← Chapters

အခန်း ၆၂

Vol. 7 Ch. 62

အခန်း ၆၂

Vol. 7 Ch. 62

အပိုင်း(၆၂)

အနည်းဆုံး အနီးနားရှိ ချုပ်လှောင်ခန်းထဲတွင် ပိတ်လှောင်ခံထားရပြီး လင်းရှန်းကို အညံမခံလိုကြသော အစောင့်အရှောက်များမှာ စတင် တုန်လှုပ်လာကြသည်။

မြေအောက်ခန်းအတွင်း၌ တိတ်ဆိတ်မှုက ကြာမြင့်စွာ ဖုံးလွှမ်းထားလေ၏။

“ဟွန်း....”

လင်းရှန်းသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် ၊ မြေအောက်ခန်းထဲမှ ထွက်ခွာသွားခဲ့သည်။

အတော်တန်ကြာပြီးနောက် ၊

“အဖေ...”

လော့ချင်းဟယ်၏ အသံမှာ အနည်းငယ် တုန်ယင်နေသည်။

“ချင်းဟယ်... မင်းက ကျန်းမင် လာမှာကို စိတ်ပူနေတာလား...”

“မဟုတ်ဘူး... သမီး စိတ်ပူတာက သူ တကယ် လာမှာကိုပဲ...”

“အမ်...”

လော့ဝူရှဲ့မှာ မျက်မှောင်ကြုတ်သွားပြီး၊ သူ၏မျက်နှာအမူအရာမှာ ရှုပ်ထွေးသွားသည်။

မိမိ၏ သမီးဖြစ်သူသည် ကျန်းမင်အပေါ် ဤမျှအထိ နက်ရှိုင်းသော ခံစားချက် ရှိနေပြီလော။

“သူ လာချင်မှ လာမှာပါ... မင်းလည်း သိတာပဲ... သူက အမြဲတမ်း ပါးနပ်တဲ့သူတစ်ယောက်ပဲ... ဒီနေရာမှာ ထောင်ချောက် ရှိနေတာကို သိသိကြီးနဲ့ သူက...”

“မဟုတ်ဘူး အဖေ... အဖေက သူ့အကြောင်းကို မသိလို့ပါ...”

လော့ချင်းဟယ်က ချက်ချင်း ငြင်းဆိုလိုက်သည်။

သူမ၏ လေသံမှာ ပြတ်သားပြီး အမှန်တရားတစ်ခုကို ထုတ်ဖော်ပြောဆိုနေသကဲ့သို့ပင်။

လော့ဝူရှဲ့က ကူကယ်ရာမဲ့စွာ ပြုံးလိုက်ရင်း စိတ်ထဲကနေ ရေရွတ်လိုက်မိသည်။

'ကုန်ပါပြီ... ကုန်ပါပြီ... ငါ အားသွန်ခွန်စိုက် ကျွေးမွေးပြုစုလာရတဲ့ သမီးလေးတော့ သူတစ်ပါးလက်ထဲ ပါသွားပြီပဲ...'

.......

လုအန်းမြို့ပြင်၌ ။

မြင်းနှစ်ကောင်သည် အားအင်အပြည့် ပြေးလွှားနေကြရာ တောင်ပတ်လမ်းပေါ်တွင် ဖုန်မှုန့်များ ထောင်းထောင်းထသွားသည်။

ရုတ်တရက် ပေတစ်ရာလောက် အကွာအဝေးရှိ သစ်ပင်ကြီးတစ်ပင်ရှေ့သို့ မရောက်မီ ၊ နှစ်ယောက်သား အရှိန်လျှော့ချလိုက်ကြသည်။

“ယွီ...”

“ဟိုမှာ တစ်ယောက်ယောက်လား... မဟုတ်ဘူး... အလောင်းပဲ...”

ပိုင်လင်ဖေးသည် သစ်ပင်ကြီးအောက်တွင် ကြိုးဆွဲချခံထားရပြီး လေထဲ၌ တွဲလောင်းကျနေသော အရာဝတ္ထုတစ်ခုကို ညွှန်ပြကာ ပြောဆိုလိုက်သည်။

ကျန်းမင် မျက်မှောင်ကြုတ်သွားသည်။

သူသည် ထိုအရာမှာ လူတစ်ယောက် ဖြစ်ကြောင်း သိလိုက်ရုံတင်မက ထိုလူ၏ သရုပ်မှန်ကိုလည်း သိလိုက်သည်။

“ဝှစ်...”

အေးစက်သော အလင်းတန်းတစ်ခုက ကြိုးကို ဖြတ်တောက်ပစ်လိုက်ရာ ၊ လေထဲတွင် တွဲလောင်းကျနေသော အလောင်းမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။

နှစ်ယောက်သား မြင်းများကို ထိုနေရာသို့ မောင်းနှင်လာခဲ့သည်။

“သူပဲ...”

“ရှင် သိလို့လား...”

“သိတာပေါ့...”

“သူ့နာမည်က လင်းလန်....နှလုံးသားမဲ့ဓားငယ်ရဲ့ ပိုင်ရှင်ပေါ့...”

ကျန်းမင်သည် မြင်း၏ကျောပေါ်မှ နှလုံးသားမဲ့ဓားငယ်ကို ဖြုတ်ယူရင်း ပြောလိုက်သည်။

“သူက ရှင့်ရဲ့ သူငယ်ချင်းလား...”

“မဟုတ်ဘူး... ငါက သူ့ရဲ့ အကြွေးရှင်... သူ ငါ့အပေါ် အသက်တစ်ချောင်း အကြွေးတင်နေသေးတယ်..."

“ဒါပေမဲ့ သူ ဒီဘဝမှာ မဆပ်နိုင်တော့ဘူးပဲ..."

“မဟုတ်ဘူး... သူ ဆပ်ပြီးသွားပြီ...”

ကျန်းမင်၏ လေသံမှာ လေးနက်လွန်းသည်။

ပိုင်လင်ဖေးက နားမလည်နိုင်စွာဖြင့် ကြည့်လိုက်သည်။

“သူ့ရဲ့ အလောင်းကို ကြည့်လိုက်....”

ကျန်းမင်၏စကားကြောင့် ပိုင်လင်ဖေးသည် လင်းလန်၏ အလောင်းကို ထပ်မံ ကြည့်ရှုလိုက်သည်။

ဤလူသည် ငယ်ရွယ်သော ဓားသမားတစ်ဦး ဖြစ်သည်။

သူ၏ ရုပ်ရည်မှာ အလွန် ခန့်ညားပြီး သေဆုံးသွားသည့်တိုင်အောင် ချောမောသော လူသေတစ်ဦး ဖြစ်နေဆဲပင်။

သူ၏ ခန္ဓာကိုယ်အရှေ့ပိုင်းတွင် ဒဏ်ရာပေါင်း (၁၈)ချက် ရှိနေပြီး၊ ၎င်းတို့မှာ ဓားဒဏ်ရာများ ဖြစ်ပုံရကာ ဓားထုတ်သူ၏ အရှိန်မှာ အလွန် လျင်မြန်သည်ဟု ဆိုရမည်။ သို့သော် ဓားချက်များသည် အဓိက အသက်သွေးကြော နေရာများကို လုံးလုံးလျားလျား မထိမှန်ခဲ့ချေ။

တိုက်ခိုက်မှုတိုင်းသည် အသက်အန္တရာယ်ရှိသော နေရာများနှင့် လွဲချော်နေခဲ့ပြီး ၊ အကယ်၍ ဓားထုတ်သူ၏ ကျင့်ကြံအဆင့်သည် လင်းလန်ထက် အဆမတန် မြင့်မားမနေပါက လင်းလန်၏ သတ်ဖြတ်ခြင်းကို ခံရနိုင်သည်။

သို့ရာတွင် သူတို့၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်မှာ သူ၏ နောက်ကျောဘက်ရှိ ဒဏ်ရာသာ ဖြစ်၏။

ထိုနေရာတွင် ဓားဒဏ်ရာ တစ်ချက်တည်းသာ ရှိသည်။

ထိုလူသည် ဓားချက် တစ်ချက်တည်းဖြင် ဤလူငယ် ဓားသမားကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

“နောက်ကနေ တိုက်ခိုက်ခံရတာလား... ဒါဆို ဒီလူငယ် ဓားသမားက လျင်မြန်တဲ့ ဓားသမားနဲ့ တိုက်ခိုက်နေတုန်းမှာ နောက်တစ်ယောက်ရဲ့ ချုံခိုတိုက်ခိုက်တာကို ခံလိုက်ရတာပေါ့...”

“ပြီးတော့ ဒီဓားသိုင်းက... ချင်းယွမ်ဓားသိုင်းနဲ့ တူသလိုပဲ...”

ပိုင်လင်ဖေးက အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။ သူမသည် ချင်ယွမ်ဓားသိုင်းကို မြင်တွေ့ဖူးပြီး ၊ ၎င်းမှာ မိုးတိမ်ထဲတွင် နစ်မြုပ်နေသကဲ့သို့ ဖမ်းဆုပ်ရခက်လှသည်။

သို့သော် အဘယ်ကြောင့် ချုံခိုတိုက်ခိုက်ရသနည်း။ ကျောက်ပုဖန်သည် ဤမျှအထိ အရှက်မဲ့ရလေသလော။

“မဟုတ်ဘူး... မဟုတ်သေးဘူး...”

ကျန်းမင်က ငြင်းဆိုလိုက်သည်။

“ဒီဓားချက်က ချုံခိုတိုက်ခိုက်တာ မဟုတ်ဘူး... အရှေ့တည့်တည့်ကနေ ရဲရဲဝံ့ဝံ့ ထိုးနှက်ခဲ့တာ...”

“အရှေ့တည့်တည့်... အရှေ့တည့်တည့်ကနေ ထိုးတဲ့ဓားက ဘယ်လိုလုပ် နောက်ကျောကို အပေါက်ဖြစ်သွားစေတာလဲ...”

“ဒါက သူ ငါ့ကို ပြောပြချင်တဲ့ အရာပဲ...”

ကျန်းမင်က လေးနက်သော လေသံဖြင့် ပြန်လည် ဖြေကြားလိုက်၏။

.....

ကျန်းမင်သည် လင်းလန်၏ အလောင်းကို မလှမ်းမကမ်းရှိ ကုန်းမြင့်ငယ်တစ်ခုပေါ်တွင် မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့သည်။

ဤနေရာမှ လှမ်းကြည့်လျှင် နေဝင်ဆည်းဆာကို နင်းဖြတ်ကာ အိမ်ပြန်လာကြသော နွားကျောင်းသားလေးများကို မြင်တွေ့နိုင်သည်။

သူသည် ပိုင်လင်ဖေးထံမှ သေရည်တစ်ပုလင်း ငှားရမ်းကာ လင်းလန်၏ ဂူဗိမာန်ရှေ့တွင် လောင်းချလိုက်၏။

ကျန်းမင်သည် သေရည်မသောက်တတ်ချေ။ သူ လူသတ်သည့် အချိန်တိုင်း သေရည်ကို ဘယ်သောအခါမျှ မသောက်သုံးခဲ့ဖူးပေ။

“အစ်ကိုလင်း...”

“မင်းပြောချင်တာကို ငါ သိပြီ... စိတ်ချပါ... သူတို့တွေ မကြာခင် မင်းကို အဖော်ပြုပေးကြလိမ့်မယ်... ပြီးတော့ မင်းတို့မိသားစုရဲ့ ဓားကျမ်းကို ခိုးယူသွားတဲ့ သူခိုးလေးကိုလည်း ငါ မင်းဆီကို တစ်ပါတည်း ပို့ဆောင်ပေးလိုက်ပါ့မယ်...”

ပိုင်လင်ဖေးက ကျန်းမင်ကို စောင်းငဲ့ကြည့်လိုက်၏။

သူမသည် မြေပုံအောက်တွင် လဲလျောင်းနေသော ဤလူငယ် ဓားသမားမှာ မည်သူဖြစ်ကြောင်း သိရှိသွားခဲ့ပြီ ဖြစ်သည်။

All Chapters