← Chapters

အခန်း ၁၇၄

Vol. 18 Ch. 174

အခန်း ၁၇၄

Vol. 18 Ch. 174

အခန်း ၁၇၄

Forca လေလံအိမ်

တန်ယန် ဘေရှားကျွန်းမှ ပြန်လာပြီးနောက် တစ်ပတ်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း နံပါတ် ၁၇ ဗီလာတွင်ပင် ဆက်လက် နေထိုင်နေဆဲ ဖြစ်သည်။

ဘေရှားကျွန်းမှ ပြန်ရောက်လာပြီးနောက် မီကို့ကို သူမ၏ မန်နေဂျာက လာရောက် ခေါ်ဆောင်သွားပြီး ဇာတ်လမ်းတွဲတို တစ်ခုတွင် တတိယမြောက် အမျိုးသမီး ဇာတ်ဆောင်နေရာ ရရှိခဲ့သည်။ သရုပ်ဆောင်ရမည့် ဇာတ်ကောင်မှာ အလွန် ချစ်စရာကောင်းသည့် မင်းသမီးလေးတစ်ပါး ဖြစ်သည်။

မီကို ရုပ်ရှင်ရိုက်ကွင်းသို့ ပထမဆုံးအကြိမ် စတင် ဝင်ရောက်ရသဖြင့် နေ့စဉ်နှင့်အမျှ ပင်ပန်းမှုရော၊ ပျော်ရွှင်မှုပါ ဒွန်တွဲ ခံစားနေရသော်လည်း ၎င်းမှာ သူမ လိုလားတောင့်တခဲ့သည့် ဘဝပင် ဖြစ်သည်။ နေ့စဉ် ရိုက်ကူးရေးပြီးတိုင်း သူငယ်ချင်းလေးဦး ပါဝင်သော အုပ်စုဖွဲ့ စကားပြောခန်းတွင် ပျော်စရာ၊ ဝမ်းနည်းစရာများနှင့် သူမကြုံတွေ့ခဲ့ရသည့် လူအကြောင်း၊ အကြောင်းအရာများ အကြောင်းကို အမြဲ ပြောပြလေ့ရှိသည်။

လောင်ဝေအန်းမှာ ဘေဂျင်းသို့ ပြန်သွားပြီး ရှုရှင်းယန်ကမူ H မြို့တော်သို့ သွားခဲ့သည်။ အားလုံး သူတို့၏ အားလပ်ရက်များကို ကိုယ်စီကိုယ်စီ အကျိုးရှိရှိ အသုံးချကြသည်။

တန်ယန် တစ်ဦးတည်းသာ အိမ်မှာ ကျန်ရစ်ခဲ့သည်။

တန်ယန် ဖုန်းချီ ပလက်ဖောင်းပေါ်တွင် ဝတ္ထုအသစ် တစ်ပုဒ်ကို စတင်ရေးသားနေပြီး ၎င်းမှာ ကျွန်းပေါ်တွင် အသက်ရှင် လွတ်မြောက်အောင် ကြိုးစားရသည့် ဇာတ်လမ်းဖြစ်ကာ ဘေရှားကျွန်းမှပင် စိတ်ကူးရရှိခဲ့ခြင်း ဖြစ်သည်။

တစ်ပတ်တာအတွင်းကို စာရေးရန် နှစ်နာရီ၊ ပီယာနိုတီးရန် လေးနာရီ၊ ကခုန်ရန် နှစ်နာရီ၊ စာဖတ်ရန် လေးနာရီနှင့် ကျန်သည့် တစ်နာရီ၊ နှစ်နာရီခန့်ကို ဗီဒီယိုကြည့်ခြင်း သို့မဟုတ် ဂိမ်းကစားခြင်းဖြင့် အပန်းဖြေရင်း အချိန်ကုန်လွန်စေခဲ့သည်။

ဤကဲ့သို့ အေးအေးလူလူ ရှိနေသည့် ဘဝနေထိုင်မှု ပုံစံကို သူမ သဘောကျနေမိသည်။ ယခင်က ဤသို့လုပ်ဆောင်ရန် အခွင့်အရေး မရှိခဲ့သော်လည်း ယခုအခါတွင်မူ အခွင့်အရေး ရရှိလာသဖြင့် မိမိကိုယ်ကိုယ် သက်သောင့်သက်သာ ဖြစ်စေမည့် အရာကိုသာ သဘာဝကျကျ လုပ်ဆောင်နေခြင်းပင်။

【အရှင်မ... လာမယ့်အပတ် Forca (ဖော်ကာ) မှာ လေလံပွဲတစ်ခုရှိတယ်၊ အရှင့်ဆီမှာ ဖိတ်စာရှိတယ်နော်】

တန်ယန် ခဏမျှ စဉ်းစားကြည့်လိုက်ရာ သူမတွင် ကံစမ်းမဲနှိုက်ရာမှ ရရှိထားသည့် ဖိတ်စာတစ်စောင် အမှန်တကယ် ရှိနေကြောင်း သတိရသွားသည်။ ထိုဖိတ်စာမှာ အချိန်ကန့်သတ်ချက် မရှိဟု ထင်ထားခဲ့သော်လည်း တကယ်တမ်းတွင်မူ သတ်မှတ်ထားသည့် လေလံပွဲတစ်ခု အတွက်သာ ဖြစ်နေသည်။

【မသွားရင် သက်တမ်းကုန်သွားမှာလား】

【ဟုတ်ပါတယ်အရှင် သွားလိုက်ပါဦး စနစ်ကပေးတဲ့ ဖိတ်စာဆိုတော့ လေလံတင်မယ့် ပစ္စည်းကောင်းတွေ သေချာပေါက် ပါလာမှာပါ ပိုက်ဆံသုံးဖို့အတွက် အချိန်ကိုက်ပဲပေါ့ ဟီးဟီး】

"အိုကေလေ... ဒါဆို သွားကြည့်ကြတာပေါ့"

နောက်ထပ် တစ်ပတ်ခန့် အိမ်မှာပင် အချိန်ကုန်လွန်ပြီးနောက် တန်ယန် Forca လေလံပွဲသို့ တက်ရောက်ရန် F နိုင်ငံသို့ ထွက်ခွာရန် နောက်ဆုံးတွင် ပြင်ဆင်လိုက်သည်။

ပြင်သစ်ကို သွားမည်ဟု သိလိုက်ရသောအခါ တန်ယန်၏ အဒေါ်ဖြစ်သူက လီရှူးယောင်းအတွက် ဒေသထွက် လက်ဆောင်ပစ္စည်းတချို့ ဝယ်သွားပေးရန် အထူးတလည် တောင်းဆိုခဲ့သည်။ သူတို့သားအမိ ဗီဒီယိုကောလ် ခဏခဏ ခေါ်ဖြစ်ကြပေမဲ့လည်း မိခင်တစ်ယောက်၏ စိတ်ဆိုသည်မှာ ကိုယ့်ကလေး ဘယ်လောက်ဝေးဝေးကို ရောက်နေပါစေ အမြဲတမ်း စိုးရိမ်ပူပန် နေတတ်သည်မှာ သဘာဝပင်။ အဒေါ်နှင့် အန်ကယ်တို့မှာ အမြဲလိုလို စိုးရိမ်မကင်း ဖြစ်နေကြသည်။

တန်ယန် အစကတည်းက အထုပ်အပိုး သိပ်မရှိလှပေမဲ့ ယခုတော့ ပစ္စည်းတွေ အတော်လေး များသွားတာကြောင့် ၂၆ လက်မအရွယ် ခရီးဆောင်သေတ္တာ နှစ်လုံးကို အနိုင်နိုင် သယ်လာခဲ့ရသည်။

"ယန်ယန်... တစ်ယောက်တည်း သွားနိုင်တာ သေချာရဲ့လား"

တန်ယန်၏အမေက အိမ်မှာရော၊ ကုမ္ပဏီမှာပါ သူမ မရှိလို့ မဖြစ်တာကြောင့် လိုက်မသွားနိုင်ပေမဲ့ တော်တော်လေး စိုးရိမ်နေရှာသည်။

"စိတ်မပူပါနဲ့ မေမေရယ် ဟိုမှာ သူငယ်ချင်းတွေလည်း ရှိသလို လင်းနဲ့ တခြားသူတွေလည်း သမီးနဲ့အတူ ပါတာပဲ မေမေ ဘာမှစိုးရိမ်စရာ မရှိပါဘူး"

တန်ယန်၏ သက်တော်စောင့်တွေအကြောင်း တွေးမိတော့မှ သူမအမေလည်း စိတ်အေးသွားရသည်။ သက်တော်စောင့်များ၏ ကျွမ်းကျင်မှုကို သူမကိုယ်တိုင် မြင်တွေ့ဖူးတာကြောင့် သူတို့သာပါရင် သူမနှင့် တန်ယန်အဖေ နှစ်ယောက်လုံး လိုက်သွားတာထက်တောင် ပိုပြီး စိတ်ချရသေးသည်။

အဓိကအကြောင်းမှာ သူမက ယန်ရိုရှန်၏ လွှမ်းမိုးမှုကို ခံထားရသောကြောင့် သူမကလေး အပြင်ထွက်လျှင် တစ်ခုခုဖြစ်သွားမည်ကို အမြဲကြောက်နေမိခြင်းပင်။

"ယန်ယန်... နင့်အဒေါ် စိတ်အေးသွားအောင် အစ်ကိုဝမ်းကွဲဆီလည်း ဝင်ကြည့်ပေးလိုက်ဦးနော် တကယ်ပဲ သူက ငါ့ကိုပါ လိုက်ပြီးစိတ်ပူအောင် လုပ်နေတာ နင်အပြင်ထွက်ရင် တစ်ခုခုဖြစ်မှာပဲ ကြောက်နေတာ"

သူမ စကားမှားသွားမှန်း သတိထားမိတော့ တန်ယန်အမေက အမြန်ပဲ

"ဟဲ့... ငါဘာတွေ လျှောက်ပြောနေမိတာလဲ ဘာပဲဖြစ်ဖြစ် ရောက်ရင် ဘေးကင်းကြောင်း ဖုန်းဆက်ဦးနော် ဟုတ်ပြီလား"

"ဟုတ်ကဲ့ပါ ဆင်းတာနဲ့ ချက်ချင်း မက်ဆေ့ခ်ျပို့လိုက်မယ် မေမေ့အတွက် လက်ဆောင်တွေလည်း အများကြီး ဝယ်ခဲ့မယ်နော်"

မိခင်ဖြစ်သူကို နှုတ်ဆက်ပြီးနောက် တန်ယန် F နိုင်ငံတော်ဆီသို့ ခရီးစတင်ခဲ့သည်။ ဤသည်မှာ နှစ်ဘဝစလုံးတွင် သူမအတွက် F နိုင်ငံတော်ကို ပထမဆုံးအကြိမ် လည်ပတ်ခြင်း ဖြစ်သည်။

ပြင်သစ်နိုင်ငံက လူတွေဟာ အရမ်း ရိုမန်းတစ် ဆန်ကြတယ်လို့ သူမ ကြားဖူးခဲ့တာကြာပြီ။ နေရာတိုင်းလိုလိုတွင် ပန်းဆိုင်တွေ ရှိနေပြီး နေဝင်ချိန်အောက်မှာ ချစ်သူတွေ နမ်းနေကြသည့် မြင်ကွင်းမျိုးကို မြင်ရနိုင်သည်။ သူမသည်လည်း ထိုကဲ့သို့ ရိုမန်းတစ်ဆန်သည့် ဆုံတွေ့မှုမျိုးကို အတော်လေး မျှော်လင့်နေမိသည်။

သတ်မှတ်ထားသည့် အချိန်နှင့် နေရာတစ်ခုမှာ၊ နွေးထွေးသော မီးရောင်အောက်မှာ၊ အထူးကောင်းမွန်သည့် စိတ်ခံစားချက်၊ အထူးပင် ကြည့်ကောင်းသော လူတစ်ယောက်နှင့် ဆုံချင်မိသည်။

တန်ယန် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် F နိုင်ငံတော်၏ မြို့တော်လေဆိပ်ကို ရောက်ရှိလာခဲ့သည်။ ကာရင်းမှ လာကြိုကာ ဟိုတယ်သို့ လိုက်ပို့ပေးခဲ့သည်။

"ကာရင်း... နင်တစ်ယောက်တည်း လာကြိုတာလား အယ်လီဆာက နင်ဘယ်လောက်တောင် အလုပ်ရှုပ်နေလဲဆိုတာ ငါ့ကို တစ်ကြိမ်ထက်မက ညည်းပြဖူးတယ် အခုလိုလာကြိုတာ တကယ်ကို ဝမ်းသာဂုဏ်ယူမိတာပဲ"

"ငါ့ရဲ့ ချစ်လှစွာသော ယာနာက ငါ့နယ်မြေကို ပထမဆုံးအကြိမ် လာလည်တာပဲလေ ငါကိုယ်တိုင်မလာလို့ ဖြစ်ပါ့မလား... ဒါမှမဟုတ် တရုတ်စကားပုံအတိုင်း ပြောရရင် 'အိမ်ကို သန့်ရှင်းရေးလုပ်ပြီး ဆီးကြိုပါတယ်' ပေါ့"

"နင့်ရဲ့ တရုတ်စကားက တော်တော်လေး တိုးတက်နေပြီပဲ"

"ဒါပေမဲ့ နင်က သက်တော်စောင့်တွေ အများကြီး ခေါ်လာတာဆိုတော့ ငါ့ကားနဲ့တော့ အကုန်ဆံ့မှာ မဟုတ်ဘူးထင်တယ်"

ဟု ကာရင်းက မတတ်သာသလို ပြောလိုက်သည်။ တန်ယန် ဤမျှအထိ သက်တော်စောင့်အင်အား အများအပြား ခေါ်လာလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။

"ငါက လေလံပွဲ တက်မှာဆိုတော့ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ဘေးကင်းအောင် လူပိုခေါ်လာတာပါ သူတို့မှာလည်း ကားတွေရှိတော့ နေရာမဆံ့မှာကို နင်စိတ်မပူပါနဲ့ ရတယ်"

F နိုင်ငံတော်တွင်လည်း နိုက်ဖောလ်လုံခြုံရေး ကုမ္ပဏီ၏ ဌာနခွဲတစ်ခု ရှိနေသဖြင့် ကားကိစ္စအတွက် လုံးဝ စိုးရိမ်စရာ မလိုပေ။

"နင်ပြောတာမှန်တယ် F နိုင်ငံတော်ရဲ့ လုံခြုံရေး အခြေအနေက C နိုင်ငံလောက် မကောင်းသေးဘဲ ညံ့ဖျင်းနေတုန်းပဲ"

ကာရင်း သူမ၏ ကိုယ်ပိုင်နိုင်ငံကို ဝေဖန်ရန် အနည်းငယ်မျှ ဝန်မလေးပေ။

"တကယ်တော့ ငါကိုယ်တိုင်လည်း တိုက်ခိုက်ရေးစွမ်းရည် အတော်လေး ကောင်းပါတယ်နော်"

ဟု တန်ယန်က ပြုံးလျက် ပြောလိုက်သည်။

ကာရင်းကမူ ထိုစကားကို လုံးဝ မယုံကြည်ပေ။ တန်ယန်၏ ပုံစံမှာ တိုက်ခိုက်ရေးသမား တစ်ဦးနှင့် လုံးဝ မတူသောကြောင့်ပင်။

တန်ယန် လီရှူးယောင်း၏ ကျောင်းနှင့်နီးသော ဟိုတယ်တစ်ခုကို ကြိုတင်ဘွတ်ကင် လုပ်ထားသဖြင့် လီရှူးယောင်း သူမဆီသို့ လာတွေ့ရန် ပို၍ လွယ်ကူသည်။

ဟိုတယ်သို့ ရောက်ရှိပြီးနောက် ကာရင်းက သူမ၏ အခန်းထဲအထိ ပစ္စည်းများ ကူသယ်ပေးပြီး -

"အရင်ဆုံး သွားစားကြမလား"

ဟု မေးလိုက်သည်။

"ကောင်းသားပဲ၊ ဒေသခံဖြစ်တဲ့ နင့်နောက်ပဲ ငါလိုက်ခဲ့မယ် ဒီက အရသာရှိတဲ့ အစားအစာတွေအကုန် စမ်းစားကြည့်ဖို့ နင်ပဲ လမ်းပြပေးတော့"

"ဒါပေါ့ ပြဿနာမရှိပါဘူး အရင်ဆုံး 'အပြာရောင်မြစ်' ဘေးနားက စားသောက်ဆိုင် တစ်ခုကို သွားရအောင် အဲဒီနေရာက ရှုခင်းက အရမ်းမိုက်တာ ပြီးတော့ အစားအသောက်တွေကလည်း တကယ့်ကိုရှယ်ပဲ"

"ဒါဆို ဘာစောင့်နေဦးမှာလဲ သွားကြတာပေါ့"

အပြာရောင်မြစ်သည် ပြင်သစ်နိုင်ငံ၏ မြို့တော်ဖြစ်သော လော့စ်အိန်ဂျယ်တွင် အရှည်ဆုံး မြစ်ဖြစ်ပြီး အနောက်တိုင်း ယဉ်ကျေးမှု စတင်ရာ နေရာအဖြစ် လူသိများကာ ရှေးဟောင်း ဒဏ္ဍာရီများစွာ တည်ရှိရာ နေရာလည်းဖြစ်သည်။

လူသိအများဆုံး ဇာတ်လမ်းမှာတော့ မှူးမတ်မျိုးနွယ်ဝင် အမျိုးသမီး ဆီလစ်နှင့် အိုင်အိုဝါတို့၏ ကြေကွဲဖွယ် အချစ်ဇာတ်လမ်းပင် ဖြစ်သည်။ လွန်ခဲ့သောအချိန်က ဆီလစ်အမည်ရှိ သဘောကောင်းပြီး လှပသော အမျိုးသမီးလေး တစ်ဦးသည် အိမ်မှခိုးထွက်ပြီး လည်ပတ်နေစဉ် လုယက်သူများနှင့် တိုးခဲ့သည်။

ထိုအချိန်တွင် သူရဲကောင်းတစ်ဦး ကောင်းကင်မှ ကျလာသကဲ့သို့ ပေါ်ပေါက်လာပြီး လူဆိုးများကို နှင်ထုတ်ကာ ဆီလစ်ကို ကယ်တင်ခဲ့သည်။ ထိုသူရဲကောင်း၏ အမည်မှာ အိုင်အိုဝါဖြစ်ပြီး သူသည် မုဆိုးတစ်ဦး ဖြစ်သည်။

အိုင်အိုဝါမှာ လူကိုကယ်တင်ရင်း ဒဏ်ရာရရှိခဲ့သောကြောင့် ဆီလစ်က သူ့ဘေးမှာနေ၍ ပြုစုစောင့်ရှောက် ပေးခဲ့ရာမှ သူတို့နှစ်ဦးဟာ တဖြည်းဖြည်းနှင့် ချစ်ခင်မြတ်နိုး သွားခဲ့ကြသည်။ သို့သော် ဆီလစ်၏ ဖခင်ဖြစ်သူမှာ လူလွှတ်ပြီး သူတို့နှစ်ဦးကို အတင်းအဓမ္မ ခွဲခွာစေခဲ့ရုံတင် မကဘဲ ဆီလစ်ကို နယ်စားမင်း၏သားနှင့် လက်ထပ်ပေးရန် စီစဉ်ခဲ့သည်။

အခက်အခဲ များစွာကို ကျော်ဖြတ်ပြီးနောက် အိုင်အိုဝါ ဆီလစ်တို့အိမ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး အိမ်ဖော်မလေး၏ အကူအညီနှင့် သူတို့နှစ်ဦး ထွက်ပြေးရန် ပြင်ဆင်ခဲ့ကြသည်။

သို့သော် သူတို့ ထွက်ပြေးမည့်ညတွင် အခြေအနေ ပေါက်ကြားသွားခဲ့သည်။ သူတို့နှစ်ဦးဟာ အတင်းပြေးလွှားခဲ့ကြရင်း အပြာရောင်ပန်မြစ်ကမ်းနားကို ရောက်သည့်အခါတွင် ပြေးစရာလမ်း မရှိတော့သည်ကို သိလိုက်ရသည်။ မိမိ မချစ်မနှစ်သက်သူနှင့် လက်မထပ်ချင်သောကြောင့် ဆီလစ်နှင့် အိုင်အိုဝါတို့မှာ အပြာရောင်ပန်မြစ်ထဲသို့ အတူတူခုန်ချပြီး အဆုံးစီရင်ခဲ့ကြ၏။

မြစ်ရေက အလွန်သန်လှသလို အမှောင်ထုကလည်း ကြီးစိုးနေတာကြောင့် ဆီလစ်၏ဖခင် လွှတ်လိုက်သော သူများမှာ မြစ်ထဲဆင်းပြီး ကယ်တင်ရန် မဝံ့ရဲကြပေ။ နောက်ဆုံးတော့ သူတို့နှစ်ဦး သေဆုံးသွားပြီဖြစ်ကြောင်း ပြန်လည် သတင်းပို့ခဲ့ရသည်။

နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက် အပြာရောင်ပန်မြစ်၏ အောက်ပိုင်းတွင် သူတို့နှစ်ဦး၏ ရုပ်အလောင်းများကို ပြန်လည် တွေ့ခဲ့ရသည်။ သေဆုံးသွားတာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း သူတို့နှစ်ဦးဟာ တစ်ဦးကိုတစ်ဦး တင်းကျပ်စွာ ပွေ့ဖက်ထားဆဲ ဖြစ်တာကြောင့် မြင်တွေ့ရသူတိုင်းဟာ ထိုကဲ့သို့ အံ့ဩစရာကောင်းသည့် မြင်ကွင်းကြောင့် မှင်သက်ခဲ့ကြရ၏။

အပြာရောင်ပန်မြစ်ဘေးရှိ စားသောက်ဆိုင်တွင် ငန်းအသည်းနှင့် သိုးနံရိုးကင်ကို နေရောင်ကျနေသော မြစ်ပြင်ကျယ်အား ငေးမောရင်း မြိန်ရည်ယှက်ရည် စားသောက်နေသည်။ ထိုစဉ် ကာရင်းက

"ဒီနေရာလေးက မိုက်တယ်မလား"

သူမ၏ ဝိုင်နီခွက်ကိုမြှောက်ပြီး ဝှေ့ယမ်းပြရင်း မေးလိုက်သည်။

"တကယ်ကို ကောင်းတာပဲ"

သိုးနံရိုးကို တစ်ဖဲ့လှီးပြီး ပါးစပ်ထဲ ထည့်လိုက်သည်။ လျှာဖျားပေါ်က အရသာ တွေ့မှုကြောင့် စိတ်ကျေနပ်မှုမှာ တစ်ဆင့်ပြီးတစ်ဆင့် ပိုတိုးလာသည်။

"အယ်လီဆာကလည်း လေလံပွဲကို တက်ချင်တယ်လို့ ပြောနေတာ ဘယ်ပစ္စည်းက သူ့ကို ဆွဲဆောင်သွားလဲတော့ မသိဘူး"

"တို့နှစ်ယောက်လုံးက ပစ္စည်းတစ်ခုတည်းကိုပဲ လိုချင်နေကြတာမျိုးတော့ မဖြစ်ပါစေနဲ့လို့ ဆုတောင်းရမှာပဲ အဲဒီလိုသာ ဆိုရင်တော့ ငါက အလျှော့ပေးဖို့ စဉ်းစားရတော့မယ်"

"ဒါနဲ့ယာနာ... နင့်ကို ဒီကိုရောက်အောင် ဆွဲခေါ်လာတဲ့ အကြောင်းအရင်းက ဘာများလဲ"

"C နိုင်ငံရဲ့ ရတနာတွေ အားလုံးကို ပြန်ပြီး သယ်သွားချင်လို့လေ"

"ငါသိသလောက်တော့ နင့်နိုင်ငံက ရှေးဟောင်းပစ္စည်းတွေဟာ အမြဲတမ်း တန်ဖိုးကြီးလွန်းတယ် နင့်မှာ ရန်ပုံငွေ အလုံအလောက် ရှိရဲ့လား တကယ်လို့ မလောက်ဘူးဆိုရင် ငါနဲ့ အယ်လီဆာတို့က နင့်အတွက် စုပေးလို့ ရတယ်နော်"

ကာရင်း တန်ယန်၏ ငွေကြေးအတွက် အနည်းငယ် စိုးရိမ်ပေးနေရှာသည်။

"စိတ်မပူပါနဲ့ ငါဒီကိုလာတယ် ဆိုကတည်းက အရာအားလုံးအတွက် အဆင်သင့် ပြင်ဆင်လာပြီးသားပါ"

All Chapters