← Chapters

အခန်း ၁၇၀၇

Vol. 122 Ch. 1707

အခန်း ၁၇၀၇

Vol. 122 Ch. 1707

အခန်း (၁၇၀၇) တာအိုစကြာဝဠာကို သွားလည်မယ်

ငရဲကိုးထပ်၏ နတ်ဆိုးပင်လယ်ရေ အကူအညီမပါဘဲနှင့်တော့ ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်၏ ခံစစ်ကို ကျော်ဖြတ်ရန်မှာ မဖြစ်နိုင်ပေ။

မဟာမာရူယိသည်ပင် ဤသို့သော ရတနာပစ္စည်းမျိုးနှင့် ရင်ဆိုင်ရလျှင် ခေါင်းကိုက်ရသည်အထိ ဖြစ်ရသည် မဟုတ်လား။

တာအိုအဆင့် အထွတ်အထိပ် ပုဂ္ဂိုလ်ကြီးများသာ မပါဝင်ပါက အကြီးအကဲကျန်းအနေဖြင့် မည်သည့်ပြဿနာမှ ရှိမည်မဟုတ်ပေ။

သို့သော် တာအိုအဆင့် ပုဂ္ဂိုလ်ကြီးများသာ တကယ်တမ်း ပါဝင်ပတ်သက်နေမည်ဆိုလျှင် အကြီးအကဲကျန်းအနေဖြင့် ထွက်ပြေးလွတ်မြောက်ရန် လုံးဝ ဖြစ်နိုင်မည် မဟုတ်ပေ။

တာအိုအဓိပတိတစ်ပါး၏ လိုက်လံတိုက်ခိုက်မှုကိုခံရပြီးနောက် အသက်ရှင်လျက် လွတ်မြောက်လာသူဆို၍ 'ချီထျန်းမဟာသူတော်စင်'၊ 'ယန်ကျန်း' နှင့် 'ခုန်ရွှမ်း' တို့သာလျှင် ရှိသည်။

မာနကြီးသည့် နီကျားသည်ပင် ထိုသို့လုပ်ဆောင်နိုင်မည်လား အာမမခံနိုင်ပေ။

သို့ပေသိ တာအိုအဓိပတိတစ်ပါး မဟုတ်ပါက ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို ဖျက်ဆီးနိုင်သူက မည်သူဖြစ်နိုင်ပါမည်နည်း။

နီကျားတွေးတောနေချိန် ရန်ကျောက်ကဲသည်လည်း အတွေးထဲနစ်မျောလျှက် တိတ်ဆိတ်နေပေသည်။

ရန်ကျောက်ကဲ အခြေအနေကို အကဲခတ်မိသော နီကျားက...

"တစ်ခုခုများ စဉ်းစားမိလိုက်လို့လား"

ရန်ကျောက်ကဲက စိတ်ရှုပ်ထွေးသည့်အမူအရာဖြင့်....

"ဖြစ်နိုင်တာကတော့... အဲဒါကို လုပ်ကောင်းလုပ်နိုင်တဲ့ တစ်ယောက်တော့ရှိတယ် ၊ ဒါပေမဲ့ သက်သေမရှိသေးဘူး ၊ ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို စစ်ဆေးကြည့်မှပဲ အဖြေထုတ်နိုင်မှာပဲ”

နီကျားက မျက်မှောင်ကျုံ့လိုက်ရင်း...

“ဆရာဦးလေးကျန်းနဲ့ ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည် ပျောက်ဆုံးသွားတဲ့အချိန်တုန်းက စွန်းဝူခုန်းတောင် မမွေးသေးဘူး ၊ ခုန်ရွှမ်းကလည်း ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး ၊ ဒါဖြင့် မင်းစဉ်းစားနေတာ ကျောက်စိမ်းကောင်းကင်ဘုံအရှင်များလား”

နီကျားပြောသည့်ပုဂ္ဂိုလ်မှာ တစ်ချိန်က မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်၏ ဧကရာဇ်ဖြစ်သူ 'ကျောက်စိမ်းကောင်းကင်ဘုံအရှင်' ပင် ဖြစ်သည်။

ရှေးယခင်ကာလကပင် သူက ကောင်းကင်နတ်ဘုရားအဆင့်တွင် အစွမ်းထက်ဆုံးဟု နာမည်ကြီးခဲ့ပြီး တာအိုအဆင့်အောက်တွင် ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။

တာအိုအဆင့်အောက်တွင် ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်၏ ခံစစ်စွမ်းအားကို နတ်ဆိုးပင်လယ်ရေ အသုံးမပြုဘဲ ကိုယ်ပိုင်နည်းလမ်းဖြင့် ဖျက်ဆီးနိုင်သူရှိမည်ဆိုပါက ကျောက်စိမ်းကောင်းကင်ဘုံအရှင်သာလျှင် ရှိပေလိမ့်မည်။

ခုန်ရွှမ်းက ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို ဘာမှမလုပ်နိုင်ကြောင်း သက်သေပြခဲ့ပြီးသော်လည်း 'ကျောက်စိမ်းကောင်းကင်ဘုံအရှင်'နှင့် 'ချီထျန်းမဟာသူတော်စင်'တို့ကတော့ ထိုသို့သောအတွေ့အကြုံမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။

ထို့ကြောင့် ယနေ့တိုင်အောင် ဤကိစ္စနှင့် ပတ်သက်၍ မရေရာမှုများစွာ ရှိနေသေးသည်။

ရန်ကျောက်ကဲက မေးစေ့ကို ပွတ်သပ်ရင်း...

“အလယ်ခေတ် အစောပိုင်းမှာ စန်းချင်း (၃)ပါး ဆရာဘိုးဘိုးတွေ လောကကိုကျော်လွန်သွားခဲ့တယ် ၊ အဲဒီအချိန်မှာပဲ မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်ကို တည်ထောင်ခဲ့တယ် ၊ တာအိုဝါဒ တည်ငြိမ်ဖို့ ကြိုးစားရတဲ့အချိန်လို့ ပြောလို့ရတယ် ၊ ဒီတော့ ကျောက်စိမ်းကောင်းကင်ဘုံအရှင်က အဲဒီလို လုပ်စရာ အကြောင်းမရှိဘူး"

သူက ဆက်ပြောလိုက်သည်။

“ငါက နောက်ထပ်လူတစ်ယောက်ကို တွေးမိနေတာ ၊ အင်း... အဲဒီလူက မင်းနဲ့လည်း အတော်လေး ရင်းနှီးတယ်လေ ၊ ဒါပေမဲ့ ရှေးခေတ်ကာလတုန်းကပဲ ရင်းနှီးခဲ့တာပါ ၊ အလယ်ခေတ်မှာတော့ သူနဲ့ သိပ်ဆက်ဆံခဲ့ပုံမရဘူး”

ရန်ကျောက်ကဲစကားကိုကြားတော့ နီကျား အံ့အားသင့်သွားသည်။

ပြီးမှ သဘောပေါက်သွားပြီး သူ၏မျက်နှာထက် စိတ်ရှုပ်ထွေးသည့်အမူအရာများ ထင်ဟပ်လာသည်။

“မိတ်ဆွေလေး’ရန်’ ... မင်းတွေးနေတာ စန့်ချင်အဆက်အနွယ်က 'သောပေါင်ထျန်းကျွင်း' လား”

ရန်ကျောက်ကဲက လက်နှစ်ဖက်ဖြန့်ကားလျှက် သက်ပြင်းချလိုက်ပြီး...

“သူက ဖြစ်နိုင်ခြေအများဆုံးလို့ ထင်တာပဲ”

သူက ဆက်ပြောလိုက်သည်။

“ချိကျင်းကျီတောင် သူ့ဓားအောက်မှ အသက်ပျောက်ခဲ့ရတာ မဟုတ်လား”

သောပေါင်ထျန်းကျွင်းဆိုသည်က ရှေးယခင် စန့်ချင်အဆက်အနွယ် တည်ထောင်သူ ‘လင်ပေါင်ထျန်းကျွင်း’ ၏ ပထမဆုံးတပည့်ဖြစ်ပြီး တာအိုဝါဒ သမိုင်းကြောင်းတစ်လျှောက်တွင် ထိပ်တန်းဓားသိုင်းပညာရှင်အနည်းငယ်ထဲမှ တစ်ယောက် ဖြစ်သည်။

ရှေးခေတ်ကာလ ကုန်ဆုံးပြီးနောက် လင်ပေါင်ထျန်းကျွင်း လောကကိုကျော်လွန်သွားသည့်အခါ သောပေါင်ထျန်းကျွင်းက မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကို အမွေဆက်ခံခဲ့သည်။

နဂိုကပင် ထူးချွန်ပြီးသားဖြစ်သော သောပေါင်ထျန်းကျွင်းမှာ ထိုကျမ်းစာကြောင့် အဆင့်တစ်ခုသို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။

အလယ်ခေတ်သို့ ရောက်ရှိလာပြီးနောက် သူက လောကီရေးရာများတွင် ပါဝင်ပတ်သက်ခြင်းမရှိဘဲ လူအများရှေ့တွင်လည်း တန်ခိုးစွမ်းအား ပြသခဲ့ခြင်း မရှိပေ။

သို့သော် ကံဆိုးသည်မှာ မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးကြောင့် စောစီးစွာ အသက်ဆုံးခဲ့ရသည်။

ထို့ကြောင့် သောပေါင်ထျန်းကျွင်းက မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကို ကျင့်ကြံပြီးနောက် မည်မျှအစွမ်းထက်လာသည်ကို မည်သူမှ တိတိကျကျ မသိရှိနိုင်တော့ပေ။

မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုး တစ်ပါးသာလျှင် သူ မည်မျှအစွမ်းထက်ကြောင်း သိရှိပေလိမ့်မည်။ ကျန်လူများကတော့ အရိပ်အမြွက်မျှသာ ခန့်မှန်းနိုင်ကြသည်။

သောပေါင်ထျန်းကျွင်းမှာ မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးလက်ချက်ဖြင့် အသက်ပျောက်ခဲ့ရသည့်တိုင် ချက်ချင်း ဖမ်းဆီးခံရခြင်းမရှိဘဲ ထွက်ပြေးလွတ်မြောက်ခဲ့သေးသည်။

နောက်မှသာ ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်၏။

ဤသည်ကို ကြည့်ခြင်းအားဖြင့် သောပေါင်ထျန်းကျွင်းက ကောင်းကင်နတ်ဘုရားအဆင့်တွင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြောင်း ခန့်မှန်းကြည့်နိုင်သည်။

ရန်ကျောက်ကဲက သောပေါင်ထျန်းကျွင်း၏ အဆင့်အတန်းကို တိကျစွာ ခန့်မှန်းနိုင်ခြင်း မရှိပေ။

သို့သော် သောပေါင်ထျန်းကျွင်း သေဆုံးပြီးနောက် မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကို ဆက်လက်ကျင့်ကြံသူ ယွီယဲ့ကို သိရှိထားသည်။

သူမတစ်ယောက်တည်းဖြင့်ပင် ပြီးပြည့်စုံခြင်းမရှိသော နတ်ဘုရားသုတ်သင်အစီအရင်ကို တည်ဆောက်နိုင်ခဲ့သည်ဖြစ်ရာ ကောင်းကင်နတ်ဘုရားတစ်ပါးဖြစ်သော သောပေါင်ထျန်းကျွင်းဆိုလျှင်တော့ တစ်လောကလုံး ထိတ်လန့်တုန်လှုပ်ရလောက်အောင် စွမ်းအားကြီးမားမည်မှာ သေချာသည်။

ကျင့်ကြံသူအချင်းချင်း နှိုင်းယှဉ်မှုပြုလုပ်ရန် ခက်ခဲသော်လည်း တိုက်ခိုက်စွမ်းရည် တစ်ခုတည်းကိုကြည့်မည့်ဆိုပါက သမိုင်းတစ်လျှောက်တွင် သောပေါင်ထျန်းကျွင်းက တာအိုအဆင့်အောက် ကျင့်ကြံသူများတွင် အမြင့်ဆုံးအဆင့် ရှိပေသည်။

မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းက တိုက်စစ်စွမ်းအားပြင်းထန်ပြီး အဖျက်စွမ်းအား ကြီးမားသည်။ ထို့ကြောင့် ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်က သူ့ကို ခုခံနိုင်မည် ၊ မခုခံနိုင်မည်ကို ပြောရန် ခက်ခဲသည်။

ကျောက်စိမ်းကောင်းကင်ဘုံအရှင်နှင့်ဆာလျှင် သောပေါင်ထျန်းကျွင်းက ယွိချင်အဆက်အနွယ်များကို ဆန့်ကျင်ရန် ပိုမိုခိုင်မာသည့် အကြောင်းပြချက်ရှိသည်။

ရန်ကျောက်ကဲနှင့် နီကျားတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ပြီး အနည်းငယ် အဆင်မပြေ ဖြစ်သွားကြသည်။

နီကျားက ခဏမျှငြိမ်သက်သွားပြီးနောက် သက်ပြင်းချလိုက်သည်။

“မင်းပြောတဲ့အတိုင်းဆို သောပေါင်ထျန်းကျွင်းက သေသွားပြီ မဟုတ်လား ၊ သူသာ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေရင်တော့ အဆုံးသတ်မရနိုင်တဲ့ကိစ္စတွေ ဖြစ်ကုန်မှာပဲ”

ယွိချင်အဆက်အနွယ်၏ တတိယမျိုးဆက်တွင် ထိပ်တန်းအဆင့်ကျင့်ကြံသူ နီကျားမှာ နတ်ဘုရားများအပ်နှင့်ခြင်းကာလ တိုက်ပွဲအတွင်း နာမည်ကျော်ကြားခဲ့သူ ဖြစ်သည်။

စန့်ချင်အဆက်အနွယ်များနှင့် သူ့ကြားတွင် ပဋိပက္ခများက မရေအတွက်နိုင်အောင် များပြားလှသည်။

နတ်ဘုရားများအပ်နှင်းခြင်းကာလ အပြီးတွင် သူ၏စရိုက်လက္ခဏာကြောင့် စန့်ချင်အဆက်အနွယ်များနှင့် ဆက်ဆံရေးကောင်းမွန်ခဲ့ခြင်း မရှိပေ။

သူက ကောင်းကင်ဘုံနန်းတော်တွင် တာဝန်ထမ်းဆောင်နေကြသော သူတော်စင်မကျင်းလင် ၊ ဝန်ကျုန်း ၊ လုယွဲ့ ၊ ယင်ကျောက် ၊ လီရှင်းပါ့တို့နှင့်လည်း အဆင်မပြေခဲ့ပေ။

သို့သော် မဟာကပ်ဘေးကာလတွင် တာအိုဝါဒမှ တန်ခိုးစွမ်းအားရှင်များစွာ သေဆုံးခဲ့ပြီး နီကျားကိုယ်တိုင်လည်း ထိုကပ်ဘေးမှ အနိုင်နိုင်လွတ်မြောက်လာခဲ့ရသည်။

တာအိုဝါဒ၏ စန်းချင်း(၃)ပါး အဆက်အနွယ်တို့မှာလည်း အတိတ်က အမုန်းတရားများကို စွန့်ပစ်ကာ တာအိုဝါဒ ပြန်လည်ရှင်သန်စေရန် အတူလက်တွဲ လုပ်ဆောင်ခဲ့ကြသည်။

နီကျားနှင့် ထိုက်ယီကျန်းရန်တို့က ဝူတန့်မယ်တော်၊ ယွင်ရှောင်းနတ်သမီးတို့နှင့် အနည်းငယ် ဆက်ဆံရေးမပြေလည်ကြသော်လည်း မကြာကပ်ဘေးကြီး မတိုင်ခင်ကထက်ဆာလျှင် ပို၍ရင်းနှီးလာကြသည် အမှန်ပင်။

ယခုတစ်ကြိမ်တွင် ယွင်ရှောင်းနတ်သမီးက ဗုဒ္ဓဘာသာကျင့်ကြံသူများကို ဟန့်တားနိုင်ခဲ့ခြင်းမှာ အနောက်ဘက်သူတော်စင်ဘုံတွင် နီကျားနှင့် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓတို့ တိုက်ခိုက်နေကြသောကြောင့် ဖြစ်၏။

သူမက နတ်ဘုရားသုတ်သင်အစီအရင်ကို အသုံးပြုကာ အော်မီတော်ဖော်ဗုဒ္ဓနှင့် သဘောတူညီမှု ရယူခဲ့ပြီး စစ်ပွဲကြီးတစ်ခုဖြစ်မလာနိုင် တားဆီးနိုင်ခဲ့သည်။

'နတ်ဘုရားသုတ်သင်အစီအရင်'ဖြင့် သူမသည် အော်မီတော်ဖော်နှင့် သဘောတူညီမှု ရယူနိုင်ခဲ့ပြီး စစ်ပွဲကြီးတစ်ခု မဖြစ်ပွားအောင် တားဆီးနိုင်ခဲ့သည်။

အတိတ်ကကိစ္စများကို ပြန်တွေးကြည့်ရင်း လက်ရှိအခြေအနေကိုလည်း သုံးသပ်လျှက် ရန်ကျောက်ကဲနှင့် နီကျားတို့ သက်ပြင်းကိုယ်စီချမိကြသည်။

နီကျားက...

"ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို အရင်သွားယူကြရအောင် ၊ မင်းထင်သလို ဆရာဦးလေးကျန်း သေရတာ သောပေါင်ထျန်းကျွင်းလက်ချက်လားဆိုတာ သိရမှာပေါ့”

သူတို့နှစ်ယောက် ဗလာနယ်ထဲတွင် ပျံသန်းထွက်ခွာလာကြသည်။

မကြာမီ သူတို့ရှေ့တွင်ရှိ‌သော ဗလာနယ်က တွန့်ခေါက်ရှုံ့တွနေကြောင်း တွေ့လိုက်ရသည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ဤနေရာတွင် တိုက်ပွဲမည်မျှပြင်းထန်ကြောင်း သိရှိနိုင်သည်။

***

အဖြူရောင်ကြာပန်းသုခဘုံ။

ဗုဒ္ဓနယ်မြေတစ်ခုတွင် အဖြူရောင်ကြာပန်းများ ပွင့်လန်းနေပြီး အလယ်ဗဟိုမှာတော့ ကြီးမားသော အဖြူရောင်ကြာပန်းတစ်ပွင့် ပွင့်လန်းလျှက် ရှိသည်။

ကြာပန်းများမှ မွှေးရနံ့များ သင်းပျံ့လျှက်ရှိပြီး ဗုဒ္ဓရောင်ခြည်အလင်းတန်းများလည်း တောက်ပလင်းလက်လာသည်။

ထိုဗုဒ္ဓရောင်ခြည်အလင်းတန်းများ စုစည်းသွားပြီး ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ဗုဒ္ဓနယ်မြေကို ထိုးခွင်းလျှက် ကောင်းကင်ထက်သို့ ထိုးဖောက်ထွက်သွားသည်။

ထိုအချိန် အပြင်ဘက်မှ ကြာပန်းဖြူတစ်ပွင့် ဤဗုဒ္ဓနယ်မြေဆီသို့ ဆင်းသက်လာသည်။

ကြာပန်းထက်တွင်ထိုင်နေသည့်ဗုဒ္ဓက...

“တံခါးပိတ်ကျင့်ကြံရာက အောင်မြင်စွာထွက်လာတဲ့အတွက် ဂုဏ်ယူပါတယ် ဂိုဏ်းတူညီလေး”

ဓားအလင်းတန်း ထွက်ပေါ်လာရာနေရာတွင် ဗုဒ္ဓဘာသာဝတ်ရုံကို ဝတ်ဆင်ထားသည့်တိုင် ရှည်လျားနက်မှောင်သည့် ဆံနွယ်များကိုပိုင်ဆိုင်သည့် လူငယ်တစ်ယောက် ရှိနေသည်။

သူက အဖြူရောင်ကြာပန်းသုခဘုံမှ ကောင်းကင်နတ်ဘုရားအဆင့်ရှိသော ကျင့်ကြံသူ 'လမ်းခြောက်သွယ်ဓားသခင်' ချွိစုပင် ဖြစ်၏။

ချွိစုက ဂုဏ်ပြုရန်ရောက်လာသော ဗုဒ္ဓကို ခေါင်းညိတ်နှုတ်ဆက်ရင်း ကျေးဇူးတင်စကားဆိုလိုက်သည်။

“ကျေးဇူးတင်ပါတယ်”

ထို့နောက် သူက အဖြူရောင်ကြာပလ္လင်ထက်မှ မတ်တတ်ရပ်လိုက်သည်။

ရောက်လာသည့်ဗုဒ္ဓက...

“မင်း ဘယ်သွားဖို့ စိတ်ကူးထားတာလဲ”

ချွိစုက ပေါ့ပါးသည့်လေသံဖြင့်...

“တာအိုစကြာဝဠာကို သွားလည်ရမယ်လေ”

All Chapters