အခန်း ၇၈
Vol. 8 Ch. 78
အခန်း (၇၈) အုတ်မြစ်ချခြင်းဆေးလုံး
ရှန်းဝမ်စန်းက အနန္တ ကုန်စုံဆိုင် တံခါးဝတွင် ရပ်နေပြီး မည်သူတစ်ဦးတစ်ယောက်မျှ ဝင်မလာဘဲ လူအားလုံးက ဝိုင်းအုံကြည့်နေကြသည်ကို မြင်တွေ့လိုက်ရသည်။
ရှန်းဝမ်စန်းက ရှေ့သို့ လှမ်းထွက်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ဟစ်အော်လိုက်သည်။ "အနန္တ ကုန်စုံဆိုင်က ဒီနေ့ ဆိုင်ဖွင့်တာ ဖြစ်လို့ ကုန်ပစ္စည်းအားလုံးကို စျေးနှုန်းတစ်ဝက်နဲ့ ရောင်းချပေးနေပါတယ်၊ ကလေး လူကြီး မရွေး စျေးနှုန်းမှန်ကန်ရပါမယ်၊ မင်းတို့ လိုအပ်တဲ့ ဘယ်လိုပစ္စည်းမျိုးမဆို ငါတို့ဆီမှာ အကုန်ရှိပါတယ်၊ ပြီးတော့ စျေးနှုန်းတစ်ဝက်က ဒီနေ့တစ်ရက်ပဲ ကန့်သတ်ထားတာပါ"
ရှန်းဝမ်စန်း၏ အသံက အနန္တ ကုန်စုံဆိုင် တံခါးဝတွင် စုဝေးရောက်ရှိနေသော လူတိုင်း၏ နားထဲသို့ ထပ်မံ ရောက်ရှိသွားခဲ့ပြန်သည်။
ထိုအချိန်တွင် လူတစ်ယောက်က စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။ "ဆိုင်ရှင်... တကယ်ပဲ ကုန်ပစ္စည်းအားလုံး စျေးနှုန်းတစ်ဝက် ဟုတ်ပါသလား"
"ဟုတ်ပါတယ်" ရှန်းဝမ်စန်းက အတည်ပြုသည့်အနေဖြင့် ပြောလိုက်သည်။
"ဒါဆိုရင် ချီစုစည်း ဆေးလုံး တစ်လုံးကို ဝိညာဉ်ကျောက်တုံး ဘယ်လောက်လဲ"
ရှန်းဝမ်စန်းက တွေးပင်မနေဘဲ တိုက်ရိုက် ပြန်လည်ဖြေလိုက်သည်။ "အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးတုံးကို တစ်လုံးပါ"
ရှန်းဝမ်စန်း၏ အသံ ဆုံးသွားသည်နှင့် လူအုပ်ကြီးအတွင်း၌ ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားခဲ့တော့သည်။
"တကယ်ပဲ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးတုံးတည်းလား"
"ကုန်ပစ္စည်း ဘယ်လောက်အထိ ရှိလဲ"
လူအများစု မေးမြန်းကြသည်မှာ ဤမေးခွန်းနှစ်ခုပင် ဖြစ်၏။
"ချီစုစည်း ဆေးလုံးက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးတုံးကို တစ်လုံးပါ၊ ချီစုစည်း ဆေးလုံးက ဒီနေ့အတွက် အလုံး ၁၀၀၀ ပဲ ရှိပါတယ်၊ တခြား ကုန်ပစ္စည်းတွေကလည်း အလားတူပဲ အရေအတွက် ၁၀၀၀ စီ ကန့်သတ်ထားတာမို့လို့ အရင်လာတဲ့သူ အရင်ရပါမယ်"
ရှန်းဝမ်စန်း၏ အသံက လူအုပ်ကြီးအတွင်း၌ ပြင်းထန်သော ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ထပ်မံ ပွက်လောရိုက်သွားစေခဲ့ပြန်သည်။
"ဆိုင်ရှင်... ကျွန်မကို ချီစုစည်း ဆေးလုံး ၁၀ လုံး ပေးပါ"
"ဆိုင်ရှင်... ကျွန်တော်က အလုံး ၂၀ လိုချင်တယ်"
"ကျွန်တော်ကတော့ အလုံး ၁၀၀"
"....."
အော်ဟစ်သံများက တစ်သံပြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။
ရှန်းဝမ်စန်းက ဤအော်ဟစ်သံများကို ကြားရသဖြင့် စိတ်ထဲ၌ မတတ်သာဘဲ တွေးလိုက်မိ၏။ "ဒီကောင်တွေက ငါ့ဆီ လာပြီး ကုန်ပစ္စည်း လက်ကား လာယူဖို့ ကြံနေကြတာပဲ"
တစ်ချိန်တည်းမှာပင် လူအချို့က အနန္တ ကုန်စုံဆိုင် တံခါးဝသို့ ပြေးလွှားသွားကြပြီး အနည်းငယ် တိုးဝှေ့မှုပင် ဖြစ်ပေါ်လာခဲ့သည်။
ရှန်းဝမ်စန်းက လူအများ ဤသို့ ဖြစ်နေသည်ကို မြင်ရသဖြင့် ခေါင်းကိုခါယမ်းကာ ပြုံးလိုက်မိသည်၊ သူက ကြိုတင်ပြီး စိတ်ကူးပြင်ဆင်ထားပြီးသား ဖြစ်၏။
ယခု အခြေအနေမှာ ချန်ကျီ ခန့်မှန်းထားသည့်အတိုင်း လုံးဝ ထပ်တူကျနေပေသည်။
စျေးနှုန်းတစ်ဝက် ဆိုသည့် စျေးနှုန်းက သဘာဝကျစွာပင် လုယက်ဝယ်ယူမှုကို ခေါ်ဆောင်လာပေလိမ့်မည်။
ရုတ်တရက် ရှန်းဝမ်စန်း၏ ခန္ဓာကိုယ်မှ အော်ရာများ ပေါက်ကွဲထွက်လာခဲ့ပြီး တစ်ကိုယ်လုံးတွင် ဝိညာဉ်စွမ်းအားများ တုန်ခါသွားခဲ့သည်။
ထို အနန္တ ကုန်စုံဆိုင် တံခါးဝသို့ တိုးဝှေ့ပြီး ဝင်ရောက်ရန် ပြင်နေသော လူအားလုံးမှာ ဤအော်ရာ၏ ဖိနှိပ်မှုကြောင့် နောက်သို့ ပြန်လည် လွင့်စင်သွားခဲ့ရတော့သည်။
"အုတ်မြစ်ချခြင်းအဆင့်လား"
လူအုပ်ကြီးထဲမှ လူအချို့က ရှန်းဝမ်စန်း ဖော်ပြလိုက်သော ကျင့်ကြံခြင်းအဆင့်ကို ရိပ်မိသွားကြသည်။
မူလက ရှန်းဝမ်စန်းသည် ချီသန့်စင်ခြင်း အဆင့် ကိုး ကျင့်ကြံခြင်းဖြင့် လူအများရှေ့တွင် ပေါ်ထွက်ရန် ပြင်ဆင်ခဲ့သော်လည်း ချန်ကျီနှင့် တိုင်ပင်ဆွေးနွေးပြီးနောက်တွင် နောက်ဆုံး၌ အုတ်မြစ်ချခြင်းအဆင့်သို့ ပြောင်းလဲလိုက်ခြင်း ဖြစ်၏။
စိုးရိမ်ရသည်မှာ ယခုကဲ့သို့သော အခြေအနေမျိုး ဖြစ်သည်၊ တကယ်လို့ လူအားလုံးက စျေးဆိုင်အတွင်းသို့ တစ်ပြိုင်နက်တည်း အတင်းတိုးဝင်လာကြပါက စျေးဆိုင်ကို ဖျက်ဆီးပစ်လိုက်သကဲ့သို့ ဖြစ်သွားနိုင်ပေသည်။
ရှန်းဝမ်စန်းက အုတ်မြစ်ချခြင်းအဆင့် ကျင့်ကြံခြင်းကို ဖော်ပြလိုက်ခြင်းမှာ လူအားလုံးကို ဟန့်တားရန်အတွက် ဖြစ်၏။
စိတ်ကူးပေါက်နေသော လူများကို ၎င်းတို့ မတွေးသင့်သော အတွေးများကို အမြန်ဆုံး စွန့်လွှတ်လိုက်ရန် ဖြစ်ပေသည်။
"တန်းစီကြပါ၊ တစ်ယောက်ချင်းစီ ဝင်ပါ၊ ဒီနေ့ ကုန်ပစ္စည်းက အကန့်အသတ် ရှိတာမို့လို့ လူတိုင်း မင်းတို့ လိုအပ်တဲ့ ပစ္စည်းကို ဝယ်ယူနိုင်ဖို့အတွက် တစ်ယောက်ကို ကုန်ပစ္စည်းတစ်မျိုးစီကို အခု ၁၀ ခုပဲ ကန့်သတ်ဝယ်ယူခွင့် ရှိပါမယ်"
ရှန်းဝမ်စန်း၏ ဤအော်ဟစ်သံအတွင်း၌ အုတ်မြစ်ချခြင်းအဆင့် စွမ်းအား၏ ဝိညာဉ်စွမ်းအား ဖိနှိပ်မှုများလည်း ရောနှောပါဝင်နေခဲ့သည်။
ခုနတင်ကမှ အနန္တ ကုန်စုံဆိုင်အတွင်းသို့ အတင်းတိုးဝင်ရန် ပြင်နေသော လူများမှာ တစ်ယောက်ချင်းစီ ကြောက်ရွံ့တုန်လှုပ်သွားကြတော့၏။
သို့သော်လည်း စျေးသက်သာသော ပစ္စည်းများကို ဝယ်ယူလိုကြသဖြင့် အားလုံးက လိမ္မာယဉ်ကျေးစွာဖြင့် စတင် တန်းစီကြရတော့သည်။
ဤလူများကလည်း မအကြပေ ၊ ဤစျေးဆိုင်ကို ဖွင့်လှစ်ထားသော ဆိုင်ရှင်မှာ အုတ်မြစ်ချခြင်းအဆင့် ကျင့်ကြံသူကြီးတစ်ဦး ဖြစ်နေပြီး ၎င်းတို့က ချီသန့်စင်ခြင်း အဆင့် များသာ ဖြစ်ရာ မည်သူက ရိုင်းရိုင်းစိုင်းစိုင်း ပြုလုပ်ရဲပါမည်နည်း။
ဝမ်နန်မြို့အတွင်း၌ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခြင်းကို တားမြစ်ထားသော်လည်း ထိုစည်းမျဉ်းများက ၎င်းတို့ကဲ့သို့သော ချီသန့်စင်ခြင်း အဆင့်များကိုသာ ကန့်သတ်နိုင်ခြင်း ဖြစ်၏။
အုတ်မြစ်ချခြင်းအဆင့် ပုဂ္ဂိုလ်က ၎င်းတို့ကဲ့သို့သော လူများကို သတ်ဖြတ်လိုပါက မြို့သခင်အိမ်တော်က ဝင်ရောက်စွက်ဖက်ခြင်း ရှိ၊ မရှိ ဆိုသည်မှာ နောက်ထပ် ကိစ္စတစ်ခု ဖြစ်ပေသည်။
စုံစမ်းတွေ့ရှိသွားသည့်တိုင်အောင် ၎င်းတို့ကဲ့သို့သော ချီသန့်စင်ခြင်း အဆင့် တစ်ကိုယ်တော် ကျင့်ကြံသူများအတွက် အပိုအလုပ် ရှုပ်ခံပြီး အုတ်မြစ်ချခြင်းအဆင့် တစ်ဦးကို ရန်ငြိုးဖွဲ့ရန် ထိုက်တန်မှု ရှိ၊ မရှိ ဆိုသည်ကို သေသေချာချာ စဉ်းစားတွေးတောရပေလိမ့်မည်။
ထိုနေရာရှိ လူတစ်ယောက်မှ ရှန်းဝမ်စန်း၏ ဒေါသကို မဆွပေးရဲကြပေ ၊ မည်သူမျှ အုတ်မြစ်ချခြင်းအဆင့်တစ်ဦးကို စိတ်အနှောင့်အယှက် မဖြစ်စေလိုကြပါ။
ဘယ်လိုပဲဖြစ်ဖြစ် ဤအနန္တ ကုန်စုံဆိုင်ဆိုင်ရှင်က ပြောကြားပြီးသား ဖြစ်သည်၊ ကုန်ပစ္စည်းအားလုံးက အကန့်အသတ် ရှိသည်ဟုပင်။
၎င်းတို့ တန်းစီနေသရွေ့ စျေးနှုန်းတစ်ဝက်ရှိသော ပစ္စည်းများကို ဝယ်ယူနိုင်ခွင့် ရှိနေဆဲ ဖြစ်၏။
တကယ်လို့ စျေးနှုန်းတစ်ဝက်ရှိတဲ့ အလုံး ၁၀၀၀ ရှိသော ချီစုစည်း ဆေးလုံးကို ဝယ်မရရင်တောင် တခြား ကုန်ပစ္စည်းတွေကိုလည်း အလားတူပဲ ဝယ်လို့ရနိုင်တာပဲ။
ဘယ်လိုပဲဖြစ်ဖြစ် စျေးနှုန်းတစ်ဝက် ဖြစ်နေတာမို့လို့ ဘယ်လိုပဲကြည့်ကြည့် ၎င်းတို့က အမြတ်ထွက်နေတာပဲ ဖြစ်သည်။
ခုနတင်ကမှ အဆက်မပြတ် တိုးဝှေ့နေကြသော တစ်ကိုယ်တော် ကျင့်ကြံသူများမှာ ယခုအခါ တစ်ယောက်ချင်းစီ စနစ်တကျ တန်းစီနေကြပြီဖြစ်ပြီး စျေးနှုန်းတစ်ဝက်ရှိသော ပစ္စည်းများကို ဝယ်ယူရန် စောင့်ဆိုင်းနေကြတော့သည်။
ရှန်းဝန်းစန်းက အနန္တ ကုန်စုံဆိုင် တံခါးဝတွင် ရပ်နေပြီး ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ "သခင် စီစဉ်ထားတာက တကယ်ကို မမှားဘူးပဲ"
တန်းစီပြီးသွားသော လူအုပ်ကြီးက အနန္တ ကုန်စုံဆိုင်အတွင်းသို့ ဆက်လက် လျှောက်လှမ်းဝင်ရောက်ရန် ပြင်လိုက်ကြသည်။
ထိုအချိန်တွင် ရှန်းဝမ်စန်းက ရုတ်တရက် ထပ်မံ စကားပြောလိုက်ပြန်သည်။ "မိတ်ဆွေတို့ ခဏလောက် စောင့်ပါဦး၊ ငါ့မှာ မိတ်ဆွေတို့ကို သတိပေးစရာ စကားတစ်ခွန်း ရှိပါသေးတယ်"
အကြည့်အားလုံးက ရှန်းဝမ်စန်းထံသို့ ကျရောက်သွားခဲ့ပြီး ရုတ်တရက် ထူးဆန်းစွာ ငြိမ်သက်သွားခဲ့တော့သည်။
"ဒီနေ့ အနန္တ ကုန်စုံဆိုင်က ရောင်းချတဲ့ ကုန်ပစ္စည်းတွေက ချီသန့်စင်ခြင်း အဆင့် ကျင့်ကြံသူတွေ လိုအပ်တဲ့ အရင်းအမြစ်တွေပဲ "
ထိုနေရာရှိ လူတစ်ယောက်မျှ သဘောထားကွဲလွဲခြင်း မရှိကြပေ ၊ ၎င်းတို့အားလုံးက ချီသန့်စင်ခြင်း အဆင့်များသာ ဖြစ်ကြသည်။
ချီသန့်စင်ခြင်း အဆင့် အရင်းအမြစ်တွေကို မဝယ်ရင် တခြား ဘာကို ဝယ်ရပါမည်နည်း။
သို့သော်လည်း ရှန်းဝမ်စန်း၏ နောက်ထပ် စကားတစ်ခွန်းကမူ လူတိုင်းကို ထပ်မံပြီး အံ့အားသင့်သွားစေခဲ့တော့သည်။
"မနက်ဖြန်ကျရင်တော့ အနန္တ ကုန်စုံဆိုင်ရဲ့ ကုန်ပစ္စည်းအားလုံးက ပုံမှန်ရောင်းစျေးအတိုင်း ပြန်လည်ရောင်းချသွားမှာ။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ဆိုင်က အုတ်မြစ်ချခြင်းဆေးလုံး ကိုလည်း အရေအတွက် ကန့်သတ်ပြီး ရောင်းချပေးသွားမှာပါ"
ရှန်းဝမ်စန်းက အုတ်မြစ်ချခြင်းဆေးလုံး ဟူသော စကားလုံး သုံးလုံးကို ပြောလိုက်သည်နှင့် လူအုပ်ကြီးအတွင်း၌ ပြင်းထန်သော ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ထပ်မံ ပွက်လောရိုက်သွားစေခဲ့ပြန်သည်။
ထိုနေရာရှိ ကျင့်ကြံသူအားလုံးမှာ မျက်နှာတွင် မျှော်လင့်တောင့်တနေသော အမူအရာများ ပေါ်ထွက်လာခဲ့ကြ၏။
အုတ်မြစ်ချခြင်းဆေးလုံး ဆိုတာ ဘယ်လိုအရာမျိုးလဲ။
ထိုနေရာရှိ ကျင့်ကြံသူတိုင်းက စိတ်ထဲ၌ အလွန်ပင် သေသေချာချာ သိရှိကြသည်။
၎င်းက အုတ်မြစ်ချခြင်းအဆင့်သို့ တက်နိုင် မည့် အခွင့်အရေးကို မြှင့်တင်ပေးနိုင်သော ဆေးလုံးတစ်မျိုး ဖြစ်ပြီး ဝမ်နန်မြို့၌ ရောင်းချခြင်းမျိုး လုံးဝ မရှိခဲ့ဖူးပေ ။
ဤကဲ့သို့သော ဆေးလုံးမျိုး ရှိနေပါက မည်သူကမဆို တင်းကျပ်စွာ သိမ်းဆည်းထားကြမည်ဖြစ်ပြီး သူတစ်ပါး လုယက်သွားမည်ကို စိုးရိမ်ကြပေလိမ့်မည်။
ယခုအခါ တစ်စုံတစ်ဦးက ၎င်းကို ထုတ်ယူပြီး ရောင်းချမည်ဟု ဆိုလာရာ ၎င်းတို့က တွေးပင် မတွေးရဲကြပေ ။
ထို့အပြင် အုတ်မြစ်ချခြင်းဆေးလုံး ဆိုသည်မှာ အမြဲတမ်း စျေးကွက်ရှိသော်လည်း ဝယ်မရနိုင်သော အခြေအနေမျိုး ဖြစ်၏။
၎င်းတို့က စိတ်ထဲ၌ ထပ်မံပြီး အသေးစိတ် မေးမြန်းလိုကြသဖြင့် အုတ်မြစ်ချခြင်းဆေးလုံး၏ စျေးနှုန်းကို သိရှိလိုကြသည်။
"ဆိုင်ရှင်... ဒီအုတ်မြစ်ချခြင်းဆေးလုံးက ဝိညာဉ်ကျောက်တုံး ဘယ်လောက်နဲ့ ရောင်းမှာလဲ"
နောက်ဆုံးတွင် လူတစ်ယောက်က မေးမြန်းလိုက်ခြင်း ဖြစ်သော်လည်း ဤလူက လူအုပ်ကြီး၏ အနောက်ဘက်တွင် တန်းစီနေခြင်း ဖြစ်သဖြင့် အသံကလည်း မကျယ်လှပေ ။
ထိုနေရာက ယခုအခါ ထူးဆန်းစွာ ငြိမ်သက်နေသဖြင့် ထိုလူ၏ အသံက မကျယ်သော်လည်း လူတိုင်းကို သေသေချာချာ ကြားရစေခဲ့သည်။
ရှန်းဝမ်စန်းကလည်း သဘာဝကျစွာပင် ကြားလိုက်ရ၏။
လူတိုင်းက နားစွင့်ထားကြပြီး ရှန်းဝမ်စန်း၏ အဖြေကို စောင့်ဆိုင်းနေကြသည်။
ရှန်းဝမ်စန်းကမူ အနည်းငယ် ပြုံးလိုက်ပြီး "အုတ်မြစ်ချခြင်းဆေးလုံးရဲ့ စျေးနှုန်းကိုတော့ မနက်ဖြန်ကျမှ ပြောပါမယ်။ ကျွန်တော်က ဒီသတင်းကို ကြိုတင်ပြီး ထုတ်ပြန်လိုက်တာကလည်း အုတ်မြစ်ချခြင်းဆေးလုံး လိုအပ်နေတဲ့ မိတ်ဆွေတို့ကို သတိပေးချင်လို့ပါ။ ဒီနေ့ ဝိညာဉ်ကျောက်တုံးတွေကို ချီသန့်စင်ခြင်း အဆင့် အရင်းအမြစ်တွေ ဝယ်ယူတဲ့နေရာမှာ အကုန် အသုံးမပြုလိုက်ပါနဲ့ဦး၊ မနက်ဖြန်ကျရင် ပိုပြီး ကောင်းမွန်တဲ့ အရာတွေက မိတ်ဆွေတို့ကို စောင့်ဆိုင်းနေပါတယ်။ ကျွန်တော် ဒီလို ပြောရခြင်းကလည်း ကျင့်ကြံခြင်း အရင်းအမြစ်တွေ ပိုမိုလိုအပ်နေတဲ့ ချီသန့်စင်ခြင်း အဆင့် မိတ်ဆွေတွေအားလုံး လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူနိုင်ဖို့အတွက်ပါပဲ "
"ဆိုင်ရှင်က တကယ်ပဲ စိတ်သဘောထား ကြီးမြတ်တာပဲ"
"ဆိုင်ရှင်က လူကောင်းတစ်ယောက်ပဲ"
"......."
ကျင့်ကြံသူ အများအပြားက စိတ်ထဲ၌ ဆုံးဖြတ်ချက် ချလိုက်ကြပြီ ဖြစ်သည်။
မနက်ဖြန်ကျရင် ၎င်းတို့ ပစ္စည်းမဝယ်ရင်တောင်မှ အုတ်မြစ်ချခြင်းဆေးလုံးရဲ့ ပုံစံကို လာရောက်ဗဟုသုတယူ ကြည့်ရပေလိမ့်မည်။
တစ်ကိုယ်တော် ကျင့်ကြံသူများ၏ အတွေးကလည်း အပြစ်ပြောစရာ မရှိပေ ၊ ဘယ်လိုပဲဖြစ်ဖြစ် ဝမ်နန်မြို့၌ ဝယ်လိုအား အများဆုံးအရာမှာ ချီသန့်စင်ခြင်း အဆင့် လိုအပ်သော ကျင့်ကြံခြင်း အရင်းအမြစ်များပင် ဖြစ်သည်။
အုတ်မြစ်ချခြင်းအဆင့် လိုအပ်သော ကျင့်ကြံခြင်း အရင်းအမြစ်များမှာမူ အလွန် ရှားပါးလှပေသည်။
ပေါ်ထွက်လာသည်နှင့် သေချာပေါက် ကျင့်ကြံသူ အမြောက်အမြားကို ဆွဲဆောင်လာပေလိမ့်မည်။
ဝယ်မရသည့်တိုင်အောင် ဗဟုသုတအဖြစ် ကြည့်ရသည်ကလည်း ကောင်းမွန်လှပေသည်။
အနန္တ ကုန်စုံဆိုင်က မနက်ဖြန်တွင် အုတ်မြစ်ချခြင်းဆေးလုံးကို ရောင်းချမည်ဟူသော သတင်းမှာ မကြာမီ နှင်းပွင့်များကဲ့သို့ ဝမ်နန်မြို့၏ ထောင့်စွန်းတိုင်းသို့ ပျံ့နှံ့သွားတော့မည် ဖြစ်သည်။
ရှန်းဝမ်စန်းက စိတ်ကျေနပ်စွာ ပြုံးလိုက်မိသည်၊ ယခု မြင်ကွင်းမှာ ချန်ကျီ ခန့်မှန်းထားသည့်အတိုင်း လုံးဝ ထပ်တူကျနေပေသည်။
ထိုအချိန်တွင် ရှန်းဝမ်စန်းကို အစဉ်အမြဲ စောင့်ကြည့်နေသော ချန်ကျီကလည်း အလားတူပင် မျက်နှာတွင် အပြုံးများ ပေါ်ထွက်နေခဲ့ပြီး အရာအားလုံးက သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ ဖြစ်နေတော့သည်။
"ကောင်းပါပြီ... အခု အနန္တ ကုန်စုံဆိုင်ကို တရားဝင် စတင်လည်ပတ်ပါပြီ၊ အားလုံးက မိမိတို့ ဝယ်ယူဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို ကြိုတင် စဉ်းစားထားကြပြီး အလှည့်ကျ ဝင်ရောက်နိုင်ပါပြီ"
ရှန်းဝမ်စန်းက ပြောပြီးနောက်တွင် အနန္တ ကုန်စုံဆိုင် တံခါးဝတွင် ဆက်လက် ရပ်မနေတော့ပေ ။
၎င်းအစား လှည့်ထွက်ကာ အနန္တ ကုန်စုံဆိုင်အတွင်းသို့ လျှောက်လှမ်းဝင်ရောက်သွားခဲ့ပြီး ကောင်တာအနောက်တွင် ရပ်ကာ ပထမဆုံး ဖောက်သည် ဝင်ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့တော့သည်။