← Chapters

အခန်း ၁၇၃

Vol. 18 Ch. 173

အခန်း ၁၇၃

Vol. 18 Ch. 173

အခန်း ၁၇၃

ခရီးသွားနယ်မြေသို့ လည်ပတ်ခြင်း

"တန်ဒါ"

ယွီရှောင်ရှီး တန်ယန်ကို ဝင်းလက် တောက်ပနေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"ကျွန်မက တန်ဒါရဲ့ ဖန်တစ်ယောက်ပါ၊ တန်ဒါရေးတဲ့ ဝတ္ထုတွေကိုလည်း ကြိုက်သလို သီချင်းတွေကိုလည်း အရမ်းအားပေးတဲ့သူပါ"

တန်ယန်မှာ ခဏမျှ မှင်သက်သွားပြီးနောက် ချိုသာစွာ ပြုံးပြလိုက်သည်။

"ကျေးဇူးတင်ပါတယ်ရှင် အခု ဗီဒီယို ရိုက်နေတာလား"

တန်ယန် ယွီရှောင်ရှီးလက်ထဲမှ ဆယ်ဖီရိုက်တံကို သတိထားမိသဖြင့် ပေါ့ပေါ့ပါးပါးပင် မေးလိုက်ခြင်း ဖြစ်သည်။

"ဟုတ်ကဲ့... ကျွန်မက ခရီးသွားဘလော့ဂါ တစ်ယောက်ပါ အခု တိုက်ရိုက်ထုတ်လွှင့်မှု လုပ်နေတာပါ"

ယွီရှောင်ရှီး အနည်းငယ် အနေခက်ဟန်ဖြင့်

"အားနာလိုက်တာ... ကျွန်မ စိတ်လှုပ်ရှားသွားလို့ ကင်မရာပိတ်ဖို့ မေ့သွားတာပါ တန်ဒါ စိတ်မရှိဘူးလို့ မျှော်လင့်ပါတယ်"

ဟု ဆိုကာ သူမ၏ဖုန်းကို မြေပြင်ဘက်သို့ အမြန်နှိမ့်ချလိုက်သည်။

"ရပါတယ် ဆက်ပြီးရိုက်လို့ရတယ် ဒါက တို့တွေရဲ့အလုပ်ကို ကြော်ငြာပေးရာလည်း ရောက်တာပေါ့"

တန်ယန် နောက်ပြောင်သလိုမျိုး မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

"တကယ်လား အဲဒါဆို အရမ်းကောင်းတာပဲ တန်ဒါက တကယ်ကို သဘောကောင်းတာပဲရှင်"

ယွီရှောင်ရှီး အံ့အားသင့်တကြီး ရေရွတ်ရင်း ဖုန်းကို ပြန်မြှင့်လိုက်သည်။ ထို့နောက် စခရင်ပေါ်မှ စာတိုများကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းကိုဖိကာ သတ္တိမွေး၍ ပြောလိုက်သည်။

"တန်ဒါ... တိုက်ရိုက်ထုတ်လွှင့်မှုထဲမှာ တန်ဒါရဲ့ဖန်တွေ အများကြီး ရှိနေကြတယ် သူတို့က တန်ဒါကို မြင်ချင်နေကြတာ အဆင်ပြေပါ့မလားဟင်"

"ရတာပေါ့"

တန်ယန်သည် အမြဲတမ်း စကားပြောရ လွယ်ကူသူ ဖြစ်သလို အခုကလည်း သူမ၏ ဖန်တစ်ယောက် ဖြစ်နေသဖြင့် ပို၍ပင် လိုလိုလားလား ရှိသည်။

ယွီရှောင်ရှီး ကင်မရာကို တန်ယန်ဘက်သို့ လှည့်လိုက်ပြီး

"တန်ဒါ... ကျွန်မရိုက်ပြီနော်"

တန်ယန်ပြုံးလျက် လက်ပြလိုက်သည်။

"သူငယ်ချင်းတို့အားလုံး မင်္ဂလာပါရှင် အားလုံးပဲ ထမင်းရော ကောင်းကောင်း စားကြရဲ့လား ရှောင်ယန်ကတော့ အခု ဘေရှားကျွန်းမှာ အပန်းဖြေနေပါတယ်၊ ဘေရှားကျွန်းကို လာလည်ဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်နော်"

【ရှိုက်ကြီးတငင် ငိုနေမိပြီ... ငါ့ရဲ့ သက်ရှိထင်ရှား နတ်ဘုရားမလေးကို မြင်လိုက်ရပြီ အရမ်း စိတ်လှုပ်ရှားမိတယ်】

【သူမက ငါ့ကို "ချစ်စရာလေးတွေ" လို့တောင် ခေါ်လိုက်တာလား ငါက ၁.၈၅ မီတာ အရပ်ရှိတဲ့ ဗလတောင့်တောင့် လူကြီးပါဗျာ၊ ဒါကို သူမက "ချစ်စရာလေး" တဲ့ အရမ်းပျော်တာပဲ】

【အပေါ်ကလူရေ... နင်ကတော့ တကယ်ကို ရယ်ရအောင် လုပ်နိုင်တယ် ဟားဟားဟား...】

【ငါလည်း ဘေရှားကျွန်းကို သွားချင်တယ် ဒါပေမဲ့ အရင်ဆုံး ဘွတ်ကင်ရဖို့ လိုမယ်ထင်တယ်...】

【တန်တန်ရေ... ဆယ်ဖီပုံတွေ အများကြီး ထပ်တင်ပေးပါဦးနော်】

【တို့မမရဲ့အပြုံးက တကယ့်ကို နွေးထွေးပြီး ချိုမြိန်လွန်းတယ် အိမ်ကိုပဲ သိမ်းကျုံးခေါ်သွားပြီး အမှတ်တရ သိမ်းထားချင်တော့တာပဲ】

【ကျေးဇူးတင်ပါတယ် ထုတ်လွှင့်သူလေးရေ တန်ဒါနဲ့ဆုံပေးလို့ ကျေးဇူးအများကြီး တင်ပါတယ် အခုပဲ ဖော်လိုလုပ်လိုက်ပြီနော်】

【ကျေးဇူးပါနော်】

......

ကျေးဇူးတင်စကားများဖြင့် ပြည့်နှက်နေသော စခရင်ကိုကြည့်ရင်း ယွီရှောင်ရှီး ပျော်လွန်းသဖြင့် ပါးလေးများပင် နီမြန်းလာသည်။ တန်ယန်ကို အားပေးခဲ့မိသည်မှာ တကယ်ကို မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ကြောင်း နားလည်သွားသည်။ တန်ယန်မှာ တကယ်ကိုလှပပြီး နူးညံ့သိမ်မွေ့သူပင်။

ယွီရှောင်ရှီးကို နှုတ်ဆက်ပြီးနောက် တန်ယန်နှင့် အခြားသူများသည် ရှုခင်းကြည့် ဘတ်စ်ကားဖြင့် ခရီးသွားနယ်မြေ အတွင်းရှိ အစားအသောက် လမ်းမဆီသို့ ထွက်လာခဲ့ကြသည်။

"မီကို... ငါတို့တွေ စားပြီးခါစပဲ ရှိသေးတယ် မဟုတ်လား"

ရှုရှင်းယန်က မီကို့ကို မယုံကြည်နိုင်သလို ကြည့်လိုက်သည်။

"ဟုတ်တယ်လေ ဗိုက်ထဲက လွတ်နေတဲ့ နေရာလေးကို အိုင်စကရင်နဲ့ ဖြည့်ဖို့ဝယ်တာ ဘာပြဿနာ ရှိလို့လဲ"

မီကို ရှုရှင်းယန်ကို ဒါဟာ သဘာဝကျတဲ့ အရာတစ်ခုလိုမျိုး အထင်အမြင်သေးစွာ ပြန်ကြည့်လိုက်သည်။

လောင်ဝေအန်း ရှေ့သို့တိုးလာပြီး ရှုရှင်းယန်၏ ပုခုံးကိုပုတ်ကာ -

"ညီလေး... မိန်းကလေးတွေမှာ အစာအိမ် ဘယ်နှစ်ခု ရှိလဲဆိုတာကို သူတို့နဲ့ သွားမငြင်းနဲ့ သူတို့မှာ ထမင်းစားတဲ့ အစာအိမ်ကတစ်ခု၊ အချိုပွဲစားဖို့ သီးသန့်အစာအိမ်က တစ်ခုရှိတယ်ဆိုတာ နင်သိသွားလိမ့်မယ်"

ရှုရှင်းယန်က မတတ်သာသလို ခေါင်းညိတ်လိုက်ပြီး

"နင်ပဲနိုင်ပါတယ်ကွာ"

"ကျွန်မကို ဗနီလာတစ်လုံးနဲ့ စတော်ဘယ်ရီ တစ်လုံးပေးပါ"

ဟု တန်ယန် ကောင်တာနောက်ရှိ အိုင်စကရင်ပုံးကို ညွှန်ပြကာ မှာလိုက်သည်။

"ဒါဆိုရင် ငါက ချောကလက်နဲ့ မာလကာသီး အဲဒါဆို ငါတို့တွေ အရသာ လေးမျိုးတောင် မြည်းလို့ရမှာ ဟီးဟီးဟီး"

ဟု မီကိုပြောလိုက်သည်။

တန်ယန် ခေါင်းညိတ်ပြလိုက်ပြီး ကောင်လေးနှစ်ယောက်ဘက် လှည့်ကာ -

"နင်တို့ရော စားအုံးမလား"

"စားမယ်"

ဟု ရှုရှင်းယန် သွားကြိတ်ပြီး ပြောလိုက်သည်။ လောင်ဝေအန်းကမူ ဘာမှအားနာမနေဘဲ ခေါင်းညိတ်ကာ

"ငါက ကာရာမဲလ်အရသာယူမယ်"

ဟု ဆိုသည်။

"ငါကတော့ စပျစ်နဲ့ အခွံမာသီး အရသာ"

ဆယ်မိနစ်ခန့် အကြာတွင် သူတို့လေးဦးစလုံး အိုင်စကရင်ကိုယ်စီ ကိုင်ဆောင်ကာ အစားအသောက် လမ်းမရှိ သစ်ပင်ရိပ်ကောင်းသော လမ်းလေးအတိုင်း လျှောက်လာခဲ့ကြသည်။

"ဒီမှာနေရတာ တကယ်ကို သက်သောင့်သက်သာ ရှိတာပဲ ပင်လယ်လေညှင်းကလည်း အေးအေးလေး တိုက်နေတော့ လုံးဝ အိုက်စပ်စပ် မဖြစ်ဘူး"

မီကို တန်ယန်၏ အိုင်စကရင်ကို မြည်းကြည့်လိုက်ရာ အရသာမှာ ကောင်းလွန်းလှသည်။

"ဟုတ်တယ် ကျေးဇူးပဲ မမတန်ရေ"

လောင်ဝေအန်းကလည်း အိုင်စကရင် အရသာမှာ တခြားခရီးသွားနေရာများတွင် ဝယ်စားရသော နို့နံ့ပြင်းပြင်း အိုင်စကရင်တွေနှင့် မတူဘဲ ထူးခြားသည်ဟု တွေးမိသည်။

"ဟိုက ကမ်းခြေကဖေးလေးကတော့ ရှယ်ပဲ"

မီကိုက လမ်းထောင့်ရှိ ကဖေးလေးကို ညွှန်ပြရင်း အော်လိုက်သည်။

"လေညှင်းခံချင်ရင် အပြင်က လွှဲကုလားထိုင်မှာ ထိုင်လို့ရသလို လေမခံချင်ရင်လည်း မှန်ပြတင်းပေါက်ကြီးတွေရှေ့က ဘားခုံမှာထိုင်ပြီး နေထွက်တာနဲ့ နေဝင်တာကို ကြည့်လို့ရတယ်"

"တကယ်မိုက်တယ်၊ ချိန်းတွေ့ဖို့ တော်တော်ကောင်းမယ့် နေရာပဲ"

ဟု လောင်ဝေအန်း စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။

"တစ်ယောက်တည်း ထိုင်ရတာလည်း ကောင်းတာပဲလေ ဘာလို့ ချိန်းတွေ့ဖို့ပဲ ကောင်းရမှာလဲ"

မီကိုက သူ့ကို အထာနပ်သည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး -

"အစ်ကိုကြီး... ချိန်းတွေ့ဖို့တွေ ဘာတွေ လျှောက်မတွေးနဲ့ အဲဒါက နင့်ကို မပျော်အောင်ပဲ လုပ်လိမ့်မယ် ငါ့ကိုယုံလိုက်စမ်းပါ"

တန်ယန် အိုင်စကရင်တစ်ကိုက် ကိုက်လိုက်စဉ်မှာပင် ပြန်ထွေးထုတ်မိလုနီးပါး ဖြစ်သွားသည်။ သူမ မီကို့ကို အံ့အားသင့်စွာ ကြည့်လိုက်မိ၏။ မီကို့ဆီမှ ဤကဲ့သို့ အတွေးမျိုး ထွက်လာလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။ အရင်ဘဝတုန်းက အချစ်ကြောင့် မျက်စိကန်းခဲ့သည့်သူ မဟုတ်ပါလော။

"ဒီလောက် ငယ်ငယ်လေးနဲ့ ဘာလို့ ဒီလိုတွေ တွေးနေရတာလဲ"

ရှုရှင်းယန်က မယုံနိုင်သလို မေးလိုက်သည်။

"နင်လည်းအတူတူပါပဲ"

မီကိုက သူ့ကို အေးစက်စက် အကြည့်တစ်ချက် ပေးလိုက်သည်။

"ဖူးးး"

နောက်ဘက်မှ ထွက်ပေါ်လာသော ရယ်သံကြောင့် သူတို့အားလုံး၏ အာရုံမှာ ထိုဘက်သို့ ရောက်ရှိသွားကြ၏။

ယွီရှောင်ရှီး သူမရှေ့မှ လူစုကိုကြည့်ကာ လက်ကို အလျင်အမြန် ယမ်းပြရင်း

"ကျွန်မ တမင်နားထောင်နေတာ မဟုတ်ပါဘူးနော် ကော်ဖီဝင်ဝယ်မလို့ လုပ်နေတုန်း နင်တို့ပြောနေတာတွေကို ကြားသွားလို့ပါ..."

မီကိုက ခေါင်းလေးစောင်းကာ ယွီရှောင်ရှီး လက်ထဲမှ ဆယ်ဖီရိုက်တံကို ကြည့်လိုက်ပြီး -

"အစ်မက တိုက်ရိုက်လွှင့်နေတုန်းပဲလား"

"မဟုတ်ပါဘူး... မဟုတ်ပါဘူး၊ ဗီဒီယို အပိုင်းအစလေးတွေပဲ ရိုက်နေတာပါ စိတ်မပူပါနဲ့၊ ညီမလေးတို့ကို ဗီဒီယိုထဲမှာပါအောင် မရိုက်ပါဘူး"

ဟု ယွီရှောင်ရှီးက အထင်လွဲခံရမည် စိုးသဖြင့် အလျင်အမြန် အာမခံလိုက်သည်။

"အစ်မရယ်... စိတ်မလှုပ်ရှားပါနဲ့ ညီမတို့တွေက ကိုက်စားမှာ မဟုတ်ပါဘူး"

မီကိုက အပြစ်ကင်းစင်သော မျက်နှာပေးလေး လုပ်လိုက်သည်။ သူတို့မှာ တကယ့်ကို ဖော်ရွေတဲ့သူတွေ ဖြစ်ကြသည်။

"အင်း... အင်း"

ယွီရှောင်ရှီး တုံ့ဆိုင်းစွာ ခေါင်းညိတ်ပြသော်လည်း သူမ၏ မျက်နှာမှာမူ လုံးဝ ပြေလျော့သွားခြင်း မရှိသေးပေ။

တန်ယန်က မတတ်သာသလို သက်ပြင်းချလိုက်ပြီး -

"ကော်ဖီသွားဝယ်လိုက်ပါဦး၊ ကျွန်မတို့တွေ သွားတော့မယ်"

ထို့နောက် မီကို့ကိုဆွဲကာ အခြားတစ်ဖက်သို့ လျှောက်သွားလိုက်သည်။

သူတို့လေးဦး ထွက်သွားမှပင် ယွီရှောင်ရှီးမှာ သက်ပြင်းအရှည်ကြီး ချနိုင်တော့သည်။ ရင်ဘတ်ကိုဖိကာ

"ဘုရားရေ အချောအလှလေးတွေ အုပ်စုလိုက်ကြီးရဲ့ ဆွဲဆောင်မှုကတော့ တကယ်ကို ပြင်းလွန်းတယ် ငါတော့ နှလုံးရပ်ပြီး သေတော့မှာပဲ"

ဟု ရေရွတ်မိသည်။

တန်ယန်နှင့် အဖွဲ့သည် ခရီးသွား နယ်မြေအတွင်း ဆက်လက် လည်ပတ်ကြရာ ဧည့်ရိပ်သာများနှင့် ဗီလာများကို ဖြတ်ကျော်ပြီးနောက် ကလေးကစားကွင်း တစ်ခုသို့ ရောက်ရှိလာခဲ့သည်။

"ဒီကိုလာတဲ့ ကလေးတွေကတော့ တကယ် ပျော်ကြမှာပဲနော်"

"ဘာဖြစ်လို့လဲ"

တန်ယန်က မီကို့ကို ကြည့်လိုက်သည်။

"ငါတို့တွေ ငယ်ငယ်တုန်းက ဒီလိုကစားစရာ နေရာမျိုးတွေမှ မရှိတာ ဟိုဘက်က ကောင်မလေးကိုကြည့်ဦး ရယ်လိုက်ရင် မျက်လုံးလေးတွေက လဆန်းကွေးလေးလိုပဲ ချစ်ဖို့ကောင်းလိုက်တာ"

"ဒါဆို နင်လည်း အထဲဝင်ပြီး ဆော့ကြည့်ပါလား"

ဟု ရှုရှင်းယန်က စနောက်လိုက်သည်။

"တော်စမ်းပါ ဒါက ကလေးတွေ ကစားတဲ့နေရာလေ ဒီဘက်က ဆိုင်းဘုတ်ကို မမြင်ဘူးလား"

မီကိုက ဘေးနားရှိ ဆိုင်းဘုတ်တစ်ခုကို ညွှန်ပြလိုက်၏။

"ဟိုမှာ လူကြီးတွေလည်း ရှိနေတာပဲ"

ရှုရှင်းယန် မိန်းကလေးငယ်လေးဘေးက အမျိုးသားကို ညွှန်ပြရင်း ပြောလိုက်သည်။

"ကလေးငယ်တွေဆော့ရင် လူကြီးတွေက အနီးကပ် စောင့်ရှောက်ပေးရတယ်ဆိုတာ နင်မသိဘူးလား"

"အဲဒါကြောင့် လူကြီးတွေ ဝင်လို့ရရင် ငါတို့တွေလည်း ဝင်လို့ရတာပေါ့ ကလေးကစားကွင်းလို့ပဲ သဘောမထားလိုက်နဲ့လေ"

"အဲ..."

မီကို ဆွံ့အသွားသည်။ ဒါပေမဲ့ နားထောင်လို့တော့ တော်တော်လေး ယုတ္တိရှိနေသလိုပင်။

ငါးမိနစ်ခန့် အကြာတွင်တော့ ဘောလုံးကျင်းထဲ၌ မီကိုသည် ဘောလုံးတစ်လုံးကို ကောက်ကိုင်ကာ လောင်ဝေအန်းနှင့် သူ၏ သူငယ်ချင်းဆီသို့ ပစ်ပေါက်လိုက်သည်။ ထိသွားသည့်အခါ သူမက တခိခိ ရယ်မောရင်း -

"နင်တို့ ရှောင်တဲ့အစွမ်းက တော်တော်ညံ့တာပဲ ဘတ်စကတ်ဘော ကစားတာ အားနဲ့ချည်းပဲ ဆော့တာလား"

"ဘတ်စကတ်ဘောဆိုတာ ကိုယ်ချင်းထိတွေ့ပြီး ကစားရတဲ့ အားကစားဆိုတာ နင်မသိဘူးလား ကြံ့ခိုင်တဲ့ ခန္ဓာကိုယ် မရှိဘဲ ဘတ်စကတ်ဘော အသင်းထဲ ဘယ်လိုဝင်မလဲ"

ပြောရင်းဆိုရင်း လောင်ဝေအန်းက သူ၏ လက်မောင်း ကြွက်သားများကိုပင် ဟန်ပါပါ ထုတ်ပြလိုက်သေးသည်။

"အော့"

မီကို အော့အန်ချင်ယောင် ဆောင်လိုက်ရင်း -

"နင်က အရေပြားနဲ့ အရိုးပဲ ရှိနေတဲ့သူ မဟုတ်ဘူး ဆိုရင်တော့ ငါယုံမိမှာပါ"

"အား ဒီမိန်းမကတော့"

လောင်ဝေအန်း ဒေါသတကြီး သွားကြိတ်လိုက်ပြီး ပြန်ရောက်တာနှင့် ဝိတ်တက်အောင်လုပ်ပြီး ကြံ့ခိုင်အောင် လုပ်မည်ဟု တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။

ခရီးသွား နယ်မြေအတွင်း လှည့်လည် ကြည့်ရှုပြီးနောက် သူတို့အုပ်စုမှာ ရှုခင်းကြည့် ဘတ်စ်ကားပေါ် ပြန်တက်ကာ တန်ယန်၏ သီးသန့်ဗီလာဆီသို့ ပြန်လာခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် အပြန်အလှန် စနောက်ငြင်းခုံရင်း ပင်လယ်လေညှင်းကို ခံစားလာရသည့် ထိုခဏမှာ အမှန်ကို လှပလွန်းသည့် လူငယ်ဘဝ နေ့ရက်လေးတွေပင် ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ ယွီရှောင်ရှီး၏ ထုတ်လွှင့်မှုထဲတွင် တန်ယန်ပေါ်လာပြီး ကြည့်ရှုသူများကို နှုတ်ဆက်နေသည့် ဗီဒီယိုမှာ အထူးခေါင်းစဉ်ပေါ်သို့ ရောက်ရှိသွားခဲ့သည်။

ကျောက်ယွိချင်းမှာ တန်ယန်၏ လူမှုကွန်ရက် အကောင့်များအပြင် သူမ၏ ဖန်ပေ့ချ်ကိုပါ အမြဲ စောင့်ကြည့်နေခဲ့သူ ဖြစ်သည်။ မိမိမှာ တရားစွဲဆို ခံထားရသဖြင့် ဒုက္ခရောက်နေချိန်တွင် တန်ယန်က အေးအေးလူလူ အပန်းဖြေခရီး ထွက်နိုင်နေသည်ကို မြင်ရသောအခါ အလွန်အမင်း နာကျည်း ဒေါသထွက်နေမိသည်။

သို့သော် သူမ ဘာမှမတတ်နိုင်ပေ။ ဤအရာမှာ သူမနှင့် တန်ယန်ကြားက ကွာခြားချက်ပင် ဖြစ်ပေသည်။

All Chapters