← Chapters

အခန်း ၁၇၁၃

Vol. 122 Ch. 1713

အခန်း ၁၇၁၃

Vol. 122 Ch. 1713

အခန်း (၁၇၁၃) နာကျည်းစရာအရှုံး

ရန်ကျောက်ကဲက လက်ထဲမှ ကြာပန်းစိမ်းရတနာအလံကို အသက်သွင်းလိုက်သည်နှင့် အဖြူရောင်ချီများနှင့် ရွှေရောင်အလင်းတန်းများက ဗလာနယ်တစ်ခုလုံးအား လွှမ်းခြုံသွားကာ ငရဲကိုးထပ်မှ ထိပ်တန်းမဟာနတ်ဆိုးများနှင့် ဗုဒ္ဓဘာသာကျင့်ကြံသူ ကိုယ်တော်များအား လမ်းကြောင်းပိတ်ဆို့ထားလိုက်သည်။

ကြာပန်းစိမ်းရတနာအလံ အသက်ဝင်လာသည်ကို တွေ့မြင်သည်နှင့် မဟာဉာဏ်အလင်းဗောဓိသတ္တနှင့် အခြားသော ဗုဒ္ဓဘာသာကိုယ်တော်များ မျက်နှာပျက်သွားကြသည်။

ဤပစ္စည်း၏မူလပိုင်ရှင်က သူတို့ အနောက်ဘက်သူတော်စင်ဘုံဖြစ်သည် မဟုတ်ပါလား။

ရန်ကျောက်ကဲက ရယ်မောလိုက်ပြီး...

“ဗုဒ္ဓများနဲ့ ဗောဓိသတ္တများ ဒီနေ့တော့ ခွင့်လွှတ်ပေးကြပါ ၊ ဒါပေမဲ့ ‌လောလောဆယ် အော်မီတော်ဖော်ဗုဒ္ဓက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို ကူညီပေးနေရမှာပါ ၊ ဒီနေရာက အခြေအနေတွေကို ဂရုစိုက်ဖို့ အချိန်မရှိလောက်ဘူး ၊ ဒါကြောင့် ဒီနေ့ ကျွန်တော့်ကို အခွင့်အရေးလေး ပေးလိုက်ကြပါ”

အနောက်ဘက်သူတော်စင်ဘုံတွင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓအနေဖြင့် ယန်ကျန်းအား တစ်ယောက်တည်းရင်ဆိုင်ရန် ခက်ခဲမည် ဖြစ်သည်။

သူတော်စင်ဘုံတစ်ခုလုံးတွင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ယန်ကျန်းအားရင်ဆိုင်ရာတွင် ကူညီပေးနိုင်သူဆို၍ အော်မီတော်ဖော်ဗုဒ္ဓနှင့် မဟာမာရူယိတို့သာလျှင် ရှိသည်။

မဟာမာရူယိက ဤနေရာသို့ ရောက်ရှိနေသည့်အတွက် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို ကူညီပေးနိုင်မည် မဟုတ်ပေ။

ဟုတ်ပေ၏။

အနောက်ဘက်သူတော်စင်ဘုံတွင် ရှိနေလျှင်လည်း မဟာမာရူယိက သူ့ကို ကူညီမည် မဟုတ်ပေ။

စကြာမုနိသရီရဓာတော် မရှိသည့်အတွက် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓအနေဖြင့် မဟာမာရူယိကို အမိန့်ပေးနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို ကူညီနိုင်မည့် တစ်ဦးတည်းသောသူမှာ အော်မီတော်ဖော်ဗုဒ္ဓသာလျှင် ရှိသည်။

ဤအချက်ကြောင့်သာမဟုတ်ပါက ရန်ကျောက်ကဲအနေဖြင့် ကြာပန်းစိမ်းရတနာအလံကို အသုံးပြု၍ ဗုဒ္ဓဘာသာကျင့်ကြံသူများကို ရင်ဆိုင်ဝံ့မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော ဤသို့ပြုမူခြင်းက တစ်ဖက်သားကို ရန်စသလို ဖြစ်နေသောကြောင့်ပင်။

စိတ်တည်ငြိမ်ပါသည်ဆိုသော မဟာဉာဏ်အလင်းဗောဓိသတ္တနှင့် အခြားသော ဗုဒ္ဓဘာသာ ထိပ်တန်းပုဂ္ဂိုလ်များပင်လျှင် ရန်ကျောက်ကဲလက်ထဲမှ ကြာပန်းစိမ်းရတနာအလံကို တွေ့မြင်သည့်အခါ အတော်လေး စိတ်အနှောက်အယှက် ဖြစ်သွားကြသည်။

ထိုအချိန် မူလစိတ်ဝိညာဉ်နတ်ဆိုးက...

“ဗုဒ္ဓဘာသာကျင့်ကြံသူတို့... ဒီရတနာပစ္စည်းကိုလည်းရမယ် ၊ ကြာပန်းစိမ်းရတနာအလံကိုလည်း ပြန်ယူနိုင်မယ်ဆိုရင် အလွန်ကောင်းတဲ့ကိစ္စပါပဲ”

မူလစိတ်ဝိညာဉ်နတ်ဆိုးအပေါ် 'ကြာပန်းစိမ်းရတနာအလံ၏ ခုခံနိုင်စွမ်းမှာ အကန့်အသတ်ရှိသည်။

သို့သော် လက်ရှိအခြေအနေကိုတုံ့ပြန်ရန် ရန်ကျောက်ကဲသာမက အခြားသော တာအိုဝါဒ ထိပ်တန်းတန်ခိုးစွမ်းအားရှင်များလည်း ရှိနေကြသည်။

မူလစိတ်ဝိညာဉ်နတ်ဆိုး၏စကားဆုံးသွားသည်နှင့် တောင်ပိုင်းချန်စန်းဧကရာဇ်က သူ့အားတားဆီးလိုက်ရာ ပြင်းထန်သော လျှပ်စီးစွမ်းအားကြောင့် မူလစိတ်ဝိညာဉ်နတ်ဆိုး ရှေ့ဆက်တိုးရန် ခက်ခဲသွားသည်။

မူလစိတ်ဝိညာဉ်နတ်ဆိုးက လက်တစ်ဖက်ပင့်မြှောက်ပြီး လက်ညှိုးညွှန်ပြလိုက်ရာ ဗလာနယ်အက်ကွဲသွားပြီး ငရဲကိုးထပ်မှ နတ်ဆိုးပင်လယ်ရှိရာနှင့် လမ်းကြောင်းတစ်ခု ချိတ်ဆက်သွားသည်။

ထိုနေရာက မှောင်အတိကျနေသော်လည်း မူလစိတ်ဝိညာဉ်နတ်ဆိုး၏ ထိန်းချုပ်မှုအောက်တွင် ကြည်လင်သန့်စင်သည့်ပင်လယ်ရေများက ကြာပန်းစိမ်းရတနာအလံဆီသို့ ဦးတည်စီးဆင်းလာသည်။

ငရဲကိုးထပ်၏ နတ်ဆိုးပင်လယ်ရေက ကြည်လင်သန့်ရှင်းနေပြီး ဆိုးရွားသည့်အနံ့အသက်လည်း မရှိပေ။ သို့သော် ထိုရေများက ဤလောကတွင် အညစ်ညမ်းဆုံး ဖြစ်သည်။

ထိုပင်လယ်ရေနှင့်သာ ထိတွေ့မိပါက ကြာပန်းစိမ်း ရတနာအလံကဲ့သို့သော ရတနာများသည်ပင် စွမ်းအားများ ပျက်ပြယ်သွားနိုင်သည်။

မူလစိတ်ဝိညာဉ်နတ်ဆိုးက ဤအခြေအနေကို ကြိုတင်မျှော်လင့်ထားပုံရသည်။

ဝူတန့်မယ်တော်က ငရဲကိုးထပ်၏ ဆင်စွယ်ရောင်တိမ်တိုက်အလံကို ချိုးဖျက်နိုင်သကဲ့သို့ သူတို့တွင်လည်း ကြာပန်းစိမ်းရတနာအလံကို ကျော်လွှားနိုင်မည့် နည်းလမ်းရှိနှင့်ပြီးဖြစ်သည်။

နတ်မိစ္ဆာမျိုးနွယ်နှင့် မဟာမာရူယိကို တားဆီးနိုင်သည့် ရတနာများမှာ တာအိုဝါဒနှင့် ငရဲကိုးထပ်၏ တိုက်ပွဲတွင် အသုံးဝင်ခြင်း မရှိတော့ပေ။

ယခင်က ငရဲကိုးထပ်မှ ထိပ်တန်းမဟာနတ်ဆိုးများက ဤပင်လယ်ရေကိုပင် အသုံးပြုကာ ကြာပန်းစိမ်းရတနာအလံကို ညစ်ညမ်းစေခြင်းဖြင့် နတ်မိစ္ဆာမျိုးနွယ်တို့ စကြာမုနိသရီရဓာတ်တော်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်စေရန် ကူညီပေးခဲ့ဖူးသည်။

ထိုအချိန်က ရန်ကျောက်ကဲတို့အုပ်စုက အခွင့်အရေးကိုအသုံးချကာ ထိုရတနာအလံကို ရယူခဲ့ကြခြင်း ဖြစ်၏။

နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက် ကြာပန်းစိမ်းရတနာအလံမှာလည်း ပြန်လည်သန့်စင်ခြင်းခံရပြီး မူလအတိုင်း တန်ခိုးစွမ်းအားများ ပြန်လည်ရရှိနေပြီ ဖြစ်သည်။

သို့ပေသိ လက်ရှိတွင် ယခင်က ရန်ဘက်ဖြစ်ခဲ့သော ငရဲကိုးထပ်နှင့် အနောက်ဘက်သူတော်စင်ဘုံတို့က ယခု မဟာမိတ်များဖြစ်သွားကြပြီး ကြာပန်းစိမ်းရတနာအလံကို ကိုင်တွယ်ရန် နည်းလမ်းဟောင်းကိုပင် ပြန်လည်အသုံးပြုခဲ့ကြသည်။

ကိစ္စရပ်များ၏ အလှည့်အပြောင်းက အလွန်ပင် ရှုပ်ထွေးလှ၏။

မဟာဉာဏ်အလင်းဗောဓိသတ္တနှင့် အခြားသော ဗုဒ္ဓဘာသာကိုယ်တော်များမှာ ကြာပန်းစိမ်းရတနာအလံထံသို့ စီးဝင်သွားသည့် နတ်ဆိုးပင်လယ်ရေများကိုကြည့်ရင်း စိတ်ထဲ မသိုးမသန့် ခံစားလိုက်ကြရသည်။

သို့သော် ယခုအချိန်တွင် မည်သည့်အင်အားစုကမှ အရှိန်လျှော့ရန် မဝံ့ရဲကြပေ။

ကြာပန်းစိမ်းရတနာအလံ အစွမ်းမပြနိုင်သည့်အချိန်ကို အခွင့်ကောင်းယူကာ လူတိုင်းက အလံကို ပြန်လည်ရယူရန် ဝင်ရောက်လာကြသည်။

သူတို့အတွက် ကြာပန်းစိမ်းရတနာအလံကို ပြန်လည်ရယူနိုင်ရန်မှာ ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို ရယူခြင်းကဲ့သိုပင် တန်းတူဦးစားပေးကိစ္စတစ်ခု ဖြစ်၏။

ရန်ကျောက်ကဲက သူ့ထံသို့ စီးဆင်းဝင်ရောက်လာသော အနက်ရောင်ပင်လယ်ရေများကိုကြည့်ရင်း နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

သူက လက်တစ်ဖက်ဖြင့် ကြာပန်းစိမ်းရတနာအလံကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်အား အပြင်သို့ ဆန့်ထုတ်လိုက်သည်။

သူ၏လက်ဖဝါးထက်တွင် ရှုပ်ထွေးနက်နဲသည့် အင်းသင်္ကေတများ ထွက်ပေါ်လာပြီး အချို့အင်းသင်္ကေတများက ကြည့်ရုံဖြင့်ပင် ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်များကို တွေ့မြင်နေရသည်။

ထိုအင်းသင်္ကေတများကို တွေ့မြင်သည်နှင့် မူလစိတ်ဝိညာဉ်နတ်ဆိုး ရင်ထဲလေးလံသွားသည်။

ထိုအင်းသင်္ကေတများက ငရဲကိုးထပ်တွင် ဖန်းယွင်ရှန်းကိုကူညီပြီး နျဲ့ကျင်းရှန်နှင့် အရိပ်နတ်ဆိုးကို တိုက်ခိုက်စဉ်က နတ်ဆိုးပင်လယ်ရေကိုအသုံးပြုပြီး ရန်ကျောက်ကဲထုတ်ဖော်ခဲ့သည့် အင်းသင်္ကေတများနှင့် ဆင်တူနေသည် မဟုတ်ပါလား။

ထိုတိုက်ပွဲအပြီးတွင် မူလစိတ်ဝိညာဉ်နတ်ဆိုးနှင့် ငရဲကိုးထပ်မှ အခြားသော ထိပ်တန်းမဟာနတ်ဆိုးများမှာ ရန်ကျောက်ကဲ၏နည်းလမ်းကို အထူးလေ့လာခဲ့ကြသည်။

အကယ်၍ ထိုသို့သောအခြေအနေမျိုး ထပ်မံဖြစ်ပေါ်လာပါက ဖြေရှင်းနိုင်ရန် ယုံကြည်ချက်လည်း ရှိထားပေပြီ။

သို့ပေသိ ယနေ့ ရန်ကျောက်ကဲလက်ဖဝါးထက်မှ အင်းသင်္ကေတများကို အနီးကပ်ကြည့်လိုက်ရာ ထိုစဉ်ကထက် များစွာပြောင်းလဲနေကြောင်း တွေ့လိုက်ရသည်။

မူလစိတ်ဝိညာဉ်နတ်ဆိုး၏ မျက်လုံးများ တောက်ပသွားသည်။

“ဒီကောင်လေးက တိုးတက်မှု အတော်မြန်ဆန်တာပဲ”

ရန်ကျောက်ကဲလက်ဖဝါးထက်ရှိ အင်းသင်္ကေတများမှ အနက်ရောင်အလင်းတန်းများ ပေါ်ထွက်လာသည်။

ထိုအနက်ရောင်အလင်းတန်းများက နတ်ဆိုးပင်လယ်ရေများပင်ဖြစ်ပြီး အပြင်ဘက်သို့ အရှိန်အဟုန်ဖြင့် စီးဆင်းထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် အင်းသင်္ကေတများက အစီအရင်တစ်ခုအဖြစ်ပြောင်းလဲသွားပြီး နတ်ဆိုးပင်လယ်ရေများကို ဝန်းရံလိုက်ကာ မူလစိတ်ဝိညာဉ်နတ်ဆိုး ပစ်လွှတ်လိုက်သော နတ်ဆိုးပင်လယ်ရေများကို ဟန့်တားထားလိုက်သည်။

မမြင်နိုင်သည့် ရေကာတာတစ်ခု ဖြစ်ပေါ်လာသည့်အလား အနက်ရောင်ရေများမှာ ရှေ့မဆက်နိုင်တော့ဘဲ ပိတ်ဆို့ခံလိုက်ရ၏။

အနက်ရောင်ရေများမှာ ကြာပန်းစိမ်းရတနာအလံကို မထိမှန်နိုင်တော့ပေ။

အလံက ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေပြီး အဖြူရောင်ချီများနှင့် ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်နေပြီး ငရဲကိုးထပ်မှလူများနှင့် ဗုဒ္ဓဘာသာကျင့်ကြံသူများကို ပိတ်ဆို့ထားဆဲ ဖြစ်သည်။

မူလစိတ်ဝိညာဉ်နတ်ဆိုး၏ မျက်ဝန်းများ ချက်ချင်းပင် တည်ကြည်လေးနက်သွားသည်။

သို့သော် သူက ရပ်တန့်ခြင်းမရှိဘဲ ပင်လယ်ရေများကို ပိုမိုများပြားစွာဆွဲယူပြီး ရန်ကျောက်ကဲနှင့် ကြာပန်းစိမ်းရတနာအလံဆီသို့ အရှိန်အဟုန်ဖြင့် စီးဆင်းသွားစေသည်။

ရန်ကျောက်ကဲ ရရှိထားသည့် ငရဲကိုးထပ်နတ်ဆိုးပင်လယ်ရေက ပမာဏ အကန့်အသတ်ရှိသည်။

ပမာဏအရ ကြည့်မည်ဆိုလျှင် မူလစိတ်ဝိညာဉ်နတ်ဆိုးက ရန်ကျောက်ကဲ၏ ခံစစ်စွမ်းအားထက် ပိုမိုသာလွန်အောင် တိုက်ခိုက်နိုင်စွမ်း ရှိသည်။

မမြင်ရသည့်ရေကာတာက အလွန်ခိုင်ခန့်ဟန်ရှိသော်လည်း ၎င်း၏ အမြင့်နှင့်အထူက ပြောင်းလဲသွားမည် မဟုတ်ပေ။ ထို့ကြောင့် ပင်လယ်ရေများ အဆုံးမရှိမြင့်တက်လာပါက ရေကာတာ၏ အကန့်အသတ်ကို ကျော်လွန်သွားနိုင်သည်။

ထို့ပြင် မူလစိတ်ဝိညာဉ်နတ်ဆိုးက ရန်ကျောက်ကဲ၏နည်းလမ်းကို နှစ်ပေါင်းများစွာ လေ့လာခဲ့သူဖြစ်သည်။ထို့ကြောင့် ထိုနည်းလမ်းကို တန်ပြန်ရန်အတွက် အတိုင်းအတာတစ်ခုအထိ နားလည်သဘောပေါက်ထားသည်။

မကြာမီ ရန်ကျောက်ကဲ တည်ဆောက်ထားသည့်အစီအရင်ကပြိုကွဲတော့မည့် အရိပ်အယောင်များ ပြသလာ၏။

သို့သော် ရန်ကျောက်ကဲက အခြေအနေကို လုံးဝ အရေးမစိုက်ပေ။

သူက လိုအပ်သည့်အချိန်တွင် ရသလောက်အချိန်ဆွဲရန်သာ ရည်ရွယ်ထားသည်။

မူလစိတ်ဝိညာဉ်နတ်ဆိုး၊ မဟာဉာဏ်အလင်းဗောဓိသတ္တနှင့် အခြားသူများမှာ ထိုက်ယီကျန်းရန်နှင့် ဝူတန့်မယ်တော်တို့ ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို ရယူရန် ဝင်ရောက်သွားသည်ကို ကြည့်နေခဲ့ကြသည်။

ထိုက်ယီကျန်းရန်က ချက်ချင်းပင် လက်ကိုဆန့်ထုတ်ပြီး ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို ဖမ်းဆုပ်လိုက်သည်။

ရွှေရောင်ကြာပန်း ပွင့်လန်းနေသည့် မြေသားထက်တွင် အလံ၏ကာကွယ်မှုဖြင့် ရုပ်အလောင်းတစ်ခု ရှိနေပေသည်။ ထိုရုပ်အလောင်းက ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်၏ ယခင်ပိုင်ရှင် ဖြစ်ဟန်တူသည်။

ထိုက်ယီကျန်းရန် အလံကိုထိလိုက်သည်နှင့် ရွှေရောင်ကြာပန်းပတ်ပတ်လည််တွင် အလွန်ကြမ်းတမ်းပြင်းထန်သည့် စွမ်းအားများ ထွက်ပေါ်လာသည်။

ဝူတန့်မယ်တော်က ဓားကိုဝှေ့ယမ်းလျှက် တိုက်ခိုက်လာသော စွမ်းအားများကို ခုခံလိုက်သည်။

သူမနှင့် ထိုက်ယီကျန်းရန်တို့ စိတ်ပျက်လက်ပျက် မကျေမနပ်ဖြင့်ပင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ခေါင်းခါယမ်းလိုက်ကြသည်။

နေရာတွင်ရှိနေသော တန်ခိုးစွမ်းအားရှင်များအားလုံး တိုက်ခိုက်လာသည့်စွမ်းအားကို ကောင်းစွာသိကျွမ်းကြသည်။

ထိုစွမ်းအားက တာအိုဝါဒ စန့်ချင်အဆက်အနွယ်မှ ဖြစ်၏။

ထိုစွမ်းအားကို အာရုံခံမိသည်နှင့် ရန်ကျောက်ကဲနှင့် နီကျားတို့မှာလည်း တိတ်တဆိတ် သက်ပြင်းချလိုက်ကြသည်။

သူတို့ ယခင်ခန့်မှန်းထားသည်က အမှန်ဖြစ်လာခဲ့သည်။

ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်၏ ယခင်ပိုင်ရှင် ဖြစ်သော ယွိချင်အဆက်အနွယ်ကို လုပ်ကြံသတ်ဖြတ်ခဲ့သူမှာ အမှန်တကယ်ပင် သောပေါင်ထျန်းကျွင်း ဖြစ်နေခဲ့သည်။

ဝူတန့်မယ်တော်က ကြွင်းကျန်သည့် ဓားဝိညာဉ်ကို ရှင်းလင်းလိုက်ပြီးနောက် ထိုက်ယီကျန်းရန်က ထိုနေရာမှ ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်နှင့် အကြွင်းအကျန်ပစ္စည်းများအားလုံးကို သိမ်းယူလိုက်သည်။

တစ်ချိန်တည်းမှာပင် တောင်ပိုင်းချန်စန်းဧကရာဇ်က လက်ကို (၃)ချက်ဆက်တိုက် ဝှေ့ယမ်းလိုက်ရာ ပုံရိပ်ယောင်ဗလာနယ်မိုးကြိုး ၊ ထာဝရညမိုးကြိုးနှင့် အခြားသောမိုးကြိုးစွမ်းအားများ ပေါင်းစပ်ထွက်ပေါ်လာပြီး စကြာဝဠာ အက်ကွဲကြောင်းတစ်ခု ဖြစ်တည်လာသည်။

ဝူတန့်မယ်တော်က သူမ၏နတ်ဘုရားဓားဖြင့် အက်ကွဲကြောင်းကို ပိုမိုနက်ရှိုင်းအောင် ထိုးဖောက်လိုက်သည်။

ထိုက်ယီကျန်းရန်ကလည်း လက်တစ်ဖက်ဆန့်တန်းပြီး အက်ကွဲကြောင်းအတွင်းသို့ အဖြူရောင်အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်ရာ အက်ကွဲကြောင်းက ပိုမိုနက်ရှိုင်းသွားသည်။

အချိန်နှင့်ဗလာနယ်ကို ချိုးဖျက်ရာတွင် ကျွမ်းကျင်ကြသည့် တာအိုဝါဒ ထိပ်တန်းပုဂ္ဂိုလ် (၃)ယောက်တို့က အင်အားစုများ ရှုပ်ထွေးနေသည့် တိုက်ပွဲမြေပြင်တွင် လမ်းကြောင်းတစ်ခု ဖန်တီးလိုက်ကြသည်။

ချက်ချင်းပင် တာအိုဝါဒ ကျင့်ကြံသူများအားလုံး ထိုလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားကြတော့သည်။

All Chapters