← Chapters

အခန်း ၃၆၆

Vol. 25 Ch. 366

အခန်း ၃၆၆

Vol. 25 Ch. 366

အခန်း(၃၆၆)

“ တောင်ပိုင်းမြေရိုင်းဒေသက မိစ္ဆာ… မင်းကများ ငါ့ရဲ့ ချစ်တပည့်မကို သတ်ရဲတယ်… ငါ့ရဲ့ သားရဲတစ်သောင်းဂိုဏ်းမှာ ဘယ်သူမှ မရှိဘူးလို့ ထင်နေတာလား… ကောင်းကင်ဘုံက ငါ့ရဲ့ ချစ်တပည့်မအတွက် ဒီနေ့ တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာအားလုံးကို ငါဖမ်းဆီးမယ် ”

ယန်ရွှမ်းသည် လှေဦးပိုင်းတွင် မောက်မာထောင်လွှားစွာ ရပ်နေသည်။ ဝိညာဉ်စွမ်းအား၏ အားဖြည့်ပေးမှုအောက်မှာ သူ့စကားသံက တောင်ပိုင်းမြေရိုင်းဒေသ၏ ကောင်းကင်ယံမှာ ပဲ့တင်ထပ်သွားသည်။ တစ်ချိန်တည်းမှာ သူ့ခန္ဓာကိုယ်က လှုပ်ခါသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံခြင်းစွမ်းအားက အရပ်မျက်နှာအသီးသီးဆီသို့ ဒီရေသဖွယ် ပျံ့နှံ့သွားသည်။

ထို့ပြင် အလွန်ပြင်းထန်သော ဖိအားက တောင်ပိုင်းမြေရိုင်းဒေသထဲမှ သက်ရှိများအပေါ်သို့ ဖိချလိုက်သည်။ ဤသည်မှာ ဧရာမတောင်ကြီးတစ်တောင်က သူတို့အပေါ်သို့ ပိကျလာသည့်အလားပင်။

တောင်တန်းဒေသထဲမှ သာမန်တိရိစ္ဆာန်များနှင့် ငှက်များသည် နေရာမှာ ပြားပြားဝပ်သွားကြသည်။ သူတို့က မလှုပ်ရှားနိုင်ကြတော့ဘဲ ငြိမ်သက်သွားကြသည်။

“ ဘာမှမဟုတ်တဲ့ သားရဲတစ်သောင်းဂိုဏ်းကများ ငါ့ရဲ့ တောင်တန်းဒေသကို စိန်ခေါ်ရဲတယ်လား… နင်က အသက်ရှင်ရတာ ငြီးငွေ့နေပြီလား ”

ထိုအခိုက်အတန့်မှာ တောင်ပိုင်းမြေရိုင်းဒေသထဲတွင် သိမ်မွေ့နူးညံ့သော အသံတစ်သံ ထွက်ပေါ်လာသည်။ နောက်အခိုက်အတန့်မှာ အံ့ဖွယ်ကောင်းသော အရှိန်အဝါတစ်မျိုးက တောင်ပိုင်းမြေရိုင်းဒေသထဲမှ ထွက်ပေါ်လာသည်။ ထိုအရှိန်အဝါသည် ယန်ရွှမ်းကဲ့သို့ လွှမ်းမိုးဖိနှိပ်မှု မရှိပေ။ သို့သော်လည်း ယင်းထဲမှာ အဆုံးမဲ့သော သဘာဝတရားက ကိန်းအောင်းနေသည်။

ဤသည်မှာ လေထဲ၌ ပန်းပေါင်းတစ်ရာ တစ်ပြိုင်နက် ပွင့်သွားသည့်အလားပင်။ သန့်ရှင်းလတ်ဆတ်သော အသက်ဓာတ်အရှိန်အဝါက ထွက်ပေါ်လာပြီး လွှမ်းမိုးဖိနှိပ်သော အရှိန်အဝါကို တွန်းလှန်လိုက်သည်။ မတူညီသော အရှိန်အဝါနှစ်ခုက လေထဲမှာ တွေ့ဆုံသွားသည်။ ထိုအခါ မျက်စိဖြင့်မမြင်နိုင်သော သဏ္ဍာန်မဲ့အားလှိုင်းများက တောင်ပိုင်းမြေရိုင်းဒေသ၏ ကောင်းကင်ယံမှာ ထွက်ပေါ်လာပြီး မြူခိုးနှင့် တိမ်တိုက်များကို ပရမ်းပတာ လှုပ်ယမ်းသွားစေသည်။

တောင်ပိုင်းမြေရိုင်းဒေသ၏ ကုန်းမြေသည်ပင် အကြီးအကျယ် လှုပ်ယမ်းသွားသည်။ အသံသည် မိုးခြိမ်းသံတမျှ ကျယ်လောင်သည်။

“ အယုတ်တမာ လူသားကျင့်ကြံသူတွေ… မင်းတို့က ငါ့ရဲ့ တောင်ပိုင်းမြေရိုင်းဒေသဆီ ရောက်လာရဲတယ်လား… ငါကင်းကောင်က မင်းတို့ကို ပြန်လမ်းမဲ့အောင် လုပ်ပေးမယ် ”

ယန်ရွှမ်း၏ အရှိန်အဝါထုတ်လွှတ်မှုအောက်မှာ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာအရှိန်အဝါများက တောင်ပိုင်းမြေရိုင်းဒေသ၏ အရပ်မျက်နှာအသီးသီးမှာ မီးခိုးငွေ့များသဖွယ် မြှောက်တတ်လာသည်။ အော်သံများနှင့် ဟိန်းသံများက ကျယ်ကျယ်လောင်လောင် ပဲ့တင်ထပ်သွားသည်။ အနက်ရောင်မျောက်ဝံဘုရင်၊ သရဖူနီကြိုးကြာဘုရင်၊ ရွှေခြင်္သေ့ဘုရင်နှင့် မရဏကျီးကန်းဘုရင်သည် မိစ္ဆာသားရဲဘုရင်များ ဖြစ်ကြသည်။ သူတို့က တောင်ပိုင်းမြေရိုင်းဒေသထဲ၌ ကိုယ်ပိုင်နယ်မြေကို အုပ်စိုးထားသော မိစ္ဆာအရှင်သခင်များ ဖြစ်ကြသည်။ ထို့ပြင် မိစ္ဆာမျိုးနွယ်စုနှင့် လူသားမျိုးနွယ်စုသည် ဟိုးယခင်ကတည်းက မဟာရန်သူများ ဖြစ်ကြသည်။ ထို့ကြောင့် မိစ္ဆာများသည် လူသားများအပေါ် ဖော်ဖော်ရွေရွေ ဆက်ဆံကြလိမ့်မည် မဟုတ်ချေ။ ဤအခိုက်အတန့်မှာ သူတို့က ဒေါသတကြီး ဟိန်းဟောက်လိုက်ကြသည်။

“ ဟွန့်… မင်းတို့က လေနဲ့ စကားပြောနေတာပဲ… ငါတို့ကြားက ကျင့်ကြံခြင်းစွမ်းအားကွာခြားမှုက သေးသေးလေး မဟုတ်ဘူး… တပည့်တို့… တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာတွေကို ပညာပေးဖို့ ငါ့နောက်ကနေ လိုက်ခဲ့ကြ ”

အစောနက ယန်ရွှမ်းသည် သူ၏ အရှိန်အဝါကို ထုတ်လွှတ်၍ တောင်ပိုင်းမြေရိုင်းဒေသ၏ အင်အားကို အပေါ်ယံအကဲဖြတ်လိုက်သည်။ တောင်ပိုင်းမြေရိုင်းဒေသထဲတွင် သူ့အား ခြိမ်းခြောက်နိုင်သူက ပထမဆုံး ထွက်ပေါ်လာသော အရှိန်အဝါ၏ ပိုင်ရှင် ဖြစ်သည်။

ထိုအရှိန်အဝါ၏ စွမ်းအားသည် သူ့ထက် မလျော့ပေ။ ရှင်းလင်းစွာပင် ထိုအရှိန်အဝါ၏ ပိုင်ရှင်က မိစ္ဆာဘုရင်တစ်ပါး ဖြစ်ရမည်။

သူက နှစ်ခါစဉ်းစားမနေဘဲ တပည့်အုပ်စုတစ်စုကို ခေါ်ဆောင်၍ တိမ်လှိုင်းလှေပေါ်မှ ခုန်ဆင်းလိုက်သည်။ ထို့နောက် သူက တောင်ပိုင်းမြေရိုင်းဒေသ၏ အလယ်ဗဟိုဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားသည်။

ထိုအခိုက်အတန့်မှာ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲ၌ မိစ္ဆာအားလုံးက အငြိမ်မနေဘဲ လှုပ်ရှားနေကြသည်။

မိစ္ဆာအသင်္ချေချိုင့်ဝှမ်းသည် မည်သူမှ သတိမထားမိခင်မှာ အရှိန်အဟုန်ဖြင့် အင်အားကြီးမားလာသည်။ ယခု ချိုင့်ဝှမ်းထဲတွင် ဝိညာဉ်အသိဉာဏ်နိုးထပြီးသော ဝိညာဉ်သားရဲများက အရေအတွက်ခြောက်ထောင်ကျော်သွားပြီ ဖြစ်၏။ ဤအခိုက်အတန့်မှာ ၎င်းတို့အားလုံးက ချိုင့်ဝှမ်းထဲမှ မြက်ခင်းပြင်ထဲမှာ စုဝေးနေကြသည်။ သူတို့၏ ခေါင်းဆောင်များသည် မိစ္ဆာသားရဲများဖြစ်သော ချီဟောင်၊ ပိုင်ယွဲ့နှင့် တခြားလူများ ဖြစ်ကြသည်။

ချီဟောင်၊ ပိုင်ယွဲ့နှင့် တခြားလူများသည် နယ်မြေလွတ်တစ်ခုမှာ စုဝေးလိုက်ကြပြီး အချင်းချင်း တိုင်ပင်ဆွေးနွေးလိုက်ကြသည်။

ချီဟောင်က သူ၏ ညီအကိုများကို ဝေ့ဝိုက်ကြည့်လိုက်ပြီး လေးနက်စွာ ပြောသည်။

“ အစောနက ကျင့်ကြံသူရဲ့ အော်သံကို မင်းတို့ကြားကြတယ်မလား… ငါတို့ရဲ့ အရှင်မင်းကြီး ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေဆီ ခရီးထွက်သွားတဲ့ အချိန်မှ ရွံမုန်းစရာကောင်းတဲ့ အဲ့ဒီကျင့်ကြံသူတွေက တောင်ပိုင်းမြေရိုင်းဒေသကို ရှောင်တခင် ဝင်တိုက်ခိုက်လာကြတယ်… အားလုံးပဲ… အရှင်မင်းကြီး မထွက်သွားခင် ငါတို့ကို မှာကြားခဲ့တာတွေကို မှတ်မိသေးကြတယ်မလား ”

“ ကျုပ်ယင်းခုန်းက အရှင်မင်းကြီးရဲ့ စကားကို ဘယ်တော့မှ မမေ့ရဲပါဘူး ”

ယင်းခုန်း၏ မျက်လုံးထဲမှာ ထွန်းလင်းတောက်ပသော အလင်းရောင် ထွက်ပေါ်လာသည်။ စိတ်ဓာတ်ပြတ်သားမှုက သူ၏ အကြည့်ထဲမှာ ပေါ်လွင်နေသည်။

“ ဟုတ်တယ်… အရှင်မင်းကြီးက အမြော်အမြင်ရှိတယ်… ကျင့်ကြံသူတွေ တောင်ပိုင်းမြေရိုင်းဒေသကို လာတိုက်ခိုက်လိမ့်မယ်ဆိုတာ ကြိုမြင်နိုင်တယ်… ဒါကြောင့် အရှင်မင်းကြီးက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့တယ်… အခုက ငါတို့တွေ အရှင်မင်းကြီးအတွက် အကျိုးပြုပေးရမယ့်အချိန်ပဲ ”

ပိုင်စုစု၏ မျက်လုံးထဲမှာ ချီးကျူးလေးစားသော အကြည့်ရှိသည်။ သူက သိမ်မွေ့ညင်သာသော အသံဖြင့် ပြောသည်။

“ ကောင်းပြီ… လူစုခွဲပြီးတော့ လှုပ်ရှားကြမယ်… ယင်းခုန်း… မင်းက ငါတို့ထဲမှာ အမြန်ဆုံးပဲ… မင်းက ပန်းမျိုးတစ်ရာချိုင့်ဝှမ်းဆီ ပျံသန်းသွားပြီး အရှင်မချန်းရှီကို အရှင်မင်းကြီး မှာကြားခဲ့တဲ့အတိုင်း ပြောပါ ”

ယခု မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲမှာ သီရှီထျန် မရှိနေပေ။ ထို့ကြောင့် ချိုင့်ဝှမ်းထဲမှာ အာဏာအရှိဆုံးက ချီဟောင် ဖြစ်သည်။ သူက သီရှီထျန်မရှိသည့်အခိုက် ကိစ္စအရပ်ရပ်ကို တာဝန်ယူဖြေရှင်းရသည်။ ဤအခိုက်အတန့်မှာ သူက တခြားမိစ္ဆာသားရဲများကို တစ်ခုပြီးတစ်ခု အမိန့်ပေးလိုက်သည်။

“ ကျီး ”

ယင်းခုန်းသည် လုံးဝ တုံ့ဆိုင်းမနေပေ။ သူက အတောင်ပံတဖျပ်ဖျပ်ခတ်၍ ကောင်းကင်ပေါ် ပျံသန်းသွားသည်။ သူက ကျယ်လောင်စွာ အော်မြည်လိုက်ပြီး ပန်းမျိုးတစ်ရာချိုင့်ဝှမ်းဆီသို့ မြန်ဆန်စွာ ပျံသန်းသွားသည်။

ဤအခိုက်အတန့်မှာ တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံး အုန်းအုန်းကျက်ကျက် ဖြစ်သွားသည်။

တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာမျိုးနွယ်စုသည် ထိုသို့နေ့ အနှေးနှင့်အမြန် ရောက်လာလိမ့်မည်ဟု ကြိုခန့်မှန်းထားသော်လည်း ယနေ့ ရောက်လာသူက သားရဲတစ်သောင်းဂိုဏ်း ဖြစ်သည်။ သူတို့က ကျင့်ကြံသူတစ်ထောင်ကျော်ကို စေလွှတ်လိုက်သည်။ သူတို့ထဲမှာ ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ပင် မပါဝင်ပေ။ သူတို့ထဲမှာ ယန်ရွှမ်းသည် ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူ ဖြစ်သည်။ ထိုသို့အင်အားစုက အလွန်အစွမ်းထက်သည်။

ယင်းက တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးကို မြေလှန်ပစ်နိုင်ရန် လုံလောက်၏။

ထိုသို့အခြေအနေမျိုးကြောင့် တောင်ပိုင်းမြေရိုင်းဒေသက သေခြင်းရှင်ခြင်းအခြေအနေသို့ ချက်ချင်း ကျရောက်သွားသည်။

သို့သော်လည်း မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ ခေါင်းဆောင်ဖြစ်သော သီရှီထျန်က တောင်ပိုင်းမြေရိုင်းဒေသနှင့် အလွန်ဝေးကွာရာနေရာသို့ ရောက်နေသည်။

တောင်ပိုင်းမြေရိုင်းဒေသက သေခြင်းရှင်ခြင်းအခြေအနေဖြင့် ရင်ဆိုင်နေရကြောင်း သူမသိပေ။ အကယ်၍ သူသိခဲ့လျှင်ပင် တောင်ပိုင်းမြေရိုင်းဒေသဆီသို့ အချိန်တိုလေးအတွင်း ပြန်သွားနိုင်လိမ့်မည် မဟုတ်ချေ။

ဤအခိုက်အတန့်မှာ စက်ကရာသည် ခရမ်းရောင်နတ်ဘုရားအလင်းတိုင်ထဲသို့ ဝင်ရောက်သွားသည်။ အလင်းတိုင်ထဲသို့ ဝင်ရောက်သွားသော်လည်း သူ၏ ခန္ဓာကိုယ်က ဘာမှမပြောင်းလဲသွားပေ။ သူ၏ အရှိန်အဝါသည်လည်း မူလအတိုင်း ဆက်ရှိနေသည်။ သို့သော်လည်း သူ၏ အရှေ့မှ မြင်ကွင်းသည်တော့ ရုတ်တရက် ပြောင်းလဲသွားသည်။ ယခု သူရှိနေသော နေရာသည် ယခင်ကနှင့် လုံးဝ ခြားနားသွားသည်။

“ ရှီး ”

စက်ကရာ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အေးစက်စက် လေက ဝိုင်းရံလိုက်သည်။ အရိုးခိုက်ခိုက်တုန်စေမည့် အအေးဓာတ်က သူ၏ မိစ္ဆာခန္ဓာကိုယ်ကိုပင် ဂရုမစိုက်ဘဲ သူ၏ မွေးညင်းပေါက်တစ်သိန်းရှစ်ထောင်ထဲသို့ လျှို့ဝှက်ဆန်းကြယ်စွာ ဝင်ရောက်သွားသည်။ ထို့ကြောင့် သူက လေအေးကို ရှူသွင်းမိသွားသည်။

လေအေးက သူ၏ လည်ချောင်းထဲသို့ ဝင်ရောက်သွားသည့်အခါ အလွန်အားကောင်းသော အအေးဓာတ်ကြောင့် သူ့ခန္ဓာကိုယ်ထဲမှ သွေးသည်ပင် အေးခဲသွားတော့မည့်ဟန် ရ၏။

“ ဟူး ”

သူက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ မူလက ပူနွေးသော လေသည် သူရှူသွင်းလိုက်သည့်အခါ သူ့မျက်စိအရှေ့မှာတင် ရေခဲသလင်းကျောက်များအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ရေခဲသလင်းကျောက်များက အောက်သို့ ပြုတ်ကျသွားပြီး တစ်စစီ အက်ကွဲသွားသည်။

“ အဲ့ဒါ ဘယ်လိုလေအေးလဲ… ငါ့ရဲ့ မိစ္ဆာခန္ဓာကိုယ်က အရမ်းသန်မာတယ်… ဓမ္မလက်နက်တွေ၊ ဓားပျံတွေတောင် ငါ့ကို ထိခိုက်နာကျင်အောင် မလုပ်နိုင်ဘူး… ဒါပေမဲ့ ဒီလေအေးကေ ငါ့ကို အရိုးခိုက်ခိုက်တုန်အောင် ချမ်းအေးစေတယ်… ငါ့သွေးတောင် အေးခဲသွားတော့မယ်… ဒီလောက်ကြောက်စရာကောင်းတဲ့ လေအေးက ဘယ်ကနေ ရောက်လာတာလဲ ”

သီရှီထျန်၏ အမူအရာက ပြောင်းလဲသွားသည်။ တစ်ခုသိထားရမည်မှာ သူ၏ လက်ရှိခွန်အားအရ မိစ္ဆာချီမပါလျှင်ပင် သူ၏ ခန္ဓာကိုယ်က အအေးဒဏ်နှင့် အပူဒဏ်ကို အလိုအလျောက် ခုခံတားဆီးနိုင်ပေသည်။

သို့သော်လည်း ထိုလေအေးသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း သူ၏ ခန္ဓာကိုယ်ထဲသို့ အတင်းအဓမ္မ တိုးဝင်လာသည်။ လေအေးကို ခုခံတားဆီးရန် နည်းလမ်းမရှိပေ။ ယင်းက အလွန်ကြောက်စရာကောင်းသည်။

ဖြစ်နိုင်သည်မှာ ကောင်းကင်ဘုံကိုးခုပေါ်မှ နဝမယင်လေအေးသည် ဤသို့ဖြစ်နိုင်လောက်၏။

ထိုသို့လေအေးနှင့် ရင်ဆိုင်ရသောအခါ သီရှီထျန်က သူ၏ မိစ္ဆာချီကို စတင်လှည့်ပတ်လိုက်သည်။ သို့မှသာ မိစ္ဆာချီက သူ၏ ခန္ဓာကိုယ်ထဲမှ မရီဒျန်များထဲမှာ စီးဆင်းသွားပြီး အအေးဓာတ်ကို တွန်းလှန်ပေးလိမ့်မည်။ ထိုအခါမှသာ သူက ဘေးပတ်ဝန်းကျင်ကို စူးစမ်းလေ့လာရန် အာရုံစိုက်နိုင်သွားလိမ့်မည်။

သူက ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်လေရာ မျက်မှောင်ကြုတ်သွားသည်။

သူမြင်လိုက်ရသည်မှာ အလွန်ကျယ်ပြောသော အဖြူရောင်နှင်းလွင်ပြင် ဖြစ်သည်။ သူ၏ ဦးခေါင်းထက်တွင် အဆုံးမဲ့သော နှင်းပွင့်များ မရပ်မစဲ ကျဆင်းနေသည်။

သူ့ခြေဖဝါးအောက်တွင် ထူထဲသော ရေခဲအလွှာ ရှိသည်။ ရေခဲအလွှာသည် အဖြူရောင်ဖြစ်ပြီး နှစ်လက်မ သို့မဟုတ် သုံးလက်မခန့် ထူထဲသည်။

နှင်းပွင့်များနှင့်အတူ လေကြမ်းက လိုက်ပါလာသည်။ လေက သူ့ကို မနားမနေ တိုက်ခတ်နေသည်။

“ ဒါဘယ်နေရာလဲ… ထူးဆန်းလိုက်တာ… ငါတစ်ခုခုကို မှတ်မိသင့်တယ်… ငါတစ်စုံတစ်ခုကို မေ့သွားတယ်လို့ ဘာလို့ ခံစားရတာလဲ ”

သီရှီထျန်သည် အကန့်အသတ်မဲ့ ကျယ်ပြောသော နှင်းလွင်ပြင်ကို ကြည့်လိုက်သည်။ ယင်းက နှင်းဖြင့် ပြည့်နှက်နေသော ကမ္ဘာတစ်ခု ဖြစ်ပုံပေါ်သည်။ မည်သည့်နေရာကို သူရောက်နေကြောင်း စဉ်းစားလိုက်သည့်အခါ သူ့ဦးခေါင်းက ဆစ်ခနဲ နာကျင်လာသည်။ ထိုနာကျင်မှုက သူ့နှလုံးသားထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

သူက လက်သီးဆုပ်လိုက်ပြီး သူ့ဦးခေါင်းကို အကြမ်းပတမ်း ထုရိုက်လိုက်သည်။ သူက ကိုယ့်ဘာသာ တီးတိုးရေရွတ်လိုက်သည်။

ထိုစဉ် တစ်စုံတစ်ခုကို သူနားလည်သွားဟန် ရ၏။

“ အခု ငါမှတ်မိသွားပြီ… မီးခိုးလှိုင်းကျွန်းစုပေါ်က ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲ ငါဝင်ရောက်ခဲ့တာပဲ… ပြီးတော့ ခရမ်းလျှပ်စီးမိုးကို ငါမြင်လိုက်တယ်… အဲ့ဒီနောက် ဒီကို ရုတ်တရက် ရောက်လာတယ် ”

သူက လေသံတိုးတိုးဖြင့် တီးတိုးရေရွတ်လိုက်သည်။ သူက မျက်မှောင်ကြုတ်လိုက်ပြီး စူးစမ်းလိုစွာ ပြောသည်။

“ ဒီနေရာက တကယ်ပဲ ဘာလဲ… စောစောကတင် ခရမ်းလျှပ်စီးမိုး ရွာနေတာကို ငါမြင်လိုက်တာပါ… အခု ဘယ်လိုလုပ်ပြီး ဒီနေရာကို ငါရောက်လာတာလဲ… ဒီဟာက ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေလား ”

သီရှီထျန်သည် နှလုံးသားရှာဖွေဘုရားကျောင်း၏ စမ်းသပ်မှုများနှင့် ရဲစွမ်းသတ္တိစမ်းသပ်မှုကို သူဖြတ်ကျော်နိုင်ခဲ့ကြောင်း သတိမေ့သွားဟန် ရ၏။ သူက ခရမ်းလျှပ်စီးမိုးအား မြင်တွေ့ခဲ့သည့် အချိန်ကိုသာ မှတ်မိတော့သည်။ ထိုနောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သော ကိစ္စများကို သူမမှတ်မိပေ။ ငွေဆံရှည်နှင့် လန်ဝူချင်းကို သူမမှတ်မိပေ။ နှလုံးသားရှာဖွေဘုရားကျောင်းနှင့် အမွေအနှစ်လျှောက်လမ်းကိုလည်း မမှတ်မိပေ။

ဤသည်မှာ သူက အမွေအနှစ်လျှောက်လမ်းနှင့်ပတ်သက်သော အရာအားလုံးကို မေ့သွားဟန် ရ၏။ သူ၏ အသိစိတ်က ထိုအပိုင်းတွင် ဗလာဖြစ်သွားသည်။

All Chapters