အခန်း ၈၂၀
Vol. 59 Ch. 820
အပိုင်း ၈၂၀ - မီးတောက်ဖားပြုပ်ကို သုတ်သင်ခြင်း
ရေခဲအတားအဆီး၏ အလယ်ဗဟိုတည့်တည့်မှ စူးရှတောက်ပသော နီရဲသည့်အလင်းတန်းတစ်ခု ဝုန်းခနဲ လင်းလက်ထွက်ပေါ်လာပြီး ကြီးမားကျယ်ပြန့်လှသော မီးလျှံအမျှင်တန်းကြီးက ထိုရှေးဟောင်း မီးတောက်ဖားပြုပ်ကြီး၏ ဘေးပတ်ပတ်လည် နေရာတိုင်းကို သိမ်းကျုံးတိုက်ခိုက်သည်။ ၎င်းသည် ရေခဲနဂါးကြီးများပင် ဖြစ်ပါစေ သို့မဟုတ် တိုက်ခိုက်ရေးမှော်ရတနာများပင် ဖြစ်ပါစေ ၎င်းတို့အားလုံးကို ပြင်းထန်လှသော အရှိန်အဟုန်များဖြင့် လွင့်စင်ထွက်သွားအောင် အကြမ်းပတမ်း တွန်းထုတ်ပစ်သည်။ ထိုစူးရှလှသော အလင်းတိုင်ကြီး၏ အတွင်းပိုင်း၌မူ မီးတောက်ဖားပြုပ်ကြီး၏ ပုံရိပ်ယောင်ခန္ဓာကိုယ်ကို ဝေဝါးစွာ လှမ်းမြင်နိုင်သည်။
ထိုမီးလျှံအလင်းတိုင်ကြီးက အပြင်ဘက်သို့ လျင်မြန်စွာ ပြန့်ကျဲကွယ်ပျောက်သွားသည်။ မိမိကိုယ်ကိုယ် ပိတ်လှောင်ခြင်း ခံလိုက်ရပြီ ဖြစ်မှန်း သိသွားသော ထိုမီးတောက်ဖားပြုပ်ကြီးသည်လည်း ဤအခွင့်အရေးကောင်းကို အမိအရ အသုံးချကာ အပြင်ဘက်သို့ အသက်လု၍ ထွက်ပြေးရန် ကြံစည်သည်။ ၎င်းသည် အရှိန်အဟုန်ပြင်းစွာ တောက်လောင်နေသော မီးလျှံအလင်းလုံးကြီးတစ်ခုအလား ချက်ခြင်း အသွင်ပြောင်းလဲလိုက်ကာ ခုလေးတင် သူကိုယ်တိုင် ဖျက်စီးပစ်ခဲ့သည့် အလင်းအရံအတားပေါ်က အပေါက်ကြီးရှိရာ အရပ်မျက်နှာဆီသို့ တဟုန်ထိုး ခုန်ထွက်သည်။
မြို့စားကြီးနန်းလုံနှင့် လူဝေယင်းတို့သည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ကြရသည့်အခါ ၎င်းနတ်ဆိုးသားရဲကြီး မန္တာန်အစီအရင်အတွင်းမှ လွတ်မြောက်ထွက်ပြေးသွားခွင့်မရအောင် ကြိုဟန့်တားရန် ကိုယ်ပိုင်မှော်ရတနာများကို ကမန်းကတမ်း ထုတ်လိုက်ကြသော်လည်း သူတို့၏ လှုပ်ရှားမှုများက အနည်းငယ်မျှ နောက်ကျသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသားရဲကြီးသည် ထိုရေခဲအတားအဆီး၏ ဝင်ပေါက်ဝနားဆီသို့ တဟုန်ထိုး ရောက်ရှိလာသော်လည်း ၎င်းဖားပြုပ်ကြီး၏ ရှေ့ခြေထောက်နှစ်ဖက်စလုံး အလင်းအရံအတား၏ အပြင်ဘက်သို့ လှမ်းထွက်လိုက်မိရုံမျှသာ ရှိသေးသည့် အခိုက်အတန့်လေးမှာပင် အဝေးမှ စူးရှကျယ်လောင်လှသော လေခွင်းသံကြီးတစ်ခု ရုတ်တရက် ဝုန်းခနဲ ပေါက်ကွဲထွက်ပေါ်လာသည်။ ထိုဖားပြုပ်ကြီးသည် အနက်ရောင်အလင်းတန်းတစ်ခု ချက်ခြင်း ပေါ်ထွက်လာပြီး ၎င်းထံ တိုက်ခိုက်လာနေသည်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ သည့်နောက် ၎င်းမှာ ခြေထောက်မှ ပြင်းထန်လှသော ပူလောင်ခြင်း၊ အေးစိမ့်ခြင်း ခံစားမှုလှိုင်းတို့ကို တစ်ပြိုင်နက်တည်း ထူးခြားစွာ ခံစားလိုက်ရသည်။ ၎င်း၏ ခန္ဓာကိုယ်အစိတ်အပိုင်းအတော်များများမှာ ပြတ်တောက်ပျက်စီးသွားပြီးမှန်း ရုတ်တရက် သိရှိသွားလေသည်။
ထိုမီးတောက်ဖားပြုပ်ကြီးသည် ခန္ဓာကိုယ်တစ်ခုလုံး ခဏမျှ သိသိသာသာ တုန်ယင်သွားပြီးနောက်မှ သည်းခံနိုင်လောက်အောင် ပြင်းထန်လှသည့် နာကျင်မှုဒဏ်ကြောင့် ကျယ်လောင်စွာ အော်မြည်သည်။ ၎င်းသားရဲကြီးမှာ အစွမ်းထက်လှသည် ဆိုသော်ငြား နာကျင်လွန်း၍ ကောင်းကင်ယံထက်ကနေ အောက်ဘက်မြေပြင်ပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွားသည်။
မြို့စားကြီးနန်းလုံနှင့် လူဝေယင်းတို့သည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ကြရသည့်အခါ ကျေနပ်သွားကြသည်။ သူတို့ကို ၎င်းဖားပြုတ်ကို ပိတ်ဆို့နိုင်ရန် မှော်လက်နက်များ ချက်ခြင်းထုတ်၍ ရက်ရက်စက်စက် တိုက်ခိုက်လာသည်။
မြို့စားကြီးနန်းလုံ၏ ကျောက်စိမ်းကွင်း မှော်ရတနာသည် လေထုထဲ၌ အကြိမ်ပေါင်းများစွာ ရုတ်တရက် ဝေဝါးသွားကာ ရာနှင့်ချီသော ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလျက် ၎င်းမီးတောက်ဖားပြုပ်ကြီး လုံးဝ လှုပ်ရှားနိုင်စွမ်းမရှိတော့အောင် အပြည့်အဝ ချုပ်ကိုင်ပစ်ရန် လျင်မြန်စွာ လည်ပတ်သည်။ လုဝေယင်း၏မိုးပြာရောင်လှံရှည်တစ်စုံကလည်း မိုးပြာရောင်အလင်းတန်းများ ဖျတ်ခနဲ လင်းလက်သွားခြင်းနှင့်အတူ မီတာနှစ်ဆယ်လောက် အနည်းဆုံးရှည်မည့် ရေခဲမြွေကြီးများအဖြစ်သို့ ပြောင်းလဲကာ ဖားပြုပ်ကြီးထံ အဘက်ဘက်မှ တိုးဝင် တိုက်ခိုက်လာသည်။
၎င်းသားရဲကြီးသည် အတိတ်ခေတ်ကာလတုန်းက ဆရာသခင် ချန်းကုန်း ကိုယ်တိုင်ပင် ထိတ်လန့်ခဲ့ရသည့် သားရဲကြီးပီပီ မိမိ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု လုံးဝ ပြတ်တောက်ပျက်စီးသွားခဲ့တာတောင် အားနည်းသွားခဲ့သည့် အရိပ်အယောင်မျိုး လုံးဝ မပြသခဲ့ပါချေ။ ၎င်းသည် မိမိ၏ ခန္ဓာကိုယ်အရေပြားပေါ်၌ သေးငယ်လှသော အလင်းဒိုင်းကာအလွှာပေါင်းများစွာကို နောက်တစ်ကြိမ် သိပ်သည်းဖွဲ့စည်းစေကာ ၎င်းတိုက်ခိုက်မှုလှိုင်းအားလုံးကို အစွမ်းကုန် တောင့်ခံရန် ပြင်ဆင်သည်။
ကျောက်စိမ်းကွင်းပုံရိပ်ယောင်များမှာ ထိုမီးတောက်ဖားပြုပ်ကြီး၏ ခန္ဓာကိုယ်အနားဆီ နည်းနည်းလေးမျှ ချဉ်းကပ်ဝင်ရောက်နိုင်ခြင်းမရှိကြဘဲ ၎င်းကို အပြည့်အဝ ချုပ်ကိုင်ထားနိုင်စွမ်း မရှိလေပေ။
၎င်းတို့သည် ထိုအလင်းဒိုင်းကာငယ်များပေါ်သို့သာ တရစပ် သွားရောက်ထိမှန်နေကြသော်လည်း မည်သည့်သက်ရောက်မှုမျှ ရှိမနေခဲ့ပါ။ ၎င်းရေခဲစပါးအုံးမြွေကြီးနှစ်ကောင် အနေဖြင့်မူ မိမိတို့၏ ကိုယ်ပိုင်ရေခဲဓာတ် တိုက်ခိုက်မှုလှိုင်းများဖြင့် ထိုမီးဓာတ်အလင်းဒိုင်းကာများကို အပြည့်အဝ ဖိနှိပ်ထားနိုင်စွမ်း ရှိကြသည်။ ၎င်းတို့ တရစပ် စုပြုံတိုးဝင် တိုက်ခိုက်လိုက်သည့် အကြိမ်တိုင်းတွင်လည်း ၎င်းဒိုင်းကာငယ်များ၏ အရေအတွက်မှာ ဆက်တိုက် ထွက်ပေါ်နေဆဲဖြစ်သဖြင့် တိုက်ခိုက်မှုလှိုင်းများမှာ သိပ်ပြီးတော့ အကျိုးသက်ရောက်မှု ရှိမနေခဲ့ပါချေ။
သို့သော်ငြားလည်း နောက်တစ်ခဏအတွင်းမှာပင် မိုးပြာရောင်အလင်းတန်း ခြောက်ခုသည်လည်း ၎င်းတရစပ် တိုက်ခိုက်မှုလှိုင်းကြီးအတွင်းသို့ တပြိုင်နက်တည်း ပေါင်းစည်းဝင်ရောက်လာခဲ့ပြီ ဖြစ်ရာ စူးရှတောက်ပသော အလင်းတန်းများနှင့်အတူ ၎င်းအလင်းဒိုင်းကာအလွှာပေါင်းများစွာကို ချက်ခြင်း ကြေမွပျက်စီးသွားစေသည်။ ကမ္ဘာမြေတစ်ခုလုံးကို လှုပ်ခါသွားစေနိုင်သည့် ကျယ်လောင်လှသော ပေါက်ကွဲမြည်ဟိန်းသံကြီးနှင့်အတူ ထိုရှေးဟောင်း မီးတောက်ဖားပြုပ်ကြီးမှာ မိမိ၏စွမ်းရည်များကို အစွမ်းကုန် ထုတ်သုံးလျက် အသည်းအသန် ခုခံကာကွယ်သော်လည်း ၎င်းမှာ လွှမ်းမိုးဖိနှိပ်ခြင်း ခံလိုက်ရသည်။
မြို့စားကြီးနန်းလုံသည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ သူ၏ ရင်ထဲ၌ ကြီးစွာ အံ့အားသင့်သွားမိရင်းကနေ ဘေးတစ်ဖက်ဆီသို့ လှမ်းကြည့်လိုက်မိရာ မည်သည့်အချိန်ကတည်းက တိတ်တဆိတ် ရောက်ရှိလာခဲ့မှန်းမသိရသော ဟန်လိ၏ ပုံရိပ်ကို တွေ့လိုက်ရသည်။ ဟန်လိသည် လက်မြှောက်ကာ မိစ္ဆာချီလှိုင်းများစွာကိုလည်း ဘေးပတ်ဝန်းကျင် နေရာတိုင်းဆီသို့ မပြတ်တမ်း ထုတ်လွှတ်ထား၏။
သူ့နောက်တွင်မူ လိပ်ရုပ်သေးခြောက်ကောင် ရှိနေ၏။ ၎င်းတို့ထံမှ ပန်းကန်လုံးအရွယ်အစားလောက် ရှိမည့် အလင်းတန်းများ ထုတ်လွှတ်ကာ မီးတောက်ဖားပြုပ်ထံ ထိုးနှက်တိုက်ခိုက်နေသည်။
ဟန်လိသည် ထိုမီးတောက်ဖားပြုပ်ကြီး၏ ပြတ်တောက်ပျက်စီးသွားခဲ့ပြီ ဖြစ်သော ခန္ဓာကိုယ်အစိတ်အပိုင်းရှိရာ အလင်းအရံအတား၏ အပြင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ၎င်းတို့မှာ ခန္ဓာကိုယ်နှင့် သီးခြားဖြစ်နေသော်လည်း အနီရောင်အလင်းတို့ တောက်ပနေဆဲပင်။ ၎င်းအစိတ်အပိုင်းတို့သည် ရေခဲအရံအတား၏ အနီးအနားတွင် လွင့်မြောလျက် ရှိ၏။ ၎င်းတို့၌ စိတ်ဝိညာဉ်စွမ်းအား ပိုင်ဆိုင်ထားဆဲ ဖြစ်နေသည့်အလား ထင်ရပါသည်။
ဟန်လိသည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ သူ့မျက်လုံးထဲ၌ အံ့ဩတုန်လှုပ်ခြင်း အရိပ်အယောင်များ ဖြစ်ပေါ်သွားရသည်။
လွန်ခဲ့သော အခိုက်အတန့်လေးတုန်းက ဟန်လိသည် ထိုမီးတောက်ဖားပြုပ်ကြီးအနေဖြင့် ရေခဲအတားအဆီးအတွင်းမှနေ၍ အပြင်ဘက်သို့ အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်သွားတော့မည့်အရေးကို လှမ်းမြင်လိုက်ရသည့်အခါ သူ၏ ရင်ထဲ၌ အလွန်အမင်း ဗျာများသွားရုံမကဘဲ သူ၏ ရက်စက်ကြမ်းကြုတ်လှသော ယင်မိစ္ဆာကွပ်မျက်ခြင်း အတတ်ပညာရပ်ကိုပါ ချက်ခြင်း အစွမ်းကုန် ထုတ်သုံးခဲ့ခြင်းပင်။
သို့သော်ငြားလည်း ထိုမီးတောက်ဖားပြုပ်ကြီးသည် လဲပြိုကျသွားခဲ့ရပြီးသည့်တိုင်အောင် ရက်စက်ကြမ်းကြုတ်လှသည့် မိစ္ဆာအရှိန်အဝါမျိုး ကျန်ရှိနေဦးမည်ဟု သူ မထင်ထားမိပေ။
၎င်းသည် စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူနှစ်ဦး၏ တိုက်ကွက်များ၊ သူ့ရုပ်သေးခြောက်ကောင်၏တိုက်ကွက်များကို ကြံကြံခံကာ ခုခံနိုင်စွမ်း ရှိနေသေး၏။ ဆရာသခင်ချန်းကွန်း ရှိန်ခဲ့ရသည့် သားရဲ ပီသလှ၏။
ထိုအခိုက်အတန့်တွင် လူဝေယင်းက ကျယ်လောင်စွာ လှမ်းအော်ဟစ်လိုက်သည်။
“ရောင်းရင်းဟန်… ဒီဖားပြုပ်ကြီးရဲ့ ခန္ဓာကိုယ်ကို ခြုံလွှမ်းထားတဲ့ မီးဓာတ်အလင်းဒိုင်းကာတွေက… ရေတွက်လို့မရနိုင်လောက်အောင် များပြားလွန်းတယ်။ ကျုပ် စိုးရိမ်မိတာကတော့… ခင်ဗျားအနေနဲ့ ခင်ဗျားရဲ့ ရေခဲဓာတ် ကျင့်စဉ်အတတ်ပညာရပ်တွေကို အသုံးချပြီး ဒီသားရဲကို အပြည့်အဝ ချုပ်ကိုင်မထားနိုင်ဘူးဆိုရင်တော့ ကျုပ်တို့ ၎င်းကို အပြတ်ရှင်းပစ်နိုင်ဖို့ အချိန်အတော်လေး ပေးရလိမ့်မယ်”
မီးဓာတ်ဒိုင်းကာငယ်များမှာ ကြေမွပျက်စီးသွားခဲ့ရသည့် အကြိမ်တိုင်းတွင်လည်း ချက်ခြင်းပင် မြူထုအဖြစ်သို့ ပြောင်းလဲသွားကာ အချိန်အနည်းငယ်အတွင်း ၎င်းမြူခိုးများအားလုံးက ၎င်းဖားပြုပ်ကြီး၏ ပါးစပ်အတွင်းသို့ ချက်ခြင်း ပြန်လည်စုပ်ယူခြင်းခံရသည်။ ထိုကနေ ၎င်းအလင်းဒိုင်းကာငယ်များအဖြစ်သို့ တစ်ဖန် ပြန်ဖွဲ့စည်းသည်။ သည့်အတွက်ကြောင့်ပင် လူဝေယင်း၏ လေသံအတွင်း၌ စိုးရိမ်ထိတ်လန့်မှု အရိပ်အယောင်များ ပြည့်နှက်နေရခြင်း ဖြစ်သည်။
လူဝေယင်း သတိမပေးလာလျှင်ပင် ဟန်လိကိုယ်တိုင်လည်း မည်သို့ လုပ်ဆောင်ရမည်ကို ကောင်းစွာ သဘောပေါက်ထားပြီး ဖြစ်သည်။
သူသည် အင်္ကျီလက်အိုးကို တစ်ချက် ဝှေ့ယမ်းလိုက်မိသည်နှင့်တစ်ပြိုင်နက် စူးရှတောက်ပသော ရွှေရောင် ဓားပျံဆယ်စင်းကျော်မှာ သူ၏ အင်္ကျီလက်အတွင်းမှနေ၍ ဝုန်းခနဲ ပျံသန်းထွက်ပေါ်လာခဲ့ပြီ ဖြစ်၏။
၎င်းဓားများမှာ သူ၏ ခန္ဓာကိုယ်ကို တစ်ပတ်မျှ လျင်မြန်စွာ လည်ပတ်ပြီးသည့်နောက်တွင် သုံးမီတာလောက် အရှည်ရှိသည့် ဓားကြီးတစ်စင်းအဖြစ်သို့ ချကခြင်း သိပ်သည်းဖွဲ့စည်းသွားသည်။ ၎င်းထံမှနေ၍ အေးစိမ့်လှသော ရေခဲချီလှိုင်းများစွာ ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့လာသည်။
ဤမြင်ကွင်းကြောင့် လူဝေယင်းနှင့် မြို့စားကြီးနန်းလုံတို့မှာ စဉ်းစားမရ ဖြစ်သွားသည်။ အကြောင်းမှာ သူတို့ ထင်ထားသည်မှာ ဟန်လိအနေဖြင့် ၎င်းမီးတောက်ဖားပြုပ်ကြီးကို အပြတ်ရှင်းပစ်နိုင်ရန် ကြောက်မက်ဖွယ်အပြာရောင်မီးတောက်ကို အသုံးပြုမည်ဟူ၍ပင်။ သို့ပေမည့် လက်ရှိတွင်မူ ဟန်လိသည် ၎င်းအစား ဓားပျံများကိုသာ ထုတ်သုံးလာသည်။
ရွှေရောင်ဓားကြီး အပြည့်အဝ ဖွဲ့စည်းပြီးသည်နှင့် ဟန်လိက လက်ဝေ့ယမ်းသည်။ ရွှေရောင်အလင်းတစ်ချက် တောက်ပသွားပြီး ထိုဓားကြီးသည် ဟန်လိရှေ့သို့ ပျံသန်းလာသည်။ ယင်းနောက်တွင် သူက ၎င်းဓားကြီးပေါ်သို့ အပြာရောင်မီးတောက်အမျှင်တန်းတစ်ခုကို မှုတ်ထုတ်လိုက်သည်။ ထိုအခါ ဓားပေါ်တွင် အပြာရောင်မီးတောက်လွှာတစ်ခု ဖုံးအုပ်သွားသည်။
ဟန်လိသည် တုံ့ဆိုင်းနေသေး၏။ ပြီးမှ သူ့လက်နှစ်ဖက်ကို ပူးကပ်ကာ မန္တန်ချိပ်တံဆိပ်တစ်ခုကို ထုတ်ဖော်၍ နတ်မိစ္ဆာနှိမ်နင်းခြင်းလျှပ်စီးကို ထိုဓားထံမှ ဆွဲနှုတ်ယူသည်။ မိုးကြိုးသံများ မြည်ဟိန်းသွားပြီး မရေမတွက်နိုင်သော လျှပ်စီးများသည် ဓားပေါ်ရှိ အပြာရောင်မီးတောက်များ၏အောက်ကနေ ထွက်ပေါ်လာသည်။
ဟန်လိ၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွား၏။ သူက မီးတောက်ဖားပြုပ်ကို လက်ညွှန်ကာ အမိန့်ပေးလိုက်သည်။
“သွား”
ဓားက မီးတောက်ဖားပြုပ်ကို မခုတ်ပိုင်းခင် လေထုထဲ၌ မြည်သံများ ဟိန်းထွက်သွားလေသည်။ ယင်းနောက် ၎င်းဓားကြီးက ဖားပြုပ်ထံ ရွှေရောင်အလင်းတန်းအသွင်နှင့် တိုးဝင်လာသည်။
မြို့စားကြီးနန်းလုံနှင့်လူဝေယင်းတို့၏ တိုက်ခိုက်မှုများက သက်ရောက်မှု အားနည်းပြီး ဖိအားလျော့ကျသွားချိန်တွင် မီးတောက်ဖားပြုပ်အတွက် အသက်ရှုပေါက် ရသွားခဲ့ပေသည်။ ၎င်း၏ခန္ဓာကိုယ်မှ မီးဓာတ်ဝိညာဉ်စွမ်းအား အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ၎င်း၏ခန္ဓာကိုယ်မှာ ကြီးမားလာလေပြီ။ ၎င်းသည် နောက်ထပ်တိုက်ခိုက်မှုဖြင့် အရံအတားကို ချိုးဖျက်တော့မည့်အလား ထင်ရသည်။
မျက်စိတစ်မှိတ်အတွင်း ရွှေရောင်ဓားကြီးသည် မီးတောက်ဖားပြုပ်ထံ ကျရောက်လာလေပြီ။
ထိုအခါ ဖားပြုပ်ကြီးက ၎င်းအတွက် ချိန်းခြောက်မှု ဖြစ်နေသည်ကို သိ၍ ထိုဓားကြီးကို သေချာ စိုက်ကြည့်နေသည်။ ၎င်း၏ဝမ်းဗိုက်ကိုပင် ထပ်မံ၍ ဖောင်းကားအောင် မလုပ်နိုင်တော့ဘဲ မီးလုံးတစ်ခုကို ထွေးထုတ်ကာ ၎င်းသားရဲက ခုခံသည်။ ထိုအခါ ရွှေရောင်ဓားချက်နှင့် မီးလုံးတို့မှာ ထိပ်တိုက်တွေ့လေပြီ။
မီးလုံးမှာ လက်သီးစုပ်ခန့်အရွယ်အစား ရှိလေ၏။ ၎င်းပေါ်ထွက်လာသည်နှင့် ရေခဲအရံအတားအတွင်းရှိ လေထုမှာ ခြစ်ခြစ်တောက် ပူပြင်းလာခဲ့ပြီ ဖြစ်သည်။
“နတ်ဆိုးသားရဲအမြုတေလား။ မဖြစ်နိုင်လောက်ပါဘူး”
ဟန်လိသည် ထိုမီးလုံးကို မြင်မြင်ချင်းတော့ လန့်သွားမိ၏။ သို့ပေမည့် ၎င်းမှာ သားရဲအမြုတေ အစစ်မဟုတ်မှန်း သိသွားချိန်တွင် သူ စိတ်အေးသွားသည်။ မည်သို့ပင်ဖြစ်စေ မီးတောက်ဖားပြုပ်ကြီးသည် ထိုသို့ ထုတ်ဖော်တိုက်ခိုက်ခြင်း၏ နောက်ဆက်တွဲဒဏ်ကို ကြောက်ရွှံ့နေသည်သာ။
ဟန်လိက အမိန့်ပေးတာ မရပ်ပေ။ ရွှေရောင်ဓားသည် မီးလုံးကို တုံ့ဆိုင်းခြင်းမရှိ ခုတ်ပိုင်းလာသည်။ ထက်ရှမှုအားဖြင့်၊ အရေအတွက်အားဖြင့် ပိုမိုအစွမ်းထက်လှသောကြောင့် ဤမီးလုံးမှာ ထူးခြားသည်ဆိုသော်ငြား ဝါးတိမ်အုပ်ဓားများသည် ၎င်းကို ပိုင်းဖြတ်နိုင်မည်ဟု သူ ယုံကြည်သည်။
ဘန်းခနဲ့ ပေါက်ကွဲသံတစ်သံနှင့်အတူ တုန်လှုပ်အံ့အားသင့်ဖွယ် မြင်ကွင်းတစ်ခု ပေါ်လာသည်။ ရွှေရောင်နှင့် မီးနီရောင်အလင်းတို့ ရောထွေးယှက်လိမ်ကုန်ပြီး ဓားကြီးသည် မီးလုံးကို တစ်ဝက်တိတိ ထွင်းဖောက်လာပြီးချိန်တွင် ရပ်တန့်သွားသည်။ ဖားပြုပ်ကြီး၏မျက်လုံးထဲ၌ အထင်သေးဟန် ပေါ်လာ၏။ ၎င်းက အော်မြည်သံပြုကာ တစ်ဝက်ပြတ်တောက်သွားသည့်မီးလုံးကို ဖောက်ခွဲပစ်လိုက်သည်။
ကြက်သွေးရောင်အလင်းများ ပျံ့ကားလာပြီး ချက်ခြင်းပင် ခြောက်မီတာလောက်အရှည်ရှိ အနီရောင်မြွေကြီးများအဖြစ် သိပ်သည်းဖွဲ့စည်းသည်။ ၎င်းမြွေများက ခုန်ထွက်ကာ ဓားကြီးကို ရစ်ခွေကာ ထိန်းချုပ်ကြသည်။
ဟန်လိ မင်သက်သွား၏။ သို့ပေမည့် သူက လှောင်ပြုံးပြုံးလိုက်၏။ သူ့လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခုကို ထုတ်ဖော်ကာ ဓားကြီးထံ လက်ညွှန်၏။ ဓားသည် ရွှေရောင် လင်းထင်းသွားသည်။ ခဏအကြာတွင် ဓားမျက်နှာပြင်ပေါ်၌ လျှပ်စီးစက်ဝိုင်းများ ပေါ်လာသည်။ ၎င်းတို့က ဓားကို ခြုံလွှမ်းရစ်ပတ်ထားသည့် မြေကြီးများကို တိုက်ခိုက်ကာ အတင်းအကျပ် ကန်ထွက်စေသည်။
ထိုအခွင့်အရေးကို အသုံးချကာ ယင်းအခိုက်မှာပင် ဓားကြီးသည် တစ်ချက်တုန်ခါကာ ပျောက်ကွယ်သွားလေ၏။ ခဏအကြာတွင် ရှေးဟောင်းဖားပြုတ်ကြီး၏ အထက်၌ ဓားကြီး ပြန်ပေါ်လာကာ ၎င်းကို ထိုးနှက်၏။ တပြိုင်နက်တည်းမှာ ဓားမျက်နှာပြင်ပေါ်မှ အပြာရောင်မီးတောက်များပါ မြင့်တက်လာသည်။
ဓားတိုက်ခိုက်မှုကြောင့် ဖားပြုပ်၏ အလင်းဒိုင်းကာများမှာ တစစီ ဖြစ်သွားသည်။ ဓားကြီးက အောက်သို့ ဆက်၍ သက်ဆင်းလာပြီး ဖားပြုပ်ကြီး၏ဦးခေါင်းကို ခုတ်ပိုင်းလိုက်သည်။ ထိုသို့ဖြစ်လာမည်ဟု မမျှော်လင့်ထားသဖြင့် ဖားပြုပ်ကြီး၏မျက်လုံးထဲတွင် အကြောက်တရားများ ပြည့်နှက်သွားသည်။
ဘာမျှမတတ်နိုင်လေဟန်ဖြင့် မီးတောက်ဖားပြုပ်မှာ ပါးစပ်ဟ၍ ၎င်း၏ပါးစပ်အတွင်းမှ လျှာနက်ကြီးတစ်ခု ဝှစ်ခနဲ့ ထိုးထွက်လာသည်။ တစ်ချိန်တည်းမှာ ၎င်းက ခြေကုပ်ယူပြီး ခုန်ထွက်ရန် အသင့်ပြင်သည်။
သာမန်ဓားသွားသာ ဖြစ်ပါက သားရဲ၏ထိုသို့တုန့်ပြန်မှုမှာ သက်ရောက်မှု ရှိပါလိမ့်မည်။ တကယ်တော့ ၎င်း၏လျှာက ခုခံနိုင်စွမ်း ကောင်းလှ၏။ ပုံမှန်မှော်ရတနာများကို အေးဆေး ခုခံနိုင်သည်။ သို့ရာတွင် ဟန်လိ၏ဓားများက သာမန်ဟုတ်ရိုးလား။ ၎င်းတို့မှာ ရွှေအနှစ်သာရမှ သန့်စင်ဦးသည့် ဝါးတိမ်အုပ်ဓားများ ဖြစ်ချေ၏။ ဖားပြုပ်ကြီး၏လျှာသည် ဓားနှင့်ထိမိချိန်တွင် ရွှေရောင်အလင်းတန်း လင်းလက်ကာ ၎င်းမှာ ပိုင်းဖြတ်ခံရလေသည်။ ဖားပြုပ်ကြီးသည် ခုန်ထွက်ကာ သုံးမီတာလောက်သို့ ရောက်ရုံရှိသေး ၎င်း၏ဦးခေါင်းကြီးမှာ ခန္ဓာကိုယ်နှင့် ကင်းလွတ်သွားရပြီ ဖြစ်သည်။ သည့်အပြင် ဖားပြုပ်ကို လွှမ်းခြုံပေးထားသော အလင်းဒိုင်းများမှာလည်း ပြာအဖြစ် တစစီ ဖြစ်သွားရသည်။
လူဝေယင်းသည် ဤသည်ကိုမြင်သည့်အခါ အားရဝမ်းသာ အော်ဟစ်လိုက်သည်။
“ကိစ္စ ပြတ်ပြီဟေ့…”
မြို့စားကြီးနန်းလုံသည် သက်ပြင်းချကာ ပြုံးလိုက်မိ၏။ ထို့နောက် သူ့လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခု ဖန်တီးကာ ရေခဲအရံအတားထံ လျှောက်လှမ်းလာသည်။
“ခဏ နေပါဦး…”
ဟန်လိက အေးစက်စက်ဖြင့် လေသံမာမာ လှမ်းပြောသည်။ မြို့စားကြီးနန်းလုံသည် ရေခဲအရံအတား ပြန်ရုတ်သိမ်းမည်ကို ရပ်လိုက်၏။
“ညီအစ်ကိုဟန်…ဘာများဖြစ်လို့လဲ”
မြို့စားကြီးနန်းလုံသည် အံ့အားတသင့် ဖြစ်သွားပြီး သိုလှောင်အိတ်ပေါ်သို့ အလိုလို လက်တင်လိုက်မိသည်။ လူဝေယင်းကလည်း ဟန်လိကို လှမ်းကြည့်သည်။ သူ့မျက်နှာထက်တွင် သတိထားဟန် ဖြစ်ပေါ်နေ၏။
ဟန်လိက သူတို့၏ဟန်ပန်များကို လစ်လျူရှုထားပြီး တည်ငြိမ်စွာ ပြောသည်။
“ဒီဖားပြုပ်က ခုထိ တကယ် မသေသေးဘူး။ ဒါကြောင့် ကျေးဇူးပြုပြီး…အစ်ကိုနန်းလုံအနေနဲ့ အလျင်စလို မလှုပ်ရှားပါနဲ့ဦး”
“ဘယ်လို။ မီးတောက်ဖားပြုပ်ကောင်က အသက်ရှင်နေတုန်းလား”
မြို့စားကြီးနန်းလုံနှင့်လူဝေယင်းတို့သည် ထိုစကားကို ကြားရချိန် တုန်လှုပ်ကုန်သည်။ သူတို့က ရေခဲအရံအတားထံ ငုံ့ကြည့်လိုက်ကြသည်။ သူတို့သည် မီးတောက်ဖားပြုပ်နှင့်ပတ်သက်၍ ထူးခြားမှုတစ်ခုခုကို တွေ့သွားကြသည်။ ၎င်း၏ခေါင်းတစ်ခြား၊ ကိုယ်တစ်ခြား ခန္ဓာကိုယ်မှာ ခုထိ အလင်းတို့ဖြင့် တောက်ပနေဆဲ၊ လေထဲတွင် မြောလွင့်နေဆဲပင်။