← Chapters

အခန်း ၁၇၁၀

Vol. 122 Ch. 1710

အခန်း ၁၇၁၀

Vol. 122 Ch. 1710

အခန်း (၁၇၁၀) အားလုံးက လိုချင်ကြသည်

မဟာမာရူယိ ထွက်ပေါ်လာခြင်းက လူတိုင်းကို ဖိအားပေးလိုက်သလို ဖြစ်သွားစေသည်။ သို့သော် သူရောက်လာမည်ကိုလည်း အားလုံးက ခန့်မှန်းထားပြီးသား ဖြစ်သည်။

ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်၊ ကြာပန်းစိမ်းရတနာအလံ၊ ဆင်စွယ်ရောင်တိမ်တိုက်အလံနှင့် 'မီးလျှံရောင်ခြည်အလံ' - ဤအလံ (၄) လက်မှာ တာအိုအဆင့်အောက်တွင် မဟာမာရူယိ၏ ရောင်စဉ်ငါးမျိုးနတ်ဘုရားအလင်းတန်းကို ခုခံနိုင်သော ရှားပါးရတနာ အနည်းငယ်ထဲတွင် ပါဝင်သည်။

ဤအလံများက မဟာမာရူယိကို တားဆီးနိုင်သည့်အရာများ မဟုတ်သော်လည်း အနှောက်အယှက်ဖြစ်စေသည်ကတော့ အမှန်ပင် ဖြစ်သည်။

အထူးသဖြင့် ယခုအချိန်တွင် သူက စကြာမုနိသရီရဓာတ်တော်ကို ရှာဖွေနေသူ ဖြစ်သည်။

သူ့ကို ဟန့်တားနိုင်သည့် ဤရတနာပစ္စည်းများက သူ၏ အကူအညီပေးနိုင်စွမ်းနှင့် စကြာမုနိသရီရဓာတ်တော် ရရှိရေးအပေါ် သက်ရောက်မှု ရှိလာနိုင်သည်။

ယခင်က ကြာပန်းစိမ်းရတနာအလံက အနောက်ဘက်သူတော်စင်ဘုံတွင် ရှိသော်လည်း ယခုတော့ လမ်းမှန်တာအိုဝါဒလက်ထဲသို့ ရောက်ရှိသွားပေပြီ။

ဆင်စွယ်ရောင်တိမ်တိုက်အလံက ငရဲကိုးထပ်တွင်ရှိနေပြီး မီးလျှံရောင်ခြည်အလံကတော့ သိုးလွိနန်းတော်တွင် ရှိနေသည်။

ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်က နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့ပြီး ပိုင်ရှင်ကင်းမဲ့နေသည်ဖြစ်ရာ ၎င်း၏စွမ်းအားကို ထုတ်ဖော်ပေးနိုင်မည့်သူ မရှိတော့ပေ။

ဤအခြေအနေတွင် မဟာမာရူယိက သူ့ကို အနှောက်အယှက်ပေးမည့်အရာတစ်ခု နည်းသွားစေရန်အတွက် ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်လုယူခြင်း ဖြစ်သည်။

သူ ဤသို့ပြုလုပ်မည်ကို အင်အားစုများက ခန့်မှန်းထားပြီးသား ဖြစ်သည့်တိုင် တကယ်တမ်းရောက်ရှိလာသည့်အခါမှာတော့ တိုက်ပွဲအတွင်းရှိလူများအားလုံး ခေါင်းခဲသွားကြသည်။

ယခု ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်တည်ရှိရာ အခိုးအငွေ့ဟင်းလင်းပြင်အနီးတွင် လူနှစ်ယောက်ရှိနေသည်။ တစ်ယောက်က ထိုက်ယီကျန်းရန်ဖြစ်ပြီး ကျန်တစ်ယောက်က အသက်ကြီးကြီး အဘိုးအိုတစ်ယောက် ဖြစ်၏။

ထိုအဘိုးအိုက ကြင်နာတတ်သည့်မျက်နှာထားမျိုးရှိသော်လည်း မဟာမာရူယိကို တွေ့မြင်သည်နှင့် သက်ပြင်းတစ်ချက် ချလိုက်သည်။

ထိုအဘိုးအို၏မျက်ဝန်းများက နေရောင်ခြည်ပမာ တောက်ပသော စွမ်းအားရောင်ဝါများဖြင့်ပြည့်နက်နေပြီး သူက တစ်ချက်မလှုပ်ရှားဘဲ နေရာမှာပင် ငြိမ်သက်စွာ မတ်တတ်ရပ်လျှက် ရှိသည်။

သို့သော် ထိုအနားသို့ချဉ်းကပ်လာသော မဟာမာရူယိ၏မျက်နှာက ရုတ်တရက်ပင် စိတ်မရှည်သည့် အရိပ်အယောင်များ ထင်ဟပ်လာသည်။

“မူလစိတ်ဝိညာဉ်နတ်ဆိုး ၊ မင်း ဒဏ်ရာပြန်သက်သာလာတာ ဝမ်းသာစရာပဲ ၊ ဒါပေမဲ့ မင်းရဲ့တန်ခိုးစွမ်းအားက ငါ့ရဲ့ ရောင်စဉ်ငါးမျိုးနတ်ဘုရားအလင်းတန်းကို မယှဉ်နိုင်ဘူးဆိုတာ မမေ့ပါနဲ့"

မဟာမာရူယိက အေးစက်စွာ စကားဆိုလိုက်ပြီး သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်မှ ရောင်စဉ်ငါးမျိုးနတ်ဘုရားအလင်းတန်းများကို ထုတ်ဖော်လိုက်သည်။

အလင်းတန်းများက လည်ပတ်သွားပြီး မူလစိတ်ဝိညာဉ်နတ်ဆိုးထံသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားသည်။

မူလစိတ်ဝိညာဉ်နတ်ဆိုးက နေရာရွှေ့လျှက် မဟာမာရူယိ၏ အလင်းတန်းများကို ရှောင်တိမ်းရင်း စကားဆိုလိုက်သည်။

“တာအိုရောင်းရင်း’ခုန်ရွှမ်း’ ရဲ့ စွမ်းရည်ကို ကျုပ် ‌ကောင်းကောင်းသိပါတယ် ၊ လျှော့တွက်ဖို့လည်း မဝံ့ရဲပါဘူး”

သူက ဆက်ပြောလိုက်သည်။

“ကျုပ်က အနောက်ဘက်သူတော်စင်ဘုံအတွက် ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို ကူရှာပေးနေတာပါ ၊ တာအိုရောင်းရင်း'ခုန်ရွှမ်း'အနေနဲ့ အနောက်ဘက်သူတော်စင်ဘုံကို မျက်နှာသာပေးပြီး လွှတ်ပေးလိုက်လို့ မရဘူးလား”

မဟာမာရူယိက ခံစားချက်ကင်းမဲ့သည့် မျက်နှာထားဖြင့်...

“ငါက အော်မီတော်ဖော်ဗုဒ္ဓကိုတော့ လေးစားပါတယ် ၊ ဒါပေမဲ့ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကိုတော့ အရေးစိုက်မှာ မဟုတ်ဘူး”

မူလစိတ်ဝိညာဉ်နတ်ဆိုးက...

“ဒီလိုမျိုး အရှုပ်အထွေးထဲဝင်ပါရတာ တန်ရဲ့လား”

စကားဆုံးသည်နှင့် သူ၏လက်ထဲတွင် အလံတစ်ခု ပေါ်လာသည်။

သူက အလံကိုဝှေ့ယမ်းလိုက်ရာ ထူးဆန်းသော မွှေးရနံ့များထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံသွားသည်။

ထိုမွှေးရနံ့များက မဟာမာရူယိ ရှေ့ဆက်တိုးမလာစေရန် တားဆီးထားလိုက်၏။

ဟုတ်ပေ၏။

ဤသည်က ဆင်စွယ်ရောင်တိမ်တိုက်အလံ၏ တန်ခိုးစွမ်းအားပင် ဖြစ်သည်။

မဟာမာရူယိက ဒေါသထွက်ခြင်း မရှိပေ။

ဆင်စွယ်ရောင်တိမ်တိုက်အလံဖြင့် တားဆီးခံလိုက်ရသော်လည်း သူက ရွှေခန္ဓာနှင့် ရောင်စဉ်ငါးမျိုးနတ်ဘုရားအလင်းတန်းများကို အသုံးပြုကာ အရံအတားတစ်ခု ဖန်ဆင်းလိုက်သည်။

ထို့နောက် သူက ဖန်သားအလင်းရောင်ပမာ ဗုဒ္ဓကိုယ်ပွားကို ထုတ်ဖော်လိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံး အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားသည်။

ယခင်က စကြာမုနိသရီရဓာတ်တော်ကို လုယူစဉ်က မဟာမာရူယိ သတိလက်လွတ် ဖြစ်သွားခဲ့သဖြင့် ဆင်စွယ်ရောင်တိမ်တိုက်အလံကြောင့် အလွန်ခါးသက်သော အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်။

ယခုတစ်ကြိမ်မှာတော့ သူက ကြိုတင်ပြင်ဆင်ထားခဲ့သည်ဖြစ်ရာ မူလစိတ်ဝိညာဉ်နတ်ဆိုးက ဆင်စွယ်ရောင်တိမ်တိုက်အလံကို အသုံးပြု၍ သူ့အားတားဆီးလိုက်သလို ၊ သူကလည်း တောက်ပသည့် ဖန်သားအလင်းတ်းများဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံလိုက်ပြီး မူလစိတ်ဝိညာဉ်နတ်ဆိုးကို ပိတ်ဆို့ထားလိုက်သည်။

ဤနည်းလမ်းက နတ်ဘုရားသုတ်သင်အစီအရင်တိုက်ပွဲတွင် ယန်ကျန်းက ကြာပန်းစိမ်းရတနာအလံကို ရင်ဆိုင်ခဲ့သည့်ပုံစံနှင့် ဆင်တူသည်။

မဟာမာရူယိက သူ၏‌အောက်ဘက်တွင် ရောင်စုံဒေါင်းငှက်တစ်ကောင်ကို ဖန်ဆင်းလိုက်ပြီး ထိုငှက်ကိုစီးနင်းကာ ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်တည်ရှိရာ အခိုးအငွေ့ဟင်းလင်းပြင်သို့ ပျံသန်းထွက်ခွာသွားသည်။

သူက ဆင်စွယ်ရောင်တိမ်တိုက်အလံကို ကိုင်ဆောင်ထားသည့် မူလစိတ်ဝိညာဉ်နတ်ဆိုးကိုဖိနှိပ်ပြီး ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ရှိရာသို့ ချဉ်းကပ်သွားခြင်း ဖြစ်၏။

မူလစိတ်ဝိညာဉ်နတ်ဆိုး၏ တန်ခိုးစွမ်းအားက မဟာမာရူယိ၏ ရောင်စဉ်ငါးမျိုးနတ်ဘုရားအလင်းတန်းကို မယှဉ်နိုင်သော်လည်း သူက လျှို့ဝှက်လှုပ်ရှားရာတွင် ကျွမ်းကျင်ပြီး ဖမ်းဆုပ်ရခက်သူတစ်ယောက် ဖြစ်သည်။

သို့ဖြစ်ရာ မည်သည့်အရာကိုမဆို ဖျက်ဆီးပစ်နိုင်သည့် မဟာမာရူယိ၏ နတ်ဘုရားအလင်းတန်းများသည်ပင် မူလစိတ်ဝိညာဉ်နတ်ဆိုးကိုတော့ အနှောက်အယှက်အနည်းငယ်သာ ဖြစ်စေခဲ့သည်။

မည်သို့ပင်ဖြစ်စေ မဟာမာရူယိကတော့ ဆင်စွယ်ရောင်တိမ်တိုက်အလံ ကိုင်ဆောင်ထားသည့် မဟာမာရူယိကိုဖိနှိပ်ပြီး ရှေ့ဆက်တိုးမြဲတိုးနေဆဲပင်။

လူတိုင်း ဆက်လက်တိုက်ခိုက်နေကြသော်လည်း မဟာမာရူယိအပေါ် အာရုံစိုက်နေသဖြင့် တိုက်ပွဲက အနည်းငယ် ပြင်းထန်မှုလျော့နည်းသွားသည်။

လူတိုင်းက သူ့ကို ကြည့်မရဖြစ်နေကြောင်း သိရှိသည့်တိုင် မဟာမာရူယိက တည်ငြိမ်စွာပင် ရှေ့ဆက်တိုးလျှက် ရှိသည်။

စွမ်းအားကြီးမားလှသော ရောင်စဉ်ငါးမျိုးနတ်ဘုရားအလင်းတန်းများကလည်း လည်ပတ်နေပြီး ပတ်ဝန်းကျင်မှလူများ လာရောက်တိုက်ခိုက်ခြင်းမပြုနိုင်စေရန် ဟန့်တားထားသည်။

သို့ပေသိ ကောင်းကင်နတ်ဘုရားများကိုပင် အရေးမစိုက်ဘဲ ရှေ့ဆက်တိုးနေသည့် မဟာမာရူယိ၏ မျက်ဝန်းများက ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သာရှိသော ရန်ကျောက်ကဲထံသို့ ကျရောက်သွားသည်။

မဟာမာရူယိ ဘာကိုစိုးရိမ်နေကြောင်း လူတိုင်းရိပ်မိကြသည်။

သူက ချီထျန်းမဟာသူတော်စင် ထွက်ပေါ်လာမည်ကို စိုးရိမ်နေခြင်းသာပင်။

ဆင်စွယ်ရောင်တိမ်တိုက်အလံက ရောင်စဉ်ငါးမျိုးနတ်ဘုရားအလင်းတန်းများကို ခုခံနိုင်စွမ်းရှိသော်လည်း ဤရတနာပစ္စည်းက ခံစစ်စွမ်းအားတစ်ခုသာလျှင် ပြုလုပ်နိုင်သည်။

မဟာမာရူယိ၏ ရည်ရွယ်ချက်က ရန်သူကို သတ်ဖြတ်ရန် မဟုတ်သည့်အခါ ဆင်စွယ်ရောင်တိမ်တိုက်အလံ'၏ သက်ရောက်မှုက အလွန်လျော့နည်းသွားပြီး ပြဿနာတစ်ခု ဖြစ်မလာတော့ပေ။

သို့သော် ချီထျန်းမဟာသူတော်စင်ကတော့ ထိုသို့မဟုတ်ပေ။

ထိုမဟာသူ‌တော်စင်၏ အစစ်အမှန်ရုပ်ခန္ဓာက အချိန်အကန့်အသတ်ဖြင့်သာ ပေါ်ထွက်လာနိုင်သည့်တိုင် သူက မဟာမာရူယိကို တင်းကျပ်စွာ တားဆီးနိုင်သည့် ကြောက်မက်ဖွယ်ရာ ပြိုင်ဘက်တစ်ယောက် ဖြစ်သည်။

မဟာမာရူယိ လှမ်းကြည့်သည်ကိုမြင်သော်လည်း ရန်ကျောက်ကဲက အရေးမစိုက်ဟန်ဖြင့် ပြုံးလျှက်သာ ရှိနေသည်.

လမ်းမှန်တာအိုဝါဒတွင် ကြာပန်းစိမ်းရတနာအလံ ရှိနေပြီဖြစ်ရာ သူ့အနေဖြင့် စိုးရိမ်စရာ မရှိတော့ပေ။

မီးလျှံရောင်ခြည်အလံမှာလည်း သိုးလွိနန်းတော်တွင် ရှိနေသည်ဖြစ်ရာ တစ်ချိန်ချိန်တွင် ထိုနန်းတော်ထဲမှ ထုတ်ယူပြီး အသုံးပြုနိုင်သည့်အခွင့်အရေး ရှိနေသေးသည်။

မဟာမာရူယိ ဝင်ရောက်စွက်ဖက်လာသည်ဖြစ်ရာ အလံမရှိသူများ ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။

ဤအချိန်တွင်သာ ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို မရယူနိုင်ပါက နောက်ထပ်အခွင့်အရေး ရတော့မည်မဟုတ်ဘဲ မဟာမာရူယိ၏တန်ခိုးစွမ်းအား တိုက်ရိုက်ထိမှန်ခံရသည့်အခြေအနေသို့ ရောက်ရှိသွားပေမည်။

ဟုတ်ပေ၏။

ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို ရယူရန်အတွက် အနောက်ဘက်သူတော်စင်ဘုံမှ ဗုဒ္ဓဘာသာကိုယ်တော်များစွာ ရောက်ရှိနေခဲ့သည်။

ကံမကောင်းစွာပင် သူတို့အားလုံးမှာ မဟာမာရူယိ၏ဖိအားကို ရင်ဆိုင်ရပြီး ဆိုးရွားသည့်အခြေအနေနှင့် ကြုံတွေ့လိုက်ရသည်။

တစ်ချိန်က သူတို့က မဟာမာရူယိအား အခြားသူများကိုတိုက်ခိုက်ရာတွင် အသုံးပြုသည့် အဓိကလက်နက်အဖြစ် အသုံးပြုခဲ့ကြသည်။

ယခု ထိုဒုက္ခကို သူတို့ကိုယ်တိုင် ပြန်လည်ခံစားရပေတော့မည်။

ဗုဒ္ဓတစ်ပါးက ခုန်ရွှမ်းကို တားဆီးရန် ကြိုးစားသော်လည်း ရောင်စဉ်ငါးမျိုးနတ်ဘုရားအလင်းတန်းများ ရောက်ရှိလာပြီး သူ့ကိုတားဆီးထားလိုက်သည်။

မဟာမာရူယိက...

“မိတ်ဆွေတို့... ကျေးဇူးပြုပြီး ခွင့်လွှတ်ကြပါ”

ပြောပြီးသည်နှင့် သူက ဘာမှမဖြစ်သည့်ပမာ ရှေ့ဆက်လျှောက်လှမ်းသွားသည်။

ထိုအချိန် အဝေးတစ်နေရာမှ စကြဝဠာဟင်းလင်းပြင်ကို ဖြတ်သန်းကာ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

မဟာမာရူယိ မျက်မှောင်ကျုံ့လိုက်သည်။

“ဟင်... လုယာ ရောက်လာတာလား”

ရောက်ရှိလာသည့် အလင်းတန်းက အခိုးအငွေ့ဟင်းလင်းပြင်ကို ထိုးဖောက်ဝင်ရောက်သွားပြီး ငါးမြီးသရဖူကိုဆောင်းကာ အနီရောင်ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ယောက်၏ပုံရိပ် ထွက်ပေါ်လာသည်။

သူ၏ရုပ်သွင်က အလွန်ထူးဆန်းပြီး ရှည်လျားသော မုတ်ဆိတ်များကိုလည်း ပိုင်ဆိုင်ထားသည်။

ဟုတ်ပေ၏။

ထိုသူက တာအိုသခင်’လုယာ’ ပင် ဖြစ်သည်။

“တာအိုရောင်းရင်း... ကျုပ်ကိုလည်း ဒီတိုက်ပွဲမှာ ပါဝင်ခွင့်ပေးပါၑ

ပြောပြီးသည်နှင့် လုယာက လက်ကိုဆန့်တန်းလိုက်ပြီး ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို ဆွဲယူလိုက်လေသည်။

မဟာမာရူယိက...

“တာအိုရောင်းရင်း... စကြာမုနိသရီရဓာတော် ကျုပ်ကိုပေးမယ်ဆိုရင် ဒီအလံကို မင်းယူလို့ရတယ်”

ပြောပြီးသည်နှင့် သူက မူလစိတ်ဝိညာဉ်နတ်ဆိုးကို လွှတ်ပေးလိုက်ပြီး တာအိုသခင် 'လုယာ'ကို အလျှင်အမြန် ဟန့်တားလိုက်သည်။

တာအိုသခင်’လုယာ’ က ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို ဆွဲယူတော့မည်ကို တွေ့မြင်သည်နှင့် မူလစိတ်ဝိညာဉ်နတ်ဆိုးက မဟာမာရူယိကို တားဆီးခြင်းအား ရပ်တန့်လိုက်သည်။

သူက မဟာမာရူယိနှင့် တာအိုသခင်’လုယာ’ တို့ တိုက်ခိုက်စေရန် လမ်းဖွင့်ပေးလိုက်ပြီး ဘေးမှ ရပ်ကြည့်နေတော့သည်။

ရောင်စဉ်ငါးမျိုးနတ်ဘုရားအလင်းတန်းများနှင့် ရင်ဆိုင်ရသည်နှင့် တာအိုသခင် 'လုယာ' က အလင်းတန်းအဖြစ် အသွင်ပြောင်းကာ ချက်ချင်းရှောင်တိမ်းလိုက်သည်။

တိုက်ပွဲထဲသို့ အစွမ်းထက်ပုဂ္ဂိုလ်များ ပိုမိုပါဝင်လာကြသည်။

မြင်ကွင်းက ပိုမိုရှုပ်ထွေးလာပြီး ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို ရယူရန် အလားအလာရှိသူ မည်သူမဆို လူတိုင်း၏ရန်သူ ဖြစ်လာလေ၏။

All Chapters