← Chapters

အခန်း ၈၉

Vol. 9 Ch. 89

အခန်း ၈၉

Vol. 9 Ch. 89

အခန်း (၈၉) အရေထူသူ။

"နားလည်မှုလွဲနေတာပါ… ချစ်ဇနီးလေး..." ကျူးမင်လန်က အလျင်အမြန်ပင် ရှင်းပြရန် ကြိုးစားလိုက်မိသည်။ သို့သော် သူကိုယ်တိုင်ပင် အမှတ်တမဲ့ဖြင့် ဖန်တီးမိထားသည့် ထိုခေါ်ဝေါ်ပုံကို ပါးစပ်မှ ယောင်ထွက်သွားမိသည်။

လီယွင်ဇီ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ အကယ်၍သာ ဤနေရာ၌ အခြားသော အပေါစား စိတ်ကစားတတ်သည့် လူငယ်တစ်ယောက်သာ ဖြစ်နေပါက၊ သူမ ကြားလိုက် သည့် စကားလုံးကို သေချာသည်ဖြစ်စေ၊ မသေချာသည်ဖြစ်စေ ထိုနေရာ၌ပင် သူမဓားဖြင့် လျှာကို ဖြတ်ပစ်လိုက်ပေလိမ့်မည်။

"ပါးစပ်ချော်သွားတာပါ၊ ပါးစပ်ချော်သွားတာ။ သခင်မလေး ယွင်ဇီ၊ ကျွန်တော် ကျူးမင်လန် က အမြဲတမ်း သိက္ခာရှိရှိ နေထိုင်လာခဲ့သူပါ။ သူမက ဘာကြောင့် ဒီလိုမျိုး ပြဿနာတွေကို ဖန်တီးနေရတာလဲဆိုတာ ကျွန်တော်လည်း နားမလည်ပါဘူး" ကျူးမင်လန် အမြန် ပြောလိုက်ရသည်။

လီယွင်ဇီက သူ့ကို ကြည့်လိုက်သည်။ သူ၏ စိတ်ရင်းမှန်ဟန်ရှိသော မျက်နှာကို မြင်လိုက် ရသော်လည်း သူမစိတ်ထဲတွင်မူ မကျေမနပ်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ကျူးမင်လန်မှာ ဤမျှတိုင်အောင် မျက်နှာပြောင် တိုက်နိုင်လိမ့်မည်ဟု သူမ လုံးဝ မထင်မှတ်ထားခဲ့ပေ။

"သူမနဲ့ အလွန်အမင်း ရင်းနှီးမှုမယူဖို့ မင်းကို ငါ သတိပေးခဲ့သားပဲ... ဒါပေမဲ့ အခု လက်ရှိ အခြေအနေအရဆိုရင်တော့ သူမကလဲ မင်းကို အသက်ဆုံးရှုံးအောင် လုပ်တော့မှာ မဟုတ် လောက်ပါဘူးလေ" လီယွင်ဇီက ခေါင်းခါယမ်းလိုက်ပြီး နန်လင်းရှာနှင့် ပတ်သက်သည့် ကိစ္စကို ဆက်လက် မမေးမြန်းတော့ပေ။

ကျူးမင်လန်သည် ခေါင်းကို ကုတ်လိုက်မိသည်။ သူမသည် သူ နန်လင်းရှာ၏ လက်ချက် ဖြင့် အသက်ဆုံးရှုံးသွားမည်ကို စိုးရိမ်နေခဲ့ကြောင်း သူ သဘောပေါက်သွားသည်။

အစပိုင်းတွင် နန်လင်းရှာသည် သူ့ကို သတ်ပစ်လိုသည့် စိတ်ဆန္ဒ ရှိခဲ့သည်မှာ အမှန်ပင် ဖြစ်သော်လည်း၊ နောက်ပိုင်းတွင်မူ သူ၏ တည်ကြည်ဖြောင့်မတ်သော စရိုက်ကို မြင်ပြီး သဘောကျသွားခြင်း ဖြစ်ရပေမည်။

"ဝါးတောထဲက အဲဒီညက အဖြစ်အပျက်က တကယ့်ကို မတော်တဆမှုတစ်ခုပါ။ ပြီးတော့ နတ်ဘုရားသူတော်စင်နဂါးစိမ်း အကြောင်းကလည်း..." ကျူးမင်လန်က ဆက်လက်၍ ရှင်းပြလိုက်သည်။ သူသည် လီယွင်ဇီ၏ အမြင်တွင် မြို့တော်၌ ပြောဆိုနေကြသည့် ကောလာဟလထဲက လူမျိုးအဖြစ် အထင်ခံရမည်ကို မလိုလားပေ။

သူတို့နှစ်ဦးမှာ အမွှာညီအစ်မများဖြစ်ပြီး ရုပ်ရည်ချင်း အတိအကျ တူညီနေကြသော်လည်း၊ ကျူးမင်လန်မှာမူ သူမတို့နှစ်ဦးကို သူ့စိတ်ထဲတွင် လုံးဝ သီးခြားစီ ခွဲခြားထားလိုပေသည်။

"သခင်မလေး၊ ဘာလုပ်တာလဲ... အာ၊ အထဲကို ဝင်လို့မရပါဘူး၊ ဝင်လို့မရဘူး…"

ထိုအချိန်တွင် အဝေးရှိ တံခါးပေါက်ဆီမှ ဖရော့စ်၏ အသံကို ကြားလိုက်ရသည်။

ကျူးမင်လန်သည် သူမက သူ့အတွက် အစောင့်အဖြစ် ရပ်နေပေးခြင်းဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။

ဟေး... ဘာလို့ သူမက အစောင့်အဖြစ် တွေးနေမိတာလဲ…။ သူက ရှက်စရာကောင်းတဲ့ အလုပ်မျိုးမှ မလုပ်ထားတာ၊ စကားပြောရုံ သက်သက်ပဲလေ…..။

"ဘယ်သူက ဒီလောက်တောင် ရိုင်းစိုင်းရတာလဲ၊ ခြံဝင်းထဲကို အတင်းဝင်လာတာ ဘယ်သူ လဲ" ကျူးမင်လန်က လီယွင်ဇီကို အံ့အားသင့်စွာ ကြည့်ရင်း "ကျွန်တော် ပြန်ပေးရမလား" ဟု မေးလိုက်သည်။

"ပြန်သွားရမလား…..၊ အဲဒီလိုလုပ်ရင် ကောလာဟလတွေ ပိုပြီး ပျံ့နှံ့သွားမှာပေါ့" လီယွင်ဇီ က ပြန်ဖြေသည်။

သူမသည် ဝင်လာသူမှာ မည်သူဖြစ်ကြောင်း သိရှိနေပုံရသည်။ သူမက ဖြည်းညှင်းစွာ ထလိုက်ပြီး နောက်ကျောဘက်ရှိ သစ်သားစင်ပေါ်မှ သန့်ရှင်းသော လက်ဖက်ရည်ခွက် တစ်ခွက်ကို ယူကာ လက်ဖက်ရည်အိုးကို မြှောက်လိုက်ပြီး ခွက်ထဲသို့ လက်ဖက်ရည်ကြည် များကို ဖြည်းဖြည်းချင်း လောင်းထည့်လိုက်သည်။

ကျူးမင်လန်မှာမူ ဘာတွေဖြစ်နေမှန်း မဝေခွဲနိုင်ဖြစ်နေသည်။ သူ့အကြည့်တို့မှာ အလိုလို ပင် ခြံဝင်းထဲက ရှည်လျားသော လမ်းကြောင်းဆီသို့ ရောက်သွားပြီး ဧည့်သည်မှာ မည်သူ ဖြစ်မည်ကို သိချင်နေမိသည်။

လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလာနေသော အမျိုးသမီးကို မြင်လိုက်ရသည့်အခါ သူ၏မျက်နှာတွင် ထိတ်လန့်တုန်လှုပ်ခြင်းများ ပြည့်နှက်သွားရသည်။ လီယွင်ဇီက တည်နေရာရွှေ့ပြောင်းခြင်း (Teleport) ပြုလုပ်လိုက်သည်ဟု ထင်မှတ်လိုက်မိသော်လည်း၊ သူ့ဘေးတွင် ရှိနေသည့် လီယွင်ဇီကို ပြန်ကြည့်မိမှ သူ သဘောပေါက်သွားတော့သည်။

တကယ်ပါပဲ၊ တူညီသော ပင်စည်မှ ပွင့်လာသော ပန်းနှစ်ပွင့်ပင်။

အရင်က ကျူးမင်လန်သည် လူတစ်ကိုယ်တည်း၌ ဝိညာဉ်နှစ်ခု ပူးကပ်နေသည်ဟူသော ပုံပြင်များဖြင့် တွေးတောမိခဲ့ဖူးသည်။ ယခုတွင်မူ သူမတို့နှစ်ဦးကို တစ်ပြိုင်နက်တည်း မြင်တွေ့လိုက်ရသဖြင့် ထိုရူးဖွယ်ရာ တွေးတောမှုများကို လုံးဝ ဖယ်ရှားလိုက်နိုင်ပြီ ဖြစ်သည်။

သို့သော်လည်း သူမတို့နှစ်ဦး တစ်ပြိုင်နက်တည်း ရောက်ရှိနေခြင်းမှာ အမြင်အာရုံအတွက် အလွန်ပင် တုန်လှုပ်ဖွယ် ကောင်းလှသည်။

လီယွင်ဇီမှာ ပြိုင်ဘက်ကင်းလောက်အောင် လှပနေပြီး၊ ထိုကဲ့သို့သော အလှတရားမျိုးကို နောက်ထပ် အမျိုးသမီးတစ်ယောက်ကလည်း ပိုင်ဆိုင်ထားခြင်းက အံ့ဩစရာပင်။ ငါးများ ပင် ရေအောက်သို့ နစ်မြုပ်သွားလောက်အောင်၊ ငှက်များပင် ကောင်းကင်မှ ပြုတ်ကျသွား လောက်အောင်ပင် သူမတို့၏ အလှတရားမှာ မည်သူက မည်သူ့ထက်မျှ မနိမ့်ကျပေ။

"နန်... နန်လင်းရှာ…." ကျူးမင်လန်၏ အကြည့်တို့မှာ အမျိုးသမီးနှစ်ဦးကြားတွင် အဆက် မပြတ် ရွေ့လျားနေသည်။

ရိုးသားစွာ ပြောရမည်ဆိုလျှင် သူမတို့၏ မတူညီသော စရိုက်လက္ခဏာများကို ပြသထား ခြင်းမရှိပါက ကျူးမင်လန်အနေဖြင့် သူမတို့နှစ်ဦးကို ခွဲခြားနိုင်မည် မဟုတ်ပေ။ အပြင်တွင် အစောင့်အဖြစ် ရပ်နေသည့် ဖရော့စ်ပင်လျှင် အပြင်မှ အတင်းဝင်လာသူမှာ လီယွင်ဇီ ဖြစ်သည်ဟု ယုံကြည်လုနီးပါး ဖြစ်သွားခဲ့သည်။

"ထိုင်လေ" လီယွင်ဇီက သူမဘေးရှိ သစ်သားထိုင်ခုံကို ညွှန်ပြကာ တည်ငြိမ်စွာ ပြောလိုက် သည်။

ကျူးမင်လန်ကို မြင်လိုက်ရသည့်အခါ နန်လင်းရှာ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပွင့်လန်းလာသည်။ သို့သော် ထိုအပြုံးမှာ နူးညံ့သိမ်မွေ့ခြင်းမျိုး မဟုတ်ဘဲ အနည်းငယ် ဆော့ကစားလိုသည့် အရိပ်အယောင်များ ပါဝင်နေသည်။

"အစ်မ၊ အစ်မက အတော်လေး ရည်မှန်းချက်ကြီးတာပဲနော်" နန်လင်းရှာက ကျူးမင်လန် ၏ ဘယ်ဘက်တွင် ဝင်ရောက်ထိုင်လိုက်ရင်း ပြောလိုက်သည်။

ကျူးမင်လန်သည် ရှေ့တွင် လီယွင်ဇီ၊ ဘယ်ဘက်တွင် နန်လင်းရှာတို့ရှိနေသဖြင့် မည်သည့် အတွက်ကြောင့်မှန်းမသိ ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။

လက်ဖက်ရည်စားပွဲမှာ လုံးဝန်းပြီး၊ အကယ်၍ သူသာ အနည်းငယ် အာရုံလွင့်သွားပါက တစ်ယောက်နှင့် တစ်ယောက် မှားယွင်းမိတော့မည်ကို ကျူးမင်လန် စိုးရိမ်နေမိသည်။

ကံကောင်းသည်မှာ နန်လင်းရှာသည် ယနေ့တွင် တိတ်ဆိတ်ပြီး အေးစက်မနေပေ။ သူမ၏ အပြာရောင် မျက်ဝန်းတို့မှာ လှိုင်းထန်နေပြီး သူမ၏ ထူးခြားသော ဆွဲဆောင်မှုအရှိန်အဝါ ကို ထင်ဟပ်နေသည်။

"မင်းသာ ငါ့ကိစ္စကို ကြားဖြတ် ဝင်နှောင့်ယှက်မယ်ဆိုရင်တော့ ငါ မင်းကို အလျော့ပေးမှာ မဟုတ်ဘူး" လီယွင်ဇီက သူမ၏ ပုံမှန်အတိုင်း အေးစက်သော လေသံဖြင့် ပြောလိုက်သည်။ သူမ၏ ညီမအရင်း ဖြစ်သော်လည်း ခံစားချက်တို့ကို ထုတ်ဖော်ပြသခြင်း မရှိပေ။

"ဟွန့်... အရသာပျက်အောင် လုပ်လိုက်တာပဲ၊ အချိန်အခါ မသင့်လိုက်တာ" နန်လင်းရှာက ပြောရင်း မတ်တပ် ထရပ်လိုက်သည်။ သို့သော် သူမရှေ့ရှိ လက်ဖက်ရည်ကို မထိတွေ့ဘဲ ပြန်ထွက်သွားမည့်သူကဲ့သို့ ပြုမူနေသည်။

ရုတ်တရက် သူမ ရပ်တန့်သွားသည်။ သူမ၏ အကြည့်တို့မှာ စူးရှတောက်ပလာပြီး ထိုင်ခုံ တွင် တည်ငြိမ်စွာ ထိုင်နေကာ လူအမြင်မခံလိုသော ကျူးမင်လန်ဘက်သို့ လှည့်ကြည့် လိုက်သည်။

ကျူးမင်လန်မှာ လက်ဖက်ရည်ခွက်ကိုသာ ငုံ့ကြည့်နေပြီး မျက်နှာမှာ ရေပြင်ကဲ့သို့ တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်မူ ဆောင်းဦးရွက်နီပင်၏ အကိုင်းအခက်များကဲ့သို့ လေနှင်ရာ လူးလွန့်နေသည်။

"လမ်းတွေက လူစည်ကားနေပြီ၊ ဆောင်းရာသီတစ်လျှောက်လုံးကလည်း ငြီးငွေ့စရာ ကောင်းလွန်းတယ်။ အစ်မ... ဒီချောမောခန့်ညားတဲ့ လူကြီးလူကောင်းလေးကို ဒီနေ့ တစ်ရက်လောက် ညီမလေးကို ငှားပေးလို့ မရဘူးလား။ ဘိုးဘေးနဂါး မြို့တော်ရဲ့ ပန်းရနံ့ တွေနဲ့ ပြည့်နှက်နေတဲ့ လမ်းမတွေမှာ လျှောက်လည်ချင်လို့…." နန်လင်းရှာက နှင်းအရည် ပျော်ရာမှ ရေစင်များဖြင့် ဆေးကြောထားသကဲ့သို့ တောက်ပသော မျက်ဝန်းတို့ဖြင့် ပြုံးကာ ပြောလိုက်သည်။

"မရဘူး" လီယွင်ဇီက ပြတ်သားစွာ ငြင်းပယ်လိုက်သည်။

"မခွဲနိုင်မခွာနိုင်ဖြစ်နေပြီပေါ့လေ…..၊ ကျူးမန်လန်... ဒီနေ့ ဘာလို့ ငါ့ကို စကားမပြောတာ လဲ။ ပုံမှန်ဆိုရင်တော့ မင်းက အမြဲဂရုစိုက်တတ်ပြီး တစ်ညလုံး စကားပြောရင်တောင် ပင်ပန်းတဲ့အမူအရာ မပြတတ်ပါဘူး" နန်လင်းရှာ၏ အပြုံးမှာ အပြစ်ကင်းစင်ပြီး ပျော်ရွှင် နေသော ညီမငယ်လေးတစ်ယောက်ကဲ့သို့ ချိုမြိန်နေသည်။

"သခင်မလေး လင်းရှာ... ကျွန်တော်က သခင်မလေးအစ်မကို အမှန်တရားတွေကို ရှင်းပြ ပြီးပြီ၊ ဒါကြောင့် မဟုတ်မမှန်တဲ့ စကားတွေနဲ့ သွေးမထိုးပါနဲ့။ ပြီးတော့ သခင်မလေးရဲ့ အစ်မအပေါ် ကျွန်တော့်ရဲ့ သံယောဇဉ်က လူကြီးလူကောင်းတစ်ယောက်ရဲ့ ရိုးသားမှုထက် ပိုပါတယ်။ သခင်မလေးရဲ့ သွေးထိုးစကားတွေက အဓိပ္ပာယ်မရှိပါဘူး" ကျူးမင်လန်က လေးနက်စွာ ပြောလိုက်သည်။

"မင်း ကိုယ့်လျှာကို ပြန်ကိုက်မိမှာ မကြောက်ဘူးလား….." နန်လင်းရှာက ကျူးမင်လန်ကို စူးစူးရဲရဲ ကြည့်လိုက်သည်။

ကျူးမင်လန်မှာမူ ဘာမှမဖြစ်သလို တည်ငြိမ်နေသည်။ သူသည် တရားထိုင်နေသော ဘုန်းကြီးအိုကြီးတစ်ပါးကဲ့သို့ တည်ငြိမ်နေရန် လိုအပ်ကြောင်း သိထားသည်။ လီယွင်ဇီနှင့် နန်လင်းရှာတို့အကြား မကျေနပ်မှုများမှာ ညီအစ်မချင်း ချစ်ခြင်းမေတ္တာ ကုန်ဆုံးသွား၍ လော သို့မဟုတ် ရပ်တည်ချက် ကွဲပြား၍လောဆိုသည်ကို သူ မခန့်မှန်းနိုင်ပေ။

"ငါ သူ့နဲ့ ဆွေးနွေးစရာ ကိစ္စရှိတယ်။ မင်း ထိုင်ချင်လည်း ထိုင်နေ၊ ပြန်ချင်လည်း ပြန်" လီယွင်ဇီက နန်လင်းရှာ၏ သွေးထိုးနေသော အပြုအမူကို အဖက်မလုပ်ဘဲ ပြောလိုက် သည်။

"ကောင်းပြီလေ... မင်းတို့ စကားပြောပြီးတဲ့အထိ ငါ စောင့်ပေးမယ်။ ပြီးရင် မြစ်ကမ်းနားက နွေဦးညမီးပုံးပွဲတော်ကို အတူသွားကြည့်ကြမယ်။ အစ်မလည်း လိုက်ခဲ့ပေါ့။ ညီမလေးတို့ နှစ်ယောက် အတူတူ အပြင်မထွက်ဖြစ်တာ ကြာလှပြီပဲ" နန်လင်းရှာက ဆုံးဖြတ်ချက် ချလိုက်ပြီး ထိုင်ခုံတွင် ပြန်ထိုင်ကာ လက်ဖက်ရည်ကို ဖြည်းညှင်းစွာ သောက်လိုက်သည်။

ကျူးမင်လန်မှာ မျက်မှောင်ကြုတ်လိုက်သည်။

ဤသည်မှာ လီယွင်ဇီနှင့် တစ်ဦးချင်း စကားပြောခွင့်ရမည့် ရှားပါးအခွင့်အရေး ဖြစ်သည်။

နန်လင်းရှာသည် သူနှင့် လီယွင်ဇီအကြား ဆက်ဆံရေးကို အမှန်တကယ် စူးစမ်းနေခြင်း လော သို့မဟုတ် ရိုးရိုးသားသား ပြဿနာရှာနေခြင်းလောဆိုသည်ကို သူ ဝေခွဲမရ ဖြစ်နေ သည်။

လီယွင်ဇီက နန်လင်းရှာကို တစ်ချက်ကြည့်လိုက်သည်။

နန်လင်းရှာကမူ မျက်လုံးများကို လှိမ့်ကစားကာ အကြည့်လွှဲလိုက်သည်။

ရုတ်တရက်ပင် ပတ်ဝန်းကျင်၌ တိတ်ဆိတ်သွားပြီး လေထုမှာ တင်းမာလာသည်။ လီယွင်ဇီ က တစ်ခွန်းမှ မပြောဘဲ နန်လင်းရှာ ထွက်သွားမည်ကို စောင့်ဆိုင်းနေပုံရသည်။

နန်လင်းရှာကလည်း အလျှော့ပေးမည့်သူ မဟုတ်ပေ။ လီယွင်ဇီက သူမရှေ့မှာပင် ပြောလျှင်ပြော…..၊ သို့မဟုတ်ပါက သူမသည်လည်း ဤနေရာ၌ပင် ဆက်လက်စောင့်ဆိုင်း နေမည် ဖြစ်သည်။

ကျူးမင်လန်သည် ညီအစ်မနှစ်ဦး၏ အခြေအနေမှာ တင်းမာနေသည်ကို မြင်သောအခါ၊ မိမိကိုယ် အမြင်ကပ်မခံရအောင် 'မရှိသယောင်' နေရန် ဆုံးဖြတ်လိုက်သည်။

လေပြေညင်းတစ်ချက် တိုက်ခတ်လာပြီး ခြံဝင်းထဲတွင် အလှစိုက်ထားသည့် လိုင်လီပန်း အစုကို ဖြတ်သန်းသွားသည်။ ညင်သာလွန်းသော အဖြူရောင်ပန်းပွင့်လေးများမှာ ပန်းဆွဲ လေးများကဲ့သို့ ယိမ်းနွဲ့နေကြပြီး တီးတိုးမြည်သံ မထွက်သော်လည်း သင်းပျံ့သော ရနံ့တို့ ကို လွင့်ပျံ့စေသည်။

မည်သူမျှ စကားမပြောကြသဖြင့် တိတ်ဆိတ်မှုမှာ ပိုမိုစိုးမိုးလာသည်။

ရုတ်တရက် ကျူးမင်လန်မှာ သူနေ့လယ်စာ မစားရသေးသည်ကို သတိရသွားသည်။ စားပွဲ ဘေးရှိ မုန့်များကို မြင်လိုက်ရသောအခါ သူသည် ထရပ်လိုက်ပြီး လက်လုပ် မုန့်ပြားများကို ယူကာ လက်ဖက်ရည်နှင့်အတူ စားသောက်ရန် ပြင်လိုက်သည်။

နန်လင်းရှာက သူမ၏ လှပသော မျက်ဝန်းအိမ် ကျယ်ကျယ်ဖြင့် စူးစိုက်ကြည့်နေပြီး စကား မပြောသော်လည်း၊ 'ဒါ မင်းအိမ်လို့များ ထင်နေတာလား' ဟု ပြောနေသကဲ့သို့ပင်။

"ဪ... မင်းတို့လည်း စားကြလေ၊ မုန့်တွေက တကယ်ကို အရသာရှိတယ်" ကျူးမင်လန် က ပြောလိုက်ပြီး မုန့်အချို့ကို လီယွင်ဇီထံ ကမ်းပေးလိုက်သည်။

လီယွင်ဇီသည် မုန့်ကို တစ်ကိုက်ယူစားလိုက်သော်လည်း ဘာမှပြန်မပြောပေ။ သို့သော် သူမ၏အကြည့်ကို မြင်ရသလောက်ဆို ကျူးမင်လန်၏ မျက်နှာပြောင်တိုက် အရေထူသည့် အစွမ်းကို သူမ အသစ်တစ်ဖန် ပြန်လည် အကဲဖြတ်နေပုံရသည်။

All Chapters