← Chapters

အခန်း ၁၈၇

Vol. 18 Ch. 187

အခန်း ၁၈၇

Vol. 18 Ch. 187

Chapter 187

~

၁၈၇ : ရိက္ခာ ဝယ်ရန် ယန်ကျီဝမ်ထံ ရောက်လာခြင်း ...

~

​

​ အိမ်သို့ ပြန်ရောက်သောအခါ ယန်ကျီဝမ်က သုံးဘီးစက်ဘီးကို ရပ်လိုက်ပြီး အိမ်မကြီးဆီသို့ ဝင်သွားသည် ။

​ " ကျီဝမ် ပြန်ရောက်ပြီပဲ.. လာ.. လက်ဖက်ရည် လာသောက်ချည်.. "

​ သူ အိမ်ထဲသို့ ဝင်ဝင်ချင်းပင် ယန်ဖူကွေ့က ပြုံး၍ လှမ်းခေါ်လိုက်သည် ။

​ မီးဖိုချောင်ထဲတွင် ကူညီလုပ်ကိုင်ပေးနေသော ယွီလီက ထိုအသံကို ကြားလျှင် အပြင်သို့ ထွက်လာကာ ခင်ပွန်းဖြစ်သူကို ကြည့်၍...

​ " ကျီဝမ်.. ပစ္စည်းတွေ ပို့ပြီးပြီလား.. "

​ ယောက္ခမဖြစ်သူလည်း ရှိနေသဖြင့် သူမ ပွင့်ပွင့်လင်းလင်း မပြောရဲပေ ။

​ သို့သော် သေချာသော သတင်းကို မကြားရပါက သူမ စိတ်အေးနိုင်မည် မဟုတ် ။

​ ယန်ကျီဝမ်က ခေါင်းညိတ်ပြလိုက်ပြီး...

​ " စိတ်မပူပါနဲ့.. ကိုယ် ပို့ပေးခဲ့ပါပြီ.. "

​ " ဒါဆိုလည်း တော်သေးတာပေါ့.. "

​ ယွီလီက သက်ပြင်းချလိုက်ပြီး ယန်ဖူကွေ့ကို ခိုးကြည့်လိုက်သည် ။

​ ယန်ဖူကွေ့က ရှုပ်ထွေးဟန်ဖြင့်...

​ " သားလတ်.. ဘာတွေလဲ.. "

​ ယန်ကျီဝမ်က ပြုံးလိုက်ပြီး...

​ " ထွေထွေထူးထူး မဟုတ်ပါဘူး.. ယောက္ခမတို့ အိမ်မှာ ရိက္ခာ ပြတ်နေလို့ ကျွန်တော် နည်းနည်း သွားပို့ပေးလိုက်တာပါ.. "

​ ယွီလီက သူမ၏ ခင်ပွန်းကို အကူအညီမဲ့ဟန်ဖြင့် မျက်စောင်းထိုးလိုက်သည် ။

​ သို့သော်လည်း မိသားစုဝင်တွေ ဖြစ်နေသဖြင့် ဤကိစ္စမျိုးကို သေချာပေါက် ပြောပြရန် လိုအပ်ပေသည် ။

​ ထို့ကြောင့် သူမက ရှင်းပြလိုက်သည် ။

​ " အဖေ.. တကယ်တော့ ဒါက သမီးရဲ့ အကြံပါ.. ကျီဝမ်ကို အပြစ်မတင်ပါနဲ့.. "

​ " မင်းတို့ကို ဘာအတွက် အပြစ်တင်ရမှာလဲ.. "

​ ယန်ဖူကွေ့က လက်ဝှေ့ယမ်းလိုက်ပြီး ပြုံးကာ...

​ " ဒုတိယသား လုပ်တာ မှန်ပါတယ်.. ငါတို့ မိသားစု နှစ်စုက ဆွေမျိုးတွေပဲလေ.. ဆွေမျိုးတွေ အခက်အခဲ ဖြစ်နေရင် ငါတို့ သေချာပေါက် ကူညီရမှာပေါ့.. "

​ " ဒါပေမဲ့ နောက်တစ်ခါ လောင်ယွီကို တွေ့ရင်တော့ သေချာ ပြောရဦးမယ်.. သူ့ မိသားစု အခက်အခဲ ဖြစ်နေတာငါတို့ကို မပြောဘူးဆိုတော့ ငါတို့ကို သူစိမ်းတွေလို သဘောထားနေတာလားလို့.. "

​ " အဖေ.. ကျေးဇူးတင်ပါတယ်.. "

​ ယွီလီက စိတ်လှုပ်ရှားစွာဖြင့် ကျေးဇူးတင်စကား ပြောလိုက်သည် ။

​ " ကျေးဇူးတင်စရာ မလိုပါဘူး.. ငါတို့ အကုန်လုံးက မိသားစုတွေပဲဟာကို.. "

​ ယန်ဖူကွေ့က ရှားရှားပါးပါး နောက်ပြောင်လိုက်ပြီး...

​ " ပြီးတော့ အိမ်က ရိက္ခါတွေ အားလုံးက ကျီဝမ် ပြန်သယ်လာတာပဲလေ.. ငါ သဘောမတူလည်း သူ သေချာပေါက် သွားပို့မှာပဲ.. "

​ " ဟုတ်ပါ့.. "

​ ယန်ကျီဝမ်က စပ်ဖြီးဖြီးဖြင့်...

​ " အဲ့ဒါက ကျွန်တော့် မိန်းမရဲ့ မိသားစုပဲလေ.. သူတို့ အငတ်ခံနေရတာကို ထိုင်ကြည့်မနေနိုင်ပါဘူး.. "

​ " ကောင်စုတ်လေး.. "

​ ...

​ ညအချိန် ။

​ ကျားဒုံရွှီနှင့် ချင်ဟွိုင်ရုတို့ ကန်းပေါ်တွင် လှဲလျောင်းနေကြသည် ။

​ ခဏအကြာတွင် ချင်ဟွိုင်ရုက ကျားဒုံရွှီဘက်သို့ လှည့်လာပြီး တိုးတိုးလေး မေးလိုက်သည် ။

​ " ဒုံရွှီ.. အိမ်မှာ စားစရာ မရှိတော့ဘူး.. မနက်ဖြန်ကျရင် ဘယ်လိုလုပ်ကြမလဲ.. "

​ " စားစရာ မရှိတော့ဘူး ဟုတ်လား.. လွန်ခဲ့တဲ့ နှစ်ရက်ကမှ ငါ ပြောင်းဖူးမှုန့် ဆယ် ကျင်း ပြန်သယ်လာတာလေ.. "

​ ကျားဒုံရွှီက မျက်မှောင်ကြုတ်လိုက်သည် ။

​ ချင်ဟွိုင်ရုက နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ပြီး ဘာမှမပြောတော့ချေ ။

​ အိမ်တွင် အလုပ်မလုပ်ဘဲ အစားသာ ကြီးသော ယောက္ခမ တစ်ယောက် ရှိနေပြီး ကြီးကောင်ဝင်စ အရွယ် ကျားပန့်ကန့်လည်း ရှိသေးသည် ။ ပြောင်းဖူးမှုန့် ဆယ်ကျင်းက မည်မျှ ခံနိုင်မည်နည်း ။ နှစ်ရက်အတွင်း ကုန်လုနီးပါး ဖြစ်သွားပြီ။

​ ကျားဒုံရွှီ တစ်စုံတစ်ခုကို တွေးမိသွားပြီး အကူအညီမဲ့စွာ သက်ပြင်းချလိုက်ကာ...

​ " ဒါဆို.. မနက်ဖြန် ဆရာ့အိမ်ကို သွားပြီး ထပ်ချေးကြည့်ရမလား.. မကြာသေးခင်ကမှ အများကြီး ချေးထားပေမဲ့ ငါတို့ မိသားစုကိုတော့ အငတ်မခံနိုင်ဘူးလေ.. "

​ ချင်ဟွိုင်ရုက ခေါင်းခါလိုက်ပြီး သူမ၏ အသံက အနည်းငယ် အားကိုးရာမဲ့နေသည် ။

​ " ထားလိုက်ပါတော့.. ဒီလထဲမှာပဲ ရှင် အဲ့ဒီကို လေးခါတောင် သွားပြီးပြီ.. ဆက်ချေးနေမယ် ဆိုရင် သူတို့ ငြိုငြင်လာလိမ့်မယ်.. ပြီးတော့ ပြီးခဲ့တဲ့ အကြိမ် ကျွန်မတို့ သွားချေးတုန်းက အဒေါ်ကြီးယီရဲ့ မျက်နှာထားက သိပ်မကောင်းဘူး.. "

​ သူမ ထုတ်မပြောသော နောက်ထပ် ကိစ္စတစ်ခုလည်း ရှိသေးသည် ။ ထိုသည်က ယီကျုံးဟိုင်သည် ချေးသော်လည်း အမြဲတမ်း စေးနှဲတတ်ပြီး တစ်ခါချေးလျှင် နှစ်ကျင်း သုံးကျင်း လောက်သာ ပေးလေ့ရှိသဖြင့် တစ်ရက်စာသာ ရပေသည် ။

​ ကျားဒုံရွှီက နားထောင်ရင်း ပို၍ စိတ်အနှောင့်အယှက် ဖြစ်လာကာ...

​ " ဒါဆိုရင် ဘယ်လိုလုပ်ရမလဲ.. ငါတို့ ဒီအတိုင်း အငတ်ခံနေလို့မှ မရတာ.. "

​ သူ အလုပ်လုပ်ရသဖြင့် လုံလောက်အောင် ပင်ပန်းနေပြီ ဖြစ်သော်လည်း မိသားစု ကိစ္စများအတွက် စိတ်ပူနေရသေး၏ ။ သူ၏ ခန္ဓာကိုယ်ရော စိတ်ပါ ပင်ပန်းနွမ်းနယ်နေလေပြီ ။

​ သို့သော်လည်း သူ ဘာမှမတတ်နိုင်ချေ ။ သူက မိသားစုတွင် တစ်ဦးတည်းသော အားကိုးရာ ဖြစ်သဖြင့် သည်းခံနေရုံသာ ရှိသည် ။

​ လအနည်းငယ် အတွင်းမှာပင် သူ အတော်လေး ပိန်ကျသွားပြီး ခန္ဓာကိုယ်ပေါ်တွင် အရိုးများသာ ကျန်တော့သည်အထိ ဖြစ်နေလေပြီ ။

​ ချင်ဟွိုင်ရုက ခဏတာ တိတ်ဆိတ်နေပြီးနောက် ရုတ်တရက်...

​ " ညနေတုန်းက ကျွန်မ ရှာကျူးတို့ အိမ်ကို သွားချေးသေးတယ်.. ဒါပေမဲ့ သူ့အိမ်မှာလည်း ဘာမှ မရှိတော့ဘူးတဲ့.. "

​ မနှစ်ကကို မရေတွက်ဘဲ ယခုနှစ် တစ်နှစ်တည်းမှာတင် သူမ ရှာကျူးထံမှ ရိက္ခာ အများအပြား ချေးခဲ့သော်လည်း တစ်ကြိမ်မှ ပြန်မဆပ်ခဲ့ဖူးချေ ။

​ အကယ်၍ တခြားသူသာ ဆိုလျှင် မကျေမနပ် ဖြစ်နေလောက်ပေပြီ ။

​ သို့သော် ယခုအချိန်တွင် လူတိုင်းက အခက်အခဲ ဖြစ်နေကြပြီး ရှာကျူးတွင်လည်း သူမကို ချေးရန် ရိက္ခာ အမြဲတမ်း ရှိမနေချေ ။ သူလည်း စားသောက်ရမည် မဟုတ်ပါလော ။

​ သူ့ကိုယ်တိုင် အငတ်ခံပြီး ကျားမိသားစုကို မည်သို့ကြောင့် ကူညီရမည်နည်း ။

​ ရှာကျူးက ချင်ဟွိုင်ရု အပေါ်တွင် ခံစားချက် အချို့ ရှိနေသော်လည်း ကျားဒုံရွှီ ရှိနေသေးသဖြင့် သူ၏ ရည်ရွယ်ချက်များက ယခုထိ သိပ်မသိသာသေးချေ ။

​ သူ၏ ကူညီမှု အတိုင်းအတာက မူရင်းဝတ္ထုထဲက အဆင့်အထိ မရောက်သေးပေ ။

​ ကျားဒုံရွှီက ဘာမှမပြောသော်လည်း သူ၏ မျက်နှာ အမူအရာက သိပ်မကောင်းလှ ။

​ သူ့မိန်းမက တခြား ယောကျ်ားများထံ အမြဲတမ်း မျက်နှာပြောင်တိုက် သွားနေရသည်ကို သူ အတော်လေး နေရခက်နေသည် ။

​ သို့သော်လည်း သူ ဘာမှမတတ်နိုင် ။ သူ့မိသားစုကို အငတ်ခံထား၍ မရပေ ။

​ အချိန် အတော်ကြာပြီးနောက် ချင်ဟွိုင်ရုက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး အသံတိုးတိုးဖြင့်...

​ " ဒုံရွှီ.. ဒီနေ့ မွန်းလွဲပိုင်းတုန်းက ယန်ကျီဝမ် ဂုန်နီအိတ် တစ်အိတ်ကို သယ်သွားတာ ကျွန်မ မြင်လိုက်တယ်.. ကျွန်မသာ မမှားဘူးဆိုရင် အထဲမှာ ပြောင်းဖူးမှုန့်တွေ ဖြစ်ရမယ်.. သူ့ ယောက္ခမတွေဆီ ပို့ပေးတာနေမှာ.. "

​ ကျားဒုံရွှီ ထိုစကားကို ကြားသောအခါ ချက်ချင်း လှည့်လာပြီး...

​ " ဟွိုင်ရု.. မင်း တကယ် မြင်တာ မမှားဘူး သေချာလို့လား.. "

​ " သေချာပေါက် မမှားပါဘူး.. အထဲမှာ ပြောင်းဖူးမှုန့်တွေ ဖြစ်ရမယ်.. "

​ ချင်ဟွိုင်ရုက သေချာစွာ ပြောလိုက်သည် ။

​ ကျားဒုံရွှီက တွေးလိုက်ပြီး...

​ " ယန်ကျီဝမ်က အဝယ်တော်ဆိုတော့ တကယ်ပဲ ရိက္ခာ ရနိုင်တဲ့ နည်းလမ်း ရှိကောင်း ရှိမှာပေါ့.. ဈေးနှုန်းက ဘယ်လောက်ရှိလဲ ဆိုတာကိုတော့ ငါလည်း မသိဘူး.. "

​ ချင်ဟွိုင်ရုက ခေါင်းညိတ်လိုက်သော်လည်း သူမ၏ မျက်နှာပေါ်တွင် တုံ့ဆိုင်းနေသည့် အရိပ်အယောင်တစ်ခု ပေါ်လာကာ...

​ " ဒါပေမဲ့ အရင်က ကျွန်မတို့ မိသားစု နှစ်စုကြားမှာ ပြဿနာလေးတွေ ရှိခဲ့ဖူးတယ်လေ.. ပြီးတော့ ဆက်ဆံရေးကလည်း အမြဲတမ်း မကောင်းခဲ့ဘူးဆိုတော့ သူ ကျွန်မတို့ မိသားစုကို ကူညီပါ့မလား.. "

​ ကျားဒုံရွှီက မျက်မှောင်ကြုတ်လိုက်ပြီး အနည်းငယ် စိုးရိမ်လာသည် ။

​ " ဒါပေမဲ့ အခုတော့ တခြား နည်းလမ်းလည်း မရှိတော့ဘူး.. မိသားစုက စားရဦးမှာလေ.. မနက်ဖြန်ကျရင် သူ့ဆီ သွားမေးကြည့်ကြမလား.. အဆိုးဆုံးကတော့ သူ့ကို ငွေပိုပေးလိုက်ရုံပေါ့.. "

​ ငွေရမည့် ကိစ္စကို ယန်ကျီဝမ် ငြင်းလိမ့်မည်ဟု သူ မယုံပေ ။

​ သူ့တွင် တခြား ရွေးချယ်စရာ လုံးဝ မရှိတော့ချေ ။ ဤလအတွင်း မှောင်ခိုဈေးသို့ သူ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သွားခဲ့ပြီးပြီ ဖြစ်သည် ။

​ သို့သော် ယခုအချိန်တွင် မှောင်ခိုဈေး၌ ကောက်ပဲသီးနှံ ရရန်မှာ အရင်လောက် မလွယ်တော့ ။ ဈေးကြီးသည့် အပြင် ကံကြမ္မာ အပေါ်တွင်လည်း မူတည်နေသေးသည် ။

​ ချင်ဟွိုင်ရုက ခဏတာ စဥ်းစားလိုက်ပြီးနောက် နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည် ။

​ " ကောင်းပါပြီ.. ဒါဆိုလည်း မနက်ဖြန် မနက်စောစော သွားကြတာပေါ့.. "

​ ...

​နောက်တစ်နေ့ မနက်ခင်း ...

​အလုပ်မသွားကြခင် ကျားဒုံရွှီနှင့် ချင်ဟွိုင်ရုတို့က ရှေ့ဝင်းထဲရှိ ယန်ကျီဝမ်၏ အိမ်သို့ အတူတူ ရောက်လာကြသည် ။

​ ယန်ကျီဝမ်တို့ အိမ်၏ တံခါးက ပိတ်ထားသည် ။ ထသေးပုံ မပေါ်ပေ ။

​ ချင်ဟွိုင်ရုနှင့် ကျားဒုံရွှီတို့ တံခါးဝတွင် ရပ်ကာ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း နှစ်ယောက်လုံး အနည်းငယ် တုံ့ဆိုင်းနေကြသည် ။

​ အရင်က သူတို့ ဖြစ်ခဲ့သော ပြဿနာက အတော်လေး ကြီးမားသည် ။ အကယ်၍ ရှာကျူးသာ ခေါင်းခံမပေးခဲ့လျှင် ကျားဒုံရွှီ အရိုက်ခံရနိုင်ချေ ရှိ၏ ။

​ " ငါတို့ နည်းနည်းလောက် ထပ်စောင့်ကြမလား.. "

​ ကျားဒုံရွှီက တိုးတိုးလေး ပြောလိုက်ပြီး သူ၏ လေသံတွင် အနည်းငယ် စိုးရိမ်နေမှုများ ပါဝင်နေသည် ။

​ ချင်ဟွိုင်ရုက နှုတ်ခမ်းကို ကိုက်လိုက်ပြီး ခေါင်းခါကာ...

​ " ကျွန်မတို့ ထပ်စောင့်နေလို့ မရတော့ဘူး.. မိသားစုက စားဖို့ စောင့်နေကြတာနော်.. "

​ အကယ်၍ ယန်ကျီဝမ် သဘောတူခဲ့လျှင်ပင် ရိက္ခာ ဝယ်ရန် အချိန် လိုအပ်သေးသည် ။

​ အချိန်တွက်ကြည့်မည် ဆိုလျှင် အနည်းဆုံး မွန်းလွဲပိုင်းလောက် အထိ ကြာသွားနိုင်၏ ။

​ ထိုသို့ ပြောပြီးနောက် သူမက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး တံခါးကို ခေါက်ရန် လက်ကို မြှောက်လိုက်သည် ။

​ အိမ်ထဲမှ လှုပ်ရှားသံ တစ်ချို့ ထွက်ပေါ်လာပြီးနောက် ခဏအကြာတွင် တံခါး ပွင့်သွားသည် ။

​ ယန်ကျီဝမ်က တံခါးဝတွင် ရပ်နေပြီး ကျားဒုံရွှီနှင့် ချင်ဟွိုင်ရု ဖြစ်နေသည်ကို မြင်သောအခါ သူ မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး...

​ " မင်းတို့ နှစ်ယောက်ကိုး.. "

​ ချင်ဟွိုင်ရုက အားတင်း၍ ပြုံးပြလိုက်ပြီး ...

​ " ကျီဝမ်.. ကျွန်မတို့ ရှင်နဲ့ တိုင်ပင်စရာလေး တစ်ခု ရှိလို့ပါ.. "

​ " ပြောလေ.. "

​ ယန်ကျီဝမ်၏ လေသံက အလွန် အေးစက်နေပြီး သူတို့ နှစ်ယောက်ကို အိမ်ထဲသို့ ပေးဝင်မည့် အရိပ်အယောင်ပင် မရှိ ။

​ ထိုသည်ကို မြင်သောအခါ သူတို့ နှစ်ယောက် ပို၍ပင် အနေရခက်သွားကြသည် ။

​ " ကျီဝမ်.. ဘယ်သူလဲ.. "

​ ထိုအချိန်တွင် ယွီလီ လျှောက်လာပြီး ဧည့်သည်များက ချင်ဟွိုင်ရုတို့ လင်မယား ဖြစ်နေသည်ကို မြင်သောအခါ သူမက အံ့သြစွာဖြင့်...

​ " ရှင်တို့ နှစ်ယောက် ဘာကိစ္စ ရှိလို့လဲ.. "

​ ချင်ဟွိုင်ရုက ကျားဒုံရွှီကို ကြည့်ကာ စကားပြောရန် အချက်ပြလိုက်သည် ။

​ သို့သော် ကျားဒုံရွှီက ယန်ကျီဝမ်ကို အတော်လေး ကြောက်နေဟန် ရပြီး ငုံးတစ်ကောင်လို ထစ်အနေကာ စကား မပြောနိုင်ချေ ။

​ ချင်ဟွိုင်ရုက မျက်စောင်းထိုးလိုက်ပြီး သူမ၏ ခင်ပွန်းကို အားကိုး၍ မရနိုင်ကြောင်း သိလိုက်သည် ။

​ သူမမှာ ကိုယ်တိုင် ပြောရုံမှတစ်ပါး တခြား ရွေးချယ်စရာ မရှိတော့သဖြင့် သူမ၏ အသံတွင် အသနားခံသည့် အရိပ်အယောင်လေး ပါဝင်နေကာ...

​ " ကျီဝမ်.. ကျွန်မတို့ အိမ်မှာ စားစရာ မရှိတော့လို့ပါ.. ရှင်မှာ ရိက္ခာ ရနိုင်တဲ့ နည်းလမ်း ရှိတယ်လို့ ကြားလို့.. ရှင် ကျွန်မတို့ကို နည်းနည်းလောက် ဝယ်ပေးလို့ ရမလား.. "

All Chapters