← Chapters

အမုန်းတရားကျိန်စာ

Vol. 23 Ch. 313

အမုန်းတရားကျိန်စာ

Vol. 23 Ch. 313

အခန်း (၃၁၃) : အမုန်းတရားကျိန်စာ

ဝမ်ဝေ့က သူ့ဂူသို့ ပြန်လာပြီးသည့်နောက်တွင် လတ်တလော ရှာဖွေတွေ့ရှိမှုအကြောင်း နက်နက်နဲနဲ စဉ်းစားလိုက်သည်။ သူ့အစ်မ(၃)ကလည်း မီးထိန်းချုပ်ရေး ပညာရပ်ကို လေ့လာထားသည်။ ထိုသို့ လေ့လာမှုအရ သူမက ၇လွှာသို့ပင် ရောက်ရှိနေလေပြီ။

ယခု မေးခွန်းက သူမက ဤပညာရပ်အား ဘယ်လိုရရှိခဲ့လဲဆိုသည့် အကြောင်း ဖြစ်၏။ ဝမ်ဝေ့က ဖြစ်နိုင်ချေ သုံးခုကို တွေးမိလေသည်။

ပထမတစ်ချက်က လော့ချန်က သူ့ဆရာထံ ပြသပြီးသည့်နောက်တွင် သူ့ဆရာတူအစ်မအား ပေးလိုက်ခြင်း ဖြစ်၏။ ဒုတိယအနေနှင့် သူ့ဆရာက ထိုပညာရပ်၏ အမွေအနှစ်များကို ကမ္ဘာတစ်ဝှမ်း ပြန့်ကျဲထားစေပြီး ထိုအမွေအနှစ်ရရှိသူအား တပည့်အဖြစ် လက်ခံခြင်း ဖြစ်သည်။ ယခင်သုံးသပ်ချက်အရ သူ့ဆရာသည် ဤပညာရပ်နှင့် ဆက်စပ်မှုတချို့တော့ ရှိနေလေသည်။ ဤဖြစ်နိုင်ချေက မြင့်မား၏။

တတိယအနေနှင့် မူလဆေးလုံးတာအိုဂိုဏ်း၏ ဘိုးဘေးတစ်ယောက်က ထိုအမွေအနှစ်ကို ထားရှိခဲ့သူဖြစ်ပြီး သူ့ဆရာက ထိုအမွေအနှစ် ရရှိသူများအား စုဆောင်းဖို့ တာဝန်ယူထားရသူ ဖြစ်နေနိုင်သည်။

ဝမ်ဝေ့က ထိုဖြစ်နိုင်ချေသုံးခုအား စဉ်းစားပြီးသည့်နောက်တွင် ပထမတစ်ခုကို အလျင်အမြန် အဆုံးသတ်လိုက်သည်။ လန်လင်းအပေါ် သူ့လေ့လာချက်များအရ သူမ၏ အုတ်မြစ်က မီးထိန်းချုပ်ရေးပညာရပ်ဖြင့် စတင်ထားခြင်း ဖြစ်သောကြောင့် သူမက လော့ချန် ဂိုဏ်းသို့ မရောက်ရှိလာခင်ကတည်းက ထိုအရာကို လေ့ကျင့်ထားခြင်း ဖြစ်၏။

ကျန်ရှိနေသော ဖြစ်နိုင်ခြေ နှစ်ခုအတွက်မူ နှစ်ခုလုံးက ဖြစ်နိုင်ချေ ရှိလေသည်။ မည်သို့ပင်ဆိုစေကာမူ အမှန်တရားက ဘယ်လိုဖြစ်ဖြစ် ထိုနည်းစနစ်က မရိုးရှင်းဘဲ လျှို့ဝှက်ချက်ကြီးကြီးတစ်ခု ကိုင်ဆောင်ထားကြောင်း သိလေသည်။

ထိုအရာကို သုံးသပ်ပြီးသည့်နောက်တွင် ဝမ်ဝေ့က အဖြေကို ရှာဖွေလို၏။ ထို့ကြောင့် သူက အမှန်တရားကို မည်သို့ရှာဖွေရမည်မှန်း စဉ်းစားလိုက်သည်။ သူ့ အစ်မ(၃)ကို တိုက်ရိုက်မေးခြင်း သို့မဟုတ် ဆရာကို တိုက်ရိုက်မေးခြင်းက အဖြေရမည် မဟုတ်ပေ။

ထိုလူနှစ်ဦးက သူ့ ကျင့်ကြံဆင့်က နိမ့်ကျလွန်းသောကြောင့် ထိုသို့လျှို့ဝှက်ဆန်းကြယ်မှုမျိုးအတွင်း ဝင်ရောက်ပြီး အသတ်ခံဖို့မှ ကင်းဝေးဖို့ရာအတွက် ဝေးဝေးနေဖို့သာ သတိပေးကြလိမ့်မည်။

ဝမ်ဝေ့က ဦးနှောက်ကို ဖျစ်ညှစ်ကာ ဖြေရှင်းနည်း စဉ်းစားပြီးသည့်အခါ  သူ ဂိုဏ်းသို့ ပြန်လာစဉ်အခါက သူတော်စင်ငါးဦးက သူ့အား လုပ်ကြံသည်ကို ရုတ်ချည်း အမှတ်ရသွားသည်။

လော့ချန်က ဂိုဏ်းတွင် သာမန်လူတစ်ယောက်သာ ဖြစ်သောကြောင့် သူတော်စင်ငါးယောက်က သူ့နောက် အဘယ်ကြောင့် လိုက်မည်နည်း။

ဘာအကြောင်းပြချက်ကြောင့်လဲ …

သူ့ဆီ ထူးခြားနေသည့် တစ်ခုတည်းသောအရာမှာ ဤမီးထိန်းချုပ်ရေး ပညာရပ်သာ ဖြစ်၏။

“ ငါ သူတို့တွေကို တစ်ခါတည်း မသတ်လိုက်သင့်ဘူး” ဝမ်ဝေ့က နောင်တဖြင့် ရေရွတ်လိုက်သည်။

သူက တစ်ဦးဦးကို အသက်ရှင်ရန်ထားပြီးတော့ သတင်းအချက်အလက်ကို ရယူချင်မိသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့ကို ဘယ်သူလွှတ်လိုက်မှန်း သိလေသည်။ ဖူချိုက်ယွင် ဖြစ်၏။ ဝမ်ဝေ့က သူသည် ဖူချိုက်ယွင်၏ ကျင့်ကြံရေး နည်းစနစ်အကြောင်း သံသယတချို့ဝင်ကာ သူ့လူများအား ပို့လွှတ်၍ စစ်ဆေးကြည့်ခိုင်းထားခဲ့သည်။

ဝမ်ဝေ့က ထိုအရာကို စစ်ဆေးလိုက်သည်နှင့် တစ်ခုခုတော့ တွေ့ရှိလာရမည်။ သို့သော်လည်း သူက ချက်ချင်း မစီမံသေးဘဲ မီးထိန်းချုပ်ရေး ပညာရပ်ကိုသာ နက်နက်နဲနဲ တူးဆွကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

ယခင်က သူသည် သဘာဝလွန်အဆင့်သို့ ဖြတ်ကျော်ပြီးသည့်နောက်တွင် လေးလွှာမြောက်အထိသာ ရောက်ရှိသေးလေသည်။

………….

ယခင် ရက်သတ္တပတ် အစောပိုင်းလောက်တွင် ဝူဟုန်က ဝမ်ဝေ့ တောင်ဘက်နယ်မြေသို့ ထွက်သွားသည်ကို ကြည့်ပြီးနောက် သူမလည်း အနောက်ဘက်ကုန်းမြေဆီ ဦးတည်လာခဲ့သည်။

သူမက လေဟာနယ်ကို ချိုးဖောက်ကာ ချက်ချင်းဆိုသလို အလယ်ပိုင်းကုန်းမြေကို ဖြတ်သန်း၍ တခြားဘက်သို့ ရောက်ရှိသွားလေသည်။ သိပ်မကြာခင် ဝူဟုန်က တောင်တစ်လုံးပေါ် ရောက်ရှိသွားလေ၏။

သူမက အနီးဆုံး အသက်ဓာတ်ရှိရာကို အာရုံခံလိုက်ပြီးသည့်နောက်တွင် လေဟာနယ်ကို ချိုးဖောက်ကာ ထိုနေရာသို့ ရောက်ရှိသွားလေသည်။ သူမ မြင်လိုက်ရသည့်အရာက ရွာအလယ်တွင် အနီရောင်ဝတ်ရုံဖြင့် တင်ပျဉ်ခွေ ထိုင်နေသည့် အမျိုးသားတစ်ဦး ဖြစ်၏။ သူက ရွာ၏ လူသေများဆီမှ အနီရောင် စွမ်းအားကို စုပ်ယူနေလေသည်။

သူ့ခန္ဓာကိုယ်၏ သွေးများအရ ဝူဟုန်က ထိုလူသည် တစ်ရွာလုံးကို သူကိုယ်တိုင် သတ်ဖြတ်ခဲ့ပြီး သူတို့သွေးများဖြင့် ကျင့်ကြံနေကြောင်း သိလိုက်သည်။ သူမက တစ်ချက်ကြည့်ရုံဖြင့် ထိုလူ၏ ပါရမီမှာ ဆိုးရွားကြောင်း ပြောနိုင်လေသည်။ သူ ရောက်ရှိနိုင်သည့် အမြင့်ဆုံး ကျင့်ကြံဆင့်မှာ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် သုံးလွှာ သို့မဟုတ် လေးလွှာအထိသာ ဖြစ်လိမ့်မည်။

သို့သော်လည်း ထိုအမျိုးသား၏ လက်ရှိကျင့်ကြံဆင့်က အံ့ဖွယ်ပင်လယ်အဆင့် ဖြစ်နေလေသည်။ အတိအကျဆိုရလျှင် သူက အံ့ဖွယ်ပင်လယ် အထွတ်အထိပ်အဆင့်သို့ ရောက်နေလေသည်။ သူမအနေဖြင့် ထိုလူသည် ဤအဆင့်သို့ ရောက်လာအောင် လူမည်မျှ သတ်ဖြတ်ခဲ့သည်ကို ခန့်မှန်းကြည့်လို့ ရလေသည်။

သူမက ဘာမှမပြောဘဲ အံ့ဖွယ်အသိစိတ်ဖြင့် သူ့ဝိညာဉ်ကို ရှာဖွေလိုက်သည်။ ထိုလူက တုံ့ပြန်ဖို့ အချိန်မရှိသလို ဘာဖြစ်သွားသည်ပင် မသိလိုက်ရပေ။ သူ၏ ဒွါရ ၉ပေါက်လုံးမှ သွေးများစီးကျလာပြီးနောက် ဝိညာဉ်လည်း ဖျက်ဆီးခံလိုက်ရသည်။

“ ငါက အခု ကျားဘုရင် ပိုင်နက်ထဲမှာဆိုတော့ ကလေးနှလုံးသား နယ်မြေနဲ့ သိပ်မဝေးဘူးပဲ”

ဝူဟုန်က လက်ဝှေ့လိုက်ပြီး ရွာသားများ၏ ခန္ဓာကိုယ်အလောင်းများအား မြှုပ်နှံလိုက်ကာ အလယ်တွင် ဂူသင်္ချိုင်း ပြုလုပ်ပေးလိုက်သည်။ ထို့နောက် သူမက လေဟာနယ်ကို ဖြတ်သန်းကာ ဦးတည်ချက်သို့ ဦးတည်လိုက်သည်။

ကလေးနှလုံးသား နယ်မြေသို့ ရောက်ရှိပြီးသည့်နောက်တွင် ဝူဟုန်က အမြဲစိမ်းတောအုပ်ဟု ခေါ်သည့်နေရာဆီ ဦးတည်လိုက်၏။ ထိုနေရာတွင် သူမက တောအုပ်အတွင်း ပြေးလွှားကာ နတ်ဆိုးသားရဲများအား အမဲလိုက်နေသည့် ကျင့်ကြံသူများစွာကို မြင်လိုက်ရသည်။

ကံဆိုးစွာဖြင့် တောအုပ်အဝင်ဝတွင် တူညီဝတ်စုံ ဝတ်ဆင်ထားသည့် လူအုပ်တစ်စုက တောအုပ်မှ ထွက်လာသည့်လူများကို တားဆီးကာ ဆက်ကြေး တောင်းနေလေသည်။ အကယ်၍ တစ်ယောက်ယောက်သာ ငြင်းပယ်ပါက သူတို့က ချက်ချင်းသတ်ဖြတ်ကာ သိုလှောင်လက်စွပ်ကို ယူသွားကြလိမ့်မည်။

ထိုလူများက အသားကျနေသည့်အလား မငြင်းပယ်ကြပေ။

ဝူဟုန်က တစ်ချက်ကြည့်ရုံဖြင့် ထိုလူများသည် နှလုံးသားစည်းချက်ဂိုဏ်းမှ ဖြစ်ကြောင်း သိလိုက်ရသည်။ ထိုဂိုဏ်းသည် မဟာဧကရာဇ်တစ်ပါး မွေးထုတ်ထားသည့် မိစ္ဆာဧကရာဇ်မျိုးဆက် မျိုးနွယ်တစ်ခု ဖြစ်၏။

ထိုလူများကို လျစ်လျူရှုကာ သူမက တောအုပ်အတွင်း ဝင်ရောက်လိုက်သည်။ သူမ၏ ဦးတည်ချက်ကို တော၏ တောင်ဘက်အဆုံးပိုင်းတွင် တွေ့ရှိသွားလေသည်။ ထို့နောက် ဝူဟုန်က ဂူအသေးလေးရှေ့ ပေါ်ထွက်လာသည်။ သူမက ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်ကာ အထဲသို့ ဝင်ရောက်လိုက်သည်။

သိပ်မကြာခင် သူမက အနီရောင် လွှမ်းမိုးထားသည့် မှိန်ဖျဖျအလင်းရှိနေသည့် လျှို့ဝှက်နယ်မြေအတွင်း ရောက်ရှိသွားလေသည်။ သို့သော်လည်း သူမ ဝင်ရောက်လိုက်သည်နှင့် အစောင့် မရှိသလို ရုပ်သေးရုပ်လည်း မရှိဘဲ သူမအား ပိတ်ပင်ထားသည့် အစီအရင်လည်း မရှိပေ။ ထို့ကြောင့် သူမ၏ မျက်မှောင်ကြုတ်မှုက ပို၍ပင်တိုးလာသည်။

သူမက ထိုနေရာ၏ အလယ်ဆီ သွားလိုက်သည်။ သူမ မြင်လိုက်ရသည်ကား စားပွဲတစ်လုံးမှအပ ဘာမှမရှိပေ။ သူမက ရှာဖွေလိုက်သော်လည်း ဘာမှမတွေ့ရပေ။

“ တို့ဟူက အမုန်းတရားကျိန်စာကို ရသွားပြီလား။ ဒါပေမဲ့ အချိန်စက်ဝန်းအရ နောက်မှ ဖြစ်သင့်တာလေ”

သူမ အလိုရှိသည့်အရာကို ရှာမတွေ့ပြီးသည့်နောက်တွင် လျှို့ဝှက်နယ်မြေမှ ထွက်လာပြီး နှလုံးသားစည်းချက်ဂိုဏ်း၏ ပိုင်နက်ဖြစ်သည့် နှလုံးသားဝါးမျိုရေး နယ်မြေသို့ ဦးတည်လိုက်သည်။

သူမ ရောက်ရှိသည်နှင့် မည်သူမှ သူမ၏ တည်ရှိမှုအား ရှာမတွေ့ကြပေ။ သို့သော်လည်း သူမက ထိုတပည့်များ ပြောဆိုနေသည့် စကားဝိုင်းကို ကြားလိုက်ရသည်။

“ အစ်ကိုယွီက ကျင့်ကြံဆင့်တက်သွားပြီလား”

“ ကံကောင်းလို့ပါကွာ” အစ်ကိုယွီက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“ ကျွန်တော်သာ မှတ်မိတာ မှန်မယ်ဆိုရင် အစ်ကိုယွီ နောက်ဆုံးအဆင့် တက်ထားတာ လွန်ခဲ့တဲ့ ငါးနှစ်ကမှလေ။ အစ်ကိုယွီက လျှို့ဝှက်ချက်တစ်ခုခု ရှိနေပုံပဲ။ အစ်ကိုရဲ့ ညီလေးတွေနဲ့ မျှဝေပေးရင်ရော ဘယ်လိုလဲ”

“ ဘာမှလျှို့ဝှက်ချက်ကြီး မရှိပါဘူးကွာ။ ငါက နှစ်တစ်နှစ်ရဲ့ ယင်ဓာတ်အများဆုံးအချိန်မှာ မွေးတဲ့ ကလေးရဲ့ နှလုံးသားကို ရလို့ ကံကောင်းသွားရုံပါ။ အဲဒါကို စုပ်ယူပြီးတဲ့နောက်ပိုင်း အဆင့်တက်သွားတာပဲ။”

“ အစ်ကိုယွီ ကျွန်တော်တို့ကို မညာပါနဲ့။ ဒီလိုမျိုး ရှားပါးပစ္စည်းမျိုးရဖို့အတွက် အစ်ကိုယွီမှာ အဆက်အသွယ်တော့ ရှိရမယ်။ ညီလေးတွေနဲ့ မျှဝေပေးပါဦး”

“ ဟား…ဟား…ဟား…မင်းတို့သာ မူလအရင်းအမြစ် လုံလောက်တယ်ဆိုရင်  မင်းတို့ ကျင့်ကြံဆင့်အတွက် အလိုရှိတဲ့ ဘယ်နှလုံးသားမဆို ရနိုင်တယ်” အစ်ကိုယွီက ဉာဏ်များစွာ ပြုံးရင်း ပြောလိုက်သည်

ထိုစဉ် သူမက အလိုရှိသည့် သတင်းအချက်အလက်များကို ရရှိပြီးသည့်နောက်တွင် ဂိုဏ်းချုပ် ရှိနေသည့် ပင်မတောင်သို့ ဦးတည်လိုက်၏။

မည်သူကမှ သူမ၏ တည်ရှိမှုကို မခံစားမိသလို အစီအရင်များလည်း ရှိမနေပေ။ သူမက အလွယ်တကူ ဂိုဏ်းချုပ်၏ စံအိမ်အတွင်းသို့ ချိုးဖောက်ဝင်ရောက်လာခဲ့၏။

ထိုနေရာတွင် သူမက လူလတ်အမျိုးသားသည် မျက်လုံးပိတ်ကာ တင်ပျဉ်ခွေ ထိုင်နေသည်ကို မြင်လိုက်ရသည်။ သူ့ရှေ့တွင် နှလုံးသားတစ်ခု မြောလွင့်နေလေ၏။ ခန္ဓာကိုယ်ဖြင့် ဆက်နွယ်နေခြင်း မရှိသော်လည်း ထိုအမျိုးသားက ထိုမှ စွမ်းအင်များ စုပ်ယူနေသည့်အတွက် နှလုံးသားက ခုန်နေသေးသည်။

လူလတ်အရွယ် အမျိုးသား၏ အရှိန်အဝါနှင့် နှလုံးသားက တူညီလှသည်။ သူတို့နှစ်ဦးလုံးက သူတော်စင်အဆင့်တွင် ဖြစ်ကြ၏။

ဝူဟုန်က ထိုအမျိုးသားရှေ့တွင် ရုတ်ချည်းပေါ်ထွက်လာပြီး လက်ချောင်းတစ်ချောင်းဖြင့် သူ့နဖူး၏ အလယ်ကို ထိလိုက်သည်။ ထို့နောက် သူမက သူ့ဝိညာဉ်ကို စတင် ရှာဖွေလိုက်သည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူမက မျက်မှောင်ကြုတ်မိလိုက်၏။

သူက အမုန်းတရားကျိန်စာကို ရထားတာ မဟုတ်ဘူးပဲ …

ဝူဟုန်က တွေးလိုက်မိသည်။

အဲဒါဆို ဘယ်သူလဲ …

သူမက ထိုလူကို တွက်ချက်ဖို့အတွက် လက်ချောင်းများအား အသုံးပြုလိုက်သော်လည်း ဘာမှရှာမတွေ့ပေ။

ငါ့တွက်ချက်မှုကို တားဆီးနိုင်တာ လူနှစ်မျိုးပဲ ရှိတယ်။ ပထမတစ်ဦးက ငရဲကမ္ဘာကလူအိုကြီး။ ဒါပေမဲ့ သူက အခု စည်းပိတ်ခံထားရတာဆိုတော့ ဝင်နှောင့်ယှက်ဖို့ စွမ်းအား မရှိဘူး။ ပြီးတော့ ဒီဟာက သူ့အတွက် အကျိုးအမြတ်ရမှာလည်း မဟုတ်ဘူး …

ဒုတိယက ကောင်းကင်တာအို …

သူမက ခေတ္တရပ်တန့်သွားလေသည်။

ဝမ်ဝေ့နဲ့ ပတ်သက်နေလို့ သူက ဝင်စွက်ဖက်နေတာများလား …

သူမတွင် အဖြေမရှိပေ။ သူမက ဂရုလည်းမစိုက်ပေ။ သူမ ဂရုစိုက်သည်က နောက်ခြေလှမ်းသာ ဖြစ်၏။

ယခင်အချိန်စက်ဝန်းတွင် ဝမ်ဝေ့က ထိုကျိန်စာကြောင့် နှစ်တစ်သောင်းကြာ ခံစားခဲ့ရသည်။ သူ့ဝိညာဉ်က ဖြည်းဖြည်းချင်း တိုက်စားခံရသောကြောင့် ဆက်တိုက် နာကျင်ခဲ့ရ၏။ ထိုအရာက သူ့အား ရူးသွပ်လုနီးပါး ဖြစ်သွားစေသည်။ သူ့တွင် စံပြဝိညာဉ် မရှိသည့်အတွက် ကူကယ်ရာမဲ့နေခဲ့၏။

တာအိုအခွင့်အလမ်းဂိုဏ်းက မည်သို့သော နည်းလမ်းပင် အသုံးပြုစေကာမူ သူတို့က ထိုကျိန်စာကို မဖယ်ရှားနိုင်ပေ။

ဝူဟုန်၏ ရည်ရွယ်ချက်က ထိုသို့ဖြစ်လာနိုင်ချေရှိသည်ကို တားဆီးဖို့ ဖြစ်၏။ သို့သော်လည်း အရာအားလုံးက လက်ရှိအချိန်စက်ဝန်းတွင် ပြောင်းလဲသွားဟန် ပေါ်သည်။

“ ဒါပေမဲ့လည်း ဂရုစိုက်ဖို့တော့ မလိုပါဘူး” ဝူဟုန်က ရေရွတ်လိုက်သည် “ သူက အရင်အချိန်စက်ဝန်းမှာ ကျိန်စာကနေ အသက်ရှင်ကျန်ခဲ့တယ်ဆိုတော့ ပြဿနာတော့ မရှိလောက်ဘူး။ ပြီးတော့ အခုလက်ရှိက ပိုပြီးအားကောင်းတယ်။ ယှဉ်လို့တောင် မရနိုင်ဘူး”

ထိုအရာကို တွေးပြီးသည့်နောက်တွင် သူမက နှလုံးသားစည်းချက်ဂိုဏ်းမှ ထွက်လာခဲ့လိုက်၏။ ဂိုဏ်းချုပ်တို့ဟူအတွက်မူ သူ့ကမ္ဘာဦးစိတ်ဝိညာဉ် ထိခိုက်သွားသောကြောင့် မသေဆုံးသွားသော်လည်း သတိမေ့လဲသွားသည်။

All Chapters