← Chapters

အကြွင်းမဲ့ တားမြစ်ချက်

Vol. 23 Ch. 317

အကြွင်းမဲ့ တားမြစ်ချက်

Vol. 23 Ch. 317

အခန်း (၃၁၇) : အကြွင်းမဲ့ တားမြစ်ချက်

ချန်းထုံက လက်ဝှေ့လိုက်သည့်အချိန် စာအုပ်က သူ့လက်ထဲ ပေါ်လာသည်။ သူက မြန်မြန်ဆန်ဆန် ဖတ်လိုက်ပြီးသည့်နောက်တွင် ပါဝင်အကြောင်းအရာများကို မြင်လိုက်ရပြီး အကြည့်များ တောက်ပသွားလေသည်။ ထို့နောက် သူက ထိုစာအုပ်အား အပြုံးလေးဖြင့် သိမ်းလိုက်သည်။

သူက ဝူဟုန် ထွက်သွားသည်ကို ကြည့်နေရင်း အလွှာနိမ့်တွင် ကိုယ်ပွားတစ်ခု အဘယ်ကြောင့် ပို့နိုင်ကြောင်း စတင်စဉ်းစားလာသည်။ ဧကရီဝူလိုမျိုး အားကောင်းသည့် ကျင့်ကြံသူအတွက် သူမ၏ အပြုအမူတိုင်းက နက်နဲသော အဓိပ္ပာယ်များရှိကာ အားပြင်းသော သက်ရောက်မှုများ ရှိလေသည်။

“ ငါ ဒီနောက်ကွယ်က လျှို့ဝှက်ချက်ကို တွက်ချက်ကြည့်ရမလား” ချန်းထုံက ရေရွတ်လိုက်ပြီးနောက် သူ့မျက်နှာထက် တွေးဆဆအမူအရာ ပေါ်ထွက်လာသည်။

“ ဘာဖြစ်ဖြစ် သူမရဲ့ တကယ့်ခန္ဓာကိုယ်အစစ်က ထာဝရတက်လှမ်းခြင်းကမ္ဘာမှာဆိုတော့ အလွှာနိမ့်မှာ ဝင်မရှုပ်နိုင်ဘူး။ ဒီကိုယ်ပွားအတွက်ကတော့ ဘယ်လောက်ပဲ အားကောင်းနေနေ မဟာဧကရာဇ်ထက် အားကောင်းမှာ မဟုတ်ဘူး”

ချန်းထုံက ဆုံးဖြတ်ချက် ချပြီးသည့်နောက်တွင် သူ့ လျှို့ဝှက်နေရာအတွင်း အစီအရင်အားလုံးကို အသက်သွင်းကာ လျှို့ဝှက်အခန်းထဲသို့ ဝင်ရောက်သွားလိုက်သည်။ အခန်းတွင် ထိုင်ခုံတစ်ခုသာ ပါရှိပြီး ၂၅ စင်တီမီတာ အမြင့်ရှိသည့် ပိရမစ်ပုံ သလင်းကျောက်တစ်ခုလည်း ရှိနေသည်။

ချန်းထုံက တင်ပျဉ်ခွေ ထိုင်လိုက်ပြီးသည့်နောက်တွင် လက်ချောင်းများကို လှုပ်ရှားရင်း မိုးမြေ၏ လျှို့ဝှက်ချက်ကို စတင်တွက်ချက်လိုက်သည်။ သူ့အခန်းဝန်းကျင်တွင် ထူးခြားဆန်းကြယ်သည့် အငွေ့အသက်တစ်ခု ဖုံးလွှမ်းသွားပြီး သူ့အား မြင့်မြတ်စေဟန်ပေါ်သည်။

ယခု သူ့အား ကြည့်သည့်သူတိုင်းက စကြဝဠာအတွင်း တည်ရှိသည့် လျှို့ဝှက်ချက်အားလုံးနှင့် ဗဟုသုတအားလုံးကို သင်ယူနိုင်လိမ့်မည်ဟု အတွေးမျိုး တွေးမိကြလိမ့်မည်။

ချန်းထုံက တွက်ချက်နေရင်း သူ ပုန်းအောင်းနေသည့် လျှို့ဝှက်နေရာက စတင်တုန်ခါလာသည်။ ပတ်ဝန်းကျင်ရှိ အစီအရင်များက သူ့ဘာသာသူ အသက်ဝင်လာကြပြီး ဘေးပတ်ဝန်းကျင်ရှိ သူတို့ဘာသာသူတို့ ပုံပေါ်လာကြပြီး အက်ကြောင်းမှာ တစ်လျှောက်ထွက်ပေါ်လာသည်။

ချန်းထုံက ကြောက်ကြောက်လန့်လန့်ဖြင့် မျက်လုံးဖွင့်ပြီးနောက် သွေးတစ်ပွက်အန်လိုက်ရသည်။

“ အကြွင်းမဲ့ တားမြစ်ချက်လား” သူ့ခန္ဓာကိုယ်က ပုံရိပ်ယောင်သဖွယ် ပြောင်းလဲသွားပြီး စတင်ပျောက်ကွယ်လာသည်။ ချက်ချင်းဆိုသလို အခန်းအတွင်းမှ သလင်းကျောက်မှ အဖြူရောင်မီးခိုးက သူ့ခန္ဓာကိုယ်တွင်း ဝင်ရောက်သွားလေ၏။ ရလဒ်အနေဖြင့် သူ့ပျောက်ကွယ်သွားမှု ရပ်တန့်သွားသော်လည်း သူ့အသားအရည်ကမူ တစ္ဆေတစ်ကောင်လိုမျိုး ဖြူဖျော့နေလေသည်။

သူ့မျက်နှာအထက် ထိတ်လန့်နေသည့် အမူအရာက ပျောက်ကွယ်မသွားသေးပေ။ ချန်းထုံက အကြွင်းမဲ့ တားမြစ်ချက် နောက်ဆုံးပေါ်လာသည့်အချိန်ကို အမှတ်ရလိုက်၏။ နောက်ဆုံးရလဒ်အနေနှင့် စံပြ၊ မကောင်းဆိုးဝါး နတ်ဘုရား၊ တာအိုအုပ်ချုပ်သူများနှင့် ထာဝရဘုရင်များပင် သေဆုံးသွားကြပြီး သူတို့တာအို ပျောက်ကွယ်သွားကြလေသည်။ အသင်္ချေမျိုးနွယ်နှင့်ကမ္ဘာများက ပျက်သုဉ်းသွားပြီး ထာဝရတက်လှမ်းခြင်းကမ္ဘာတွင် သာမကဘဲ ဟွင်သွမ်းကမ္ဘာအားလုံး၏ စွမ်းအားတည်ဆောက်ပုံက ထာဝရ ပြောင်းလဲသွားလေသည်။

ထိုဖြစ်စဉ်၌ မဟာဧကရာဇ်၊ ကောင်းကင်ဘုံအရှင်၊ တာအိုဘိုးဘေးနှင့် ထာဝရအရှင်များကဲ့သို့ လူများအတွက်မူ အမြောက်စာမှလွဲ၍ တခြားမဟုတ်ပေ။

အဆုံးသတ်တွင် မဟာတာအိုပင် ဝင်ရောက်တားဆီးနှောင့်ယှက်ဖို့ ဖိအားပေးခံလိုက်ရသည်။

ထိုဖြစ်စဉ်အတွင်း အသင်္ချေသက်ရှိများစွာနှင့် မျိုးနွယ်များစွာ ပါဝင်ခဲ့သော်လည်း အသက်ရှင်ကျန်ရစ်ခဲ့သည့် တစ်ဦးတည်းသောသူမှာ ဧကရီဝူသာ ဖြစ်၏။

ရလဒ်အနေနှင့် သူမကလည်း တန်ကြေးတစ်ခုတော့ ပေးဆပ်ခဲ့ရသည်။

ချန်းထုံအတွက်မူ ထိုအဖြစ်အပျက် ဖြစ်ပျက်စဉ်က ထာဝရတက်လှမ်းခြင်းကမ္ဘာမှ ထွက်လာပြီး ဟွင်သွမ်းကို စူးစမ်းရှာဖွေနေသည်။ သူက ထိုအရာကို ကြားသည်နှင့် မြန်မြန်အိမ်ပြန်လာခဲ့၏။ သို့သော်လည်း သူရောက်သည်နှင့် လူတချို့က သူ့အား ပါဝင်ကာ အကျိုးအမြတ်ရယူမည်ကို မဖြစ်စေချင်ကြသောကြောင့် သူ့အားဝိုင်း၍ သတ်ခဲ့သည်။ အကယ်၍ ထာဝရဧကရာဇ်တစ်ပါးအနေဖြင့် စွမ်းအားချီးမြှင့်ခံထားရခြင်းသာ မဟုတ်လျှင် သူ့အနေနှင့် အမှန်တကယ် သေသွားလောက်လေပြီ။

ချန်းထုံက အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် အကြွင်းမဲ့ တားမြစ်ချက်အကြောင်း ကြားဖူးသမျှ သတင်းအချက်များကို ပြန်လည်စဉ်းစားလိုက်သည်။

“ ဧကရီဝူက ထပ်ပြီး ကြိုးစားနေတာများလား” သူက ရေရွတ်လိုက်သည် “ အဲဒါဆိုရင် သူမတင် မဟုတ်လောက်ဘူး။ ဟိုလူအိုကြီးတွေကလည်း သူတို့ဘာသာသူတို့ အသက်ပြန်ရှင်ဖို့ ဒီအချိန်ကို စောင့်နေတာ ဖြစ်နိုင်တယ်။ ဒီလိုဆိုရင် ငါလည်း မြန်မြန်လုပ်သင့်တာပေါ့”

သူ့ အတွေးများ ထိုသို့ရောက်သွားသည့်အခါ ချန်းထုံက တစ်ခုခုကို အမှတ်ရသွားပြီး ရပ်တန့်သွားလေသည်။ သူက အံကြိတ်ကာ ကျိန်ဆဲလိုက်၏။

“ ငါ အခု အသက်ပြန်မရှင်နိုင်သေးဘူး။ အဲဒီကပ်ပါး ကောင်စုတ် ၇ကောင် … သူတို့က ဘာမှမဟုတ်ဘဲနဲ့ အားနည်းတဲ့ လူအုပ်စုပဲ။ အခုတော့…”

ချန်းထုံက သူ့အစီအရင်မှ တားဆီးထားသည့် ထူးခြားအံ့ဖွယ် စွမ်းအားတစ်ခုကို ခံစားမိလိုက်၍ စကားပြောသည်ကို ရပ်တန့်လိုက်သည်။ သူက ထိုလူများကို ကျိန်ဆဲခြင်းကြောင့် ဖြစ်လာမှန်း သိလိုက်သည်။ အကယ်၍ သူသာ အထွတ်အထိပ် အခြေအနေတွင် ရှိနေပါက ပြဿနာ မဟုတ်ပေ။ သို့သော် ကံဆိုးစွာဖြင့် ယခုတွင် သူက အကြွင်းအကျန် ဝိညာဉ်တစ်ခုသာ ဖြစ်နေ၏။

ထို့ကြောင့် သူက သက်ပြင်းချကာ သူ့ဘာသာသူ တွေးလိုက်သည်။

မင်းတို့တွေက အပြည့်အဝ စံစားထားကြပေါ့

ထို့နောက် သူက ထိုင်ခုံပေါ် ပြန်ထိုင်လိုက်ရင်း သလင်းကျောက်ဖြင့် သူ့ဒဏ်ရာများအား ပြန်လည်ကုစားလိုက်သည်။

ထိုဒဏ်ရာများက ပြင်းထန်ကာ သူ့ပြန်လည်ရှင်သန်မှုကို အနှောင့်အယှက်ဖြစ်နိုင်ကြောင်း သိထားလေသည်။ မည်သို့ပင်ဆိုစေကာမူ သူ ရရှိသည့် သတင်းအချက်အလက်နှင့် ပတ်သက်၍ ကျေနပ်နေမိသေးသည်။ သူက စောစောစီးစီး ပြင်ဆင်ထားနိုင်၍ အကျိုးအမြတ်ရရှိနိုင်လေသည်။

ဤတစ်ကြိမ်တွင် သူက ထိုအကြွင်းမဲ့ တားမြစ်ချက်တွင် ပါဝင်ပြီး အကျိုးအမြတ်ရယူဖို့ ဆုံးဖြတ်ထားလေသည်။ သူ့ရှေ့တွင် ရှိနေသည့် အန္တရာယ်များကိုမူ ဂရုမစိုက်ပေ။

သူ့အတွက် တာအိုကို လျှောက်လှမ်းရင်း သေဆုံးရသည်က ထိုက်တန်လေသည်။

……………………

ဝူဟုန်က သတ်ဖြတ်ရေးစစ်ဆေးမှုမှ ထွက်လာပြီးသည့်နောက် ချန်းထုံ၏ သူမအပေါ် လျှို့ဝှက်ချက် စစ်ဆေးမှုအကြောင်း ခံစားမိလိုက်စဉ် ဝေးဝေးမရောက်သေးပေ။ အရှင်းဆုံးပြောရလျှင် သူမက သူ့အကျင့်စရိုက်သည် နှစ်များစွာကြာသည့်တိုင် မပြောင်းလဲသည့်အတွက် မအံ့ဩမိပေ။

သူမက ခေါင်းအသာခါကာ သိုလှောင်လက်စွပ်အတွင်းမှ လေဟာနယ်သင်္ဘောကို ထုတ်လိုက်သည်။

သူမ၏ မူလအဆီအနှစ်များကို အသက်သွင်းပြီးနောက်တွင် လေဟာနယ်သင်္ဘောက အာကာပြင်ကို ချိုးဖောက်ကာ အဝေးသို့ ခရီးနှင်သွားတော့သည်။

ဤတစ်ကြိမ်တွင် သူမ၏ ဦးတည်ချက်က အတော်လေး ဝေးကွာလှသည်။ ထိုသင်္ဘော၏ အာကာပြင်တစ်ကြိမ် ခုန်တိုင်း သူမ၏ ကမ္ဘာအသိုင်းအဝိုင်းတစ်ခုမှ တစ်ခုသို့ ကူးပြောင်းသွားလေ၏။

သူမ၏ လေဟာနယ်သင်္ဘောက ထိုသို့စွမ်းရည်ရှိသည့်အတွက် မည်မျှအားကောင်းကြောင်း ပြသနေလေသည်။

တစ်လကြာ သွားလာပြီးသည့်နောက်တွင် သူမ၏ ဦးတည်ချက်သို့ ရောက်ရှိသွားလေသည်။ ထိုအရာက လေဟာနယ်ထဲတွင် မြောလွင့်နေသည့် ဥတစ်လုံးနှင့်တူသည့် ဧရာမဒိုင်းကာကြီးတစ်ခု ဖြစ်၏။

လူအများက လေဟာနယ်အတွင်း မြောလွင့်နေသည့် ကုန်းမြေငါးခုကို မြင်ရသည့် အသင်္ချေအင်ပါယာကမ္ဘာနှင့် မတူဘဲ ဤကမ္ဘာက ကာဆီးထားသည့် ကမ္ဘာ့ဒိုင်းကာကြီးက အပြင်ဘက်မှ လူများ မမြင်ရအောင် မြူခိုးများဖြင့် ပိတ်ဆို့ထားလေသည်။

ဝူဟုန်က ထိုကမ္ဘာကို ကြည့်လိုက်ပြီးနောက် မနေနိုင်ဘဲ အတိတ်ကို ပြန်လွမ်းဆွတ်မိသွားသည်။ ဤကမ္ဘာကို အသက်ရှည်ခြင်းလမ်းစဉ် ကမ္ဘာဟုခေါ်ဆိုပြီး ဝမ်ဝေ့နှင့် ဆက်ဆံရေးတစ်ခု စတင်ခဲ့ရာနေရာ တစ်ခုလည်း ဖြစ်ပေသည်။

ယခင်အချိန်စက်ဝန်းတွင် ဝမ်ဝေ့က ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားခဲ့သည်။ သူက တိထျန်းအတွက် ပြိုင်ဘက် မဟုတ်ခဲ့ရှာပေ။ ပြောရလျှင် နီးပင် မနီးကပ်ပေ။ ကံကောင်းစွာဖြင့် တိထျန်းက သူ့အား မသတ်သည့်အတွက် သူနှင့် တခြားသော ပါဝင်ယှဉ်ပြိုင်သူတချို့က အသက်ရှင်ကျန်ခဲ့သည်။

ထိုအရာ ကျရှုံးပြီးသည့်နောက်တွင် ဝမ်ဝေ့က စိတ်ပျက်ခြင်း မရှိဘဲ သူ့ကိုယ်သူ သွေးကျောက်တုံးအတွင်း စည်းပိတ်ကာ ထပ်မံကြိုးစားဖို့ ပြင်လိုက်သည်။ ကံဆိုးစွာဖြင့် သိပ်မကြာခင် ကပ်ဘေးတစ်ခုက သူနှင့် သူချစ်ရသူများထံ ကျရောက်လာလေ၏။

တိထျန်းက ထာဝရဧကရာဇ် ဖြစ်လာပြီးသည့်နောက်တွင် သူ့ဇနီးအား ပြန်လည်အသက်သွင်းဖို့ ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့ရသည်။ သူ မည်မျှပင် ကြိုးစားနေစေကာမူ သူမအား ပြန်လည်မခေါ်ဆောင်နိုင်ခဲ့ပေ။ သူက အောင်မြင်သည့် နည်းလမ်းသည် ဝမ်ဝေ့၏ အတိတ်ဘဝရှိ ဗဟုသုတများနှင့် ပတ်သက်နေကြောင်း စတင်ယုံကြည်သွားသည်။

ပြန်လည်ဝင်စားခြင်းတာအိုကို ကျင့်ကြံသူတစ်ဦးအနေနှင့် ဝမ်ဝေ့က ပြန်လည်ဝင်စားလာကြောင်း သတိပြုမိဖို့ မခက်ခဲပေ။ ထိုအရာကို ကောက်ချက်ချပြီးသည့်နောက်တွင် သူက တာအိုအခွင့်အလမ်းဂိုဏ်းသို့ ဦးတည်ကာ ဝမ်ဝေ့၏ မှတ်ဉာဏ်များကို တောင်းဆိုခဲ့သည်။

ဝမ်ဝေ့က ငြင်းပယ်ခဲ့သောကြောင့် တိထျန်းအား လမ်းဆုံးသို့ ကျရောက်သွားစေသည်။ ထို့ကြောင့် ထိုနှစ်ဖက်ကြား စစ်ပွဲကြီး ဖြစ်ပွားသွားခဲ့၏။ ကံဆိုးစွာဖြင့် ဧကရာဇ်အစီအရင် ၉ခု၊ ဂိုဏ်း၏ အသုံးအဆောင်ပစ္စည်းများ ထုတ်သုံးကာ အိပ်စက်နေသော တာအိုဘိုးဘေးများနှင့် ထာဝရအရှင်များကို နိုးထစေခဲ့ပြီး ယခင်ဧကရာဇ်များ ထားရှိခဲ့သည့် လျှို့ဝှက်နည်းလမ်းများကို အသုံးပြုခဲ့သော်လည်း တာအိုအခွင့်အလမ်းဂိုဏ်းက တိုက်ပွဲတွင် ရှုံးနိမ့်သွားပြီး တိထျန်း၏ ဖျက်ဆီးမှုကို ခံလိုက်ရသည်။

တိထျန်းက သာမန် ထာဝရဧကရာဇ် တစ်ယောက်မျှမဟုတ်ဘဲ ထူးကဲကာ အားကောင်းလွန်းလှသည်။

ထို့အပြင် ခေတ်တစ်ခု၏ စိတ်ဝိညာဉ်အကာအကွယ် မရှိတော့သည့်အတွက် သူတို့က ချီကံကောင်းမှု သို့မဟုတ် ကောင်းကင်တာအိုကိုသာ မှီခိုနေရသည်။ ဤသို့ဖြင့် အသင်္ချေအင်ပါယာကမ္ဘာ၏ အားအကောင်းဆုံးဂိုဏ်းသည် သမိုင်းကြောင်းမှ ထာဝရပျောက်ကွယ်သွားတော့သည်။

နောက်ဆုံးတိုက်ပွဲတွင် ဝမ်ဝေ့က သူ့မိတ်ဆွေများ၊ မိသားစုနှင့် ချစ်ရသူများက တိထျန်း၏ လက်ချက်အောက်တွင် သေဆုံးသွားသည်ကို ကြည့်နေရင်း သူက မည်မျှအင်အားမဲ့ကြောင်း စိတ်ပျက်သွားလေသည်။ သူက အဖြစ်အပျက်များအတွက် သူ့ကိုယ်သူသာ အပြစ်တင်မိလေသည်။

ထို့ကြောင့် သူက အမုန်းတရားဖြင့် သူ့ဝိညာဉ်ကို ဖောက်ခွဲပစ်ကာ တိထျန်းအလိုရှိသည့် အရာအား မရနိုင်စေရန် တားဆီးခဲ့သည်။

သို့သော်လည်း သူက မသေဆုံးခဲ့ပေ။ ထိုအချိန်စက်ဝန်းတွင် သူက ကံကြမ္မာတာအိုကို ကျင့်ကြံခြင်း မဟုတ်ဘဲ သေခြင်းရှင်ခြင်းတာအိုကို ကျင့်ကြံလေသည်။ ပြောရလျှင် တိထျန်းလိုမျိုး ပြန်လည်ဝင်စားခြင်း တာအိုနှင့် ဆင်တူသည်။ ထို့ကြောင့် သူက မသေဆုံးခင် အသက်ရှည်ခြင်းလမ်းစဉ်ကမ္ဘာဟုခေါ်သည့် တခြားကမ္ဘာတွင် ပြန်လည်မွေးဖွားလာဖို့ ပြန်လည်ဝင်စားခြင်း မန္တန်ကို အောင်အောင်မြင်မြင် ချမှတ်ခဲ့သည်။

တိထျန်းက သူ့အား ပြန်လည်ဝင်စားခြင်းအထိ လိုက်ခဲ့သော်လည်း ကံတရားက သူ့ဘက်တွင် ရှိနေပြီး တားမြစ်နယ်မြေဖြစ်သည့် ငရဲကမ္ဘာ၏ အားကောင်းသော သက်ရှိကနေ တိထျန်းအား အလွှာနိမ့်၏ ပြန်လည်ဝင်စားခြင်းကို ဝင်ရောက်နှောင့်ယှက်ဖို့ ခွင့်မပြုနိုင်သောကြောင့် သူက တိထျန်းကို ဝင်ရောက်နှောင့်ယှက်ကာ ဝမ်ဝေ့အား လိုက်လံဖမ်းဆီးခြင်းကို တားဆီးခဲ့သည်။

ဝူဟုန်က သူမ၏ မှတ်ဉာဏ်များမှ ပြန်လည်နိုးထလာပြီး သက်ပြင်းချလိုက်သည်။

“ ဒီတစ်ကြိမ်တော့ ကိစ္စတွေက အတူတူ အဆုံးသတ်မှာ မဟုတ်ဘူးလို့ မျှော်လင့်ရတာပဲ။ တကဘ်လို့ ကံကြမ္မာကသာ မပြောင်းလဲနိုင်ဘူး။ မူလအတိုင်းသာ ဖြစ်မယ်ဆိုရင် ငါ ဘယ်လိုတန်ကြေးကိုပဲ ပေးဆပ်ရပေးဆပ်ရ အတားဆီးတွေအကုန်လုံးနဲ့ အနှောင့်အယှက်တွေ အကုန်လုံးကို ဖယ်ရှားပစ်မယ်”

သူမက ရေရွတ်လိုက်သည်။

ထို့နောက် သူမက ဆုံးဖြတ်ချက် ခိုင်မာသော အကြည့်နှင့်အတူ ထိုကမ္ဘာအတွင်း ဝင်ရောက်လိုက်၏။ သူမ၏ မျက်နှာအထက်တွင် တုံ့ဆိုင်းသည့် အရိပ်အယောင်ကို ယခုက စ၍ မမြင်ရတော့ပေ။

All Chapters