← Chapters

အခန်း ၁၈၁

Vol. 18 Ch. 181

အခန်း ၁၈၁

Vol. 18 Ch. 181

Chapter 181

~

အခန်း ၁၈၁ : ကြီးမားသော ရိတ်သိမ်းမှု...

~

​နောက်တစ်နေ့ မနက်တွင် ယန်ကျီဝမ်က မြို့ထဲမှ စောစောထွက်လာပြီး ချင်မိသားစုရွာသို့ ထွက်ခွာလာခဲ့သည် ။

​ယခုတစ်ကြိမ်တော့ သူ ကံကောင်းသွား၏ ။ မနေ့ကလို လုယက်ခံရခြင်းမျိုးနှင့် မကြုံတွေ့ရဘဲ ချင်မိသားစုရွာသို့ ဆိုက်ဆိုက်မြိုက်​မြိုက် ရောက်ရှိလာသည် ။

​ရွာထိပ်သို့ ရောက်သည်နှင့် လူအုပ်ကြီး စောင့်ဆိုင်းနေကြသည်ကို သူ မြင်လိုက်ရသည် ။

​" ရွာလူကြီး.. သူ ရောက်လာပြီ.. အဝယ်တော် ရဲဘော်ရောက်လာပြီ.. "

​မျက်စိရှင်သော ရွာသားတစ်ယောက်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည် ။

​ပန်းကန်များကို နှင့် လဲလှယ်မည့် ကိစ္စက မနေ့ညကတည်းက ရွာတစ်ရွာလုံးသို့ ပြန့်နှံ့သွားခဲ့ပြီး ဖြစ်သည် ။

​ရွာလူကြီးက နောက်ပြောင်နေခြင်း မဟုတ်ကြောင်း အတည်ပြုပြီးနောက် အိမ်တိုင်းက သူတို့၏ ပန်းကန်များကို ရွာလူကြီး၏ အိမ်သို့ တက်ကြွစွာ ယူဆောင်လာခဲ့ကြ၏ ။

​ယနေ့ မိုးမလင်းခင်ကတည်းက လူတိုင်း ရွာထိပ်တွင် စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်သည် ။

​ယန်ကျီဝမ် စောစော မလာနိုင်မှန်း သိကြသော်လည်း သူတို့က ဤနေရာတွင်ပင် စောင့်နေခဲ့ကြ၏ ။

​တခြား ရွေးချယ်စရာ မရှိ ။ လူတိုင်းက အသက်ရှင်နိုင်ရန် ရိက္ခာ ကို မျှော်လင့်နေကြခြင်း ဖြစ်သည် ။

​" အားလုံး တိတ်တိတ်နေကြ.. ဘေးကို ဖယ်ပေးလိုက်.. ရဲဘော် လန့်သွား အုံးမယ်.. "

​ရွာလူကြီး စကားပြောပြီးနောက် သူတို့က နာခံစွာ လမ်းဖယ်ပေးလိုက်ကြသော်လည်း ဤနေရာမှ ထွက်မသွားချင်ကြပေ ။

​ယန်ကျီဝမ်သည်လည်း လူအုပ်ကြီးကို မြင်လျှင် လန့်သွားသည် ။

အကယ်၍ သူတို့အားလုံးသာ လက်နက် ကိုင်ဆောင်ထားကြမည်ဆိုပါက ယန်ကျီဝမ်သည် သူ့စက်ဘီးကို ပြတ်သားစွာ စွန့်လွှတ်ပြီး ထွက်ပြေးရန်သာ ရှိတော့၏ ။

​သူက ရွာလူကြီးရှေ့တွင် ရပ်လိုက်ပြီး နောက်ပြောင်လိုက်သည် ။

​" ရွာလူကြီး.. အဘိုးတို့က ကျွန်တော့်ကို.. ကြိုနေကြတာလား.. "

​" ဟုတ်ပါတယ်.. ရဲဘော် .. ငါတို့ ချင်မိသားစုရွာကနေ ကြိုဆိုပါတယ်.. "

​" ဟုတ်တယ်.. ကြိုဆိုပါတယ်.. ကြိုဆိုပါတယ်.. "

​" အဝယ်တော်ကြီး.... နောက်ဆုံးတော့ ရောက်လာပြီပဲ.. "

​" ရဲဘော် က တကယ့် မြို့သားပဲ.. ကြည့်ရတာ ရိုးသားပြီး သပ်ရပ်လိုက်တာ.. သူ အိမ်ထောင်ကျပြီးပြီလား မသိဘူး.. ငါ့အိမ်မှာ သမီး သုံးယောက်တောင် ရှိတယ်.. "

​" ငါ့အိမ်မှာလည်း နှစ်ယောက် ရှိတယ်.. "

​" ငါ့ဆီမှာလည်း ရှိတယ်.. "

​" ... "

​သူတို့ စကားပြောနေရင်း ခေါင်းစဥ်က ပြောင်းသွားသဖြင့် ယန်ကျီဝမ်၏ နဖူးတွင် အနက်ရောင် အရေးအကြောင်းသုံးကြောင်း ပေါ်လာသည် ။

​ဤရွာသားများက တကယ်ကို စိတ်အားထက်သန်လွန်းလှသည် ။

​" ကောင်းပြီ.. အားလုံး တိတ်တိတ်နေကြ.. "

​ရွာလူကြီး ပြောလိုက်သောအခါ အားလုံး တိတ်ဆိတ်သွားကြသည် ။

​ထို့နောက် ရွာလူကြီးက ယန်ကျီဝမ်ကို ပြောလိုက်သည် ။

​" ရဲဘော်ယန်.. ခရီးပန်းလာပြီပဲ.. ငါ့အိမ်မှာ ခဏ နားရအောင်.. "

​ယန်ကျီဝမ်က ခေါင်းညိတ်ပြီး ရွာလူကြီး၏ အိမ်သို့ လိုက်သွားသည် ။

​နောက်ဆုံးတွင် ရွာလူကြီး၏ ညွှန်ကြားချက်ကြောင့် ရွာသားများက အိမ်ပေါက်ဝတွင်သာ စောင့်နေကြရ၏ ။

​ခြံထဲတွင်တော့ ယန်ကျီဝမ်အပြင် ညီအစ်ကို နှစ်ယောက်ဖြစ်သော ချင်ယိုတဲနှင့် ချင်ယိုချိုက်၊ ရွာလူကြီးနှင့် မျက်မှန်တပ်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးသာ ရှိသည် ။

​ရွာလူကြီးက သူ့ကို ယန်ကျီဝမ်နှင့် မိတ်ဆက်ပေးလိုက်သည် ။

​" ရဲဘော် ယန်လေး.. ဒါက ငါတို့ ရွာရဲ့ စာရင်းကိုင် ချင်ဖူချန် တဲ့.. "

​" မင်္ဂလာပါ ဦးလေး ဖူချန်.. "

​ယန်ကျီဝမ်က ခေါင်းညိတ် နှုတ်ဆက်လိုက်သည် ။

​" မင်္ဂလာပါ ရဲဘော် ယန်လေး.. "

​ချင်ဖူချန်ကလည်း ပြန်လည် ခေါင်းညိတ်ပြသည် ။

​ချင်ယိုတဲ ညီအစ်ကိုနှင့် ပတ်သက်၍မူ ဤကိစ္စကို သူက စတင် ဆက်သွယ်ပေးခဲ့ခြင်း ဖြစ်သည့်အပြင် ချင်ယိုချိုက်၏ သမီးကလည်း ယန်ကျီဝမ်၏ အိမ်နီးချင်း ဖြစ်နေသောကြောင့် ရွာလူကြီးက သူတို့ကို နေခွင့်ပြုထားခြင်း ဖြစ်သည် ။

​မိတ်ဆက်ပေးပြီးနောက် အဓိကကိစ္စကို စတင်ရမည့် အချိန်ရောက်လာလေပြီ ။

​ရွာလူကြီးက သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ ပြောလိုက်သည် ။

​" ရဲဘော် ယန်လေး.. ငါတို့ ပန်းကန်တွေ အကုန်လုံး စုထားပြီးပြီ.. ဘယ်လိုလဲ.. "

​" ဟုတ်ကဲ့ပါ... ကျွန်တော်လည်း ပြောင်းဖူးမှုန့်တွေ ယူလာခဲ့ပါတယ်.. ဒါပေမဲ့ ပစ္စည်းတွေ အရင် စစ်ကြည့်ရမယ်.. "

​ယန်ကျီဝမ်က ခေါင်းညိတ် သဘောတူ လိုက်သည် ။

​ချင်မိသားစုရွာသို့ ရောက်ခါနီးတွင် သူက ရမှတ်စတိုးမှ ပြောင်းဖူးမှုန့် အိတ်ကြီး နှစ်အိတ်ကို ကြိုတင် လဲလှယ်ထားခဲ့ပြီး ဖြစ်သည် ။

​ရွာလူကြီးနှင့် တခြားသူများကလည်း ထိုအိတ်များကို စက်ဘီးပေါ်တွင် မြင်တွေ့ခဲ့ရသည် ။

​အိတ်များ၏ အရွယ်အစားအရ တစ်အိတ်လျှင် ကျင်းနှစ်ရာခန့် အလေးချိန် ရှိနိုင်ပေသည် ။

​ယခုတော့ ရွာလေးက နောက်ဆုံးတွင် ကယ်တင်ခံလိုက်ရပေပြီ ။

​" သေချာတာပေါ့.. ပြဿနာ မရှိပါဘူး.. "

​ရွာလူကြီးက ချင်ယိုတဲ ညီအစ်ကိုကို ညွှန်ကြားလိုက်သည် ။

​" ယိုချိုက်. ယိုတဲ.. အိမ်ထဲဝင်ပြီး ပန်းကန်တွေ ယူလာခဲ့ကြ.. ဂရုစိုက်နော်.. "

​" ဟုတ်ကဲ့ပါ တတိယဦးလေး.. "

​သူတို့ နှစ်ယောက်က ပြန်ဖြေပြီး အလုပ်လုပ်ရန် သွားကြသည် ။

​ချင်မိသားစုရွာရှိ လူအများစုမှာ ချင် မျိုးရိုးရှိကြပြီး အားလုံးက ဘိုးဘေးတစ်ဦးတည်းမှ ဆင်းသက်လာကြသူများ ဖြစ်ကာ အပြင်လူ မိသားစု အနည်းငယ်သာ ရှိသည် ။

​ရွာလူကြီးက သူတို့၏ ဖခင်ဘက်မှ ဦးလေးလည်း ဖြစ်သောကြောင့် သူတို့က သူ၏ ညွှန်ကြားချက်များကို လိုက်နာရပေမည် ။

​မကြာမီတွင် ချင် ညီအစ်ကိုက ပန်းကန်များကို သယ်ဆောင်ကာ ထွက်လာကြသည် ။

​ယန်ကျီဝမ်က တစ်ချက် ကြည့်လိုက်ပြီးနောက် အသံမထွက်ဘဲ ရေရွတ်လိုက်သည် ။

​" အိုးမိုင်ဂေါ့... "

​ခန့်မှန်းခြေအားဖြင့် အနည်းဆုံး အလုံးတစ်ရာနီးပါး ရှိနိုင်သဖြင့် ကြီးမားသော ရိတ်သိမ်းမှုပင် ။

​ပန်းကန်များကို စစ်ဆေးရန် လိုအပ်သေး၏ ။

​ထို့ကြောင့် ယန်ကျီဝမ်က စတင်စစ်ဆေးတော့သည် ။

​ဆယ်မိနစ်ခန့် ကြာပြီးနောက် ယန်ကျီဝမ်က စစ်ဆေးမှု ပြီးစီးသွားသည် ။

​ဤနေရာတွင် ပန်းကန်များသာမက ပုလင်းများနှင့် တခြားပစ္စည်း အချို့လည်း ရှိနေသေးသည် ။

​ယန်ကျီဝမ် စမ်းသပ်ကြည့်လိုက်ရာ ကြွေပုလင်းများအတွက် ရမှတ်များက ပန်းကန်များထက် အများကြီး ပိုများကြောင်း တွေ့ရသည် ။

ဤသည်က မျှော်လင့်မထားသော အပိုဆုတစ်ခုပင် ။

​ယန်ကျီဝမ်က ရွာလူကြီးနှင့် တခြားသူများကို ခေါင်းညိတ်ပြလိုက်သည် ။

​" ပစ္စည်းတွေက ကောင်းပါတယ်.. ကြွေပုလင်းတွေအတွက် တစ်လုံးကို ပြောင်းဖူးမှုန့် ၂ ကျင်း အပိုဆောင်းပေးမယ်.. "

​" ကောင်းတယ်.. ကောင်းတယ်.. ဒါဆိုရင်လည်း ဒီအဘိုးကြီးက ရွာသားတွေ ကိုယ်စား ကျေးဇူးတင်ပါတယ်ကွာ.. "

​ရွာလူကြီး အလွန် ပျော်ရွှင်သွားသည် ။

​ထို့နောက် သူက စာရင်းကိုင် ချင်ဖူချန်ကို စာရင်းစတင် တွက်ချက်စေသည် ။

​ခဏအကြာတွင် ချင်ဖူချန်က ရေတွက်မှု ပြီးစီးသွားသည် ။

​သူက ယန်ကျီဝမ်ကို ပြောလိုက်သည် ။

​" ဒီမှာ ပန်းကန် ၇၂ လုံးနဲ့ ကြွေပုလင်း ၁၁ လုံး ရှိတယ်.. စုစုပေါင်း ပြောင်းဖူးမှုန့် ၄၃၇ ကျင်း ကျတယ်.. ရဲဘော် ယန်လေး.. ဘယ်လိုလဲ.. "

​ချင်ဖူချန်၏ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲနေသည် ။

​သူတို့က တစ်ကြိမ်တည်းနှင့် ပြောင်းဖူးမှုန့် ကျင်း ရာပေါင်းများစွာကို လဲလှယ်နိုင်ခဲ့သည် ။ အိမ်တိုင်းအတွက် အများကြီး မရနိုင်သော်လည်း ချွေတာစားသုံးပါက အချိန်အတော်ကြာ ခံနိုင်သည် ။ ဤသည်က အသက်ကယ် ရိက္ခာ များပင် ဖြစ်၏ ။

​သူတင်မကဘဲ ရွာလူကြီးနှင့် အပြင်ဘက်တွင် စောင့်နေသော ရွာသားများကလည်း အလွန် စိတ်လှုပ်ရှားနေကြသည် ။

​" အင်း.. အရေအတွက် မှန်ပါတယ်.. "

​ယန်ကျီဝမ်က သုံးဘီးစက်ဘီးပေါ်ရှိ အိတ်နှစ်လုံးကို လက်ညှိုးထိုးပြကာ ပြောလိုက်သည် ။

​" ဒီအိတ်တစ်အိတ်စီမှာ ပြောင်းဖူးမှုန့် ကျင်း ၂၀၀ စီ ပါတယ်.. ကျန်တာကိုတော့ ငွေသားနဲ့ ရှင်းပေးလို့ရသလို နောက်တစ်ခေါက် ကျွန်တော် လာမှ လဲပေးတာကို စောင့်လို့လည်း ရပါတယ်.. "

​ရွာလူကြီးက လက်ဝှေ့ယမ်းကာ ပြောလိုက်သည် ။

​" မလိုပါဘူး.. ဂျင် လေးရာဆိုရင် လုံလောက်ပါပြီ.. "

​" ရွာလူကြီး.. "

​ချင်ဖူချန်က ရွာလူကြီးကို စိုးရိမ်တကြီး ကြည့်လိုက်သည် ။

​ရွာသားများကလည်း အလွန် စိုးရိမ်သွားကြသည် ။

​ထိုသည်က ပြောင်းဖူးမှုန့် ၃၀ ကျင်းကျော် ။

​သာမန်အချိန်များတွင်ဆိုလျှင် ပြဿနာမရှိသော်လည်း ယခုအချိန်တွင် ပြောင်းဖူးမှုန့် လက်တစ်ဆုပ်က အသက်တစ်ချောင်းကို ကယ်တင်နိုင်သည် ။

​သူတို့ မည်သို့ လက်လွတ်ခံနိုင်ပါမည်နည်း ။

​ထို့ကြောင့် တီးတိုး ဆူညံသံများ ချက်ချင်း ထွက်ပေါ်လာသည် ။

​" မင်းတို့အားလုံး ပါးစပ်ပိတ်ထားကြစမ်း.. "

​ရွာလူကြီး၏ မျက်နှာက မည်းမှောင်သွား၏ ။

​' ဒီအမြော်အမြင်နည်းတဲ့ အရူးတွေ.. ပြောင်းဖူးမှုန့် နည်းနည်းလေး ရှိတာကို.. ဒီလောက် စွမ်းရည်ရှိတဲ့ ရဲဘော် ရဲ့ စေတနာနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ ..'

​ယခုချိန်တွင် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားသည်က နောင်အနာဂတ်တွင် အရာရာကို ပိုပြီး လွယ်ကူသွားစေနိုင်သည် ။

​ယန်ကျီဝမ်သာ ဤနေရာတွင် မရှိနေပါက သူ အသံကျယ်ကြီးဖြင့် ဆဲမိလောက်ပေမည် ။

​အားလုံး တိတ်ဆိတ်သွားပြီးနောက် ရွာလူကြီးက လေးနက်သော အသံဖြင့် ...

​" ကျန်တဲ့ ပြောင်းဖူးမှုန့် ကျင်း ၃၀ကို ငါ့ဝေစုထဲကနေ နုတ်လိုက်မယ်.. "

​သူ ထိုသို့ပြောလိုက်သည်နှင့် လူတိုင်းက ကန့်ကွက်စရာ မရှိတော့ပေ ။

​ကြွေထည်ပစ္စည်းများထဲတွင် ရွာလူကြီး၏ မိသားစုက အများဆုံးဖြစ်ပြီး ကြွေပုလင်းများ အပါအဝင် တစ်ဒါဇင်ကျော်သည် ။

​ယန်ကျီဝမ်က သူ့ဆိုလိုရင်းကို နားလည်သွားကာ ပြုံး၍ ပြောလိုက်သည် ။

​" ကျေးဇူးတင်ပါတယ် ရွာလူကြီး.. ဒါပေမဲ့ မလိုပါဘူး.. အဘိုး ကျွန်တော့်ကို ယုံကြည်တယ်ဆိုရင် နောက်တစ်ခေါက် လာတဲ့အခါ ယူလာပေးပါ့မယ်.. "

​" ယုံတာပေါ့.. သေချာပေါက် ယုံတာပေါ့.. "

​ရွာလူကြီးက ကန့်ကွက်စရာ မရှိပေ ။

​ဤကဲ့သို့ခေတ်ကာလမျိုးမှာ ပြောင်းဖူးမှုန့် ကျင်း ၄၀၀ ကို လွယ်လွယ်ကူကူ ထုတ်ပေးနိုင်တဲ့သူက ကျင်း အနည်းငယ်လောက်ကို လိမ်မည် မဟုတ်ပေ ။

​ရွာသား အရူးများက အသိဉာဏ် နုံချာလှ၏ ။ ပြောင်းဖူးမှုန့် ကျင်း ၃၀ ကျော်ထက် ယန်ကျီဝမ်ကို အမြင်ကောင်းချန်ခဲ့ခြင်းက ပိုကောင်းပေသည် ။

​" ဒါဆိုလည်း ကောင်းပါပြီ.. "

​ယန်ကျီဝမ်က ချင်ဖူချန်ကို ပြောလိုက်သည် ။

​" ဦးလေး ဖူချန်.. ပြောင်းဖူးမှုန့်ကို ချိန်ကြည့်လိုက်ပါအုံး.. အားလုံး အဆင်ပြေတယ်ဆိုရင် ကျွန်တော် ပြန်တော့မယ်.. "

​" အေးအေး.. "

​မကြာမီတွင် ချင်ဖူချန်က ခေါင်းညိတ်ကာ ...

​" အလေးချိန် မှန်ပါတယ်.. ကျင်း ၄၀၀ ကွက်တိ ပဲ.. "

​" ဟုတ်ကဲ့ပါ.. ဒါဆို ကျွန်တော် အခုပဲ ပြန်တော့မယ်နော်.. "

​ယန်ကျီဝမ်က ရွာလူကြီးကို ပြောလိုက်သည် ။

​" ရွာလူကြီး.. နောက်တစ်ခေါက် လာတဲ့အခါ အဘိုးရဲ့ ပြောင်းဖူးမှုန့်ကို ကျွန်တော် ယူလာပေးပါ့မယ်.. "

​" ပြဿနာ မရှိပါဘူး.. "

​ရွာလူကြီးက မနေနိုင်ဘဲ မေးလိုက်သည် ။

​" ရဲဘော် ရှောင်ယန်.. နောင်ရော ဆက်ပြီး ဝယ်အုံးမှာလား.. "

​ယန်ကျီဝမ် အံ့သြသွားသည် ။

​" အဘိုးတို့ ရွာမှာ ကျန်သေးလို့လား.. "

​" ရှာကြည့်မယ်ဆိုရင်တော့ ရှိနိုင်ပါသေးတယ်.. "

​ရွာလူကြီးက မရေမရာ ပြောလိုက်သည် ။

​ယန်ကျီဝမ် သဘောပေါက်သွားသည် ။ သူ နောက်ဘက် တောင်ပေါ်တွင် ကံစမ်းရန် ထပ်မံ စီစဉ်နေပုံရသည် ။

​" ဟုတ်ပါတယ်.. အဘိုးတို့ဆီမှာ ရှိသလောက် အကုန် ယူမှာပါ.. "

​" ဒါဆို ကောင်းတာပေါ့.. "

​ကျေနပ်စရာ အဖြေကို ရလိုက်သဖြင့် ရွာလူကြီး အလွန် ပျော်ရွှင်သွားသည် ။

​သူ ယန်ကျီဝမ်ကို ထမင်းစား ဖိတ်ရန် စီစဉ်ထားသော်လည်း ယန်ကျီဝမ်က ငြင်းဆန်ကာ ချင်မိသားစုရွာမှ ထွက်ခွာသွားသည် ။

​ဤသည်က တကယ်ကို ကြီးမားသော ရိတ်သိမ်းမှု တစ်ခုပင် ။

​ စုဆောင်းရန်အတွက် မဟုတ်လျှင်ပင် ရမှတ်များနှင့် လဲလှယ်ရန် အသုံးပြုပါက ရမှတ် ငါးထောင်နီးပါး ရရှိမည် ဖြစ်သည် ။

​'ရမှတ် ငါးထောင်ဆိုရင် ပစ္စည်းဘယ်လောက်တောင် လဲလို့ ရနိုင်မလဲ ...'

ဤသည်ကို တွေးမိပြီးနောက် ယန်ကျီဝမ်က သီချင်းတစ်ပုဒ်ကို ညည်းရင်း မြို့သို့အပြန် ခရီးကို စတင်ခဲ့လေတော့သည် ။

All Chapters