← Chapters

အခန်း ၈၁၈

Vol. 59 Ch. 818

အခန်း ၈၁၈

Vol. 59 Ch. 818

အပိုင်း ၈၁၈ - ချော်ရည်ပူများ

ဟန်လိ၏ အစီအစဉ်မှာ ကျိုးကြောင်းဆီလျော်မှု ရှိပုံရသည် ဆိုသော်ငြားလည်း ၎င်းအဆိပ်က အမှန်တကယ် အာနိသင် ရှိ၊ မရှိကိုမူ ရာနှုန်းပြည့် အာမမခံနိုင်ချေ။ အမှန်တကယ်တော့ ဟန်လိကိုယ်တိုင်ပင်လျှင် ၎င်းအဆိပ်၏ အာနိသင်အပေါ် အပြည့်အဝ စိတ်ချယုံကြည်နေခြင်း မရှိပါချေ။ တကယ်တော့ သူသည် အဆိပ်ကြီးဆယ်ပါး နှင့် ပတ်သက်သမျှ အကြောင်းအရာ အားလုံးကို မှတ်တမ်းများထဲကနေသာ ဖတ်ရှုသိရှိခဲ့ရခြင်း ဖြစ်ပြီး ကိုယ်တိုင်ကိုယ်ကျ တစ်ခါမျှ စမ်းသပ်ဖူးခြင်း မရှိခဲ့သောကြောင့်ပင် ဖြစ်၏။

သို့သော်လည်း ခဏအကြာတွင်မူ ထိုကျင့်ကြံသူ သုံးဦးစလုံး၏ ရင်ထဲ၌ ရှိနေခဲ့သော သံသယစိတ်များအားလုံးမှာ လုံးဝ ကွယ်ပျောက်သွားခဲ့သည်။ ၎င်းမှာ အခြားကြောင့်မဟုတ်ဘဲ ထိုလူဝံရုပ်သေးရုပ်များမှာ ပေသုံးရာကျော်လောက် အကွာအဝေးသို့ ပျံသန်းရောက်ရှိသွားခဲ့ကြသည့် ခဏမှာပင် ယခင် ငြိမ်သက်နေသောတောင်မှာ အော်ဟစ်သံများ ပွက်လောထလာသောကြောင့်ပင်။

ထိုအသံဆိုးများကို ကြားရချိန်၌ ဟန်လိသည် သူ့ခန္ဓာကိုယ်ထဲ၌ ချီနှင့်သွေးများ ကဗြောင်းကဗြန် ဖြစ်သွားသည့်နှယ် ခံစားမိကာ စိတ်ထဲဝေဝါးသွားပြီး ကောင်းကင်ထက်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားရ၏။ သူသည် ကြီးစွာ ထိတ်လန့်တုန်လှုပ်သွားရသဖြင့် သူ၏ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်ချီစွမ်းအင် အားလုံးကို အလျင်အမြန်ပင် အသက်သွင်း လည်ပတ်စေလိုက်ပြီးမှသာ အောက်သို့ လဲပြိုကျမသွားအောင် ထိန်းချုပ်ထားနိုင်တော့သည်။ ထို့နောက် သူက ဘေးနားရှိ သူ၏ အဖော်များထံသို့ သူ၏ ကြည်လင်အာရုံ ဝိညာဉ်စွမ်းအားမျက်လုံးများဖြင့် ခပ်မြန်မြန် လှည့်ကြည့်လိုက်၏။ သူတို့၏ အခြေအနေမှာလည်း ဟန်လိထက်စာလျှင် ပိုမိုကောင်းမွန်နေခြင်း မရှိကြဘဲ သူတို့၏ ခန္ဓာကိုယ်များမှာလည်း အကြိမ်ကြိမ် တုန်ယင်သွားခဲ့ကြပြီးမှသာ တည်ငြိမ်မှုကို ခက်ခဲစွာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြသည်။

ဟန်လိသည် ကြီးစွာ အံ့ဩမှင်သက်သွားရသဖြင့် မျက်မှောင်ကြုတ်လိုက်မိ၏။ ၎င်းထူးဆန်းလှသော အော်ဟစ်သံဆိုးကြီးများ၏ တိုက်ခိုက်မှုမှာ လူသားတစ်ဦး၏ စိတ်ဝိညာဉ်အာရုံကို ချိန်ရွယ်တိုက်ခိုက်ခြင်းမဟုတ်ဘဲ ခန္ဓာကိုယ်အတွင်း၌ ရှိနေသော ချီစွမ်းအင်ကို တိုက်ရိုက်ထိခိုက်စေခြင်းပင်။ ထို့ကြောင့် သူ၏ စိတ်ဝိညာဉ်အာရုံစွမ်းအားမှာ မည်မျှအားကောင်းပါစေ ၎င်းအော်ဟစ်သံများကို ခုခံနိုင်မည့်နည်းလမ်း မရှိ ဖြစ်သွားရသည်။ ခရမ်းကွက်ကင်းမြီးကောက်များတွင် ဤကဲ့သို့သော မွေးရာပါ ထူးခြားဆန်းပြားလှသည့် စွမ်းရည်မျိုး ရှိနေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့မိ၍ ၎င်းမှာ သူ့ကို အကြီးအကျယ် အံ့အားသင့်သွားစေတော့သည်။ ဤသည်ကို ကြည့်ခြင်းဖြင့် အတိတ်က မှတ်တမ်းမှတ်ရာများထဲ၌ ၎င်းတို့နှင့် ပတ်သက်သမျှ အကြောင်းအရာ အားလုံးကို အပြည့်အဝ ထည့်သွင်းဖော်ပြထားခဲ့ခြင်း မရှိကြောင်းမှာ ထင်ရှားသည်။

သူ ထိုသို့ စဉ်းစားနေစဉ် တောင်ပေါ်မှ ခရမ်းနက်ရောင်အလင်းတန်းဆယ်ခုလောက်မှာ ချက်ခြင်း ပျံသန်းထွက်လာ၏။ ၎င်းတို့က လူဝံရုပ်သေးများ အနောက်သို့ အမြန်ဆုံးနှုန်းဖြင့် လိုက်လံဖမ်းဆီးနေကြတာကို သူ လှမ်းမြင်ရသည်။

ထိုအခိုက်အတန့်တွင် ဟန်လိသည် တွေဝေမနေတော့ဘဲ မိမိ၏ ရုပ်သေးရုပ်များကို ၎င်းတို့၏ အမြန်ဆုံးနှုန်းဖြင့် ကောင်းကင်ကို ခွင်းကာ ထွက်ပြေးရန် ချက်ခြင်း စိတ်ထဲမှ အမိန့်ပေးလိုက်သည်။

၎င်းမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်သော်ငြားလည်း ဟန်လိသည် ၎င်းခရမ်းနက်ရောင် အလင်းတန်းများ၏ အစစ်အမှန်ပုံစံကို အကြမ်းဖျင်းအားဖြင့် မြင်တွေ့လိုက်ရ၏။ ၎င်းတို့မှာ အလျား ကိုးပေခန့်အထိ ရှည်လျားလှသော အံ့ဩစရာကောင်းသည့် ခန္ဓာကိုယ်ကြီးများကို ပိုင်ဆိုင်ထားကြရုံတင်မကဘဲ ကျောပေါ်တွင်လည်း ဖောက်ထွင်းမြင်နိုင်သည့် အတောင်ပံတစ်စုံ ပါရှိကြပြီး ၎င်းတို့၏ ခရမ်းနက်ရောင် အကြေးခွံများမှာလည်း အလင်းအောက်၌ တဖျတ်ဖျတ် ပြောင်လက်နေကြပေသည်။ ၎င်းတို့၏ ကြီးမားလှသော အရွယ်အစားနှင့် အတောင်ပံတစ်စုံ ပါရှိနေခြင်းမှလွဲ၍ ကျန်ရှိသော ပုံပန်းသဏ္ဌာန် အားလုံးမှာမူ သာမန်ကင်းမြီးကောက်တစ်ကောင်နှင့် ချွတ်စွတ်တူညီနေသည်။

၎င်းကင်းမြီးကောက် အုပ်စုကြီး၏ အရှေ့ဆုံးတွင် ဦးဆောင်ပျံသန်းလာသော ကင်းမြီးကောက်ကြီးမှာမူ အခြားသော အင်းဆက်များထက်စာလျှင် အရွယ်အစားအားဖြင့် နှစ်ဆခန့်အထိ ပိုမိုကြီးမားလှသဖြင့် ၎င်းတို့၏ အရှင်သခင် သို့မဟုတ် ခေါင်းဆောင် ဖြစ်မှန်း သိသာသည်။ ၎င်း၏ ပါးစပ်ထဲကနေ ကြောက်မက်ဖွယ်ကောင်းလှသော အဝါရောင် မြူခိုးတိမ်တိုက်ကြီးများအား စဉ်ဆက်မပြတ် ထွေးထုတ်နေသော ၎င်း၏ ရက်စက်ကြမ်းကြုတ်လှသည့် ပုံပန်းသွင်ပြင်ကြောင့် ဟန်လိပင်လျှင် စပ်စုချင်သော မျက်လုံးများဖြင့် မမှိတ်မသုန် စိုက်ကြည့်မိနေ၏။

လူဝံရုပ်သေးများ၏ အမြန်နှုန်းမှာ ကင်းမြီးကောက်များထက်စာလျှင် နှေး၏။ သို့သော်ငြား ၎င်းတို့သည် စမှတ်သာခဲ့၏။ ထို့ကြောင့် ၎င်းတို့က ကင်းမြီးကောက်များကို အချိန်တစ်ခုထိ အာရုံလွှဲနိုင်မည်သာ။ သည့်နောက်တွင်မူ ကင်းမြီကောက်များနှင့် ရုပ်သေးများသည် အမဲစက်များအဖြစ် ပြောင်းကာ အဝေးသို့ ပျောက်ကွယ်သွားကြသည်။

မကြာမီမှာပင် ဟန်လိက ကျယ်လောင်သော အသံဖြင့် အော်ဟစ်သတိပေးလိုက်တော့၏။

“သွားကြစို့... ကျုပ်ရဲ့ ရုပ်သေးရုပ်အချို့ကတော့ အတားအဆီးပညာရပ်တွေရဲ့ ပိတ်လှောင်တာကို ခံလိုက်ရပြီ ဖြစ်လို့ မကြာခင်မှာပဲ အဲ့ကင်းမြီးကောက်တွေ ဖမ်းမိတာ ခံရတော့မယ်”

ထိုသို့ ပြောဆိုပြီးသည်နှင့် ဟန်လိသည် သူ၏ခန္ဓာကိုယ်ကို ဖုံးကွယ်ထားသော လျှို့ဝှက်အတတ်ပညာရပ်များကို ချက်ခြင်း ဖယ်ရှားပစ်လိုက်ပြီး လေထုကို ခွင်းလျက် အရှိန်အဟုန်ပြင်းစွာဖြင့် ရှေ့သို့ အလျင်အမြန် ပျံသန်းသွားတော့သည်။ ကျန်ရှိနေသော သူ၏ အဖော်နှစ်ဦးမှာလည်း တုံ့နှေးခြင်းမရှိဘဲ သူ၏အနောက်မှနေ၍ ချက်ခြင်း လိုက်ပါလာခဲ့ကြပြီး ၎င်းတောင်ထိပ်ရှိရာဆီသို့ ဦးတည်ကြတော့၏။

အကယ်၍ ဤအခိုက်အတန့်တွင် သည်တောင်တန်းကို အချိန်မိ မဖြတ်ကျော်နိုင်ပါက ခရမ်းကွက်ကင်းမြီးကောက်များ၏ အမြန်နှုန်းကြောင့် ၎င်းတို့ ပြန်ရောက်လာလျှင် ကပ်ဘေးတစ်ခု ဖြစ်သွားနိုင်သည်။

ကံကောင်းထောက်မစွာဖြင့် သူတို့အားလုံး၏ အမြန်နှုန်းမှာလည်း အလွန်တရာ မြန်ဆန်သည်။ ဟန်လိသည် မိုးကြိုးမုန်တိုင်းတောင်ပံများကို ထုတ်ဖော်အသုံးပြုခြင်း မရှိလျှင်ပင် သူ၏ နက်နဲလှသော ကျင့်ကြံခြင်းပညာရပ်များကြောင့် ဖြတ်ခနဲအတွင်း ထိုတောင်နားသို့ ချဉ်းကပ်လာနိုင်ပြီ ဖြစ်၏။

ထိုအခိုက်အတန့်တွင် သူသည် မိမိ၏ လူဝံရုပ်သေးရုပ်များနှင့် ချိတ်ဆက်ထားသော စိတ်ဝိညာဉ်အာရုံလှိုင်းများမှာ တစ်ခုပြီးတစ်ခု လုံးဝ ပြတ်တောက်ပျောက်ကွယ်သွားသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။ ဟန်လိသည် ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်မှုကို မသိမသာ ခံစားလိုက်ရသော်လည်း သူ၏ အရှိန်အဟုန်ကို လုံးဝမလျှော့ချဘဲ ကင်းမြီးကောက်များ၏ အသိုက်အမြုံတည်ရှိရာ နေရာကို အမြန်ဆုံး ဖြတ်ကျော်သွားတော့၏။

သူတို့သည် ၎င်းတောင်တန်းကြီး၏ အခြားတစ်ဖက်သို့ ဘေးအန္တရာယ်ကင်းကင်းဖြင့် ရောက်ရှိသွားနိုင်ခဲ့ကြသည့် အခါမှသာ သူတို့၏ ရင်ထဲ၌ စိတ်အေးသွားနိုင်တော့သည်။

မြို့စားကြီးနန်းလုံကမူ ပြုံး၍ ပြောလာသည်။

“ကံကောင်းလို့ပေါ... ညီအစ်ကိုဟန်ရဲ့ ကျောက်စိမ်းချိုးဖြူအဆိပ်နဲ့ရုပ်သေးရုပ်တွေကြောင့်သာ ကျုပ် တို့ ဒီကနေ အောင်မြင်စွာ ဖြတ်ကျော်လာနိုင်ခဲ့တာ။ မဟုတ်ရင်တော့ ကျုပ်တို့အတွက် အတော်လေးကို ဘေးကြပ်နံကြပ် ဖြစ်စေမှာ သေချာတယ်”

ဟန်လိက မြို့စားကြီးနန်းလုံကို တစ်ချက် ကြည့်ရှုလိုက်ပြီးနောက် တည်ငြိမ်စွာ ပြန်ပြောသည်။

“ဒါ ဘာမှဟုတ်တဲ့ ကိစ္စ မဟုတ်ပါဘူး။ ကံ ကူလို့ပါ”

ဟန်လိသည် ၎င်းကျောက်စိမ်းချိုးဖြူအဆိပ်မှာ မူလကတည်းက သခင်ကြီးချန်ကုန်း ချန်ထားခဲ့ဖူးသော ရတနာပစ္စည်းများထဲမှ တစ်ခုသာ ဖြစ်ကြောင်းကို ကောင်းစွာ သဘောပေါက်ထားသဖြင့် ၎င်းကိစ္စရပ်နှင့် ပတ်သက်၍ အထူးတလည် ဂုဏ်ယူဝင့်ကြွားနေခြင်း မရှိဘဲ သာမန်ကာလျှံကာသာ ပြန်ပြောလိုက်သည်။

လုဝေယင်းသည်လည်း ခုလောက် ဘေးကြပ်နံကြပ်ကိစ္စကို အလွယ်တကူ ဖြေရှင်းကိုင်တွယ်နိုင်ခဲ့သော ဟန်လိ၏ စွမ်းရည်အပေါ် ချီးကျူးစကား ဆိုလိုက်တော့၏။ ဟန်လိကမူ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး စကားအနည်းငယ်ဖြင့်သာ ယဉ်ကျေးစွာ တုန့်ပြန်ဖြေကြားလိုက်ပြီးနောက် သူတို့သည် ရှေ့ဆက်ရမည့် လမ်းကြောင်းအတိုင်း ဆက်လက်ထွက်ခွာလာခဲ့ကြပေသည်။

သူတို့သည် နေ့တစ်ဝက်ခန့်အထိ မည်သည့် ဘေးအန္တရာယ်နှင့်မှ ထပ်မံကြုံတွေ့ရခြင်း မရှိဘဲ ဆက်လက်ခရီးနှင်လာခဲ့ကြပြီးနောက်တွင် ဘေးပတ်ဝန်းကျင် လေထုအတွင်းရှိ အပူချိန်မှာ သိသိသာသာ စတင်မြင့်တက်လာခဲ့ပြီ ဖြစ်သည်။

သူတို့ရှေ့ဆက်လာသည်နှင့်အမျှ တောင်ပေါ်ရှိ ကျောက်သားကျောက်စိုင်များမှာ အနီရောင် ဖြစ်လာခဲ့လေပြီ။ အနီးဝန်းကျင်ရှိ တောင်ကုန်းအချို့ဆို ချောရည်ပူများ ၎င်းတို့ပေါ်၌ စီးဆင်းမှုကြောင့် အက်ကြောင်းများပင် ထနေ၏။ လေထုထဲ၌လည်း အပူရှိန်က ဟိန်းဟိန်းထနေ၏။

ဟန်လိနှင့်ဝေဝူယင်းတို့သည် ထိုမြင်ကွင်းကြောင့် အံ့အားသင့်နေမိသည်။ မြို့စားကြီးနန်းလုံကမူ သူတို့လမ်းကြောင်းမှန်မှ သွေဖယ်သွားတာမျိုး မရှိမှန်း သိနေ၍ တည်ငြိမ်နေ၏။‌

ခဏအကြာတွင် သူတို့သုံးယောက်သားမှာ အနီရောင်တောင်တစ်ခုပေါ်သို့ ရောက်လာကြသည်။ ထိုတောင်မှာ ဆယ်ကီလိုမီတာလောက် မြင့်မား၏။ တောင်၏နေရာအများစုမှာ အနီရောင်တိမ်တိုက်များဖြင့် ဖုံးလွှမ်းလျက် ရှိသည်။ ကြည့်ရမြင်ရတာ ထည်ဝါလွန်းလှပါသည်။ မြို့စားကြီးနန်းလုံသည် ထိုတောင်ကို မြင်သည့်အခါ အရှိန်လျော့ချ၏။ သူ့ကိုယ်သူ ခြုံလွှမ်းထားသော အလင်းမှာလည်း ကွယ်ပျောက်သွား၏။ ဟန်လိနှင့်ဝေဝူယင်းတို့သည် တစ်ယောက်ကိုတစ်ယောက် စိတ်လှုပ်ရှားစွာ ကြည့်မိကြသည်။ သွားချင်သည့်ပန်းတိုင်သို့ ရောက်ပြီမှန်း သူတို့ သိလိုက်ပေပြီ။

မြို့စားကြီးက သက်ပြင်းရှည်ချကာ သူတို့ဘက်သို့ လှည့်၍ ပြောလာသည်။

“ရောင်းရင်းတို့….ဒီတောင်အောက်မှာ လှိုဏ်ဂူတစ်ခု ရှိတယ်။ အဲ့တာက ရှေးဟောင်းမီးတောက်ဖားပြုပ်နဲ့ အနီးဆုံးနေရာပဲ။ အဲ့ထဲမှာ ရှေးဟောင်းကျင့်ကြံသူတွေရဲ့ အကြွင်းအကျန်တွေလည်း ရှိနေတယ်။ ဒီဖားပြုပ်သားရဲဟာ အစွမ်းထက်လွန်းတယ်။ ကျုပ်တို့ ဒီကောင့်ကို ဘယ်လိုရင်ဆိုင်ကြမလဲ တိုင်ပင်ရအောင်”

“တောင်အောက်မှာလား”

ဟန်လိသည် မျက်ခုံးပင့်မိ၏။ သူ့စိတ်ဝိညာဉ်အာရုံကိုလည်း ဖြန့်ကျက်ကြည့်သည်။ သူ ထင်ထားသည့်အတိုင်းပင် ဤတောင်အောက်ခြေ၌ မီးလျှံများနှင့် ပြည့်နေသော လှိုဏ်ဂူကြီးတစ်လုံး အမှန်တကယ် ရှိနေသည်။ ၎င်းအတွင်း၌ လေပူများကလည်း တိုက်ခတ်နေသေးသည်။ မီးတောက်ဖားပြုပ် သတိထားမိသွားမှာစိုး၍ ဟန်လိက သူ့စိတ်ဝိညာဉ်အာရုံကို ပြန်ရုတ်သိမ်းလိုက်၏။

လုဝေယင်းက အမြန်ဝင်ပြောသည်။

“ကျုပ်တို့ ဘာကို တိုင်ပင်ရဦးမှာလဲ။ ရောင်းရင်းဟန်က သူ့ရေခဲဓာတ်ပညာရပ်တွေကို သုံး၊ ကျုပ်တို့က သူတို့ကို ဘေးကကူညီပေးပြီး အဲ့မီးတောက်ဖားပြုပ်ကို တိုက်ခိုက်ကြရုံပဲမလား”

“အစ်ကိုလု….အဲ့လောက် မရိုးရှင်းဘူး။ သခင်ကြီးချန်ကုန်းရဲ့မှတ်တမ်းအရဆို ဒီရှေးဟောင်းမီးတောက်ဖားပြုပ်ရဲ့ အသိုက်ဟာ ချောရည်ပူတွေထဲမှာ တစ်ဝက် ရှိနေတာ။ ဒါကြောင့် ဒီသားရဲဟာ ဒဏ်ရာရသွားရင်တောင် အဲ့ထဲ ဝင်ပြေးနိုင်တယ်။ အဲ့ထဲမှာဆို သူ့ဒဏ်ရာတွေကလည်း အမြန်ပြန်ကောင်းနိုင်သေးတယ်။ ပတ်ဝန်းကျင်အခြေအနေကတော့ ကျုပ်တို့ဘက်မှာ ရှိမနေဘူး။ အကောင်းဆုံး တိုက်ခိုက်ရေး အစီအစဉ်ကတော့ မန္တာန်အစီအရင်တစ်ခုကို အရင်ချ။ ပြီးရင် ဖားပြုပ်ကောင်ကို အသိုက်ထဲကနေ ထွက်လာအောင် မျှားခေါ်တာပဲ။ ဒါကြောင့် ကျုပ်အနေနဲ့ ရေခဲဓာတ်မန္တာန်အစီအရင်တစ်ခုကို ကြိုပြင်ဆင်လာခဲ့တယ်”

ထိုစကားများအပေါ် လုဝေယင်းအနေဖြင့် ငြင်းဆန်စရာ မရှိနေပေ။ ဟန်လိကမူ မူမမှန်တာ ဘာမှ မတွေ့သေးပေ။ တိုက်ခိုက်မည့်အစီအစဉ် ဆွဲပြီးဖြစ်၍ သူတို့ စပြင်ဆင်ကြသည်။ မြို့စားနန်းလုံ၏ အစီအရင်အပြင် ဟန်လိကလည်း မထင်မှတ်ထားတာတွေ ဖြစ်မလာအောင် သူ့ကိုယ်ပိုင်မန္တာန်အစီအရင်များကို နေရာချသည်။

ထိုသို့ ပြုလုပ်ပြီးနောက် ဤကျင့်ကြံသူသုံးဦးသည် သူတို့ကိုယ်သူတို့ ဖုံးကွယ်ကြ၏။ သူတို့သည် ထိုသို့ဖုံးကွယ်ထားရင်း လှိုဏ်ဂူထဲမှ မီးတောက်ဖားပြုပ် ထွက်လာအောင် ဟန်လိ မြှူဆွယ်မည်ကို စောင့်နေကြသည်။

ဟန်လိက သူ့သိုလှောင်အိတ်ကို ပုတ်၏။ သူ့လက်ကျန် ဝံပုလွေဖြူရုပ်သေးကို ထုတ်၏။ ထို့နောက် သူသည် အစီအရင်အစွန်နားတွင် ထိုင်ချပြီး ရုပ်သေးကို တောင်အောက်ရှိ လှိုဏ်ဂူထံ စေလွှတ်လိုက်သည်။

All Chapters