← Chapters

အခန်း ၁၈၃

Vol. 18 Ch. 183

အခန်း ၁၈၃

Vol. 18 Ch. 183

Chapter 183

~

အခန်း ၁၈၃ : စိတ်ဝင်စားသွားသော ရှာကျူး

~

​" အဲ့စကားက ဘာကို ဆိုလိုတာလဲ.. "

​ယွီလီက အံ့သြစွာ မေးလိုက်သည် ။

​" ရှင်လည်း အသက်ကြီးနေပြီပဲ.. တစ်သက်လုံး လူပျိုကြီး လုပ်နေတော့မှာလား.. ပြီးတော့ ရှင်သာ မိန်းမရလာရင် အိမ်မှုကိစ္စတွေ လုပ်ပေးမယ့်သူ ရှိမယ်.. ယွီဆွေကိုလည်း စောင့်ရှောက်ပေးနိုင်မယ်လေ.. ဒါဆိုရင် ကောင်းမွန်တဲ့ ဘဝတစ်ခု ဖြစ်မလာနိုင်ဘူးလား.. "

​ရှာကျူးက နှာခေါင်းရှုံ့လိုက်ပြီး...

​" ပြောတော့ လွယ်တာပေါ့.. မိန်းမယူတာက အဲ့လောက် လွယ်တဲ့ ကိစ္စလား.. အခုချိန်မှာ အစားအသောက်က ရှားပါးနေတာ.. ငါနဲ့ ယွီဆွေတောင် မနည်း နေ နေရတာ.. နောက်ထပ် ပါးစပ်တစ်ပေါက် တိုးလာရင်တော့ ငါ သေရုံပဲ ရှိတော့မှာ.. "

​ထိုစကားကို ကြားသောအခါ ယန်ကျီဝမ် နှုတ်ခမ်းမဲ့လိုက်သည် ။

​သူ ပြောသည့်ပုံစံက မိန်းမ မယူလျှင် သူ့မိသားစုတွင် အစားအသောက် ဝလင်နေသယောင်ပင် ။ တကယ်တမ်းတွင် ကျားမိသားစုကြောင့် ယွီလီ ဝအောင် မစားရပေ ။

​သူ့ကို မိန်းမတစ်ယောက် မိတ်ဆက်ပေးခြင်းက တစ်နည်းအားဖြင့် သူ့ကို ကူညီပေးရာ ရောက်သည် ။

​သူသာ မိန်းမရသွားလျှင် ချင်ဟွိုင်ရု အကြောင်း တွေးနေတော့မည် မဟုတ်သလို ကျားမိသားစု၏ သွေးစုပ်ခြင်းကိုလည်း ရှောင်လွှဲနိုင်မည် ဖြစ်ပြီး အပိုလူအဖြစ် နေထိုင်ရသည့် ဘဝမှလည်း လွတ်မြောက်သွားနိုင်သည် ။

​" အဲ့လိုလည်း မဟုတ်ဘူးလေ .. "

​ယန်ကျီဝမ်က ..

​" ခြံဝင်းထဲမှာ မင်းရဲ့ အရည်အချင်းကို ဘယ်သူ မသိဘဲ ရှိမလဲ.. စကားပုံရှိတယ်လေ.. စားဖိုမှူးဟာ အငတ်ဘေးမှာတောင် ငတ်မသေဘူးတဲ့.. ဒီခြံဝင်းထဲမှာ ရှိတဲ့သူတွေ အားလုံး ငတ်နေရင်တောင် ခေါင်းဆောင် စားဖိုမှူး ဖြစ်တဲ့ မင်းကတော့ သေချာပေါက် ငတ်မှာ မဟုတ်ဘူး..ဟုတ်တယ်မလား.. "

​" ဟမ့်.. ယန်လောင်အာ.. ချိုသာတဲ့ စကားလုံး တွေနဲ့ ငါ့ကို လှည့်စားလို့ ရမယ် ထင်မနေနဲ့.. "

​ရှာကျူးက နှာခေါင်းရှုံ့လိုက်သော်လည်း သူ၏ နှုတ်ခမ်း ထောင့်အစွန်းများ မြှောက်တက်လာသည်ကို ကြည့်ခြင်းအားဖြင့် သူ အတော်လေး သဘောကျနေကြောင်း သိသာ၏ ။ သူက မာနကြီးနေရုံသာ ဖြစ်သည် ။

​ယန်ကျီဝမ်က မီးတောက်နေတုန်း လောင်စာထည့်လိုက်သည် ။

​" ငါ ပြောတာ အမှန်တွေချည်းပါပဲ.. ပြီးတော့ မင်းလည်း မိန်းမယရမယ့် အရွယ် ရောက်နေတာ ကြာပြီလေ.. ဆောင်းရာသီလည်း နီးလာပြီ.. အိပ်ရာနွေးနွေးလေး ဖြစ်အောင် ဖေးမပေးမယ့်သူလေး ရှိရင် မကောင်းဘူးလား.. "

​စကားပြော အပြီးတွင် သူ၏ ခါးတွင် ပူခနဲ တစ်ချက် ဖြစ်သွားသည် ။ သူ ခေါင်းလှည့်ကြည့်လိုက်ရာ ယွီလီက သူ့အား မျက်စောင်းထိုးနေ၏ ။

​" ငါ ရှိနေသေးတာကို.. ဒီလို စကားမျိုးတွေ ပြောသင့်လို့လား.."

​ရှာကျူး၏ မျက်နှာပေါ်တွင် စိတ်အားထက်သန်မှုများ ပေါ်လာသည် ။ ဤစကားများက သူ၏ စိတ်ကို လှုပ်ခပ်သွားစေခဲ့သည် ။

​သူ ဆယ်ကျော်သက် အရွယ်ကတည်းက မိန်းမလိုချင်စိတ် စတင်ဖြစ်ပေါ်လာခဲ့၏ ။

​ထိုအချိန်က ချင်ဟွိုင်ရု ခြံဝင်းထဲကို စရောက်လာသည့် အချိန်ပင် ။

​အထူးသဖြင့် ယန်ကျီဝမ် ပြောသည်ကို တိတ်တဆိတ် နားထောင်မိပြီးနောက်တွင် သူ မိန်းမယူရန် ပို၍ လိုလားလာသည် ။

​သို့သော် မျက်မမြင်ချိန်းတွေမှု များစွာကို လုပ်ခဲ့သော်လည်း အားလုံး အဆင်မပြေခဲ့ပေ ။

သူ အခုထိ နားမလည်သေး ။ သူတို့၏ အချို့သော အချက်များကို မနှစ်သက်သော်လည်း အချို့ကိုတော့ ဆွဲဆောင်မှု ရှိသည်ဟု သူ မြင်ခဲ့သည် ။

​အစပိုင်းတွင် သူတို့နှင့် ကောင်းကောင်း စကားပြောနိုင်ခဲ့သော်လည်း နောက်ဆုံးတွင်တော့ အမြဲတမ်း ပျက်စီးသွားခဲ့၏ ။

​သူ အထင်ကြီးဆုံး ပုဂ္ဂိုလ်ကြီးက သူ၏ နောက်ကွယ်တွင် မကောင်းပြောနေခြင်းကြောင့်သာ ဤကဲ့သို့ ဖြစ်နေရသည်ကို သူ လုံးဝ မသိခဲ့ပေ ။

​မဟုတ်လျှင် ရှာကျူး၏ အခြေအနေများကြောင့် မိန်းမ ရသည်မှာ ကြာလေပြီ ။

​ရှာကျူးက တုံ့ဆိုင်းသွားပြီး...

​" ဒါပေမဲ့ ဒီကို ထွက်ပြေးလာကြတဲ့သူတွေက ကျေးလက်ဒေသက အိမ်ထောင်စုစာရင်းတွေပဲ မလား.. သူတို့ကိုယူရင် ကလေးတွေက ပုံမှန် ရိက္ခာရမှာ မဟုတ်ဘူးလေ.. ငါ့ မိသားစုက ရိက္ခာ မရှားပေမဲ့ ဒါက အရမ်း ရှုပ်ထွေးတယ်.. "

​ရှာကျူး လျော့ကျသွားသည်ကို မြင်သောအခါ ယွီလီ၏ မျက်လုံးများ အရောင်တောက်သွားပြီး ....

​" ရှာကျူး.. ရှင် စိုးရိမ်စရာ မလိုပါဘူး.. ရှင်သာ မိန်းမယူဖို့ သဘောတူမယ်ဆိုရင် လမ်းရုံးကိုလည်း ကူညီရာ ရောက်တာပေါ့.. အထက်က လူကြီးတွေက ရှင့်ကို လျစ်လျူရှုထားမှာ မဟုတ်ဘူး..လမ်းရုံးက ရှင့်ကို ထောက်ပံ့ကြေး ပေးမှာပါ.. "

​ယခုအချိန်၌ အိမ်တိုင်းက ရုန်းကန်နေကြရသဖြင့် အကျိုးအမြတ် မပေးလျှင် မည်သူမှ ဝန်ထုတ်ဝန်ပိုး လိုချင်ကြမည် မဟုတ်ပေ ။

​" ... ကောင်းပြီလေ.. "

​ရှာကျူး နောက်ဆုံးတွင် သဘောတူလိုက်သည် ။ သို့သော် သူ သတိပေးလိုက်၏ ။

​" ဒါပေမဲ့ တစ်ခု ပြောထားမယ်နော်.. လူက သင့်တော်မှ.. မသင့်တော်ရင်တော့ ငါ မလိုချင်ဘူး.. "

​ယန်ကျီဝမ်တို့ လင်မယား အချင်းချင်း ကြည့်လိုက်ကြသည် ။

​ယန်ကျီဝမ်က ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်သည် ။

​" စိတ်ချပါ.. မင်း လှတဲ့သူကိုပဲ လိုချင်တာ မလား.. ငါ့မိန်းမက မင်းအတွက် သင့်တော်တာ ရှာပေးလိမ့်မယ်.. ဒါပေမဲ့ အဲ့ဒီမိန်းကလေးတွေ အားလုံးက ဒုက္ခသည်တွေ လေ စာတတ်ပေတတ် လိုချင်တယ် ဆိုရင်တော့ မေ့လိုက်တော့.. "

​ရှာကျူး၏ ဇနီးသည်အပေါ် စံနှုန်းကို ခြံဝင်းထဲက လူတိုင်း သိကြသည် ။

​ထိုစကားကို ကြားသောအခါ ရှာကျူး၏ အိုမင်းသော မျက်နှာက ချက်ချင်းပင် နီရဲသွား၏ ။

​အမှန်တော့ သူ အရင်က ထိုသို့ ပြောဖူးသော်လည်း မျက်မမြင်ချိန်းတွေ့မှု အကြိမ်ကြိမ် ပျက်ပြီးနောက် သူ၏ စံနှုန်းကို လျှော့ချခဲ့သည်မှာ ကြာလေပြီ ။

​သူ့အတွက် လှပပြီး အိမ်မှုကိစ္စ နိုင်နင်းသော မိန်းမ ဖြစ်လျှင် လုံလောက်၏ ။

​သူ့တွင် ကန့်ကွက်စရာ မရှိတော့သည်ကို မြင်လျှင် ယန်ကျီဝမ်နှင့် ယွီလီတို့ ထွက်ခွာရန် ပြင်လိုက်ကြသည် ။

​မထွက်ခွာမီ ယန်ကျီဝမ်က နောက်လှည့်ကာ ရှာကျူးကို ပြုံး၍ ပြောလိုက်သည် ။

​" ရှာကျူး.. မင်း တကယ် ကံကောင်းတဲ့ အချိန်ကို မိတာပဲ.. အငတ်ဘေးနဲ့ ကြုံနေရတာတောင် မိန်းမ ရနိုင်သေးတယ်.. တကယ်လို့ နောက်ထပ် နှစ်နည်းနည်းသာ ကြာသွားရင် မင်း တစ်သက်လုံး လူပျိုကြီး ဖြစ်သွားမှာ.. "

​ထိုစကားကို ပြောခဲ့ပြီး ယန်ကျီဝမ်တို့ ထွက်သွားကြသည် ။

​ရှာကျူး မျက်မှောင်ကြုတ်သွားပြီး...

​'ယန်လောင်အာ ပြောတာ ဘာကို ဆိုလိုတာလဲ.. '

​' ငါ အခု မိန်းမ မရရင် နောက်ဆို မရနိုင်တော့ဘူးလို့ ဆိုလိုတာလား..'

​'ဟမ့် ငါ့ကို အထင်လာသေးနေတာ ..'

​'ငါ့ လစာက တစ်လကို ၃၅.၅ ယွမ် ရတယ်.. ပြီးတော့ အိမ်လည်း ရှိတယ်.. အရည်အချင်း ရှိတဲ့သူ တစ်ယောက်ပဲ..ငါ ဘာလို့ မိန်းမ မရနိုင် ရမှာလဲ... "

​သူသည် ရုပ်ရှင်ထဲက ဇာတ်လမ်းအတိုင်း ၁၉၆၁ ခုနှစ်ကစပြီး ကျားမိသားစု၏ ဂုတ်သွေးစုပ်ခံရကာ ဆင်းဆင်းရဲရဲ သေရမည်ကိုတော့ စဥ်းစားနိုင်မည် မဟုတ်ချေ ။

​သူ အိုမင်းလာသောအခါ အိမ်ထဲမှ မောင်းထုတ်ခံရမည် ။ နောက်ဆုံးတွင် တံတားအောက်တွင် အေးခဲပြီး သေဆုံးမည့် ဘဝသို့ ရောက်သွားသည် ။

​........

​အခြားတစ်ဖက်တွင်လည်း...

​ယန်ကျီဝမ်တို့ ရှာကျူး၏ အိမ်မှ ထွက်လာသည်နှင့် ယန်ကျီဝမ်က ယွီလီကို မေးလိုက်သည် ။

​" မိန်းမ. ညစာ အရင်စားကြမလား.. ဒါမှမဟုတ် ယီကျုံးဟိုင်ရဲ့ မိသားစုဆီ သွားကြမလား.. "

​ယွီလီ ကောင်းကင်ကို ကြည့်လိုက်ပြီး...

​" အဘိုးကြီး အိမ်ကို အရင်သွားကြမယ်.. အချိန် သိပ်မကြာပါဘူး.. "

​" ကောင်းပြီလေ.. "

​ယန်ကျီဝမ် သတိပေးလိုက်သည် ။

​" ဒါပေမဲ့ အရမ်းကြီး မျှော်လင့်မထားနဲ့နော်.. ယီကျုံးဟိုင်ကို ဖျောင်းဖျနိုင်ဖို့က အခွင့်အရေး သိပ်မရှိဘူးလို့ ထင်တယ်.. "

​" ကြိုးစားကြည့်ရမှာပေါ့.. ဒါ ကျွန်မတို့ လုပ်နေကျ အလုပ်ပဲလေ.. "

​ထို့နောက် လင်မယား နှစ်ယောက် ယီမိသားစု၏ တံခါးကို ခေါက်လိုက်ကြသည် ။

​" ပထမ ဦးလေး.. အိမ်မှာလား.. "

​အတွင်း၌ ယီကျုံးဟိုင်တို့ လင်မယား ညစာ စားနေကြသည် ။

​တံခါးခေါက်သံကို ကြားလျှင် ယီကျုံးဟိုင် မျက်မှောင်ကြုတ်လိုက်သည် ။

​" ဒီအချိန်ကြီး ဘယ်သူ ငါ့ကို လာရှာတာလဲ.. "

​အဒေါ်ယီက မသေချာဟန်ဖြင့် ပြောလိုက်သည် ။

​" ယန်မိသားစုက ယွီလီရဲ့ အသံလို့ ထင်တယ်.. "

​' ယန်လောင်အာရဲ့ မိန်းမက ငါ့ဆီကို ဘာလာလုပ်တာလဲ..'

​သူ အံ့သြသော်လည်း ပန်းကန်နှင့် တူကို ချလိုက်ပြီး တံခါးဖွင့်ပေးလိုက်သည် ။

​ယန်ကျီဝမ်တို့ ရောက်လာသည်ကို မြင်လျှင်..

​" ဆွေးနွေးစရာ ရှိလို့လား.. အထဲဝင်ပြီး အရင် ထိုင်ကြလေ.. "

​သူ့ပုံရိပ်ကို ထိန်းသိမ်းရန်အတွက် စိတ်မပါသော်လည်း သူတို့ကို အိမ်ထဲသို့ ဖိတ်ခေါ်လိုက်သည် ။

​အဒေါ်ယီက ယဥ်ကျေးစွာ ပြောသည် ။

​" ယန်ကျီဝမ်.. ယွီလီ.. စားပြီးပြီလား.. တစ်ခါတည်း ဝင်စား .. "

​ယွီလီ လက်ကို ဝှေ့ယမ်းလိုက်ပြီး...

​" ကျေးဇူးတင်ပါတယ် ရှင့်.. .. အိမ်မှာ ညစာ ချက်ပြီးသွားပြီ.. စကား နည်းနည်း ပြောပြီး ပြန်တော့မှာပါ.. "

​ထို့နောက် ယွီလီက ယီကျုံးဟိုင်ကို ပြောလိုက်သည် ။

​" ဦးလေး... တကယ်တော့ ဒီလိုပါ.. "

​ယွီလီက ဖြစ်ပျက်နေသော အခြေအနေကို ယီကျုံးဟိုင်အား ရှင်းပြလိုက်သည် ။

​နောက်ဆုံးတွင် သူ မေးလိုက်သည် ။

​" ဦးလေး.. ကလေး မွေးစားဖို့ စိတ်ကူး ရှိလား.. "

​ယွီလီ၏ ရှင်းပြချက်ကို နားထောင်ပြီးသည်နှင့် ယီကျုံးဟိုင်၏ မျက်နှာက တင်းမာသွားသည် ။

​သူ၏ အမူအရာကို ကြည့်ရုံဖြင့် သူ ငြင်းတော့မည် ဖြစ်ကြောင်း သိသာနေ၏ ။

​သို့သော် အဒေါ်ယီက အနည်းငယ် စိတ်လှုပ်ရှားနေပုံ ပေါ်သည် ။

​သူမ ကလေး မွေးစားရန် အကြံအစည် ရှိခဲ့သည်မှာ ကြာပေပြီ ။

သူမတို့ ကိုယ်တိုင် မွေးထားသည့် ကလေးဆိုလျှင် အကောင်းဆုံး ဖြစ်လိမ့်မည်ဟု အမြဲ ထင်နေခဲ့သည် ။ နောက်ခံကို အသေအချာ သိရှိပြီး ငယ်ငယ်လေးကတည်းက ပြုစုထားသော ကလေးကသာ နာခံပေလိမ့်မည် ။ သူတစ်ပါး၏ ကလေးကို အားကိုးရသည်ထက် ပိုကောင်းသည်ဟု သူမ ယူဆထားသည် ။

​ကျားဒုံရွှီကို ဥပမာ ပေးရမည်ဆိုလျှင် သူက သားလိမ္မာ ဖြစ်သော်လည်း အိမ်တွင် ပြုစုရမည့် အဘွားကြီးတစ်ယောက် ရှိနေသေးသည် ။ ကျားဒုံရွှီ က သူမတို့ကို ပြုစုစောင့်ရှောက် လိမ့်မည်ဟု မယုံချေ ။

​

​သို့သော် ယီမိသားစုကို ယီကျုံးဟိုင်ကသာ ဦးစီးနေခြင်း ဖြစ်၍ သူမ ဝင်မပြောနိုင်ဘဲ မျှော်လင့်ချက်ဖြင့်သာ ကြည့်နေမိသည် ။

​သို့သော် နောက်ဆုံးတွင်တော့ သူမ စိတ်ပျက်သွားရ၏ ။

​ယီကျုံးဟိုင် ခေါင်းခါလိုက်ပြီး ...

​" စိတ်မကောင်းပါဘူး.. ငါ့ မိသားစုမှာ ဒီလို စိတ်ကူး မရှိဘူး.. ငါ့ရဲ့ လစာက မနည်းပေမဲ့ အဘွားကြီးရဲ့ ကျန်းမာရေး မကောင်းဘူး.. တစ်နှစ်ပတ်လုံး ဆေးကုနေရတာ.. အိမ်စရိတ်ကလည်း အများကြီးပဲ.. နောက်ထပ် ပါးစပ်တစ်ပေါက်ကို တကယ် မကျွေးနိုင်ဘူး.. "

All Chapters