← Chapters

အခန်း ၇၅

Vol. 8 Ch. 75

အခန်း ၇၅

Vol. 8 Ch. 75

အခန်း (၇၅) ဂိုဏ်းစစ်ပွဲစတင်ခြင်း

ကျန်းပိုင်ဖေးက ယန်တုန်းကို ကြည့်ကာ ခေါင်းယမ်းလိုက်၏။ "အဘိုးကြီးယန်။ မင်းပြောတာ မှန်ပါတယ်။ ပုံမှန်လူတစ်ယောက်ကတော့ အဲဒီလိုလုပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်း စဉ်းစားမကြည့်ဘူးလား။ ဆုရှင်းက ပုံမှန်လူ တစ်ယောက်လား။"

"သူက အဆင့်နိမ့်ခေါင်းဆောင်လေး တစ်ယောက် ဖြစ်တုန်းကတောင် မိုးပြာဝါးဂိုဏ်းခေါင်းဆောင် တိုင်ချုံးကို တစ်ယောက်တည်း လုပ်ကြံသတ်ဖြတ်ရဲခဲ့တယ်။"

"သူ လင်းယုန်ပျံဂိုဏ်းရဲ့ ဂိုဏ်းချုပ် မဖြစ်ခင်ကတောင် သူရဲကောင်းသုံးဖော်အသင်းရဲ့ အဖွဲ့ဝင်ကို သတ်ရဲခဲ့တယ်။ မန်ချန်ဟယ်ရဲ့တစ်ဦးတည်းသော သားကိုလေ။"

"ဒီလိုလူမျိုးကို ရဲတင်းတယ်လို့ပြောလို့မရတော့ဘူး။ သူက လုံးဝ ရူးသွပ်နေတာ။"

"ကမ္ဘာပေါ်မှာ အကြောက်ရဆုံးလူတွေဆိုတာ သူတို့ ဘာတွေးနေလဲဆိုတာ ဘယ်တော့မှခန့်မှန်းလို့ မရတဲ့ လူတွေပဲ။"

"ငါတို့ ကျန်းရန်ဂိုဏ်းက အခု လောင်းကြေးမထပ်နိုင်ဘူး။ အကယ်၍ဆုရှင်းက ဒီကိစ္စကြောင့် ငါတို့ကို တိုက်ခိုက်ဖို့ သူ့အင်အား အားလုံးကိုတကယ် လှုပ်ရှားခိုင်းလိုက်ရင်ကော ဘယ်လိုလုပ်မလဲ။"

ကျန်းပိုင်ဖေး၏စကားများက ထိုလူနှစ်ဦးကို တိတ်ဆိတ်သွားစေခဲ့၏။ သူတို့၏ ကျန်းရန် ဂိုဏ်း မှာ အားနည်းသည်။

ဆုရှင်းက လောင်းကြေးထပ်နိုင်သော်လည်း သူတို့က မထပ်နိုင်ပေ။

ဆုရှင်းကဲ့သို့ အရူးတစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် သူရဲကောင်းသုံးဖော်အသင်း နှင့် ရင်ဆိုင်ရသည်ထက်ပင် ဖိအားများ ပိုမိုခံစားလိုက်ရပါသည်။

"ငါတို့ ဘာလုပ်ကြမလဲ။" ယန်တုန်း က နိမ့်ကျသော အသံဖြင့်မေးလိုက်ရာ သူလည်း ဘာလုပ်ရမှန်း မသိတော့ချေ။

ကျန်းပိုင်ဖေး အံကြိတ်ကာ ပြောလိုက်၏။ "ကျန်းဟယ်ရဲ့ခေါင်းကို ဖြတ်ပြီး ဆုရှင်းဆီပို့လိုက်။ ကျန်းဟယ်က ဒါကို ဂိုဏ်းက မသိအောင်နောက်ကွယ်မှာ လုပ်ခဲ့တာလို့ သူ့ကိုပြောလိုက်။ ပြီးတော့ ငါတို့ ဘာမှ မသိခဲ့ဘူးလို့။"

"ဂိုဏ်းချုပ် မလုပ်သင့်ဘူး။" ရှန်ကျုံးမင် နှင့် ယန်တုန်းတို့က အလျင်အမြန် တားဆီးလိုက်ကြ၏။

ခြိမ်းခြောက်ခံရရုံဖြင့် သူတို့၏ခေါင်းဆောင်ကို သတ်ပြီး ပို့ပေးလိုက်ခြင်းက ချန်နင်စီရင်စုရှိ အခြားဂိုဏ်းများက ကျန်းရန် ဂိုဏ်းကို ဘယ်လို ထင်ကြမည်နည်း။

၎င်းမှာ အလွန် သတ္တိကြောင်လွန်းလှပေသည်။

ထို့အပြင် ၎င်းက ဂိုဏ်းအတွင်းရှိ တပည့်များကို အလွယ်တကူစိတ်ပျက်သွားစေနိုင်ပြီး ကျန်းရန် ဂိုဏ်း၏ ဂုဏ်သတင်းကို ကြီးမားသော ထိုးနှက်ချက် ဖြစ်စေလိမ့်မည်။

ကျန်းပိုင်ဖေး သက်ပြင်းချလိုက်၏။ "ငါတို့ တခြား ဘာလုပ်နိုင်သေးလို့လဲ။ ငါတို့က ဆုရှင်းကို တစ်ခါတည်းနဲ့ ကျေနပ်အောင်မလုပ်ပေးနိုင်ရင်၊ သူက ငါတို့ ကျန်းရန်ဂိုဏ်းကို ထပ်တိုက်ခိုက်ရင်ကော။"

"မင်းသူ့ကို ရှင်းပြချက်ပေးနိုင်မယ်ဆိုရင်တော့။ မင်း အကောင်းဆုံး လုပ်ပါ။"

"ပြီးတော့ ဒီကိစ္စတစ်ခုလုံးက အဲဒီအရူးကျန်းဟယ် ကြောင့် ဖြစ်ရတာလေ။"

"သူ့သားက ဆုရှင်းရဲ့ညီမကို မစော်ကားခဲ့ရင် ဒီလောက်ကြီးမားတဲ့ ပြဿနာကြီး ဖြစ်လာပါ့မလား။"

ယန်တုန်း နှင့် ရှန်ကျုံးမင် တို့ တိတ်ဆိတ်နေကြပြီး နောက်ဆုံးတွင် သူတို့ ခေါင်းဆောင်၏စကားကို သဘောတူလိုက်ကြ၏။

"အဲဒီလိုဆိုရင် မင်းတို့သွားပြီး ကျန်းဟယ်ရဲ့ ခေါင်းကို ဆုရှင်းဆီ လွှဲပေးလိုက်ပါ။" ကျန်းပိုင်ဖေး က ပြောလိုက်သည်။

ယန်တုန်း နှင့် ရှန်ကျုံးမင်တို့ ချက်ချင်း အံ့အားသင့်သွားကြ၏။ ဤဂိုဏ်းချုပ်က တကယ်ပင် အလွယ်တကူလှည့်စား၍ရသော လူစားမျိုး မဟုတ်ပေ။

သူတို့က ဂိုဏ်းချုပ်ကျန်းဟယ်ကို သတ်လိမ့်မည်ဟု မျှော်လင့်ကာ တိတ်ဆိတ်နေခဲ့ကြခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေ သူက ကျန်းရန် ဂိုဏ်း ၏ ခေါင်းဆောင်ကြီး တစ်ဦး ဖြစ်၏။ သူ့ကို သတ်လိုက်ခြင်းက သူ့ကို ဂိုဏ်း၏တပည့် များ၏ မုန်းတီးမှု သို့မဟုတ် ရွံရှာမှုကိုပင် သေချာပေါက် ခံရပါလိမ့်မည်။

သို့သော် ကျန်းပိုင်ဖေးက ပါးနပ်မှု အနည်းငယ်မျှ မရှိဘဲ ဂိုဏ်းချုပ်မည်ကဲ့သို့ဖြစ်လာမည်နည်း။ သူ ကိုယ်တိုင်အမိန့်ပေးခဲ့သဖြင့် ဂိုဏ်းဝင်များ၏ရွံရှာမှုကို သေချာပေါက် ခံရလိမ့်မည်။

*ဒါပေမဲ့ မင်းတို့ ဒုဂိုဏ်းချုပ်နှစ်ယောက်ကလည်း လူကောင်းတွေတော့ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် မင်းတို့ အားလုံးသဘောတူခဲ့တာပဲဆိုတော့ ဒီနာမည်ဆိုးကို ငါတစ်ယောက်တည်းခံမှာ မဟုတ်ဘူး။*

သူတို့၏အကြံအစည်များကို ကျန်းပိုင်ဖေးက သိမြင်သွားသဖြင့် ယန်တုန်း နှင့် ရှန်ကျုံးမင် တို့မှာ သူတို့၏မာနကို မြိုသိပ်ကာ ကျန်းဟယ် ကို ကိုယ်တိုင်သတ်ရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။

နောက်တစ်နေ့တွင် ကျင်းယွဲ့ရပ်ကွက် ဌာနချုပ်၌ဆုရှင်းက ကျန်းရန် ဂိုဏ်းက ပို့လိုက်သော ခေါင်းကို ကြည့်ကာ ရယ်မောလိုက်၏။

"ကျန်းရန် ဂိုဏ်း က လူတွေက နောက်ဆုံးတော့ ပါးနပ်သားပဲ။ ဒီခေါင်းတစ်လုံးက ငါ့ရဲ့နောက်ဆက်တွဲအစီအစဉ်တွေ အားလုံးကို ပိတ်ဆို့သွားစေတယ်။"

မနေ့က ဝဝကစ်ကစ် ကောင်လေး တောင်းပန်ပြီးနောက် ဆုရှင်း၏ဒေါသမှာ အမှန်တကယ် ပြေပျောက်သွားပြီ ဖြစ်၏။ သူက ကျန်းရန် ဂိုဏ်း အဖွဲ့ဝင်များကို ရှင်းပြချက်တောင်းရန် သူတို့၏ ခေါင်းဆောင်ထံသို့ ပြန်လွှတ်ခဲ့သော်လည်း ၎င်းမှာလျှို့ဝှက်အစီအစဉ်တစ်ခု ပါရှိသော လှည့်ကွက်တစ်ခုသာ ဖြစ်သည်။

သူသည် မိုးပြာဝါးဂိုဏ်း၏နယ်မြေကို တဖြည်းဖြည်း ကျူးကျော်ဝင်ရောက်နေ၏။ ယုံလဲ့ရပ်ကွက်၏တစ်ဝက်ခန့်ကို သိမ်းပိုက်ပြီးဖြစ်ကာ အခြားနယ်မြေများ၏ထက်ဝက်နီးပါးကိုလည်း ဝါးမြိုထားပြီး ဖြစ်သည်။

မိုးပြာဝါးဂိုဏ်းမှာ မအေးမချမ်းဖြစ်လာနေလေပြီ။

ထို့ကြောင့် ဆုရှင်းက ဤအခွင့်အရေးကို အသုံးချကာ ကျန်းရန် ဂိုဏ်းကို တိုက်ခိုက်ရန် အကြောင်းပြချက် တစ်ခုရှာဖွေပြီး၊ မိုးပြာဝါးဂိုဏ်းမှ လူများကို စိတ်သက်သာရာ ရစေကာ သူတို့၏အာရုံကို လွှဲပြောင်းမည်။ ထို့နောက် သူတို့၏နယ်မြေကို ဆက်လက် ဝါးမြိုရန်စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ကျန်းရန် ဂိုဏ်း က လူများငြင်းဆိုမည် သို့မဟုတ် အချိန်ဆွဲမည်ဟု ဆုရှင်း မူလက ထင်မှတ်ထားခဲ့ပြီး ထိုသို့ဆိုလျှင် ကျန်းရန် ဂိုဏ်းကို တိုက်ခိုက်ရန် သူ့တွင် အကြောင်းပြချက် ရှိလာလိမ့်မည်ဖြစ်၏။

သို့သော် ကျန်းရန်ဂိုဏ်း က ဤမျှပြတ်သားပြီး သူတို့၏ခေါင်းဆောင် ကျန်းဟယ်၏ ခေါင်းကို တိုက်ရိုက်ပို့ပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

ဤအရာက ဆုရှင်းကို ‌‌ပေါင်မုန့်လည်နင်သွားစေခဲ့၏။

အကယ်၍ သူက ယခု ကျန်းရန် ဂိုဏ်းကို ကြီးမားသောတိုက်ခိုက်မှု တစ်ခုပြုလုပ်မည်ဆိုပါက လင်းယုန်ပျံဂိုဏ်း၏ဂုဏ်သတင်းကို ထိခိုက်စေရုံသာမက မိုးပြာဝါးဂိုဏ်းကိုလည်း သတိပေးလိုက်သကဲ့သို့ ဖြစ်သွားမည်။

"ကောင်းပြီလေ ဒါဆို ငါ မင်းတို့ကို ခဏလောက် ထပ်နေခွင့်ပြုလိုက်မယ်။" ဆုရှင်းက ဖြတ်တောက်ထားသောခေါင်းပါရှိသည့် သေတ္တာကို သိမ်းဆည်းလိုက်ပြီး ဂိုဏ်းဝင်တစ်ဦးကို ခေါ်ကာလွှင့်ပစ်ခိုင်းလိုက်၏။

သူ့တွင် ဤအရာများကို စုဆောင်းသည့် ဝါသနာမရှိပေ။ ၎င်းကို ပြည့်တန်ဆာအိမ်ထဲတွင် ထားရှိခြင်းကလည်း ကံဆိုးစေလိမ့်မည်။

သေချာသည်မှာ ဤအဖြစ်အပျက်က အကျိုးကျေးဇူး လုံးဝမရှိသည်တော့မဟုတ်ပေ။ တစ်ခုတည်းသော အပြုသဘောဆောင်သည့် အချက်မှာ ဆုရှင်း၏ဂုဏ်သတင်းမှာ ပိုမို ထင်ရှားလာခြင်းပင်ဖြစ်၏။

ကျန်းရန် ဂိုဏ်းက ဤအဖြစ်အပျက်ကို ဖုံးကွယ်မထားဘဲ ဘာဖြစ်ခဲ့သနည်းဆိုတာကို ချန်နင်စီရင်စုရှိ ဂိုဏ်းအသီးသီးကို တိုက်ရိုက်ပြောပြခဲ့သည်။

ဆုရှင်းက ဤကိစ္စကိုလျှို့ဝှက်ထားပြီး ကျန်းရန် ဂိုဏ်းကို အကြီးအကျယ်တိုက်ခိုက်လာမည်ကို သူတို့ စိုးရိမ်ခဲ့ကြသည်။ မည်သို့ပင်ဆိုစေ သူတို့ မျက်နှာပျက်ရမည်မှာ စောသည်ဖြစ်စေ နောက်ကျသည်ဖြစ်စေ သေချာနေသဖြင့် ၎င်းက အရေးမကြီးတော့ပေ။

ထို့ကြောင့် ဤကိစ္စကို လူသိရှင်ကြားကြေညာပြီးနောက် ဆုရှင်းက ချန်နင်စီရင်စုရှိ ဂိုဏ်းအသီးသီးကြားတွင် အတော်လေးကြောက်မက်ဖွယ် ကောင်းလာခဲ့၏။

စကားအနည်းငယ်ဖြင့် ကျန်းရန်ဂိုဏ်းက ၎င်း၏ကိုယ်ပိုင်ခေါင်းဆောင်ကို သတ်ပစ်ခဲ့ပြီး ခွင့်လွှတ်မှု တောင်းခံရန် သူ၏ခေါင်းကို လေးစားစွာ ပို့ပေးခဲ့သည်။ ဤကဲ့သို့သော အာဏာမျိုးမှာ ထိုစဉ်က သူရဲကောင်းသုံးဖော်အသင်းတွင်ပင် မရှိခဲ့ပေ။

ကျန်းရန် ဂိုဏ်းကို တိုက်ခိုက်ခြင်းဖြင့် မိုးပြာဝါးဂိုဏ်း၏အာရုံကို လွှဲပြောင်း၍မရနိုင်တော့သဖြင့် ၎င်းတို့ တိုက်ပွဲဝင်ရပါတော့မည်။

"သွား ဟွမ်ကြီး နဲ့ လီဟွိုင်တို့ကို ငါ့ဆီ ခေါ်ခဲ့" ဆုရှင်းက သူ၏ဂိုဏ်းဝင် တစ်ဦးကို အမိန့်ပေးလိုက်၏။

ခဏအကြာတွင် လီဟွိုင်နှင့် ဟွမ်ပင်းချန်တို့ ရောက်လာပြီး ဆုရှင်းက ချက်ချင်းပြောလိုက်သည်။ "မိုးပြာဝါးဂိုဏ်းကို ငါတို့လုံးဝနီးပါးဝါးမြိုပြီးသွားပြီ။ ငါတို့ တကယ်လှုပ်ရှားရမယ့် အချိန်ရောက်ပြီ။ မိုးပြာဝါးဂိုဏ်းကို အပြည့်အဝတိုက်ခိုက်ဖို့ စစ်ရေးခန်းမကို သွားပြီး အကြောင်းကြားလိုက်။"

လီဟွိုင်၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ တောက်ပလာခဲ့၏။ သူတိုက်ပွဲဝင်ပြီး လူသတ်ရန် စစ်မြေပြင်သို့ မသွားခဲ့ရသည်မှာ အချိန်အတော်ကြာလေပြီ။

သူ ဟောက်ထျန်းအစောပိုင်းအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် မိစ္ဆာနှိမ်နှင်းရေးဓားသိုင်းကလည်း အများကြီးတိုးတက်လာခဲ့သော်လည်း သူဘယ်သူ့ကိုမှ တကယ်မတိုက်ခိုက်ရသေးသဖြင့် ဤကာလအတွင်း သူ့ကို အတော်လေးစိတ်ပျက်စေခဲ့၏။

မိုးပြာဝါးဂိုဏ်းနှင့် တိုက်ပွဲအပြည့်အဝဆင်နွှဲရန် ပြင်ဆင်နေကြပြီဖြစ်သဖြင့် လှုပ်ရှားရန် အခွင့်အရေး အများအပြား ရှိလာပေလိမ့်မည်။

အမိန့်ပေးပြီးနောက် လင်းယုန်ပျံဂိုဏ်းဝင် အားလုံး နှင့် စစ်ရေးခန်းမ၏တပည့်များကို နာရီဝက်အတွင်းစုရုံးစေနိုင်ခဲ့၏။ ၎င်းမှာ ဗဟိုချုပ်ကိုင်မှု၏ အားသာချက်ပင်။

အကယ်၍ ယခင်ကဲ့သို့ ဂိုဏ်းဝင်အများစုကို ခေါင်းဆောင်ကြီးများက ထိန်းချုပ်ထားဆဲဖြစ်ပါက၊ ဂိုဏ်းမှ အမိန့်များကို ခေါင်းဆောင်ကြီးများထံ ဦးစွာပေးပို့ရပါလိမ့်မည်။

ထို့နောက် ဤခေါင်းဆောင်ကြီးများက သူတို့ မည်သို့တိုက်ခိုက်သင့်ကြောင်း။ နောက်တန်းမှနေ၍ ထိန်းထားသင့်သည်လော သို့မဟုတ် တိုက်ပွဲဝင်သင့်သည်လောဆိုသည်ကို စတင်စဉ်းစားကြမည်။ သူတို့အားလုံးစဉ်းစားပြီးချိန်တွင် တစ်ရက်လုံးနီးပါး ကုန်ဆုံးသွားလောက်လေပြီ။

ဂိုဏ်းစစ်ပွဲများတွင် စည်းမျဉ်းများသိပ်မရှိပေ။ လူတိုင်းစုရုံးပြီး မှောင်သွားသည်နှင့် လင်းယုန်ပျံဂိုဏ်း၏အဖွဲ့ဝင် အားလုံးချက်ချင်းထွက်ခွာသွားပြီး မိုးပြာဝါးဂိုဏ်း၏နယ်မြေကို ရူးသွပ်စွာ တိုက်ခိုက်ကြတော့သည်။

လင်းယုန်ပျံဂိုဏ်းက ၎င်းတို့၏နယ်မြေကို တဖြည်းဖြည်းကျူးကျော်ဝင်ရောက်သည့် နည်းဗျူဟာကို အသုံးပြုခဲ့သောကြောင့် မိုးပြာဝါးဂိုဏ်းက မကြာသေးမီက အလွန်သတိထားနေခဲ့ကြ၏။ လင်းယုန်ပျံဂိုဏ်းက အလုံးအရင်းနှင့် ဝင်ရောက်ကျူးကျော်သည့် အခိုက်အတန့်တွင် လှုပ်ရှားမှုကို သူတို့သတိပြုမိပြီး သူတို့၏ဒုဂိုဏ်းချုပ် နှစ်ဦးထံချက်ချင်း သတင်းပို့ခဲ့ကြသည်။

လက်ရှိအချိန်မှာတော့ မိုးပြာဝါးဂိုဏ်း၏ဒုဂိုဏ်းချုပ်နှစ်ဦးဖြစ်သော မာချင်းယွမ် နှင့် ချန်ဟုန်တို့မှာ အလွန် စိုးရိမ်နေသဖြင့် သူတို့၏ဆံပင်များပင် ကျွတ်ထွက်တော့မည့်အလားခံစားနေရ၏။

ယနေ့ကို သူတို့ကြိုတင်မျှော်လင့်ထားပြီဖြစ်သော်လည်း သူတို့ဘာမှမလုပ်နိုင်ခဲ့ပေ။

ခွန်အားကွာခြားချက်က သိသာထင်ရှားနေ၏။ သူတို့မည်မျှပင် ကြံစည်ပါစေအသူံမဝင်ပေ။

ထိုအချိန်တွင် အစည်းအဝေးခန်းမ၌ ဒုဂိုဏ်းချုပ် နှစ်ဦးအပြင် မိုးပြာဝါးဂိုဏ်း၏အမည်ခံ ဂိုဏ်းချုပ် ဝေ့ဖုန်းလည်း ရှိနေ၏။

သူဘေးဖယ်ခံရပြီးနောက် သူက ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ အခြေခံအားဖြင့်ဆက်ဆံခံခဲ့ရပြီး မည်သည့် အာဏာမျှမရှိတော့ပေ။

ဂိုဏ်းအစည်းအဝေးများတွင် သူအစည်းအဝေးခန်းမ၌ထိုင်နေစဉ်ပင် မည်သူကမျှ သူ့ကိုဒုတိယအကြိမ် မကြည့်ကြပေ။ သူတို့က သူ့ကိုအရေးမပါသူ တစ်ဦးကဲ့သို့ ဆက်ဆံခဲ့ကြ၏။

ဤသည်က ဝေ့ဖုန်းကို နက်ရှိုင်းသောနာကြည်းမှုများဖြင့် ပြည့်နှက်သွားစေခဲ့သော်လည်း သူ ဘာမှ လုပ်၍ မရခဲ့ချေ။

လင်းယုန်ပျံဂိုဏ်းထံမှ သတင်းကိုကြားပြီး မာချင်းယွမ် နှင့် ချန်ဟုန်တို့၏စိုးရိမ်နေသော မျက်နှာများကို မြင်သောအခါ သူအလွန်ဝမ်းသာသွားခဲ့၏။

"ဟားဟားဟား။ နောက်ဆုံးတော့ မင်းတို့နဲ့ ထိုက်တန်တဲ့ ပြိုင်ဘက်နဲ့ တွေ့ပြီပဲ။ ဟမ့် မင်းတို့က အကြံအစည်လုပ်ပြီး ငါ့ဆီကနေ မိုးပြာဝါးဂိုဏ်းကို လုယူသွားတော့ရော ဘာဖြစ်လဲ။ နောက်ဆုံးတော့ အားလုံးက အလကားဖြစ်သွားတာပဲ။" ဝေ့ဖုန်းက ရက်စက်စွာ လှောင်ပြောင်လိုက်သည်။

ချန်ဟုန်က နှာခေါင်းရှုံ့လိုက်၏။ "မင်း အရူးလား။ ဘယ်လိုလုပ်ဒီလောက်ပျော်ပျော်ရွှင်ရွှင်ရယ်နေနိုင်သေးတာလဲ။"

"အများဆုံး ငါတို့ မင်းကိုဘေးဖယ်ထားနိုင်ရုံပဲ ရှိမယ်။ ဒါပေမဲ့လင်းယုန်ပျံဂိုဏ်းက မိုးပြာဝါးဂိုဏ်းကို လုံးဝဖျက်ဆီးပစ်လိုက်ရင် မင်းက အမည်ခံ ဂိုဏ်းချုပ် တစ်ယောက်အနေနဲ့ အန္တရာယ်ကင်းကင်းလွတ်မြောက်နိုင်မယ်လို့ ထင်နေတာလား။"

ဝေ့ဖုန်း၏မျက်နှာမှာ တရုတ်မသာကဲ့သို့ ဖြူလျော့သွားတော့သည်။

သူဘေးဖယ်ခံထားရလျှင်ပင်။ အနည်းဆုံးတော့ အသက်ရှင်နေသေးပြီး အသားငါးတွေ အလုံအလောက်စားသောက်နေရသေး၏။

ဆုရှင်းသာ လင်းယုန်ပျံဂိုဏ်းကို တကယ် ကျူးကျော်နိုင်လိုက်ပါက သူအသက်ပါ ဆုံးရှုံးသွားနိုင်သည်။

"ဒါဆို မင်းတို့ဘာစောင့်နေတာလဲ။ မြန်မြန်လူတွေလွှတ်ပြီး ခုခံလိုက်လေ။" ဝေ့ဖုန်း အော်ပြောလိုက်သည်။

မာချင်းယွမ် နှင့် ချန်ဟုန်တို့က ဤအရူးကို လျစ်လျူရှုလိုက်ကြ၏။ ချန်ဟုန်နောက်ဆုံးတွင် စကားမပြောမီ သူတို့အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ကြသည်။

"တစ်လှမ်းချင်းစီ သွားကြရအောင်။ ငါတို့ လူတချို့ကို လွှတ်ပြီး သူတို့ကိုခဏလောက်ထိန်းထားခိုင်းမယ်။ လင်းယုန်ပျံဂိုဏ်းက အသေအပျောက်များလာရင်နောက်ဆုတ်ရမလားဆိုတာ ကြည့်ကြတာပေါ့။"

ကံမကောင်းစွာဖြင့် သူတို့၏အစီအစဉ်များမှာ ကျရှုံးရန် ဖန်တီးခံထားရပြီးဖြစ်၏။

ညအမှောင်ကိုအကာအကွယ်ယူကာ ဆုရှင်းက ယုံလဲ့ရပ်ကွက်မှ တိုက်ခိုက်ရန် သူ၏လူများကို ဦးဆောင်ခဲ့ပြီး လီဟွိုင်၊ လီချင်း နှင့် လျိုရှန်းမင် တို့က အခြားအရပ်မျက်နှာများမှ ဝင်ရောက် တိုက်ခိုက်ခဲ့ကြသည်။

စစ်ရေးခန်းမ၏ အဖွဲ့ဝင် ၁၀,၀၀၀ နီးပါးက မိုးပြာဝါးဂိုဏ်းကိုတိုက်ခိုက်ခဲ့ရာ ၎င်းက မိုးပြာဝါးဂိုဏ်းဝင်များကို လုံးဝ ထိတ်လန့်သွားစေခဲ့၏။

သူတို့က အသက်မွေးဝမ်းကျောင်း ပြုရန်သာ ဂိုဏ်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး အသေအကြေ တိုက်ခိုက်ရန် မဟုတ်ပေ။ ဤအခြေအနေတွင် တိုက်ခိုက်ခြင်းက ဘာအဓိပ္ပာယ်ရှိမည်နည်း။

အသက်ရှင်သန်ရေးကသာ ဦးစားပေးဖြစ်သည်။

ထို့ကြောင့် ဆုရှင်းက ယုံလဲ့ရပ်ကွက်သို့ သူ၏လူများကို ဦးဆောင်ဝင်ရောက်သည်နှင့် မိုးပြာဝါးဂိုဏ်းဝင်များက ပထမဆုံးထိပ်တိုက်တွေ့မှုမှာပင် ပြိုလဲသွားကြပြီး မည်သည့် ခုခံမှုမျှ မပြသခဲ့ကြချေ။

မိုးပြာဝါးဂိုဏ်း၏ခေါင်းဆောင် တစ်ဦးတည်းသာ အနည်းငယ်အရည်အချင်းရှိပြီး သူ၏လူ ၃၀၀ ကျော်ကို ဦးဆောင်ကာ ပင်မလမ်းမကြီးတွင် ရန်သူကိုထိန်းထားကာ ဂိုဏ်းမှစစ်ကူများ ရောက်လာရန် စောင့်ဆိုင်းနေခဲ့၏။

"ညီအစ်ကိုတို့ သူတို့ကို ထိန်းထား။ ငါ ဂိုဏ်းကနေ စစ်ကူတောင်းဖို့လူလွှတ်လိုက်ပြီ သူတို့ မကြာခင် ရောက်လာတော့မယ်။"

မိုးပြာဝါးဂိုဏ်း၏ခေါင်းဆောင်က ကြီးမားသော ဓားလှံတစ်မျိုးကို အလွန်ကျွမ်းကျင်စွာနှင့် ဟန်ကျကျကိုင်ဆောင်ထားခဲ့၏။

ရှေ့သို့ပြေးဝင်လာသော စစ်ရေးခန်းမ၏မည်သည့်တပည့်မဆို ရိုက်ချက် တစ်ချက်တည်းဖြင့် အပိုင်းပိုင်းခုတ်ပိုင်းခံရ၏။ အရိုးများ ကျိုးသွားခြင်း သို့မဟုတ် နှစ်ပိုင်းပြတ်တောက်သွားခြင်းပင် ခံလိုက်ရသည်။

မြင်ကွင်းမှာ အလွန်ကြောက်မက်ဖွယ်ကောင်းနေပြီး ခဏတာမည်သူကမျှ ရှေ့သို့မတက်ရဲကြချေ။

သူတစ်ယောက်တည်းက လူတစ်ရာကျော်၏ တိုက်ခိုက်မှုကို ထိန်းထားနိုင်ခဲ့၏။

ဆုရှင်းအေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး မိုးပြာဝါးဂိုဏ်းခေါင်းဆောင်ထံသို့ လျင်မြန်စွာ လျှောက်သွားလိုက်သည်။

ညမှောင်နေသလို ဆုရှင်းကလည်း လင်းယုန်ပျံဂိုဏ်း၏အမည်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် ဆုရှင်းမှာ သာမန်ဂိုဏ်းဝင်တစ်ဦးသာ ဖြစ်သည်ဟု ၎င်းထင်မှတ်သွားခဲ့၏။

ထို့ကြောင့် ခေါင်းဆောင်က သူ၏ဓားလှံရှည်ကို ဝှေ့ယမ်းကာရှေ့သို့ ပြေးဝင်လာပြီး လှောင်ပြောင်လိုက်သည်။ "လင်းယုန်ပျံဂိုဏ်းက ကလေးတွေ။ မင်းတို့ တကယ်ပဲသတ္တိရှိတာပဲ။ အရမ်းကောင်းတယ် ဒီနေ့မင်းတို့ကို သေမင်းဆီပို့ပေးမယ်။"

သို့သော် နောက်တစ်ခဏတွင် သူ၏အပြုံး ပျောက်ကွယ်သွားခဲ့သည်။

ဆုရှင်းက ဓားလှံရှည်၏အသွားကို လက်သီးဖြင့် စောင်းကာထိုးလိုက်သည်။ ဝင်ရောက်လာသောအင်အားက အလွန်ကြီးမားလွန်းရာ သူ၏လက်များကိုထုံကျင်သွားစေပြီး သူ၏လက်မ နှင့် လက်ညိုးကြားကိုအက်ကွဲသွားစေကာ ဓားလှံရှည်ကို လက်ထဲမှ ချက်ချင်းလွင့်ထွက်သွားစေတော့သည်။

ထိုရင်းနှီးနေသော တိုက်ခိုက်မှုဟန်ပန်။ အမုန်းတရားများပြည့်နှက်နေသော ထိုလက်သီးချက် အရာအားလုံးက သူ့အတွက် အလွန်ရင်းနှီးနေသလိုပင်။ သူတစ်ခုခုကိုသတိရသွားသည့်အလား မိုးပြာဝါးဂိုဏ်းခေါင်းဆောင်က ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ "အမုန်းတရားလက်သီး။ မင်းက ဆုရှင်းပဲ။"

All Chapters