေမလား၊ ကျင့်ကြံခြင်းအခြေခံကိုရော တိုးတက်စေနိုင်ပါ့မလားဟု သူ တွေးတောနေမိသည်။

ဝိညာဉ်နယ်မြေသစ်သီးကို ရရှိပြီးနောက် ကျူးမင်လန်သည် အကယ်ဒမီသို့ ဆုသွားယူရင်း သီချင်းလေး ညည်းကာ သစ်သီးကို ကိုက်စားလိုက်သည်။

"ကျူးမင်လန်၊ အရသာက ဘယ်လိုနေလဲဟ" ရင်းနှီးဖော်ရွေပုံပေါက်သော ကျောင်းသား တစ်ဦးက သူ့ဆီ လာမေးသည်။

"တံတားဘေးမှာ ကောင်မလေးတစ်ယောက် ရောင်းတဲ့ မက်မွန်သီးလောက်တော့ မချို ဘူးကွ" ကျူးမင်လန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

ထိုကျောင်းသား၏ မျက်နှာမှာ ချက်ချင်းပင် မှိုင်းညှိုးသွားသည်။ ဝိညာဉ်နယ်မြေ သစ်သီး ကို အရသာခံပြီး စားရမှာ မဟုတ်လား……။

ကျူးမင်လန်ကတော့ ဂရုတစိုက် အရသာခံမနေဘဲ သစ်သီးကို ခန္ဓာကိုယ်ထဲ ဝါးမျိုးပြီး ဖြည်းဖြည်းချင်း အစာချေလိုက်၏။ သူသည် ကောင်းကင်ဘုံက ကောင်းချီးပေးထားသည့် ပါရမီရှင်တစ်ယောက်ဖြစ်ရာ ဘာစားစား သူ့စွမ်းအားကို တိုးတက်စေလိမ့်မည်ဟု ယုံကြည် ထားသည်။ ထို့ကြောင့် အခြား ထူးချွန်သူ ကျောင်းသားများလို သစ်သီးကို မစားခင် နံ့သာတိုင်ထွန်းခြင်း၊ လက်ဆေးခြင်း၊ ရေချိုးပြီး အဝတ်အစားလဲခြင်း စသည့် ကြိုတင် ပြင်ဆင်မှုများ မလုပ်ခဲ့ပေ။

အကယ်ဒမီသို့ ရောက်သောအခါ ဝိညာဉ်နယ်မြေသစ်သီး၏ အူတိုင်သာ ကျန်တော့သည်။ ကျူးမင်လန်က အူတိုင်ကို ပေါ့ပေါ့ပါးပါး ပစ်ချလိုက်သည်။ အူတိုင် မြေကြီးပေါ်သို့ ကျသွား သည့်အခါ မြေကြီးမှာ တုန်ခါသွားသည်။ ထို့နောက် အပြာနုရောင် အညှောင့်လေးတစ်ခုမှာ အလွန်လျင်မြန်စွာ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် မြေဆီလွှာမှ အာဟာရများကို စုပ်ယူ ကာ လှပသော ဝိညာဉ်အပင်လေး ဖြစ်ထွန်းလာတော့သည်။

ကျူးမင်လန်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ထိုအူတိုင်မှာလည်း တန်ဖိုးရှိမှန်း သိလိုက်ရ၏။ သူ တစ်ခုခုကို ဖြုန်းတီးမိလိုက်ပြီလား…….။

ထားပါတော့လေ၊ ဖြစ်ပြီးသွားပြီပဲ။ အကယ်ဒမီရဲ့ စိမ်းလန်းစိုပြည်ရေးအတွက် ပံ့ပိုးပေး လိုက်တယ်လို့ပဲ သဘောထားလိုက်တော့မယ်။

အခုအချိန်ကစပြီးတော့ အရင်က ဆင်းရဲ နွမ်းပါးခဲ့တဲ့ ဘဝကို နှုတ်ဆက်နိုင်ပြီ။ ထို့အပြင် သူ့ဘေးတွင် သန်မာသည့် နဂါးသုံးကောင် ရှိနေသဖြင့် ယခင်ကထက် ပို၍ ယုံကြည်ချက် ရှိရှိ လျှောက်လှမ်းနိုင်တော့မည်။

"ရထားတဲ့ ခရက်ဒစ်မှတ်တွေနဲ့ဆို သွားမည်းကြီးအတွက် နွေဦးအထိ ဝက်သားဝယ်ကျွေးဖို့ လုံလောက်ပြီ။ ရထားတဲ့ ရွှေနဲ့ကျောက်မျက်တွေနဲ့ဆို ဈေးကြီးတဲ့ ဧကရီပျားရည်ကိုတောင် ဝယ်နိုင်ပြီ။ ဒီနည်းနဲ့ဆို အဖြူလေးရဲ့ ငွေနှင်းအရုဏ်ဦးပညာရပ်က ပိုပြီး အစွမ်းထက်လာ မှာဖြစ်ပြီး နွေရာသီရောက်ရင်တော့ အရွယ်ရောက်အဆင့်ကို ရောက်မှာပဲ။"

နွေရာသီရောက်လျှင် သူသည် တောက်ပပြီး ခမ်းနားထည်ဝါသည့် နဂါးထိန်းတစ်ဦး ဖြစ်လာလိမ့်မည်။ နန်ကျောက်ဘင်းကဲ့သို့ သူ့ကို အထင်သေးသည့်လူများနှင့်သာ ထပ်တွေ့ ပါက သူတို့၏ မောက်မာသော မျက်နှာကို ကျိန်းသေပေါက် နင်းချေပစ်လိုက်မည်။

မည်သို့ပင်ဖြစ်စေ၊ ဤသို့ မောက်မာသူများကို သူ အလွန်သဘောကျသည်။ သူတို့ကို သူ တစ်သက်လုံး မေ့မရနိုင်မည့် သင်ခန်းစာတစ်ခု ပေးရဦးမည်။

"ရတနာတိုက်ရဲ့ တတိယအထပ်ကနေ မင်းကြိုက်တာ ဘာမဆို ရွေးယူနိုင်တယ်၊ ဒါပေမဲ့ အပေါ်ဆုံးအထပ်တွေကတော့ မယူနဲ့" ရတနာတိုက်ကို စောင့်ရှောက်နေသည့် အဘွားအို က ပြောသည်။ အဘွားအိုမှာ အပ်ချည်ထိုးနေပြီး သူမ၏ မျက်လုံးများမှာ သက်မဲ့နေသည့် သဖွယ် ဖော်ရွေသော လေသံမျိုး မပါဝင်ပေ။

ကျူးမင်လန်က လေးစားစွာ ဦးညွှတ်လိုက်သည်။ လောကီအရေးအရာများကို စိတ်မဝင် စားသလို နေတတ်သူများမှာ များသောအားဖြင့် ဆန်းကြယ်သော ပညာရပ်များကို ပိုင်ဆိုင် ထားကြသည်။ ဤရတနာတိုက်တစ်ခုလုံးကို စောင့်ရှောက်နိုင်သူမှာ သာမန်လူမဟုတ် သည်မှာ သေချာသည်။

ပထမနှင့် ဒုတိယအထပ်များမှာ ကျောင်းသားများအတွက် ဆုလာဘ်များပင် ဖြစ်သည်။ ခရက်ဒစ်မှတ် လုံလောက်လျှင် ထိုပစ္စည်းများနှင့် လဲလှယ်နိုင်သည်။

ကျူးမင်လန်က လှေကားထစ်များအတိုင်း တက်သွားပြီး သူလိုချင်သော ပစ္စည်းများစွာကို တွေ့လိုက်ရ၏။ ဥပမာ, ရှေးဟောင်းနဂါးအရိုးများကို သန့်စင်နိုင်သည့် ဆေးများပင် ဖြစ်သည်။ ထိုဆေးများက သွားမည်းကြီးအတွက် တကယ့် ရတနာပင်။

ကံမကောင်းစွာဖြင့် ကျူးမင်လန်မှာလည်း ခရက်ဒစ်မှတ်များ ကုန်လုနီးပါး ဖြစ်နေပြီ။ အကြောင်းမှာ မွေးမြူရေးခြံအတွက် တစ်ရာသီစာ 'ဘူဖေး' (buffet) လက်မှတ်နှင့် လဲလှယ်လိုက်ရသောကြောင့် ဖြစ်သည်။

တတိယထပ်တွင် ကျူးမင်လန်သည် ရှေးဟောင်းစားပွဲများစွာကို တွေ့လိုက်ရပြီး၊ ထိုစားပွဲ များပေါ်တွင် စန္ဒကူးသစ်သား သေတ္တာများ၊ ပစ္စည်းသိမ်းဆည်းရာ ခွက်များနှင့် အိုးများစွာ တင်ထားသည်။ ၎င်းတို့အများစုမှာ ပစ္စည်းများကို သိုလှောင်ရန်အတွက် အသုံးပြုသည့် အရာများသာ ဖြစ်သည်။

"မိစ္ဆာပင့်ကူရဲ့ မိစ္ဆာပုလဲကို ရှေးဟောင်းနဂါးပုလဲနဲ့ လဲလိုက်ရင် ပိုကိုက်မလား။ ဒီရှေးဟောင်းနဂါးပုလဲက ကောင်းပေမဲ့ သက်တမ်းက တစ်ထောင်ကျော်လေးပဲ ရှိသေး တယ်" ကျူးမင်လန် ခေါင်းခါရင်း ရွေးချယ်မည့် အစီအစဉ်ကို စွန့်လွှတ်လိုက်၏။ နှစ်ပေါင်း ၁၇၀၀ နှင့် ၁၁၀၀ ကြားမှာ နှစ် ၆၀၀ တိတိ ကွာခြားနေသည်။

ကျူးမင်လန် ဆက်လက်ရှာဖွေသည်။ တကယ့်ကောင်းသည့် ပစ္စည်းများမှာ နောက်ဆုံးတွင် ရှိတတ်သည်။

"ကြယ်မှုန်ကျောက်လား" "ဒါလည်း ပစ္စည်းကောင်းပဲ။ ကြယ်ရောင်သံချပ်ကာ လုပ်လို့ရ မယ်၊ ဒါပေမဲ့ ကံမကောင်းတာက ပစ္စည်းက နည်းနည်းလေးပဲ ရှိတယ်"

အကယ်၍ အဖြူလေးသာ ကြယ်ရောင်သံချပ်ကာ ဝတ်ထားလျှင် သူ၏ မိုးပြာနဂါး ဆန်းကြယ်မှော်ပညာမှာ တစ်ဆင့်တက်သွားနိုင်ပြီး နဂါးသခင်အဆင့်ရှိသူများပင် သူ၏ တိုက်ခိုက်မှုကို ပေါ့ပေါ့ဆဆ မခုခံရဲပေ။

ပစ္စည်းက ရှားလွန်းပြီး ကျူးမင်လန်၏ ပန်းပဲပညာကလည်း မပြည့်ဝသေးသဖြင့် ဤမျှ အဆင့်မြင့်အဆင့် နဂါးသံချပ်ကာကို မသွန်းလုပ်နိုင်သေးပေ။

"မုန်တိုင်းအရိပ်အမွှေးလား…." "ဒီပစ္စည်းက တော်တော်ကောင်းပုံပဲ။ အဖြူလေးရဲ့ အမွှေး တွေအောက်မှာ တပ်ဆင်လိုက်ရင် မုန်တိုင်းကို ထိန်းချုပ်နိုင်ပြီး သူရဲ့ လေထိန်းချုပ်ခြင်း ပညာရပ်ကို အများကြီး အားကောင်းလာစေမှာပဲ" ကျူးမင်လန်က သူ့မျက်စိကို အမှန် တကယ် ဖမ်းစားသွားသည့် ပစ္စည်းတစ်ခုကို တွေ့လိုက်ရသည်။

၎င်းမှာ အလွန်ထူးခြားသည့် အမွှေးအစုအဝေးတစ်ခု ဖြစ်သည်။ ရှေးဟောင်းသူတော်စင် ဝိညာဉ်တစ်ပါးထံမှ ဆင်းလာသကဲ့သို့ရှိပြီး ၎င်း၏ ထူးခြားသော အမွှေးများမှာ အတောင်ပံ ပါသည့် မည်သည့် နဂါးသတ္တဝါမဆို၏ အမွှေးများကြားမတွင်ဆို တွဲဖက်တည်ရှိနိုင်ကာ ထိုနဂါးသတ္တဝါအား လေတောင်ပံစွမ်းရည်ကို ပေးနိုင်စွမ်း ရှိသည်။

အဖြူလေးသည် နောက်ဆုံးတွင် နဂါးသခင်အဆင့်သို့ ပြောင်းလဲသွားမည် ဖြစ်သော်လည်း၊ ဤအမွှေးများ၏ အကူအညီဖြင့် ဆန်းကြယ်မှော်ပညာကို သုံးသည်ဖြစ်စေ၊ ရေခဲနှင့် လေကို ထိန်းချုပ်ရာတွင် ဖြစ်စေ၊ တူညီသော အဆင့်ရှိသည့် မည်သည့်နဂါးသတ္တဝါထက်မဆို များစွာ သာလွန်သွားလိမ့်မည်။

ဒါက တကယ့်ကို ပစ္စည်းကောင်းပဲ…..။

လေကိုထိန်းချုပ်ခြင်းမှာ အဖြူလေး၏ အားနည်းဆုံး စွမ်းရည်ဖြစ်နိုင်သည်။ သို့သော် ဤအမွှေးများကို တပ်ဆင်လိုက်ပါက အဆင့်မြင့် နဂါးစစ်သူကြီးတစ်ကောင်ကိုပင် အနိုင်ယူနိုင်သည့်အထိ သန်မာသွားလိမ့်မည်။

"အဖြူလေး... မဟုတ်ဘူး၊ လုပ်လို့မရဘူး။ ဒီမှာ ရှိတာတွေက တကယ့်ကို ပစ္စည်းကောင်း တွေ ဆိုပေမဲ့ အကုန်လုံးကို လိပ်ပြီး ယူသွားလို့ မရဘူး၊ အဲဒါက အသက်အန္တရာယ် ရှိနိုင် တယ်" ကျူးမင်လန်က နောက်ဆုံးတွင် ပစ္စည်းတစ်ခုကို ရွေးချယ်လိုက်စဉ် အဖြူလေးက သူ့အမြီးကို မြှောက်လိုက်သည်ကို တွေ့လိုက်ရ၏။

အဖြူလေးသည် စကြဝဠာဖုံးကွယ်ခြင်း နည်းလမ်းကို သုံးရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ သူက ကျူးမင်လန်၏ တွေဝေနေသော ဆုံးဖြတ်ချက်ကို သဘောမကျဘဲ အကုန်လုံးကို တစ်ပြိုင်နက်တည်း ခိုးယူသွားရန် ကြံစည်နေပုံရသည်။

"ယူး... ယူး..." အဖြူလေးက အသံတစ်မျိုးဖြင့် အော်လိုက်သည်။ အဓိပ္ပာယ်မှာ 'ဒီနားမှာ လူမှမရှိတာ၊ ဘာကြောက်စရာရှိလဲ' ဟူ၍ဖြစ်သည်။

"ငါတို့ရဲ့ လက်ရှိ အခြေအနေက အရင်တုန်းကနဲ့ မတူတော့ဘူး။ အခုချိန်မှာ လုယက်ဖို့ ဆိုတာ မဖြစ်နိုင်သေးဘူး။ တံခါးစောင့်နေတဲ့ အဲဒီအဘွားအိုက တကယ့်ကို အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လိမ့်မယ်" ကျူးမင်လန်က ခါးသက်သက် ပြုံးကာ အဖြူလေးကို အမြန် ရှင်းပြလိုက်ရသည်။

ထိုအခါမှသာ ငွေနှင်းအရုဏ်ဦးနဂါးဖြူက နားလည်သွားပြီး မကျေမနပ် ဖြစ်နေသော်လည်း သူ၏ ကျစ်ဆံမြီးပုံစံ အမြီးကို ပြန်ချလိုက်သည်။ သူ၏ ကြည်လင်တောက်ပသော မျက်လုံး ကြီးများမှာ ကျူးမင်လန် ရွေးချယ်လိုက်သည့် အမွှေးတိုလေးဆီသို့သာ စိုက်ကြည့်နေ မိသည်...

ဒါပဲလား……။

သူရွေးချယ်နိုင်သည်မှာ စိတ်ကူးထားသည်ထက် များစွာကွာခြားနေသဖြင့် စိတ်လှုပ်ရှား စရာ မကောင်းလှပေ။

ကျူးမင်လန် ရှည်လျားစွာ သက်ပြင်းချလိုက်မိ၏။

အဖြူလေးသည် အရင်က အဆင့်မြင့်မြင့် နေထိုင်ခဲ့သည့် အလေ့အကျင့် ရှိပြီး ဤကဲ့သို့ စေ့စပ်ချွေတာပြီး လျှို့ဝှက်ကျင့်ကြံရခြင်းမျိုးမှာ သူ့အတွက် အချိန်တိုအတွင်း လိုက်လျော ညီထွေဖြစ်အောင် နေနိုင်ရန် ခက်ခဲသော အရာတစ်ခု ဖြစ်နေပုံရသည်။

"ရပါတယ်၊ ငါတို့ ထိပ်ဆုံးအဆင့်ကို ပြန်ရောက်ဖို့ အချိန်အများကြီး မလိုတော့ပါဘူး။ ငါတို့ ပြန်သွားရမယ့် လမ်းကြောင်းကိုသာ ရှာတွေ့ရင် အရင်က ရန်သူဟောင်းတွေကိုတောင် အံ့အားသင့်သွားအောင် လုပ်နိုင်လိမ့်မယ်" ကျူးမင်လန်က အဖြူလေးကို နှစ်သိမ့်လိုက်ရ သည်။

"ယူး..." အဖြူလေးက သူ့အတောင်ပံများကို ခတ်လိုက်ပြီး သူ အရင်က နေခဲ့ဖူးသော နေရာ များသို့ ပြန်သွားရန် စိတ်အားထက်သန်နေကြောင်း ပြသလိုက်သည်။ သို့သော် သူ၏ မျက်လုံးများက ကျူးမင်လန်ကို ကြည့်လိုက်သည့်အခါ ဝမ်းနည်းမှုနှင့် အပြစ်ရှိသလို ခံစားရ မှု အရိပ်အယောင်များ ပေါ်လာသည်။

ကျူးမင်လန်က သူ့ကို ပွေ့ချီလိုက်ပြီး ပျော့ပျောင်းသော ခေါင်းလေးကို လက်ဖြင့် ညင်သာ စွာ ပွတ်သပ်ပေးကာ ပြုံး၍ ပြောလိုက်သည် "ရပါတယ်၊ နဂါးထိန်းတစ်ယောက် ဖြစ်ရတာ လည်း ကောင်းပါတယ်။ ကြည့်စမ်း၊ ငါတို့မှာ သွားမည်းကြီးနဲ့ ဝါးစိမ်းလေးတို့လို မိတ်ဆွေ အသစ်တွေ ရထားပြီပဲ။ စဉ်းစားကြည့်လေ၊ အရင်တုန်းက ငါတို့ အားနည်းတော့ အနိုင်ကျင့် ခံရတယ်၊ တစ်ခါတလေ ထွက်ပြေးရတာတောင် ရှိသေးတယ်။ အခုတော့ ငါက တကယ့် နဂါးထိန်းစစ်စစ် ဖြစ်လာပြီ၊ အနာဂတ်မှာ မိတ်ဆွေတွေ ပိုများလာမှာပဲ။ တခြားသူတွေကို ဒုက္ခပေးချင်ရင် သူတို့အားလုံးကို တစ်ခါတည်း ခေါ်ထုတ်လိုက်မယ်၊ အရေတွက်များရဲ့ အရသာကို သိသွားအောင် လုပ်ပေးလိုက်မယ်။"

"ငါတို့ နဂါးဘုရင်တစ်ကောင်ပိုင်တဲ့ နဂါးထိန်းတစ်ယောက် နောက်ကနေလိုက်လို့ တစ်လ ကြာအောင် ပြေးလွှားခဲ့ရတဲ့အချိန်တွေကို မှတ်မိသေးလား။ သူပိုင်ဆိုင်ထားတဲ့ နဂါးတွေက ဘယ်လောက် စွမ်းထက်လဲ မှတ်မိသေးလား"

"ယူး..." အဖြူလေးက ခေါင်းညိတ်လိုက်၏။ သူသည် အတိတ်ဖြစ်ရပ်များကို တဖြည်းဖြည်း ပြန်လည်အမှတ်ရလာသည်။

"အခု မင်းက ငါ့ရဲ့ နဂါးခေါင်းဆောင်ပဲ။ မင်း အစွမ်းထက်ရင် ငါလည်း အစွမ်းထက်တာပေါ့" ကျူးမင်လန်က ပြောလိုက်သည်။

"ယူး…..၊ ယူး……" အဖြူလေးက သူ၏ တိုက်ခိုက်လိုစိတ်ကို ထပ်မံနှိုးဆွလိုက်ပြီး သူ အိပ်စက်ခြင်းဖြင့် ပို၍ အစွမ်းထက်လာအောင် ကြိုးစားမည် ဖြစ်ကြောင်း ကျူးမင်လန်ကို ပြောပြနေသည်။

ကျူးမင်လန် ခါးသက်သက် ရယ်မောလိုက်မိသည်။

အဖြူလေးသည် ပြန်လည်မွေးဖွားလာပြီးနောက် အမှန်တကယ်ပင် ထူးခြားသော ပါရမီ တစ်ခု ရှိနေပုံရသည်။ သွားမည်းကြီးကမူ နေ့စဉ် အပြင်းအထန် လေ့ကျင့်နေသော်လည်း အချိန်အများစုကို အိပ်စက်ခြင်းဖြင့် ကုန်ဆုံးသည့် ငွေနှင်းအရုဏ်ဦးနဂါးဖြူကို မမီနိုင်ပေ။

သို့သော် ၎င်းမှာ မြင်ရသလောက် မရိုးရှင်းပေ။ အဖြူလေးသည် နှစ်ပေါင်းများစွာ ရေခဲ ပိုးကောင်လေးအဖြစ် အဆင့်ကျသွားခဲ့ရပြီး ဧရာမ မိစ္ဆာနဂါးများ ကြီးစိုးရာ ဤလောကတွင် ပုရွက်ဆိတ်တစ်ကောင်သဖွယ် ရှင်သန်ခဲ့ရသည်။ အခြားမည်သည့်သတ္တဝါမျှ သူ ခံစားခဲ့ရ သည့် ဤကဲ့သို့သော နတ်ဘုရားကပ်ဘေးဒုက္ခမျိုးကို မခံစားခဲ့ရဖူးပေ...

လူတိုင်းတွင် ကိုယ်ပိုင်ကျင့်ကြံခြင်း နည်းလမ်းများ ရှိကြသည်။ ကျူးမင်လန်ကိုယ်တိုင်ပင် ဂုဏ်ကျက်သရေရှိသည့် ဘဝမှသည် သာမညဘဝသို့ ကျဆင်းခဲ့ပြီး၊ ထိုအခြေအနေမှ တစ်စစဖြင့် ပြန်လည်တက်လှမ်းလာရခြင်းမှာ ဘဝ၏ အတက်အကျပင် ဖြစ်သည်။ သူရဲကောင်းတစ်ယောက်၏ ဘဝတွင် စကားလုံးများ မလိုအပ်ပေ။ ‘အစွမ်းထက်ချိန်မှာ မောက်မာစွာဝင့်ကြွားစွာဖြင့် ကောင်းကင်ဘုံကို လှောင်ပြောင်နိုင်ပြီး၊ ဒုက္ခရောက်ချိန်မှာမူ အမဲလိုက် ခွေးအိုကြီးတစ်ကောင်လို တည်ငြိမ်နေရမည်' ဟူသော အဓိပ္ပာယ် သက်ရောက် သည့် စကားတစ်ခွန်းသာ လိုအပ်သည်။

နွေရာသီမှာ သိပ်နီးခြင်းလာခြင်း မရှိသေးသလို အဝေးကြီးလည်း မဟုတ်ပေ။ နွေရာသီ ရောက်ရှိလာသည်နှင့် ဘိုးဘေးနဂါး မြို့တော်ရှိ အစွမ်းထက်သူ အများစုကို သူအနေဖြင့် ကြောက်နေစရာ လိုတော့မည်မဟုတ်သည်ကို ကျူးမင်လန် ကောင်းစွာ သိရှိထားသည်။

ရွေးချယ်ရမည့် ပစ္စည်းကို ယူဆောင်ပြီးနောက် ကျူးမင်လန်မှာ ရတနာတိုက်မှ မကျေမနပ် ဖြင့် ထွက်ခွာလာခဲ့သည်။

ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် ကျူးမင်လန်မှာ အပြင်ထွက်ခြင်းကို ရပ်တန့်လိုက် ပြီး အကယ်ဒမီ အတွင်း၌သာ ကျင့်ကြံခြင်းနှင့် နဂါးများ လေ့ကျင့်ပေးခြင်းတို့ကို အာရုံစိုက် လိုက်သည်။ အရင်က ပျင်းရိမှုကြောင့် သေချာမသင်ယူခဲ့ရသည့် နဂါးထိန်းပညာများကို ပြန်လည်ဖြည့်ဆည်းပြီး သွားမည်းကြီးနှင့် ဝါးစိမ်းလေးတို့အတွက် ဆင့်ကဲပြောင်းလဲနိုင် မည့် နည်းလမ်းများကို ရှာဖွေခဲ့သည်။

နဂါးတစ်ကောင်၏ စွမ်းအားကို မြှင့်တင်ရန် နည်းလမ်းများစွာ ရှိသော်လည်း အဖြူလေး၏ ပြောင်းလဲမှုအရှိန်ကို ထောက်ဆကြည့်လျှင် ကျူးမင်လန်အနေဖြင့် သူ၏နဂါးများကို နဂါးသားဆင့် သို့မဟုတ် နဂါးစစ်သူကြီးအဆင့်လောက်ဖြင့် မကျေနပ်နိုင်ပေ။

နဂါးတံခါးဆိုသည်မှာ တစ်ခါခုန်ရုံဖြင့် ချမ်းသာကြွယ်ဝသည့်ဘဝသို့ ရောက်မည့် နတ်တံခါး မဟုတ်ပေ။

ဤပထမဆုံး နဂါးတံခါးသည်သာ သာမန်ဝိညာဉ်သတ္တဝါများ ကျင့်ကြံပြီး အသွင်ပြောင်းလဲ နိုင်သည့် အဆင့်မြင့် သတ္တဝါများဖြစ်လာစေရန် ဖြတ်ကျော်ရမည့် အဆင့်အတန်းသာ ဖြစ်သည်။ ၎င်းတို့သည် အစာရှာဖွေပြီး အသက်ရှင်သန်ရန်သာ ကြိုးစားသည့် တောရိုင်း တိရစ္ဆာန်များ မဟုတ်တော့ဘဲ ကိုယ်ပိုင်လမ်းကြောင်းကို ရှာဖွေကာ သတ္တဝါအားလုံး၏ အထက်တွင် ပျံသန်းနိုင်မည့်သူများ ဖြစ်လာရမည်။

နဂါးတံခါးများမှာ ရေတွက်၍ မရနိုင်လောက်အောင် များပြားပြီး ၎င်းတို့၏ အမြင့်ကိုလည်း မည်သူမျှ မသိကြပေ။ နယ်ပယ်တိုင်းရှိ သတ္တဝါတိုင်းသည် နယ်ပယ်တစ်ခုကို ကျော်ဖြတ် သွားတိုင်း ထိုထက်ပို၍ ခမ်းနားသော နတ်ဘုရားတောင်တန်းနှင့် နဂါးတံခါးရေတံခွန်များ ရှိနေကြောင်း နားလည်ထားကြသည်။

သာမန်ဝိညာဉ်သတ္တဝါများတွင်လည်း သူတို့၏ ကိုယ်ပိုင် နဂါးတံခါးများ ရှိကြသည်။

ကျင့်ကြံနေသည့် ဝိညာဉ်သတ္တဝါတိုင်းတွင်လည်း ၎င်းတို့နှင့် သက်ဆိုင်သော၊ ရှာဖွေရ ခက်ခဲသည့် ကိုယ်ပိုင် နဂါးတံခါးများ ရှိကြသည်။ ကြီးပြင်းလာသော နဂါးများသည် ထပ်မံ၍ အသွင်ပြောင်းလဲလိုပါက ကိုယ်ပိုင် နဂါးတံခါး ကပ်ဘေးဒုက္ခကို ရင်ဆိုင်ရမည် ဖြစ်ကြောင်း ကျူးမျိုးနွယ်စုမှ အကြီးအကဲတစ်ဦး ပြောပြခဲ့ဖူးသည်ကို ကျူးမင်လန် မှတ်မိလိုက်သည်။

ဤကပ်ဘေးဒုက္ခမှာ နတ်ဘုရားဖြစ်လာရန် မိုးကြိုးပြစ်ဒဏ်ကို ခံနိုင်ရည်ရှိမရှိ စမ်းသပ် သည့် ရိုးရိုးစမ်းသပ်မှုမျိုး မဟုတ်ပေ။

အဖြူလေးရဲ့ အရင်အဆင့်ကနေ ပြန်လည်ကျဆင်းသွားခြင်းကကော နဂါးတံခါး ကပ်ဘေး ဒုက္ခများ ဖြစ်နေမလား…..။

ငါ့ဆုံးဖြတ်ချက်က သူနဲ့အတူ ဒီကပ်ဘေးဒုက္ခကို ခံယူခြင်းနဲ့တူနေတယ်……

ကံမကောင်းစွာဖြင့် နဂါးထိန်းအကယ်ဒမီ၏ မှတ်တမ်းများကို ရှာဖွေကြည့်ရာတွင် နဂါး တံခါး အကြောင်းသာ ပါရှိပြီး ဒုတိယမြောက် နဂါးတံခါးဖြစ်သည့် နဂါးကပ်ဘေးဒုက္ခ အကြောင်း မှတ်တမ်းမရှိပေ။

အကယ်၍ သွားမည်းကြီးနှင့် ဝါးစိမ်းလေးတို့အတွက် နဂါးကပ်ဘေးဒုက္ခကိုသာ ဖော်ထုတ် နိုင်ခဲ့မည်ဆိုပါက သူတို့လည်း ထပ်မံ၍ အသွင်ပြောင်းလဲနိုင်လိမ့်မည်။

အကယ်၍ အဖြူလေး၏ အဆင့်ကျဆင်းမှုက အမှန်တကယ် နဂါးကပ်ဘေးဒုက္ခ ဖြစ်ခဲ့ပြီး ဖြတ်ကျော်ပြီးသားဆိုပါက သူသည် ယခုအခါ တတိယမြောက် နဂါးတံခါးကို ရင်ဆိုင်နေ ရခြင်းလော၊ ထိုတတိယမြောက် နဂါးတံခါးကကော ဘယ်လိုအရာမျိုးလဲ…..။

သို့မဟုတ်ပါက အဖြူလေး၏ အဆင့်ကျဆင်းမှုက သူ့ဘဝတွင် ကြုံတွေ့ရသည့် ဘေးဒုက္ခ သက်သက်သာ ဖြစ်နေမလား……။

သူသည် အခြားသော အကြောင်းရင်းတစ်ခုခုကြောင့် အရင်ကထက် ပိုမိုသန်မာလာပြီး ငွေနှင်းအရုဏ်ဦးနဂါးဖြူအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်နိုင်ပေသည်။

အမှန်စင်စစ် နဂါးထိန်းလမ်းစဉ်မှာ ရှည်လျားပြီး ကွေ့ကောက်နေသော လမ်းတစ်ခု ဖြစ်သည်။

ကျန်ရှိနေတဲ့ ငါ့ဘဝသက်တမ်းတစ်လျှောက်လုံး ပျင်းစရာကောင်းတဲ့ အချိန်တွေ ရှိမှာ မဟုတ်တော့ဘူး….။

All Chapters