← Chapters

အခန်း ၁၇၀၂

Vol. 122 Ch. 1702

အခန်း ၁၇၀၂

Vol. 122 Ch. 1702

အခန်း (၁၇၀၂) အဆုံးသတ်ချင်တဲ့ကံကြမ္မာ

ယွိချင်အဆက်အနွယ်၏ ရှေးဟောင်းရတနာဖြစ်သော ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်မှာ ကြာပန်းစိမ်းရတနာအလံ ၊ ဆင်စွယ်ရောင်တိမ်တိုက်အလံနှင့် မီးလျှံရောင်ခြည်အလံတို့နှင့် အဆင့်အတန်းတူညီလေသည်။

ထိုအလံက ပြိုင်ဘက်ကင်း ခံစစ်စွမ်းအားကို ပိုင်ဆိုင်ထားသည်။

မဟာမာရူယိ၏ ရောင်စဉ်ငါးမျိုးနတ်ဘုရားအလင်းတန်းက ထိုအလံ၏ခံစစ်စွမ်းအားကို ထိုးဖောက်နိုင်ခြင်း မရှိပေ။

လက်ရှိတွင် ထိုခံစစ်ရတနာပစ္စည်းများက မဟာမာရူယိကို ရင်ဆိုင်ရန်အတွက် အရေးပါသော အပေးအယူပစ္စည်းများ ဖြစ်လာခဲ့သည်။

အစပိုင်းတွင် အနောက်ဘက်သူတော်စင်ဘုံလက်ထဲတွင် ကြာပန်းစိမ်းရတနာအလံရှိသဖြင့် စိုးရိမ်စရာမရှိဟု ယူဆခဲ့သည်။

ထို့ကြောင့် သူတို့က မဟာမာရူယိ သူတို့အတွက် အလုပ်လုပ်ပေးစေရန်အတွက် စကြာမုနိသရီရဓာတ်တော်ကို ရှာဖွေခဲ့ကြသည်။

သို့သော် သရီရဓာတ်တော် ရှာဖွေနေစဉ်မှာပင် ကြာပန်းစိမ်းရတနာအလံက တာအိုဝါဒလက်ထဲကျရောက်သွားခဲ့ပြီး သရီရဓာတ်တော်မှာလည်း ရန်ဘက်ဖြစ်သည့် နတ်မိစ္ဆာမျိုးနွယ်တို့လက်ထဲ ရောက်ရှိသွားခဲ့ရသည်။

ထို့ကြောင့် အနောက်ဘက်သူတော်စင်ဘုံအနေဖြင့် မဟာမာရူယိကို ရင်ဆိုင်ရန် ယုံကြည်မှု မရှိတော့ပေ။

အော်မီတော်ဖော်ဗုဒ္ဓအနေဖြင့် မဟာမာရူယိကို ထိန်းချုပ်နိုင်မည်မှန်သော်လည်း အရှေ့ဧကရာဇ်ထိုက်ယိ သို့မဟုတ် အခြားသော တာအိုအဓိပတိများနှင့် ရင်ဆိုင်ရပါက သူ့အနေဖြင့် ခုန်ရွှမ်းကို အချိန်ပြည့် စောင့်ကြည့်နေနိုင်မည် မဟုတ်တော့ပေ။

သို့ဖြစ်ရာ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကဲ့သို့သော ဗုဒ္ဓဘာသာ ထိပ်တန်းကျင့်ကြံသူများအနေဖြင့် နည်းလမ်းရှာဖွေရန် လိုအပ်လာသည်။

ဖြေရှင်းနည်းမှာ မဟာမာရူယိ လိုလားတပ်မက်သည့် စကြာမုနိသရီရဓာတ်တော်ကို ပိုင်ဆိုင်ထားရန် သို့မဟုတ် ကြာပန်းစိမ်းရတနာအလံနေရာတွင် အစားထိုးနိုင်မည့် ရတနာပစ္စည်းတစ်ခုခု ရရှိထားရန် ဖြစ်သည်။

ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်က မည်သည့်နေရာသို့ရောက်နေကြောင်း ယခုအချိန်ထိ သိရှိရခြင်း မရှိသေးပေ။ သို့ပေသိ အနောက်ဘက်သူတော်စင်ဘုံက ထိုအလံကို ရယူရန် ပစ်မှတ်ထားလာခဲ့သည်။

ယန်ကျန်း၊ တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် တာအိုဝါဒ ထိပ်တန်းအဆင့်ကျင့်ကြံသူများမှာလည်း လွန်ခဲ့သောနှစ်များတစ်လျှောက် ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို မနားမနေ ရှာဖွေခဲ့ကြသည်။

လူတိုင်းက ထိုရတနာကို နှစ်ပေါင်းများစွာ ရှာဖွေခဲ့ကြသည့်တိုင် တွေ့ရှိနိုင်ခြင်း မရှိခဲ့ကြပေ။

ယန်ကျန်းက သဲလွန်စအချို့ ရှာတွေ့ခဲ့သော်လည်း တကယ်တမ်း ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို ရှာဖွေရန် ကြိုးပမ်းချိန်တွင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ နှောင့်ယှက်ခြင်းကို ခံခဲ့ရသည်။

ကိုယ်တိုင် မရရှိနိုင်ပါက သူတစ်ပါးကိုလည်း မရရှိစေရန် တားဆီးလိုကြသည်မှာ ထုံးစံပင်ဖြစ်သည်။ ဤကဲ့သို့သော ဖြစ်ရပ်များက အလွန်ပင် အဖြစ်များလှသည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓတစ်ဦးတည်းသာ ဤသို့ပြုလုပ်သည်မဟုတ်ပေ။

လူတိုင်းက စိုးရိမ်စိတ်ရှိကြသည်ဖြစ်ရာ အခြားသူများ ကိုယ့်ထက်ခြေတစ်လှမ်းသာသွားမည်ကို အားလုံးက သတိထားနေကြသည်သာ ဖြစ်၏။

တစ်ချိန်တည်းမှာပင် အားလုံးက ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်၏ တည်နေရာကို သိရှိနိုင်ရန် ပိုမိုတိကျသော သဲလွန်စများကိုလည်း ရှာဖွေနေခဲ့ကြသည်။

လွန်ခဲ့သော နှစ်အနည်းငယ်ကလည်း မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်နှင့် ပတ်သက်သည့် သဲလွန်စအချို့ကို ရှာတွေ့ခဲ့သည်။

ထိုစဉ်ကလည်း ယန်ကျန်းက လက်တုံ့ပြန်သည့်အနေဖြင့် ဝင်ရောက်နှောက်ယှက်ခဲ့သည်ပင်။

သို့ဖြစ်ရာ ယန်ကျန်းနှင့် လမ်းမှန်တာအိုဝါဒ၏ စောင့်ကြည့်မှုကို ရှောင်ရှားရန်မှာ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓအတွက် အခက်အခဲတစ်ခု ဖြစ်လာခဲ့သည်။

ယခုအချိန်မှာတော့ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနှင့် နီကျားတို့၏ တိုက်ပွဲကြောင့် လမ်းမှန်တာအိုဝါဒနှင့် အနောက်ဘက်သူတော်စင်ဘုံတို့ အပြန်အလှန် အာရုံစိုက်လျှက် ရှိကြသည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ငရဲကိုးထပ်နှင့် လျှို့ဝှက်စွာ အပေးအယူ ပြုလုပ်ခဲ့သည်။

ထိုအပေးအယူထဲတွင် ငရဲကိုးထပ်က အနောက်ဘက်သူတော်စင်ဘုံကိုယ်စား ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို ရှာဖွေပေးရန်လည်း ပါဝင်သည်။

အနောက်ဘက်သူတော်စင်ဘုံအနေဖြင့် ငရဲကိုးထပ်က ထိုရတနာကို သိမ်းပိုက်သွားမည်ကို စိုးရိမ်ခြင်း မရှိပေ။

ငရဲကိုးထပ်၌ ဆင်စွယ်ရောင်တိမ်တိုက်အလံ ရှိနှင့်ပြီးဖြစ်သလို အခြားတစ်ဖက်တွင်လည်း ဗုဒ္ဓဘာသာ ထိပ်တန်းပုဂ္ဂိုလ်တို့လက်ထဲတွင် ငရဲကိုးထပ်မှ အလွန်တန်ဖိုးထားသည့် အရေးကြီးသော အပေးအယူပစ္စည်းတစ်ခု ရှိနေသောကြောင့် ဖြစ်၏။

ထိုသို့ဖြင့် အဆုံးသတ်တွင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက နီကျား၏ စိန်ခေါ်မှုကို လက်ခံလိုက်ပြီး ဤကစားကွက်ထဲတွင်ပါဝင်နေသူက ကာယကံရှင်နှစ်ယောက်ထက်ပင် များပြားလှသည်။

အဆုံးအဖြတ်ပေးမည့်နေရာကလည်း အနောက်ဘက်သူတော်စင်ဘုံ မဟုတ်ပေ။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓအနေဖြင့် နီကျားကို ရှုံးနိမ့်သွားသည်ဖြစ်စေ ၊ တိုက်ပွဲကြောင့် ဒဏ်ရာရသွားသည်ဖြစ်စေ ငရဲကိုးထပ်နှင့် ဆက်လက်ကစားရမည့် နောက်တစ်ပွဲတွင် အနှောင့်အယှက်မဖြစ်သရွေ့ သူလက်ခံနိုင်သည်။

မဟာမာရူယိ၏ ခြိမ်းခြောက်မှုနှင့် ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို ရရှိခြင်း၏ တန်ဖိုးမှာ ပြေစရာမလိုအောင်ပင် အရေးကြီးလှသည်။

သို့သော် ရန်ကျောက်ကဲက ထိုအကြောင်းများကို ပေါ်တင်ပြောလိုက်သဖြင့် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ ရင်ထဲတွင် မကောင်းသော နိမိတ်ဆိုးတစ်ခုကို ခံစားလိုက်ရသည်။

ထိုအချိန် ရန်ကျောက်ကဲက သူ့အား နှုတ်ဆက်ဟန်ဖြင့် လက်ပြလိုက်ပြီး...

“ဟုတ်ပါပြီ ၊ ကံတရားကိုပဲ ဆုံးဖြတ်ခိုင်းကြတာပေါ့”

သူက ဆက်ပြောလိုက်သည်။

“ရှေးဟောင်းဗုဒ္ဓ၊ ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို ရဖို့အတွက် ကံတရားကိုပဲ ဖြည်းဖြည်းချင်း စောင့်မျှော်နေလိုက်ပါဦး”

စကားသံနှင့်အတူ ရန်ကျောက်ကဲ၊ ရန်တိနှင့် နီကျားတို့၏ ပုံရိပ်များမှာ လေထုထဲမှာပင် ပျောက်ကွယ်သွားသည်။

ဗုဒ္ဓရောင်ခြည်အလင်းတန်း၏တွန်းအားကြောင့် သူတို့အားလုံး အနောက်ဘက်သူတော်စင်ဘုံ အပြင်ဘက်သို့ အတင်းအကျပ် တွန်းထုတ်ခံလိုက်ရခြင်း ဖြစ်၏။

သို့သော် ယန်ကျန်းကတော့ အနောက်ဘက်သူတော်စင်ဘုံမှာပင် ကျန်ရစ်ခဲ့လေသည်။

ယန်ကျန်းက...

“မင်းက နီကျားကိုကြိုဆိုဖို့ မူလစိတ်ဝိညာဉ်နတ်ဆိုးကို ခေါ်ထားတယ်ဆိုတော့ ငါက နီကျားကိုယ်စား မင်းကို ဂါရဝပြုရတော့မှာ‌ပေါ့”

ပြောပြီးသည်နှင့် သူက သုံးဖက်ချွန်နှစ်ဖက်သွားဓားဖြင့် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓအား ချိန်ရွယ်လိုက်ပြီး ခုတ်ပိုင်းချလိုက်သည်။

ယန်ကျန်း၏ တိုက်ခိုက်မှုက နီကျားထက်ပင် ပိုမိုပြင်းထန်သည်ဖြစ်ရာ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓမှာ အာရုံစိုက်ကာ ခုခံရတော့သည်။

ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်အကြောင်းကို စဉ်းစားရန်ပင် အချိန်မရှိတော့ပေ။

***

တစ်ဖက်မှာတော့ ရန်ကျောက်ကဲတို့ (၃)ယောက်မှာ အနောက်ဘက်သူတော်စင်ဘုံ အပြင်သို့ လွင့်ထွက်သွားခဲ့သည်။

ဗုဒ္ဓရောင်ခြည်အလင်းတန်းများ၏ သက်‌ရောက်မှုကြောင့် ရန်ကျောက်ကဲမှာ ရန်တိ ၊ နီကျားတို့နှင့် လူချင်းကွဲသွားလေသည်။

သူတို့ (၃)ယောက်မှာ အနောက်ဘက်သူတော်စင်ဘုံမှ အတူတူလွင့်စင်ထွက်သွားသော်လည်း အချိန်နှင့်ဗလာနယ် မတူညီသည့်နေရာများသို့ ရောက်ရှိသွားကြသည်။

ရန်ကျောက်ကဲက ‘ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်’ ကို အသုံးပြုပြီး မူလစိတ်ဝိညာဉ်နတ်ဆိုးကြောင့် နီကျား၏စိတ်ဝိညာဉ် ပြောင်းလဲမှုများကို ချုပ်တည်းပေးနေခဲ့သည်။

ကံမကောင်းသည်မှာ လူချင်းကွဲသွားသည့်အတွက် သူ၏လုပ်ဆောင်ချက်သည်လည်း ပျက်ပြယ်သွားရသည်။

သို့ပေသိ ရန်ကျောက်ကဲက နှစ်ပေါင်းများစွာအတွင်း ‘ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်’ ကို ပိုမိုကောင်းမွန်အောင် ပြုပြင်မွမ်းမံထားခဲ့ရာ များစွာပိုမိုအစွမ်းထက်လာခဲ့သည်။

အစီအရင်က တည်ဆောက်ရလွယ်ကူပြီး ၊ တည်ဆောက်ရန်အတွက် ရတနာပစ္စည်း အနည်းငယ်သာလျှင် လိုအပ်သည်။

သို့ဖြစ်ရာ ရန်ကျောက်ကဲအနေဖြင့် လျှင်မြန်စွာ ပြင်ဆင်နိုင်ပြီး အစီအရင်ကိုလည်း ပိုမိုတည်ငြိမ်အောင် ထိန်းချုပ်နိုင်လာခဲ့သည်။

ထို့‌ကြောင့် နီကျားနှင့် လူချင်းကွဲမသွားမီတွင် ရန်ကျောက်ကဲက ‘ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်’ ကို နီကျား၏ ခန္ဓာကိုယ်ထက်တွင် ဆက်လက်တည်ရှိနေစေရန် ပြုလုပ်နိုင်ခဲ့၏။

သူက နီကျားဘေးနားတွင် ရှိမနေတော့သော်လည်း အစီအရင်ကတော့ သူ့ဘာသာ ဆက်လက်လည်ပတ်နေပေလိမ့်မည်။

သို့သော် အနောက်ဘက်သူတော်စင်ဘုံမှ လွင့်စင်ထွက်သွားပြီးနောက် မူလစိတ်ဝိညာဉ်နတ်ဆိုးနှင့် ငရဲကိုးထပ်မှ အခြားသောနတ်ဆိုးများအတွက် လှုပ်ရှားရန် ပိုမိုအဆင်ပြေလာပေမည်။

မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲအနေဖြင့် နီကျားကို တတ်နိုင်သမျှ အမြန်ဆုံးရှာတွေ့ရန် လိုအပ်သည်။

ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်ကို လမ်းညွှန်အဖြစ် အသုံးပြုပါက ရန်ကျောက်ကဲအတွက် ရှာဖွေရ သိပ်မခက်လှပေ။

သူက ဗလာနယ်ထဲတွင် လျှင်မြန်စွာ ရွေ့လျားသွားပြီး မကြာမီပင် နီကျားကို ရှာဖွေတွေ့ရှိသွားသည်။ သို့ပေသိ သူ့ရှေ့မှ မြင်ကွင်းကြောင့် ရန်ကျောက်ကဲ အနည်းငယ် မျက်မှောင်ကျုံ့သွားရသည်။

နီကျားက ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်၏ အလယ်တွင် ရှိနေပြီး အလင်းတန်းများက သူ့ကို ဝန်းရံထားသည်။

သူ၏ခန္ဓာကိုယ်မှ အနက်ရောင်ချီများ ထွက်ပေါ်နေဆဲဖြစ်သော်လည်း ထိုချီများက အစီအရင်၏ထိန်းချုပ်မှုအောက်တွင် ပိတ်လှောင်ခြင်းခံထားရသည်။

မူလစိတ်ဝိညာဉ်နတ်ဆိုး၏ နှောင့်ယှက်မှုကြောင့် နီကျား၏ မျက်နှာက အလွန်ပင် မှောင်ရိပ်သန်းလျှက် ရှိသည်။ သူ၏မျက်ဝန်းများက သူ့ရှေ့တွင်ရှိနေသည့် ပုံရိပ်တစ်ခုကို မကျေနပ်သောအကြည့်ဖြင့် စူးစိုက်ကြည့်နေသည်။

ထိုသူမှာ ဗုဒ္ဓတစ်ပါးပင်ဖြစ်သော်လည်း အနောက်ဘက်သူတော်စင်ဘုံမှ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၊ မိုးကြိုးလျှပ်စီးဗုဒ္ဓနှင့် ကွမ်ယင်ဗောဓိသတ္တတို့ကဲ့သို့ အစိမ်းရောင်ကြာပန်းထက်တွင် ထိုင်နေခြင်းမျိုး မဟုတ်ပေ။

ထိုဗုဒ္ဓက အဖြူရောင်ကြာပန်းထက်တွင် တင်ပျဉ်ခွေထိုင်နေခြင်း ဖြစ်၏။

သူ့ထံမှ ထွက်ပေါ်နေသည့် ဗုဒ္ဓရောင်ခြည်များကို ကြည့်ခြင်းအားဖြင့် အဖြူရောင်ကြာပန်းသုခဘုံမှ ပြင်ပဗုဒ္ဓဘာသာကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း ထင်ရှားသည်။

အဖြူရောင်ကြာပန်းသုခဘုံက အနောက်ဘက်သူတော်စင်ဘုံနှင့် ရန်ဘက်များဖြစ်သည်။

သို့သော် ယခု ဤဗုဒ္ဓက တိုက်ခိုက်နိုင်စွမ်း လျော့နည်းနေသည့် နီကျားရှေ့တွင်ပေါ်လာသည်ဖြစ်ရာ မည်သည့်နည်းနှင့်မှ ရည်ရွယ်ချက်ကောင်း မရှိနိုင်ပေ။

“ကျင်းကျား…”

နီကျားက ဖြည်းညင်းစွာ ရေရွတ်လိုက်သည်။

“မဟုတ်သေးဘူး... မင်းကို ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓလို့ခေါ်တာ ပိုပြီး သင်တော်မယ်ထင်တယ်”

အဖြူရောင်ကြာပန်းထက်တွင်ထိုင်နေသော ဗုဒ္ဓက အရေးမစိုက်ဟန်ဖြင့်...

“ဒါက နာမည်တစ်ခုပါပဲ ၊ ဘာမှ ထူးခြားမှု မရှိပါဘူး”

နီကျားက...

“ငါက အမတခုံရုံးက ပြင်ပတာအိုကျင့်ကြံသူတွေကို ရွံသလိုပဲ ၊ မင်းနဲ့ အနောက်ဘက်သူတော်စင်ဘုံကလည်း ရန်ငြိုးကြီးမယ်လို့ ထင်ထားတာ”

သူက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ မင်းတို့သာ သူတို့နဲ့ ပူးပေါင်းကြံစည်တာမဟုတ်ရင် ငါ့ကို ဒီမှာလာစောင့်နေမှာ မဟုတ်ဘူး”

ကျင်းကျားက...

“ငါတို့တွေ လမ်းစဉ်မတူကြတာတော့ အမျန်ပဲ ၊ ဒါပေမဲ့ ငါဖျက်ဆီးပစ်ချင်တဲ့အရာတွေနဲ့ ငါအဆုံးသတ်ချင်တဲ့ကံကြမ္မာတွေကတော့ ရှိနေသေးတာပေါ့”

ထိုဗုဒ္ဓက ဆက်ပြောလိုက်သည်။

“ဥပမာပြောရရင် မင်းပေါ့”

All Chapters