← Chapters

အခန်း ၁၈၀

Vol. 18 Ch. 180

အခန်း ၁၈၀

Vol. 18 Ch. 180

Chapter 180

~

အခန်း ၁၈၀ : မိသားစု၏ စိုးရိမ်ပူပန် မှုများ

~

​ခဏအကြာတွင် ...

​ ချင်ယိုတဲက သူ့ရုပ်ရည်နှင့် ဆင်တူသော အသက်လတ်ပိုင်း လူတစ်ဦးကို ခေါ်ကာ အပြေးတပိုင်း လျှောက်လာသည် ။

​ သူတို့နှင့်အတူ လမ်းတွင် ဆုံခဲ့သော ရွာသူကြီးလည်း ပါလာ၏ ။

​ သုံးယောက်သား ခြံဝင်းထဲ ဝင်လာသည်နှင့် ရွာသူကြီးက ပထမဆုံး စမေးလိုက်သည် ။

​ " ရဲဘော်.. ရွာက ပန်းကန်တွေကို ပြောင်းဖူးမှုန့်နဲ့ လဲပေးမယ်ဆိုတာ ဟုတ်သလား.. "

​ သူ ချင်ယိုချိုက်၏ အိမ်ရှေ့မှ ဖြတ်သွားစဥ် အလျင်စလို လျှောက်လာသော ချင်ယိုတဲနှင့် တိုက်ဆိုင်စွာ တွေ့လိုက်ရခြင်းပင် ။

​ ထို့ကြောင့် အကြောင်းရင်းကို မေးကြည့်လိုက်၏ ။

​ ဤသို့ဖြင့် ယခုအခြေအနေကို ရောက်လာခြင်း ဖြစ်သည် ။

​ " မှန်ပါတယ်.. "

​ ယန်ကျီဝမ်က ခေါင်းညိတ်ပြီး ဆက်ပြောလိုက်သည် ။

​ " ဒါပေမဲ့ ပန်းကန်လုံး အားလုံးကို မယူပါဘူး.. ဒီလို ပန်းကန်လုံးမျိုးပဲ လိုချင်တာပါ.. "

​ သူက ချင်ယိုတဲ အိမ်မှ ဝယ်ထားသော ပန်းကန်လုံးများကို လက်ညှိုးထိုးပြလိုက်၏ ။

​ " ဒီလိုမျိုးလား.. "

​ ချင်ယိုတဲနှင့် အနည်းငယ် ဆင်တူသော အသက်လတ်ပိုင်းအရွယ် လူက သူ့လက်ထဲမှ ပန်းကန်လုံးကို မြှောက်၍ မေးလိုက်သည် ။

​ " သူက ဘယ်သူလဲ.. "

​ ချင်ယိုတဲက ပြန်ဖြေလိုက်သည် ။

​ " ဒါက ငါ့ အစ်ကိုကြီး ချင်ယိုချိုက်.. ဟွိုင်ရုရဲ့ အဖေပေါ့.. "

​ " သြော်.. ဒါဆို ဦးလေး ယိုချိုက်ပေါ့.. "

​ ယန်ကျီဝမ်က ထိုပန်းကန်လုံးကို ယူ၍ စစ်ဆေးကြည့်လိုက်ပြီး စနစ်၏ ပြန်လည်အသုံးပြုသည့် လုပ်ဆောင်ချက်ဖြင့် စမ်းသပ်ကြည့်လိုက်သည် ။

​ အတည်ပြုပြီးနောက် သူက ခေါင်းညိတ်လိုက်ပြီး..

​ " ဟုတ်တယ်.. ဒီလို ပန်းကန်လုံးမျိုးပဲ.. ရှိသလောက် အကုန်ယူမယ်.. "

​ ချင်ယိုချိုက်၏ ခန္ဓာကိုယ်က တုန်ရီသွားပြီး စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ..

​ " ရဲဘော်ယန်.. တကယ်ပဲ ယိုတဲ ပြောသလို ပြောင်းဖူးမှုန့် ငါးကျင်းနဲ့ ပန်းကန်လုံး တစ်လုံး လဲပေးမှာလား.. "

​ ရွာသူကြီးကလည်း ယန်ကျီဝမ်ကို မျှော်လင့်ချက် ကြီးစွာဖြင့် ကြည့်နေလေ၏ ။

​ " ကျွန်တော့်ကို ယန်လေးလို့ပဲ ခေါ်လို့ရပါတယ်.. "

​ ယန်ကျီဝမ်က ခေါင်းညိတ်၍...

​ " ဟုတ်တယ်.. ပန်းကန်လုံး တစ်လုံးကို ပြောင်းဖူးမှုန့် ငါးကျင်း.. များလေ ပိုကောင်းလေပဲ.. ဒါပေမဲ့ ပန်းကန်လုံး အမျိုးအစားက အတူတူပဲ ဖြစ်ရမယ်.. တခြားဟာတွေတော့ မယူဘူး.. "

​ " ကောင်းတယ်.. အရမ်းကောင်းတယ်.. "

​ ရွာသူကြီး၏ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် ရဲတွတ်သွားပြီး..

​ " ဒီတစ်ခါတော့ ရွာကို ကယ်တင်နိုင်ပြီ.. "

​ ယန်ကျီဝမ်က စပ်စုချင်စိတ်ဖြင့်..

​ " ရွာသူကြီး.. အဘိုးတို့ ရွာမှာ ဒီလို ပန်းကန်လုံးတွေ အများကြီး ရှိလို့လား.. "

​ ရွာသူကြီးက ခေါင်းညိတ်ပြီး...

​ " အမှန်အတိုင်း ပြောရရင် ဒီပန်းကန်လုံးတွေ အားလုံးက နောက်ဘက်တောင်ကနေ ကောက်ရလာတာ.. အိမ်ထောင်စုတိုင်း အတော်များများ ကောက်ရထားကြတယ်.. "

​ " ဟုတ်တယ်.. အစကတော့ အိမ်သုံးဖို့အတွက်ပဲ သိမ်းထားကြတာ.. ကောက်ပဲသီးနှံနဲ့ လဲလို့ရမယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး.. "

​ ချင်ယိုချိုက်ကလည်း ထောက်ခံလိုက်သည် ။

​ ယန်ကျီဝမ် ဝမ်းသာသွား၏ ။

​ သူ ဤမျှ ကံကောင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ ။ တစ်ပြိုင်နက်တည်းနှင့် ဤမျှ ကောင်းမွန်သော ပစ္စည်းများစွာကို ရရှိတော့ပေမည် ။

​ တကယ်တော့ ဤသည်က ကံကောင်း၍ သက်သက် မဟုတ်ပေ ။ အဓိကအားဖြင့် သူ အချိန်ကောင်းတွင် ရောက်လာခြင်းကြောင့်ပင် ။ နောက်ထပ် နှစ်အနည်းငယ်သာ ကြာလျှင် သူ့အလှည့် ရောက်လာတော့မည် မဟုတ်ချေ ။

သူ ခဏစဥ်းစားပြီး...

​ " ရွာသူကြီး.. ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ.. ဒီပန်းကန်လုံးတွေ ရှိတဲ့ အိမ်တိုင်းကို စုခိုင်းထားလိုက်.. ဒီတစ်ခါတော့ ပြောင်းဖူးမှုန့်တွေ အများကြီး ပါမလာဘူး.. မနက်ဖြန်မှ ကျွန်တော် ပြန်လာခဲ့မယ်လေ.. "

​ သူ စနစ်ထဲမှ ပြောင်းဖူးမှူန့်များကို အပြင်လူများ ရှေ့တွင် ထုတ်ယူ၍ မရနိုင်ပေ ။

​ ထို့ကြောင့် သူ မနက်ဖြန်မှ နောက်တစ်ခေါက် ထပ်လာရန်သာ တက်နိုင်တော့သည် ။

​ သို့သော် သူတို့၏ စကားများအရ ပန်းကန်လုံး အတော်များများ ရှိနေပုံရသဖြင့် ခရီးထပ်ထွက်ရခြင်းက တန်သည်ဟု သူ ခံစားရ၏ ။

​ " ရပါတယ်.. ရပါတယ်.. ငါ ပြန်သွားပြီး လူတိုင်းကို ပန်းကန်လုံးတွေ စုပြီး ငါ့အိမ် ယူလာခဲ့ဖို့ ပြောထားလိုက်ပါ့မယ်.. မနက်ဖြန် ငါ့အိမ်ကို လာခဲ့လို့ ရပါတယ်.. "

​ ရွာသူကြီးက မည်သို့ ငြင်းပယ်နိုင်ပါမည်နည်း ။ သူ အလျင်အမြန် ခေါင်းညိတ်ကာ သဘောတူလိုက်သည် ။

​ ချင်ယိုချိုက်က ရှက်ရွံ့စွာဖြင့်...

​ " ရဲဘော်ယန်.. မင်းနဲ့ ဟွိုင်ရုက အိမ်နီးချင်းတွေဆိုတော့ ဒီပန်းကန်လုံးကို အခု လဲပေးလို့ ရမလား.. "

​ သူ့မိသားစု စားဝတ်နေရေးက တကယ်ကို ခက်ခဲနေခြင်းဖြစ်သည် ။ ထိုသို့ မဟုတ်လျှင် သူ့မာနနှင့် ဤသို့ တောင်းဆိုမည် မဟုတ်ချေ ။

​ ရွာသူကြီးက ထိုစကားကို ကြားသောအခါ အနည်းငယ် မကျေမနပ် ဖြစ်သွား၏ ။ ယခုလို အချိန်မျိုးတွင် မည်သူက မခက်ခဲဘဲ နေပါမည်နည်း ။ ချင်ယိုတဲကသာ ကြားထဲမှ အဆင်ပြေအောင် မလုပ်ပေးခဲ့လျှင် သူတို့ကို ဆူပူကြိမ်းမောင်းမိမည်မှာ အမှန်ပင် ။

​ " ရပါတယ်.. ဒီမှာ ပြောင်းဖူးမှုန့် နည်းနည်း ကျန်ပါသေးတယ်.. "

​ ယန်ကျီဝမ်က ငြင်းမနေတော့ ။ သူ့အိတ်ထဲမှ ပြောင်းဖူးမှုန့် ငါးကျင်းကို ထုတ်ယူကာ ချင်ယိုချိုက်ထံ ပေးလိုက်သည် ။

​ " ကျေးဇူးပါ.. ကျေးဇူးတင်ပါတယ်.. "

​ ချင်ယိုတဲက ကျေးဇူးတင်စကားကို ဆက်တိုက် ပြောလိုက်သည် ။

​ ယန်ကျီဝမ်က ပန်းကန်လုံး ငါးလုံးကို ကောက်ယူလိုက်ပြီး...

​ " မိုးမချုပ်ခင် ပြန်ရောက်အောင် ကျွန်တော် သွားတော့မယ်... "

​ " ကောင်းပါပြီ.. ရဲဘော်ယန်.. မနက်ဖြန် သေချာပေါက် လာခဲ့ရမယ်နော်.. "

​ ရွာသူကြီးက တိုက်တွန်းလိုက်သည် ။

​ " စိတ်မပူပါနဲ့.. ကျွန်တော် သေချာပေါက် ပြန်လာမှာပါ.. "

​ ယန်ကျီဝမ်က သေချာစွာ ကတိပေးလိုက်၏ ။

​ ' ဒါတွေ အားလုံးက အမှတ်တွေပဲဟာ.. ငါ ဘယ်လိုလုပ် မလာဘဲ နေပါ့မလဲ.. '

​ ' ကောင်းကင်ကနေ ဓားမိုးရွာချနေရင်တောင် ငါလာမှာပဲ.. အင်း.. ဓားမိုးရွာချလာရင်တော့ ငါ မလာတာ အကောင်းဆုံးပဲ.. အမှတ်တွေထက် ငါ့အသက်က ပိုအရေးကြီးတယ်လေ.. '

​ ထို့နောက် ယန်ကျီဝမ်က သူ၏ သုံးဘီးစက်ဘီးကို တွန်းကာ ရွာအထွက်ဘက်သို့ လျှောက်သွားသည် ။

​ " အစ်ကိုယန်.. ညီမလေး လိုက်ပို့ပေးမယ်.. "

​ ချင်ကျင်းရုက ယန်ကျီဝမ်ကို လိုက်ပို့ရန် ပြေးလိုက်လာ၏ ။

​ အတော်ဝေးဝေးအထိ လိုက်ပို့ပြီးနောက် ယန်ကျီဝမ်က ချင်ကျင်းရုဘက် လှည့်ကာ...

​ " ညီမလေး ကျင်းရု... ဒီလောက်ဆို ရပါပြီ.. ဆက်လိုက်ပို့နေရင် မြို့ထဲအထိ ရောက်သွားလိမ့်မယ်.. "

​ ယန်ကျီဝမ်က နောက်ပြောင် ပြောလိုက်သည် ။

​ " ဟုတ်ကဲ့ပါ.. "

​ ချင်ကျင်းရုက မလိုလားသော ဟန်ဖြင့် ခေါင်းညိတ်ပြ၏ ။

​ " ရော့.. ဒါက ညီမလေးအတွက်.. "

​ ယန်ကျီဝမ်က သကြားလုံး အနည်းငယ်ကို ကမ်းပေးလိုက်သည် ။

​ " ဒါက.. သကြားလုံးလား.. "

​ ချင်ကျင်းရု မျက်လုံး ပြူးသွားသည် ။ သကြားလုံးများက အလွန် လှပလွန်းသည်ဟု သူမ ခံစားလိုက်ရ၏ ။ ဤမျှ လှပသော သကြားလုံးမျိုးကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ။

​ " ယုန်နို့သကြားလုံးလို့ ခေါ်တယ်.. ဟင်းရွက် ဖက်ထုပ် ( တကယ်က နာမည်ကသာ ဖက်ထုပ်ပါ ..အရွက်တွေကိုပဲ ချက်ထားတာ 🤣 ) တွေ ကျွေးတဲ့အတွက် ကျေးဇူးပါပဲ.. "

​ ယန်ကျီဝမ်က ပြုံး၍ ခေါင်းညိတ်ပြလိုက်သည် ။

​ ချင်ကျင်းရုက အံ့အားသင့်သွားပြီး...

​ " အစ်ကိုယန်.. ဒါက အရမ်း တန်ဖိုးကြီးလွန်းတယ်.. ညီမ လက်မခံနိုင်ပါဘူး.. "

​ သူမ မမြင်ဖူးသော်လည်း ကြားတော့ ကြားဖူးထားသည် ။

​ ဤ ယုန်နို့သကြားလုံး တစ်ကျင်းလျှင် နှစ်ယွမ်ပင် ပေးရသဖြင့် အလွန် စျေးကြီးလှသည် ။

​ သို့သော် ယန်ကျီဝမ်က သူ၏ သုံးဘီးစက်ဘီးပေါ် တက်ကာ ချင်ကျင်းရုကို လက်ပြနှုတ်ဆက်ပြီး ထွက်သွားလေပြီ ။

​ ယန်ကျီဝမ်၏ ကျောပြင်ကို မမြင်ရတော့မှသာ ချင်ကျင်းရုက လှည့်ကာ ဝမ်းနည်းစွာဖြင့် အိမ်ပြန်လာခဲ့သည် ။

​ ...

​ ယန်ကျီဝမ် အိမ်သို့ ပြန်ရောက်ချိန်တွင် ညနေ ခြောက်နာရီပင် ကျော်နေလေပြီ ။

​ " ဘာလို့ ဒီအချိန်မှ ပြန်ရောက်လာတာလဲ.. "

​ ယန်ကျီဝမ် အိမ်ပြန်ရောက်သည်နှင့် အသံကြားသဖြင့် ယွီလီက ထွက်လာပြီး မေးလိုက်သည် ။

​ သူမ၏ ခင်ပွန်း အိမ်ပြန်ရောက်လာသည်ကို မြင်လိုက်ရမှသာ သူမစိတ်အေးသွားတော့သည် ။

​ ပုံမှန်ဆိုလျှင် ယန်ကျီဝမ်က စောစော ပြန်လာလေ့ ရှိသော်လည်း ယနေ့ နောက်ကျနေသဖြင့် သူမ အလွန် စိုးရိမ်နေခဲ့ရ၏ ။

​ " ကိုယ် နယ်ဘက်ဆင်းသွားလို့ပါ.. အိမ်မှာ စားစရာ ရှိသေးလား.. ဗိုက်အရမ်းဆာနေပြီ.. "

​ ' မရှိရင်လည်း ရမှတ်စတိုး ထဲကနေ လဲပြီး စားရမှာပဲ.. '

​ " ရှင် နယ်ဘက်ကို ဆင်းသွားတာလား.. "

​ ယွီလီ လန့်သွားပြီး..

​ " ဘာလို့ ကျွန်မကို ကြိုမပြောသွားရတာလဲ.. "

​ " ဒါက ရုတ်တရက် ဆုံးဖြတ်လိုက်တာပါ.. စက်ရုံခေါင်းဆောင်တွေက ထောက်ပံ့ရေး ပစ္စည်းတွေ ဝယ်ဖို့ ကိုယ့်ကိုပဲ အဆက်မပြတ် လိုက်ရှာနေကြလို့.. စိတ်ရှုပ်တာနဲ့ သူတို့ကို ရှောင်ပြီး နယ်ဘက် ထွက်သွားလိုက်တာ.. "

​ " ရှင့်တော့လေ.. တကယ်ကို ခက်တာပဲ.. "

​ ယွီလီက မကျေနပ်ဟန်ဖြင့် မျက်စောင်းထိုးလိုက်ပြီး..

​ " သွား.. မြန်မြန် သွားစားချေ.. အမေက ရှင့်အတွက် ဟင်းတွေ နွှေးပေးနေတယ်.. "

​ " အင်းပါ.... "

​ ယန်ကျီဝမ်က ပြန်ဖြေလိုက်ပြီး အိမ်မကြီးဆီသို့ လျှောက်သွားလိုက်သည် ။

​ အိမ်ထဲသို့ ဝင်ဝင်ချင်းပင် ဧည့်ခန်း၌ လက်ဖက်ရည် သောက်နေသော ယန်ဖူကွေ့ကို တွေ့လိုက်ရ၏ ။

​ " မင်း ဘာလို့ အခုမှ ပြန်လာရတာလဲ.. "

​ ယန်ဖူကွေ့က စိုးရိမ်တကြီး မေးလိုက်သည် ။

​ " ကျွန်တော် နယ်ဘက်ကို ဆင်းသွားလို့ပါ အဖေ.. "

​ " နယ်ဘက်ကို.. "

​ ယန်ဖူကွေ့က အံ့အားသင့်သွားပြီး...

​ " ဘာလို့ ငါတို့ကို ကြိုမပြောသွားတာလဲ.. အခုတလော အပြင်မှာ သိပ်မငြိမ်းချမ်းဘူးလို့ ကြားနေရတယ်.. မကြာသေးခင် လုပ်ဖော်ကိုင်ဖက် တစ်ယောက်ရဲ့ မိတ်ဆွေ မြို့ပြင်မှာ အန္တရာယ် ကြုံခဲ့ရတယ်လို့ ကြားလိုက်သေးတယ်.. "

​ " ဘာမှ မဖြစ်ပါဘူး အဖေရာ.. ကျွန်တော့် အစွမ်းအစကို အဖေ မသိတာ ကျနေတာပဲ.. "

​ ယန်ကျီဝမ်က မီးဖိုချောင်ဘက်သို့ လျှောက်သွားရင်း ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည် ။

​ ' တကယ်လို့ လူဆိုးတွေနဲ့ ကြုံလာရင်တောင် ငါ့မှာ လက်နက် အစစ်တွေ ရှိနေတာပဲ.. '

​ ယန်ကျီဝမ်က သူ့ကိုယ်သူ ယုံကြည်ချက် အပြည့်ရှိနေ၏ ။

​ " ဒါပေမဲ့ သတိထားရမယ်လေ.. ဒီလို အချိန်မျိုးမှာ လူတွေက အရမ်းကို အခက်တွေ့နေကြတာ.. ဗိုက်ဆာလာရင် ဘာမဆို လုပ်ရဲကြတယ်.. နောက်ဆို မင်း မသွားတာ အကောင်းဆုံးပဲ.. "

​ ယန်ဖူကွေ့က စိုးရိမ်တကြီးဖြင့် ဆက်ပြောနေဆဲပင် ။

​ " အဖေ.. ကျွန်တော်က အ​ဝယ်တော်လေ.. အဝယ်တော်က နယ်ဘက် မဆင်းဘဲ ဘယ်လို ဝယ်လို့ ရမှာလဲ.. "

​ ယန်ကျီဝမ်က အိုးထဲမှ မန်ထိုနှင့် ဟင်းများကို ထုတ်ယူကာ စားရင်း ဖခင်ဖြစ်သူ စိတ်အေးစေရန် ဆက်ပြောလိုက်သည် ။

​ " အဖေ စိတ်မပူပါနဲ့.. ကျွန်တော် ဘာလုပ်ရမလဲ ဆိုတာကို သိပါတယ်.. တကယ်လို့ အန္တရာယ် ရှိလာမယ်ဆိုရင်တောင် တခြားသူတွေထက် ပိုမြန်မြန် ပြေးမှာပါ.. "

​ ယန်ဖူကွေ့ ပါးစပ်ဟလိုက်သော်လည်း မည်သို့ ဆက်ပြောရမည် မသိတော့ချေ ။ နောက်ဆုံးတွင်တော့ သူက...

​ " ဒါဆိုလည်း ကိုယ့်ကိုယ်ကို သတိထားပေါ့.. အန္တရာယ် ကြုံလာရင် ပစ္စည်းတွေ ဘာတွေ ဂရုမစိုက်နဲ့.. အသက်က အရေးအကြီးဆုံးပဲ.. "

​ " နားလည်ပါပြီ ခင်ဗျာ.. "

All Chapters