အခန်း ၇၈
Vol. 8 Ch. 78
အခန်း (၇၈) ဟုန်မန်စားသောက်ပွဲ
ချန်ကျောက်က အသက်ခြောက်ဆယ်ကျော်ပြီ ဖြစ်သော်လည်း ရှန်းထျန်းသိုင်းပညာရှင် တစ်ဦးအနေဖြင့် သူ၏သွေးနှင့်ချီမှာ သန်မာဆဲဖြစ်ပြီး အသက်လေးဆယ်ခန့်ရှိ မန်ချန်ဟယ်နှင့် ရွယ်တူလောက်သာ ထင်ရ၏။
မန်ချန်ဟယ် လာရောက်လည်ပတ်ကြောင်း အစေခံများက အကြောင်းကြားသောအခါ သူအံ့အားသင့်သွားသည်။
သူက လွန်ခဲ့သောနှစ်များစွာက သူ၏အစ်ကိုကြီး ချန်ရစ်ခဲ့သော ကိုယ်ရံတော်အစောင့်အကြပ်လုပ်ငန်းကို လွှဲပြောင်းယူခဲ့ပြီး သူ၏တူတော်စပ်သူကို ထွက်ခွာသွားစေရန် အတင်းအကျပ်လုပ်ခဲ့၏။ ယခုအခါ သူတို့နှစ်ဦးမှာ အဆက်အသွယ်ပြတ်တောက်နေပြီ ဖြစ်သည်။
လွန်ခဲ့သော ဆယ်နှစ်ကျော်အတွင်း မန်ချန်ဟယ်က ချန်နင်စီရင်စုတွင် အေးချမ်းစွာနေထိုင်နေကြောင်း သူ သိထားသလို မန်ချန်ဟယ်၏ချန်နင်စီရင်စုရှိ လုပ်ရပ်များအကြောင်းကိုလည်း သဲ့သဲ့လေး ကြားသိခဲ့ရသော်လည်း သူ့ကိုဘယ်သောအခါမျှ အဆက်အသွယ်မလုပ်ခဲ့ချေ။
ယခု မန်ချန်ဟယ် ရုတ်တရက်လာရောက်လည်ပတ်သဖြင့် ချန်ကျောက်အနည်းငယ် စိုးရိမ်သွား၏။ သူ၏တူတော်စပ်သူက ရှန်းထျန်းအဆင့်သို့ ရောက်ရှိသွားပြီး သူနှင့် စာရင်းဟောင်းရှင်းရန် လာခဲ့ခြင်းများ ဖြစ်နေမည်လော။
မန်ချန်ဟယ်က သူ့ကို လေးစားစွာအရိုအသေပေးပြီး ဂျူနီယာသိုင်းဦးလေးဟု ခေါ်သည်ကို မြင်သောအခါ မန်ချန်ဟယ်၏ခွန်အားမှာ ဟောက်ထျန်း အထွတ်အထိပ်အဆင့်တွင်သာ ရှိသေးကြောင်း သူသတိပြုမိရင်း မန်ချန်ဟယ်သူ့ထံမှ တစ်ခုခု လိုချင်နေကြောင်း သူ သေချာသွား၏။
"ဟဲဟဲ။ ဆယ်နှစ်ကျော်တောင် ကြာသွားပြီပဲ။ဦးလေးက အရင်ကလိုပဲတက်ကြွနေတုန်းပါပဲလား။" မန်ချန်ဟယ် ရယ်မောလိုက်သည်။
ချန်ကျောက် သူ၏ကုလားထိုင်တွင် ပျင်းရိစွာထိုင်ကာ အစေခံတစ်ဦးလာချပေးသော ဂျင်ဆင်း လက်ဖက်ရည်ကိုကောက်ကိုင်ပြီး တစ်ငုံ သောက်လိုက်ကာ ပြောလိုက်၏။ "မင်းပြေသလို တက်ကြွနေတယ် ဆိုရင်တောင်။ ချန်ဟယ် မင်းရဲ့ချန်နင်စီရင်စုက ဂုဏ်သတင်းနဲ့တော့မယှဉ်နိုင်ပါဘူး။"
"မင်းက အခုချန်နင်စီရင်စုမှာ အကြီးဆုံးဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်နေပြီလို့ ငါ ကြားတယ်။ မင်းရဲ့ အမိန့်အောက်မှာ ညီအစ်ကိုသောင်းနဲ့ချီ ရှိတယ်ဆိုပဲ။ အဲဒါက တော်တော်အထင်ကြီးစရာပဲ။"
"ဟဲဟဲ ဦးလေးကလည်း ကျွန်တော့်ကိုမနောက်ပါနဲ့ဗျာ။ ဦးလေးအမြင်မှာ ကျွန်တော့်ဂိုဏ်းက ဘာများလဲ။ ရှန်းထျန်းသိုင်းပညာရှင်တစ်ယောက်တောင် မရှိတဲ့ ကလေးကစားစရာ သက်သက်ပါပဲ။" မန်ချန်ဟယ်က သူ့ကိုယ်သူ နှိမ့်ချကာ ပြောလိုက်၏။
ချန်ကျောက် သူ၏မုတ်ဆိတ်ကို ပွတ်သပ်ကာ ပြောသည်။ "ကောင်းပြီ မင်း ပြောချင်တာကိုသာ ပြောပါ။ မင်းက ဒီနေ့ ငါ့ကို အရင်က အကြောင်းတွေပြန်ပြောဖို့ သက်သက်လာရှာတာတော့မဟုတ်ဘူး မလား။"
"ကောင်းပါပြီ။ ဒါဆိုရင်လည်းလိုရင်းကိုပဲ တိုက်ရိုက် ပြောပါတော့မယ် ဦးလေး။ ကျွန်တော်က ဦးလေးရဲ့အကူအညီကို တောင်းဖို့လာခဲ့တာပါ။"
ထို့နောက် မန်ချန်ဟယ်ရ ချန်ကျောက်ကို ဖြစ်ပျက်ခဲ့သမျှ အားလုံးကိုပြောပြခဲ့သော်လည်း ချန်ဟုန် နှင့် မာချင်းယွမ်တို့က သူ့ကို ငွေနှစ်သန်း ပေးခဲ့သည်ဟူသော အချက်ကိုမူ ချန်လှပ်ထားခဲ့၏။
ဤသည်ကို ကြားပြီးနောက် ချန်ကျောက် မနေနိုင်ဘဲ ရယ်မောလိုက်သည်။ "ကျွတ် ကျွတ် ချန်ဟယ်။ ငါက မင်းကို စော်ကားတာတော့ မဟုတ်ပါဘူး၊ မင်းက အသက်လေးဆယ်ကျော်နေပြီ။ ချန်နင်စီရင်စုရဲ့ ဒေသခံ အာဏာရှင်တစ်ယောက်ဖြစ်နေပြီ။ ဒါပေမဲ့ အခု လူငယ်လေးတစ်ယောက်ကိုတောင်မနိုင်တော့ဘူး။ သူက မင်းရဲ့သားနဲ့ တပည့်ကိုတောင် သတ်သွားသေးတယ်။ မင်းက တကယ်ကို အသုံးမကျလွန်းတာပဲ။"
မန်ချန်ဟယ်က ချန်ကျောက်ကို စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး သူ၏အသားတစ်ဖဲ့ကို နေရာမှာတင် ဆွဲဖြဲပစ်ချင်စိတ် ပေါက်သွား၏။
သို့သော် အပြင်ပန်းတွင်မူ မန်ချန်ဟယ်သည် ပြုံးကာ ပြောနိုင်ရုံသာရှိသည်။ "အဲဒီလူငယ်က သာမန်လူ မဟုတ်ပါဘူး။ သူက အသက် နှစ်ဆယ်တောင် မပြည့်သေးဘဲ ဟောက်ထျန်းအထွတ်အထိပ်ကို ကျော်ဖြတ်နိုင်ခဲ့တယ်။ အဲဒီအဆင့်က ပိုပြီး ကျော်ကြားတဲ့ သိုင်းပညာရှင်တချို့တောင် မရောက်နိုင်တဲ့ အဆင့်ပါ။"
"ပြီးတော့ သူရဲကောင်းသုံးဖော်အသင်း အတွက် ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒါကြောင့် ဦးလေးကို အကူအညီတောင်းရုံကလွဲလို့ တခြား ရွေးချယ်စရာ မရှိတော့ပါဘူး။"
ချန်ကျောက် ချက်ချင်း ခေါင်းယမ်းလိုက်၏။ "ချန်ဟယ်။ ငါက မင်းရဲ့လူကြီး တစ်ယောက်ဆိုတော့ မင်းတစ်ခုခုဖြစ်ရင် ငါ ကူညီသင့်တာပေါ့။"
"ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ မင်းသိတဲ့အတိုင်း ငါက သိုင်းလောက ကနေ အနားယူသွားတာ ဆယ်နှစ်ကျော်ပြီ။ အခုငါ ဝင်ပါလိုက်ရင် စည်းမျဉ်းတွေကို ဖောက်ဖျက်သလို ဖြစ်သွားလိမ့်မယ်။"
"ငွေ ၅ သိန်း။" မန်ချန်ဟယ် ရုတ်တရက် အော်ပြောလိုက်၏။
"မင်း ဘာပြောလိုက်တယ်။" ချန်ကျောက် ၏ အမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။
မန်ချန်ဟယ် တည်ငြိမ်စွာပြောလိုက်၏။ "ဦးလေးရဲ့ ကြိုးစားအားထုတ်မှုအတွက် ဆုကြေးအနေနဲ့ ငွေ ၅ သိန်း ပေးမယ်လို့ပြောတာပါ။"
ငွေရမည်။ ထို့အပြင် ၅သိန်းရမည်ဟု ကြားသောအခါ ချန်ကျောက်ချက်ချင်း သွေးဆောင်ခံလိုက်ရ၏။
သူက အမှန်တကယ်ပင် ရှန်းထျန်းသိုင်းပညာရှင် တစ်ဦး ဖြစ်သော်လည်း သိုင်းလောကတွင် အေးချမ်းစွာအနားယူနေသည်မှာ ဆယ်နှစ်ကျော်ပြီ ဖြစ်သည်။ ထိုနှစ်များအတွင်း သူက ဇိမ်ကျကျ နေထိုင်ခဲ့ပြီး သူ၏ကိုယ်ရံတော်အစောင့်အကြပ်လုပ်ငန်းကို ရောင်းချ၍ရရှိသော ငွေများ အားလုံးနီးပါးကို သုံးစွဲပစ်ခဲ့ပြီဖြစ်၏။
ချန်ကျောက်က ငွေကြေး စီမံခန့်ခွဲရာတွင် မကျွမ်းကျင်ပေ။ သူက အမြဲတမ်းဝင်ငွေထက် ထွက်ငွေကပိုများခဲ့ပြီး မကြာသေးမီက သူ၏ဘဏ္ဍာရေး အခြေအနေမှာ ပိုမိုကြပ်တည်းလာခဲ့သည်။
မန်ချန်ဟယ်က ယခု ငွေ ၅ သိန်း ကမ်းလှမ်းလာရာ ၎င်းမှာ ဟောက်ထျန်းအထွတ်အထိပ်အဆင့်ရှိ လူငယ်တစ်ဦးကို ကိုင်တွယ်ရန်အတွက် တကယ်ကို တန်သော အရောင်းအဝယ်တစ်ခုဖြစ်သည်။
သို့သော် သူက ချက်ချင်းသဘောမတူလိုက်ဘဲ လေးနက်သောအသံဖြင့် ပြောလိုက်သည်။ "တစ်သန်းဆိုရင်။ ငါ မင်းနဲ့ လိုက်ခဲ့မယ်။"
မန်ချန်ဟယ် အခက်အခဲ ဖြစ်နေဟန် ဆောင်လိုက်၏။ "ဦးလေး ကျွန်တော်ငွေမသုံးချင်လို့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူရဲကောင်းသုံးဖော်အသင်း ရဲ့ ရန်ပုံငွေအများစုက အထွေထွေခန်းမမှာ ရှိနေပြီး ကျွန်တော့်ရဲ့ကိုယ်ပိုင်စုဆောင်းငွေက အကန့်အသတ်ရှိပါတယ်။ ကျွန်တော်က ၆ သိန်းပဲ တတ်နိုင်မှာပါ။"
ချန်ကျောက်က ထုံးစံအတိုင်းပင် သဘောမတူခဲ့ပေ။
အပေးအယူအနည်းငယ်လုပ်ပြီးနောက် သူတို့ နှစ်ဦးက ဈေးနှုန်း ၇ သိန်းဖြင့် သဘောတူလိုက်ကြ၏။
ဈေးဆစ်၍ ရသွားသကဲ့သို့ ဖြစ်နေသော ချန်ကျောက်၏အမူအရာကိုမြင်သောအခါ မန်ချန်ဟယ် စိတ်ထဲမှ တိတ်တဆိတ်လှောင်ပြောင်လိုက်သည်။
သူ၏သိုင်းဦးလေးက သူထင်ထားသည်ထက်ပင် ငွေပိုလိုအပ်နေပြီး ငွေ ၇ သိန်းဖြင့် အလွယ်တကူ ကျေနပ်သွားခဲ့၏။
"ဒါနဲ့ မင်း ဘာလုပ်ချင်တာလဲ။ အဲဒီကောင်လေးကို ဒီအတိုင်း ရှင်းပစ်လိုက်ရုံပဲလား။" ငွေလက်ခံရရှိပြီးနောက် ချန်ကျောက်၏ သဘောထားမှာ ပိုမို ယဉ်ကျေးလာခဲ့သည်။
မန်ချန်ဟယ် ခေါင်းယမ်းလိုက်ရာ သူ၏မျက်နှာမှာ နတ်ဆိုးဆန်နေ၏။ "မလောပါနဲ့။ မိုးပြာဝါးဂိုဏ်းကို သူတို့ရဲ့နယ်မြေကိုပြန်ရအောင် ကူညီပေးမယ်လို့ ကျွန်တော်ကတိပေးထားတယ်။ ပြီးတော့ သူ့ကို အဲဒီလောက် မြန်မြန်မသတ်ချင်သေးဘူး။"
"သူက လင်းယုန်ပျံဂိုဏ်းကိုချဲ့ထွင်ချင်နေတာ မဟုတ်လား။ ကောင်းပြီလေ ငါသူ့နယ်မြေ အားလုံးကို အရင်ယူမယ်။ သူမသေခင်မှာ စိတ်ပျက်အားငယ်မှုဆိုတာကို ခံစားသွားစေရမယ်။"
ချန်ကျောက် ရယ်မောကာ ပြောလိုက်၏။ "ရိုးရှင်းပါတယ်။ သူကနယ်မြေကို မပေးဘူးဆိုရင်။ သူ့ရဲ့ သိုင်းပညာတွေကို ငါအရင်ဖျက်ဆီးပစ်မယ်။ ပြီးရင် သူ့ဆီမှာရှိတဲ့ နယ်မြေအားလုံးကို မင်းယူလို့ ရပြီ။"
ချန်ကျောက်က သူ၏စွမ်းရည်များကို အလွန် ယုံကြည်မှု ရှိနေ၏။
ရှန်းထျန်း နှင့် ဟောက်ထျန်း စကားလုံးတစ်လုံးတည်းသာ မတူညီသော်လည်း ကမ္ဘာနှစ်ခုလုံး ကွာခြားပါသည်။ သူဆုရှင်းကို ဒုက္ခိတဖြစ်စေချင်ပါက မည်သူကမျှ သူ့ကိုတားဆီးနိုင်မည် မဟုတ်ပေ။
လက်ရှိအချိန်မှာတော့ ဆုရှင်းက အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်ရတော့မည်ကို မသိရှိခဲ့ပေ။
မိုးပြာဝါးဂိုဏ်းကို သိမ်းပိုက်ပြီးနောက် သူ၏အဖွဲ့ဝင် အများအပြားကိုချက်ချင်း ဆုချီးမြှင့်ခဲ့ရာ မိုးပြာဝါးဂိုဏ်းကို တိုက်ခိုက်သည့် တိုက်ပွဲတွင်ပါဝင်ခဲ့သော စစ်ရေးခန်းမအဖွဲ့ဝင် အားလုံးပါဝင်၏။
ပံ့ပိုးကူညီမှုအနည်းအများ မခွဲခြားဘဲ လူတိုင်းက သူတို့၏ဝေစုကို ရရှိခဲ့သည်။
ဆုကြေးများမှာ ငွေသောင်းနှင့်ချီရာမှ အနည်းဆုံး ငွေဆယ်ဂဏန်းအထိ ရှိရာ အခြားဂိုဏ်းဝင်များကို အလွန်မနာလိုဖြစ်သွားစေပြီး စစ်ရေးခန်းမသို့ ဝင်ရောက်ရန် ပို၍ပင်စိတ်အားထက်သန်လာစေခဲ့၏။
ထို့အပြင် ဆုရှင်းက မိုးပြာဝါးဂိုဏ်း၏တပည့်များကိုလည်း သိမ်းပိုက်ခဲ့သဖြင့် သူ၏အင်အားမှာ ချက်ချင်း ၂၀,၀၀၀ သို့ ရောက်ရှိသွားခဲ့သည်။
လူ ၁၅,၀၀၀မှာတော့ စစ်ရေးခန်းမ၏တပည့်များဖြစ်ကြသည်။
စကားပုံတစ်ခုရှိသကဲ့သို့ပင်။ 'ပထမအကြိမ် အားထုတ်မှုကကြီးမားလိမ့်မယ်။ ဒါပေမဲ့ ဒုတိယအကြိမ်က အားနည်းသွားပြီး တတိယအကြိမ်က ပင်ပန်းနွမ်းနယ်သွားလိမ့်မယ်။"
ဤအရှိန်အဟုန်ကိုအခွင့်ကောင်းယူကာ ဆုရှင်းက ကျန်းရန် ဂိုဏ်းကို တိုက်ခိုက်ရန်အကြောင်းပြချက် တစ်ခုကို အလွယ်တကူရှာဖွေခဲ့ပြီး တစ်ညတည်းနှင့် ကျန်းရန်ဂိုဏ်းက နယ်မြေတစ်ခုလုံးဆုံးရှုံးသွားခဲ့ရသည်။
ဤအချိန်မှာတော့ ကျန်းရန်ဂိုဏ်း အတွင်း၌ကျန်းပိုင်ဖေး နှင့် ဒုဂိုဏ်းချုပ်နှစ်ဦးတို့မှာ အစည်းအဝေးခန်းမ အတွင်း စိုးရိမ်သောမျက်နှာများဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေကြပြီး ဘာလုပ်ရမှန်း လုံးဝမသိတော့ချေ။
ဒုဂိုဏ်းချုပ် ယန်တုန်းအံကြိတ်ကာ ပြောလိုက်၏။ "ဆုရှင်းက သိုးရေခြုံထားတဲ့ဝံပုလွေတစ်ကောင်ဖြစ်ပြီး ငါတို့ရဲ့ကျန်းရန်ဂိုဏ်းကို စောစောဖြစ်ဖြစ် နောက်ကျဖြစ်ဖြစ် တိုက်ခိုက်လာလိမ့်မယ်လို့ ငါ အရင်ကတည်းက ပြောခဲ့တယ်။"
"ငါတို့က ကျန်းဟယ်ရဲ့ခေါင်းကို ဖြတ်ပြီးပို့လိုက်ရင်တောင် အဲဒါက အချိန်နည်းနည်းပဲရလိမ့်မယ်။ အခု မင်းတို့မြင်တဲ့အတိုင်းပဲ။ ငါတို့ရဲ့ကျန်းရန် ဂိုဏ်းက မိုးပြာဝါးဂိုဏ်းလိုမျိုး ကံကြမ္မာနဲ့ ကြုံတွေ့ရတော့မယ်။"
ကျန်းပိုင်ဖေး နှင့် ရှန်ကျုံးမင်တို့ တိတ်ဆိတ်နေကြ၏။ သူတို့က ကျန်းဟယ်၏ခေါင်းကို ဆုရှင်းထံ ပေးအပ်ရန်ဆုံးဖြတ်ခဲ့ပြီး သူ့ကို တိုက်ခိုက်ရန် အခွင့်အရေးမပေးခဲ့ပေ။
သို့သော် သူတို့ လွန်စွာရိုးအလွန်းခဲ့၏။
ဆုရှင်းက ကျန်းရန်ဂိုဏ်းကို တကယ်ဖျက်ဆီးချင်လျှင် သူအကြောင်းပြချက်လိုအုံးမည်လော။ သူ ဒီအတိုင်းစတိုက်ခိုက်၍ရပါသည်။
လင်းယုန်ပျံဂိုဏ်း၏တစ်ညတည်း တိုက်ခိုက်မှုမှာ ကြောက်မက်ဖွယ် ကောင်းလှ၏။ ကျန်းရန် ဂိုဏ်း က သူ၏နယ်မြေသုံးခုထဲမှ တစ်ခုကိုချက်ချင်း ဆုံးရှုံးသွားခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် ကျန်းရန်ဂိုဏ်းတွင် မိုးပြာဝါးဂိုဏ်းကဲ့သို့ အတွင်းပိုင်းပဋိပက္ခများမရှိခဲ့ဘဲ သူတို့က ခုခံရေးတပ်ဖွဲ့အချို့ကိုဖွဲ့စည်းနိုင်ခဲ့သဖြင့် ထိုညတွင်ရှင်သန်နိုင်ခဲ့ပြီး မိုးပြာဝါးဂိုဏ်းကဲ့သို့ တစ်ညတည်းဖြင့် ရှင်းလင်းခံရခြင်းမှ လွတ်ကင်းခဲ့၏။
ကျန်းပိုင်ဖေးက စားပွဲကို လက်သီးဖြင့် ထိုးကာ ပြောလိုက်သည်။ "အခု ဘာပြောပြောနောက်ကျသွားပြီ။ အရေးအကြီးဆုံးက လက်ရှိအခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာ စဉ်းစားဖို့ပဲ။"
"သူရဲကောင်းသုံးဖော်အသင်းကို သွားရှာပါ။ မန်ချန်ဟယ်က ဆုရှင်း သူ့သားကိုသတ်ခဲ့တဲ့အတွက် ရန်ငြိုးရှိတယ်၊ ဒါကြောင့် သူသေချာပေါက် ဒီအတိုင်း ရပ်ကြည့်နေမှာ မဟုတ်ဘူး။"
"ပြီးတော့ တခြားဂိုဏ်းတွေကိုလည်း လင်းယုန်ပျံဂိုဏ်းက အရမ်းကိုကြီးထွားလာနေတယ်။ ငါတို့ ကျန်းရန်ဂိုဏ်း ရှင်းလင်းခံရပြီးရင် နောက်တစ်လှည့် သူတို့ဖြစ်လာမယ်လို့ အကြောင်းကြားလိုက်။"
ယန်တုန်းက လှောင်ပြောင်လိုက်၏။ "ငါ ခုနက သူရဲကောင်းသုံးဖော်အသင်းကို လူလွှတ်လိုက်တယ်။ ဒါပေမဲ့ မန်ချန်ဟယ်က အဲဒီမှာမရှိဘူး။ တခြား အဖွဲ့ခေါင်းဆောင်နှစ်ယောက်က ဆုရှင်းနဲ့ ရန်ငြိုးမရှိဘူး။ ဒါကြောင့် သူတို့ကမပါဝင်ချင်ဘူး၊ ငါ့လူတွေကိုတောင် ကန်ထုတ်လိုက်သေးတယ်။"
ရှန်ကျုံးမင်လည်း ခါးသီးစွာ ပြုံးလိုက်သည်။ "တခြားဂိုဏ်းတွေကို ငါလွှတ်လိုက်တဲ့လူတွေလည်း အခြေအနေက အတူတူလောက်ပါပဲ။"
သူတို့၏အမြင်တွင် ဆုရှင်းက ခြိမ်းခြောက်မှု တစ်ခု လုံးဝ မဟုတ်ပေ။ သူက သူတို့၏ကျန်းရန် ဂိုဏ်းကို ဝါးမြိုသွားလျှင်ပင် သူ၏လူအင်အားမှာ သံမဏိဓားအဖွဲ့ နှင့် နတ်လေပြေအဖွဲ့ တို့နှင့်အတူတူလောက်သာရှိပြီး သူရဲကောင်းသုံးဖော်အသင်း နှင့် ယှဉ်လျှင် အများကြီးလိုနေသေး၏။
ချန်နင်စီရင်စုတွင် စီရင်စုတစ်ခုလုံးကို အုပ်ချုပ်နိုင်သော သူရဲကောင်းသုံးဖော်အသင်းကဲ့သို့ ဂိုဏ်းတစ်ခု ပေါ်ပေါက်မလာပါက သူတို့ကပူးပေါင်းမည် မဟုတ်သလို ဤကဲ့သို့သော အသေးအဖွဲကိစ္စများကိုလည်း ဝင်စွက်ဖက်မည်မဟုတ်ပေ။
သူတို့ဘာလုပ်ရမှန်း မသိဖြစ်နေချိန်မှာပင် ဂိုဏ်းဝင် တစ်ဦးက သူရဲကောင်းသုံးဖော်အသင်းမှ တစ်စုံတစ်ဦးက သူတို့ကိုနောက်တစ်နေ့တွင် ရှန်းလုံစားသောက်ဆိုင်၌တွေ့ဆုံရန် ဖိတ်စာတစ်စောင် ပေးပို့လိုက်ကြောင်း သတင်းပို့ရန်ဝင်လာခဲ့၏။
ကျန်းပိုင်ဖေး နှင့် အခြား နှစ်ဦးတို့ ဇဝေဇဝါဖြင့် အချင်းချင်းအကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူရဲကောင်းသုံးဖော်အသင်း၏ အတွင်းရေးများတွင် ဝင်ရောက်စွက်ဖက်ခြင်းခံနေရသည်လော။
အဘယ်ကြောင့် အခြေအနေများက ရုတ်တရက်ပြောင်းလဲသွားသနည်း။
မည်သို့ပင်ဖြစ်စေ။ သူရဲကောင်းသုံးဖော်အသင်း မှ လူတစ်ယောက်နှင့် တွေ့ခွင့်ရသရွေ့ ဤအရာက သတင်းကောင်းပင်။
လက်ရှိအချိန်မှာတော့ ချန်နင်စီရင်စုရှိ ဂိုဏ်းသုံးဂိုဏ်းနှင့် အဖွဲ့လေးဖွဲ့၏ခေါင်းဆောင်များအားလုံးက သူရဲကောင်းသုံးဖော်အသင်းထံမှ ဖိတ်စာ တစ်စောင်ကို လက်ခံရရှိခဲ့ကြပြီး ဆုရှင်းအပါအဝင် ဖြစ်သည်။
ဖိတ်စာကိုကိုင်ထားရင်း ဆုရှင်းဇဝေဇဝါဖြင့် မေးလိုက်၏။ "လူတိုင်းကို ရှန်းလုံစားသောက်ဆိုင်မှာ အစည်းအဝေးခေါ်ပြီး သူရဲကောင်းသုံးဖော်အသင်း က ဘာလုပ်ချင်နေတာလဲ။"
ဟွမ်ပင်းချန် တုံ့ဆိုင်းသွားပြီး ပြောလိုက်၏။ "ကျွန်တော် သိသလောက်တော့ သမိုင်းတစ်လျှောက် ချန်နင်စီရင်စုတစ်ခုလုံးက ဂိုဏ်းခေါင်းဆောင်တွေ အားလုံးစုဝေးပြီး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတဲ့ တစ်ခုတည်းသော အချိန်က သူရဲကောင်းသုံးဖော်အသင်းအာဏာရလာပြီး ချန်နင်စီရင်စုကို လွှမ်းမိုးချင်ခဲ့တဲ့အချိန်တုန်းကပဲ။ သူတို့က သူရဲကောင်းသုံးဖော်အသင်းကို ဆန့်ကျင်ဖို့ စည်းလုံးခဲ့ကြတာ။"
"ဒါပေမဲ့ ငါတို့မိုးပြာဝါးဂိုဏ်းကို သိမ်းပိုက်တာနဲ့ ကျန်းရန်ဂိုဏ်းကို ဆက်လက် တိုက်ခိုက်နေတာကလွဲရင် ချန်နင်စီရင်စုမှာ တခြားကြီးကြီးမားမား ဘာမှ မဖြစ်ခဲ့ပါဘူး။ သူတို့က ဒီတစ်ခါငါတို့ကို ပစ်မှတ်ထားနေတာများလား။"
ဆုရှင်းက ဖိတ်စာကို ဘေးသို့ ပစ်ချလိုက်ပြီး လုံးဝ ဂရုမစိုက်ခဲ့ပေ။ "အခု ဒါကို စဉ်းစားနေလည်း အသုံးမဝင်ပါဘူး။ မနက်ဖြန် အဲဒီရောက်ရင် သေချာ သိရမှာပါ။ အဆိုးဆုံးကတော့ လာသမျှ ပြဿနာကို ရင်ဆိုင်ရမှာပေါ့။"
နောက်တစ်နေ့ နံနက်တွင် ဆုရှင်းက လီဟွိုင်နှင့် ဟွမ်ပင်းချန်တို့ကို ခေါ်ဆောင်ကာ ချန်သယ်ရပ်ကွက်၏ဗဟိုတွင် တည်ရှိသော ရှန်းလုံစားသောက်ဆိုင်သို့ တိုက်ရိုက် ထွက်လာခဲ့၏။
ချန်နင်စီရင်စုပ တစ်ချိန်က တာ့ကျိူး၏မြို့တော် ဖြစ်ခဲ့သော်လည်း တာ့ကျိူးက ထိုအချိန်က သေးငယ်ပြီးယဉ်ကျေးမှုမဖွံ့ဖြိုးသေးသော နိုင်ငံလေး တစ်ခုသာဖြစ်ကာ ကြွားဝါစရာ အဆောက်အအုံများ မရှိခဲ့ချေ။
ကြည့်ရှုရန် တန်ဖိုးရှိသောတစ်ခုတည်းသော အရာမှာ ဤရှန်းလုံစားသောက်ဆိုင်ပင်။
ရှန်းလုံစားသောက်ဆိုင်တွင် အထပ်ခုနစ်ထပ်ရှိပြီး အထပ်တိုင်းတွင် ဝင်ရောက်ရန်သင့်တော်သော အဆင့်အတန်းရှိရမည်။
ယခင်က တာ့ကျိူး၏မင်းသားများနှင့် မှူးမတ်များသာ ရှန်းလုံစားသောက်ဆိုင်သို့ ဝင်ရောက်ခွင့်ရှိခဲ့သော်လည်း ယခုအခါ ရှန်းလုံစားသောက်ဆိုင်က ချန်နင်စီရင်စု၏အစစ်အမှန်ခေါင်းဆောင်များအတွက် နေရာတစ်ခုဖြစ်လာသည်။
ရှန်းလုံစားသောက်ဆိုင်သို့ ခြေချလိုက်သည်နှင့် အလွန်နွေးထွေးသောအသွင်အပြင်ရှိသည့် အရပ်ပုပုဝဝအမျိုးသား တစ်ဦးကအပြုံးဖြင့် ဆီးကြိုနှုတ်ဆက်လာ၏။ "ဒါက လင်းယုန်ပျံဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆုပဲ ဖြစ်ရမယ်။ ဒီကို လာတာပထမဆုံး အကြိမ်လား။ ကျွန်တော်ကလူကြီးမင်းအတွက် ရှန်းလုံ စားသောက်ဆိုင်ရဲ့သတ္တမမြောက်အထပ်မှာ စားပွဲတစ်လုံး ချန်ထားပေးပါတယ်။"
ဆုရှင်း ကျေးဇူးတင်စွာဖြင့် လက်ယှက်လိုက်သည်။ "ဒါဆိုလည်း စီမံခန့်ခွဲသူရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ လင်းယုန်ပျံဂိုဏ်းက ချန်သယ်ရပ်ကွက်နဲ့အတော်လေးဝေးတော့ ဒီကို မကြာခဏမလာဖြစ်ပါဘူး။"
ရှန်းလုံစားသောက်ဆိုင်စီမံခန့်ခွဲသူက မြှောက်ပင့်ကာ ပြောလိုက်၏။ "မကြာခင်မှာ ဖြစ်လာနိုင်ပါတယ်။ ဂိုဏ်းချုပ်ဆု သင်နယ်မြေချဲ့ထွင်တဲ့ အရှိန်အဟုန်က ကျွန်တော်ချန်နင်စီရင်စုမှာ နေလာတဲ့နှစ်တွေတစ်လျှောက် ဒီလိုမျိုးပထမဆုံးမြင်ဖူးတာပါ။ သင့်ရဲ့ထိန်းချုပ်မှုအောက်မှာမှ လင်းယုန်ပျံဂိုဏ်းက တကယ်ကို တိုးတက်လာနိုင်ပါတယ်။"
ဆုရှင်းက သူနှင့်စကားအနည်းငယ် ဖလှယ်လိုက်သည်။ ရှန်းလုံစားသောက်ဆိုင်၏စီမံခန့်ခွဲသူက သာမန်လူ မဟုတ်ပေ။
သူက ရှန်းလုံစားသောက်ဆိုင်ကို စီမံခန့်ခွဲရန်သာ တာဝန်ရှိသော်လည်း ရှန်းလုံစားသောက်ဆိုင် နောက်ကွယ်ရှိ ပိုင်ရှင်မှာတော့ တာ့ကျိူးတော်ဝင် မိသားစုနှင့် ဆက်နွယ်သည်ဟုဆိုကြ၏။
ရှန်းလုံစားသောက်ဆိုင် ပိုင်ရှင်က မြို့တော်နှင့်အတူ ရှန်းကျင်းသို့ ပြောင်းရွှေ့သွားသော်လည်း ရှေ့ရှိ အရပ်ပုပုဝဝစီမံခန့်ခွဲသူက သူ၏နောက်ကွယ်မှ လူများကို လုံးဝကိုယ်စားပြုနေသည်။
သူရဲကောင်းသုံးဖော်အသင်းမှ မန်ချန်ဟယ်ဖြစ်စေ အခြားကုန်သည်များကဲ့သို့သာ ဆက်ဆံခံရပါလိမ့်မည်။