← Chapters

ဆေးဝါးပညာ

Vol. 23 Ch. 310

ဆေးဝါးပညာ

Vol. 23 Ch. 310

အခန်း (၃၁၀) : ဆေးဝါးပညာ

ဆေးလုံးတစ်လုံးအပေါ် အာနိသင်အမျိုးမျိုးရှိဖို့ သင်္ကေတအမျိုးမျိုး ရေးထိုးနိုင်စွမ်းသည် ထိုသင်္ကေတများကို နားလည်နိုင်စွမ်းနှင့် ပါရမီကောင်းကောင်း လိုအပ်လေသည်။ ဝမ်ဝေ့အတွက်မူ သူက ငါးနှစ်တာအရွယ်ကတည်းက အံ့ဖွယ်သင်္ကေတများကို လေ့လာခဲ့လေသည်။ ဤအကြောင်းမှာ သူက သူ့ကိုယ်ပိုင် တမူထူးရုပ်ခန္ဓာကို ဖန်တီးလို၍ ဖြစ်သည်။

နာရီအနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် သူက ဆေးမီးပြင်းဖို၏ အဖုံးကို ဖွင့်ကာ ဆေးကိုးလုံးကို ကြည့်လိုက်သည်။ သူ့ အံ့ဖွယ်အသိစိတ်ဖြင့် ထိုဆေးလုံး၏ အငွေ့အသက်ကို စစ်ဆေးပြီးနောက် မျက်မှောင်ကြုတ်လိုက်မိသည်။

“ ပြည့်စုံ အရည်အသွေး ဆေး၂လုံး၊ သာလွန်ဆေး ၂လုံးနဲ့ သာမန် ဆေး၁လုံးပဲ။ ကြည့်ရတာ ငါ အတော်လေး ပျင်းရိနေတဲ့ပုံပဲ”

ဆေးဝါးပညာရှိ ဆေးလုံးများကို အဆင့်များဖြင့် ခွဲခြားထားခြင်း မကဘဲ အရည်အသွေးကိုလည်း ခွဲခြားထားလေသည်။ ဆေး ၁ လုံးချင်းစီ၏ အရည်အသွေးကို အဆင့်နိမ့်၊ သာမန်၊ သာလွန်နှင့် ပြည့်စုံအဆင့် ဟူ၍ ခွဲထားသည်။ အရည်အသွေးကို ဆေးပင်များ မည်မျှသန့်စင်သွားကြောင်း၊ မီးထိန်းချုပ်နိုင်စွမ်းနှင့် အသုံးပြုလိုက်သည့် ဆေးပင်များ၏ အချိုးအစားနှင့် အံ့ဖွယ်သင်္ကေတများ ပြီးပြည့်စုံစွာ ရေးထိုးနိုင်မှုအပေါ် မူတည်နေလေသည်။

ရလဒ်ကို မြင်ပြီးသည့်နောက်တွင် ဝမ်ဝေ့က မျက်လုံးအသာမှိတ်ကာ ဖြစ်စဉ်တစ်ခုလုံးကို ပြန်လည်သုံးသပ်လိုက်သည်။ သူ့ပြီးပြည့်စုံသော မှတ်ဉာဏ်ဖြင့် ဖြစ်စဉ်တစ်ခုလုံးကို ဘာမှမချွင်းမချန် ပြန်လည်မြင်ယောင်ကြည့်လိုက်သည်။

“ အော် ငါသိပြီ။ မီးတောက်ကို ကောင်းကောင်း မထိန်းချုပ်မိတော့ ဆေးစွမ်းအင်ကို နည်းနည်း လောင်ကျွမ်းသွားစေတယ်။ သန့်စင်ရေးဖြစ်စဉ်မှာတော့ ဘာမှမမှားယွင်းဘူး။ ဒါပေမဲ့  သင်္ကေတ ရေးထွင်းတဲ့အခါမှာ သူတို့က ဖြစ်သင့်သလောက် မချောမွေ့နေဘူး”

ဝမ်ဝေ့က ပြဿနာကို ရှာဖွေပြီးသည့်နောက်တွင် နောက်ထပ် တစ်ဖန် ကြိုးစားကြည့်လိုက်သည်။ သူက တူညီသော ပါဝင်ပစ္စည်းများကို ဆေးမီးပြင်းဖိုတွင် ထည့်ကာ စတင်သန့်စင်လိုက်သည်။ သန့်စင်ခြင်းဖြစ်စဉ်က ချောချောမွေ့မွေ့သွားလေသည်။ သူက မီးထိန်းချုပ်နိုင်စွမ်းအပေါ် အာရုံအပြည့်အဝ စိုက်ထားလေသည်။

နောက်ဆုံးတွင် သူက သင်္ကေတများ ရေးထိုးတော့မည့်အချိန် ရောက်လာသည့်အခါ ဝမ်ဝေ့၏ အာရုံစိုက်နိုင်စွမ်းက အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး စိတ်ဝိညာဉ်စွမ်းအားဖြင့် သင်္ကေတများ၏ ရှုပ်ထွေးလှသော ပုံစံများကိုပင် အသုံးပြုလိုက်သည်။

ထိုဖြစ်စဉ်၏ ခက်ခဲသည့်အပိုင်းမှာ သင်္ကေတတစ်ခုချင်းစီက ရှုပ်ထွေးကာ သေးငယ်လွန်းလှသည့်အတွက် အာရုံစိုက်ထားပြီး တိကျဖို့ လိုအပ်လေသည်။ ထို့အပြင် သင်္ကေတများကို မရပ်မနား တစ်ခါတည်း ပြုလုပ်ရမည် ဖြစ်လေသည်။ ထိုအခါမှ သူတို့က ဆက်နွယ်နေမည် ဖြစ်၏။

နက်နဲအဆင့်နိမ့် သွေးချီဆေးလုံးတွင် သင်္ကေတသုံးခုသာ လိုအပ်ပေသည်။ သို့သော်လည်း ဆေးလုံးအဆင့်က မြင့်လာလေလေ သင်္ကေတက ထောင်ချီ မဟုတ်လျှင်ပင် ရာချီ လိုအပ်လာတတ်သည်။

နောက်ဆုံးသင်္ကေတကို ရေးထွင်းပြီးသည့်နောက်တွင် ဆေးလုံးက ပြီးဆုံးသွားလေပြီ။

ဝမ်ဝေ့က စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ၆ လုံးက ပြည့်စုံ အရည်အသွေးဖြစ်ကြပြီး ၃လုံးက သာလွန်အရည်အသွေး ဖြစ်ကြသည်။ ဝမ်ဝေ့က ထိုမျှပင် မကျေနပ်သေးဘဲ တတိယအကြိမ် ထပ်မံကြိုးစားလိုက်သည်။ ဤတစ်ကြိမ် သူက ဆေး ၉လုံးလုံး  ပြည့်စုံ အရည်အသွေးသို့ ရောက်ရှိသွားသည်။

ပို၍ကောင်းမွန်သွားသည်က ထို့နောက်တွင် သူ ကြိုးစားပြီးသည့်အချိန်တိုင်း ဆေးလုံးအရည်အသွေးက ပြည့်စုံအရည်အသွေး ဆေးလုံးများသာ ဖြစ်ကြသည်။ ထို့ကြောင့် သူက တခြားသော နက်နဲအဆင့်နိမ့် ဆေးလုံးများဖြစ်သည့် ခန္ဓာကိုယ် အားတိုးဆေးလုံး၊ အသက်ဓာတ် လှည့်ပတ်ရေး ဆေးလုံး၊ ကြွက်သားအားတိုးဆေး ဆေးလုံး အစရှိသဖြင့် ကြိုးစားကြည့်လိုက်သည်။

သူ့ ကြိုးပမ်းမှုအားလုံးတွင် ဆေးအားလုံးက ပြည့်စုံအရည်အသွေး ဖြစ်ကြသောကြောင့် သူက ယခုအခါ နက်နဲအဆင့်နိမ့် ဆေးလုံး ဖော်စပ်နိုင်ပြီဟု နိဂုံးချုပ်လိုက်သည်။ သို့သော်လည်း သူက ချက်ချင်းဆိုသလို နက်နဲ အလယ်အလတ်အဆင့်ကို ချက်ချင်းမဖော်စပ်သေးဘဲ သူ နှစ်များစွာ ကြံစည်လာရသော်လည်း မလုပ်ဖြစ်ခဲ့သည့် စမ်းသပ်မှုတချို့ကို စမ်းသပ်ကြည့်လိုက်သည်။

သူက သွေးချီဆေးလုံးအတွက် ဆေးပင်ကို ဆေးပြင်းမီးဖိုအတွင်း ထည့်ကာ စတင် သန့်စင်လိုက်သည်။ သို့သော်လည်း သူက သာမန်မီးလျှံ မန္တန်ကို အသုံးမပြုဘဲ သူ၏ သန့်စင်ရေးမီးတောက်ကိုသာ အသုံးပြုလိုက်သည်။ ရလဒ်က သူ့အား အံ့အားသင့်သွားစေ၏။

သူက ပါဝင်ပစ္စည်းများကို အပြည့်အဝ သန့်စင်နိုင်မည်ဟု ထင်ထားခဲ့သော်လည်း သူ ကောင်းကင်မီးတောက်ကို အသုံးပြုသည်နှင့် မှားယွင်းကြောင်း သက်သေပြသွားလေသည်။

သန့်စင်ခံရသည့် ပါဝင်ပစ္စည်းများက အရည်အသွေးအားဖြင့် တစ်ဆင့် တိုးမြှင့်သွားသည်။ ဆိုလိုသည်မှာ ဝမ်ဝေ့၏ မီးတောက် ထိန်းချုပ်နိုင်စွမ်းနှင့် သင်္ကေတရေးထိုးမှုက သူ့အား သာလွန်အဆင့် အရည်အသွေး ဆေးလုံးကိုသာ ဖော်စပ်နိုင်လျှင် သန့်စင်ရေးအဆင့်က သူ့အား ပြည့်စုံအရည်အသွေးအဆင့်ထိ ရောက်ရှိသွားနိုင်စေခြင်း ဖြစ်၏။

တခြားသော သာမန်အဆင့် သို့မဟုတ် အဆင့်နိမ့် ဆေးလုံးများအတွက်လည်း အတူတူ ဖြစ်ပေသည်။ ပြည့်စုံအရည်အသွေး ဆေးလုံးအတွက်မူ ထိုဆေးလုံး၏ အာနိသင်က ၂၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ တိုးမြင့်သွားလေသည်။

ဝမ်ဝေ့က ထိုတွေ့ရှိမှုကြောင့် အနည်းငယ် အံ့အားသင့်သွားပြီး ထပ်မံ စမ်းသပ်လိုက်သည်။ ကောက်ချက်ချမှုအရ သန့်စင်ရေးမီးတောက်သည် သူ ဖော်စပ်နိုင်သည့် အနိမ့်ဆုံးဆေးလုံးက သာမန်အဆင့်သာ ဖြစ်နေလိမ့်မည်။ အဆင့်နိမ့်ဆေးလုံး ဖော်စပ်ဖို့ရာအတွက် မဖြစ်နိုင်ပေ။

ဆေးလုံးဖော်စပ်ခြင်းက ကျရှုံးသွားလျှင် သို့မဟုတ် သူ့အနေနှင့် သာမန်အရည်အသွေး ဆေးလုံးကိုသာ ဖော်စပ်နိုင်လိမ့်မည်။

ထိုရှာဖွေတွေ့ရှိမှုကို သိပြီးသည့်နောက်တွင် ဝမ်ဝေ့က ကောင်းကင်မီးတောက်ဖြစ်သည့် ကောင်းကင်ဖျက်ဆီးရေး မီးတောက်ကို စမ်းသပ်ကြည့်လိုက်သည်။

ကံဆိုးစွာဖြင့် ထိုအနက်ရောင် မီးတောက်က ဆေးဝါးပညာတွင် မသင့်တော်ကြောင်း သက်သေပြသွားလေသည်။ ထိုမီးတောက်၏ အဓိကရည်ရွယ်ချက်က အရာအားလုံးကို ဖျက်ဆီးပစ်ဖို့သာ ဖြစ်သည့်အတွက် ဆေးပင်များကို ထိတွေ့သည်နှင့် အားလုံးကို လောင်ကျွမ်းသွားစေသည်။

၇ ကြိမ်မြောက်မှသာ အဆင့်နိမ့် အရည်အသွေးဆေးလုံးကို ဖော်စပ်နိုင်ခဲ့သည်။ ထိုအရာက အဆိပ်ရှိ ဆေးလုံးဟု အမှတ်အသား အကပ်ခံရလောက်အောင် နီးကပ်နေသောကြောင့် ဆေးအဆင့် စံနှုန်းမီသည်ဆိုရုံလောက်သာ ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ ဝမ်ဝေ့က ထိုတွေ့ရှိမှုနှင့် ပတ်သက်ပြီး ကျေနပ်နေမိသည်။ သူက ထိုမီးတောက်ကို သုံး၍ ဆေးဝါးကို ဆက်လက် ဖော်စပ်လိုက်သည်။

သူက ကောင်းကင်ဖျက်ဆီးရေးမီးတောက်ကို အသုံးပြု၍ ပြည့်စုံအရည်အသွေး ဆေးလုံးကို ဖော်စပ်နိုင်သည့်အခါ သူ့ဆေးဝါးပညာရပ်က နောက်တစ်ဆင့်သို့ ရောက်ရှိသွားလိမ့်မည်။

နောက်ဆုံးတွင် ဝမ်ဝေ့ နောက်ဆုံးစမ်းသပ်ချက်ကို ပြုလုပ်လိုက်သည့် နှလုံးသားတွင် တည်ရှိနေသည့် ဟွင်သွမ်းမီးတောက်ကို ထုတ်လိုက်သည်။ တစ်ပြိုင်နက် ကြည်လင်နေသလို ဆက်တိုက် အရောင်ပြောင်းနေသည့် မီးတောက်တစ်ခုက ထွက်ပေါ်လာလေသည်။ ထို့နောက် သူက ဆေးပင်များကို သန့်စင်လိုက်၏။ သူ့အား အံ့ဩသွားစေသည်က ဟွင်သွမ်းမီးတောက်သည် သန့်စင်ရေးမီးတောက်ထက် ပိုမကောင်းလျှင်ပင် ထိုအရာက ဆေးပင်များကို အာဟာရ ဖြည့်ပေးနိုင်ပြီး သူတို့၏ အရည်အသွေးကို တိုးမြင့်ပေးနိုင်သည်။ နမူနာအားဖြင့် နှစ်ငါးရာ ဂျင်ဆင်းသည် နှစ်တစ်ထောင် သက်တမ်း ဖြစ်သွားပြီး သွေးကြာအမြစ်က မှိန်ဖျဖျ အနီရောင်အစား ပို၍ပင် နီရဲလာသည်။ အနီရောင် စွန်ပလွံသီးက ခရမ်းရောင် ပြောင်းသွားပြီး နတ်ဆိုးသွေးကလည်း ရွှေရောင် စွန်းထင်းသွားလေသည်။

ဝမ်ဝေ့က ဆေးပြင်းမီးဖိုထဲရှိ ဆေးကိုးလုံးကို ကြည့်ကာ အံ့အားသင့်နေမိသည်။ သူက တစ်လုံးကို ယူကာ မျိုချလိုက်ပြီး အာနိသင်ကို ခံစားကြည့်လိုက်သည်။ သူ့အား အံ့အားသင့်သွားစေသည်က ပြည့်စုံအရည်အသွေး ဆေးလုံးသည် သာမန်ဆေးလုံးထက် အနည်းဆုံး ၅ ဆမက ပို၍အားကောင်းကြောင်း သိလိုက်ရသည်။

ဤနက်နဲအဆင့်နိမ့် ဆေးလုံးကို နက်နဲအလယ်အလတ် ဆေးလုံးအဖြစ် သတ်မှတ်နိုင်လေသည်။ သူက စမ်းသပ်မှုများ လုပ်ပြီးသည့်နောက်တွင် သင်္ကေတရေးထွင်းမှုက မည်မျှပင် ဆိုးရွားနေစေကာမူ ဆေးလုံးက ပြည့်စုံအရည်အသွေး အဆင့်သာ ကျန်ရှိနေမည် ဖြစ်ကြောင်း သိလိုက်ရသည်။

အကယ်၍ ဖြစ်စဉ်သာ မှန်မှန်ကန်ကန်သွားပါက ဆေးလုံး၏ အာနိသင်က ငါးဆမှ ဆယ်ဆအထိ တိုးမြင့်လာနိုင်သည်။

“ မီးလျှံဧကရာဇ်က အကောင်းဆုံး ဆေးပညာရှင်ထဲက တစ်ယောက်ဖြစ်နေတာ မထူးဆန်းတော့ပါဘူး” ဝမ်ဝေ့က ရေရွတ်လိုက်သည်။

“ သူက ဆေးလုံးတာအိုနဲ့ ပတ်သက်လာတဲ့အချိန်မှာ တန့်ယွမ် ဧကရာဇ်ကိုတောင် ကျော်လွန်တယ်ဆိုပြီးတော့ ကောလဟာလတွေ ထွက်ဖူးတယ်။ ကြည့်ရတာ ဒီလိုအားကောင်းတဲ့ ဧကရာဇ်က သူ့ ကိုယ်ပိုင်ဧကရာဇ်မျိုးနွယ် မဖန်တီးခဲ့တာ နှမြောစရာပဲ။

ဒါပေမဲ့ သူ့ရဲ့ အမွေအနှစ်တွေက ဒီအသင်္ချေအင်ပါယာကမ္ဘာအတွင်းမှာ ကျန်ရှိနေနိုင်တယ်”

ဝမ်ဝေ့က ထိုအတွေးများကို စုစည်းပြီးနောက်တွင် နက်နဲအလယ်အလတ်အဆင့် ဆေးလုံးကို စတင်ဖော်စပ်လိုက်သည်။ သူက မူလချီဆေးလုံးဟုခေါ်သည့် ရိုးရိုးရှင်းရှင်း ဆေးလုံးကိုသာ ရွေးချယ်ထားလေသည်။ ထိုအရာက အံ့ဖွယ်ပင်လယ်နယ်ပယ်အဆင့် ကျင့်ကြံသူများ အသုံးပြုသည့် သွေးချီဆေးလုံး၏ အဆင့်မြင့်ပုံစံ ဖြစ်၏။

နာမည်အတိုင်း ထိုအရာက ကျင့်ကြံသူ တစ်ယောက်၏ ခန္ဓာကိုယ်ရှိ မူလချီကို တိုးမြှင့်ပေးပြီး သူတို့၏ ကျင့်ကြံရေးအား ကူညီပေးလေသည်။ ဝမ်ဝေ့က မီးတောက်ကို ကောင်းကောင်းမွန်မွန် ထိန်းချုပ်ကာ လိုအပ်သည့် ပါဝင်ပစ္စည်းများကို ကောင်းကောင်းမွန်မွန် သန့်စင်လိုက်သည်။ သင်္ကေတ ရေးထွင်းရာ၌ သူက ပို၍ပင် ဂရုစိုက်လိုက်ရသည်။ အကြောင်းမှာ ဆေးလုံးက သင်္ကေတ သုံးခုအစား ကိုးခုလို အပ်၍ ဖြစ်သည်။

ထိုသင်္ကေတအများစုက အံ့ဖွယ်ပင်လယ်ကို တည်ငြိမ်စေဖို့ဖြစ်ပြီး ဆေးစွမ်းအင် ရောက်ရှိသွားသည်နှင့် စုပ်ယူနိုင်စွမ်းကိုပါ အားဖြည့်ပေးဖို့ ပြုလုပ်ထားသည်။

ဆေးလုံးဖော်စပ်ပြီးသည့်နောက်တွင် ၂ လုံးက သာလွန်အရည်အသွေး ဖြစ်ပြီး ကျန်အရာများက ပြည့်စုံအရည်အသွေး ဖြစ်ကြသည်။ ထို့ကြောင့် သူက နောက်ထပ် ပြည့်စုံအရည်အသွေး ဖော်စပ်နိုင်သည်အထိ နောက်ထပ် ထပ်မံကြိုးစားလိုက်သည်။

ထို့နောက် သူက တခြားသော နက်နဲ အလယ်အလတ် အဆင့် ဆေးလုံးများဖြစ်သည့် အံ့ဖွယ်ပင်လယ် ချဲ့ထွင်ရေး ဆေးလုံးကိုလည်း ဖော်စပ်လိုက်သည်။ ထိုအရာက အံ့ဖွယ်ပင်လယ်၏ အရွယ်အစားကို တိုးချဲ့ပေးနိုင်ပြီး ကျင့်ကြံသူများအား မူလချီ များပြားအောင် လုပ်ပေးနိုင်သည်။

မူလချီထိန်းချုပ်ရေး ဆေးလုံးက ကျင့်ကြံသူများအား သူတို့၏ မူလချီ ထိန်းချုပ်နိုင်စွမ်းကို တိုးမြှင့်ပေးနေသည်။ ချီသန့်စင်ရေးဆေးလုံးကမူ မူလချီများကို သန့်စင်ပေးပြီး အရည်အသွေးကို တိုးမြှင့်ပေးနိုင်သည်။

ဤသို့ဖြင့် ဝမ်ဝေ့က သူ့ဂူမှ မထွက်သည်မှာ သုံးလကြာ ကြာမြင့်သွားလေသည်။ သူက တစ်ချိန်လုံး ဆေးဖော်စပ်ရေး၌သာ အာရုံစိုက်ထားလေသည်။

သူ့ရှေ့ရှိ ဆေးပြင်းမီးဖိုတွင် ဆေးလုံးကိုးလုံး ရှိနေသည်။ သူက သင်္ကေတများကို ဆက်လက် ရေးထိုးနေလေ၏။ ၈၁ ခုမြောက် သင်္ကေတ ရေးထိုးပြီးသည့်နောက်တွင် ဖြစ်စဉ်က အဆုံးသတ်သွားလေသည်။ ထို့ကြောင့် သူက ဆေးပြင်းမီးဖိုအဖုံးကို ဖွင့်ကာ ရလဒ်ကို ကျေကျေနပ်နပ်ဖြင့် ကြည့်လိုက်သည်။

“ နောက်ဆုံးတော့ ငါ မြေကမ္ဘာ အဆင့်နိမ့် ဆေးလုံးကို ကျွမ်းကျင်သွားပြီဆိုတော့ လော့ချန်ရဲ့ အရည်အချင်းနဲ့ လိုက်မှီသွားပြီ”

ဝမ်ဝေ့က သူ့ဘာသာသူ အလယ်အလတ် အဆင့် ၂ ဆေးပညာရှင်ဟု သတ်မှတ်လိုက်သည်။ အကြောင်းမှာ သူဖော်စပ်နိုင်သည့် အမြင့်ဆုံးဆေးလုံးက အံ့ဖွယ်ခန္ဓာနယ်ပယ်အဆင့် ကျင့်ကြံသူများ အသုံးပြုသည့် အလယ်အလတ် မြေကမ္ဘာအဆင့် ဆေးလုံးဖြစ်နေ၍ ဖြစ်သည်။

သူက ဆေးလုံးအလိုရှိပါက တောင်းဆိုလိုက်ရုံသာဖြစ်ပြီး ယန်းလီလင်း အဖွဲ့သို့ ရောက်လာသည့်အခါ သူက ပို၍ပင် ပျင်းရိလာခဲ့သည်။ သို့သော်လည်း သူက ယခု အခွင့်အရေးကို အသုံးချကာ သူ့ဆေးဝါးပါရမီကို တိုးမြှင့်အောင် လုပ်ရမည်။

“ ကောင်းပြီ။ အဲဒါဆိုတော့ အလယ်အလတ် မြေကမ္ဘာအဆင့် ဆေးလုံးကို ဖော်စပ်ကြည့်ရအောင်”

ကံဆိုးစွာဖြင့် သူက လိုအပ်သည့်ဆေးပင်များကို လော့ချန်၏ သိုလှောင်လက်စွပ်အတွင်း ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် သူက အဆောင်တစ်ရွက် ထုတ်ကာ ဆေးပင်တောင်းဖို့ ပြင်လိုက်၏။ သို့သော်လည်း သူက လမ်းတစ်ဝက်တွင် ရပ်တန့်လိုက်သည်။

သူ တာအိုအခွင့်အလမ်းဂိုဏ်းတွင် မဟုတ်ဘဲ သူ လိုသမျှ လာပေးမည့် တစ်ယောက်ယောက် မရှိကြောင်း သဘောပေါက်သွားလေသည်။ လော့ချန်၏ မှတ်ဉာဏ်အရ ဂိုဏ်းချုပ်၏ တပည့်များပင် ဆေးပင်နှင့် ပါဝင်ပစ္စည်းများ လိုအပ်ပါက ဂိုဏ်းအကျိုးပြုမှတ်ကို အသုံးပြုဖို့ လိုအပ်ပေသည်။

ထိုအရာကို သတိပြုမိပြီးသည့်နောက်တွင် ဝမ်ဝေ့က နဂိုသိုလှောင်လက်စွပ်အတွင်းမှ ပစ္စည်းများ ထုတ်သုံးရမည်လားဟု စဉ်းစားလိုက်သည်။ အဆုံးသတ်တွင် သူက တခြားနည်းလမ်းကိုသာ ဆုံးဖြတ်လိုက်ပြီး ဂူထဲမှ ထွက်လာလေ၏။

All Chapters