← Chapters

အခန်း ၃၆၁

Vol. 25 Ch. 361

အခန်း ၃၆၁

Vol. 25 Ch. 361

အခန်း(၃၆၁)

“ သတ်… ”

“ ငါတို့မျိုးဆက်ရဲ့ ယောင်္ကျားလေးတွေမှာ လုပ်ရဲကိုင်ရဲတဲ့ သတ္တိရှိရမယ်… ဓားမော့ကိုကိုင်၊ ရန်သူရဲ့ လည်ပင်းကို ဖြတ်၊ ဦးခေါင်းကို ဝိုင်ခွက်လုပ်ပစ်မယ်… သူရဲဘောကြောင်တဲ့စိတ် ဝင်မလာပါစေနဲ့ ”

ရှေးခေတ်ကြယ်တာရာကောင်းကင်ပေါ်ဝယ် သီရှီထျန်သည် သေရမည်ကို ကြောက်ရွံ့သောသူ မဟုတ်ပေ။ သန်းပေါင်းများစွာသော မိစ္ဆာများက အရှေ့သို့ ရွပ်ရွပ်ချွံချွံ ချီတတ်သွားနေကြပြီး နတ်ဆိုးနတ်ဘုရားများကို တိုက်ခိုက်နေကြသည်။ အကယ်၍ ယခုအချိန်မှာ သူထွက်သွားမည်ဆိုလျှင် “ အသက်ရှိနေသေးသရွေ့ မျှော်လင့်ချက်ရှိတယ် ”ဟု သူ့ကိုယ်သူအတွက် အကြောင်းပြချက်ကောင်းတစ်ခု ပေးနိုင်သည်။ သို့သော်လည်း ထိုသို့သူလုပ်ဆောင်လျှင် သူက သီရှီထျန်ဟုတ်တော့မည် မဟုတ်ချေ။

သူက စစ်မြေပြင်ပေါ်မှ သတ်ဖြတ်ခြင်းအရှိန်ကို အာရုံခံနိုင်သည်။ ကျယ်လောင်သော ကြုံးဝါးအော်သံများကိုလည်း သူကြားသည်။

သူ့နှလုံးသားထဲမှာ တုံ့ဆိုင်းမှု မရှိတော့ပေ။ သူရဲကောင်းစိတ်ဆန္ဒသာလျှင် ကျန်ရှိတော့သည်။ လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက သူ့ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။ ယခု သူက မိစ္ဆာမျိုးနွယ်စုစစ်တပ်ထဲတွင် ကလေးတစ်ယောက်ကဲ့သို့ အားနည်းနေသည်။ သို့သော်လည်း လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါအောက်တွင် သူ့ခန္ဓာကိုယ်က ပေတစ်ထောင်ရှည်လျားသွားသည်။ သူ၏ မိစ္ဆာခန္ဓာကိုယ်တစ်ခုလုံးက ချက်ချင်း ကြီးမားသွားသည်။

“ ဘန်း… ဘန်း… ဘန်း… ”

“ ငါက ယောင်္ကျားတစ်ယောက်… ငါ့ရဲ့ ရဲဘော်ရဲဘက်တွေနဲ့ သေအတူရှင်အတူ ရှိနေမယ်… ငါသေသွားမယ်ဆိုရင်တောင် ငါ့ရဲ့ သွေးကို အလဟဿ မဖြစ်စေရဘူး… သတ် သတ် သတ် ”

စက်ကရာ၏ မျက်လုံးက ထွန်းလင်းတောက်ပလာသည်။ သူ့မျက်လုံးထဲမှာ ဆုံးဖြတ်ချက်ပြတ်သားမှု ရှိသည်။ သူက အသေခံပြီး တိုက်ခိုက်ရန် စိတ်ဆုံးဖြတ်လိုက်သည်။ သူက မိစ္ဆာမျိုးနွယ်စုဝင်တစ်ယောက်ဖြစ်ပြီး ယောင်္ကျားတစ်ယောက် ဖြစ်သည်။ သူက အသက်သေဆုံးသွားမည်ဆိုလျှင်ပင် အနောက်ဆုတ်သွားမည် မဟုတ်ချေ။ သူက ငကြောက်ဟု အခေါ်မခံချင်ပေ။ စစ်မြေပြင်မှာ သေခြင်းရှင်ခြင်းနှင့် ပျက်စီးခြင်းသာလျှင် ရှိသည်။ သို့သော်လည်း သူမကြောက်ပေ။ သူ့မှာ ယောင်္ကျားနှလုံးသား ရှိ၏။

သူက ကြယ်တာရာလျှောက်လမ်းပေါ်သို့ တစ်လှမ်းချင်း လျှောက်သွားသည်။ သူ၏ ခြေလှမ်းများက မြဲမြံသည်။ သူ့နှလုံးသားထဲမှာ အကြောက်တရား မရှိပေ။ သူက သူ့အရှေ့မှ လက်ရှစ်ဖက် နတ်ဆိုးနတ်ဘုရားကို စိုက်ကြည့်လိုက်သည်။ လက်ရှစ်ဖက် နတ်ဆိုးနတ်ဘုရားသည် ပေတစ်ထောင်ရှည်လျားပြီး သူ၏ လက်တစ်ဖက်စီမှာ မတူညီသော လက်နက်တစ်ခုစီကို ကိုင်ဆောင်ထားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ အမွှေးအမျှင်များက သံမဏိအပ်များသဖွယ် ထောင်မတ်နေသည်။ သူက မျက်လုံးထဲမှာ တခြားလူ၏ ဝိညာဉ်ကို ပျက်စီးစေနိုင်သော ဒေါသအကြည့် ရှိသည်။ ယင်းက အလွန်ကြောက်စရာကောင်းသည်။

“ သေစမ်း ”

သို့သော်လည်း စက်ကရာက မကြောက်ပေ။ ကျားဝိညာဉ်ဓားမော့သည် ပေရာပေါင်းများစွာ ရှည်လျားသွားသည်။ ပယင်းရောင်နတ်ဘုရားအလင်းက ဓားမော့၏ ဘေးနားတစ်ဝိုက်မျာ လှည့်ပတ်နေသည်။ ဓားမော့၏ ထက်ရှမှုက ပေတစ်ထောင်အထိ ပျံ့ပွားသွားသည်။

သူက လက်ရှစ်ဖက် နတ်ဆိုးနတ်ဘုရားကို ခေါင်းဖြတ်ရန် ဓားမော့ကို လွှဲယမ်းလိုက်သည်။ လက်ရှစ်ဖက် နတ်ဆိုးနတ်ဘုရား၏ လက်နက်ရှစ်မျိုးက သူ့အပေါ်သို့ ကျဆင်းလာနေသော်လည်း ယင်းတို့ကို သူလျစ်လျူရှုထားသည်။

ဓားတစ်ချက်… ။

နတ်ဆိုးနတ်ဘုရားနှင့် ရင်ဆိုင်ရသည့်အခါ သူ့မှာ ဓားမော့လွှဲချက် ထုတ်လွှတ်ရန် တစ်ကြိမ်သာ အခွင့်အရေးရှိကြောင်း သိသည်။ ထို့ကြောင့် သူက ကိုယ့်ကိုယ်ကိုယ် မကာကွယ်ဘဲ ရန်သူ၏ ဦးခေါင်းကို ဖြတ်ရန် ကြိုးစားလိုက်သည်။ သို့မှသာ သူက သေဆုံးသွားလျှင်ပင် နောင်တရလိမ့်မည် မဟုတ်ချေ။

သူ၏ ဓားမော့လွှဲချက်သည် ပင်လယ်နှင့် တောင်တန်းကို ဖြတ်တောက်ပစ်နိုင်စွမ်း ရှိသည်။ ယင်းက မိုးကောင်းကင်ကိုပင် ပိုင်းဖြတ်နိုင်သည်။ ထိုဓားမော့လွှဲချက်ထဲမှာ သူ၏ စွမ်းအင်အနှစ်သာရ၊ စိတ်ဝိညာဉ်နှင့် သွေးချီအားလုံး ပါဝင်နေသည်။

“ ဝုန်း ”

အထွတ်အထိပ် ဓားမော့လွှဲချက်က လျှပ်တစ်ပြက်အတွင်း ထွက်ပေါ်လာသည်။ ထိုဓားမော့လွှဲချက်ကြောင့် လက်ရှစ်ဖက် နတ်ဆိုးနတ်ဘုရားက ခေါင်းဖြတ်ခံလိုက်ရသည်။ သို့သော်လည်း ထိုမြင်ကွင်းကို သူမြင်လိုက်သည့်အခိုက် လက်ရှစ်ဖက် နတ်ဆိုးနတ်ဘုရား၏ လက်နက်များကြောင့် သူ့ခန္ဓာကိုယ်က အပိုင်းပိုင်းအစစ ကွဲထွက်သွားသည်။ သူ၏ အသွေးအသားက ကြယ်တာရာကောင်းကင်ပေါ်မှာ ပြန့်ကျဲသွားသည်။

“ စစ်မြေပြင်မှာ တိုက်ခိုက်ရင်း သေဆုံးသွားတဲ့အတွက် ငါနောင်တမရဘူး ”

သီရှီထျန်သည် သူ၏ မိစ္ဆာခန္ဓာကိုယ် မပေါက်ကွဲသွားမီ ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူ့စကားက မိုးခြိမ်းသံသဖွယ် ဟင်းလင်းပြင်ထဲမှာ ပဲ့တင်ထပ်သွားသည်။ သူက တည်ကြည်လေးနက်စွာ ပြောသည်။

“ သေခြင်းရှင်ခြင်းကို ငါမကြောက်ဘူး… ငါ့ရဲ့ သေဆုံးမှုက ထိုက်တန်တယ်ဆိုရင် သေရမှာ ငါမကြောက်ဘူး ”

လျှို့ဝှက်နယ်မြေ၏ ဒုတိယအလွှာဖြစ်သော ကောင်းကင်အလွှာတွင် ကျွန်းစုများက လေထဲမှာ လွင့်မျောနေကြသည်။ ကျွန်းစု၏ ဘေးပတ်ဝန်းကျင်တွင် တိမ်တိုက်များဖြင့် ပြည့်နှက်နေသည်။ တိမ်တိုက်များသည် ရံဖန်ရံခါ စုဝေးသွားပြီး ရံဖန်ရံခါ လွင့်ပြယ်သွားသည်။ တိမ်တိုက်များ စုဝေးသွားနေစဉ် ရုပ်ပုံအမျိုးမျိုး ထွက်ပေါ်လာသည်။ တချို့က ငှက်ပုံများဖြစ်ပြီး တချို့က သားရဲပုံများ ဖြစ်သည်။ ယင်းက တိမ်ပင်လယ် ဖြစ်သည်။

ကျွန်းစုများက တိမ်ပင်လယ်ထဲမှာ မားမားမတ်မတ် တည်ရှိနေကြသည်။ ထိုကျွန်းစုများပေါ်တွင် အံ့ဖွယ်ထူးခြားသော ရှေးဟောင်းဘုရားကျောင်းတစ်ခု ရှိသည်။ ဘုရားကျောင်းတစ်ခုစီ၏ အရှေ့တွင် စင်မြင့်တစ်ခု ရှိသည်။ ထိုစင်မြင့်ပေါ်တွင် ခရမ်းရောင်နတ်ဘုရားအလင်းတိုင်တစ်ခု ရှိသည်။ နတ်ဘုရားအလင်းတိုင်က အပေါ်သို့ တန်းတန်းမတ်မတ် ထိုးဖောက်နေသည်။

“ ငွေဆံရှည်… ငါတို့အဖိုးကြီးတွေကလွဲရင် ဘယ်သူက ပထမဆုံး ထွက်လာလိမ့်မယ်လို့ မင်းထင်လဲ… ငါ့အထင် မင်းရဲ့ တူမလေးက မဆိုးဘူး… သူက ကျောက်စိမ်းလို ချောမောလှပတယ်… သူ့ရဲ့ အသံက ကြည်လင်ပြီး သူ့ခန္ဓာကိုယ်က သိမ်မွေ့တယ်… သူမဖြတ်ကျော်နိုင်လောက်ဘူးလို့ ငါထင်တယ်… ဟဲ ဟဲ… ငါကူညီပေးပါရစေ… ငါ့ကို သူ့ဆရာအဖြစ် တင်မြှောက်ခိုင်းလိုက်ပါ… တစ်ရက်တည်းနဲ့ အဆတစ်ရာ သူတိုးတတ်သွားလိမ့်မယ်လို့ ငါအာမခံတယ် ”

စင်မြင့်ပေါ်တွင် ပုံရိပ်တချို့ စုဝေးနေကြသည်။ သူတို့အားလုံးက မိစ္ဆာအရှိန်အဝါကို မဖုံးကွယ်ဘဲ ထုတ်လွှတ်နေကြသည်။ ရှင်းလင်းစွာပင် သူတို့က မိစ္ဆာမျိုးနွယ်စု၏ အသန်မာဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ဤအခိုက်အတန့်တွင် စင်မြင့်ပေါ်မှာ ပုံရိပ်လေးခု ရှိနေသည်။

သူတို့ထဲမှ တစ်ယောက်က သွေးနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့မှာ အကျည်းတန်သော မျက်နှာရှိသည်။ သူ၏ မျက်လုံးထဲတွင် ရမ္မက်ခိုးဝေနေသည်။ သူက ရိုင်းစိုင်းကြမ်းကြုတ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ဤအခိုက်အတန့်မှာ သူက ငွေဆံရှည်၏ ဘေးတွင် မတ်တတ်ရပ်နေသည်။

“ ဟွန့် ”

ငွေဆံရှည်သည် ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး သွေးနီရောင်ဝတ်စုံနှင့်လူငယ်ကို မထူးမခြားနား စိုက်ကြည့်လိုက်သည်။ သူက လေသံမာမာဖြင့် ပြောသည်။

“ ရာဂနဂါး… ယုအာအပေါ် မင်း မကောင်းကြံစည်ရဲတယ်ဆိုရင် မင်းရဲ့ အိမ်မက်ထဲမှာ ဝက်တွေနဲ့ မင်းကို မိတ်လိုက်စေမယ်… အားပြတ်ပြီး သေတဲ့ အတွေ့အကြုံက ဘာလဲ မင်းသိစေရမယ် ”

“ ဟူး ”

သွေးနီရောင်ဝတ်စုံနှင့်လူငယ်က အေးစက်စက် လေကို ပင့်သက်ရှူလိုက်သည်။ သူ၏ မျက်နှာက တည်ကြည်သွားသည်။ သို့သော်လည်း ထိုအမူအရာက အချိန်အကြာကြီး မခံပေ။ သူက ပခုံးတွန့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောသည်။

“ ငွေဆံရှည်… မင်းအနိုင်ရပါတယ်… မင်းက ငါ့ကို အိမ်မက်ထဲမှာ ဝက်တွေနဲ့ မိတ်လိုက်စေချင်တယ်လား… ”

ထိုသို့သူပြောလိုက်သည့်အခိုက် သူ့တစ်ကိုယ်လုံး ကြက်သီးမွေးညင်းထသွားသည်။ သူက ငွေဆံရှည်အနားမှ အမြန်ထွက်သွားပြီး အကူအညီမဲ့စွာ ပြောသည်။

“ ထားလိုက်ပါတော့… မင်းက လိပ်ပြာတစ်ကောင်ပဲ… ငါ့လို မွန်မြတ်သန့်စင်တဲ့ မိစ္ဆာက မင်းနဲ့ ရန်ဖြစ်ဖို့ စိတ်မဝင်စားဘူး ”

“ တစ်ယောက်ယောက် ထွက်လာပြီ ”

ထိုအခိုက်အတန့်မှာ စင်မြင့်ပေါ်မှာ ရပ်နေသည့် အမျိုးသမီးတစ်ယောက်က ရုတ်တရက် ပြောသည်။ သူက လက်ထဲမှာ ကျောက်စိမ်းဝါးလုံးတစ်လုံးကို ကိုင်ထားသည်။ အကြောင်းအရင်းတချို့ကြောင့် သူ့မျက်နှာကို ရှင်းလင်းစွာ မမြင်နိုင်ပေ။

ချက်ချင်းဆိုသလိုပင် သူတို့လေးယောက်စလုံးက စင်မြင့်၏ အလယ်ကို ကြည့်လိုက်ကြသည်။

စင်မြင့်အလယ်တွင် ထူးဆန်းသော အစီအရင်တစ်ခုရှိသည်။ လျှို့ဝှက်ဆန်းကြယ်သော မှော်သင်္ကေတများက မျဉ်းကြောင်းများသဖွယ် အတူတူ တွဲစပ်နေကြသည်။ ယင်းတို့က အနက်ရောင်အလင်းတန်းကို ထုတ်လွှတ်နေသည်။

အစီအရင်သည် တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်တစ်ခု ဖြစ်ပုံပေါ်သည်။ သို့သော်လည်း အနီးကပ် သေချာကြည့်မည်ဆိုလျှင် ယင်းက အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး အကန့်အသတ်မဲ့သော ရှေးဟောင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။ ရှင်းလင်းစွာပင် ထိုအစီအရင် ဤနေရာမှာ တည်ရှိနေသည်က နှစ်ပေါင်းတစ်ရာ သို့မဟုတ် နှစ်ပေါင်းတစ်ထောင် ကြာမြင့်သွားဟန် ရ၏။

“ စိတ်ဝင်စားစရာပဲ… ငါမှတ်မိသလောက်ဆိုရင် အရင်မျိုးဆက်က မိစ္ဆာဘုရင်တွေထဲမှာ ငါတို့လေးယောက်ပဲ ကောင်းကင်လျှို့ဝှက်နယ်မြေထဲ ဝင်ရောက်လာခဲ့ကြတယ်… ကောင်းကင်ရနံ့မြေခွေးက သူလာမယ်လို့ အတိတ်တုန်းက ပြောခဲ့တယ်… ဒါပေမဲ့ အကြောင်းအရင်းတချို့ကြောင့် သူမထွက်ပေါ်လာခဲ့ဘူး… အဲ့ဒါ ကောင်းကင်ရနံ့မြေခွေးများ ဖြစ်နေမလား ”

သွေးနီရောင်ဝတ်စုံနှင့်လူငယ်သည် သူ့အရှေ့မှ မြင်ကွင်းကို ကြည့်၍ ခန့်မှန်းလိုက်သည်။

“ မဟုတ်ဘူး ”

ထိုအခိုက်အတန့်မှာ ရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားက ငြင်းဆန်လိုက်သည်။

“ ဒီကို ငါမလာခင် မြေခွေးလေးရဲ့ မြစိမ်းတောင်ကို ဖြတ်ကျော်ခဲ့တယ်… သူ့ဆီ ဝိုင်သောက်ဖို့ အလည်သွားရင်း ငါနဲ့အတူ လိုက်ခဲ့ဖို့ ဖိတ်ခေါ်ခဲ့တယ်… ဒါပေမဲ့ သူက ဒီတစ်ကြိမ် ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေမှာ မပါဝင်တော့ဘူးလို့ ငါ့ကို ပြောတယ်… သူ့ကြည့်ရတာ ဒဏ်ရာရထားပုံပဲ… ဒဏ်ရာက အတော်လေး ပြင်းထန်တယ် ”

“ ဘာပြောတယ်… အဲ့ဒါ ဘယ်လူသားကျင့်ကြံသူရဲ့ လက်ချက်လဲ ”

ယင်းကို ဝတ်စုံစိမ်း ဝတ်ဆင်ထားသော အမျိုးသမီး ကြားသောအခါ သူ့အကြည့်က သူ့လက်ထဲမှ ဝါးလုံးထံမှ ဖယ်ခွာသွားသည်။ အေးစက်စက်အလင်းက သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ရွှေရောင်ဝတ်စုံနှင့် အမျိုးသားကို ကြည့်လိုက်ပြီး ပြောသည်။

“ လူသားမျိုးနွယ်ရဲ့ သက်ကျားအိုကြီးတွေက ငါတို့မိစ္ဆာမျိုးနွယ်စုကို အမြစ်ဖြတ်သုတ်သင်ပစ်တော့မလို့လား… သူတို့က ငါတို့မဟာမိစ္ဆာဘုရင်ရှစ်ပါးကိုတောင် တိုက်ခိုက်လာပြီလား ”

သူ၏ လေသံထဲမှာ အစွန်းရောက်အေးစက်မှု ပါဝင်နေသည်။

ငွေဆံရှည်သည် သူ့လက်ထဲမှ ဝိုင်ဘူးသီးခြောက်ကို လှုပ်၍ ဝိုင်ကို သူ့ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။ သူက ဝိုင်သောက်ပြီးလျှင် မထူးမခြားနား ပြောသည်။

“ အဲ့ဒီသက်ကျားအိုကြီးတွေက ငါတို့ရှစ်ယောက်ကို ဖယ်ရှားချင်နေတာ ဟိုးအရင်ကတည်းကပဲ… ငါတို့မရှိတော့မှ သူတို့က မိစ္ဆာမျိုးနွယ်စုကို အမြစ်ဖြတ်သုတ်သင်ပစ်နိုင်မှာ… အဲ့ဒီနေ့ကို သူတို့စောင့်နေတာ တစ်နှစ် နှစ်နှစ် မဟုတ်ဘူး… ဒါက ထူးဆန်းတဲ့ကိစ္စ မဟုတ်ဘူး ”

“ ဟဲ ဟဲ… သူတို့က ငါသွေးနဂါးဘုရင်ကို ဖယ်ရှားချင်တယ်ဆိုရင် သူတို့မှာ အဲ့လိုလုပ်ဆောင်နိုင်တဲ့ စွမ်းရည်ရှိလား ကြည့်ကြတာပေါ့ ”

သွေးနီရောင်ဝတ်စုံနှင့်လူငယ်က အရုပ်ဆိုးစွာ ပြုံးလိုက်ပြီး ပြောသည်။ သူ၏ မျက်လုံးထဲမှာ ရမ္မက်အခိုးအငွေ့ ထွက်ပေါ်လာသည်။

“ လူသားမျိုးနွယ်ရဲ့ အမျိုးသမီးကျင့်ကြံသူတွေက နတ်သမီးလေးတွေလို လှတယ်လို့ ငါကြားဖူးတယ်… တကယ်လို့ သူတို့က ငါ့ကို ဒေါသထွက်စေမယ်ဆိုရင် ဂိုဏ်းတွေထဲ ငါဝင်ရောက်ပြီး အမျိုးသမီးကျင့်ကြံသူတွေအားလုံးကို ငါဖမ်းဆီးပစ်မယ်… ပြီးသွားရင် သူတို့ကို ငါ့ရဲ့ သွေးနဂါးရေကန်ဆီ ခေါ်သွားပြီး ကိုယ်လုံးတီးပွဲတော် ကျင်းပမယ် ”

“ ဟွန့်… ရာဂနဂါး… မင်း အနှေးနဲ့အမြန် အမျိုးသမီးတစ်ယောက်ကြောင့် သေလိမ့်မယ် ”

ရွှေရောင်ဝတ်စုံနှင့် အမျိုးသားက အထင်သေးရှုံ့ချစွာ ပြောသည်။

သူတို့စကားပြောနေစဉ် အစီအရင်က ရုတ်တရက် ထွန်းလင်းတောက်ပလာသည်။ နောက်အခိုက်အတန့်မှာ အလွန်သိပ်သည်းသော အနက်ရောင်အလင်းက ပေါ်လျှိုးလာပြီး အစီအရင်ကို ဖုံးလွှမ်းသွားသည်။

All Chapters