← Chapters

အခန်း ၆၅

Vol. 7 Ch. 65

အခန်း ၆၅

Vol. 7 Ch. 65

အပိုင်း(၆၅) သူလာပြီဆိုမှတော့ မင်းတို့ သေရတော့မှာပဲ

လော့အိမ်တော်သို့ ဦးတည်ထားသော တံခါးမကြီး၏ အရှေ့ဘက်တွင် ပေသုံးရာခန့် ရှည်လျားသော လမ်းမကြီးတစ်ခု ရှိပေသည်။

ကျောက်ပြားခင်းထားသော ထိုလမ်းမ၏ ဘေးတစ်ဖက်တစ်ချက်တွင် ဆိုင်ခန်းများစွာ ရှိကြပြီး၊ ၎င်းမှာ လုအန်းမြို့၌ အစည်ကားဆုံးသော လမ်းဆုံလမ်းခွများထဲမှ တစ်ခု ဖြစ်သည်။

သို့သော် ယနေ့ညတွင် ထိုလမ်းမ၏ ဘေးတစ်ဖက်တစ်ချက်ရှိ ဆိုင်ခန်းများတွင် မီးအိမ်တစ်လုံးမျှ ထွန်းညှိထားခြင်း မရှိချေ။

ယနေ့ညတွင် တစ်ခုခု ဖြစ်ပျက်တော့မည်ကို ရိပ်မိနေကြပုံရသည်။ သို့မဟုတ် ယနေ့ အလွန်ပင်ပန်းခဲ့သောကြောင့် စောစီးစွာ အိပ်စက်အနားယူနေခြင်းလည်း ဖြစ်နိုင်သည်။

မည်သို့ပင်ဆိုစေကာမူ ၊ ကျန်းမင်သည် ဤလမ်းမထက်တွင် လျှောက်လှမ်းနေပြီး ကောင်းကင်ယံမှ အထီးကျန်လမင်းနှင့် လှပသော အမျိုးသမီးလေးတစ်ဦးက သူ့အား အဖော်ပြုပေးနေ၏။

သို့သော် သိပ်မကြာမီ သူ တစ်ယောက်တည်း မဟုတ်တော့ချေ။

အဘယ်ကြောင့်ဆိုသော် သူ့ရှေ့တည့်တည့် လမ်းလယ်ခေါင်တွင် တစ်စုံတစ်ယောက်သည် စားပွဲဝိုင်းတစ်လုံးကို ခင်းကျင်းထားပြီး ၊ စားပွဲပေါ်တွင် စောင်းတစ်လက်၊ ဆီမီးအိမ်တစ်လုံးနှင့် အရက်ကောင်းတစ်အိုးကို ပြင်ဆင်ထားသောကြောင့် ဖြစ်သည်။

သန်မာထွားကျိုင်းသော အမျိုးသားတစ်ဦးသည် စားပွဲပေါ်တွင် မှောက်လျက် ရှိနေပြီး မူးယစ်နေပုံရသည်။

သို့သော် သူ၏ လက်တစ်ဖက်က ဓားရိုးကို မြဲမြံစွာ ဆုပ်ကိုင်ထားဆဲဖြစ်ပြီး ၊ အနည်းငယ် ဖောင်းကားနေသော သွေးကြောများက ထိုသူသည် ထင်သလောက် မမူးသေးကြောင်း သက်သေပြနေ၏။

အနည်းဆုံးတော့ သူသည် ဓားကို လွှဲယမ်းနိုင်သေးသည်။

သူ၏ နံဘေးရှိ အိမ်ခေါင်မိုးပေါ်တွင် လက်ပိုက်ကာ မျက်လုံးမှိတ်ထားသော အဘိုးကြီးတစ်ဦး ရပ်နေသည်။

သူ၏ မျက်ခုံးမွှေးများမှာ ထက်ဝက်ခန့် ဖြူဖွေးနေပြီ ဖြစ်သော်လည်း ၊ ဆံပင်များသည် ညဉ့်မှောင်ရိပ်ကဲ့သို့ နက်မှောင်နေဆဲပင်။

“သူတို့က... မူးယစ်ဓားသမား ကျောက်တုံလိုင်နဲ့ ချစ်ခြင်းမဲ့ပျံလွှားဓား ထျယ်ဝူရှင်းပဲ"

ပိုင်လင်ဖေး၏ မျက်နှာအမူအရာမှာ လေးနက်သွားပြီး ကျန်းမင်ကို ခပ်တိုးတိုးလေး သတိပေးလိုက်သည်။

“ပါရှန်းဓားဂိုဏ်းရဲ့ ဟုန်ရွမ်နတ်သမီး ပိုင်လင်ဖေးပါလား...”

ချစ်ခြင်းမဲ့ပျံလွှားဓား ထျယ်ဝူရှင်းသည် အိမ်ခေါင်မိုးပေါ်တွင် မလှုပ်မယှက် ရပ်နေဆဲဖြစ်ပြီး အေးအေးလူလူ မေးမြန်းလိုက်သည်။

“ဟုတ်ပါတယ်... ကျွန်မပါပဲ"

ထျန်းဝူရှင်းက ပိုင်လင်ဖေးကို စောင်းငဲ့ကြည့်လိုက်ပြီး တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်၏။

“ငါက မင်းရဲ့ ဆရာ... သက်တံဓား ရှဲ့ယွီဖေးနဲ့ သိကျွမ်းခဲ့ဖူးတယ်... ဒါကြောင့် ဒီနေ့ မင်းရဲ့ အသက်ကို ချမ်းသာပေးလိုက်မယ်...”

“ဒါပေမဲ့ မင်း ဒီနေ့ ဝင်ရောက် မတိုက်ခိုက်ရဘူး... မဟုတ်ရင်တော့ ရှဲ့ယွီဖေးကိုယ်တိုင် လာရင်တောင် မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး...”

ထျန်းဝူရှင်း၏ လေသံမှာ အေးစက်လွန်းသည်။

ပိုင်လင်ဖေးက မျက်မှောင်ကြုတ်လိုက်၏။

“ကျွန်မရဲ့ ဆရာက ခင်ဗျားကို သူ့ရဲ့ သူငယ်ချင်းလို့ တစ်ခါမှ မပြောဖူးဘူး... စီနီယာအနေနဲ့ ကိုယ့်မျက်နှာကိုယ် ရွှေမချချင်စမ်းပါနဲ့"

ပိုင်လင်ဖေးသည် မနှစ်မြို့ဖွယ် လေသံဖြင့် ပြောဆိုလိုက်၏။ ထျန်းဝူရှင်းသည် မိမိ၏ ဆရာသခင်နှင့် လာရောက် ရောနှောနေသည့်အပေါ် သူမ စက်ဆုပ်ရွံရှာနေပုံရသည်။

သူမ၏ ဆရာ သက်တံဓား ရှဲ့ယွီဖေးမှာ အဆင့်(၂) မဟာဆရာသခင်ကြီး ဖြစ်ရာ ၊ သိုင်းလောကအတွင်းရှိ အဆင့်မရှိသော သိုင်းသမားအချို့မှ ယှဉ်ပြိုင်နိုင်သော အရာမဟုတ်ချေ။

“ဟားဟား...”

ရုတ်တရက် ၊ ထိုနေရာတွင် မှောက်နေသော မူးယစ်သမား၏ နှုတ်ခမ်းဖျားမှ ရယ်မောသံ ထွက်ပေါ်လာခဲ့သည်။

သူ အမှန်တကယ်ပင် မမူးသေးချေ။

“ထျန်းအဘိုးကြီး... ခင်ဗျားရဲ့ မျက်နှာက သံနဲ့ လုပ်ထားတာလား... ဒီလောက် အရှက်မရှိတဲ့ စကားမျိုးကို ခင်ဗျား ပြောထွက်သေးတယ်နော်...”

“သက်တံဓား ရှဲ့ယွီဖေးက ခင်ဗျားကို လာပြီး ဒုက္ခပေးမှာကို တကယ်ပဲ မကြောက်ဘူးလား...”

ထိုစကားကြောင့် ထျန်းဝူရှင်း၏ မျက်နှာမှာ ဒယ်အိုးဖင်အလား မည်းမှောင်သွားသော်လည်း သူ မလှုပ်ရှားသေးပေ။

“ဘာပဲဖြစ်ဖြစ် ... ဒီနေ့ မင်း သွားလို့ မရဘူး... ကျန်းမင် တစ်ယောက်တည်းပဲ ဖြတ်သွားလို့ရမယ်... ဒါက သခင်လေးရဲ့ အမိန့်ပဲ...”

ဤစကားကို ပြောဆိုပြီးနောက် ၊ သူသည် နှုတ်ပိတ်သွားသည်။

သူ ထပ်မံ မငြင်းခုံဝံ့တော့ချေ။

“မှန်တယ်... အဖိုးကြီးထျန်းက ကြွားရတာ ဝါသနာပါပေမယ့် အမိန့်ကို နာခံတာနဲ့ လူသတ်တဲ့ နေရာမှာတော့ ဘယ်တော့မှ လက်မနှေးဘူး...”

“မိန်းကလေးပိုင်... ဒီမှာပဲ နေခဲ့တာ ကောင်းလိမ့်မယ်...”

ကျောက်တုံလိုင်ကလည်း အလားတူပင် အေးစက်သော လေသံဖြင့် ဆိုလိုက်ပြီး ၊ ဓားရိုးပေါ်ရှိ သူ၏ လက်ချောင်းများက ဓားကိုဆွဲထုတ်ရန် အသင့်ပြင်ထား၏။

တစ်ဖက်လူက ငြင်းဆန်လိုက်သည်နှင့် တပြိုင်နက် သူသည် ချက်ချင်း လူသတ်တော့မည့် အသွင် ရှိသည်။

ပိုင်လင်ဖေးသည်လည်း ခါးကြားရှိ ဓားရိုးကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်လိုက်သော်လည်း ၊ သူမ ဓားဆွဲထုတ်ရန် သတ္တိမရှိချေ။

ကျောက်တုံလိုင် တစ်ယောက်တည်းကိုပင် သူမ ရင်မဆိုင်နိုင်ရာ ၊ အိမ်ခေါင်မိုးပေါ်ရှိ ချစ်ခြင်းမဲ့ပျံလွှားဓား ထျယ်ဝူရှင်းသာ ဝင်ရောက်လာပါက ....

သူမ ဓားထုတ်လိုက်သည်နှင့် ရှုံးနိမ့်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ထိုလူနှစ်ဦးမှာ သူမကို သတ်ဖြတ်ရန် သတ္တိမရှိကြသော်လည်း ၊ သို့သော် သူမကို ဒဏ်ရာအပြင်းအထန်ရအောင် လုပ်နိုင်သည်။

ထိုအချိန်မှာပင် ကျန်းမင်၏ လက်တစ်ဖက်က သူမ၏ ပုခုံးထက်သို့ ကျရောက်လာခဲ့သည်။

နွေးထွေးပြီး ယုံကြည်စိတ်ချရသည်။

“ငါ့ကိုပဲ ကိုင်တွယ်ခိုင်းလိုက်ပါ...”

ကျန်းမင်က တည်ငြိမ်သော လေသံဖြင့် ဆိုလိုက်သည်။

သူသည် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ပြီး ပိုင်လင်ဖေးကို ကျော်ဖြတ်ကာ ကျောက်တုံလိုင်ထံသို့ လျှောက်လှမ်းသွားခဲ့သည်။ သူသည် အိမ်ခေါင်မိုးပေါ်ရှိ ထျန်းဝူရှင်းကို တစ်ချက်ကလေးမျှ လှည့်မကြည့်ခဲ့ပေ။

“မင်းက စမ်းကြည့်ချင်တာလား"

ကျောက်တုံလိုင်၏ မျက်ဝန်းထဲ၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားပုံရသည်။ သူ နားမလည်နိုင်သည်မှာ ကျန်းမင်သည် အဘယ့်ကြောင့် ဤမျှအထိ ယုံကြည်ချက်ရှိနေရသနည်း။

သူ သိထားသလောက် ကျန်းမင်မှာ အဆင့်(၈) သို့မဟုတ် အလွန်ဆုံးရှိလှ အဆင့်(၇) ကနဦးမျှသာ ရှိသေးသော သိုင်းသမားတစ်ဦးဖြစ်ရာ ၊ သူ့လို အဆင့်(၆) အလယ်အလတ်အဆင့်ရှိ သိုင်းပညာရှင်တစ်ဦးအပေါ် ဓားနှင့်ချိန်ရွယ်ဝံ့သလော။

ကျန်းမင်သည် ပြတ်သားသော ခြေလှမ်းများဖြင့် ဆက်လက် လျှောက်လှမ်းနေဆဲပင် ဖြစ်၏။

All Chapters