← Chapters

အခန်း ၃၇၁

Vol. 25 Ch. 371

အခန်း ၃၇၁

Vol. 25 Ch. 371

အခန်း(၃၇၁)

သို့သော်လည်း ဤအခိုက်အတန့်မှာ ပန်းပွင့်ပင်လယ်နှင့် ရင်ဆိုင်ရသောအခါ သူတို့က သမုဒ္ဒရာထဲမှ အထီးကျန်လှေငယ်လေးတစ်စင်းပမာ ခံစားမိသွားကြသည်။ သူတို့က အလွန်သေးနုတ်သည်ဟု ခံစားမိသွားကြသည်။

သံမဏိအတောင်ပံရှိခိုးကောင်သည် ၎င်း၏ အရှေ့မှ ပန်းပွင့်ပင်လယ်ထံမှ အန္တရာယ်အရှိန်အဝါကို ခံစားမိသွားသည်။ ၎င်းက အရှေ့ခြေထောက်နှစ်ချောင်းကို အဆက်မပြတ် ဝှေ့ယမ်းလိုက်ပြီး အကန့်အသတ်မဲ့သော ဓားချီကို ထုတ်လွှတ်လိုက်သည်။ အဆုံးမဲ့သော ဓားချီက အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားသည်။ ဓားချီက ဘေးပတ်ဝန်းကျင်မှ ပန်းပင်များနှင့် သစ်ပင်များပေါ်သို့ ကျဆင်းသွားသည့်အခါ အလွန်နက်ရှိုင်းသော ဓားအမှတ်အသားများ ကျန်ရစ်သွားသည်။

သို့သော်လည်း ဓားချီ၏ အဓိကပစ်မှတ်က ချန်းရှီ၏ အရှေ့မှ ပန်းပွင့်ပင်လယ် ဖြစ်သည်။ ဓားချီသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း လေကို ဖြတ်သန်းသွားသည်။ လေထုဆုတ်ဖြဲသံများ တရစပ် ထွက်ပေါ်လာသည်။ ဓားချီက ပန်းပွင့်ပင်လယ်၏ အရှေ့မှာ ထွက်ပေါ်လာသည်။

သို့သော်လည်း ထူးခြားဆန်းကြယ်သော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။

ဓားချီက ပန်းပွင့်ပင်လယ်ကို ပိုင်းဖြတ်လိုက်စဉ် လေကို ဖြတ်သန်းသွားဟန် ရ၏။ ပန်းပွင့်ပင်လယ်က ဘာမှမဖြစ်သွားပေ။ ဤသည်မှာ ပန်းပွင့်ပင်လယ်က ပုံရိပ်ယောင်တည်ရှိမှု ဖြစ်သည့်အလားပင်။ မျက်စိတစ်မှိတ်အတွင်းမှာ ပန်းပွင့်ပင်လယ်က ရှိခိုးကောင်၏ အရှေ့သို့ ရောက်ရှိသွားသည်။ မရေမတွက်နိုင်သော ပန်းပွင့်များက ရှိခိုးကောင်၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်သွားသည်။

ထူးဆန်းသည်မှာ ပန်းပွင့်များက ရှိခိုးကောင်၏ ခန္ဓာကိုယ်ကို မဖျက်ဆီးပစ်ပေ။ ယင်းအစား ပန်းပွင့်များသည် ရှိခိုးကောင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီးလျှင် ထူးဆန်းစွာ ပျောက်ကွယ်သွားသည်။ ဤသည်မှာ ပန်းပွင့်များက ရှိခိုးကောင်၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည့်အလားပင်။

“ ရှီး ”

သို့သော်လည်း ပန်းပွင့်များက ရှိခိုးကောင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့်ချက်ချင်း ၎င်း၏ သွေးနီရောင်မျက်လုံးထဲမှာ နာကျင်မှုနှင့် ကြောက်ရွံ့မှု ထွက်ပေါ်လာသည်။ ၎င်းက ပါးစပ်ဟလိုက်ပြီး စူးစူးရှရှ အော်ဟစ်လိုက်သည်။

“ စုန်းမ… အဲ့ဒါ ဘယ်လိုအောက်လမ်းအတတ်ပညာလဲ… အဲ့ဒါက ဝိညာဉ်စွမ်းအားနဲ့ ကျင့်ကြံခြင်းကို စားသုံးနိုင်တယ်လား ”

ယန်ရွှမ်းနှင့် သံမဏိအတောင်ပံရှိခိုးကောင်က စိတ်ချင်းဆက်သွယ်နေသည်။ ရှိခိုးကောင် စူးစူးရှရှ အော်ဟစ်လိုက်သည့်အချိန် ထိုပန်းပွင့်ပင်လယ်က မည်မျှကြောက်စရာကောင်းကြောင်း သူနားလည်သွားသည်။ ရှိခိုးကောင်၏ ခန္ဓာကိုယ်ထဲသို့ ပန်းပွင့်တစ်ပွင့် ဝင်ရောက်သွားသည့်အခါတိုင်း ၎င်းက ဖော်မပြနိုင်အောင် နာကျင်ခံစားသွားရသည်။ ထိုမျှသာ မဟုတ်ပေ။ ၎င်း၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားနှင့် ကျင့်ကြံခြင်းစွမ်းအားက မြန်ဆန်စွာ ပျောက်ဆုံးသွားနေသည်။ အမှန်မှာ ယင်းက မပျောက်ကွယ်သွားပေ။ ယင်းအစား ဝိညာဉ်စွမ်းအားက ပန်းပွင့်များ၏ စားသုံးခံလိုက်ရခြင်းသာ ဖြစ်သည်။

လျှပ်တစ်ပြက်အတွင်းမှာ ရိုင်းစိုင်းကြမ်းကြုတ်သော သံမဏိအတောင်ပံရှိခိုးကောင်က အခွံလွတ်တစ်ခု ဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်အားလုံးက အသက်ရှူချိန်အနည်းငယ်လေးအတွင်းမှာ စားသုံးခံလိုက်ရသည်။ ၎င်းက ပြန်လည်ကျင့်ကြံမည်ဆိုလျှင်ပင် အချိန်တိုလေးအတွင်း စွမ်းအားပြန်ဖြည့်တင်းနိုင်လိမ့်မည် မဟုတ်ချေ။

ယန်ရွှမ်း၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။

တောင်ပိုင်းမြေရိုင်းဒေသကဲ့သို့ အစွန်အဖျားနေရာမှာ မွေးဖွားလာသော မိစ္ဆာဘုရင်တစ်ပါးက ထိုမျှရင်ဆိုင်ရခက်ခဲမည်ဟု သူမမျှော်လင့်ထားပေ။ “ အသင်္ချေပုံရိပ်ယောင်ပန်းလက်ချောင်း ”က သူ့အား ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရန် အတင်းဖိအားပေးသည်။ ထို့နောက် ထူးဆန်းသော ပန်းပွင့်ပင်လယ်က သူ၏ ဝိညာဉ်အစောင့်အရှောက်သားရဲကို အနိုင်ယူလိုက်သည်။

အကယ်၍ ထိုပန်းပွင့်ပင်လယ်သာ သူ့အပေါ်သို့ ကျရောက်လာမည်ဆိုလျှင် သူ၏ ခန္ဓာကိုယ်ထဲမှ အသက်ဓာတ်နှင့် ဝိညာဉ်စွမ်းအားက လုံးဝ ကုန်ခမ်းသွားလိမ့်မည်။ ဝိညာဉ်စွမ်းအားမရှိတော့လျှင် သူက သေမျိုးလူသားတစ်ယောက်နှင့် မည်သို့ခြားနားတော့မည်နည်း။

ထူးဆန်းသော ပန်းပွင့်ပင်လယ်က ယန်ရွှမ်းကို တုန်လှုပ်ချောက်ချားစေသည်။ အကြောက်တရားက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

သို့သော်လည်း ယန်ရွှမ်းသည် ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ဦး ဖြစ်သည်။ နောက်အခိုက်အတန့်မှာ သူက မျက်လုံးဝင်းလက်သွားသည်။ သတိထားသော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

“ ကံကောင်းစွာပဲ ဆရာတူအကို ဂိုဏ်းချုပ်က ငါခရီးမထွက်ခင် မိစ္ဆာနှိမ်နင်းစေတီကို ငါ့ကို ထည့်ပေးလိုက်တယ်… မဟုတ်ရင် ဒီနေ့ ဒီနေရာမှာ ကပ်ဘေးတစ်ခုနဲ့ ငါကြုံတွေ့ရလိမ့်မယ် ”

ကောင်းကင်တစ်ခွင် ပြည့်နှက်နေသော ပန်းပွင့်ပင်လယ်ကို ကြည့်လိုက်သည့်အခါ အလင်းရောင်က သူ့မျက်လုံးထဲမှာ ထွန်းလင်းသွားသည်။ နောက်အခိုက်အတန့်မှာ ရွှေရောင်အလင်းတန်းတစ်ခုက သူ၏ လက်ဖဝါးပေါ်မှ ထွက်ပေါ်လာပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။ ရွှေရောင်အလင်းက အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားသည်။

ယင်းက နံနက်ခင်းတွင် နေထွက်ပေါ်လာခြင်းနှင့် ဆင်တူသည်။ ရွှေရောင်အလင်း ပျံ့နှံ့သွားသည့်နေရာတိုင်း နွေးထွေးမှု ထွက်ပေါ်လာသည်။ အလင်းရောင်က သိပ်အားကောင်းပုံမပေါ်ချေ။ သို့သော်လည်း ယင်းက အသင်္ချေပုံရိပ်ယောင်ပန်းလက်ချောင်းနှင့် ထူးဆန်းသော ပန်းပွင့်ပင်လယ်ကို တစ်ချိန်တည်း တားဆီးလိုက်နိုင်သည်။ ပန်းပွင့်များက အရေအတွက်မည်မျှများပြီး အားကောင်းပါစေ သိမ်မွေ့ညင်သာသော ရွှေရောင်အလင်းကို မထိုးဖောက်နိုင်ပေ။

ရွှေရောင်အလင်းအောက်မှာ ယန်ရွှမ်းက သူ၏ ဘယ်လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ သတိထားသော အမူအရာရှိသည်။ နောက်အခိုက်အတန့်မှာ ရိုးရှင်းပြီး သာမန်ဆန်သော အလွှာကိုးလွှာစေတီတစ်ဆူက သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။

စေတီသည် ရွှေရောင်ဖြစ်ပြီး စေတီ၏ မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော မှော်သင်္ကေတများက ရေစီးကြောင်းများသဖွယ် ရွေ့လျားနေသည်။ ထိုစေတီထဲမှာ အကန့်အသတ်မဲ့သောစွမ်းအား ကိန်းအောင်းနေဟန် ရ၏။

စေတီ၏ ထိပ်ဆုံးနေရာတွင် လျှို့ဝှက်ဆန်းကြယ်သော အဌဂံပုံစံ အဝါရောင်သလင်းကျောက်တစ်ခုရှိသည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက အဌဂံအဝါရောင်သလင်းကျောက်ထံမှ ရံဖန်ရံခါ ထွက်ပေါ်လာသည်။ အကယ်၍ တစ်စုံတစ်ယောက်က ထိုအဝါရောင်သလင်းကျောက်ကို ဂရုတစိုက် ကြည့်မည်ဆိုလျှင် မရေမတွက်နိုင်သော မိစ္ဆာပုံရိပ်များက သလင်းကျောက်ထဲမှာ မထင်မရှား ထွက်ပေါ်နေကြောင်း မြင်ရလိမ့်မည်။ မိစ္ဆာပုံရိပ်များသည် တစ်ခုနှင့်တစ်ခု မတူညီကြချေ။

“ မိစ္ဆာနှိမ်နင်းစေတီ… မွန်မြတ်သန့်စင်တဲ့ ရွှေရောင်အလင်းက ဒီလောကရဲ့ မကောင်းမှုအားလုံးကို တားဆီးပေးလိမ့်မယ် ”

ယန်ရွှမ်းသည် လျှို့ဝှက်ဆန်းကြယ်သော ချိပ်တံဆိပ်သင်္ကေတတစ်ခုကို အမြန်ဖွဲ့စည်းလိုက်သည်။ ချိပ်တံဆိပ်သင်္ကေတသည် ဖွဲ့စည်းသွားသည်နှင့်ချက်ချင်း စေတီထဲသို့ ဝင်ရောက်သွားသည်။ ချက်ချင်းဆိုသလိုပင် စေတီက အပြင်းအထန် တုန်ခါသွားသည်။

ထို့နောက် အကန့်အသတ်မဲ့သော ရွှေရောင်အလင်းက ပန်းပွင့်ပင်လယ်ပေါ်သို့ ဆင်းသက်သွားသည်။ ယင်းက ပန်းပွင့်ပင်လယ်ထဲမှ ပန်းပွင့်များကို ချက်ချင်း အရည်ပျော်သွားစေသည်။

“ သခင်မချန်းရှီ… ဘာမှမကြောက်နဲ့… ငါကင်းကောင် အကူအညီပေးဖို့ ရောက်လာပြီ ”

ထိုစဉ် မြေကြီးက အပြင်းအထန် တုန်ခါသွားသည်။ ဤသည်မှာ တောင်ပိုင်းမြေရိုင်းဒေသထဲ၌ ငလျင်လှုပ်ခတ်မှု ဖြစ်ပေါ်လာသည့်အလားပင်။ ကျယ်လောင်သော မြည်သံများက ဆက်တိုက် ထွက်ပေါ်လာသည်။ နောက်အခိုက်အတန့်မှာ ကင်းကောင်၏ ဧရာမခန္ဓာကိုယ်က ချိုင့်ဝှမ်းအပြင်ဘက်မှာ ထွက်ပေါ်လာသည်။ ကျင့်ကြံသူအများအပြားက ပန်းမျိုးတစ်ရာချိုင့်ဝှမ်းဆီသို့ ပျံသန်းသွားနေကြောင်း သူမြင်သောအခါ ဒေါသမီးဟုန်က သူ၏ မျက်လုံးထဲမှာ တောက်ပလာသည်။

သူက ကျယ်လောင်စွာ အော်လိုက်သည်။ အလွန်အားကောင်းသော မိစ္ဆာအရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။ သူက အလွန်ချွန်ထက်သော မျောက်ဝံလက်သည်းများဖြင့် ထိုကျင့်ကြံသူများပေါ်သို့ ရိုက်ချလိုက်သည်။

“ ဘန်း… ဘန်း… ဘန်း ”

အနက်ရောင်အလင်းက မျောက်ဝံလက်သည်းများပေါ်မှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။ နောက်အခိုက်အတန့်မှာ သူ၏ လက်သည်းများက ဗုဒ္ဓလက်ဝါးကဲ့သို့ အရွယ်အစားကြီးမားသွားသည်။ သူ၏ လက်သည်းအောက်တွင် လေက အကြွင်းမဲ့ သိပ်သည်းသွားသည်။

“ အား… ”

“ မလုပ်နဲ့… ”

အနက်ရောင်မျောက်ဝံဘုရင်၏ လက်သည်းရိုက်ချက်အောက်မှာ ကျယ်လောင်သော အော်ဟစ်သံများနှင့် ကူကယ်ရာမဲ့သော အော်သံများ ထွက်ပေါ်လာသည်။

“ ကျီး ”

ထိုစဉ် နားဝင်စူးရှသော အမင်္ဂလာအော်သံက အဝေးမှ ပျံ့လွင့်လာသည်။ မရဏကျီးကန်းဘုရင်သည် အရေအတွက်များပြားသော ကျီးကန်းများကို ဦးဆောင်လျက် ချိုင့်ဝှမ်းဆီသို့ အမြန်ချဉ်းကပ်လာနေသည်။

ဤအခိုက်အတန့်မှာ တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာသားရဲဘုရင်များသည် အရပ်မျက်နှာအသီးသီးထံမှ ထွက်ပေါ်လာကြပြီး ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲမှာ စုဝေးသွားကြသည်။ ဝိညာဉ်သားရဲများနှင့် သာမန်မိစ္ဆာသားရဲများသည်ပင် ပန်းမျိုးတစ်ရာချိုင့်ဝှမ်းဆီသို့ ဦးတည်သွားကြသည်။ အရေအတွက်များပြားသော မိစ္ဆာသားရဲများထံမှ အရှိန်အဝါက တစ်စုတစ်စည်းတည်း ပေါင်းစပ်သွားသည့်အခါ အရွယ်အစားကြီးမားသော မိစ္ဆာတိမ်တိုက်တစ်ခုက ချိုင့်ဝှမ်း၏ ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။

မိစ္ဆာသားရဲများ၏ ဟိန်းသံများနှင့် အော်သံများက တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးကို လှုပ်ခတ်သွားစေသည်။ ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲတွင် မိစ္ဆာမျိုးနွယ်စုနှင့် သားရဲတစ်သောင်းဂိုဏ်းက မျက်နှာချင်းဆိုင် ရပ်လိုက်ကြသည်။ ကမ္ဘာတုန်ဟီးစေမည့် တိုက်ပွဲက သူတို့၏ မျက်စိအရှေ့မှာ အစပျိုးရန် တာဆူနေသည်။ လူသားမျိုးနွယ်စုနှင့် မိစ္ဆာမျိုးနွယ်စုသည် ရှေးခေတ်ပြီးနောက် အဆက်မပြတ် တိုက်ခိုက်ခဲ့ကြသည်။ ယခုတစ်ခေါက်သည်လည်း ချွင်းချက်မဟုတ်ပေ။

… … …

“ ငါထပ်သေသွားတာလား ”

စင်မြင့်ပေါ်တွင် သီရှီထျန်သည် ယခင်တစ်ခေါက်ကဲ့သို့ အခြေအနေမျိုး ထပ်မံ တွေ့ကြုံသွားသည်။ သူက ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ပြီး သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။ သူက ခါးသီးစွာ ပြုံးလိုက်ပြီး ပြောသည်။

“ ဖတ်… ဖတ်… လွဲပါစေချော်ပါစေ… ငါဘာတွေလျှောက်ပြောနေတာလဲ… ငါတော့ ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲမိပြီ… ဒီအမွေအနှစ်လျှောက်လမ်းက သာမန်လူတွေ ဖြတ်ကျော်နိုင်တဲ့အရာ မဟုတ်ဘူး ”

သူက စင်မြင့်ပေါ်မှာ မတ်တတ်ရပ်နေရင်း သူ၏ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ စင်မြင့်ပေါ်တွင် နတ်ဘုရားအလင်းတိုင်လုံးနှစ်ခု ရှိသည်။ နတ်ဘုရားအလင်းတိုင်လုံးနှစ်ခုကြားမှာ ဧရာမကျောက်ပြားတစ်ချပ် ရှိသည်။ သူထွက်ပေါ်လာသည့်အခိုက် ဧရာမကျောက်ပြားက ခရမ်းရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။

သူ၏ စိတ်ထဲသို့ ခရမ်းရောင်အလင်းတန်း ဝင်ရောက်သွားသည့်အခါ ဖြစ်စဉ်အားလုံးကို ရုတ်တရက် သူနားလည်သွားသည်။

အစောနက သူတွေ့ကြုံခဲ့သော အဖြစ်အပျက်များက သူ၏ စိတ်ထဲမှာ တစ်ခုပြီးတစ်ခု ပြန်ပေါ်လာသည်။

“ အရင်ဆုံး ငါ့ရဲ့ မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းက ချိပ်ပိတ်ခံရမယ်… အဲ့ဒီနောက် အမွေအနှစ်လျှောက်လမ်းပေါ်က သေခြင်းရှင်ခြင်းချောက်ကမ်းပါးဆီ ပို့လွှတ်ခံရမယ်… တကယ်လို့ ငါသာ စိတ်ဓာတ်မပြတ်သားဘဲ ငါ့ရဲ့ ရွေးချယ်မှုအပေါ် နောင်တရခဲ့မယ်ဆိုရင် ဒီနေရာမှာ အခုလို ငါရပ်နေနိုင်မှာ မဟုတ်ဘူး ”

သီရှီထျန်က ဘေးဘီကို ကြည့်လိုက်လေရာ စင်မြင့်ပေါ်မှာ သူတစ်ယောက်တည်းရှိနေကြောင်း မြင်တွေ့သွားသည်။ ငွေဆံရှည်နှင့် တခြားလူများကို သူမမြင်တွေ့ပေ။ သူတို့က သူ့ထက်အရင် အပြင်ရောက်သွားခဲ့ခြင်းလော သို့မဟုတ် စမ်းသပ်မှုထဲမှာ ဆက်ရှိနေခြင်းလော သူမသိပေ။

အမှန်တိုင်းဝန်ခံရလျှင် သီရှီထျန်သည် အမွေအနှစ်လမ်းကြောင်းကို အနည်းငယ် ကြောက်ရွံ့မိသည်။ အမွေအနှစ်လမ်းကြောင်းပေါ်မှ စမ်းသပ်မှုတစ်ခုစီက အလွန်ခက်ခဲပြီး အန္တရာယ်များသည်။ စမ်းသပ်မှုတစ်ခုစီက သူ့အား သေခြင်းရှင်ခြင်းအခြေအနေဆီသို့ ခေါ်ဆောင်သွားသည်။ စမ်းသပ်မှုနှစ်ခုပြီးနောက် သူက နှစ်ကြိမ်သေဆုံးသွားခဲ့သည်။ ယင်းကို ကြည့်ခြင်းအားဖြင့် စမ်းသပ်မှုများက မည်မျှခက်ခဲကြောင်း သိနိုင်ပေသည်။

ယင်းက တစ်စုံတစ်ယောက်၏ ဆုံးဖြတ်ချက်နှင့် နှလုံးသားကို စမ်းသပ်စစ်ဆေးခြင်းဖြစ်သည်။ ထိုသို့နည်းလမ်းများကြောင့် သီရှီထျန်သည် ကောင်းကင်မိစ္ဆာကို တစ်ခါမှ မမြင်ဖူးသော်လည်း သူ့ကို ကြည်ညိုလေးစားသွားသည်။

စမ်းသပ်မှုကို ဖြတ်ကျော်နိုင်မှသာ သူက အသိပြန်ဝင်လာပြီး အစောနက သူကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များက စမ်းသပ်မှုတစ်ခုဖြစ်ကြောင်း သိသွားလိမ့်မည်။ အစောနက သူဖြတ်ကျော်ခဲ့သော ဒုတိယစမ်းသပ်မှုက တာဝန်သိတတ်မှုနှင့် သစ္စာရှိမှု ဖြစ်သည်။

အကယ်၍ တစ်စုံတစ်ယောက်မှာ တာဝန်ယူမှု၊ တာဝန်သိတတ်မှုမရှိလျှင် ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာနိုင်လိမ့်မည် မဟုတ်ချေ။

သစ္စာရှိမှုက သူ၏ လက်အောက်ငယ်သားများနှင့် အမျိုးအနွယ်အပေါ်မှာ ဖြစ်သည်။ ခေါင်းဆောင်ကောင်းသည် မိမိ၏ ကိုယ်ကျိုးထက် လက်အောက်ငယ်သားများ၏ အကျိုးကို အဓိကဦးစားပေးရမည်။

ကောင်းကင်မိစ္ဆာ၏ စမ်းသပ်မှုများက သာမန်မဟုတ်ပေ။ သူက မိစ္ဆာမျိုးနွယ်စုအတွက် စစ်မှန်သော ခေါင်းဆောင်ကောင်းတစ်ယောက်ကို ရှာဖွေနေခြင်း ဖြစ်သည်။

“ အမွေအနှစ်လျှောက်လမ်းပေါ်မှာ စုစုပေါင်း စမ်းသပ်မှုငါးခုရှိတယ်… အခု စမ်းသပ်မှုနှစ်ခုကို ငါဖြတ်ကျော်ပြီးပြီ… အရှေ့မှာ စမ်းသပ်မှုသုံးခု ကျန်နေဦးလိမ့်မယ်… နောက်ထပ် ဘယ်လိုစမ်းသပ်မှုတွေ စောင့်ကြိုနေမလဲ ငါမြင်ချင်လှပြီ ”

သီရှီထျန်၏ အမူအရာက တည်ကြည်လေးနက်နေသည်။ သူ၏ မျက်လုံးထဲမှာ တုံ့ဆိုင်းမှု လုံးဝ မရှိပေ။ သူက ဘေးဘီကို တစ်ချက်ကြည့်လိုက်ပြီး ဝိုင်နတ်ဘုရားဘူးသီးခြောက်ကို ထုတ်လိုက်သည်။ သူက မျောက်မင်းဝိုင်ကို အကြိမ်ရေအနည်းငယ် မော့သောက်လိုက်သည်။ သူ၏ အရှေ့တွင် နတ်ဘုရားအလင်းတိုင်လုံးနှစ်ခု ရှိသည်။

တစ်ခုက အနက်ရောင်ဖြစ်ပြီး အခြားတစ်ခုက ခရမ်းရောင်ဖြစ်သည်။ သူက အနက်ရောင်နတ်ဘုရားအလင်းတိုင်ကို တစ်ချက်ပင်မကြည့်ပေ။ သူက ခရမ်းရောင်နတ်ဘုရားအလင်းတိုင်ကိုသာ စူးစူးရဲရဲ စိုက်ကြည့်နေသည်။ သူက ဝိုင်သောက်ပြီးလျှင် အင်္ကျီလက်ကို ခါယမ်းလိုက်သည်။ ထို့နောက် သူက အပူပင်ကင်းမဲ့သော ပုံစံဖြင့် ခရမ်းရောင်နတ်ဘုရားအလင်းတိုင်ထဲသို့ ဝင်ရောက်သွားသည်။

All Chapters