← Chapters

အခန်း ၆၃

Vol. 7 Ch. 63

အခန်း ၆၃

Vol. 7 Ch. 63

အပိုင်း(၆၃) လုအန်းမြို့သို့ ပြန်လာခြင်း

သူသည် တစ်ချိန်က ကျော်ကြားခဲ့သော မိုးကြိုးဓား လင်းမိသားစု၏ တစ်ဦးတည်းသော မျိုးဆက်ဖြစ်ပြီး ၊ မကြာမီကမှ သိုင်းလောကထဲ ထွက်ပေါ်လာခဲ့သော ကြယ်ပွင့်တစ်ပွင့် ဖြစ်သည့် နှလုံးသားမဲ့ဓားငယ် လင်းလန်ပင် ဖြစ်သည်။

“သူတို့မိသားစုရဲ့ ဓားသိုင်းကျမ်းကို ဘယ်သူခိုးသွားလဲဆိုတာ ရှင်က ဘယ်လိုလုပ် သိတာလဲ...”

“ငါ မြင်ပြီးပြီ...”

“မြင်...”

စကားမဆုံးခင်မှာပင် ၊ ပိုင်လင်ဖေးသည် အဖြေကို ရိပ်မိသွားခဲ့ပြီ ဖြစ်သည်။

“အဲဒီ ဓားချက် (၁၈)ချက်က မိုးကြိုးဓားတွေလား "

ကျန်းမင်က ခေါင်းညိတ်ပြလိုက်သည်။ သူ၏ မျက်ဝန်းများက သတ်ဖြတ်လိုစိတ်များဖြင့် တောက်လောင်နေ၏။

"စနစ်... ရမှတ်တွေ ပေါင်းထည့်မယ်... နတ်ဘုရားရှင်သန်ခြင်း ကျင့်စဉ်ကို အပြည့်တင်ပြီး ကျန်တဲ့ရမှတ်အားလုံးကို ရှောင်လီဓားပျံသိုင်းကွက်ပေါ် ပေါင်းထည့်မယ်..."

[ ဒေါင်... ရမှတ်ပေါင်းထည့်ခြင်း အောင်မြင်ပါသည်... နတ်ဘုရားရှင်သန်ခြင်း ကျင့်စဉ် (၁၀၀/၁၀၀)၊ ရှောင်လီဓားပျံသိုင်းကွက် (၈၀/၁၀၀)... ]

[ကျန်ရှိသော သတ်ဖြတ်မှုရမှတ် - ၀...]

[ကျင့်ကြံခြင်းအဆင့် - အဆင့်(၆) ကနဦး]

“ဝုန်း...”

သန့်စင်သော အတွင်းအားလှိုင်းများသည် သူ၏ တန်ထျန်းအမှတ်မှ ဆက်တိုက်ဆိုသလို တိုးဝှေ့ထွက်ပေါ်လာသည်။

“ဗြောက်ဗြောက်...”

ကျန်းမင်၏ စွမ်းအင်လမ်းကြောင်းများသည် သောင်းကျန်းသော ကျားသစ်တစ်ကောင် ဟောက်သံပြုနေသကဲ့သို့ တဗြောက်ဗြောက် မြည်ဟည်းလျက် ၊ သူ၏ အရေပြားများမှာလည်း နီရဲလာကာ ခန္ဓာကိုယ်တစ်ခုလုံး အပူငွေ့များ ထွက်ပေါ်လာ၏။

“ဝုန်း... ဝုန်း...”

အတွင်းအားများသည် သူ၏ စွမ်းအင်လမ်းကြောင်းနှစ်ခုမှ တစ်ဆင့် ဒီရေလှိုင်းများအလား တိုးဝှေ့ဝင်ရောက်လာသည်။

“ကလောက် ကလောက်...”

စွမ်းအင်လမ်းကြောင်းနှစ်ခု ပွင့်သွားပြီး၊ သူသည် အဆင့်(၆)သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

အတွင်းအားများသည် မွေးရာပါ စစ်မှန်သော ချီအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ရာ ၊ လူသားတစ်ယောက်၏ စွမ်းအားတွင် အကန့်အသတ် ရှိသော်လည်း ကနဦးမူလစွမ်းအင်နယ်ပယ်တွင် အတိုင်းအဆမရှိချေ။

[ T/N - အတွင်းအားမှ စစ်မှန်သော ချီအဖြစ် ပြောင်းလဲကာ ကနဦးမူလစွမ်းအင် ဖြစ်လာခဲ့ခြင်း]

ကျန်းမင်သည် မိမိ၏ ခွန်အားများမှာ များစွာ တိုးတက်သွားကြောင်း ခံစားလိုက်ရသည်။ ဤသည်မှာ အဆင့်ငယ်တစ်ခုကို ဖြတ်ကျော်ခဲ့ခြင်း ဖြစ်သော်လည်း သို့သော် အရည်အသွေးမှာ ကွာခြားလွန်းသည်။

ရှောင်လီဓားပျံသိုင်းကွက်၏ လေ့ကျင့်မှု အတွေ့အကြုံများစွာသည် သူ၏ ဦးနှောက်ထဲသို့ ဝင်ရောက်လာခဲ့ပြီး ၊ သူ၏ ဓားပျံသိုင်းကွက်မှာ ယဲ့ခိုင်း၏ အဆင့်အတန်းသို့ ရောက်ရှိသွားပုံရသည်။

[ T/N - ယဲ့ခိုင်း - ဝတ္ထုတစ်ခုမှ လီရှောင်ဖေး၏ တပည့်နာမည် ]

ပြီးပြည့်စုံသော အဆင့်သို့ မရောက်ရှိသေးသော်လည်း ၊ သိုင်းလောကအတွင်းရှိ အဆင့်(၅) သိုင်းပညာရှင်တစ်ဦးပင် သူ၏ ဓားပျံတစ်ချက်ကို ခံယူရဲမည်မဟုတ်ပေ။

“ဒါ... ဒါက...”

ပိုင်လင်ဖေးသည် ကျန်းမင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ပူပြင်းသည့် အငွေ့အသက်များကို ခံစားမိပြီး ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်မိသည်။

“သူ အောင်မြင်သွားတာလား...”

“ဒီလိုနဲ့ အောင်မြင်သွားတာပေါ့... အဆင့်(၆)ကို ရောက်သွားပြီပေါ့လေ..”

သူမ၏ မျက်ဝန်းများမှာ ပြူးကျယ်သွားသည်။ အကယ်၍ ကျန်းမင်သာ သူမ၏ မျက်စိရှေ့မှောက်တွင် ရှိမနေခဲ့ပါက ၊ ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို သူမ ဘယ်တော့မှ ယုံကြည်လိမ့်မည် မဟုတ်ပေ။

အဆင့်(၇)မှ အဆင့်(၆)သို့ တက်လှမ်းခြင်းသည် အလွန် အန္တရာယ်များသော အရာတစ်ခု ဖြစ်ပေသည်။

စွမ်းအင်လမ်းကြောင်းများသည် လူ့ခန္ဓာကိုယ်တွင် ဖွင့်ရန် အခက်ခဲဆုံး အကြောများပင် ဖြစ်သည်။ အနည်းငယ် အမှားလုပ်မိရုံဖြင့် စွမ်းအင်လမ်းကြောင်းများ ပျက်စီးကာ ကျင့်ကြံအဆင့် လျော့ကျသွားခြင်း၊ နောက်ထပ် တိုးတက်မှု မရှိတော့ခြင်း သို့မဟုတ် ဒုက္ခိတဘဝသို့ ရောက်ရှိသွားခြင်းမျိုး ကြုံတွေ့ရနိုင်သည်။

ထို့ကြောင့် သိုင်းလောကအတွင်း အဆင့်(၆)သို့ တက်လှမ်းလိုသူတိုင်းသည် မိမိ၏ အခြေအနေကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပြီးမှသာ တံခါးပိတ်ကျင့်ကြံ၍ တက်လှမ်းရဲကြခြင်း ဖြစ်သည်။

သို့သော် ကျန်းမင်မှာမူ....

“မိစ္ဆာကောင်ပဲ...”

“တကယ့်ကို မိစ္ဆာကောင်ပဲ... သိုင်းလောကစာရင်းရဲ့ ထိပ်ဆုံး မိစ္ဆာကောင်ဆယ်ယောက်ပဲ ရှင့်ရဲ့ ပါရမီကို ယှဉ်ပြိုင်နိုင်လိမ့်မယ် ထင်တယ်...”

“ဟူး...”

ကျန်းမင်သည် လေပူတစ်ချက်ကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်ပြီး ပိုင်လင်ဖေးကို ကြည့်ကာ ပြုံးပြလိုက်၏။

“ဒီနေ့ ရာသီဥတု မဆိုးဘူး.. လူသတ်ဖို့ အတော်ပဲ...”

“သွားကြစို့... ငါ့ရဲ့ ဓားက ဆာလောင်မွတ်သိပ်နေပြီ...”

သူ၏ အပြုံးမှာ နွေဦးလေပြေကဲ့သို့ နွေးထွေးလှသော်လည်း ၊ သူ၏ မျက်ဝန်းများက သတ်ဖြတ်လိုသော အရိပ်အယောင်များ ထင်ဟပ်နေ၏။

“ဝုန်း ဝုန်း...”

ချင်းချွဲ့ဓားသည်လည်း ကျန်းမင်နှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ အနည်းငယ် တုန်ခါသွားသည်။

......

ဟွားမန်အဆောင်။

ညမှောင်ရိပ် ပျိုးစပြုသည်နှင့် တပြိုင်နက် လှပသော မီးအိမ်များကို စတင် ထွန်းညှိလိုက်ကြပြီ ဖြစ်သည်။

ဟုန်ယွမ်အစောင့်အရှောက်အဖွဲ့မှ အစောင့်အရှောက် အုပ်စုတစ်စုသည် သီးသန့်အခန်းတစ်ခု၌ ရှိနေကြပြီး ၊ မိန်းမပျိုလေးများကို ပွေ့ဖက်ကာနမ်းရှုပ်လျက် အရက်ခွက်များ အပြန်အလှန် တိုက်ရင်း ပျော်ပါးနေကြ၏။

“ညီအစ်ကိုတို့... ပျော်ကြရဲ့လား...”

ဟုန်ယွမ်အစောင့်အရှောက်အဖွဲ့မှ တပည့်တစ်ဦးက မေးမြန်းလိုက်သည်။

“ပျော်တာပေါ့...”

“ငါ့ဘဝမှာ အပျော်ဆုံးက ဒီရက်ပိုင်းပဲ...”

“မှန်တယ်... အရက်ပြင်းပြင်း တစ်ခွက်မော့ပြီး မိန်းမလှလေးတစ်ယောက်နဲ့ အိပ်စက်ရတာ...ဒါကမှ လူ့ဘဝကြီးလို့ ခေါ်ရမှာကွ...”

“ဟားဟားဟား...”

မူးယစ်နေသော တပည့်များသည် အရက်ခွက်များကို ကိုင်မြှောက်ကာ ရယ်မောလိုက်ကြ၏။

“ဒီနေ့လို ရက်ကောင်းရက်မြတ်တွေကို ရရှိတာ... ညီအစ်ကိုတို့... ဘယ်သူ့ကြောင့်လဲဆိုတာ သိကြလား...”

“အစ်ကိုကြီး လင်းရှန်းကို ကျေးဇူးတင်ပါတယ်...”

“အစ်ကိုကြီး လင်းရှန်းက နောက်ဆိုရင် ငါ လိုင်စန်းအတွက် ကောင်းကင်ဘုံကြီးပဲ... ကျွန်တော့်ရဲ့ အသက်ကို အစ်ကိုကြီးဆီ အပ်နှံလိုက်ပြီနော်...”

“ငါလည်း တူတူပဲ...”

……

All Chapters