← Chapters

အခန်း ၇၆

Vol. 8 Ch. 76

အခန်း ၇၆

Vol. 8 Ch. 76

အခန်း (၇၆) လော့ကျန်း အညံ့ခံခြင်း

ဆုရှင်းက ချန်နင်စီရင်စုတွင် အတော်လေး နာမည်ကြီးသည်။ သူ့ကိုနာမည်ကြီးစေခဲ့သည့် ပထမဆုံးတိုက်ပွဲမှာ သူရဲကောင်းသုံးဖော်အသင်းမှ လီကျုံးဟယ်ကို သေခြင်းရှင်ခြင်းစင်မြင့်ပေါ်တွင် သတ်ဖြတ်ခဲ့ခြင်းပင်။

ဂိုဏ်းသုံးဂိုဏ်းနှင့် အဖွဲ့လေးဖွဲ့မှ လူများစွာက ထိုတိုက်ပွဲကို လာရောက်ကြည့်ရှုခဲ့ကြပြီး တိုက်ဆိုင်စွာပင် ထိုလူများထဲတွင် မိုးပြာဝါးဂိုဏ်း၏

ဤခေါင်းဆောင်လည်း ပါဝင်နေခဲ့၏။

အမုန်းတရားများပြည့်နှက်နေသော ထိုရက်စက်သည့် လက်သီးချက်က သူ့အပေါ်နက်ရှိုင်းသော အထင်အမြင်ကို ချန်ထားခဲ့သည်။ သို့သော် တစ်နေ့တွင် သူကိုယ်တိုင်ဤလက်သီးချက်နှင့် ရင်ဆိုင်ရလိမ့်မည်ဟု သူဘယ်သောအခါမျှ မမျှော်လင့်ထားခဲ့ချေ။

ဟောက်ထျန်းအလယ်အလတ်အဆင့် လီကျုံးဟယ်ပင် ၎င်းကိုမတားဆီးနိုင်ခဲ့ပေ။ ထို့အတူ သူကလည်း ဟောက်ထျန်းအစောပိုင်းအဆင့်သို့ပင် မရောက်သေးရာ သူ့အတွက်ပို၍ပင်ဖြစ်နိုင်တော့မည်လော။

ထို့ကြောင့် မိုးပြာဝါးဂိုဏ်းခေါင်းဆောင်က သူ၏ရွေးချယ်မှုကို ချက်ချင်းပြုလုပ်လိုက်၏။

ပြေး

မိုးပြာဝါးဂိုဏ်းကို မေ့လိုက်ပါ။ စစ်ကူများကိုလည်း မေ့လိုက်ပါ။ ယခုအချိန်မှာ အသက်ရှင်ဖို့သာအဓိကပင်။

သို့သော် ဆုရှင်းက သူ့ကိုအခွင့်အရေးပေးမည်မဟုတ်သည်မှာ ရှင်းလင်းနေ၏။ မိုးပြာဝါးဂိုဏ်း ခေါင်းဆောင်လှည့်လိုက်သည့် အခိုက်အတန့်တွင် ဆုရှင်းက သူ၏နောက်ကျောကို လက်ဝါးဖြင့် ရိုက်လိုက်လေပြီ။

မုန်းတီးခြင်းလက်ဝါး။ နက်ရှိုင်းသောအမုန်းတရား။

စွမ်းအားကြီးမားသော လက်ဝါးရိုက်ချက်က သွေးကြောများအားလုံးနှင့် အတွင်းကလီစာများကို မျက်စိတစ်မှိတ်အတွင်းကြေမွသွားစေပြီး နေရာမှာတင် သေဆုံးသွားစေခဲ့သည်။

သူတို့၏ခေါင်းဆောင် တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်ကို မြင်သောအခါကျန်ရှိနေသော မိုးပြာဝါးဂိုဏ်းဝင်များပြိုကွဲသွားပြီး အရပ်မျက်နှာ အသီးသီးသို့ လူစုခွဲကာ ထွက်ပြေးသွားကြတော့သည်။

ရယ်စရာကောင်းသည်မှာ သူတို့ထွက်ပြေးနေစဉ်မှာပင် မိုးပြာဝါးဂိုဏ်းမှ စစ်ကူများရောက်ရှိလာခဲ့၏။ ထိုသူမှာလည်း ဆုရှင်းနှင့် မစိမ်းသက်‌သော လူ

တစ်ဦးက ဦးဆောင်လာခဲ့သည်။ မိုးပြာဝါးဂိုဏ်းဂိုဏ်း၏ခေါင်းဆောင်ကြီးဖြစ်သော လော့ကျန်းပင်

ဆုရှင်းက ခေါင်းဆောင်ကြီးလော့ကျန်း အပေါ် နက်ရှိုင်းသော အထင်အမြင်ရှိခဲ့သည်။ မိုးပြာဝါးဂိုဏ်းတစ်ခုလုံးတွင် သူ၏မျက်စိကို ဖမ်းစားနိုင်သောတစ်ဦးတည်းသော သူမှာလော့ကျန်းသာ ဖြစ်ပြီး ကျန်သူများမှာအသုံးမကျသောသူများသာ ဖြစ်သည်ဟု ဆိုနိုင်၏။

"ခေါင်းဆောင်လော့ ကျွန်တော်တို့ရဲ့ဒုတိယအကြိမ်တွေ့ဆုံမှုက ဂိုဏ်းစစ်ပွဲအတွင်းမှာဖြစ်မယ်လို့ ကျွန်တော်မမျှော်လင့်ထားခဲ့ဘူး။ တိုက်ဆိုင်လိုက်တာ ခင်ဗျားရဲ့ခွန်အားတွေ အများကြီးတိုးတက်လာတဲ့အတွက် ဂုဏ်ယူပါတယ်။" ဆုရှင်း ပြုံးကာ လက်ယှက်ကာ နှုတ်ဆက်လိုက်၏။

ပြီးခဲ့သည့်အကြိမ်က ဆုရှင်း လော့ကျန်းနှင့် တိုက်ခိုက်ခဲ့စဉ် ၎င်းက ဟောက်ထျန်းအစောပိုင်းအဆင့်တွင် ရှိနေပြီး ဟောက်ထျန်း အလယ်အလတ်အဆင့်သို့ နီးကပ်နေပြီဖြစ်၏။

လအနည်းငယ်သာကုန်လွန်သွားသေးသော်လည်း လော့ကျန်းမှာ ဟောက်ထျန်းအလယ်အလတ်အဆင့်သို့ လုံးဝ ရောက်ရှိသွားလေပြီ။

ဤလူတွင် ကောင်းမွန်သောသိုင်းပညာပါရမီနှင့် ဇွဲလုံ့လရှိပေ၏။ အကယ်၍ သူ သိုင်းပညာသင်ယူရန် အနည်းငယ်နောက်ကျမနေခဲ့ပါက သူ၏အောင်မြင်မှုများမှာ ယခုထက်များစွာ ပိုမို မြင့်မားနေမည်မှာ သေချာပါသည်။

ဆုရှင်း၏စကားကို ကြားသောအခါ လော့ကျန်းမနေနိုင်ဘဲ ခါးသီးစွာပြုံးလိုက်၏။ "ဂိုဏ်းချုပ်ဆု တခြားလူတွေ အဲဒီလိုပြောတာက ကိစ္စမရှိပေမဲ့ ကျုပ်လော့ကျန်းကတော့ အဲဒါကိုလက်ခံဖို့ မဝံ့ရဲပါဘူး။ ခွန်အားအများကြီး တိုးတက်လာတဲ့သူက ဂိုဏ်းချုပ်ဆုဖြစ်သင့်ပါတယ်။"

ပြီးခဲ့သည့် အကြိမ် သူဆုရှင်းနှင့် တိုက်ခိုက်ခဲ့စဉ်က ဆုရှင်းက သူ့ထက်အားနည်းပြီး လင်းယုန်ပျံဂိုဏ်း၏အမည်မသိ အဖွဲ့ဝင်တစ်ဦးသာဖြစ်သည်။

သူတို့ပြန်တွေ့သောအခါ သူကအနည်းငယ်သာ တိုးတက်လာသော်လည်း တစ်ဖက်လူမှာတော့ ဂိုဏ်းတစ်ခု၏ခေါင်းဆောင်ဖြစ်နေပြီဖြစ်ပြီး ချန်နင်စီရင်စုတွင် အစွမ်းထက်ဆုံးလူများထဲမှ တစ်ဦး ဖြစ်နေလေပြီ။ ထို့အပြင် ယခု ဆုရှင်း၏ခွန်အားကို သူကိုယ်တိုင်ပင်မခန့်မှန်းနိုင်တော့ပေ။

ဆုရှင်း ရယ်မောလိုက်ပြီး တိုက်ရိုက်ပြောလိုက်၏။ "ခေါင်းဆောင်ကြီးလော့။ မိုးပြာဝါးဂိုဏ်းမှာ ကျွန်တော်လေးစားတဲ့ သူဆိုလို့ ခင်ဗျားတစ်ယောက်တည်းရှိတယ်။ ခင်ဗျား ကျွန်တော့်ရဲ့လင်းယုန်ပျံဂိုဏ်းကို ဝင်သရွေ့။ စစ်ရေးခန်းမရဲ့ ဒုခန်းမသခင်ရာထူးက ခင်ဗျားအတွက်ပဲ။"

ရိုးရိုးသားသားပြောရလျှင် ဆုရှင်း၏ကတိစကားကြောင့် လော့ကျန်းတကယ်ကို သွေးဆောင်ခံလိုက်ရ၏။

လင်းယုန်ပျံဂိုဏ်းမှ အကောင်အထည်ဖော်ခဲ့သော ပြုပြင်ပြောင်းလဲမှုများကို သူတို့အားလုံးမြင်တွေ့ခဲ့ရပြီးဖြစ်သည်။ ယခင် စနစ်မှာ အခြေခံအားဖြင့် ခေတ်နောက်ကျသွားလေပြီ။

အခြားခေါင်းဆောင်ကြီးများမှာ ယခုအခါ အထောက်အကူပြုဝန်ထမ်းများ သက်သက်သာ ဖြစ်ပြီး အာဏာရှိသောသူများအားလုံးကတော့ စစ်ရေးခန်းမတွင်သာ ရှိကြ၏။

ယခု စစ်ရေးခန်းမမှ ခေါင်းဆောင်ငယ်တစ်ဦးက နယ်မြေများကိုစီမံခန့်ခွဲသော ခေါင်းဆောင်ကြီး များနှင့် နှိုင်းယှဉ်နိုင်သော ရာထူးတစ်ခုကို ရယူထားသည်ဟုဆိုနိုင်ပြီး ယခု လက်ရှိစစ်ရေးခန်းမ တွင် ဒုခန်းမသခင် တစ်ဦးတည်းသာရှိသည်။ ထို့အတူ လင်းဖူဟူမှာလည်း အမည်ခံသက်သက်သာဖြစ်၏။

ဧကရာဇ်အသစ်နှင့်အတူ ခုံရုံးအသစ်တစ်ခု ရောက်လာလေပြီ။ ဆုရှင်းက လင်းဖူဟူကို ဒုခန်းမသခင်အဖြစ်ခန့်အပ်ခြင်းမှာ လင်းယုန်ပျံဂိုဏ်း၏လူဟောင်းများအတွက် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှု တစ်ခုမျှသာဖြစ်၏။

လင်းဖူဟူ၏အာဏာမှာ စစ်ရေးခန်းမ၏အကြီးအကဲလီချင်းထက်ပင် ပိုနည်းနေသေးသည်။

ဆုရှင်းက လော့ကျန်းကို စစ်ရေးခန်းမ၏ ဒုခန်းမသခင်ဖြစ်လာစေရန် ကတိပေးခဲ့သည်။ သေချာသည်မှာ ဤဒုခန်းမသခင်က တစ်ဝက်နားနေပြီဖြစ်သော ဒုခန်းမသခင်လင်းဖူဟူနှင့် ကွာခြားပေလိမ့်မည်။

ဤသည်မှာ အစစ်အမှန်အာဏာကိုင်စွဲသူ တစ်ဦးဖြစ်ပြီး လင်းယုန်ပျံဂိုဏ်းရှိ သူ၏အာဏာမှာ ထိပ်တန်းငါးဦးစာရင်းတွင် ပါဝင်ရန်လုံလောက်ပေလိမ့်မည်။

လော့ကျန်း အချိန်အတော်ကြာစဉ်းစားပြီးနောက် နောက်ဆုံးတွင် ခါးသီးစွာပြုံးကာ ခေါင်းယမ်းလိုက်၏။ "ဂိုဏ်းချုပ်ဆုရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျုပ်မှာ မိုးပြာဝါးဂိုဏ်းအပေါ် ဘာခံစားချက်မှမရှိပါဘူး။ မင်းတို့ ဖျက်ဆီးပစ်ရင်လည်း ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ ဒုဂိုဏ်းချုပ် ချန်ဟုန်က ကျုပ်အပေါ်ကျေးဇူးရှိတယ်။"

"ဒီအခြေအနေမှာတော့ ရိုးရိုးသားသားပြောရရင် ဒီအတိုင်းကြီးထွက်သွားလို့မရဘူးလေ။"

လော့ကျန်း ဤသို့ပြောသည်ကို ကြားသောအခါ ဆုရှင်းဒေါသထွက်မသွားဘဲ သူ၏မျက်နှာပေါ်ရှိ လေးစားသောအမူအရာမှာ ပိုမိုနက်ရှိုင်းလာခဲ့၏။

အကယ်၍ လော့ကျန်းသာ ဆုရှင်း၏သွေးဆောင်မှုကြောင့် ချက်ချင်းအညံ့ခံလိုက်ပါက ဆုရှင်းက သူ့ကို ယုံကြည်မည်မဟုတ်ပေ။ သူ စစ်ရေးခန်းမ၏ဒုခန်းမသခင်ဖြစ်လာလျှင်ပင် သူ့ကိုအစစ်အမှန် အာဏာပေးမည် မဟုတ်ချေ။

အလွယ်တကူသစ္စာဖောက်တတ်သူကို မည်သူက ယုံကြည်ရဲမည်နည်း။ သူတို့ကိုအရေးကြီးသည့် ရာထူးတစ်ခု မည်သူကပေးရဲမည်နည်း။

သူယနေ့ မိုးပြာဝါးဂိုဏ်းကို သစ္စာဖောက်နိုင်လျှင် အနာဂတ်တွင်လည်း သူ့အား အလွယ်တကူသစ္စာဖောက်နိုင်သည်မဟုတ်လော။

ကံကောင်းထောက်မစွာဖြင့် လော့ကျန်း၏အဖြေက ဆုရှင်းကို စိတ်ပျက်မသွားစေခဲ့ပေ။

"ကောင်းပြီ ခေါင်းဆောင်လော့။ ကျွန်တော် ခင်ဗျားကို အခွင့်အရေးတစ်ခုပေးမယ်။ ခင်ဗျား ကျွန်တော့်ရဲ့သိုင်းကွက် သုံးကွက်ကို ခုခံနိုင်မယ်ဆိုရင် ကျွန်တော်ချက်ချင်းလှည့်ပြီး ထွက်သွားမယ်။"

"ဒါပေမဲ့ ခင်ဗျားက မတားဆီးနိုင်ရင်တော့။ ခင်ဗျားတကယ်ပဲ အစွမ်းကုန်ကြိုးစားခဲ့တယ်ဆိုတာသက်သေပြနေတာပဲ၊ ပြီးတော့ ချန်ဟုန်ကို ခင်ဗျားရဲ့အကြွေးဆပ်ပြီးပြီပေါ့။ ပြီးတော့ ခင်ဗျား မိုးပြာဝါးဂိုဏ်းအပေါ် အဆုံးထိမျက်ကန်းသစ္စာရှိနေစရာမလိုပါဘူး။"

"ခင်ဗျားပတ်ဝန်းကျင်မှာ ညီအစ်ကိုတွေ အများကြီးရှိတယ်ဆိုတာ မမေ့နဲ့နော်။ အကယ်၍ သူတို့က ကျွန်တော်ရဲ့လင်းယုန်ပျံဂိုဏ်းကို ဝင်ရင် သူတို့ အကုန်လုံး စစ်ရေးခန်းမကို ဝင်နိုင်ပြီး တောက်ပတဲ့ အနာဂတ် ရနိုင်တယ်။ အဲဒါက မိုးပြာဝါးဂိုဏ်းရဲ့ကံမကောင်းတဲ့အဖွဲ့ဝင်တွေ အဖြစ်ဘဝကို ကုန်ဆုံးရတာထက်အများကြီး ပိုကောင်းတယ်။"

ဆုရှင်း၏စကားများက လော့ကျန်း၏ နှလုံးသားကို ထိမိသွားစေခဲ့၏။

ချန်ဟုန်၏ကျေးဇူးကို ဆပ်ရန်အတွက် ဆုရှင်းကို သူ ဤနေရာတွင်တားဆီးနိုင်သော်လည်း သူ့တွင် ထောက်ပံ့ရမည့် ညီအစ်ကိုတစ်စုလည်း ရှိနေသေး၏။

ဆုရှင်းက လူများကိုအကဲဖြတ်ရာတွင် အလွန် တော်သည်။ လော့ကျန်းက ညီအစ်ကိုဆက်ဆံရေးကို အလွန်တန်ဖိုးထားပြီး သူ၏လူများနှင့် ပတ်သက်လာလျှင် သေချာပေါက်အလျှော့ပေးပါလိမ့်မည်။

မျှော်လင့်ထားသည့်အတိုင်း လော့ကျန်း အနည်းငယ်တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်၏။ "ကောင်းပြီ။ သိုင်းကွက်သုံးကွက်ပေါ့။"

သူသဘောတူလိုက်ရခြင်းမှာ ဆုရှင်းနှင့် ယှဉ်ပြိုင်လိုသောဆန္ဒရှိနေသောကြောင့်လည်းပါ၏။

ဆုရှင်းနှင့် ပြီးခဲ့သည့် တိုက်ပွဲတွင် သူ့တွင်အနိုင်ရရန် အခွင့်အရေးအမှန်တကယ်ရှိခဲ့သော်လည်း ကံမကောင်းစွာဖြင့် ဆုရှင်းကဲ့သို့ပြင်းထန်သော စိတ်ပိုင်းဖြတ်မှုမျိုးမရှိခဲ့သဖြင့် သူ ရှုံးနိမ့်ခဲ့ရသည်။

သူ၏လက်ရှိ ခွန်အားမှာ ဆုရှင်းထက် အဆင့်တစ်ဆင့် နိမ့်ကျနေ၏။ သူအနိုင်ရရန် အခွင့်အရေး မရှိသော်လည်း ဆုရှင်းထံမှ သိုင်းကွက်သုံးကွက်ကိုပင် ခံနိုင်ရည်မရှိဘူးဆိုတာကို သူ မယုံကြည်နိုင်သေးပေ။

ဆုရှင်းက သူ့ခါးရှိ ယိုဓားရှည်၏လက်ကိုင်ရိုးကို ဆုပ်ကိုင်လိုက်၏။

သူလျင်မြန်စွာလျှောက်သွားရင်း လက်ကိုင်ရိုးအတွင်းရှိ ဘောလုံးငယ်လေးမှာ အဆက်မပြတ်လည်ပတ်နေပြီး အလွန် ထူးခြားသောတုန်ခါနှုန်းကို ထုတ်လွှတ်နေသည်။

လော့ကျန်းကလည်း အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏လက်ထဲရှိ သံမဏိလှံရှည်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်၏။

သူ့တွင် ကြိုးစားရန်သုံးကွက်သာရှိသဖြင့် ဆုရှင်း၏စွမ်းရည်များကို စမ်းသပ်ရန် သူ၏အသန်မာဆုံး သိုင်းကွက်သုံးကွက်ကို အသုံးပြုရပါလိမ့်မည်။ သိုင်းပညာဆယ်နှစ်နီးပါးလေ့ကျင့်ပြီးနောက် ဆုရှင်းထံမှ သိုင်းကွက်သုံးကွက်ကိုပင် ခံနိုင်ရည်မရှိဘူးဆိုတာကို သူလက်မခံနိုင်ပေ။

လေးလံသော သံမဏိလှံရှည်က လော့ကျန်း၏လက်ထဲတွင် ကခုန်နေပြီး လှံသိုင်းကွက်များကို မျက်စိတစ်မှိတ်အတွင်း ထုတ်လုပ်လိုက်၏။

ဆုရှင်းထံမှ သိုင်းကွက်သုံးကွက်ကို ခံယူမည်ဟု သူ ပြောခဲ့သော်လည်း ရှုံးနိမ့်မှုထိုင်စောင့်နေရန်ရည်ရွယ်ချက်မရှိပေ။

ထို့အစား မတူညီသည့်နည်းလမ်းကို သုံးကာဦးစွာတိုက်ခိုက်ရန် သူစီစဉ်ခဲ့သည်။

"ပင်လယ်ထဲကထိုးထွက်လာတဲ့ နဂါး"

လော့ကျန်း ဟိန်းဟောက်လိုက်ပြီး သူ၏သံမဏိလှံရှည်ကို ထိုးသွင်းလိုက်ရာအရှိန်အဟုန်မှာ နဂါးတစ်ကောင်ကဲ့သို့ဖြစ်နေသော်လည်း ပတ်ပတ်လည်တွင် လှံသိုင်းကွက်များ၏အရိပ်များရှိနေသဖြင့် အစစ်အမှန်လှံ ဘယ်မှာရှိနေသနည်းဆိုတာကို ခွဲခြားသိမြင်ရန် မဖြစ်နိုင်ချေ။

ငုပ်လျှိုးနေသော အစစ်အမှန်နဂါးက ကျယ်ပြောလှသောပင်လယ်အောက်တွင် ပုန်းအောင်းနေကာ အန္တရာယ်ကျရောက်လာသောအခါမှသာ သမုဒ္ဒရာထဲမှထိုးထွက်လာခဲ့သည်။

"ဝှီး"

ဆုရှင်း၏ယိုဓားရှည်က တုန်ခါနှုန်းတစ်ခုထုတ်လွှတ်လိုက်ပြီး ၎င်း၏အေးစက်သော ဓားသွားမှာ ဓားအိမ်မှထွက်လာကာ ဖရိုဖရဲဖြစ်နေသော လှံသိုင်းကွက်များထဲသို့ တည့်တည့်ထိုးစိုက်သွားလေသည်။

ဓားသွားက သံမဏိလှံရှည်ကို တိတိကျကျထိမှန်သွားပြီး ထူးဆန်းသောကြိမ်နှုန်းတစ်ခုက အဆက်မပြတ်တုန်ခါနေ၏။

လော့ကျန်းက စွမ်းအားကြီးမားသောအင်အားတစ်ခု သူ့ကိုလာထိမှန်သည်ကို ခံစားလိုက်ရပြီး သူ၏လက်ထဲရှိ သံမဏိလှံရှည်မှာ လွင့်ထွက်သွားလုမတတ်ဖြစ်သွားခဲ့သည်။

သူလှံကို တင်းကျပ်စွာဆုပ်ကိုင်ထားသော်လည်း နောက်တစ်ခဏတွင် ခွက်ခနဲအသံနှင့်အတူ သံမဏိလှံရှည်မှာ အပိုင်းပိုင်းကွဲထွက်သွားပြီး ဆုရှင်း၏ ယိုဓားရှည်က သူ၏လည်ပင်းထံသို့ ရောက်ရှိနေလေပြီ။

ခဏတာအံ့အားသင့်ကာ တိတ်ဆိတ်သွားပြီးနောက် လော့ကျန်း ခါးသီးစွာပြုံးလိုက်သည်။ " ငါရှုံးသွားပြီ။"

ဆုရှင်း၏လက်နက်က သူ့လက်နက်ထက် ပိုကောင်းသောကြောင့် သူရှုံးနိမ့်ခဲ့ရသည်ဟု သူ မထင်ခဲ့ပေ။ ဆုရှင်းတွင် ထိုဓားမရှိလျှင်ပင် သူ ရှုံးနိမ့်မည်မှာ သေချာလေ၏။

လှံသိုင်းကွက်များစွာကြားတွင် ပုန်းအောင်းနေသော အစစ်အမှန်နဂါးကို ခွဲခြားသိမြင်နိုင်သဖြင့် ဆုရှင်း၏ဓားသိုင်းမှာ ယခင်ကထက် ပိုမိုမြန်ဆန်ပြီး တိကျလာခဲ့သည်။

"ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်။" လော့ကျန်းက သူ၏လက်ထဲရှိ ကျိုးနေသောလှံရိုးကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး လက်ယှက်ကာဒူးတစ်ဖက် ထောက်လိုက်၏။

ဆုရှင်းက သူ့ကိုအလျင်အမြန်ထူပေးလိုက်ရင်း လော့ကျန်းက သူအမြဲဦးဆောင်လေ့ရှိသော အနောက်ရှိလူရှစ်ရာကျော်ကို ဟိန်းဟောက်လိုက်သည်။ "မင်းတို့ခွေးကောင်တွေ ဘာကြည့်နေတာလဲ။ ဒီကိုလာပြီး ဂိုဏ်းချုပ်ကိုအရိုအသေပေးကြစမ်း။"

သူ၏ညီအစ်ကိုများက လော့ကျန်းကဲ့သို့ပင် မိုးပြာဝါးဂိုဏ်းကို ဂရုမစိုက်ကြချေ။ သူတို့က လော့ကျန်းကိုသာ သူတို့၏ခေါင်းဆောင်အဖြစ် ဂရုစိုက်ကြ၏။

ထို့ကြောင့် သူတို့ကသိပ်မစဉ်းစားဘဲ နာခံစွာဖြင့် လာရောက်ကာ ဂိုဏ်းချုပ်ဟုခေါ်ဆိုကြသည်။

ဆုရှင်း အပြင်ပန်းတွင် ပြုံးနေသော်လည်း စိတ်ထဲတွင် အဆက်မပြတ် စဉ်းစားနေခဲ့၏။

လော့ကျန်းက သူ၏လူများကို လင်းယုန်ပျံဂိုဏ်းသို့ ဝင်ရောက်ရန်ခေါ်လာခြင်းမှာ သေချာပေါက် ကောင်းသောအရာဖြစ်သည်။ သို့သော် သူ၏လူများမှာ အနည်းငယ်ထူးဆန်းနေ၏။

သူတို့က လော့ကျန်းကိုသာ သူတို့၏ခေါင်းဆောင်အဖြစ်အသိအမှတ်ပြုကြပြီး ဆုရှင်းကို ဂိုဏ်းချုပ်အဖြစ်ပင် အသိအမှတ်မပြုကြချေ။ ၎င်းမှာ ကောင်းသောအရာ မဟုတ်ပေ။

လော့ကျန်း မပုန်ကန်သရွေ့ သူတို့ပုန်ကန်မည် မဟုတ်သော်လည်း လူ ၈၀၀ ကျော်က အဖွဲ့ငယ် တစ်ခုဖွဲ့စည်းထားခြင်းက လင်းယုန်ပျံဂိုဏ်း၏လက်ရှိ အခြေအနေအပေါ် သေချာပေါက် သက်ရောက်မှုရှိပါလိမ့်မည်။

သို့သော် ဆုရှင်း မကြောက်ခဲ့ပေ။ ဤလူ ၈၀၀ ကျော်က စစ်ရေးခန်းမသို့ ဝင်ရောက်လာသရွေ့ သူတို့ မကြာမီပေါင်းစည်းသွားလိမ့်မည်ဟု သူ ယုံကြည်ပါသည်။

အကြောင်းပြချက်မှာ ငွေကြေးမှလွဲ၍ အခြားမရှိပေ။

လော့ကျန်းက သူတို့ကိုလွန်စွာကာကွယ်ပေးလွန်းပြီး သူတို့အားလုံးတန်းတူညီမျှ ဆက်ဆံခံရ၏။

လူတိုင်း၏အဆင့်အတန်းမှာ အတူတူပင်ဖြစ်သဖြင့် သူတို့က ညီအစ်ကိုများကဲ့သို့ သဟဇာတဖြစ်နိုင်ခြင်း ဖြစ်သည်။

စစ်ရေးခန်းမတွင် ခွန်အားနှင့် အရည်အချင်းကသာ အမြဲတစေအရေးအကြီးဆုံးဖြစ်သည်။

သင့်တွင် ခွန်အားနှင့် လုံလောက်သော တိုက်ပွဲ အောင်မြင်မှုများရှိပါက သင်ထိုက်တန်သော ငွေကြေးနှင့် အခွင့်အရေးများကို သင်ရရှိနိုင်မည်။

ခဏအကြာတွင် ဤလူ ၈၀၀ကျော်ထဲတွင် ရည်မှန်းချက်ကြီးပြီး ဆုကြေးများရရှိရန်ကြိုးစားလုပ်ဆောင်လာသူများ သေချာပေါက်ရှိလာမည်။

ထို့အတူ ရည်မှန်းချက်မရှိဘဲအသက်မွေးဝမ်းကျောင်းပြုရန်သာလိုချင်သူများလည်း ရှိလာပါလိမ့်မည်။

ဤနည်းအားဖြင့်အုပ်စု နှစ်ခုကွဲကွာသွားမည်ဖြစ်ပြီး ဤလူများမှာ ချက်ချင်းကွဲပြားသွားတော့မည် ဖြစ်သည်။

အဖွဲ့ငယ်လေးများရှိသေးလျှင်ပင် သူတို့ကသေးငယ်ပြီးအရေးမပါသော အဖွဲ့လေးများသာဖြစ်ပေလိမ့်မည်။

"ခေါင်းဆောင်လော့။ မဟုတ်ဘူး အခုခင်ဗျားကို ဒုခန်းမသခင်လော့လို့ ခေါ်သင့်တယ်။ လာမယ့် တိုက်ပွဲမှာ ခင်ဗျားပါဝင်ဖို့မသင့်တော်ပါဘူး။ ဂိုဏ်းကိုပြန်သွားပြီး ခင်ဗျားရဲ့လူတွေရဲ့နာမည်တွေကို မှတ်ပုံတင်ဖို့ ကျွန်တော်စီစဉ်ပေးပါ့မယ်။"

လော့ကျန်းက ဆုရှင်းကို ကျေးဇူးတင်စွာဖြင့် လက်ယှက်ကာ ပြောလိုက်၏။ "နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

သူက လွန်ခဲ့သောမိနစ်အနည်းငယ်က မိုးပြာဝါးဂိုဏ်း၏အဖွဲ့ဝင်တစ်ဦးဖြစ်ရာမှ ယခုလင်းယုန်ပျံဂိုဏ်းသို့ဝင်ရောက်လာသော်လည်း မိုးပြာဝါးဂိုဏ်းဝင်များကို တိုက်ခိုက်ရန်ချက်ချင်းလှည့်ကာ ဓားဆွဲထုတ်ရမည်ဆိုပါက သူ အနည်းငယ် အနေခက်ပြီး သက်သောင့်သက်သာမရှိဖြစ်နေလိမ့်မည်။

ဆုရှင်း၏လုပ်ရပ်က သူ့ကိုထွက်ပေါက်တစ်ခု ပေးလိုက်ခြင်း ဖြစ်သည်။

အရေးအကြီးဆုံးအရာက လော့ကျန်း ပါဝင်ခြင်းဖြစ်စေ။ မပါဝင်ခြင်းဖြစ်စေ ဤတိုက်ပွဲအတွက် အရေးမကြီးပေ။

လင်းယုန်ပျံဂိုဏ်းက အနိုင်ရဖို့သေချာသလောက် ရှိနေလေပြီ။

မိုးပြာဝါးဂိုဏ်းရှိ ခေါင်းဆောင်ကြီးအားလုံးထဲတွင် လော့ကျန်းတစ်ဦးတည်းသာ ဆုရှင်း၏အာရုံစိုက်မှုနှင့် ထိုက်တန်၏။

ကျန်သူများမှာ ကြက်များနှင့် ခွေးများမျှသာ ဖြစ်သည်။

ယခု လော့ကျန်းအညံ့ခံလိုက်ပြီဖြစ်ရာ ချန်ဟုန် နှင့် မာချင်းယွမ်တို့ကို ဆုရှင်းက အလေးအနက်မထားတော့ပေ။

အခြား ခေါင်းဆောင်ကြီးများနှင့် အဆင့်နိမ့် နောက်လိုက်များအတွက်မူ လီဟွိုင်နှင့် သူ၏လူများက အလွယ်တကူကိုင်တွယ်နိုင်ပါသည်။

မာချင်းယွမ် နှင့် ချန်ဟုန်းတို့သည် သူတို့၏ဂိုဏ်းကိုဦးဆောင်ကာ လင်းယုန်ပျံဂိုဏ်းနှင့် အသေအကြေတိုက်ခိုက်ရန်ဆုံးဖြတ်လျှင်ပင်၊ သူ၏သောင်းနှင့်ချီသော စစ်ရေးခန်းမအဖွဲ့ဝင်များက သူတို့ကိုချေမှုန်းရန်လုံလောက်သည်ထက် ပိုနေပြီး မိုးပြာဝါးဂိုဏ်း၏နယ်မြေမှာ လက်တစ်ကမ်းနေရာတွင် ရှိနေပြီဖြစ်၏။

All Chapters