← Chapters

အခန်း ၃၁၇

Vol. 32 Ch. 317

အခန်း ၃၁၇

Vol. 32 Ch. 317

အခန်း (၃၁၇) အဋ္ဌမအလွှာ

“အဲ့ချန် မင်း တစ်ခုခု သိထားတာ ရှိမှာပဲ”

လူတစ်ယောက်က လေးနက်သောလေသံဖြင့် မေးလိုက်၏။ အဲ့ချန်သည် ထိုအချိန်တွင် မျက်မှောင်ကြုတ်လျက် ကောင်းကင်ယံကို စိုက်ကြည့်နေရာမှ ထိုစကားကို ကြားသောအခါ အေးစက်စွာ လှည့်ကြည့်ပြီး ပြန်ပြောလိုက်သည်။

“ဒီလူက ဝိညာဉ်လမ်းစဉ် ကျင့်ကြံတဲ့ တာအိုသခင်ပဲ တာအိုသခင်အဆင့်ကို ရောက်တာလည်း သိပ်မကြာသေးဘူး”

“ဝိညာဉ်လမ်းစဉ် ကျင့်ကြံသူလား ဒါဆိုရင်တော့ ဖြစ်နိုင်ခြေ အနည်းငယ် ရှိတာပေါ့”

“ဒါကြောင့်ကိုး မြေအောက်ကမ္ဘာရဲ့ စိတ်ဆန္ဒက အစွမ်းကုန် ဝိညာဉ်လမ်းစဉ် ကျင့်ကြံသူတွေကို ပိုပြီး မျက်နှာသာပေးလေ့ ရှိတာကိုး သူတို့က စိတ်ဝိညာဉ်ပိုင်းမှာ အားသန်တော့ လွန်ဟွေ (ဘဝသံသရာအတွင်း အဆုံးမရှိလည်ပတ်ခြင်း) အပေါ် ပိုပြီး အာရုံခံနိုင်စွမ်း ရှိကြတာပဲ မဟုတ်လား”

လူအချို့က စဉ်းစားဟန်ဖြင့် ရေရွတ်လိုက်ကြ၏။ အတိတ်က ဤကဲ့သို့သော ကိစ္စမျိုး တစ်ခါမျှ မရှိခဲ့ဖူးသော်လည်း သေချာစဉ်းစားကြည့်ပါက ဖြစ်နိုင်ခြေ အနည်းငယ်တော့ ရှိနေပေသည်။ အဲ့ချန်က ထူးခြားသော လေသံဖြင့် ဆက်ပြော၏။

“ဒါပေမဲ့ မိတ်ဆွေတို့အားလုံး ဒီလူရဲ့ အတိတ်ကံကြမ္မာကို တွက်ချက်ကြည့်ကြဖို့ အကြံပေးချင်တယ် ငါ သံသယရှိတာကတော့ ဒီလူ့ရဲ့ နောက်ကွယ်မှာ အဲဒီ ပုဂ္ဂိုလ်ကြီးတွေထဲက တစ်ယောက်ယောက် ရှိနေနိုင်တယ်ဆိုတာပဲ”

အဲ့ချန်၏ စကားကြောင့် သူတော်စင်နတ်မင်းများ၏ မျက်နှာများ ပျက်ယွင်းသွားကြသည်။ လူအချို့က ချက်ချင်းပင် လက်ချောင်းများဖြင့် တွက်ချက်ကြည့်ကြပြီးနောက် မျက်နှာများ ခက်ထန်သွားကာ အသံမာမာဖြင့် ပြောလိုက်ကြ၏။

“ကံကြမ္မာက ဝေဝါးနေတယ်”

“ငါလည်း ဘာမှ တွက်လို့မရဘူး”

“ဧကရာဇ်သခင်တစ်ပါး ဒါမှမဟုတ် အရှင်သခင်တစ်ပါးပါးပဲ ဖြစ်ရမယ် သူတို့က မြေအောက်ကမ္ဘာရဲ့ ကိစ္စတွေမှာ လာပြီး ဝင်ပါချင်နေကြတာ ကြာပြီပဲ ဒါပေမဲ့ ဒီနည်းနဲ့ မြေအောက်ကမ္ဘာကို ထိန်းချုပ်ဖို့ ကြိုးစားတာကတော့ သူတို့တောင် လုပ်နိုင်မှာ မဟုတ်ဘူး”

လူတစ်ယောက်က အေးစက်စွာ လှောင်ရယ်လိုက်၏။ မြေအောက်ကမ္ဘာလမ်းစဉ်၏ သူတော်စင်နတ်မင်းများ အားလုံးသည် လွန်ဟွေ စမ်းသပ်မှုများကြောင့် မိမိကိုယ်မိမိ ရူးသွပ်လုနီးပါး ဖြစ်အောင် လုပ်ဆောင်ခဲ့ကြသည်မှာ မြေအောက်ကမ္ဘာ၏ အရှင်သခင် ဖြစ်လာရန်နှင့် ဤအရာအားလုံးမှ လွတ်မြောက်ကာ နယ်စပ်မြစ်ကြီး၏ ထိပ်ဆုံးသို့ တက်လှမ်းရန် ဖြစ်သည်။

“ငါ့အမြင်ပြောရရင် ငါတို့ အားလုံး ပူးပေါင်းပြီး ဒီလူကို သတ်ပစ်လိုက်ရင် ဘယ်လိုလဲ”

အေးဆေးတည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ အစောဆုံး ရောက်ရှိနေသည့် ဝတ်ရုံဝါနှင့် လူလတ်ပိုင်း တာအိုဆရာ ကျိုစူး ဖြစ်ပြီး သူ၏ လေသံမှာ အရေးမစိုက်သကဲ့သို့ ရှိနေ၏။

“ဒါဆိုရင် ကျိုစူး မိတ်ဆွေကပဲ အရင်ဆုံး တိုက်ခိုက်ပြပါလား”

အဲ့ချန်က အေးစက်စွာ ပြန်ပြောလိုက်သည်။ တစ်ဖက်လူတွင် ဧကရာဇ်သခင် တစ်ပါးပါး၏ အကာအကွယ် ရှိနေပါက သတ်ဖို့မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။

“ဟဲဟဲ”

ကျိုစူးက ရယ်မောလိုက်ပြီး တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် အားလုံးက ကျောက်တိုင်ကြီးထံသို့ လှည့်ကြည့်လိုက်ကြ၏။ ကျောက်တိုင်ပေါ်ရှိ ချန်မု၏ နာမည်မှာ နောက်တစ်ကြိမ် ခုန်တက်သွားပြီး အထက်သို့ တစ်ဆင့် မြင့်တက်သွားပြန်လေပြီ။ အားလုံး၏ မျက်လုံးများတွင် မယုံကြည်နိုင်မှုများ ပေါ်ထွက်လာ၏။

‘ပဉ္စမအလွှာ... ဒါက ပဉ္စမအလွှာ စမ်းသပ်မှုကို အောင်မြင်သွားတာပဲ’

ဤနေရာရှိ လူအားလုံးမှာ ပဉ္စမအလွှာတွင် အကြီးအကျယ် ဒုက္ခရောက်ခဲ့ဖူးပြီး အကြိမ်ကြိမ် သေဆုံး၊ အကြိမ်ကြိမ် ဝင်စားပြီးမှ ခက်ခဲစွာ ပြန်ထွက်လာခဲ့ကြရခြင်း ဖြစ်သည်။ ချန်မုမှာမူ တာအိုသခင်အဆင့်လေးနှင့်ပင် အောင်မြင်သွားခဲ့ပြီ။

“ဟေး စိတ်ဝင်စားစရာပဲ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတယ် ငါတော့ ဒီလူနဲ့ တွေ့ကြည့်ချင်သွားပြီ ဒီလူ့ရဲ့ လွန်ဟွေ အပေါ် နားလည်မှုက သာမန်ထက် အများကြီး ပိုမှာပဲ”

ကျိုစူးက ရယ်မောလိုက်သော်လည်း သူ၏ အကြည့်မှာ အရင်ကလို ပေါ့ပေါ့တန်တန် မရှိတော့ပေ။ အချိန်များ ကုန်လွန်သွားသော်လည်း ချန်မု၏ ပုံရိပ်မှာ မြူထု အနက်ရှိုင်းဆုံးနေရာတွင် ပျောက်ကွယ်သွားသည့်အလား ရှိနေသည်။

“ဝုန်း”

ကျောက်တိုင်ကြီးမှာ နောက်တစ်ကြိမ် လှုပ်ရှားသွားပြန်ပြီး ချန်မု၏ နာမည်မှာ ကျောက်တိုင်၏ အထက်ပိုင်း၊ စတုတ္ထမြောက် အတန်းသို့ တိုက်ရိုက် ရောက်ရှိသွားတော့သည်။ ချန်မုသည် အဆင့် ၁၁ သို့ တစ်ဟုန်ထိုး ရောက်ရှိသွားကာ သူတော်စင်နတ်မင်း အများအပြား၏ အထက်သို့ ရောက်ရှိသွားခဲ့ပြီ။

“ဒါ မဖြစ်နိုင်ဘူး”

လူအချို့က မယုံကြည်နိုင်စွာ ရေရွတ်လိုက်ကြ၏။ အချိန်များ ဆက်လက်ကုန်လွန်သွားသည်။ ချန်မုသည် ဒုတိယအကြိမ် စမ်းသပ်မှုတွင် တစ်လခွဲ၊ တတိယအကြိမ်တွင် တစ်နှစ်၊ စတုတ္ထအကြိမ်တွင် ဆယ်နှစ်၊ ပဉ္စမအကြိမ်တွင် ၆၇ နှစ်၊ ဆဋ္ဌမအကြိမ်တွင် ၁၂၆၀ နှစ် နှင့် သတ္တမအကြိမ်တွင် ၂၆၄၀၀ နှစ် အထိ အချိန်ယူခဲ့သည်။

“ဘုန်း”

ကျောက်တိုင်ကြီး၏ မြည်ဟည်းသံနှင့်အတူ ချန်မု၏ နာမည်မှာ နောက်တစ်ကြိမ် ထပ်မံ မြင့်တက်သွားပြန်ရာ မြေအောက်ကမ္ဘာလမ်းစဉ်၏ အဆင့် ၆ သို့ ရောက်ရှိသွားခဲ့ပြီ။

“တကယ်ပဲ အောင်မြင်သွားတာပဲ သတ္တမအလွှာကို”

လူတစ်ယောက်က တိုးတိုးလေး ရေရွတ်လိုက်သည်။ ကျိုစူးက ကျောက်တိုင်ကို ကြည့်ရင်း အဲ့ချန်ကို လှည့်မေးလိုက်သည်။

“မင်း ဘယ်လို မြင်လဲ”

အဲ့ချန်က မဖြေဘဲ ကျိုစူးကို တစ်ချက်သာ စိုက်ကြည့်လိုက်၏။

အချိန်များ ဆက်လက် ကုန်လွန်သွားရာ နှစ်ပေါင်း ၁၂၁ သန်းနှင့် ၉ သိန်း ခန့် ကုန်လွန်သွားပြီးနောက် ကျောက်တိုင်ကြီးပေါ်မှ သွေးရောင် အလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။ ချန်မု၏ နာမည်မှာ နောက်တစ်ကြိမ် ထပ်မံ မြင့်တက်သွားပြီး ပထမဆုံး အတန်းထဲသို့ ဝင်ရောက်သွားခဲ့ပြီ။ ၎င်းတို့မှာ အဲ့ချန်၊ ကျိုစူး နှင့်... ချန်မု။

မြေအောက်ကမ္ဘာလမ်းစဉ်၏ သူတော်စင်နတ်မင်းများ အားလုံးမှာ ဘာစကားမျှ မပြောနိုင်ဘဲ တိတ်ဆိတ်သွားကြတော့သည်။ သွေးပင်လယ်ပေါ်တွင်မူ သေခြင်းတရားကဲ့သို့သော တိတ်ဆိတ်မှုများသာ လွှမ်းမိုးထားတော့သည်။

ထိုစဉ် ချန်မု၏ အသိစိတ်ထဲတွင် စနစ်အသံတစ်ခု ပဲ့တင်ထပ်သွားသည်။

“ဒင် လွန်ဟွေစမ်းသပ်မှု အဋ္ဌမအဆင့် အောင်မြင်ပါပြီ ဝိညာဉ်မှတ် သန်း ၈၀ ရရှိပါသည်။”

သူ၏ မျက်ဝန်းများ ပွင့်လာပြီး ပြတ်သားသော အလင်းတန်းများ ဖြာထွက်လာတော့သည်။

All Chapters