← Chapters

မီးထိန်းချုပ်ရေး ပညာရပ်

Vol. 23 Ch. 311

မီးထိန်းချုပ်ရေး ပညာရပ်

Vol. 23 Ch. 311

အခန်း (၃၁၁) : မီးထိန်းချုပ်ရေး ပညာရပ်

ဝမ်ဝေ့က သူ့ဂူမှ ထွက်လာပြီးသည့်နောက်တွင် သူ့မှတ်ဉာဏ်အတိုင်း အလဲအလှယ် မျှော်နန်းဆောင်ဆီ သွားလိုက်သည်။ သိပ်မကြာခင် သူက အိမ်သုံးလုံး တစ်ခုနှင့်တစ်ခု ထပ်ဆင့်ထားသလို ပေါ်နေသည့် သစ်သားအိမ် တစ်ခုရှေ့သို့ ရောက်ရှိသွားလေသည်။ ထိုအိမ်အလယ်တွင် အလဲအလှယ် မျှော်နန်းဆောင်ဟု ရေးသားထားသည့် ဆိုင်းဘုတ်တစ်ခု ရှိ၏။

ဝမ်ဝေ့က အထဲသို့ ဝင်သွားပြီးသည့်နောက်တွင် သူ ပထမဆုံး သတိပြုမိသည်က အထဲတွင် အပြင်ဘက်ထက်စာလျှင် ပို၍ ကျယ်ဝန်းပေသည်။ အထဲတွင် အာကာပြင်ချဲ့ထွင်ရေး အစီအရင်တစ်ခု ခင်းကျင်းထားကြောင်း သတိပြုမိလိုက်၏။

အတွင်းထဲတွင် တပည့်များစွာက သွားလာနေကြပြီး မည်သူကမှ သူ့အား အာရုံမစိုက်ကြပေ။ ခန္ဓာကိုယ်လှုပ်ရှားမှုနှင့် မျက်နှာအမူအရာများအရ အချို့လူများသည် သူ့အား မှတ်မိသော်လည်း လျစ်လျူရှုထားကြောင်း ပြောနိုင်လေသည်။

သူက တည်တည်ငြိမ်ငြိမ်ဖြင့် ရုံငယ်တစ်ခုဆီ သွားကာ အမှတ်အသားပြားကို ထုတ်လိုက်သည်။ တန်းစီနေသည့် လူများက ထိုအရာကို မြင်သည့်အခါ သူ့အတွက် လမ်းဖယ်ပေးလိုက်ကြ၏။ ထို့ကြောင့် သူက ရှေ့ဆုံးသို့ ရောက်ရှိသွားလေသည်။

“ သခင်လေး (၅)အတွက် ကျွန်မ ဘာများ လုပ်ပေးရမလဲ” ထိုရုံငယ်လေးကို တာဝန်ယူထားသည့် အမျိုးသမီး တပည့်လေးတစ်ဦးက မေးလိုက်သည်။

“ ကျုပ်က ဆေးလုံးတချို့နဲ့ ဂိုဏ်းအကျိုးပြုမှတ်ကို လဲချင်လို့ပါ”

ဝမ်ဝေ့က သိုလှောင်လက်စွပ်ကို ထုတ်ပြီးနောက် ထိုမိန်းကလေးအား ပေးလိုက်သည်။ သူမက အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးပြီးသည့်နောက်တွင် မျက်ဝန်း၌ အံ့အားသင့်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။

သူမက သာလွန်အရည်အသွေး နက်နဲအဆင့် ဆေးလုံးများကို တွေ့လိုက်ရသည်။ ပို၍ ထူးခြားသည်က တချို့က ပြည့်စုံအရည်အသွေး ရှိနေကြလေသည်။ ထို့အပြင် မြေကမ္ဘာအဆင့်နိမ့် ဆေးလုံး ၂၀ ကျော်လည်း တွေ့လိုက်ရပြီး အများစုက သာမန်အရည်အသွေး ရှိကြသော်လည်း ၃လုံးကမူ ပြည့်စုံအရည်အသွေး ရှိကြလေသည်။

သူမကိုယ်တိုင်က ဆေးဝါးပညာရှင် တစ်ယောက်ဖြစ်သည့်အတွက် ပြည့်စုံအရည်အသွေး ဆေးလုံး ဖော်စပ်နိုင်ဖို့ မည်မျှခက်ခဲကြောင်း သိပေသည်။ ထို့အပြင် ထိုဆေးလုံးများသည် ဂိုဏ်းချုပ်၏ တပည့်များအနက် ပါရမီအနည်းဆုံးဖြစ်သည့် လော့ချန်ဆီမှ ထွက်ပေါ်လာခြင်း ဖြစ်၏။

ထိုမိန်းကလေးက ယခင် သူ လဲလှယ်ဖူးသည့် ဆေးလုံးအရည်အသွေးသည် ယခုနှင့် ဘာမှမဆိုင်ကြောင်း သတိပြုမိလိုက်သည်။ အရေအတွက်ပင် များပြားလာခြင်း မဟုတ်ပေ။

ထိုမိန်းကလေး၏ စိတ်ထဲတွင် အတွေးအမျိုးမျိုး ဖြတ်ပြေးသွားသော်လည်း သူမ၏ မျက်နှာအမူအရာက အပြုံးလေးတစ်ပွင့် ပန်ဆင်ထားရင်း မပြောင်းမလဲ တည်ရှိနေလေသည်။

“ ဂိုဏ်းရဲ့ စည်းမျဉ်းအရ ရှင့်ရဲ့ စုစုပေါင်းအမှတ်က ၉၈၇၅ မှတ် ရမယ်။”

ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ခေါင်းညိတ်လိုက်သည်။ သူ သိထားသည့် သတင်းအချက်အလက်အရ ဤရလဒ်မှာ တရားမျှတသည်ထက် ပိုပေသည်။ ထို့ကြောင့် သူက သူ့အမှတ်အသားပြားကို ပေးလိုက်သည့်အခါ သူမက စားပွဲနောက်မှ အစီအရင်တစ်ခုအပေါ်တွင် တင်ပြီးနောက် ထိုအမှတ်အသားပြားရှိ အရေအတွက်မှာ တိုးမြင့်သွားလေသည်။

ထိုမိန်းကလေးအား ကျေးဇူးတင်ပြီးသည့်နောက်တွင် သူက ရုံငယ်အတွင်းမှ ထွက်လာပြီးနောက် မျက်နှာချင်းဆိုင်ဘက်သို့ ဦးတည်လိုက်သည်။ ထိုရုံငယ်အတွင်းရှိ မိန်းကလေးက သူ ထွက်သွားသည်ကို ကြည့်ကာ တွေးနေမိလေသည်။

လော့ချန် ပေးတဲ့ ဆေးလုံးတွေက အပူဓာတ် ရှိနေသေးတယ်ဆိုတော့ သူကိုယ်တိုင် ဖော်စပ်လာတာပဲ ဖြစ်ရမယ်။ အဲဒါဆိုတော့ အရင်က သူ့ပါရမီက သာမန်ဆိုတော့ အခုကရော … သူက ကံအပြောင်းအလဲ အခွင့်အရေးနဲ့ ကြုံတွေ့ခဲ့ပုံပဲ။ မဟုတ်ရင် သူ့ဆေးဝါးပါရမီ အချိန်တိုအတွင်း တိုးတက်လာတာကို ရှင်းပြနိုင်မှာ မဟုတ်ဘူး

ငါ အကြီးအကဲကို ပြောလိုက်ရမလား။ ဒါမှမဟုတ် ငါပဲ ဆတ်ဆတ်ထိမခံ ဖြစ်လွန်းနေတာလား။ ထားလိုက်ပါ သူ့ကိုပဲ အကြောင်းကြားလိုက်တော့မယ်

သို့သော်လည်း ထိုအတွေး ဝင်ရောက်လာသည်နှင့် မမြင်နိုင်သလို အာရုံမခံနိုင်သည့် စိတ်စွမ်းအားတစ်ခုက သူမ၏ စိတ်အတွင်း ဝင်ရောက်သွားလေသည်။ ထို့နောက် ချက်ချင်းဆိုသလို သူမက သူမဘာသာ ပြန်တွေးလိုက်၏။

ငါ သတိထားလွန်းနေတာပဲ ဖြစ်မှာပါ။ ဒီတစ်ခေါက် သူက ကံကောင်းသွားပြီးတော့ ပုံမှန်ထက်ပိုပြီး ကံကောင်းသွားတာလည်း ဖြစ်နိုင်တာပဲ

ဤတစ်ကြိမ်တွင် စောင့်ဆိုင်းရသည်မှာ သိပ်မကြာမြင့်သည့်အတွက် အမှတ်အသားပြားကို အသုံးမပြုလိုက်ပေ။ သူက စောင့်ဆိုင်းနေရင်း သူ့ဘာသူ တွေးလိုက်မိ၏။

ဂိုဏ်းထဲ ဖူချိုက်ယွင်ရဲ့ ထိန်းချုပ်နိုင်စွမ်းက ဘယ်လောက်တောင် နက်ရှိုင်းနေတာလဲ

ထို့နောက် သူက ရုံငယ်အတွင်းရှိ ထိုမိန်းကလေး၏ ကံကြမ္မာကို အလျင်အမြန် ဖတ်ကြည့်လိုက်ပြီး သူမသည် ဖူချိုက်ယွင်အား ထောက်ခံနေသည့် လူများထဲမှ တစ်ဦးဖြစ်ကြောင်း သတိထားမိလိုက်သည်။

ထိုတွေ့ရှိမှု အပြီးတွင် ဝမ်ဝေ့က တခြားလူများကိုလည်း အလျင်အမြန် ဖတ်ရှုကြည့်လိုက်ပြီး ရုံငယ်အနောက်ရှိ လူသုံးပုံနှစ်ပုံလောက်က သူ့လူများ ဖြစ်နေလေသည်။ ဆိုလိုသည်မှာ ဖူချိုက်ယွင်က မူလဆေးလုံးတာအိုဂိုဏ်းတွင် လူများကို ထိန်းချုပ်နိုင်စွမ်း ရှိထားလေသည်။

ငါ့ရဲ့ သနားစရာ ဆရာအတွက် စိတ်မကောင်းဘူး။ သူ့ဂိုဏ်းက သူ့ထိန်းချုပ်မှုအောက်မှာ မရှိဘူးပဲ …

ဝမ်ဝေ့က သူ့အကြံအစည်များ ပို၍ ချောမွေ့စေရန်အတွက် ဖူချိုက်ယွင်ကို ရှင်းပစ်ရမလားဟု စဉ်းစားနေလေသည်။ သူ၏ မူလအစီအစဉ်အရ ဖူချိုက်ယွင်၏ တပည့်တစ်ဦးအဖြစ် ဟန်ဆောင်လိုခဲ့သည်။

အကြောင်းမှာ သူက ဂိုဏ်းအတွင်း အာဏာအပြင်းဆုံး မဟုတ်ပါလော။ သို့သော်လည်း သူ လေ့လာပြီးသည့်နောက်တွင် ဖူချိုက်ယွင်၏ တပည့်အများစုက သေလျှင်သေ သို့မဟုတ် သာမန်မျှသာ ဖြစ်သွားတတ်ကြသည်။ သူတို့က အစောပိုင်းနှစ်များတွင် ထူးချွန်လောက်ဖွယ် စွမ်းရည်ကို ပြသခဲ့ကြသော်လည်း နောက်ပိုင်းတွင် သူတို့က ပုံမှန်သာ ဖြစ်သွားကြသည်။

တကယ့်ကို ထူးခြားအံ့ဖွယ်စွမ်းရည် ရှိထားသည့် သူများအတွက်မူ သူတို့က ထူးထူးဆန်းဆန်း အခြေအနေအမျိုးမျိုးအောက်တွင် သေဆုံးသွားတတ်ကြသည်။

လောကကြီးထဲတွင် ဘယ်အရာမှ ထာဝရဝှက်ထား၍ မရပေ။ ထို့ကြောင့် ဖူချိုက်ယွင်သည် သူ့တပည့်များကို တိတ်တဆိတ် သတ်ခဲ့ကြောင်း ကောလဟာလများ ထွက်ပေါ်လာခဲ့သောကြောင့် သူ့ သတင်းဆိုးကို ဖြစ်ပေါ်လာစေသည်။ ဤသည်က အကြောင်းအရင်း တစ်ချက်သာ ဖြစ်၏။

ဝမ်ဝေ့က သူ့နောက်အဆင့်ကို စဉ်းစားနေစဉ် သူ့အလှည့် ကျရောက်လာပြီဖြစ်၏။ သူက သူ့ရှေ့ရှိ တပည့်ကို ကြည့်ကာ သူသည်လည်း ဖူချိုက်ယွင်၏ လူ ဖြစ်နေကြောင်း သိလိုက်သည်။

“ ကျုပ် ဒီစာရင်းပေါ်က ပစ္စည်းတွေ လိုတယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“ ခရမ်းရောင် ရှီးပဒီး၊ မီးတောက် ပွင့်ချပ်လွှာ၊ အဆင့် ၄ နတ်ဆိုးသားရဲ၏ နှလုံးသား၊ နှစ်တစ်သောင်းသက်တမ်းရှိ ယူကွန်မီးယား သစ်ခေါက်နဲ့ သွေးစုစည်းရေးပန်း” ထိုလူငယ်က မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။

သူက ထိုစာရင်းရှိ ပါဝင်ပစ္စည်း နည်းနည်းလေးသာ ဖတ်ရသေးလေသည်။

“ ဒါတွေက မြေကမ္ဘာ အလယ်အလတ်အဆင့် ဆေးလုံးကို ဖော်စပ်ဖို့ ဆေးပင်တွေပဲ။ သူတို့ကို အလဲအလှယ် လုပ်ချင်တာ သေချာရဲ့လား”

“ ပြဿနာ တစ်ခုခုများ ရှိလို့လား” ဝမ်ဝေ့က ပြန်မေးလိုက်သည်။

“ မရှိပါဘူး။ မရှိပါဘူး” ထိုအမျိုးသားက အလျင်အမြန် ပြောလိုက်သည် “ ဒီဆေးပင်တွေအားလုံးက အကျိုးပြုမှတ် ၈၃၄၃ မှတ် ကျသင့်ပါမယ်”

ဝမ်ဝေ့က ထိုအရာကို ကြားပြီးနောက် မျက်မှောင်ကြုတ်မိသွားသည်။ သူ့လက်ထဲတွင် အမှတ်တစ်သောင်းကျော်ရုံမျှသာ ရှိလေရာ ယခုတွင် ၈၀ ရာခိုင်နှုန်းလောက် သုံးစွဲခဲ့ရလေသည်။

ကြည့်ရတာ ငါအမှတ်တွေ ပိုရှာမှပဲ ဖြစ်တော့မယ်။ ဒီလိုသာ ငါ အဆင့်မြင့် ဆေးလုံးတွေနဲ့ ဆက်တိုက် လဲနေမယ်ဆိုရင် ရှာဖွေတွေ့ရှိသွားဖို့ လွယ်လွယ်လေးပဲ

သူ့အမှတ်အသားပြားကို ထိုတပည့်ဆီ ပေးလိုက်ပြီးနောက်တွင် သူက ဝိညာဉ်သဲလွန်စကို အသုံးပြုလိုက်သည်။ သူ့ပတ်ဝန်းကျင်ရှိ လူများက သူ့အပြုအမူများကို အာရုံမစိုက်မိကြပေ။ ဤနေရာမှ တိတ်တဆိတ် ကာကွယ်ပေးနေသည့် အကြီးအကဲပင် ချွင်းချက် မရှိပေ။

ဝမ်ဝေ့အတွက် ကံကောင်းသွားသည်က ထိုအမျိုးသားသည် သူတော်စင်အဆင့်သာ ရှိနေသည့်အတွက် ရှာဖွေတွေ့ရှိခြင်း မရှိပေ။

ထိုသို့ လုပ်ပြီးနောက် သူက ဂူသို့ ပြန်လာလိုက်သည်။ သို့သော်လည်း သူက ဆေးလုံးကို ချက်ချင်းမဖော်စပ်သေးပေ။ ထိုအစား သူက လော့ချန် ကျင့်ကြံခဲ့သည့် ကျင့်စဉ်ကိုသာ အာရုံစိုက်ထားလိုက်၏။

ဂိုဏ်းချုပ်၏ တပည့် ဖြစ်နေသော်လည်း သူက ဂိုဏ်း၏ ဧကရာဇ်ကျမ်းများကို မကျင့်ကြံပေ။ ထိုအစား သူ သေမျိုးဘဝတုန်းက မတော်တဆတွေ့ရှိခဲ့သည့် ကျင့်စဉ်ကိုသာ ဆက်လက် ကျင့်ကြံနေလေသည်။ ထိုကျင့်စဉ်ကို မီးထိန်းချုပ်ရေး ပညာရပ်ဟု ခေါ်ပြီး နာမည်အတိုင်း ကျင့်ကြံသူများအား ဆေးဝါးပညာရပ်အတွက် မီးဘယ်လိုထိန်းချုပ်ရမည်ကို သင်ကြားပေးခြင်း ဖြစ်သည်။ ထိုနည်းစနစ်ကို အလွှာအားဖြင့် ၁၂လွှာ ခွဲခြားထားသည်။

ကံဆိုးစွာဖြင့် လော့ချန်တွင် ၆လွှာမျှသာ ရှိသောကြောင့် ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်အထိသာ ကျင့်ကြံနိုင်လိမ့်မည်။ ထိုနည်းစနစ်တွင် အနာဂတ် မရှိကြောင်း သိပြီးနောက် သူ့အနေနှင့် ပိုကောင်းသည့်အရာကို ပြောင်းလဲနိုင်ရန်အတွက် သူ့ဆရာအား ပြောပြခဲ့သည်။

သို့သော်လည်း ယဲ့လောင်က သူ့အား ထိုကျင့်စဉ်သည် ထူးဆန်းကြောင်း၊ ထိုအရာကို ၆လွှာအထိ ကျင့်ကြံပြီးမှသာ နောက်တစ်ခုကို ပြောင်းနိုင်ကြောင်း ပြောလာခဲ့၏။ ဝမ်ဝေ့က ထိုကျင့်စဉ်သည် ထူးခြားကြောင်း ခံစားမိလေသည်။ အတိအကျဆိုရလျှင် မပြီးပြည့်စုံသလို ဖြစ်၏။

သူက ထိုအရာတွင် အလွှာတစ်ဝက်ကိုသာ ဖော်ပြထားသည့်အချက်ကို ပြောနေခြင်း မဟုတ်ပေ။ သူ့အတွက် တစ်ယောက်ယောက်က အားကောင်းသည့် ကျင့်စဉ်ကို ရိုးရှင်းအောင် လုပ်ပြီးတော့ လူအများ သင်ယူနိုင်အောင် လုပ်ထားဟန်ပေါ်သည်။ သူ့အား သံသယဝင်သည့် နောက်တစ်ချက်မှာ လော့ချန်နှင့် ယဲ့လောင်၏ စကားဝိုင်းမှ ဖြစ်၏။

ထိုစဉ်အခါက ဂိုဏ်းချုပ်သည် အတိတ်ကို ပြန်တွေးနေဟန်ပေါ်သည်။ လူအများအား မီးတောက် ထိန်းချုပ်နိုင်စွမ်းကို သင်ကြားပေးနိုင်သည့် ကျင့်ကြံနည်းစနစ်က ဆေးဝါးဂိုဏ်းအတွက် အလွန်အဖိုးတန်ပေသည်။ သို့သော်လည်း ယဲ့လောင်က လော့ချန် သူ့အား ပြသပြီးနောက်တွင် စိတ်ဝင်စားခြင်း မရှိပေ။ သူက တခြားလူများကို ပြောမပြဖို့ပင် ကျိန်ဆိုခိုင်းခဲ့သေးသည်။

ဝမ်ဝေ့က တစ်ခုခု မှားယွင်းနေသည်ကို ခံစားမိပြီးသည့်နောက်တွင် အဖြေကို ရှာချင်မိသည်။ ထို့ကြောင့် သူက ထိုကျင့်ကြံရေး နည်းစနစ်၏ သက်ရောက်မှုနှင့် အကျိုးပြုမှုကို ကောက်ချက်ချပြီး ဇစ်မြစ်ကို ရှာဖွေဖို့ရာ ကံကြမ္မာကို ဖတ်ရှုခဲ့သည်။

ကံဆိုးစွာဖြင့် သူ့ ကောက်ချက်ချမှုက ရလဒ် ထွက်မလာပေ။ ထို့ကြောင့် သူက ထိုနည်းစနစ်သည် မူလဆေးလုံးတာအိုဂိုဏ်းနှင့် ဆက်နွယ်နေလားဟု ထပ်မံ တွက်ချက်ကြည့်လိုက်သည်။ သူက အဖြေ မရရှိသေးပေ။ ထို့ကြောင့် သူက ထိုကျင့်ကြံရေး နည်းစနစ်သည် ဂိုဏ်းချုပ်ယဲ့လောင်နှင့် ပတ်သက်မှု ရှိရမည်ဟု ထပ်မံ အဖြေထုတ်လိုက်သည်။

နောက်ဆုံးတွင် သူက အဖြေတစ်ခုရသွားပြီး အကောင်းဖက်မှ ဖြစ်လေသည်။ ဝမ်ဝေ့က ထိုအရာကို တွေးမိပြီးသည့်နောက်တွင် အကြည့်များ လင်းလက်သွားလေ၏။ သူက သဘောတရားများစွာ တွေးမိထားသည်။ သို့သော်လည်း ယခုကား သတင်းအချက်အလက် နည်းပါးလွန်းလှ၏။

ရက်သတ္တပတ်ကြာပြီးသည့်နောက်တွင် သူက ဂူအတွင်းမှ ထွက်လာကာ ဂိုဏ်း၏ စာကြည့်တိုက်သို့ ဦးတည်လိုက်သည်။ သူက လူများ၏ မီးထိန်းချုပ်နိုင်စွမ်းအား မြှင့်တင်ပေးနိုင်မည့် ကျင့်ကြံရေး နည်းစနစ်များ ရှိမလားဟု စစ်ဆေးကြည့်ချင်မိသည်။

အဖြေကား အဆိုးဘက်မှ ဖြစ်နေသည်။ ထို့ကြောင့် သူက မရပ်တန့်ဘဲ လူတစ်ယောက်၏ ဂူသို့ ဦးတည်လိုက်သည်။ သူက တခြားကောက်ချက်ချမှုများ မလုပ်ခင် ထိုနည်းစနစ်နှင့် ပတ်သက်ပြီး တစ်ခုခုကို စစ်ဆေးကြည့်ချင်မိသည်။

All Chapters