← Chapters

အခန်း ၁၈၆

Vol. 18 Ch. 186

အခန်း ၁၈၆

Vol. 18 Ch. 186

Chapter 186

~

အခန်း ၁၈၆ : ရိက္ခာပို့ပေးခြင်း

~

​ အိမ်သို့ ပြန်ရောက်ရောက်ချင်းပင် ။

​ ယွီလီက စိုးရိမ်ဟန်ဖြင့်...

​ " ကျီဝမ်.. ရှင် တကယ်ပဲ ရိက္ခာ ရနိုင်မှာလား.. "

​ သူမ၏ ယောကျ်ားက အဝယ်တော် တစ်ယောက်ဖြစ်ပြီး ရိက္ခာ ရနိုင်မည့် နည်းလမ်း ရှိနိုင်သော်လည်း ယွီမိသားစုတွင် လူလေးယောက် ရှိသည် ။ အကယ်၍ ကျင်း ၁၀ ၊၂၀ လောက်သာ ရခဲ့လျှင် ရေငတ်နေသူကို ရေတစ်စက် တိုက်သလိုသာ ဖြစ်ပေမည် ။

​ သို့သော် ယခု သူမ၏ မိသားစုအခြေအနေက အလွန် ခက်ခဲနေသဖြင့် သမက်ဖြစ်သူ ယန်ကျီဝမ်ကိုသာ အားကိုးရတော့မည်ပင် ။

​ ယွီမိသားစုတွင် ဆွေမျိုးအချို့ ရှိသေးသော်လည်း ဤကဲ့သို့အချိန်မျိုးတွင် ဘယ်သူကများ မခက်ခဲဘဲ နေမည်နည်း ။

​ အကယ်၍ ချေးလို့ရနိုင်မည်ဆိုလျှင် အဖေယွီ ဤမျှ စိုးရိမ်နေမည် မဟုတ်ပေ ။

​ " ကိုယ့်မှာ ကိုယ်ပိုင် နည်းလမ်း ရှိပါတယ်.. "

​ ယန်ကျီဝမ်က ပြုံးလိုက်ပြီး ယုန်နို့သကြားလုံး တစ်ဆုပ်ကို ထုတ်ကာ သူမလက်ထဲ ထည့်ပေးလိုက်ပြီး...

​ " မွန်းလွဲပိုင်းကျရင် အလုပ်သွားရမယ် မလား.. ဒီသကြားလုံးတွေ ယူသွားပြီး တစ်ခါတလေ တစ်လုံးစီ စားလိုက်.. ကိုယ့် မိန်းမနဲ့ ကလေးကိုတော့ အငတ်မခံနိုင်ပါဘူး.. "

​ " ကျွန်မက အရေးကြီးတဲ့ ကိစ္စကို ပြောနေတာနော်.. "

​ ယွီလီက မျက်စောင်းထိုးလိုက်သော်လည်း နို့သကြားလုံးများကို ယူထားလိုက်ပြီး...

​ " ယန်ကျီဝမ်.. ရှင် ကျွန်မတို့ အိမ်က ရိက္ခာ တွေကို ယူပြီး ကျွန်မ မိဘတွေကို ကူညီပေးမလို့တော့ မဟုတ်ပါဘူးနော်.. "

​ ထို့နောက် သူမက စိုးရိမ်သော အမူအရာဖြင့်...

​ " တကယ်လို့ အဲ့လိုဆိုရင်တော့ ထားလိုက်ပါတော့.. အိမ်မှာလည်း ရိက္ခာ အများကြီး ကျန်တော့တာ မဟုတ်ဘူး.. "

​ " မဟုတ်ပါဘူးကွာ. "

​ ယန်ကျီဝမ်က ခေါင်းခါပြလိုက်သည် ။

​ ' မဟုတ်ဘူး.. '

​ ယွီလီ တစ်စုံတစ်ရာကို ရုတ်တရက် သတိရသွားပြီး...

​ " ယန်ကျီဝမ်.. ရှင် မှောင်ခိုဈေးကနေ ဝယ်မလို့တော့ မဟုတ်ပါဘူးနော်.. အခု မှောင်ခိုဈေးမှာ ကောက်ပဲသီးနှံတွေက တအားဈေးကြီးတယ်လို့ ကြားတယ်.. "

​ အိမ်တွင် ငွေအများကြီး ရှိပြီး ယန်ကျီဝမ် သူမကို သိမ်းထားခိုင်းသည့် ငွေကပင် ရာဂဏန်း အတော်များများ ရှိသည် ။

​ သို့သော် ယခုအချိန်တွင် ကောက်ပဲသီးနှံများက အဆမတန် ဈေးကြီးနေပြီး သူမ မိသားစု၏ အခက်အခဲကိုလည်း တစ်ရက်နှစ်ရက်နှင့် ဖြေရှင်း၍ မရနိုင်ချေ ။ ဤအတိုင်းသာ ဆက်သွားနေလျှင် ငွေအများကြီး ကုန်သွားမည် ။

​ သူမ မိဘများအတွက် စိတ်မကောင်း ဖြစ်မိသော်လည်း ယန်မိသားစုကိုတော့ အပျက်စီး မခံနိုင်ပေ ။ သူမ ထိုမျှလောက် တစ်ကိုယ်ကောင်း မဆန်နိုင်ချေ ။

​ " အဲ့ဒါတွေ တစ်ခုမှ မဟုတ်ပါဘူး.. "

​ ယန်ကျီဝမ်က ကုတင်ဆီသို့ လျှောက်သွားကာ ငုံ့၍ ကုတင်အောက်တွင် ခဏ စမ်းသပ် ရှာဖွေပြီးနောက် ဂုန်နီအိတ် တစ်အိတ်ကို ဆွဲထုတ်လိုက်သည် ။

​ သူက အိတ်ကို ဖွင့်လိုက်ပြီး ပြုံး၍...

​ " ဒီ ပြောင်းဖူးမှုန့်လောက်ဆို ယောက္ခမတို့ ခဏလောက် စားဖို့ လုံလောက်မယ် မလား.. "

​ ယွီလီက ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများ ချက်ချင်း ဝိုင်းစက်သွားသည် ။

​ အထဲတွင် ပြောင်းဖူးမှုန့် ကျင်းငါးဆယ်ခန့် ရှိပေမည် ။

​ " ရှင် အဲ့ဒါကို ဘယ်တုန်းက ထည့်ထားတာလဲ.. ကျွန်မ ဘာလို့ မသိလိုက်ရတာလဲ.. "

​ " မနေ့ကမှ ပြန်သယ်လာတာပါ.. "

​ ယန်ကျီဝမ်က ဆင်ခြေပေးလိုက်သော်လည်း အမှန်တကယ်တော့ စနစ်စတိုးမှ ယခု လဲလှယ်လိုက်ခြင်း ဖြစ်သည် ။

​ မူလက ကျင်း ၂၀၀ လဲချင်သော်လည်း တစ်ပြိုင်နက်တည်း အများကြီး ထုတ်ပြလိုက်လျှင် ယွီလီ လန့်သွားမည်ကို စိုးရိမ်၍ ကျင်း ၅၀ သာ ထုတ်လိုက်ခြင်း ဖြစ်သည် ။

​ " တော်သေးတာပေါ့.. အခုတော့ ကျွန်မ မိဘတွေ အငတ်နေစရာ မလိုတော့ဘူး.. "

​ ယွီလီက စိတ်လှုပ်ရှားစွာဖြင့် ယန်ကျီဝမ်၏ လက်ကို ဆုပ်ကိုင်လိုက်သည် ။

​ ယန်ကျီဝမ်က သူမ၏ လက်ကို ပြန်လည် ဆုပ်ကိုင်ထားလိုက်ပြီး...

​ " မင်းရဲ့ ယောကျ်ားမှာ ရိက္ခာ ရနိုင်တဲ့ နည်းလမ်း ရှိပါတယ်.. ဒါကြောင့် တို့အိမ်အတွက်ပဲ ဖြစ်ဖြစ် မင်း မိဘတွေ အိမ်အတွက်ပဲ ဖြစ်ဖြစ် မင်း စိုးရိမ်စရာ မလိုဘူး.. "

​ " အင်းပါ.. ယန်ကျီဝမ်.. ရှင် တကယ် တော်တာပဲ.. "

​ ယွီလီက ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်ပြီး ကြည်နူးသွားသည် ။

​ " ခဏနေရင် မင်း အဖေတို့ အိမ်ကို ကိုယ် သွားပို့လိုက်မယ်.. မင်း စိတ်အေးအေးထားပြီး အလုပ်သာ သွား... ဒါတွေ ကုန်သွားရင်လည်း ကိုယ် တခြားနည်းလမ်း ရှာလိုက်ပါ့မယ်.. "

​ ယွီလီ နောက်ဆုံးတွင်တော့ စိတ်အေးသွားရလေပြီ ။

​ ...

​ မွန်းလွဲပိုင်း နေရောင်ခြည်က ပြတင်းပေါက်မှတစ်ဆင့် ယွီမိသားစု၏ ဧည့်ခန်းထဲသို့ ဖြာကျနေသည် ။

​ အဖေယွီက ကုလားထိုင်ပေါ်တွင် ထိုင်ကာ ဆေးတံသောက်ရင်း စားပွဲတွင် အိမ်စာလုပ်နေကြသော သမီးနှင့် သားဖြစ်သူတို့ကို ကြည့်ကာ မျက်နှာပေါ်တွင် စိုးရိမ်သောကများ ပြည့်နှက်နေသည် ။

​ လူကြီးတွေ အဆာခံနိုင်သော်လည်း ကလေးတွေကတော့ ကြီးထွားလာမည့် အရွယ်ဖြစ်၍ အငတ်ထားမဖြစ်ချေ ။

​ သမက်ဖြစ်သူက ရိက္ခာ ရအောင် ကူညီပေးမည်ဟု ကတိပေးထားသော်လည်း ယခုလို အချိန်မျိုးတွင် ရှာရန် မလွယ်ကူ ။

​ သမက်ဖြစ်သူ အပေါ်တွင်သာ မျှော်လင့်ချက် အားလုံးကို ပုံချထား၍ မဖြစ်နိုင်ဟု သူ တွေးလိုက်သည် ။

​ ထိုစဥ် ယွီလျန်၏ ဗိုက်ထဲမှ အသံများ ထွက်ပေါ်လာသည် ။

​ " အဖေ.. သား ဗိုက်ဆာတယ်.. "

​ ယွီလျန်က အဖေယွီကို မျှော်လင့်ချက် အပြည့်ပါသော မျက်လုံးများဖြင့် ကြည့်လိုက်သည် ။

​ ယွီဟိုက်တန်ကတော့ ပို၍ သိတတ်သည် ။ သူမ ဗိုက်ဆာနေသော်လည်း မိသားစု အခက်အခဲ ဖြစ်နေသည်ကို သိသဖြင့် ဘာမှမပြောဘဲ အောင့်ထားလိုက်သည် ။

​ အဖေယွီက သက်ပြင်းချလိုက်ပြီး ရှေ့သို့ တိုးကာ သားဖြစ်သူ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ရင်း အားကိုးရာမဲ့သော လေသံဖြင့်...

​ " ခဏလောက် ထပ်သည်းခံလိုက်ပါအုံးကွာ.. ပြီးရင် အဖေ ချေးလို့ ရမလား ထွက်ကြည့်လိုက်ပါ့မယ်.. "

​ သူ ထိုသို့ ပြောလိုက်သော်လည်း ဤအချိန်တွင် သူ့ကို ချေးရန် မည်သူ့ထံတွင်မှ ပိုလျှံသော ကောက်ပဲသီးနှံ မရှိ ။

​ ထိုစဥ် တံခါးအပြင်ဘက်မှ ခြေသံများ ကြားလိုက်ရပြီးနောက် ယန်ကျီဝမ်၏ အသံ ထွက်ပေါ်လာသည် ။

​ " အဖေ.. အိမ်မှာ ရှိလား.. "

​ အဖေယွီက သမက်ဖြစ်သူ၏ အသံကို ကြားသည်နှင့် တံခါးကို အမြန် သွားဖွင့်ပေးလိုက်သည် ။

​ တံခါး ပွင့်သွားသည်နှင့် ယန်ကျီဝမ်က ပခုံးပေါ်တွင် ဖောင်းကားနေသော ဂုန်နီအိတ် တစ်အိတ်ကို ထမ်းထားပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် တံခါးဝ၌ ရပ်နေသည်ကို မြင်လိုက်ရသည် ။

​ " ယန်ကျီဝမ်.. မင်း.. "

​ အဖေယွီ အနည်းငယ် အံ့အားသင့်သွားသော်လည်း ချက်ချင်း ဝမ်းသာသွားလေသည် ။

​ ဂုန်နီအိတ်က ဖောင်းကားနေပြီး သူသာ မမှားလျှင် အထဲတွင် ပြောင်းဖူးမှူန့် ပါလာခြင်း ဖြစ်ပေမည် ။

​ ယန်ကျီဝမ်က ပြုံးလိုက်ပြီး ဂုန်နီအိတ်ကို မြေကြီးပေါ် ချလိုက်ကာ...

​ " အဖေ.. ကျွန်တော် ပြောင်းဖူးမှုန့် ယူလာခဲ့တယ်.. "

​ ' တကယ်ပဲ ပြောင်းဖူးမှုန့်တွေလား.. '

​ အဖေယွီက စိတ်လှုပ်ရှားစွာဖြင့် ဂုန်နီအိတ်ကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် ပြောင်းဖူးမှုန့်များ အပြည့်ဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် ကျင်းငါးဆယ်ခန့် ရှိပေမည် ။

​ အဖေယွီ၏ လက်များ အနည်းငယ် တုန်ယင်သွားပြီး ကြမ်းတမ်းသော ပြောင်းဖူးမှုန့်များကို ထိကိုင်ကြည့်နေရင်း သူ၏ မျက်လုံးများက ချက်ချင်း နီရဲလာသည် ။

​ " ယန်ကျီဝမ်.. ဒါ.. ဘယ်လိုလုပ်ပြီး.. မင်းတို့ မိသားစုလည်း အဆင်ပြေတာ မဟုတ်ဘဲနဲ့ ဘယ်လိုလုပ်ပြီး ဒီလောက် အများကြီး လာပေးရတာလဲ.. "

​ အဖေယွီ၏ အသံများ တိမ်ဝင်သွားပြီး သမက်ဖြစ်သူကို အကြိမ်ကြိမ် ကျေးဇူးတင်မိသည် ။

​ ယန်ကျီဝမ်က လက်ဝှေ့ယမ်းလိုက်ပြီး ...

​ " အဖေ.. အားနာမနေပါနဲ့.. ကျွန်တော့်မှာ ဒါတွ ရနိုင်တဲ့ အဆက်အသွယ် ရှိတယ်.. ဒီလောက်က ဘာမှမဟုတ်ပါဘူး.. ဒါတွေ စားလို့ ကုန်သွားရင် နောက်ထပ် ထပ်လာပို့ပေးမယ်.. "

​ " မင်းမှာ တကယ်ပဲ အဆက်အသွယ် ရှိတာလား.. "

​ အဖေယွီက သံသယဖြင့် မေးလိုက်သည် ။

​ ယန်ကျီဝမ်က လေးနက်စွာ ခေါင်းညိတ်ပြလိုက်မှသာ အဖေယွီ ယုံကြည်သွားတော့သည် ။

​ " ဒါဆို ခဏစောင့်ဦး.. အဖေ ငွေသွားယူလိုက်ဦးမယ်.. "

​ အဖေယွီက ထိုသို့ ပြောပြီးနောက် ငွေယူရန် အခန်းထဲသို့ ပြေးဝင်သွားသည် ။

​ ယန်ကျီဝမ် သူ့ကို တားချင်သော်လည်း အဖေယွီက မျက်နှာကို ဂရုစိုက်တတ်သူ တစ်ယောက်ဖြစ်ကြောင်း သိသဖြင့် ဘာမှ မပြောတော့ချေ ။

​ မဟုတ်လျှင် နောက်တစ်ကြိမ် ထပ်လာပို့သောအခါ အဖေယွီက လက်ခံတော့မည် မဟုတ်ပေ ။

​ ယွီဟိုက်တန်နှင့် ယွီလျန်တို့လည်း ဆူညံသံကို ကြားသဖြင့် ပြေးလာကြသည် ။

​ ဂုန်နီအိတ်ထဲမှ ပြောင်းဖူးမှုန့်များကို မြင်လိုက်ရသောအခါ သူတို့ နှစ်ယောက်လုံး၏ မျက်လုံးများ အရောင်လက်သွားပြီး ယန်ကျီဝမ် အနီးသို့ စိတ်လှုပ်ရှားစွာ ဝိုင်းရံလာကြသည် ။

​ " ယောက်ဖ.. အရမ်းတော်တာပဲ.. အခုတော့ ကျွန်တော်တို့ စားစရာ ရပြီပေါ့.. "

​ ယွီလျန်က ယန်ကျီဝမ်၏ ခြေထောက်ကို ဖက်လိုက်ပြီး လေးစားမှု အပြည့်ပါသော မျက်နှာလေးဖြင့် မော့ကြည့်ကာ...

​ " ယောက်ဖ.. တကယ် အရမ်းမိုက်တာပဲ.. ကျွန်တော်တို့ အိမ်မှာ ဒီလောက်များတဲ့ ပြောင်းဖူးမှုန့်တွေကို မမြင်ရတာ ကြာပြီ.. "

​ ယန်ကျီဝမ်က ပြုံးလိုက်ပြီး ယွီလျန်၏ ခေါင်းကို ပွတ်သပ်ပေးကာ ညင်သာစွာဖြင့်...

​ " မစိုးရိမ်ပါနဲ့.. နောက်ပိုင်း စားလို့ ကုန်သွားရင် ငါ့ကို သာ ပြောလိုက်.. နောက်ထပ် လာပို့ပေးပါ့မယ်.. "

​ " ဟုတ်ကဲ့ပါ.. "

​ ကလေးနှစ်ယောက်က သဘောတူကြောင်း တဆတ်ဆတ် ခေါင်းညိတ်ပြကြသည် ။

​ ထိုစဥ် အဖေယွီ ထွက်လာသည် ။ သူက လက်ထဲမှ ဖရိုဖရဲ ဖြစ်နေသော ငွေများကို ယန်ကျီဝမ်ထံ ကမ်းပေးလိုက်ပြီး နီရဲနေသော မျက်နှာဖြင့်...

​ " ယန်ကျီဝမ်.. ဒီမှာ ဆယ်ယွမ်.. ယူထားလိုက်ပါ.. အဖေတို့ မိသားစုက မင်းအပေါ် အမြတ်ထုတ်လိုက်တယ်လို့ သဘောထားလိုက်ပါကွာ.. "

​ အဘယ်ကြောင့်ဆိုသော် ယခု ပြောင်းဖူးမှုန့်ဈေးက တစ်ကျင်းကို နှစ်မော့ကျော် နေလေပြီ ။ ဆယ်ယွမ်ဖြင့် ပြောင်းဖူးမှုန့် ကျင်း ငါးဆယ်ကို ဝယ်ရန် လုံးဝ မဖြစ်နိုင် ။

​ ငွေပိုပေးမည် ဆိုလျှင်ပင် အဆက်အသွယ် လိုအပ်သေးသည် ။

​ ယန်ကျီဝမ်က အဖေယွီ၏ စိတ်နေသဘောထားကို သိသဖြင့် ငွေကို ယူလိုက်ပြီး ..

​ " မိသားစုတွေချည်းပဲ.. အဲ့လို မပြောပါနဲ့.. ကုန်သွားရင် ဟိုက်တန်ကို ဖြစ်ဖြစ် လာပြောခိုင်းလိုက်ပါ.. အဲ့အခါကျရင် ထပ်လာပို့ပေးမယ်.. "

​ အဖေယွီက ယန်ကျီဝမ်၏ ပခုံးကို ပုတ်လိုက်ပြီး ...

​ " ယန်ကျီဝမ်.. မင်းက တကယ်ကို ငါတို့ မိသားစုရဲ့ ကျေးဇူးရှင် ပါပဲကွာ.. "

​ ယွီဟိုက်တန်နှင့် ယွီလျန်တို့ကလည်း ကျေးဇူးတင်စကား ပြောလိုက်ကြသည် ။

​ " ခဲအို.. ကျေးဇူးတင်ပါတယ်.. "

​ ယန်ကျီဝမ်က လက်ဝှေ့ယမ်းလိုက်ပြီး...

​ " အဖေ.. အဲ့လို မပြောပါနဲ့.. ကျွန်တော်တို့က မိသားစုတွေပဲလေ.. အချင်းချင်း ကူညီတာက လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါ.. တကယ်လို့ ကျွန်တော့် မိသားစု အခက်အခဲ ဖြစ်နေရင်ရော အဖေက လက်ပိုက် ကြည့်နေမှာ မို့လို့လား.. "

​ " သေချာပေါက် လက်ပိုက်ကြည့်မနေပါဘူး.. "

​ အဖေယွီက ပြတ်သားစွာ ပြောလိုက်သည် ။

​ " ဒါဆိုလည်း ပြီးတာပါပဲ.. "

​ ယန်ကျီဝမ်က ပြုံးလိုက်ပြီး...

​ " အဖေ.. အမေ..ဟိုက်တန်နဲ့ ယွီလျန်တို့ အဆင်ပြေနေသရွေ့ ယွီလီနဲ့ ကျွန်တော်လည်း စိတ်အေးရပါတယ်.. နောက်ပိုင်း အခက်အခဲ တစ်ခုခု ရှိရင် ကျွန်တော်တို့ကို မဖြစ်မနေ ပြောရမယ်နော်.. "

​ " ကောင်းပါပြီ.. ပြောပါ့မယ်.. "

​ အဖေယွီက နောက်ဆုံးတွင် ပြုံးလိုက်သည် ။

​ ဤသည်က ရက်ပေါင်းများစွာ အတွင်း သူ ပထမဆုံးအကြိမ် ဝမ်းသာအားရ ပြုံးခြင်းပင် ။

​ ယန်ကျီဝမ် အတော်လေး စိတ်ပေါ့သွားသဖြင့် နှုတ်ဆက်လိုက်သည် ။

​ " အဖေ.. ဒါဆို ကျွန်တော် အရင် ပြန်လိုက်ဦးမယ်.. ကျွန်တော် ပြောတာကို မှတ်ထားနော်.. အခက်အခဲ ရှိရင် ကျွန်တော်တို့ကို မဖြစ်မနေ လာပြောပါ.. "

​ အဖေယွီက ခေါင်းညိတ်လိုက်ပြီး မေးသည် ။

​ " ကျီဝမ်.. ထမင်းစားပြီးမှ ပြန်ပါလား.. "

​ " မစားတော့ဘူး.. အိမ်မှာ ကျွန်တော့်အတွက် တစ်ခုခု ချက်ထားလောက်ပြီ.. ကျွန်တော် ပြန်တော့မယ်နော်.. "

​ " တာ့တာ ယောက်ဖ.. "

All Chapters