← Chapters

အခန်း ၂၂၈

Vol. 23 Ch. 228

အခန်း ၂၂၈

Vol. 23 Ch. 228

အခန်း (၂၂၈) အစီအစဉ်

'ရှေ့ဆက်ပြီးတော့... ပြောင်းရွှေ့ဖို့ ကိစ္စတွေကို စဉ်းစားရတော့မယ်...'

ချန်မုက စိတ်ထဲတွင် တွေးလိုက်သည်။

ယခင်က သူ မြေအောက်ကမ္ဘာတွင် လှည့်လည်သွားလာခဲ့စဉ်က အခြားတိုက်ကြီးများမှ ဝိညာဉ်များကို အများအပြား တွေ့ခဲ့ဖူးပြီး ထိုဝိညာဉ်များ၏ စွဲလမ်းမှု ဇာစ်မြစ်များမှာလည်း အခြားသော တိုက်ကြီးများတွင် ရှိနေလေ့ရှိသည်။

သူ၏ နောက်သို့ လိုက်ပါလာသော တပည့်များ၊ အစေခံများမှာ အများစုက ထာဝရသခင်ကြီး အဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်သော်လည်း ရွှေရောင်အမြုတေအဆင့် ထာဝရသခင်ကြီး တစ်ပါးအတွက် တိုက်ကြီးများကို ဖြတ်ကျော် သွားလာရန်ဆိုသည်မှာ အတော်လေး အန္တရာယ်များသော ကိစ္စပင်ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် အဆုံးအစမရှိသော ပင်လယ်ပြင်ကြီးပေါ်တွင် ပြန့်ကျဲနေသော မိစ္ဆာမျိုးနွယ်စုများ စုဝေးနေတတ်သေးသည်။

ယခုအခါ သူသည် ကောင်းကင်နတ်မင်း တစ်ပါး ဖြစ်နေပြီဖြစ်ရာ စွဲလမ်းမှုများကို ဖြေရှင်းပေးရန်အတွက် ချန်ယောင်နှင့် အခြားသူများကို ခိုင်းစေခြင်းထက် ကိုယ်တိုင် လုပ်ဆောင်ခြင်းက ပိုမို မြန်ဆန်ပေမည်။ အဘယ်ကြောင့်ဆိုသော် ယခုအခါ သူသည် အတွေးတစ်ချက်ဖြင့်ပင် သူ၏ စိတ်ဆန္ဒများကို ရွှမ်လင်ကမ္ဘာ၏ မည်သည့် ထောင့်စွန်းသို့မဆို ပို့လွှတ်နိုင်ပြီ ဖြစ်သောကြောင့် ပင်ဖြစ်သည်။

ပြီးမြောက်နိုင်သော စွဲလမ်းမှုမှန်သမျှ မည်မျှပင် ဝေးကွာပါစေ သူ့အတွက် မျက်စိတစ်မှိတ်အတွင်း ပြီးမြောက်နိုင်သော ကိစ္စများသာ ဖြစ်သည်။

သို့သော်။

မြေအောက်ကမ္ဘာ အတွင်းရှိ ဝိညာဉ်များသည် ရွှမ်လင်ကမ္ဘာ၏ အရင်က နှစ်ပေါင်းများစွာ စုဆောင်းထားမှုများ ဖြစ်ပြီး တစ်နေ့နေ့တွင် အတိတ်က ဝိညာဉ်များ အားလုံးကို ဖြေရှင်းပြီးသွားမည် ဖြစ်ကာ ထိုအချိန်ကျပါက ဝိညာဉ်သစ်များက စွဲလမ်းမှုများကို သယ်ဆောင်ပြီး မြေအောက်ကမ္ဘာထဲသို့ ကျဆင်းလာမည့် အချိန်ကိုသာ စောင့်ဆိုင်းရတော့မည် ဖြစ်ရာ ထိုအချိန်တွင် ဝိညာဉ်မှတ်များ စုဆောင်းရသည့် အရှိန်မှာ များစွာ နှေးကွေးသွားမည် ဖြစ်သည်။

ထို့အပြင် မြေအောက်ကမ္ဘာမှာ အဆုံးအစမရှိ ကျယ်ပြန့်ပြီး ရွှမ်လင်ကမ္ဘာနှင့်သာ ဆက်သွယ်နေခြင်း မဟုတ်ဘဲ မကြာသေးမီက ချန်မုသည် ??? ဟု အမှတ်အသား ပြထားသော ဝိညာဉ်အချို့ကိုလည်း တွေ့ခဲ့ဖူးပြီး သူ၏ ခန့်မှန်းချက်အရ ထိုဝိညာဉ်များမှာ အခြားသော ကမ္ဘာများမှ လာခြင်း ဖြစ်နိုင်ပေသည်။

ထိုသို့သော အခြားကမ္ဘာများမှ ဝိညာဉ်များဆိုလျှင် အနည်းငယ် ပြဿနာ ရှိပေသည်။

ယခုအခါ သူသည် ကောင်းကင်နတ်မင်း ဖြစ်နေပြီဖြစ်ရာ အခြားကမ္ဘာများသို့ ဝင်ရောက်ပါက ပြင်းထန်သော တွန်းကန်မှုများကို ခံရမည် ဖြစ်သည်။

အလယ်အလတ်နှင့် အသေးစား ကမ္ဘာများဆိုလျှင် ပြဿနာ မရှိနိုင်ဘဲ ကောင်းကင်နတ်မင်းများ မမွေးဖွားနိုင်သဖြင့် ကမ္ဘာ၏ ဖိနှိပ်မှုကို ခံရလျှင်တောင်မှ သူသည် လွတ်လပ်စွာ လှုပ်ရှားနိုင်သေးသော်လည်း ရွှမ်လင်ကမ္ဘာကဲ့သို့သော ကြီးမားသည့် ကမ္ဘာများဆိုပါက လုံးဝ ကွဲပြားခြားနားသွားပြီ ဖြစ်သည်။ ထိုကမ္ဘာ၏ မူလ ကောင်းကင်နတ်မင်းများသည် ပြင်ပမှ ဝင်ရောက်လာသူများကို မည်သည့် အကြောင်းပြချက်ဖြင့်မဆို ဝင်ရောက်ခွင့်ပြုမည် မဟုတ်ချေ။

ထို့ကြောင့် ထိုသို့သော အခြေအနေမျိုးတွင် အသင့်တော်ဆုံး နည်းလမ်းမှာ လူအချို့၊ ဥပမာ လုရှစ်ယွင် တို့ကို ထိုကမ္ဘာ အတွင်းသို့ တိတ်တဆိတ် ပို့လွှတ်လိုက်ခြင်း ပင်ဖြစ်သည်။ သူတို့သည် ရွှေရောင်အမြုတေအဆင့်သာ ရှိသေးသဖြင့် အခြားကမ္ဘာများသို့ ဝင်ရောက်ပါက တွန်းကန်မှုများကို ခံရမည် မဟုတ်ချေ။

သို့သော်။

ရွှေရောင်အမြုတေအဆင့် ဆိုသည်မှာ အနည်းငယ် နိမ့်ကျနေသေးသည်။

ဤလောကတွင် ဆိုလျှင် လုံလောက်အောင် လုံခြုံမှု ရှိသော်လည်း အခြားကမ္ဘာများသို့ သွားရောက်မည်ဆိုပါက သူ၏ ကာကွယ်မှု မရှိဘဲ ပိုမို အန္တရာယ်များမည် ဖြစ်ရာ သူက လုရှစ်ယွင်နှင့် အခြားသူများကို မူလဝိညာဉ် ထာဝရနတ်မင်း အဆင့်သို့ တက်လှမ်းစေချင်ပေသည်။

ထိုသို့ ဖြစ်လာပါက ကြီးမားသည့် ကမ္ဘာများတွင် ဆိုလျှင်တောင်မှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိပြီး နေရာအနှံ့အပြားသို့ လှည့်လည်သွားလာနိုင်မည် ဖြစ်သည်။

ထျန်းရွှမ်တိုက်ကြီးမှာ အရမ်းကို ဝေးလံခေါင်ဖျားလွန်းလှသည်။

မူလဝိညာဉ် ထာဝရနတ်မင်း ဆိုလျှင်ပင် လက်ချိုးရေတွက်၍ ရလောက်အောင် နည်းပါးလှပေသည်။

ထို့အပြင် ယခုအခါ သူသည် ကောင်းကင်နတ်မင်း တစ်ပါး ဖြစ်နေပြီဖြစ်ရာ ထျန်းရွှမ်တိုက်ကြီး တစ်ခုလုံး ပင်လျှင် သူ့ကို ဒူးထောက် အညံ့ခံနေကြပြီး လုရှစ်ယွင်နှင့် အခြားသူများ အနေဖြင့် ထိုအထွတ်အမြတ်နယ်မြေများသို့ သွားရောက်ပါကလည်း အထူးဧည့်သည်တော်များ အဖြစ် ဆက်ဆံခံရမည်ဖြစ်ပြီး မင်ဟိုင်နှင့် အခြား ထာဝရနတ်မင်းများ ပင်လျှင် အလွယ်တကူ ဆက်ဆံရဲမည် မဟုတ်ချေ။

ဤကဲ့သို့သော အခြေအနေမျိုးတွင် ထျန်းရွှမ်တိုက်ကြီးမှာ လုရှစ်ယွင်နှင့် အခြားသူများအတွက် လေ့ကျင့်ရန် မသင့်တော်တော့ချေ။

'အလယ်ပိုင်းဒေသကို သွားတာ ပိုကောင်းမယ်...'

ချန်မုက အနည်းငယ် စဉ်းစားပြီးနောက် ဆုံးဖြတ်ချက် ချလိုက်သည်။

အလယ်ပိုင်းဒေသဆိုသည်မှာ ကိုယ်စားပြု အမည်တစ်ခုသာ ဖြစ်ပြီး ယခု ရွှမ်လင်ကမ္ဘာ၏ အလယ်ဗဟိုတွင် ရှိသော ဒေသကို ဆိုလိုခြင်း ဖြစ်သည်။

ထိုနေရာတွင် ထျန်းရွှမ်တိုက်ကြီး၊ ထျန်းလင်တိုက်ကြီး အစရှိသော အကြီးမားဆုံး တိုက်ကြီးများ ရှိနေပြီး ထိုက်ရွှမ်၊ ယင်ယန်နှင့် အခြား ကောင်းကင်နတ်မင်းများ ရှိနေသော တိုက်ကြီးများမှာလည်း ရွှမ်လင်ကမ္ဘာ၏ အလယ်ဗဟိုတွင် ရှိနေခြင်း ပင်ဖြစ်သည်။

ချန်မုက တာယွမ် နတ်ဘုရားအင်ပါယာ တစ်ခုလုံးကို အလယ်ပိုင်းဒေသသို့ ပြောင်းရွှေ့ပြီး သင့်တော်သော တိုက်ကြီးတစ်ခုကို ရှာဖွေရန် စီစဉ်လိုက်သည်။

ထို့နောက် သူသည် မြေအောက်ကမ္ဘာ အတွင်းရှိ ဝိညာဉ်များကို ဖြည်းညှင်းစွာ ဖြေရှင်းပြီး ဝိညာဉ်မှတ်များကို စုဆောင်းကာ ရွှမ်လင်ကမ္ဘာ၏ အတိတ်က ဝိညာဉ်များ အားလုံးကို ဖြေရှင်းပြီးသွားချိန်တွင် တာယွမ် နတ်ဘုရားအင်ပါယာ အတွင်းမှ ထာဝရနတ်မင်း အဆင့်သို့ တက်လှမ်းနိုင်မည့် သူတစ်ယောက်ယောက် ထွက်ပေါ်လာနိုင်ချေ ရှိပေသည်။

ထိုအချိန်ကျပါက ထိုလူများကို အခြားကမ္ဘာများသို့ ပို့လွှတ်ပြီး အခြားကမ္ဘာများတွင် ဝိညာဉ်မှတ်များ စုဆောင်းခိုင်းမည် ဖြစ်သည်။

ထာဝရနတ်မင်း အဆင့်သို့ တက်လှမ်းရန် ခက်ခဲသော်လည်း သူ ရှိနေသဖြင့် ထာဝရသခင်ကြီးများ ရင်ဆိုင်ရမည့် တာအို ကပ်ဘေးများကို ဖယ်ရှားပေးနိုင်မည် ဖြစ်ရာ လုရှစ်ယွင်နှင့် အခြားသူများသည် သာမန် ထာဝရသခင်ကြီးများထက် များစွာ သာလွန်သော သက်တမ်းများကို ပိုင်ဆိုင်ထားပြီး ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်နိုင်မည် ဖြစ်သည်။

အကယ်၍ နှစ်ပေါင်း သောင်းချီ၊ သိန်းချီ ကြာသည်အထိ ထာဝရနတ်မင်း အဆင့်သို့ မတက်လှမ်းနိုင်ပါက သူတို့၏ စိတ်ဆန္ဒများက အရမ်းကို အားနည်းလွန်းနေပြီဟုသာ ပြောရမည် ဖြစ်ပြီး သူက အတင်းအကျပ် တောင်းဆိုမည် မဟုတ်ချေ။

ဘာပဲဖြစ်ဖြစ် လူပို့ရန် လိုအပ်သည်မှာ ကြီးမားသည့် ကမ္ဘာများ အတွက်သာဖြစ်ပြီး ကြီးမားသည့် ကမ္ဘာများ ဆိုသည်မှာ နယ်စပ်မြစ် အတွင်းတွင်လည်း သိပ်မများပြားလှဘဲ နယ်စပ်မြစ်ထဲတွင် အများဆုံး ရှိနေသည်မှာ ကမ္ဘာ့နှလုံးသား မမွေးဖွားနိုင်သော အလယ်အလတ်နှင့် အသေးစား ကမ္ဘာများသာ ဖြစ်ပေသည်။

ချန်မု သိထားသလောက် အရ။

ရွှမ်လင်ကမ္ဘာ၏ ပတ်ဝန်းကျင်တွင် အလယ်အလတ် ကမ္ဘာရာချီ ရှိပြီး အသေးစား ကမ္ဘာသောင်းချီ ရှိပေသည်။

နယ်စပ်မြစ်ထဲတွင် အလွန် ဝေးကွာသော နေရာအထိ လှည့်လည်သွားလာမှသာ နောက်ထပ် ကပ်လျက်ရှိသော ကြီးမားသည့် ကမ္ဘာကို တွေ့ရမည် ဖြစ်သည်။

ချန်မု၏ လက်ရှိ အစီအစဉ်မှာ ရွှမ်လင်ကမ္ဘာ၏ ဝိညာဉ်မှတ်များကို တတ်နိုင်သမျှ စုဆောင်းပြီး သူ၏ ကျင့်ကြံမှုကို မြှင့်တင်ရန် ဖြစ်ပြီး ထို့နောက်တွင်မှ ရွှမ်လင်ကမ္ဘာနှင့် သိပ်မဝေးသော အလယ်အလတ်နှင့် အသေးစား ကမ္ဘာများဆီသို့ စိတ်အာရုံ ပုံရိပ်များကို စမ်းသပ် ပို့လွှတ်ရန် ဖြစ်သည်။

ရေရှည် အစီအစဉ်မှာမူ လုရှစ်ယွင်နှင့် အခြားသူများကို တဖြည်းဖြည်း လေ့ကျင့်ပေးပြီး သူတို့ ထာဝရနတ်မင်း အဆင့်သို့ တက်လှမ်းသွားချိန်တွင် အနီးဆုံး ကြီးမားသည့် ကမ္ဘာအချို့ဆီသို့ တိတ်တဆိတ် ပို့လွှတ်ကာ ဝိညာဉ်မှတ်များ စုဆောင်းရင်း လေ့ကျင့်ခိုင်းရန် ပင်ဖြစ်သည်။

အကယ်၍ ထာဝရနတ်မင်း အဆင့်သို့ တက်လှမ်းရန် အရမ်း ခက်ခဲနေပါက တာယွမ် နတ်ဘုရားအင်ပါယာ ၏ လက်အောက်ရှိ ရွှေရောင်အမြုတေအဆင့် ထာဝရသခင်ကြီး အချို့ကို အခြား ကြီးမားသည့် ကမ္ဘာများသို့ ပို့လွှတ်ရန် စဉ်းစားမည် ဖြစ်ပြီး ထိုကမ္ဘာများတွင် လေ့ကျင့်ပြီး ထာဝရနတ်မင်း အဆင့်သို့ တက်လှမ်းနိုင်ပါက ပိုကောင်းပေမည်။

ဤကဲ့သို့သော အခြေအနေမျိုးမှာ နယ်စပ်မြစ်တွင် အလွန် အဖြစ်များပေသည်။

ယခင်က သူ ကျင့်ကြံမှု နိမ့်ကျချိန်တွင် မသိရှိခဲ့သော်လည်း ယခုအခါ ရှင်းလင်းစွာ သိရှိနေပြီ ဖြစ်ပြီး ထျန်းရွှမ်တိုက်ကြီး၏ ထာဝရနတ်မင်း များထဲမှ တစ်ပါး ဖြစ်သော ယွီလန် ထာဝရနတ်မင်းမှာ အခြား ကမ္ဘာတစ်ခုမှ လာခြင်း ပင်ဖြစ်သည်။

မည်ကဲ့သို့ ရောက်လာသည်၊ မည်သည့် ရည်ရွယ်ချက် ရှိသည်ကို မသိသော်လည်း ပျောက်ဆုံးသွားသော ရွှမ်လင် ကမ္ဘာ့အရှင်သခင်၏ ကိစ္စကို စုံစမ်းရန် တစ်စုံတစ်ယောက်က စေလွှတ်လိုက်ခြင်းလည်း ဖြစ်နိုင်သလို မည်သည့် ရည်ရွယ်ချက် ရှိသည်ဖြစ်စေ အရေးမကြီးတော့ချေ။

ဘာပဲဖြစ်ဖြစ် ရွှမ်လင်ကမ္ဘာကြီးက ပြိုကွဲနေပြီး တဖြည်းဖြည်း ပျက်စီးခြင်း ဆီသို့ ဦးတည်နေပြီ ဖြစ်ရာ ယခုအခါ ကောင်းကင်နတ်မင်းများ၏ အစစ်အမှန် ခန္ဓာကိုယ်များ ဝင်ရောက်လာရန် ကြိုးစားလျှင်တောင်မှ မည်သူမျှ တားဆီးမည် မဟုတ်သလို ချန်မု လည်း သူ့ကို လာမရှုပ်သရွေ့ ဂရုစိုက်မည် မဟုတ်ချေ။

စိတ်ထဲတွင် ဆုံးဖြတ်ချက် ချလိုက်ပြီးနောက်။

ချန်မုက မျက်လုံးကို မှိတ်လိုက်ပြီး အတွေးတစ်ခုကို ပျံ့နှံ့သွားစေလိုက်သည်။

ချက်ချင်းပင်။

တာယွမ် နတ်ဘုရားအင်ပါယာ အတွင်းရှိ လေ့ကျင့်နေသော ရွှေရောင်အမြုတေအဆင့် ထာဝရသခင်ကြီး အများအပြားမှာ ရုတ်တရက် ခေါင်းမော့လာကြပြီး စိတ်ထဲတွင် အသံတစ်ခု ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

"ဟုတ်ကဲ့ပါ..."

ရှီးယွီက အနည်းငယ် အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် တည်ငြိမ်သွားတော့သည်။

သတင်း ရရှိသော ချန်ယောင်နှင့် အခြားသူများမှာလည်း အံ့အားသင့်သွားကြသော်လည်း မကြာမီမှာပင် သဘောပေါက်သွားကြသည်။

ချန်မု ယခုအခါ ကောင်းကင်နတ်မင်း တစ်ပါး ဖြစ်နေပြီဖြစ်ရာ တာယွမ် နတ်ဘုရားအင်ပါယာ ကို ရွှမ်လင်ကမ္ဘာ၏ အလယ်ဗဟိုရှိ တိုက်ကြီးများဆီသို့ ပြောင်းရွှေ့ရန်မှာ သဘာဝကျသော ကိစ္စပင်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဤနေရာမှာ အရမ်းကို ဝေးလံခေါင်ဖျား လွန်းလှပေသည်။

မကြာမီမှာပင်။

ချန်မု၏ အမိန့်ကို ရှီးယွီက ကိုယ်တိုင် စီစဉ်ပြီး ချန်ယောင်နှင့် အခြားသူများ၏ လက်မှတစ်ဆင့် ဖြန့်ဝေလိုက်တော့သည်။

ယခု တာယွမ် နတ်ဘုရားအင်ပါယာတွင် ပါရမီရှင်များစွာ ရှိနေပြီ ဖြစ်ပြီး ကျင့်ကြံသူများနှင့် ထာဝရသခင်ကြီး များစွာမှာ ဝူနယ်မြေ သို့မဟုတ် အခြား နယ်မြေများတွင် လှည့်လည် သွားလာ လေ့ကျင့်နေကြပေသည်။

ရှီးယွီ၏ အမိန့်အရ နယ်မြေအသီးသီးတွင် လေ့ကျင့်နေသော တာယွမ် နတ်ဘုရားအင်ပါယာ၏ ကျင့်ကြံသူများ အားလုံး ပြန်လည် ရောက်ရှိလာကြသည်။

နတ်ဘုရားဧကရီ ရှီးယွီက လူအားလုံးကို ရုတ်တရက် ခေါ်ယူခြင်းမှာ ဘာလုပ်ရန် အတွက်လဲ ဆိုသည်ကို မသိကြသော်လည်း ချန်မုနှင့် ပတ်သက်နေကြောင်း ကြားသိရသဖြင့် မည်သူမျှ မနှောင့်နှေးရဲကြဘဲ ရွှေရောင်အမြုတေအဆင့် ထာဝရသခင်ကြီးများ ပင်လျှင် မိမိတို့၏ ကိစ္စများကို အမြန်ဆုံး လက်စသတ်ပြီး ဝူရှန်းနယ်မြေသို့ အမြန်ဆုံး ပြန်လာခဲ့ကြတော့သည်။

"အလယ်ပိုင်းဒေသကို သွားမှာလား... ကောင်းသားပဲ..."

နီယွင် ထာဝရနတ်မင်းက နန်းတော်၏ ကောင်းကင်ယံတွင် ရပ်နေပြီး အောက်သို့ ငုံ့ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

သူမ တစ်ယောက်လုံးမှာ ကိုယ်ပျောက်နေသကဲ့သို့ ဖြစ်နေပြီး အသွားအလာ လုပ်နေသော ကျင့်ကြံသူများ၊ ရွှေရောင်အမြုတေအဆင့် ထာဝရသခင်ကြီးများ ပင်လျှင် သူမ ရှိနေသည်ကို အာရုံမခံမိကြချေ။

ယခုအခါ သူမသည် ယခင်က ကြီးမားသော အခွင့်အရေးများနှင့် ကပ်ဘေးများကို ဖြတ်ကျော်ကာ သေခြင်းရှင်ခြင်း နယ်စပ်မှ ပြန်လည် လွတ်မြောက်လာခဲ့သဖြင့် ကျင့်ကြံမှုမှာ အဆက်မပြတ် တိုးတက်လာပြီး တာအိုတစ်ရာ ပေါင်းစပ်ရန် ခြေတစ်လှမ်းသာ လိုတော့ကာ အဆင့်တက်ရန် သိပ်မလိုတော့ချေ။

သူမ တာအိုတစ်ရာ ပေါင်းစပ်ထားသော မဟာ ထာဝရနတ်မင်း အဆင့်သို့ ရောက်ရှိသွားပါက သူမ ကိုယ်တိုင် ပင်လျှင် ထျန်းရွှမ်တိုက်ကြီးမှ ထွက်ခွာပြီး တွမ့်ယွီ ထာဝရနတ်မင်း ကဲ့သို့ ရွှမ်လင်ကမ္ဘာ၏ အခြား တိုက်ကြီးများသို့ သွားရောက်ကာ မတူညီသော ထာဝရနတ်မင်းများနှင့် တာအို ဖလှယ်ရန် စီစဉ်ထားခဲ့ပေသည်။

ချန်မုက တာယွမ် နတ်ဘုရားအင်ပါယာကို ရွှမ်လင်ကမ္ဘာ၏ အလယ်ဗဟို ဒေသသို့ ပြောင်းရွှေ့ခြင်းမှာ သူမအတွက်လည်း ပိုမို အဆင်ပြေစေပေသည်။

All Chapters