← Chapters

အခန်း ၆၉

Vol. 7 Ch. 69

အခန်း ၆၉

Vol. 7 Ch. 69

အပိုင်း(၆၉) ဟုတ်တယ်... ငါသတ်လိုက်တာ

ကျန်းမင်သည် သူမအား ဂရုမစိုက်ဟန်ဖြင့် ရှိနေသောကြောင့် စူးယာ တစ်ယောက် မျက်နှာအမူအရာ ပျက်ယွင်းသွားခဲ့သည်။

သူမသည် ဂုဏ်သရေရှိလှသော ကျန့်ဝမ်မြို့တော် စူးမိသားစု၏ သတ္တမမြောက် သခင်မလေး ဖြစ်ရာ ၊ သိုင်းလောကအတွင်းရှိ ထိပ်သီးပုဂ္ဂိုလ်များစွာပင် သူမကို မြင်တွေ့ပါက ရိုရိုသေသေဖြင့် “စူးသခင်မလေး” ဟု ခေါ်ဝေါ်ကြရသည်။

ကျန်းမင်ကဲ့သို့ နိမ့်ကျပြီး အဆင့်မရှိသော တရားမဝင် သားတစ်ယောက်က မိမိအား ဤကဲ့သို့ လျစ်လျူရှုဝံ့သလော။

ကျန်းမင်သည် သူမအား လုံးဝ လျစ်လျူရှူထားသည်ကို မြင်တွေ့ပြီးနောက် ၊ စူးယာ၏ စိတ်နှလုံးထဲရှိ ဒေါသနှင့် အရှက်ရမှုများသည် ပေါက်ကွဲလုဆဲဆဲ မီးတောင်တစ်ခုကဲ့သို့ မြင့်တတ်လာခဲ့သည်။

သူမ ဆုံးဖြတ်ချက်ချလိုက်သည်။

ယနေ့တွင် လောက၌ အရက်စက်ဆုံးသော နှိပ်စက်ညှဉ်းပန်းမှုဖြင့် ဤလူအား သေသည်အထိ နှိပ်စက်ပေမည်။

စူးယာသည် သွားများကို တကျိကျိ မြည်အောင် ကြိတ်လိုက်ရင်း။

“မင်းက မိုးကြိုးဓားသိုင်းအကြောင်းကို ပြောနေတာလား...”

“မှန်တယ်... ငါသင်ထားတာ မိုးကြိုးဓားသိုင်းပဲ... ငါက အဲဒီဓားသိုင်းကို သင်ယူခဲ့ရုံတင်မကဘူး... ဒီဓားနဲ့ လင်းမိသားစုရဲ့ နောက်ဆုံး အသက်ရှင်ကျန်ရစ်သူကိုပါ သတ်ပစ်ခဲ့တာ... လင်းမိသားစုရဲ့ မျိုးဆက်ကို အပြီးတိုင် အဆုံးသတ်ပေးလိုက်တာပေါ့... နောက်နောင်ကျရင် ဒီမိုးကြိုးဓားသိုင်းဟာ ငါ စူးယာ တစ်ယောက်တည်းရဲ့ ပိုင်ဆိုင်မှု ဖြစ်သွားပြီ...”

ကျန်းမင်က ခေါင်းကို ခါယမ်းလိုက်ပြီး ၊ သူ၏ လေသံမှာ အေးစက်တည်ငြိမ်နေဆဲပင်။

“မင်း သူ့ကို မသတ်နိုင်ပါဘူး... မင်းရဲ့ ကျင့်ကြံအဆင့်က သူ့ထက် တစ်ဆင် ပိုမြင့်နေရင်တောင် မင်း သူ့ကို မသတ်နိုင်သေးဘူး...”

“မင်းက အသိဉာဏ်မရှိတဲ့ လူမိုက်တစ်ယောက်ပဲ... မင်းရဲ့ ဓားကလည်း မင်းလိုပဲ အူကြောင်ကြောင်နိုင်တယ်...”

ကျန်းမင်သည် ဤကဲ့သို့ တည်ငြိမ်သော လေသံဖြင့် ပြောဆိုနေခြင်းက စူးယာကို ပို၍ ဒေါသထွက်သွားစေသည်။

သူမ၏ မျက်နှာတစ်ခုလုံး ဒေါသအရှိန်ကြောင့် ရဲတွတ်နေသည်။

“ကျန်းမင်... အား...”

“ငါ နင့်ကို သတ်မယ်...”

စူးယာသည် အခြားလူများက မိမိအား အသိဉာဏ်မဲ့သည်ဟု ပြောဆိုခြင်းကို အမုန်းဆုံး ဖြစ်သည်။ ထို့အပြင် ကျန်းမင်၏ စကားများကလည်း အမှန်တရား ဖြစ်နေပြန်၏။

လင်းလန်သည် သူမထက် ကျင့်ကြံအဆင့် တစ်ဆင့် နိမ့်ကျသော်လည်း သူမ၏ ဓားချက်များက သူ့ကို မသတ်နိုင်ခဲ့ချေ။ သူမသည် လင်းလန်အား (၁၈)ချက်မြောက်အထိ ထိုးနှက်ခဲ့သော်လည်း သတ်ဖြတ်နိုင်ခြင်း မရှိခဲ့ချေ။

ထို့အပြင် နောက်ဆုံး၌ ထိုလူ၏ ဓားချက်ဖြင့် အသတ်ခံရလုနီးပါး ဖြစ်ခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် ကျောက်ပုဖန်က ဝင်ရောက်တိုက်ခိုက်ပေးခဲ့ပြီး ၊ သူမအတွက် ထိုဓားချက်ကို ကာကွယ်ပေးခဲ့သဖြင့် လင်းလန့်သည် ကျောက်ပုဖန်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။

တစ်ခါတရံ၌ လိမ်ညာမှုများသည် ထက်မြက်သော ဓားတစ်စင်း မဟုတ်ဘဲ အမှန်တရားကသာ အမြဲတမ်း ထက်ရှသော ဓားချက် ဖြစ်နေတတ်သည်။

စူးယာ ဒေါသထွက်ရခြင်းမှာ ကျန်းမင်၏ လှောင်ပြောင်သရော်မှုကြောင့် မဟုတ်ဘဲ ကျန်းမင် ပြောဆိုလိုက်သည်မှာ ကွင်းကွင်းကွက်ကွက် မှန်ကန်နေခြင်းကြောင့် ဖြစ်၏။

“ချွင်...”

ချင်ကန်းဓားတစ်လက်သည် ဓားအိမ်ထဲမှ ထွက်ပေါ်လာခဲ့သည်။

ခပ်ဖျော့ဖျော့ ခရမ်းရောင် ဓားအလင်းတန်း တစ်ခု ဝင်းလက်သွားသည်။

စူးယာ အသုံးပြုလိုက်သည်မှာ မိိုးကြိုးဓားသိုင်း ဖြစ်ပြီး လင်းလန်နှင့် အတူတူပင် ဖြစ်သည်။ သူမသည် စူးမိသားစု၏ အာဏာစက်ဓားသိုင်းကို အဘယ့်ကြောင့် မသင်ယူရသနည်း။

အကြောင်းမှာ သူမတို့ ခုနစ်ယောက်စလုံးသည် မွေးစားသမီးများ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ သူမတို့သည် စူးမိသားစု၏ သခင်မလေးများ ဟူသော မျိုးရိုးအမည်ကို ခံယူထားကြသော်လည်း ခုနစ်ယောက်စလုံးသည် စူးမိသားစု၏ အာဏာစက်ဓားသိုင်းကို သင်ယူခွင့် မရှိခဲ့ပေ။

မောင်ငယ်လေး စူးကျင်း တစ်ယောက်တည်းသာလျှင် ငယ်စဉ်ကတည်းက စူးမိသားစု၏ အာဏာစက်ဓားသိုင်းကို လေ့ကျင့်ခွင့် ရရှိခဲ့ပြီး ဆက်ခံသူအဖြစ် ပျိုးထောင်ခံခဲ့ရသည်။

“ဝှစ်..."

စက္ကန့်ပိုင်းအတွင်းမှာပင် စူးယာသည် ဓားချက်(၁၈)ချက် ထုတ်ဖော်လိုက်သည်။ ၎င်းမှာ ထိုနေ့က လင်းလန့်နှင့် တိုက်ခိုက်ခဲ့စဉ်ကအတိုင်းပင် ဖြစ်သည်။

ဓားအလင်းတန်းများသည် ကျန်းမင်၏ ခန္ဓာကိုယ်ရှိ အရေးကြီးသော နေရာများ ဖြစ်သည့် လည်ပင်း၊ ဝမ်းဗိုက်၊ နှလုံး... စသည့် နေရာအနှံ့အပြားပေါ် ထိုးနှက်တိုက်ခိုက်လာ၏။

ဓားတစ်ချက် ထိမှန်ရုံဖြင့် ကျန်းမင် သေဆုံးသွားနိုင်သည်။

သို့ရာတွင် ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ ကောင်းသော လူသတ်ကွက်ကို ရင်ဆိုင်နေသည့်တိုင်အောင် ၊ ကျန်းမင်သည် လက်တစ်ဖက်တည်းကိုသာ ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်ပြီး ဓားအလင်း၏ အားနည်းချက်ရှိရာ နေရာဆီသို့ အသာလေး ပုတ်ထုတ်လိုက်သည်။

“ဘုန်း...”

ကောင်းကင်ယံထက်ရှိ ဓားအလင်းများ အားလုံး လုံးဝ ပျောက်ကွယ်သွားသည်။

“ဝုန်း ဝုန်း ဝုန်း...”

စူးယာ၏ လက်ထဲက ဓားသည် လက်နက်ကောင်းတစ်ခု ဖြစ်သည်နှင့် အလျောက် ၊ ကျန်းမင်၏ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိနေဆဲ ဖြစ်ကာ ဓားကိုယ်ထည်မှာ ပြင်းထန်စွာ တုန်ခါသွားသော်လည်း ကျိုးပဲ့သွားခြင်း မရှိခဲ့ချေ။

သို့သော် ဓားသည် သန်မာသော်လည်း ၊ လူက မစွမ်းဆောင်နိုင်ချေ။

“ဝှစ်...”

ချင်ကန်းဓားသည် လက်ထဲမှ လွတ်ထွက်သွားခဲ့ပြီး ခြံဝင်းအတွင်းရှိ နံရံဆီသို့ စိုက်ဝင်သွားခဲ့သည်။ ဓားကိုယ်ထည်တစ်ခုလုံး နံရံထဲသို့ မြုပ်ဝင်သွားခြင်း ဖြစ်ကာ ဓားရိုးသာလျှင် အပြင်ဘက်၌ ကျန်ရစ်ခဲ့သည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ထိုဓား၏ ထက်မြက်မှုကို သိရှိနိုင်သည်။

“အား...”

စူးယာ၏ ခန္ဓာကိုယ်သည် နောက်ပြန်လွင့်ထွက်သွားပြီး လက်ဖဝါးများ စုတ်ပြဲကာ သွေးများ ဖျန်းခနဲ စင်ထွက်သွား၏။

“ဘုန်း...”

သူမသည် မြေကြီးပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့ပြီး ၊ တစ်ကိုယ်လုံး ဖုန်မှုန့်များဖြင့် ပေကျံသွားကာ နှုတ်ခမ်းဖျားမှ သွေးများ စီးကျလာသည်။ သူမ၏ ပုံစံသည် အလွန်ပင် သနားစရာကောင်းပြီး ရယ်စရာလည်း ကောင်းသည်။

“ဖူး ဖူး...”

သွေးနှစ်လုပ်စာ ထွေးထုတ်လိုက်ပြီးနောက် ၊ သူမ၏ မျက်ဝန်းများသည် ထိတ်လန့်ချောက်ခြားခြင်း ၊ မုန်းတီးခြင်းများဖြင့် ကျန်းမင်ကို စိုက်ကြည့်လိုက်၏။

“နင်... ကောင်စုတ်...နင်ကများ ငါ့ကို ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့လေ...”

“ငါက နင့်ရဲ့ အစ်မနော်...ကိုယ့်ထက်အသက်ကြီးတဲ့သူဟာ မိခင်လိုပဲ... မင်း ကျင့်ဝတ်နဲ့ အရှက်တရားဆိုတာ ဘာမှန်း မသိဘူးလား...”

စူးယာက ဦးစွာ အော်ဟစ်ပြောဆိုလိုက်သည်။ ဤအခြေအနေသို့ ရောက်ရှိလာချိန်တွင် သူမသည် အစ်မဟူသော အဆင့်အတန်းကို အသုံးပြု၍ ကျန်းမင်အား ဖိနှိပ်ရန် ကြိုးစားပြန်၏။

သို့ရာတွင် ကျန်းမင်သည် အထင်သေးသော မျက်နှာပေးဖြင့် ပုခုံးတွန့်ပြလေ၏။

All Chapters