← Chapters

တာအို တိုက်ပွဲ

Vol. 016 Ch. 791

တာအို တိုက်ပွဲ

Vol. 016 Ch. 791

ရှုဖန်ဟန်၏ စကားလုံးများက လှံရှည်၏ ပျောက်ကွယ်သွားမှုဖြင့် ကြားဖြတ်ခြင်း ခံလိုက်ရသည်။

သူ့ပိန်ပါးသော ပုံရိပ်ကလည်း ဖုန်မှုန့်များကြားကနေ လှမ်းထွက်လာခဲ့သည်။သူ့မျက်နှာက ဖြူရောနေကာ သနားစရာအခြေအနေသို့ စိုက်ရောက်နေတော့၏။ သူ့မျက်လုံးများက အေးစက်နေကာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို သယ်ဆောင်ကာထားသည်။

“မင်း သိပ်တော်သားပဲ။ ကောင်းတယ်…”

သူ့ထံကနေ သွားကြားထဲကနေ စိမ့်ထွက်လာသည့် အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာသည်။ ပထမအဆင့်ရှိ ကျင့်ကြံသူတစ်ယောက်၏ ခုလိုမျိုး လွင့်ထွက်သွားအောင် အလုပ်ခံလိုက်ရခြင်းက သူ့အတွက် အရှက်ရစရာပင်။သူက မြေကြီးအောက်မှ ရတနာအပိုင်းအစများအတွက် သည်နေရာသို့ ရောက်လာရသည့် အကြောင်းရင်းကိုပင် မေ့ပျောက်သွားတော့၏။သူ့စိတ်ထဲ၌ ဝမ်လင်းကို သတ်ပစ်ချင်စိတ်တစ်ခုသာ ရှိတော့သည်။

ဝမ်လင်းက ကြိတ်၍ သက်ပြင်းချသည်။ဒုတိယအဆင့်ရှိ ကျင့်ကြံသူတစ်ယောက်ကို သတ်ပစ်ဖို့ တော်တော်လေး ခက်ခဲလှပေသည်။ကောင်းကင်ဘုံသက်တော်စောင့်၏ လျှပ်တစ်ပြတ် အငိုက်ဖမ်းတိုက်ခိုက်သည့် လက်သီးချက်ကို ပထမအဆင့်ရှိ မည်သည့်ကျင့်ကြံသူမဆို ပိတ်ဆို့နိုင်လိမ့်မည် မဟုတ်ပေ။

သို့ရာတွင် ဝမ်လင်းက သည်လူ့ကိုတော့ ဒဏ်ရာရရုံသာ တက်နိုင်ခဲ့သည်။ သူက ဒုတိယအဆင့်၏ အစစ်အမှန် ကျင့်ကြံသူဟုပင် ခေါ်ဆို၍ မရေသေးသော ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူကိုပင် မသတ်နိုင်ခဲ့ပေ။

“ဒီလူရဲ့စွမ်းအားက အတိတ်တုန်းက မိုးကြိုးတာအိုပညာရှင်ထက် သာလွန်တာပဲ…”

ဝမ်လင်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ သည့်နောက် အပိုင်းအစများအားလုံးသည် မြေမျက်နှာပြင်ပေါ်တွင် သူ့ကြောင့် စုတင်လာကြသည်။

ဝမ်လင်းက ရှုဖန်ဟန်၏ ဦးခေါင်းထက်ရှိ နတ်ဆိုးမိစ္ဆာကြာပွင့်ကို စူးစိုက်ကြည့်နေသည်။

ရှုဖန်ဟန်က အသက်ဝဝရှုသွင်းလိုက်၏။ သည့်နောက် သူက ကောင်းကင်ထက်သို့ ညာလက်ညွှန်ကာ ညစ်ကျယ်ကျယ် ပြောလာသည်။

“မင်းမှာ ရုပ်သေးတစ်ခု ရှိနေရင်တောင် ငါက ပုံရိပ်ယောင်ယင်အဆင့်ကို ရောက်ရှိခဲ့တဲ့အချိန်မှာ ငါ့မိစ္ဆာနတ်ဆိုးကြာပွင့်ရဲ့ တာအို ဖြစ်ပေါ်ခဲ့တဲ့အတွက် မင်းက ပြာမှုန်ဘဝ ရောက်ရလိမ့်မယ်…”

“နတ်ဆိုးမိစ္ဆာကြာပွင့်တာအို…ပထမတစ်ကြိမ်လှည့်လည်ခြင်း…”

ရှုဖန်ဟန်သည် စကားစ သပ်ပြီးနောက် သူ့နတ်ဆိုးမိစ္ဆာကြာပွင့်သည် ဖြည်းဖြည်းချင်း လှည့်ပတ်လာ၏။ ထိုလှည့်ပတ်မှုသည် နတ်ဆိုးမိစ္ဆာကြာပွင့်ကို ပို၍သိပ်သည်းလာစေကာ ကောင်းကင်တစ်ဝက်ထိ ဖုံးအုပ်လာချေသည်။

ဝမ်လင်းအသွင်က အလေးအနက် ဖြစ်လာ၏။ကိုယ်ပိုင်တာအိုနှင့် ကျင့်ကြံသူတစ်ယောက်ကို စုံတွေ့ရန်က ရှားပါးလွန်းလှပေ၏။ ထိုမိစ္ဆာကြာပွင့်လှည့်လည်မှုက ကမ္ဘာလောကကိုပါ အစားထိုးဝင်ရောက်လာသလား ထင်မှတ်ရသည်။

ထိုခံစားချက်က အစစ်အမှန်မဟုတ်သော်လည်း အစစ်အမှန်ဟု ခံစားရစေသည်။

“ငါက ဒါကို ဆက်ပြီး လှည့်လည်ဖို့ ခွင့်ပြုလို့မရဘူး…” ဝမ်လင်းအသွင်က ရုတ်တရက် ဖြူရောသွားသည်။ ရုတ်တရက်ဆိုသလို မိုးကြိုးသည် မိစ္ဆာကြာပွင့်ထံမှ အနက်ရောင်မီးတောက်များ ဖုံးအုပ်ထားသည့် ကောင်းကင်တစ်ဝက်အနှံ့ ပဲ့တင်ထပ်လာတော့၏။

ချက်ခြင်းလိုလိုပင် ကောင်းကင်ထက်၌ တစ္ဆေလောကမြစ် ထွက်ပေါ်လာချေသည်။သည်တစ္ဆေလောကမြစ်သည် အလွန်တရာ ရှည်လျားလှသည်။၎င်းမြစ်အတွင်းမှ ညီးတွားသံများ ထွက်ပေါ်နေကာ ကမ္ဘာလောကသည် မကျေမချမ်းမှုနှင့် ပြည့်နှက်လာသည်ဟု ထင်မှတ်ရပြန်သည်။

တစ္ဆေလောကမြစ်သည် အနက်ရောင်မီးတောက်၏ နယ်မြေပိုင်နက်ကို ဖြစ်ညှစ်လာကာ ဆန့်ကျင်ဘက် အားတစ်ခုကို ဖန်တီး၏။ သည်အခိုက်အတန့်၌ ကမ္ဘာလောက၏ လည်ပတ်မှုသည် ဖြည်းဖြည်းချင်း ရပ်တန့်လာကာ ဝမ်လင်း၏အသွင်ကလည်း အလေးအနက် ဖြစ်လို့နေသည်။

ကိုယ်ပိုင်တာအိုရှိသော ကျင့်ကြံသူများသည် ထိုတာအိုကို ပုံပန်းသဏ္ဌာန်အသွင်ဖြင့် ပြုလုပ်နိုင်ကာ ထိုအရာက ကြောက်မက်ဖွယ်ကောင်း၏။ ဝမ်လင်းသည်လည်း ထိုအဆင့်သို့ ရောက်နေသည့်သူ ဖြစ်သည်။

ရှုဖန်ဟန်က တစ္ဆေလောကမြစ်ကို ကြည့်ကာ သူ့မျက်လုံးက ကျဉ်းမြောင်းသွားသည်။ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ဒီတော့ မင်းကလည်း ကိုယ်ပိုင်တာအိုကို သတ္တုချနိုင်တယ်ပေါ့။ မင်းက တောင်ရဲ့ စိတ်ဝိညာဉ်ကို ထုတ်ယူနိုင်တဲ့အပြင် ရတနာများစွာလည်း ပိုင်ဆိုင်ထားသေးတယ်။ ငါခန့်မှန်းတာမမှားရင် မင်းကလည်း ဒုတိယအဆင့်ကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်ရမယ်။ဒါပေမဲ့ တစ်ချို့အခြေအနေအကြောင်းတွေကြောင့် မင်းရဲ့ ကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်ကို ပြန်ရောက်ရှိ သွားခဲ့တာ…”

ထိုသို့ ရှင်းပြမှသာ ရှုဖန်ဟန်အဖို့ ဆိုးဆိုးရွားရွားခံစားနေရခြင်းကနေ သက်သာပေမည်။ မဟုတ်ပါက သူသည် အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကိုတောင် မရင်ဆိုင်နိုင်သည့်သူ ဖြစ်ရပေတော့မည်။

“ကဲပါ ငါတို့နှစ်ယောက်ရဲ့ ဘယ်သူ့တာအိုက ပိုသန်မာလဲ ကြည့်ကြရအောင်…”

ရှုဖန်ဟန်၏ မျက်လုံးများက အေးစက်လာခဲ့ကာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့နှင့် ပြည့်လို့နေတော့၏။ သူ့ခေါင်းထက်ရှိ ကြာပွင့်သည်လည်း ချက်ခြင်းပင် မြန်ဆန်စွာ စတင်လှည့်ပတ်လာ၏။ အနက်ရောင်မီးတောက်ကလည်း ပို၍ မွန်းစတားဆန်လာကာ အနက်ရောင်မီးတောက်နံရံကြီးတစ်ခုအထိ ဖြစ်တည်လာလေ၏။

ရှုဖန်ဟန်က အော်ပြောလိုက်၏။ “နတ်ဆိုးမိစ္ဆာမီးတောက်…လောင်ကျွမ်းလိုက်…”

မီးတောက်ဝဲကတော့က ကြာပွင့်ကနေ ခွဲထွက်ကာ ဝမ်လင်းထံသို့ တိုးဝင်လာသည်။

ထိုဝဲကတော့က မြန်ဆန်စွာ လှည့်ပတ်လာကာ အပူဓာတ်ကို သယ်ဆောင်ထားသည့် ပြင်းထန်သော လေပြင်းကို ဖန်တီးလေ၏။ ထိုလေပြင်းက မုန်တိုင်းတစ်ခုအသွင်ပြောင်းကာ ဝမ်လင်းထံသို့ မြန်ဆန်စွာ နီးကပ်လာချေသည်။

ဝမ်လင်း၏ မျက်လုံးများက ရွှေရောင်တောက်လာခဲ့သည်။ သည်တိုက်ပွဲက သူအာဏာတက်ခြင်းအထွတ်အထိပ်အဆင့်သို့ ရောက်ရှိလာပြီးသည့်နောက် ပထမဆုံး သေရေးရှင်ရေး တိုက်ပွဲတစ်ခုပင်။ နတ်ဆိုးမိစ္ဆာမီးတောက်က နီးကပ်လာသည်နှင့် ဝမ်လင်းက ခေါင်းမော့ကာ အော်ပြောလိုက်သည်။ “ဒုတိယမြောက်စွမ်းရည်…မြစ်စိတ်ဝိညာဉ်သိပ်သည်းခြင်း…”

တစ္ဆေလောကမြစ်သည် ချက်ခြင်း တုန်ယင်လာခဲ့ကာ အတွင်းရှိ မကျေမချမ်းမှုက သိပ်သည်းလာသည်။ထိုမကျေမချမ်းမှုက အားကောင်းလွန်းကာ ဝမ်လင်း ချင်လင်းဂြိုဟ်ပေါ်ရှိ သေမျိုးများထံမှ စုဆောင်းထားခဲ့ခြင်း ဖြစ်သည်။မကျေမချမ်းမှုအားလုံးသည် ပေါင်းဖွဲ့သွားကာ မွန်းစတားဆန်လာခဲ့သည်။

ထိုမွန်းစတားဆန်လှသော မကျေမချမ်းမှုက အထည်ဒြပ်အဖြစ်သို့ ပြောင်းကာ အရိပ်များအဖြစ် ထိုးထွက်သွားကြ၏။အရိပ်တစ်ခုစီတွင် သေမျိုးတစ်ယောက်၏ ပုံရိပ်တစ်ခု ဖြစ်ပေါ်နေသည်။

ချက်ခြင်းပင် သေမျိုးများ၏ မရေမတွက်နိုင်သောအရိပ်များက ကမ္ဘာလောကတွင် ပြည့်နှက်လာခဲ့သည်။ဤအခိုက်အတန့်တွင် လောကသည် ကျဉ်းမြောင်းထူထပ်လာသည်ဟု ထင်မှတ်ရသည်။

မကျေမချမ်းမှုကြောင့် ဖြစ်ပေါ်လာသော သေမျိုးအရိပ်များအားလုံးသည် မျက်စိတစ်မှိတ်အတွင်း ပေါင်းစည်းသွားကြ၏။ ထိုအခါ ရလဒ်အနေဖြင့် လူသားအသွင်ရှိသော မကျေမချမ်း စိတ်ဝိညာဉ်တစ်ခု ဖြစ်ပေါ်လာခဲ့တော့၏။ ထိုစိတ်ဝိညာဉ်တွင် ပုံပန်းအသွင်ဟူ၍ မည်မည်ရရ ရှိမနေပေ။

မကျေမချမ်းစိတ်ဝိညာဉ်သည် တစ္ဆေလောကကနေ မွေးဖွားလာခဲ့ခြင်း မည်၏။၎င်း ပေါ်ထွက်လာသည်နှင့် တစ္ဆေလောကမြစ်သည် ထိုစိတ်ဝိညာဉ်ကို ထွေးခြုံပတ်ကာ နတ်ဆိုးမိစ္ဆာမီးတောက်ဝဲကတော့ ထံသို့ တိုးဝင်သွားလေသည်။

မကျေမချမ်းစိတ်ဝိညာဉ်နှင့် မိစ္ဆာမီးတောက်တို့သည် ထိပ်တိုက် တွေ့ကြကာ အံ့မခန်းစွမ်းအားတစ်ခုကို ဖြစ်လာစေ၏။ ချက်ခြင်းပင် တဟူးဟူးအသံများက ကောင်းကင်ထက်ကနေ ထွက်ပေါ်လာခဲ့ချေသည်။

ထို ထိပ်တိုက်တွေ့ဆုံမှု၏ စွမ်းအားကြောင့် ကောင်းကင်ပင် ပြဲဆုတ်လာသလား မှတ်ရ၏။

ထိုအား၏ ဖိသိပ်မှုအောက်တွင် မြေကြီးထုသည် ပြင်းထန်စွာ တုန်ခါသည်။ဝမ်လင်းနှင့်ရှုဖန်ဟန်တို့၏ ရှေ့တွင် အက်ကွဲကြောင်းများ ပေါ်လာကာ မြန်ဆန်စွာ ပျံ့နှံ့လာလေသည်။မြေကြီးထုတစ်ခုလုံးက နှစ်ခြမ်းကွဲသွားသည့်အလား ဖြစ်၏။

မကျေမချမ်းစိတ်ဝိညာဉ်သည် မရေမတွက်နိုင်သော မကျေမချမ်းမှု အမျှင်တန်းများအဖြစ်သို့ ပြောင်းလဲကာ တစ္ဆေလောကမြစ်ထဲသို့ ပြန်ရောက်ရှိသွားသည်။ ထို့နောက် တစ္ဆေလောကမြစ်သည် ပြိုလဲပျက်စီးသွားသည်။

တစ္ဆေလောကမြစ်သည် ဝမ်လင်း၏ တာအို ဖြစ်၏။ ၎င်းပြိုလဲသွားခြင်းက သူ့တာအို ပြိုလဲခြင်းကို ဆိုလိုသည်။ ဝမ်လင်းက ထိုပြိုလဲမှု၏ သက်ရောက်မှုကို ခံစားလိုက်ရကာ သူ့အသွင်က ချက်ခြင်း ဖြူရောသွားကာ နောက်သို့ ခြေလှမ်းအနည်းငယ် တရွတ်တိုက် ဆုတ်လိုက်ရသည်။နတ်ဆိုးမိစ္ဆာမီးတောက်၏ စွမ်းအားသည် တစ္ဆေလောကမြစ်အတွင်းသို့ ကူးပြောင်းသွားချေ၏။ တစ္ဆေလောကမြစ် ပျက်စီးသွားခိုက်တွင် ၎င်းသည် ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ထဲသို့ ကူးပြောင်းဝင်ရောက်သည်။

သည်နတ်ဆိုးမိစ္ဆာမီးတောက် ကမ္ဘာတစ်ခုလုံးကို လောင်ကျွမ်းပစ်မလား မှတ်ရသည်။ဝမ်လင်း၏ မျက်နှာက နီရဲလာကာ သူက သွေးတစ်လုပ် အန်ထုတ်လိုက်ရ၏။သူက သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် ချက်ခြင်း ပြည့်နှက်လာလေ၏။

“တတိယစွမ်းရည်…တစ္ဆေလောကမြစ်ရဲ့ စွမ်းအား…” ဝမ်လင်းက အပေါ်သို့ ဆက်ခနဲ ခေါင်းမော့လိုက်ကာ တစစီ ပြိုလဲနေသော တစ္ဆေလောကမြစ်ကို စူးစိုက်ကြည့်လိုက်သည်။သူ့အညံ့မခံ လက်မလျော့သည့် သဘာဝသည် သူ့အကြည့်ထဲ၌ ထွက်ပေါ်လို့နေသည်။

သူက ဘယ်တုန်းကမှ လက်လျော့အညံ့ခံခဲ့သူ မဟုတ်ချေ။သူ့တာအို ပြိုလဲပျက်စီးရင် သူက နောက်တစ်ဖန် ထပ်မံ ဖြစ်စေမည်။ တစ္ဆေလောကမြစ် ပြိုလဲပျက်စီးလျှင် သူက နောက်တစ်ဖန် ထပ်မံ ဖြစ်တည်စေမည်။ နတ်ဆိုးမိစ္ဆာမီးတောကသည် သူ့ခန္ဓာကိုယ်၏ ဒွာရပေါက်များထဲသို့ အတင်းဝင်ရောက်နေ၏။ ထိုမိစ္ဆာမီးတောက်က မမြင်ရပေ။ သို့သော် ထို့နောက်တွင် အနက်ရောင်အခိုးငွေ့က လေထဲ၌ မြင့်တက်လာသည်။

ရှုဖန်ဟန်၏ အသွင်ကလည်း ဖြူရောသွားသည်သာ။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ၏။ သူ့တာအိုကြောင့် ဖြစ်ပေါ်လာသည့် နတ်ဆိုးမိစ္ဆာမီးတောကသည် ပျက်စီးသွားခြင်း မရှိသော်လည်း ယင်းမီးတောက် တစ်ဝက်ကျော်သာ ကျန်တော့လေ၏။

သူ့ခန္ဓာကိုယ်သည်လည်း တစ္ဆေလောကမြစ်၏ မကျေမချမ်းစိတ်ဝိညာဉ်၏ ကျူးကျော်မှုကို ခံနေရသည်။ ကံကောင်းစွာဖြင့် သူ့ကျင့်ကြံမှုအဆင့်က ယင်းမကျေမချမ်းမှုကို ဖိနှိပ်နိုင်ရန် လုံလောက်နေသည်။သူကသာ ၎င်းကို မဖိနှိပ်နိုင်ပါက သူက ရူးသွပ်သွားကာ ဝမ်လင်းအတွက် တိုက်ခိုက်ဖို့ အခွင့်ရေးတစ်ခု ရသွားနိုင်ပေလိမ့်မည်။

“တာအို တိုက်ပွဲတွေက အန္တရာယ်အများဆုံးပဲ ဆိုတဲ့စကားက မမှားဘူးပဲ…”

ပထမဆုံးအကြိမ်အဖြစ် ရှုဖန်ဟန်က ဝမ်လင်းးကို သူနှင့်အဆင့်တူ တစ်ယောက်လို သဘောထားလာ၏။

တာအိုတိုက်ပွဲများသည် ကျင့်ကြံသူများ၏ ရင်းမြစ်များကို လှုပ်ခါနိုင်စွမ်း ရှိကြ၏။ သူတို့၏ တာအိုနှလုံးသားအပေါ် သက်ရောက်နိုင်ကြသည်။တာအိုနှလုံးသား ဆက်တိုက် ထိခိုက်စေခြင်းသည် ပြန်လည်ကောင်းမွန်ရန်အတွက် အလွန်အမင်းခက်ခဲကာ ကြောက်မက်ဖွယ်လည်း ကောင်းလှ၏။

ရှုဖန်ဟန်က ဝမ်လင်း၏ တစ္ဆေလောကမြစ် ပျက်စီးနေသည်ကို တွေ့မြင်နေ၏။ သို့သော် သည်အခိုက်အတန့်မှာပင် ပြင်းထန်အားကောင်းသော အညံ့မခံသည့် စိတ်ဆန္ဒတစ်ခုသည် ထိုပျက်စီးနေသော တစ္ဆေလောကမြစ်ကို ပြန်လည် ဖွဲ့တည်လာစေသည်။

ထိုမြင်ကွင်းက သူ့ကို အတော်လေး တုန်လှုပ်သွားစေသည်။သူ့မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်လာသည်။ပထမဆုံးအကြိမ်အဖြစ် သူက ယခုလိုပုံစံ တာအိုမန္တာန်ကို မြင်တွေ့ဖူးခြင်း ဖြစ်သည်။ သူ့မျက်လုံးက တလက်လက် ဖြစ်နေသည်။သူက ခုချိန်၌ ပြန်ဆုတ်ခွာလို့မရသည်ကိုလည်း သိနေခဲ့သည်။သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ ဟစ်ကြွေးလိုက်လေ၏။ “မိစ္ဆာကြာပွင့်…အကြိမ်တစ်ရာ လှည့်လည်ခြင်း…”

ကြာပွင့်က တုန်ယင်လာကာ မြန်ဆန်စွာ လှည့်လည်လာသည်။ သည်အခိုက်အတန့်၌ ကမ္ဘာလောက ကိုယ်တိုင် နောက်တစ်ဖန် လှည့်လည်လာသည်ဟူသော ခံစားချက်မျိုးကို ရလေ၏။

ထိုခံစားချက်က အလွန်ကြောက်မက်ဖွယ်ကောင်းလှရာ ဝမ်လင်း၏ခန္ဓာကိုယ်ကို အလိုလို နောက်ဆုတ်သွားစေသည်။ ဝမ်လင်းက နောက်မဆုတ်လိုပေ။ သို့သော် သူ့တွင် ရွေးချယ်စရာမရှိချေ။ သူက နောက်မဆုတ်လျှင် ကမ္ဘာလောကနှင့်အတူ လိုက်ပါ လှည့်လည်သွားရလိမ့်မည်ဟု ခံစားလိုက်ရ၏။

“အရင်တုန်းတည်းက ငါဟာ ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူတွေကို သတ်ခဲ့ဖူးတယ်။ ဒါ့ကြောင့် နောက်ထပ်တစ်ယောက်ကို ထပ်သတ်ဖို့က မဖြစ်နိုင်တာ မဟုတ်ဘူး…”

ဝမ်လင်း၏ ညာခြေထောက်သည် ခိုင်ခိုင်မြဲလာကာ သူ့ခန္ဓာကိုယ်က ရပ်တန့်သွား၏။သူ့အလျော့မပေးတက်သည့် အကြည့်က တစ္ဆေလောကမြစ်ပေါ်သို့ တိုက်ရိုက်ကျရောက်သွားသည်။

ထိုဆန္ဒထဲ၌ ဝမ်လင်း၏ ယုံကြည်မှု ပါဝင်နေသည်။အညံ့မခံသည့်စိတ်ဆန္ဒနှင့် ယုံကြည်မှုတို့ ပေါင်းစပ်ခြင်းက တစ္ဆေလောကမြစ်ကို ပျက်စီးနေရာကနေ ရပ်တန့်သွားစေ၏။သည့်နောက် တစ္ဆေလောကမြစ်ထံကနေ ပြင်းထန်သောစုပ်အားတစ်ခု ထွက်ပေါ်လာလေသည်။

ထိုစုပ်အားက အလွန်အားကောင်းလွန်း၏။ ၎င်းက အရာအားလုံးကို တစ္ဆေလောကမြစ်ထဲသို့ စုပ်ယူချင်နေဟန် ရသည်။

ထိုစုပ်အားက ပြင်းထန်လွန်းရာ လှည့်လည်နေသော ကြာပွင့်ကိုပင် အရှိန်လျော့သွားစေသည်။

ထိုပြောင်းလဲမှုက ရှုဖန်ဟန်၏ အသွင်ကို ကြီးစွာ ပြောင်းလဲသွားစေသည်။တုံ့ဆိုင်းခြင်းမရှိ သူက အပေါ်သို့ ခုန်လို်၏။ သူက ကြာပွင့်အပေါ်၌ ထိုင်ချရန် ဟန်ပြင်လိုက်ကာ သူ့ကိုယ်ပိုင်စွမ်းအားဖြင့် ကြာပွင့်ကို လှည့်လည်အောင် ပြုလုပ်ရန် ပြင်သည်။

သို့သော် ဝမ်လင်းက ထိုသို့သော အခွင့်ရေးမျိုး မည်သို့ ပေးပါ့မည်နည်း။ ဝမ်လင်းသည် ရှေ့သို့ ထိုးတက်လာ၏။ တစ္ဆေလောကမြစ်၏ စုပ်အားအောက်တွင် သူက ညာလက်ကို လေထဲသို့ ညွှန်လိုက်၏။ သူ့မျက်လုံးက သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် ပြည့်နေကာ သူက အော်ပြောလိုက်သည်။

“ကံကြမ္မာကျာပွတ်…”

ဝမ်လင်းမျက်ခုံးနှစ်ခုကြားတွင် မျဉ်းလိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ ထိုပါးလွှာသော လိုင်းတစ်ခုက ရှည်လျားသော ကျာပွတ်ဖြစ်သည့်အထိ ဆန့်ထွက်လာခဲ့ချေသည်။

ထိုကျာပွတ် ထွက်ပေါ်လာသည့်အခိုက်တွင်ပင် ၎င်းက ချက်ခြင်း တုန်ခါလာကာ တရွှမ်ရွှမ်အသံများကို ပေးစွမ်းလာသည်။၎င်းကျာပွတ်က မရေမတွက်နိုင်သော လှိုင်းတွန့်များကို ပေါ်ထွက်လာစေသည်။ယင်းကျာပွတ်က ကြာပွင့်ကို လှည့်လည်ရန်ဟန်ပြင်နေသော ရှုဖန်ဟန်ထံသို့ လွှဲရိုက်ချလာသည်။

ကျာပွတ်က လေထဲ၌သာ တန်းလန်း ရှိနေသေး၏။သို့သော် ၎င်းက ထူးဆန်းစွာပင် ရှုဖန်ဟန်ပေါ်သို့ သက်ရောက်သွားသည်။သူ့ခန္ဓာကိုယ်က တုန်ယင်သွားကာ သူ့မျက်နှာက ဖြူရောလာသည်။သူ့ခန္ဓာကိုယ်ကပါ တုံ့ဆိုင်းသွား၏။

ကံကြမ္မာကျာပွတ်သည် ကံတရားကို တိုက်ခိုက်၏။

“ဒီလူရဲ့ တာအိုနှလုံးသားမှာ အပြစ်အနာဆာ တစ်ခုရှိတယ်…”

ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းသွားကာ သူက ချက်ခြင်းလိုလိုပင် တရကြမ်း တိုးဝင်လာလေသည်။

***

All Chapters