← Chapters

အခန်း ၇၆

Vol. 8 Ch. 76

အခန်း ၇၆

Vol. 8 Ch. 76

အခန်း (၇၆) အလုပ်အပေါ် စိတ်အားထက်သန်သော ရှန်းဝမ်စန်း

​ချန်ကျီ စာအုပ် ဖတ်ပြီးရုံရှိသေး ကျောက်လင်းအာ ပြန်ရောက်လာခဲ့သည်။

​"သခင်... သံနက်ရိုင်း ကီလိုဂရမ် ၁၅၀၀၀၀ လုံးကို အကုန်သိမ်းဆည်းပြီးပါပြီ၊ ပြီးတော့ ယဲ့မိသားစုရဲ့ အုတ်မြစ်ချခြင်းအဆင့် ကိုယ်ပွားသုံးယောက်ဆီကိုလည်း လွှဲပေးလိုက်ပါပြီ။​ကိစ္စအားလုံးကိုလည်း သူတို့ကို မှာကြားပြီးပါပြီ၊ ယဲ့မိသားစုက လူလွှတ်ပြီး သံနက်ရိုင်း လာသိမ်းတဲ့အခါ သိုလှောင်လက်စွပ်တွေကို သူတို့ဆီ တိုက်ရိုက် ပေးလိုက်ပါလိမ့်မယ်။​နောက်ပြီး သခင် စီစဉ်ထားတဲ့ ကိစ္စတွေကိုလည်း အကုန် ညွှန်ကြားပြီးပါပြီ"

​"ကောင်းပြီ... ဒါဆိုရင်တော့ ယဲ့မိသားစု ငါးမျှားချိတ်ထဲ ဝင်လာမှာကိုပဲ စောင့်ရတော့မှာပေါ့"

​"လင်းအာ... မင်း ဒီစာအုပ်တွေကို အမျိုးအစား ခွဲခြားထားတာ တကယ်ကို ကောင်းတယ်"

​"သခင် ချီးကျူးတာ ကျေးဇူးတင်ပါတယ်" ကျောက်လင်းအာက သွားလေးပေါ်အောင် ပြုံးလိုက်ပြီး ကျန်ရှိနေသေးသော စာအုပ်များကို ဆက်လက် အမျိုးအစားခွဲခြားနေပြန်သည်။

​ကျောက်လင်းအာ ဤမျှလောက်အထိ အလုပ်လုပ်နိုင်စွမ်းရှိသည်ကို မြင်တွေ့ရသဖြင့် ချန်ကျီ၏ စိတ်ထဲ၌ အတိုင်းမသိ ကြည်နူးချမ်းမြေ့မှုကို ခံစားလိုက်ရသည်။

​ကျောက်လင်းအာ ရှိနေပေးတာ တကယ်ကို ကောင်းလွန်းလှပေသည်။

​လက်ရာကောင်းသော ဟင်းလျာများကို ချက်ပြုတ်နိုင်ရုံတင်မကဘဲ သီချင်းဆိုတာလည်း နားထောင်လို့ကောင်းသည်၊ စာအုပ်တွေကိုလည်း စနစ်တကျ ခွဲခြားတတ်သေးသည်၊ ကိစ္စအားလုံးကိုလည်း ကောင်းမွန်အောင် စီစဉ်ပေးနိုင်သည်ဖြစ်ရာ တကယ့်ကို အားကိုးရသော လက်ထောက်လေးတစ်ဦးပင် ဖြစ်တော့သည်။

​ဤမျှ အလုပ်လုပ်နိုင်စွမ်းရှိသော လက်ထောက်မျိုးကို ဘယ်နေရာမှာ သွားရှာရပါမည်နည်း၊ စနစ်ကသာ ဤကဲ့သို့ သစ္စာစောင့်သိသော ကိုယ်ပွားမျိုးကို ဖန်တီးပေးနိုင်ပြီး ကျောက်လင်းအာကဲ့သို့သော လူမျိုး ရှိလာနိုင်ခြင်း ဖြစ်၏။

​ချန်ကျီသည် စိတ်ထဲ၌ အချိန်အတော်ကြာ တွေးတောလိုက်ပြီးနောက် ခေါင်းကိုခါယမ်းကာ ပြုံးလိုက်မိသည်၊ သူ့ကိုယ်သူ ကံကောင်းလှသည်ဟု ထင်မှတ်နေမိတော့သည်။

​အချိန်က စောပါသေးသဖြင့် ထို့နောက်တွင် ချန်ကျီက ဆေးလုံးရတနာမှတ်တမ်းကို ဆက်လက် ဖတ်နေခဲ့သည်။

​ဆေးလုံးရတနာမှတ်တမ်းကို ကိုင်ဆောင်ကာ အမြန်နှုန်းဖြင့် လှန်လှောကြည့်နေမိသည်၊ အလွန်အရေးကြီးသော ဆေးလုံးတစ်မျိုးကို သူ ဦးစွာ ရှာဖွေလိုသောကြောင့်ပင်။

​၎င်းမှာ ရွှမ်ယန်ချင်းလင်ဆေးလုံး ဖြစ်ပြီး လူတစ်ဦး၏ ဝိညာဉ်အမြစ် ကို မြှင့်တင်ပေးနိုင်သော ဆေးလုံးတစ်လုံး ဖြစ်၏။

​ချန်ကျီက စာမျက်နှာတစ်ခုချင်းစီကို အကြမ်းဖျင်း လိုက်လံရှာဖွေနေခဲ့သော်လည်း စာအုပ်တစ်အုပ်လုံးကို လှန်လှောပြီးသွားသည့်တိုင် ရွှမ်ယန်ချင်းလင်ဆေးလုံး၏ မိတ်ဆက်ဖော်ပြချက်ကို ရှာမတွေ့ခဲ့ပေ ။

​"ဟမ်... ဒီရွှမ်ယန်ချင်းလင်ဆေးလုံးက အဆင့်လေး ဆေးလုံး ဖြစ်ရမှာလေ၊ ဘာလို့ မရှိတာလဲ။ ​ဒါမှမဟုတ် ဒီဆေးလုံးရတနာမှတ်တမ်းထဲမှာ မှတ်တမ်းမတင်ထားတာလား။ ​ဒါမှမဟုတ် ဒီရွှမ်ယန်ချင်းလင်ဆေးလုံးက အဆင့်ငါး ဆေးလုံးလား။ ​ဒါပေမဲ့ အနန္တနေရာလွတ် မှာ ပြန်လဲလှယ်တုန်းက ပြန်လဲလှယ်တဲ့ စျေးနှုန်းက အဆင့်လေး ဆေးလုံးတစ်လုံးရဲ့ စျေးနှုန်းပဲ။ ​ဒါက ဘာဖြစ်လို့လဲ"

​ချန်ကျီ၏ နှလုံးသားထဲ၌ နက်ရှိုင်းသော သံသယများ ဖြစ်ပေါ်လာခဲ့ပြီး တွေးလေ တွေးလေ နားမလည်နိုင်လေ ဖြစ်နေတော့သည်။

​ချန်ကျီက ဆေးလုံးရတနာမှတ်တမ်းကို ချထားလိုက်ပြီးနောက် ကျောက်လင်းအာ ခွဲခြားထားသော ဆေးလုံးများနှင့် ပတ်သက်သည့် စာအုပ်ပုံကြီးထဲ၌ ထပ်မံ လှန်လှောရှာဖွေနေမိသည်။

​ရှာမတွေ့မချင်း လုံးဝ လက်လျှော့မည်မဟုတ်သည့် ပုံစံမျိုး ပေါက်နေခဲ့၏။

​ကျောက်လင်းအာက ချန်ကျီ၏ ဤကဲ့သို့သော ပုံစံကို မြင်တွေ့ရသဖြင့် စိုးရိမ်တကြီး မေးမြန်းလိုက်သည်။ "သခင်... ဘာကို ရှာနေတာလဲဟင်၊ လင်းအာလည်း ကူရှာပေးလို့ရပါတယ်"

​ချန်ကျီက ခေါင်းကိုပင် မော့မလာဘဲ "လင်းအာ... မင်း ရွှမ်ယန်ချင်းလင်ဆေးလုံးကို မှတ်မိသေးလား။ ​ငါ အကြာကြီး ရှာနေတာတောင် အဲဒါနဲ့ ပတ်သက်တဲ့ မှတ်တမ်းကို ရှာမတွေ့ဘူးဖြစ်နေတယ်၊ မြန်မြန်... မင်းလည်း ငါနဲ့အတူ ကူရှာပေးဦး"

​"ဟုတ်ကဲ့ပါ သခင်" ချန်ကျီ စိုးရိမ်တကြီး ဖြစ်နေသည်ကို မြင်ရသဖြင့် ကျောက်လင်းအာက လျင်မြန်စွာ ပြန်ဖြေလိုက်သည်။

​နှမြောစရာကောင်းသည်မှာ ဆေးလုံးများနှင့် ပတ်သက်သော စာအုပ်အားလုံးကို လှန်လှောရှာဖွေပြီးသွားသည့်တိုင် ရွှမ်ယန်ချင်းလင်ဆေးလုံး၏ မိတ်ဆက်ဖော်ပြချက်ကို ရှာမတွေ့ခဲ့ပေ ။

​ချန်ကျီက စိတ်ပျက်လက်ပျက်ဖြင့် ပက်လက်ကုလားထိုင်ပေါ်သို့ ပြန်ထိုင်လိုက်ပြီး "ထူးဆန်းတယ်၊ ဘာဖြစ်လို့ ရွှမ်ယန်ချင်းလင်ဆေးလုံးရဲ့ မှတ်တမ်း မရှိရတာလဲ"

​"သခင်... ဒီဆေးလုံးရဲ့ အဆင့်က ပိုပြီး မြင့်နေလို့လားမသိဘူး၊ ကျွန်မ ခုနကတင် လှန်ကြည့်လိုက်သေးတယ်၊ ဒီဆေးလုံးစာအုပ်တွေထဲမှာ မှတ်တမ်းတင်ထားတဲ့ အမြင့်ဆုံးအဆင့် ဆေးလုံးက အဆင့်လေး ဆေးလုံးအထိပဲ ရှိတာ"

​"ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ အနန္တဆိုင် ကတော့ အမှားအယွင်း ရှိမှာမဟုတ်ဘူး"

​ကျောက်လင်းအာက စဉ်းစားလိုက်ပြီးနောက် ထပ် ပြောလိုက်သည်။ "သခင်... ဒီရွှမ်ယန်ချင်းလင်ဆေးလုံးက တကယ်ပဲ အဆင့်လေး ဆေးလုံး ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ဒီရွှမ်ယန်ချင်းလင်ဆေးလုံးက ခုနကမှ လေ့လာ ထားတာ မကြာသေးလို့ စျေးကွက်ထဲမှာ မပြန့်နှံ့သေးတာကြောင့် ဒီစာအုပ်တွေပေါ်မှာ မှတ်တမ်းတင်ဖို့ အချိန်မရသေးတာမျိုး ဖြစ်နိုင်မလား"

​ကျောက်လင်းအာ ဤသို့ ပြောလိုက်သည်နှင့် ချန်ကျီ၏ စိတ်ထဲ၌ လျှပ်စီးလက်သွားသကဲ့သို့ ဖြစ်သွားသည်။ "ဟုတ်သားပဲ၊ ငါ ဘာလို့ ဒါကို မတွေးမိပါလိမ့်၊ ဒါက တကယ်ကို ဖြစ်နိုင်ချေရှိတာပဲ။ ​ဒါဆိုရင် ချင်းယွမ်ဂိုဏ်း ရဲ့ ဂိုဏ်းချုပ်က ဘာဖြစ်လို့ ဒီဆေးလုံးကို ချန်ဖန် ဆီ ဒီအတိုင်း ပေးလိုက်ရလဲဆိုတာ အဓိပ္ပာယ်ရှိသွားပြီ၊ ဖြစ်နိုင်တာက ချန်ဖန်ကို ဆေးစမ်းသပ်ခိုင်းတဲ့ ရည်ရွယ်ချက်မျိုး ပါနေတာလည်း ဖြစ်နိုင်တယ်။ ​အဲဒီ ချင်းယွမ်ဂိုဏ်းချုပ်က အဆင့်လေး ဆေးလုံးတစ်လုံးကို သုံးပြီး နှစ်တစ်ရာသက်တမ်းရှိတဲ့ ဝိညာဉ်ဆေးပင်တစ်ပင်နဲ့ လဲလှယ်ဖို့ ဝန်မလေးတာကိုကြည့်ရင် ဒီချင်းယွမ်ဂိုဏ်းချုပ်က ဆေးလုံးသန့်စင်ခြင်းပညာကို အလွန်ရူးသွပ်တဲ့ ဆေးဆရာကြီးတစ်ယောက် ဖြစ်နေလို့လည်း ဖြစ်နိုင်တယ်။ ​ဒီရွှမ်ယန်ချင်းလင်ဆေးလုံးက သူကိုယ်တိုင် ဖန်တီးထားတဲ့ ဆေးလုံးတစ်မျိုး ဖြစ်နိုင်ချေ ရှိတယ်။ ​တကယ်လို့ ဒီလိုဆိုရင်တော့ ဒီချင်းယွမ်ဂိုဏ်းချုပ်ရဲ့ ဆေးလုံးသန့်စင်ခြင်းပညာက သေချာပေါက် မနိမ့်ကျဘူး၊ သူကိုယ်တိုင် ဆေးနည်းကိုတောင် ဖန်တီးနိုင်နေပြီပဲ။ ​တကယ်ပဲ အခြေတည်ဝိညာဉ်အဆင့် ပုဂ္ဂိုလ်ကြီးတွေရဲ့ စွမ်းအားက လုံးဝ ခန့်မှန်းလို့မရနိုင်ဘူး။ ​ဟုတ်တာပေါ့၊ ဘယ်လိုပဲပြောပြော အနှစ်ရာချီ ရှင်သန်နေထိုင်လာခဲ့တဲ့ ကျင့်ကြံသူကြီးတွေပဲဥစ္စာ၊ ကျင့်ကြံခြင်းလောကမှာ တကယ်ကို မိုးသက်မုန်တိုင်းထန်စေနိုင်တဲ့ ပုဂ္ဂိုလ်မျိုးတွေပဲ။ ​ပါရမီ ဘာညာကလည်း သေချာပေါက် ထိပ်တန်းပဲ ဖြစ်ရမယ်၊ ကံကြမ္မာကို ပြောင်းလဲပေးနိုင်တဲ့ ဒီလို ဆေးလုံးကို သန့်စင်နိုင်တာကလည်း အံ့သြစရာတော့ မဟုတ်ပါဘူး။ ​ဒီလိုဆေးလုံးမျိုး လက်ထဲမှာ ရှိနေရင်တော့ ချင်းယွမ်ဂိုဏ်းတစ်ခုလုံးရဲ့ စုစုပေါင်းခွန်အားက အဆင့်တစ်ခု ထပ်မံ မြင့်တက်သွားမှာ သေချာတယ်"

​ကျောက်လင်းအာ၏ စကားတစ်ခွန်းက ချန်ကျီ၏ အတွေးများကို ရုတ်တရက် ပွင့်လင်းသွားစေခဲ့ပြီး ယခင်က နားမလည်နိုင်ခဲ့သောအရာများမှာ ယခုအခါ အားလုံး ဆက်စပ်သွားခဲ့ပြီ ဖြစ်သည်။

​ချန်ကျီက တရစပ် ပြောနေသော်လည်း ကျောက်လင်းအာက စိတ်မပျက်သည့်အပြင် အလွန်ပင် သေသေချာချာ နားထောင်နေခဲ့သည်။

​"သခင်... တကယ်တော့ အခုအချိန်မှာ ဒီလိုဆေးလုံးမျိုးကို ရှာဖို့ စိုးရိမ်မနေပါနဲ့။ ​အခု လောလောဆယ် သံနက်ရိုင်း ရဲ့ အကျိုးအမြတ်က အလွန်မြင့်မားပြီး တည်ငြိမ်နေတာပဲ။ ​အမှတ် တစ်သိန်း ရရှိဖို့ဆိုတာလည်း အချိန်အများကြီး မလိုပါဘူး။ ​အဲဒီအချိန်ကျရင် သခင်က အနန္တနေရာလွတ် ကို အဆင့် ၄ အဖြစ် မြှင့်တင်လိုက်ရင် ဒီရွှမ်ယန်ချင်းလင်ဆေးလုံးရဲ့ မိတ်ဆက်ဖော်ပြချက်က ရှိလာမှာပဲ။ ​အဲဒီအချိန်ကျမှ သခင် သေသေချာချာ ကြည့်လည်း နောက်မကျပါဘူး"

​"ဟားဟား... လင်းအာ မင်းပြောတာ မှန်တယ်၊ ငါ စိုးရိမ်စိတ် များ သွားတာပဲ။ ​အနန္တနေရာလွတ် သာ အဆင့်တက်သွားရင် အားလုံးကို နားလည်သွားမှာပဲ။ ​ပြီးတော့ အခု ဒီရွှမ်ယန်ချင်းလင်ဆေးလုံးကို သောက်ပြီးတဲ့နောက်မှာလည်း ဝိညာဉ်အမြစ် မှာပဲ အပြောင်းအလဲ ဖြစ်သွားတာ၊ အဲဒါကလည်း ကောင်းမွန်တဲ့ဘက်ကို ပြောင်းလဲသွားတာပဲ။ ​အခုအချိန်အထိ ဘာမကောင်းတဲ့ အခြေအနေမှလည်း ဖြစ်မလာသေးတော့ ငါ တကယ်ပဲ စိုးရိမ်မနေသင့်ဘူး"

​ချန်ကျီက ရွှမ်ယန်ချင်းလင်ဆေးလုံး၏ မိတ်ဆက်ဖော်ပြချက်ကို အသည်းအသန် ရှာဖွေနေရခြင်းမှာ ဤဆေးလုံးက ကောင်းကင်ကို ဆန့်ကျင်လွန်းနေသောကြောင့် ဖြစ်သည်။

​လူတစ်ဦး၏ ဝိညာဉ်အမြစ် ကို အတင်း မြှင့်တင်ပေးနိုင်ခြင်းဟူသော ဤအာနိသင်ကိုယ်တိုင်က ပုံမှန်မဟုတ်ပေ ။

​ကျင့်ကြံခြင်းလောကတွင် အတွေ့ရများသော ဆေးလုံးမျိုးဖြစ်ပြီး သူ ကသာ မမြင်ဖူးသေးခြင်း ဖြစ်လိမ့်မည်ဟု သူ ယခင်က ထင်မှတ်ထားခဲ့သည်။

​သို့သော်လည်း စာအုပ်များပေါ်တွင် ရှာမတွေ့လေလေ သူ၏ စိတ်ထဲ၌ ပိုမို ပျာယာခတ်လာလေလေ ဖြစ်နေခဲ့၏။

​၎င်းက လူတစ်ဦး၏ အလားအလာကို လှုံ့ဆော်ပေးသော ဆေးလုံးမျိုးဖြစ်ပြီး မကောင်းသော ဘေးထွက်ဆိုးကျိုးများ ရှိလာမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။

​ယခုအခါ ကျင့်ကြံခြင်းနှင့် တိုးတက်မှုများက အကောင်းဆုံးဘက်သို့ ဦးတည်နေပြီဖြစ်ရာ ချန်ကျီအနေဖြင့် ဤလမ်းခရီးတွင် ရုတ်တရက် မမျှော်လင့်သော မတော်တဆမှုတစ်ခုခု ဖြစ်ပေါ်လာပြီး ခရီးစဉ် အဆုံးသတ်သွားမည်ကို လုံးဝ မလိုလားပေ ။

​ထို့ကြောင့် စိုးရိမ်ပူပန်ခြင်းကလည်း လူသားတို့၏ သဘာဝပင် ဖြစ်သည်၊ ယခု သူ လိုလားသည်မှာ အေးအေးလူလူနှင့် တည်တည်ငြိမ်ငြိမ် ရှင်သန်သွားရန်သာ ဖြစ်၏။

​ရှင်သန်နေသရွေ့ စနစ်ရှိနေသဖြင့် သူက တစ်နေ့တွင် ဤလောက၌ ပြိုင်ဘက်ကင်း ဖြစ်လာပေလိမ့်မည်။

​အားလုံးကို နားလည်သဘောပေါက်သွားသည့်အခါ ချန်ကျီ၏ စိတ်က ငြိမ်သက်သွားခဲ့သည်။

​မနေ့က ဆေးလုံးရတနာမှတ်တမ်း ဖတ်ပြီးသွားသော နေရာမှစ၍ အောက်သို့ သေသေချာချာ ဆက်ဖတ်နေမိတော့သည်။

​အနန္တ ကုန်စုံဆိုင် ဖွင့်မည့် အချိန်ကို စောင့်ဆိုင်းရင်းနှင့် ဖြစ်၏။

​ဝမ်နန်မြို့ အတွင်း၌...

​ကိုယ်ပွား ရှန်းဝမ်စန်းမှာ မနက်စောစောကတည်းက အပြင်သို့ ထွက်သွားခဲ့ပြီး သူက အားမနေခဲ့ပေ ။

​ပထမဦးစွာ သူတစ်ဦးတည်း အနန္တ ကုန်စုံဆိုင်သို့ စောစောစီးစီး ရောက်ရှိလာခဲ့ပြီး ချန်ကျီ သူ့အား ပေးအပ်ထားသော ရောင်းချမည့် ပစ္စည်းများကို တစ်ခုချင်းစီ စနစ်တကျ ခင်းကျင်းပြသလိုက်သည်။

​ထို့နောက်တွင်မှ တီးဝိုင်း အဖွဲ့ တစ်ဖွဲ့ကို သွားရောက်ရှာဖွေခဲ့ပြီး ဆိုင်ဖွင့် သည့်အချိန်တွင် အခြေအနေကို စည်ကားစေရန်နှင့် လူအုပ်ကြီးကို ဆွဲဆောင်ရန် ပြင်ဆင်လိုက်သည်။

​ဝမ်နန်မြို့မှာ နတ်ဘုရားများနှင့် လူသားများ အတူတကွ နေထိုင်ကြသော မြို့တစ်မြို့ ဖြစ်သဖြင့် လူသားဖြစ်စေ၊ ကျင့်ကြံသူဖြစ်စေ မင်္ဂလာဆောင် ၊ နာရေး စသည့် ကိစ္စများ ရှိတတ်ကြသည်။

​မည်သူမဆို စည်ကားသည်ကို နှစ်သက်ကြသဖြင့် သဘာဝကျစွာပင် လူသားအချို့က ဤကဲ့သို့သော အလုပ်မျိုးကို လုပ်ကိုင်ကြခြင်း ဖြစ်၏။

​ဤအရာများမှာ ချန်ကျီ ကြိုတင်မှာကြားထားခဲ့သော ကိစ္စရများ ဖြစ်သည်၊ မည်သို့ပင်ဆိုစေ အနန္တ ကုန်စုံဆိုင်၏ တည်နေရာက အနည်းငယ် ဝေးလံခေါင်ဖျားသဖြင့် ဖြတ်သန်းသွားလာသော လူဦးရေကမများပြားပေ ။

တီးဝိုင်း အဖွဲ့မှာ ပျော်ရွှင်မှု ကို ဖန်တီးပြီး လူများကို ဆွဲဆောင်ရန်အတွက် ဖြစ်သည်။

​ထို့အပြင် ဤအရာက ချန်ကျီ စီစဉ်ထားသော ဆိုင်ဖွင့်ခြင်း၏ ပထမဆုံး ခြေလှမ်းသာ ရှိသေး၏။

​တီးဝိုင်း အဖွဲ့ကို ရှာဖွေပြီးနောက် အချိန်ကို ချိန်းဆိုကာ စျေးနှုန်းကို ညှိနှိုင်းလိုက်သည်။

​ဤအချိန်တွင် လမ်းမပေါ်၌ လူဦးရေက တဖြည်းဖြည်း များပြားလာခဲ့ပြီ ဖြစ်သည်။

​ရှန်းဝမ်စန်းက လမ်းမပေါ်တွင် လှည့်လည်ကြည့်နေခဲ့ပြီး အခြေခံအားဖြင့် ဆိုင်ခန်းတိုင်း စျေးဆိုင်တိုင်းကို အစအဆုံး လှည့်ပတ်ကြည့်ခဲ့သည်။

​ယခုအခါ ရှန်းဝမ်စန်းက စျေးဆိုင်အားလုံး၏ စီးပွားရေးလုပ်ကိုင်မှုပုံစံကို နားလည်သဘောပေါက်သွားခဲ့ပြီဖြစ်ပြီး ပစ္စည်းအားလုံး၏ စျေးနှုန်းများကိုလည်း အလွတ်ရနေခဲ့ပြီ ဖြစ်သည်။

​အနန္တ ကုန်စုံဆိုင် စတင်လည်ပတ်သည်နှင့် သူက အမြတ်အစွန်း ရရှိစေရုံတင်မကဘဲ အပြင်က တခြားနေရာအားလုံးတွင် ရောင်းချသော ပစ္စည်းစျေးနှုန်းထက် ပိုမိုသက်သာအောင် လုပ်နိုင်တော့မည် ဖြစ်သည်။

All Chapters