← Chapters

အခန်း ၁၇၇

Vol. 18 Ch. 177

အခန်း ၁၇၇

Vol. 18 Ch. 177

အခန်း ၁၇၇

လေလံပွဲ (၁)

【အရှင်ထင်တာ လုံးဝအမှန်ပဲ မင်ယန်ရှူးက တကယ်တော့ မင်ချင်းဟဲရဲ့ သားအရင်း ဖြစ်သလို တစ်ဦးတည်းသောသားလည်း ဖြစ်တယ်】

"သူ့မှာ စေ့စပ်ထားသူ ဒါမှမဟုတ် အဲဒီလိုမျိုး တစ်ယောက်ယောက် ရှိနေပြီလား"

【လက်ရှိ သိရသလောက်ကတော့ သူ့မှာ ရည်းစားဟောင်းတောင် မရှိဖူးပါဘူးခင်ဗျာ】

"ဒီလောက်တောင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်တာလား"

【သူက လူကောင်းတစ်ယောက်ပါ၊ အရှင်နဲ့ ဆိုရင်လည်း တကယ်ကို လိုက်ဖက်ပါတယ်】

"တော်စမ်းပါ ငါ့ကိုလာပြီး အောင်သွယ်မနေနဲ့ သူသဘောကျနေတာက မမရှူးယောင်းကိုလေ ငါ့ကိုမဟုတ်ဘူး ပြီးတော့ ငါက ရည်းစားထားဖို့လည်း အစီအစဉ် မရှိသေးဘူး"

【အော်... နားလည်ပါပြီ၊ အရှင်က ချမ်းသာတဲ့ အပျိုကြီးဘဝနဲ့ပဲနေပြီး ချောမောတဲ့ လူငယ်လေးတွေကိုပဲ ထောက်ပံ့ပေးချင်တာပေါ့လေ】

"ဟုတ်တယ် အဲဒီလိုပဲ နားလည်ထားလိုက်"

【ဒါဆိုရင်လည်း လက်တွေ့လုပ်ပြပါဦး အရှင်ရဲ့ အမြဲတမ်း ပါးစပ်ကပဲ ပြောနေပြီး ဘာမှလည်း လုပ်တာမတွေ့ရဘူး】

တန်ယန်တစ်ယောက် စနစ်၏ အထင်သေးတာကို ခံလိုက်ရသလို ခံစားလိုက်ရသည်။ ယိတျန်တျန်ကို အမှောင်ခန်းထဲမှာ ပိတ်လှောင်လိုက်ပြီးနောက် လက်ကို ဆန့်ခါထုတ်လိုက်ကာမှ စိတ်ထဲအတော်လေး နေသာထိုင်သာ ရှိသွားတော့သည်။

ယိတျန်တျန်: "အရှင်ကတော့ တကယ့်ကို လူယုတ်မာပဲ"

တန်ယန်၏ အခြေအနေကို ချောင်းကြည့်၍ မရတော့တာကြောင့် ယိတျန်တျန်မှာ ပျင်းပျင်းနှင့် တကယ့်ခွေးလေး တိုတိုကိုသာ ကြည့်နေလိုက်သည်။ တိုတိုမှာတော့ အရုပ်တစ်ခုကို ကိုက်နေပြီး ကြမ်းပြင်ပေါ်တွင် သွားရည်များ ကျနေသည်။

"ဆက်မကြည့်နိုင်တော့ဘူး အချောအလှလေးတွေ ကနေတာကိုပဲ သွားကြည့်တော့မယ်"

ထိုအချိန်တွင် နာမည်ကြီး တိုက်ရိုက်ထုတ်လွှင့်သည့် ပလက်ဖောင်းများ အားလုံး၌ ပျောက်ချက်သား ကောင်းနေသော ထုတ်လွှင့်သူ ရှီကွမ်သည် ရုတ်တရက် ပေါ်လာပြီး ယောကျ်ားလေး၊ မိန်းကလေး မခွဲခြားဘဲ ငွေသန်းပေါင်းများစွာ သုံးစွဲနေသည်ကို တွေ့ရှိလိုက်ရသည်။ အံ့ဩစရာ အကောင်းဆုံးမှာ ရှီကွမ်က အိမ်မွေးတိရစ္ဆာန် ကဏ္ဍတွင်ပါ ငွေသန်းချီ သုံးစွဲခဲ့သဖြင့် တိရစ္ဆာန်ချစ်သူ ဘလော့ဂါများမှာပင် အံ့ဩမှင်သက်သွားရ၏။

*

တန်ယန် စားသောက်ပြီးသွားသည့် အခါမှ လီရှူးယောင်း ဖုန်းကိုချလိုက်သည်။

"ဟေး နင်ဘယ်တုန်းက နိုးနေတာလဲ"

လီရှူးယောင်း အံ့အားသင့်စွာ မေးလိုက်သည်။

"မမ တစ်ယောက်ယောက်နဲ့ စိတ်ပါလက်ပါ ချက်တင်ထိုင်နေတဲ့ အချိန်ပေါ့"

တန်ယန် မုန့်ကို နောက်တစ်လုပ် ထပ်ကိုက်လိုက်ရင်း

"ဘယ်သူနဲ့ စကားပြောနေတာလဲ ကြည့်ရတာ တော်တော်လေး ပျော်နေတဲ့ပုံပဲ"

"ဟိုစီနီယာလေ မနေ့က နင်နဲ့ဆုံတဲ့ တစ်ယောက်လေ"

"အော်…. စီနီယာပေါ့လေ"

လီရှူးယောင်း တန်ယန်ကို နားမလည်နိုင်သော မျက်နှာပေးဖြင့် ကြည့်ကာ

"နင်ကဘာလို့ ထူးထူးဆန်းဆန်းတွေ ဖြစ်နေရတာလဲ"

"ဘာမှမဟုတ်ပါဘူး သိချင်ရုံ သက်သက်ပါ"

တန်ယန် လီရှူးယောင်းကို သတိမပေးချင်တော့ပေ။ ဒီငတုံးမလေးကို တစ်ဖက်သတ် အချစ်ခံရခြင်းနှင့် အလိုက်ခံရခြင်း၏ အရသာကို သူ့ဘာသာသူ ခံစားသိရှိသွားအောင် ထားထားလိုက်သည်။

သို့သော် မင်ယန်ရှူး၏ ခံစားချက်မှာ တစ်ဖက်သတ်ကြီး မဟုတ်ပေ။ အနည်းဆုံးတော့ တန်ယန် မြင်နိုင်သည်။ လီရှူးယောင်း တစ်ယောက်သာလျှင် မမြင်၊ မသိနေခြင်းဖြစ်သည်။

"ဒီည ညီမလေး လေလံပွဲတစ်ခု သွားမလို့ မမရှူးယောင်းရော လိုက်မလား"

တန်ယန် မေးလိုက်သည်။

"ငါက ဘာလိုက်လုပ်ရမှာလဲ မလိုက်တော့ပါဘူး ဟီးဟီး... ခဏနေရင် ကျောင်းဆောင်ကိုပြန်ပြီး အထုပ်အပိုးတွေ သွားသယ်ထုတ်ဦးမယ်"

"ဒါဆို ဘရုစ်တို့ကိုပဲ လိုက်ပို့ခိုင်းလိုက်တော့ ဒါလင်လမ်းက အိမ်ကိုပဲ တိုက်ရိုက် ပြောင်းလိုက်လေ အလုပ်ရှုပ်မခံနဲ့တော့"

"အင်း အဲဒါလည်း ကောင်းသားပဲ"

လီရှူးယောင်း ရဲမင်လုံခြုံရေး ကုမ္ပဏီမှ သက်တော်စောင့် နှစ်ယောက်ကို ခေါ်ဆောင်ကာ အထုပ်အပိုးသိမ်းရန် ကျောင်းသို့ ထွက်သွားသည်။ တန်ယန်မှာမူ ဘာမှလုပ်စရာ မရှိသည်နှင့် ဂိမ်းဖွင့်ကာ နှစ်ပွဲခန့် ကစားနေလိုက်သည်။

အချိန်နီးကပ်လာပြီ ဖြစ်သဖြင့် သပ်ရပ်လှပသော ဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်ပြီး နှုတ်ခမ်းနီ အနည်းငယ်ဆိုးကာ လေလံပွဲကျင်းပရာ နေရာသို့ ဦးတည်ထွက်လာခဲ့သည်။

ဖော်ကာသည် ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံး လေလံအိမ်များထဲမှ တစ်ခုဖြစ်ပြီး တန်ဖိုးမဖြတ်နိုင်သော ရတနာများစွာကို ရောင်းချပေးခဲ့ဖူးသည်။

ဒီတစ်ခေါက် တန်ယန်၏ အဓိကပစ်မှတ်မှာ C နိုင်ငံ၏ 'ယို'မင်းဆက်ခေတ်က ကြေးအိုးပင် ဖြစ်သည်။

C နိုင်ငံတွင် သမိုင်းကြောင်းဆိုင်ရာ အကြောင်းပြချက်များကြောင့် ပြည်ပသို့ ရောက်ရှိနေသည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များစွာ ရှိနေသည်။ သူမ တတ်နိုင်သမျှ လုပ်ဆောင်နိုင်သည်မှာ ထိုအမွေအနှစ်များ မိခင်နိုင်ငံသို့ ပြန်လည် ရောက်ရှိနိုင်စေရန် အစွမ်းကုန် ကူညီပေးဖို့ပင် ဖြစ်သည်။

လေလံပွဲကို ညနေ ၇ နာရီတွင် စတင်ရန် သတ်မှတ်ထားပြီး တန်ယန် သက်တော်စောင့် ခြောက်ယောက် ခြံရံကာ ဖော်ကာလေလံအိမ်သို့ ရောက်ရှိလာခဲ့သည်။ သူမ၏ဖိတ်စာတွင် သီးသန့်ခန်း ၁ ဟု ဖော်ပြထားရာ ဝင်ပေါက်တွင် ပြသပြီးနောက် ဝန်ထမ်းများက ဒုတိယထပ်သို့ လိုက်ပါပို့ဆောင် ပေးခဲ့ကြသည်။ သီးသန့်ခန်း ၁ မှာ လေလံစင်မြင့်နှင့် အနီးဆုံးဖြစ်ပြီး ရှုခင်းအကောင်းဆုံး နေရာလည်း ဖြစ်သည်။

သီးသန့်ခန်းတိုင်းတွင် ကိုယ်ပိုင်လေလံဆွဲသည့် ကိရိယာနှင့် လေလံပွဲကို ကြည့်ရှုရန် စခရင်တစ်ခုစီ ပါရှိသောကြောင့် အခန်းထဲရှိ ဖောက်သည်များအတွက် လေလံပွဲ အခြေအနေကို တိုက်ရိုက်ထိတွေ့ ခံစားနိုင်ရန် ပိုမိုလွယ်ကူစေသည်။

တန်ယန်နှင့် သူမ၏အဖွဲ့ သီးသန့်ခန်းသို့ ရောက်သည်နှင့် ဝန်ထမ်းတစ်ဦးက လက်ဖက်ရည်၊ သစ်သီးဝလံများ၊ မုန့်ပဲသရေစာများနှင့် မီနူးတစ်ခုကို လာရောက်ချပေးသည်။

‘ဝါး အစားအသောက်တွေတောင် ပါသေးတာလား’

တန်ယန်သည် ရင်ထဲတွင် အံ့ဩနေမိသော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်နေခဲ့သည်။ ဤသည်မှာ သူမအတွက် ယခုကဲ့သို့ ပရော်ဖက်ရှင်နယ်ဆန်သော လေလံပွဲမျိုးသို့ ပထမဆုံးအကြိမ် တက်ရောက်ခြင်းပင် ဖြစ်သည်။ ယခင်က တက်ခဲ့ဖူးသော လေလံပွဲများမှာ မိတ်ဆုံပွဲလေးများ သို့မဟုတ် ဈေးပြိုင်ပွဲလေးများ အဆင့်သာ ရှိခဲ့သည်။

မီနူးတွင် C နိုင်ငံမှ လက်ဖက်ရည်နှင့် စားစရာ အမျိုးအမည်များစွာ ပါဝင်နေသည်ကို ကြည့်ခြင်းအားဖြင့် ဤလေလံပွဲတွင် C နိုင်ငံမှ ပါဝင်သူ အတော်များများ ရှိနေနိုင်ကြောင်းနှင့် လေလံဈေးနှုန်းများမှာလည်း အလွန်မြင့်မည်ဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။ ထိုသို့သာ မဟုတ်လျှင် ဖော်ကာလေလံအိမ်ကဲ့သို့ နောက်ခံအင်အား ကြီးမားသည့် နေရာမျိုးက နိုင်ငံစုံမှ လူများ၏ ကွဲပြားသော အရသာများကို ဖြည့်ဆည်းပေးရန် ဤမျှအထိ ပြင်ဆင်ထားလိမ့်မည် မဟုတ်ပေ။

တန်ယန် သူမအတွက် အချိုပွဲအချို့နှင့် အချိုရည်များကို မှာယူလိုက်ပြီးနောက် ကျန်သူများကိုလည်း စိတ်ကြိုက်မှာယူရန် မီနူးကမ်းပေးလိုက်သည်။ လေလံပွဲမှာ သုံးနာရီခန့် ကြာမြင့်မည်ဖြစ်ရာ တစ်ခုခု စားထားခြင်းက ပိုကောင်းပေလိမ့်မည်။

မကြာမီမှာပင် လေလံပွဲ စတင်ခဲ့သည်။ ဆွဲဆောင်မှုရှိသော ဝတ်စုံကို ဝတ်ဆင်ထားသည့် လေလံတင် ရောင်းချသူက အဖွင့်အမှာစကား ပြောကြားကာ ပရိသတ်ကို စိတ်လှုပ်ရှားလာအောင် ဆွဲဆောင်လိုက်ပြီးနောက် တရားဝင် လေလံပွဲကို စတင်လိုက်တော့သည်။

"ပထမဆုံး ပစ္စည်းကတော့ YL နိုင်ငံက အလယ်ခေတ် ရှေးဟောင်း ပန်းကန်ပြားတစ်စုံ ဖြစ်ပါတယ်..."

မိတ်ဆက်ပြီးနောက် လေလံဆွဲခြင်း စတင်သည်။ အပေါ်ထပ် သီးသန့်ခန်းများမှ မည်သူမျှ ဈေးမပြိုင်ကြဘဲ အောက်ထပ် ခန်းမထဲရှိ လူတစ်ဦးက ၂၂၀,၀၀၀ ဖြင့် အနိုင်ရသွားခဲ့သည်။

"ဒုတိယ ပစ္စည်းကတော့ ထင်ရှားတဲ့ ဂိုဏ်းဝင်ဆရာကြီး 'ဂျိမ်းစ်' ရဲ့ လက်ရာတစ်ခု ဖြစ်ပါတယ် ဆရာကြီးဂျိမ်းစ်ရဲ့... အခု လေလံစတင်ဆွဲလို့ ရပါပြီ အခြေခံဈေးက စတားဒင်္ဂါး ၅၀၀,၀၀၀ ဖြစ်ပြီး တစ်ကြိမ်ဈေးတိုးရင် အနည်းဆုံး စတားဒင်္ဂါး ၁၀၀,၀၀၀ ဖြစ်ရပါမယ်"

"ခြောက်သိန်း"

အောက်ထပ် ဧည့်ခန်းမဆောင်မှ လေလံဆွဲသံများ စတင် ထွက်ပေါ်လာသည်။

"ခုနစ်သိန်း" ... "နှစ်သန်း နှစ်သိန်း"

နှစ်သန်းနှစ်သိန်း တစ်ကြိမ်၊ နှစ်သန်းနှစ်သိန်း နှစ်ကြိမ်၊ နှစ်သန်းနှစ်သိန်း သုံးကြိမ် အတည်ပြုပါတယ်"

လေလံတူထုသံနှင့်အတူ ဒုတိယမြောက် ပစ္စည်းမှာလည်း အောင်မြင်စွာ ရောင်းချပြီးသွားခဲ့သည်။

ထို့နောက်တွင်လည်း သန်းချီတန်ဖိုးရှိသည့် ပစ္စည်းအချို့ကို ဆက်လက် လေလံတင်ရာ အများစုမှာ ဇိမ်ခံပစ္စည်းများနှင့် အနုပညာ စုဆောင်းမှုများသာ ဖြစ်ကြသည်။ တန်ယန် ပျင်းလာသည်နှင့် ပစ္စည်းနှစ်ခုကို ဈေးဝင်ပြိုင်ခဲ့ရာ ထိုပစ္စည်းနှစ်ခုမှာ ယခုအချိန်အထိ ဒုတိယထပ် သီးသန့်ခန်းများမှ အနိုင်ရရှိထားသည့် တစ်ခုတည်းသော ပစ္စည်းများ ဖြစ်လာခဲ့သည်။

"တစ်ဆယ့်တစ်ကြိမ်မြောက် ပစ္စည်းကတော့ NF နိုင်ငံရဲ့ အကြီးဆုံး စိန်တွင်းဖြစ်တဲ့ 'ကျဲဝါစွမ်းအင်’ က ထွက်ရှိတဲ့ 'ဘီးယားစ်ဝေါလ် ပန်းရောင်စိန်' ပဲ ဖြစ်ပါတယ် အတွင်းပိုင်း အနာအဆာ ကင်းစင်ပြီး တလက်လက် တောက်ပတဲ့ ပန်းရောင်ဒီစိန်ကို ၁၉၉၉ ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး အလေးချိန် ၅၉.၆ ကာရက် ရှိပါတယ် အခြေခံဈေးက စတားဒင်္ဂါး သန်း ၃၀ ဖြစ်ပြီး တစ်ကြိမ်ဈေးတိုးရင် အနည်းဆုံး ၁၀၀,၀၀၀ ဖြစ်ရပါမယ် အခု လေလံစတင်နိုင်ပါပြီ"

"သန်း ၃၁"

"သန်း ၃၅"

......

"သန်း ၅၀"

"သန်း ၅၁"

"သန်း ၅၆"

"သန်း ၆၀"

"သန်း ၆၁"

......

ဒုတိယထပ်ရှိ သီးသန့်ခန်းအချို့မှ ဈေးပြိုင်နေကြသည်ကို တန်ယန် မြင်တွေ့နေရသည်။ သူမ 'မိုခါးကိတ်' ကို စားသောက်ပြီးနောက် လင်းကို လေလံခလုတ်နှိပ်ရန် အချက်ပြလိုက်သည်။

"သီးသန့်ခန်း (၁) က သန်း ၇၀ နဲ့ တစ်ကြိမ်၊ သီးသန့်ခန်း (၁) က သန်း ၇၀ နဲ့ နှစ်ကြိမ်"

စင်ပေါ်မှ လေလံတင် ရောင်းချသူမှာ စိတ်လှုပ်ရှားစွာဖြင့် ကြေညာနေတော့သည်။ ဤစိန်၏ တန်ဖိုးမှာ သန်း ၆၀ ခန့်သာ ရှိသော်လည်း ယခုအခါ သန်း ၁၀ ကျော် ပိုထွက်နေပြီ ဖြစ်သည်။ ဤသည်မှာ သူမ၏ ဆွဲဆောင်နိုင်မှု စွမ်းရည်ကြောင့်ပင် ဖြစ်သည်။

"သန်း ၇၀ နဲ့ တစ်သိန်း"

တန်ယန် မျက်မှောင်ကြုတ်သွားသည်။ ဈေးပြိုင်လိုက်သည်မှာ ဒုတိယမြောက် VIP အခန်းမှ ဖြစ်သည်။

"သန်း ၇၅"

"သန်း ၇၅ နဲ့ တစ်သိန်း"

"သန်း ၈၀"

"သီးသန့်ခန်း (၁) က သန်း ၈၀ နဲ့ ဈေးခေါ်ထားပါတယ် တခြား ဈေးပြိုင်ချင်သူ ရှိပါသေးသလားရှင့် သန်း ၈၀ တစ်ကြိမ်၊ သန်း ၈၀ နှစ်ကြိမ်၊ သန်း ၈၀ သုံးကြိမ် အတည်ပြုပါတယ် သီးသန့်ခန်း (၁) ကို ဂုဏ်ယူပါတယ်ရှင်"

လေလံတင် ရောင်းချသူသည် မျက်နှာတစ်ခုလုံး ပြုံးရွှင်လျက် လေလံတူကို အားရပါးရ ရိုက်ချလိုက်တော့သည်။

တန်ယန် ထိုပန်းရောင်စိန်ကို ရရှိလိုက်ခြင်းအပေါ် ထူးထူးခြားခြား စိတ်လှုပ်ရှားနေခြင်း မရှိဘဲ တန်ဖိုးနည်း အလှဆင် ပစ္စည်းလေးတစ်ခု ဝယ်လိုက်သကဲ့သို့သာ အေးအေးလူလူ ရှိနေသည်။ ဤသည်ကို မြင်သောအခါ အခန်းထဲရှိ သက်တော်စောင့်များမှာ သူတို့အလုပ်ရှင်၏ မဟာဓန အင်အားကို ရင်ထဲကနေ ထပ်မံ၍ အံ့ဩ ချီးကျူးကြပြန်သည်။

နောက်ထပ် ထွက်ရှိလာသော ပစ္စည်းအချို့ကိုမူ တန်ယန် စိတ်မဝင်စားတော့ပေ။ အနောက်နိုင်ငံ တစ်ခုခုမှ ရှေးဟောင်းအိုးခွက် ပန်းကန်များ သို့မဟုတ် နာမည်ကြီးအနုပညာရှင် တစ်ဦးဦး၏ လက်ရာများသာ ဖြစ်နေသဖြင့် သူမအနေဖြင့် ထိုအရာများ၏ အနုပညာတန်ဖိုးကို ခံစားနားလည်နိုင်စွမ်း မရှိပေ။

"နောက်ထပ် လေလံတင်မယ့် ပစ္စည်းကတော့ C နိုင်ငံရဲ့ 'ရှမင်းဆက်' ခေတ်က ရှုခင်းပန်းချီဆရာကြီး 'မုန့်ချန်ရှန်း' ရဲ့ 'တောင်တန်းနှင့်မြစ်ဝှမ်း မိုင်ပေါင်းတစ်သောင်း' လို့ အမည်ရတဲ့ ပန်းချီကားတစ်ချပ် ဖြစ်ပါတယ် အခြေခံဈေးက စတားဒင်္ဂါး သန်း ၄၀ ဖြစ်ပြီး တစ်ကြိမ်ဈေးတိုးရင် အနည်းဆုံး တစ်သန်းစီ တိုးပေးရပါမယ် အခု လေလံစတင်နိုင်ပါပြီ”

All Chapters