← Chapters

အခန်း ၁၈၄

Vol. 18 Ch. 184

အခန်း ၁၈၄

Vol. 18 Ch. 184

Chapter 184

~

အခန်း ၁၈၄ : ယွီလီ ကိုယ်ဝန်ရှိနေပြီ

~

" ဟုတ်တယ်.. အခုချိန်မှာ အရမ်း ကျပ်တည်းနေတာ.. ပြီးတော့ ငါတို့ မိသားစုရဲ့ ရိက္ခာက နောက်ထပ် တစ်ယောက်ကို ထပ်ကျွေးဖို့ မလောက်ဘူး.. "

ပထမအဒေါ်က ထောက်ခံလိုက်သည် ။

သူမ စိတ်ထဲတွင် ဆန္ဒရှိနေသော်လည်း ယီကျုံးဟိုင်၏ ဆန္ဒကိုတော့ မဆန့်ကျင်ရဲပေ ။

ယန်ကျီဝမ်က ယီကျုံးဟိုင်၏ အတွေးများကို နားလည်ထား၍..

" ပထမဦးလေး.... ကိုယ့်သွေးသား အရင်းက အမြဲတမ်း အကောင်းဆုံးပါ.. သူများသားသမီးကိုပဲ အမြဲအားကိုးနေမယ်ဆိုရင် နောက်ဆုံးကျ အဖက်မတင် ဖြစ်သွားလိမ့်မယ်.. "

" ဟုတ်ပါတယ် ပထမဦးလေး... အငတ်ဘေးကြောင့် ထွက်ပြေးလာတဲ့ ကလေးတွေထဲမှာ တချို့ဆို ဘာမှ မသိနားမလည်သေးတဲ့ အရွယ်လေးတွေပဲ ရှိသေးတယ်.. သူတို့ကို သေချာ သင်ကြားပေးမယ်ဆိုရင် နောင်တစ်ချိန်ကျ သေချာပေါက် အားကိုး ရမှာပါ ..."

ယွီလီက ဝင်ပြောလိုက်သည် ။

ထိုစကားကို ကြားသောအခါ ယီကျုံးဟိုင်၏ မျက်နှာပေါ်တွင် မကျေနပ်သည့် အရိပ်အယောင်တစ်ခု ပေါ်လာ၏ ။

' ဒါက ဘာကို ဆိုလိုချင်တာလဲ.. ငါ့ရဲ့ အကဲဖြတ်နိုင်စွမ်းက ညံ့တယ်လို့ ထင်နေတာလား.. '

သူ တွေးလိုက်သည် ။

ကျားဒုံရွှီဆိုသည်က ငယ်ရာမှ ကြီးပြင်းလာသည်အထိ သူသေချာ စောင့်ကြည့်လာခဲ့သူဖြစ်ပြီး ထိုကလေးက ငယ်စဥ်ကတည်းကပင် မိဘအပေါ် ရိုသေကိုင်းရှိုင်းတတ်သူဖြစ်သည် ။ သူ အိုမင်းလာချိန်တွင် အားကိုး၍ ရမည်မှာ သေချာပေ၏ ။

ကျားကျန်းရှီ ဆိုလျှင်လည်း...

သူမက ဘာမှ နားမလည်သော တောသူတစ်ယောက်သာဖြစ်၍ သူမကို ထိန်းချုပ်ရန် သူ့တွင် နည်းလမ်းများစွာ ရှိသည် ။

ထို့အပြင် သူက ကျားဒုံရွှီ၏ ဆရာဖြစ်ပြီး ကျားမိသားစုသည် သူ၏ အကူအညီဖြင့်သာ ရပ်တည်ရှင်သန်နေရ၏ ။

ဤသို့သော ကျေးဇူးတရားများကြောင့် သူ အိုမင်းလာချိန်တွင် ကျားဒုံရွှီသာ ပြန်မကြည့်လျှင် အိမ်နီးချင်းများ၏ ဝေဖန်ကဲ့ရဲ့မှုများအောက်၌ ကျားဒုံရွှီ ခေါင်းဖော်ရဲမည် မဟုတ်ချေ ။

ဤကိစ္စအတွက် သူ ယုံကြည်မှု အပြည့်ရှိသည် ။

ယွီလီက ဆက်ပြောရန် ဟန်ပြင်လိုက်သော်လည်း ယန်ကျီဝမ်က သူမကို တားလိုက်ပြီး...

" လီလီ.. ပထမဦးလေးက သဘောမတူမှတော့ ဒီကိစ္စကို ဒီမှာပဲ ထားလိုက်ကြရအောင်.. "

" အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်.. ကျွန်တော်တို့ ပြန်လိုက်ပါအုံးမယ်.. "

ထို့နောက် ယန်ကျီဝမ်က ယွီလီကို ဆွဲခေါ်ကာ ယီမိသားစုအိမ်မှ ထွက်လာခဲ့သည် ။

ရှေ့ခြံဝင်းထဲသို့ ပြန်ရောက်သောအခါ..

ယွီလီက စိတ်ပျက်လက်ပျက်ဖြင့်...

" ဒီလောက် လွယ်လွယ်နဲ့တော့ မရနိုင်ဘူးဆိုတာ ကျွန်မသိသားပဲ.. "

ယန်ကျီဝမ်က သူမကို နှစ်သိမ့်လိုက်သည် ။

" အဆင်ပြေပါတယ်.. သူ ငြင်းမယ်ဆိုတာက မျှော်လင့်ထားပြီးသားပါ.. အနည်းဆုံးတော့ ရှာကျူး သဘောတူလိုက်တာပဲ.. ကိုယ်တို့ ကြိုးစားတာ အချည်းနှီးတော့ မဖြစ်ဘူး.. "

သူမက ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည် ။

" အိမ်ပြန်ပြီး ထမင်းစားကြမယ်လေ.. "

" အင်း.. "

```

အိမ်ပြန်ရောက်သော်...

မိသားစု တစ်ခုလုံးက စောင့်နေကြလေပြီ ။

သူတို့ ထိုင်လိုက်ပြီးနောက် ရန်ရွေ့ဟွားက မကျေမနပ်ဖြင့်...

" နင်တို့က ဘာလို့ အခုမှ ပြန်ရောက်လာကြတာလဲ.. "

ယန်ကျီဝမ်က...

" လီလီ့မှာ အလုပ်ကိစ္စလေးတွေ ရှိနေလို့ အလယ်ခြံဝင်းဘက်ကို ခဏ သွားနေတာပါ.. "

" အရင်စားကြတာပေါ့.. စားပြီးမှပဲ ကိစ္စတွေကို ဆက်ပြောကြမယ်.. "

ယန်ဖူကွေ့ ဝင်ပြောလိုက်၍ မိသားစုက အစားစားရန်သာ အာရုံစိုက်လိုက်ကြသည် ။

ယွီလီသည် နှစ်လုတ်ခန့်မျှသာ စားရသေးချိန်တွင် ပျို့အန်ချင်လာကာ ပျို့တက်သွား၏ ။

ရန်ရွေ့ဟွားက စိုးရိမ်တကြီးဖြင့်...

" လီလီ.. ဘာဖြစ်လို့လဲ.. အမေ ချက်ထားတာ စားမကောင်းလို့လား ..... "

ယန်ဖူကွေ့က အကူအညီမဲ့ဟန်ဖြင့်...

" မင်း ဘာတွေပြောနေတာလဲ.. အခုလို အချိန်မှာ စားစရာရှိတာလေးကိုပဲ ကျေးဇူးတင်ရမယ်.. လီလီက အဲ့ဒီလောက်ထိ ဇီဇာကြောင်တဲ့သူ မဟုတ်ပါဘူး.. "

ယွီလီက အားတင်း၍ ပြုံးပြလိုက်ပြီး...

" သမီး အဆင်ပြေပါတယ်.. ခံတွင်းနည်းနည်း ပျက်နေလို့ပါ.. "

" သြော်..ဟယ်... "

ထိုစဥ် ရန်ရွေ့ဟွားက တစ်ခုခုကို ရုတ်တရက် သတိရသွားကာ အော်လိုက်သဖြင့် အားလုံး လန့်သွားကြသည် ။

ယန်ဖူကွေ့က မကျေမနပ်ဖြင့်...

" မိန်းမ.. လန့် လိုက်တာဟာ ...ဘာလို့ ရုတ်တရက် ထအော်နေတာလဲ .... "

ရန်ရွေ့ဟွားက သူ့ကို လျစ်လျူရှုထားလိုက်ပြီး ဝမ်းသာအားရဖြင့်...

" ငါထင်တာ မမှားဘူးဆိုရင် လီလီ့မှာ ကိုယ်ဝန် ရှိနေလောက်ပြီ.. "

ဤစကားကြောင့် အားလုံး အံ့သြသွားကြသည် ။

အားလုံး၏ အကြည့်များက ယွီလီထံသို့ ကျရောက်သွား၏ ။

အထူးသဖြင့် ယန်ကျီဝမ်ဖြစ်ပြီး သူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ စတင်ပေါ်လာသည် ။

ဤကာလပတ်လုံး အစွမ်းကုန် ကြိုးစားခဲ့ပြီးနောက် နောက်ဆုံးတော့ အရာထင်လာခဲ့ချေပြီ ။

" သမီး.. သမီးလည်း သေချာမသိဘူး.. "

ယွီလီက ဇနီးသည် တစ်ယောက်ဖြစ်လာသည်မှာ မကြာသေးသဖြင့် ထိုကိစ္စများနှင့် ပတ်သက်၍ သိပ်မရှင်းလင်းသေးပေ ။

သို့သော် ရန်ရွေ့ဟွားသည် ကလေးငါးယောက်၏ မိခင်ဖြစ်နေပြီ မဟုတ်ပါလော ။

သူမတွင် အတွေ့အကြုံများစွာ ရှိနေသည် ။ သူမက မေးလိုက်သည် ။

" လီလီ.. ဒီလ ရာသီ လာပြီးပြီလား.. "

ယွီလီက ခဏ တွက်ချက်ကြည့်လိုက်ပြီး...

" လဝက်လောက် နောက်ကျနေပြီ.. "

" ဒါဆို သေချာသွားပြီ.. "

ရန်ရွေ့ဟွားက စိတ်လှုပ်ရှားစွာဖြင့်...

" အို.. ကြည့်ရတာ နောက်နှစ်ဆိုရင် ငါ အဘွားတစ်ယောက် ဖြစ်တော့မယ်ထင်တယ်.. "

ယန်ဖူကွေ့က တဟီးဟီး ရယ်လိုက်ပြီး...

" ငါလည်း အဘိုးကြီး ဖြစ်တော့မယ်ထင်ပါရဲ့.. "

" သမီးလည်း အဒေါ် ဖြစ်တော့မှာပေါ့.. "

" သားလည်း ဦးလေး ဖြစ်တော့မှာပဲ.. "

ယန်ကျီဖန့်တို့ သုံးယောက်ကလည်း စိတ်လှုပ်ရှားနေကြသည် ။

ယွီလီ တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏ ။

သူမ၏ မိခင်က ယန်ကျီဝမ်အတွက် ကလေးတစ်ယောက် စောစောမွေးပေးရန် ပြောခဲ့သည်များကို သူမ မှတ်မိနေဆဲပင် ။

သို့သော် လပေါင်းများစွာ ကြာသွားခဲ့ပြီး သူမတို့ ဇနီးမောင်နှံ အလွန့် အလွန်ကို ကြိုးစားခဲ့ကြသော်လည်း သူမတွင် ကိုယ်ဝန် မရခဲ့ပေ ။

သူမ၌ တစ်ခုခု ချို့ယွင်းချက် ရှိနေသလားဟုပင် သူမ စိုးရိမ်မိခဲ့သည် ။

ဤခေတ်အခါက မိန်းမတစ်ယောက် ကလေးမရနိုင်လျှင် ထိုမိန်းမ၌ တစ်ခုခု ချို့ယွင်းချက် ရှိနေသည်ဟု ယေဘုယျအားဖြင့် ယုံကြည်ကြလေသည် ။

ကံကောင်းထောက်မစွာဖြင့် ယခု သူမတွင် ကိုယ်ဝန်ရှိနေပြီဖြစ်၍ စိတ်သက်သာရာ ရသွားသည် ။

ယန်ကျီဝမ်က စိတ်လှုပ်ရှား စွာဖြင့် တူကို ချလိုက်ပြီး မတ်တပ်ရပ်ကာ...

" လီလီ.. သွားကြမယ်.. "

" ဘယ်ကိုလဲ.. "

ယွီလီက သူမ၏ ခင်ပွန်းဖြစ်သူကို ကြောင်တောင်တောင်ဖြင့် ကြည့်လိုက်သည် ။

ကျန်သည့်သူများကလည်း သူ့ကို နားမလည်နိုင်စွာဖြင့် ကြည့်နေကြ၏ ။

ယန်ကျီဝမ်က အရေးတကြီးကိစ္စ တစ်ခုလို သဘောထားကာ...

" ဆေးရုံကိုပေါ့.. သေချာ မစစ်ဆေးရရင် ငါ စိတ်ဖြောင့်မှာ မဟုတ်ဘူး.. "

ထိုသို့ပြောပြီးနောက် ယွီလီကို ဆွဲခေါ်ကာ စက်ဘီးစီး၍ အပြင်သို့ ထွက်သွားသည် ။

ရန်ရွေ့ဟွားက ညည်းတွားလိုက်သည် ။

" ဒီကလေး ကတော့လေ လောလိုက်တာ.. ကိုယ်ဝန်လေး ရှိတာကိုများ ဒီလောက်အထိ ရုတ်ရုတ်သဲသဲ လုပ်ဖို့ လိုလို့လား.. "

သူမ၏ လေသံထဲတွင် မနာလိုနေသည့် အရိပ်အယောင်လေးများ ပါဝင်နေ၏ ။

သူမ ကလေးငါးယောက် မွေးခဲ့ပြီး ဖြစ်သော်လည်း ကပ်စေးနဲ အဘိုးကြီး ယန်က ဤကဲ့သို့ ဂရုမစိုက်ဖူးပေ ။

ယန်ဖူကွေ့က လက်ကို ခပ်ပေါ့ပေါ့ ဝှေ့ယမ်းလိုက်ပြီး...

" ရပါတယ်.. သွားစစ်တာလည်း ကောင်းတာပါပဲ.. ဘာပဲဖြစ်ဖြစ် အခုချိန်မှာ ငါတို့ မိသားစုက ငွေရေးကြေးရေး မခက်ခဲတော့ဘူးလေ.. စိတ်အေးရအောင် လုပ်တယ်လို့ပဲ သဘောထားလိုက်ပါ.. "

" ကျွန်မတုန်းကကျတော့ ရှင် ဘာလို့ ဒီလို မပြောခဲ့တာလဲ.. "

ရန်ရွေ့ဟွားက ယန်ဖူကွေ့ကို မကျေမနပ် ကြည့်လိုက်သည် ။

ယန်ဖူကွေ့က အနေရခက်စွာဖြင့်...

" အဲ့ဒီတုန်းက ခက်ခဲခဲ့တယ်လေကွာ.. ငါတို့မှ မတတ်နိုင်ခဲ့တာ.... "

```

တစ်နာရီကြာပြီးနောက်..

ယန်ကျီဝမ်တို့ လင်မယား ပြန်ရောက်လာကြသည် ။

မိသားစု တစ်ခုလုံးက အိမ်တွင် သူတို့ကို စောင့်နေကြဆဲပင် ။

" ဒုတိယသား.. ဆရာဝန်က ဘာပြောလိုက်လဲ.. "

သူ၏ အကြီးဆုံး မြေးလေးအတွက် စိုးရိမ်နေသော ယန်ဖူကွေ့က စိတ်မရှည်ဟန်ဖြင့် မေးလိုက်သည် ။

ကျန်သည့်သူများကလည်း ယန်ကျီဝမ်ကို မျှော်လင့်တကြီး ကြည့်နေကြ၏ ။

ယန်ကျီဝမ်က စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်ပြလိုက်သည် ။

" သေချာသွားပြီ.. သူ့မှာ တကယ် ကိုယ်ဝန်ရှိနေတာ.. တစ်လကျော်တောင် ရှိနေပြီတဲ့.. "

ဘဝနှစ်ခု ဖြတ်သန်းခဲ့ဖူးသူ တစ်ယောက်ဖြစ်​သော်လည်း ဤသည်က သူ၏ ပထမဆုံးသော ကလေးပင် ။ ယန်ကျီဝမ် ဤအချိန်တွင် အလွန် စိတ်လှုပ်ရှားနေမိသည် ။

" ကောင်းတယ်.. အရမ်းကောင်းတယ်.. "

ယန်ဖူကွေ့က ဝမ်းသာအားရ ရန်ရွေ့ဟွားကို ပြောလိုက်သည် ။

" မိန်းမ.. မနက်ဖြန်ကစပြီး လီလီ့အတွက် ထမင်းစားတိုင်း ကြက်ဥတစ်လုံး ထည့်ပြုတ်ပေးလိုက်ပါ.. လီလီက အခု လူနှစ်ယောက်စာ စားနေရတာဆိုတော့ အာဟာရ ပိုလိုတယ်.. "

ရန်ရွေ့ဟွားက ခေါင်းညိတ်လိုက်ပြီး ဖြည့်စွက်ပြောလိုက်သည် ။

" လီလီက ကိုယ်ဝန်ရှိခါစဆိုတော့ ခံတွင်းတွေ့မှာ မဟုတ်ဘူး.. အဲ့ဒါကြောင့် မနက်ဖြန် ကြက်တစ်ကောင် ဝယ်ပြီး ကြက်ပေါင်းရည်လေး လုပ်တိုက်ရင် ကောင်းမယ်လို့ ကျုပ်ထင်တယ်.. "

" ကြက်ကိုတော့ ကျွန်တော် သွားရှာလိုက်မယ်.. "

ယန်ကျီဝမ်က ဤတာဝန်ကို တက်ကြွစွာ ယူလိုက်ပြီး ယွီလီကို ပြောလိုက်သည် ။

" မိန်းမ.. မင်း အခုလောလောဆယ် အလုပ်မလုပ်ဘဲ နေလိုက်ပါလား.. ဘာပဲဖြစ်ဖြစ် မိသားစုက ငွေရေးကြေးရေး မခက်ခဲတော့ဘူးဆိုတော့ မင်း အိမ်မှာပဲ အနားယူပြီး ကိုယ်ဝန်ကို သေချာ ဂရုစိုက်လို့ ရတာပဲလေ.. "

" အဲ့လောက်ထိလည်း အလွန်အကျွံ မလုပ်ပါနဲ့.. တခြားသူတွေဆို ကိုယ်ဝန် ရှစ်လ ကိုးလလောက်အထိ အလုပ်လုပ်နေကြတာပဲ.. ကျွန်မက နုနုနယ်နယ်လေး မဟုတ်ပါဘူး.... "

ယွီလီက ယန်ကျီဝမ်ကို မျက်လုံးလှန်ပြလိုက်သော်လည်း သူမ၏ ရင်ထဲတွင်တော့ နွေးထွေးသွား၏ ။

သူမ၏ မိသားစုက သူမအပေါ် မည်မျှ ကောင်းကြောင်း မြင်တွေ့ရသောအခါ အလွန်ကြည်နူးမိပေသည် ။

သူတို့၏ အိမ်ခန်းလေးထဲတွင်..

ယန်ကျီဝမ်က ယွီလီထံသို့ အဖြူရောင် အရည်များပါသော ပန်းကန်လုံးတစ်လုံး ယူလာပေးသည် ။

" လီလီ.. ဒါလေး သောက်လိုက်အုံး.. "

" ဒါ ဘာကြီးလဲ.. "

ယွီလီက လှမ်းယူလိုက်ပြီး တစ်ငုံသောက်ကြည့်ကာ အံ့သြတကြီးဖြင့်...

" အရမ်းချိုတာပဲ.. ဒါက နို့မှုန့်လား.. "

" အင်း.. အဲ့သဘောမျိုးပေါ့.. "

ယန်ကျီဝမ်က ခေါင်းညိတ်လိုက်သည် ။

အမှန်တော့ ဤသည်က သူ၏ ရမှတ်စတိုးမှ လဲလှယ်ထားသော နို့မှုန့်ပင် ။

သို့သော် သူ သေချာ ရှင်းပြ၍ မရနိုင်သောကြောင့် နို့မှုန့်ဟုသာ ရိုးရိုးရှင်းရှင်း ပြောလိုက်ခြင်းဖြစ်သည် ။

" ယန်ကျီဝမ်.. ရှင်က ကျွန်မအပေါ် အရမ်းကောင်းတာပဲ.. "

ယွီလီက ကြည်နူးစွာဖြင့် ပြောလိုက်သည် ။

" ဒါပေါ့.. "

ယန်ကျီဝမ်က ပြုံးလိုက်ပြီး...

" အခုကစပြီး မင်း မနက်တစ်ခွက် ညတစ်ခွက် သောက်ရမယ်.. ဗီရိုထဲမှာ ကိုယ် ထည့်ထားတယ်.. အခု မင်းက လူနှစ်ယောက်စာ စားနေရတာမလို့ အာဟာရ အများကြီး လိုတယ်လေ.. "

" အခုကစပြီး မင်းရဲ့ အာဟာရအတွက် နှစ်ရက်ကို တစ်ကြိမ် ကြက်တစ်ကောင် သွားရှာပေးမယ်.. မင်း ဖက်တီးလေး ဖြစ်လာစေရမယ်လို့ ကိုယ် အာမခံတယ် ... "

" သွားစမ်းပါ.. "

ယွီလီက သူ့ကို တွန်းထုတ်ဟန်ဆောင်ကာ ချွဲနွဲ့သောအသံဖြင့်...

" အဲ့ဒါဆို ရုပ်ဆိုးသွားမှာပေါ့.. "

" ရပါတယ်..မင်း ဘယ်လိုပုံ ဖြစ်သွားသွား ကိုယ် စိတ်ထဲမထားဘူး...ကိုယ်အတွက်တော့ မင်းက အမြဲတမ်း ဘယ်လိုမှ မပြောင်းလဲဘူး . "

ယန်ကျီဝမ်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်ပြီး ...

" လီလီ.. မနက်ဖြန်ကျရင် မင်းရဲ့ အိမ်ကို ပြန်ကြတာပေါ့.. "

" အင်းပါ.. "

All Chapters