← Chapters

အခန်း ၆၇

Vol. 7 Ch. 67

အခန်း ၆၇

Vol. 7 Ch. 67

အပိုင်း(၆၇) တစ်ကွက်တည်းဖြင့် သတ်ဖြတ်ခြင်း

ကျန်းမင်သည် အလွန် သတိကြီးသော လူတစ်ယောက် ဖြစ်ပြီး ၊ အောင်နိုင်ရန် သေချာမှု မရှိပါက လူသတ်ရန် သွားလိမ့်မည် မဟုတ်ကြောင်း အခြားသူများထက် သူ ပိုသိသည်။

ယခု သူ ရောက်ရှိလာပြီဖြစ်ရာ ၊ ထိုလူသည် သေချာပေါက် သေဆုံးရပေတော့မည်။

စူးယာက စောင်းငဲ့ကြည့်လိုက်ပြီး ငြင်းခုံခြင်း မပြုတော့ဘဲ မြေအောက်ခန်းထဲမှ ထွက်ခွာသွားခဲ့သည်။

.....

လမ်းမထက်တွင်။

ကျန်းမင်သည် ကျောက်တုံလိုင်ထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားပြီး ၊ တစ်ဖက်လူ၏ နဖူးပြင်မှ ချွေးစေးများမှာလည်း စီးကျနေပြီ ဖြစ်သည်။

ကျောက်တုံလိုင်မှာ မျက်မှောင်ကြုတ်သွားသည်။

သူ နောက်ဆုတ်၍ မရမှန်း သိလိုက်သည်။ အကယ်၍ သူ နောက်ဆုတ်လိုက်ပါက သေချာပေါက် သေဆုံးရပေလိမ့်မည်။

“ကျန်းမင်... မင်း အရက်သောက်တတ်လား...”

“တစ်ခါတလေကျရင် မူးယစ်သမားတစ်ယောက်က အရက်ခွက်တစ်ထောင် သောက်လည်းမမူးဘဲ... တစ်ခါတလေကျရင် သုံးခွက်တင်နဲ့ ဘာလို့ မှောက်သွားတတ်လဲဆိုတာ မင်း သိလား...”

အဘယ်ကြောင့်မှန်း မသိနိုင်သော်လည်း၊ ဤအခိုက်အတန့်တွင် ကျောက်တုန်းလိုင်တစ်ယောက် အရက်အကြောင်း တွေးမိသွားသည်။

သူ၏စိတ်နှလုံးသားနှင့် အရိုးထဲအထိ အရက်များ ပြည့်နှက်နေပြီး ၊ အရက်တစ်မျိုးတည်းကသာ သူ၏ စိတ်နှလုံးသားကို အေးချမ်းစေနိုင်သည်။

သူသည် အရက်ကို အသုံးပြု၍ ကျန်းမင်၏ ဖိအားများကို လျှော့ချရန် ကြိုးစားနေခြင်း ဖြစ်သည်။

အကယ်၍ ကျန်းမင်သာ ပြန်လည် ဖြေကြားလာပါက ၊ သူသည် ကျန်းမင်အား မိမိ ကျွမ်းကျင်ရာ ကမ္ဘာအတွင်းသို့ ဆွဲသွင်းနိုင်လိမ့်မည် ဖြစ်သည်။

သို့သော်...မရှိခဲ့ချေ။

ကျန်းမင်သည် အရက်အကြောင်းကို နားမလည်ဘဲ လက်ဖက်ရည်ကိုသာ သောက်သုံးတတ်သည်။

ကျောက်တုံလိုင်သည် အံကြိတ်ကာ ဓားရိုးကို ဆုပ်ကိုင်ထားသော လက်ကို အားစိုက်လိုက်၏။

“ဝှစ်...”

သူသည် ဓားကို လျင်မြန်စွာ ဆွဲထုတ်လိုက်သည်။

၎င်းမှာ လေပြင်းမုန်တိုင်းကဲ့သို့ ကျန်းမင်၏ ခန္ဓာကိုယ်ထက်သို့ ကျရောက်လာခဲ့၏။

“ချွင်...”

အပြာရောင် ဓားအလင်းတစ်ချက် ဖျက်ခနဲ့ ဝင်းလက်သွားသည်။

ကျန်းမင်၏ ဓားချက်သည် နှေးကွေးပုံရပြီး တိုက်ခိုက်မှုတိုင်းက တစ်ဖက်လူ၏ တိုက်ကွက်များကို ကာကွယ်ရုံမျှသာ ရှိကာ ၊ အနည်းငယ်မျှ လွဲချော်ပါက အသက်ပျောက်သွားနိုင်သည်။

သို့ရာတွင် အလွန် ထူးဆန်းသည်မှာ ကျောက်တုံလိုင်သည် လေးဆယ့်ကိုးချက်တိတိ ဓားထုတ်ပြီး သွားခဲ့သော်လည်း ၊ ကျန်းမင်အား အနည်းငယ်မျှ ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ချေ။

ထို့အပြင် သူသည် ကျန်းမင်၏ ကျင့်ကြံအဆင့်မှာ မည်မျှနက်ရှိုင်းကြောင်းကိုလည်း မခံစားနိုင်ခဲ့ပေ။

‘ဘာဖြစ်လို့ အမြဲတမ်း အနည်းငယ်စီ လွဲချော်နေရတာလဲ...’

သူ နားမလည်နိုင်သလို သဘောလည်း မပေါက်နိုင်ခဲ့ချေ။

ဤသို့ တုံ့ဆိုင်းနေသည့် စက္ကန့်ပိုင်းအတွင်းမှာပင် ၊ သူသည် ဓားအလင်းတန်းများ၏ ဝန်းရံမှုအောက်တွင် ပိတ်မိနေပြီ ဖြစ်ကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။

ကျန်းမင်၏ ဓားမှာ နှေးကွေးနေဆဲ ဖြစ်ရာ ၊ ဤမျှအထိ များပြားသော ဓားအလင်းတန်းများသည် မည်သို့ ပေါ်ပေါက်လာသည်ကို သူ နားမလည်နိုင်တော့ချေ။

သို့သော် သူ သိလိုက်ရသည့် အချက်တစ်ခုမှာ ဤအတိုင်း ဆက်သွားပါက ၊ သူ ဧကန်မုချ သေရပေတော့မည်။

“ရားး...”

ကျောက်တုံလိုင်သည် အော်ဟစ်လိုက်ပြီး ဓားအလင်းတန်းများကြား ရုတ်တရက် ခုန်ထွက်လိုက်သည်။

သူသည် လက်နှစ်ဖက်ဖြင့် ဓားကို ဆုပ်ကိုင်ထားကာ မျက်ဝန်းများက မှိုင်းညို့နေပြီး မူးယစ်နေသကဲ့သို့ ရှိကာ ၊ တစ်ဖန် အိမ်မက်မှ နိုးထလာသကဲ့သို့လည်း ရှိပေ၏။

အိမ်မက်တွင် မျောလွင့်ခြင်း...

ဤသည်မှာ သူ၏ အပြင်းထန်ဆုံး ဓားကွက် ဖြစ်ပြီး ၊ ချင်ယွမ်ဓားသိုင်း မဟုတ်ဘဲ သူ၏ ဘဝတစ်သက်တာ ဖြတ်သန်းမှုကို ပုံဖော်ထားခြင်း ဖြစ်သည်။

သူသည် ဤဘဝတွင် ဤဓားကွက်ကို နောက်တစ်ကြိမ် ပြန်သုံးရန် အကြောင်းမရှိတော့သကဲ့သို့၊ မူးအောင် သောက်ရမည့် အကြောင်းရင်းကိုလည်း နောက်ထပ် ရှာတွေ့နိုင်တော့မည် မဟုတ်ကြောင်း ထင်မှတ်ထားခဲ့သည်။

သို့သော် ယနေ့တွင်မူ သူသည် ခြွင်းချက်အနေဖြင့် အသုံးပြုလိုက်ခြင်း ဖြစ်သည်။

ဤဓားကွက်ကို ရင်ဆိုင်ရချိန်တွင် ကျန်းမင်၏ မျက်ဝန်းများထဲတွင် နောက်ဆုံး၌ အနည်းငယ်မျှ လေးနက်သော အရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။

ကျားငါးကောင် တံခါးပိတ်ဓားသိုင်းသည် သူ၏ စိတ်ထဲတွင် စွဲမြဲနေပြီဖြစ်ရာ ၊ အကွက်တိုင်းက အကြိမ်ကြိမ် အဖန်ဖန် သွေးမြေကျ လေ့ကျင့်ထားပြီးသား ဖြစ်သည်။

အကွက်အားလုံးကို တစ်ကွက်တည်းအဖြစ် ပေါင်းစပ်လိုက်ချိန်တွင် ၊ ထိုတိုက်ခိုက်မှုသည် အရာအားလုံးကို ပြောင်းလဲနိုင်သော စွမ်းအားများ ရှိလာခဲ့သည်။

“ဝှစ်...”

ကျန်းမင်သည် ဓားကို လွှဲယမ်းလိုက်သည်။

အပြာရောင် ဓားအလင်းတန်းသည် လမ်းမ၏ ထက်ဝက်ခန့်ကို လင်းထိန်သွားစေပုံရသည်။

ကျောက်တုံလိုင်သည်လည်း ထိုအရာကို မြင်တွေ့လိုက်ရသော်လည်း ၊ တစ်ဖက်လူ၏ လက်ထဲက ဓားသည် စွမ်းအားများဖြင့် ပြည့်နှက်နေပြီ ဖြစ်ရာ ဤလောကတွင် မည်သူမျှ ဤဓားချက်ကို တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။

ရုတ်တရက် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားများသည် လေလျှော့သွားသော ဘောလုံးတစ်လုံးကဲ့သို့ ကုန်ဆုံးသွားပုံရသည်။

ကျန်းမင်၏ ဓားချက် မည်သို့ ရောက်ရှိလာသည်ကို သူ မမြင်လိုက်ရသော်လည်း၊ မိမိသည် တစ်ဖက်လူ၏ ဓားချက်ကို ခံယူလိုက်ရပြီ ဖြစ်ကြောင်း သိရှိလိုက်သည်။

“လူနဲ့ဓား... တစ်သားတည်းဖြစ်ခြင်း နယ်ပယ်...”

“မင်းက လူနဲ့ဓား တစ်သားတည်းဖြစ်ခြင်း နယ်ပယ်ကိုတောင် ရောက်နေခဲ့ပြီလား...”

သူသည် မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။ သွေးနီရောင် မျဉ်းကြောင်းတစ်ခုသည် သူ၏ နဖူးပြင်မှနေ၍ နှာခေါင်း၊ ပါးစပ်အထိ ဖြတ်သန်းသွားကာ နောက်ဆုံးတွင် ခန္ဓာကိုယ် တစ်ခုလုံး နှစ်ခြမ်းခွဲခံလိုက်ရပြီး လဲကျသွားလေတော့သည်။

သွေးများ ဖြန်းခနဲ့ စင်ထွက်သွား၏။

ကျန်းမင် အောင်ပွဲခံလိုက်သည့် ထိုစက္ကန့်ပိုင်းအတွင်းမှာပင် တောက်ပသော အလင်းတန်းတစ်ခုသည် ညဉ့်မှောင်ရိပ်အတွင်းရှိ ကြယ်ပျံတစ်စင်းကဲ့သို့ လမ်းမကြီးကို ဖြတ်သန်းသွားခဲ့သည်။

“ဖူး...”

ဓားငယ်တစ်စင်းသည် လည်ပင်းထက်သို့ စိုက်ဝင်သွားခဲ့ပြီ ဖြစ်၏။ ၎င်းမှာ ဓားပျံတစ်စင်း ဖြစ်သည်။

ထိုဓားကို မည်သို့ ထုတ်လိုက်သည်ကို မည်သူမျှ မမြင်လိုက်ရသလို ၊ မည်သို့ ပျံသန်းသွားသည်ကိုလည်း မည်သူမျှ မမြင်လိုက်ရချေ။

သို့သော် လှမ်းကြည့်လိုက်ချိန်တွင် ၎င်းမှာ လည်ပင်းထက်သို့ တည့်တည့်မတ်မတ် စိုက်ဝင်နေခဲ့ပြီ ဖြစ်သည်။

“ဒါမှ တကယ်ကို... လောကမှာ မရှိသင့်တဲ့ ဓားချက်ပဲ...”

ထျန်းဝူရှင်းသည် လည်ပင်းတွင် စိုက်ဝင်နေသော ဓားငယ်ကို ဆွဲနှုတ်လိုက်ရင်း ဤစကားများကို ဆိုလိုက်၏။ ဓားပျံသည် သူ့လက်ထဲတွင် ရှိနေသည်။

သို့သော် ဤသည်မှာ ကျန်းမင်၏ ဓား ဖြစ်သည်။

ထျန်းဝူရှင်း အလောင်းသည် ကျောက်တုံလိုင်၏ အလောင်းနှင့်အတူ ရှေ့ဆင့်နောက်ဆင့် လဲကျသွားလေ၏။

All Chapters