မသေမျိုးချီလား
Vol. 23 Ch. 319
အခန်း (၃၁၉) : မသေမျိုးချီလား
လန်မိသားစု ကျမ်းခန်းမဆောင်မှ ထွက်လာပြီးသည့်နောက်တွင် မည်သူကမှ ဝူဟုန်၏ တည်ရှိမှုအား သတိမထားမိခဲ့ကြပေ။ ထို့နောက် သူမက ထိပ်သီး အခြေတည်အဆင့် တစ်ယောက်၏ တူညီသော အငွေ့အသက်သို့ ပြောင်းလဲလိုက်သည်။
သိပ်မကြာခင် သူမဝန်းကျင်ရှိ အားကောင်းသည့် အချုပ်အနှောင်တို့က ပြေပျောက်သွားသည်ကို ခံစားမိလိုက်သည်။ ထိုအချိန်မှစ၍ ဤကမ္ဘာထဲ သူမ၏ စွမ်းအားကို အနည်းငယ် ထုတ်သုံးနိုင်လာပြီ ဖြစ်၏။
ဒီကမ္ဘာက နယ်ခြားကျင့်ကြံရေး နည်းစနစ်တွေကို အတော်လေး တွန်းကန်နေတာပဲ…. ဘာကြောင့်များပါလိမ့်….
သူမက ထိုမေးခွန်း၏ အဖြေကို ရှာမတွေ့ပေ။ ထို့ကြောင့် ဝူဟုန်က သူမတွင် အခွင့်အရေး ရှိပါက စစ်ဆေးကြည့်ဖို့သာ ဆုံးဖြတ်လိုက်၏။
ဝူဟုန်၏ နောက်ဦးတည်ရာက ပူရှို့ကုန်းမြေ ဖြစ်၏။
ယခုလက်ရှိ ရှိနေသည့်နေရာက အရင်းအမြစ်ကန့်သတ်ချက်နှင့် ကျင့်ကြံသူအနည်းငယ်သာ ရှိသည့် ပင်လယ်ပိုင်နက်တစ်ခုမှလွဲ၍ ဘာမှမဟုတ်ပေ။
ထိုကမ္ဘာ၏ ဗဟိုချက်သည် မသေမျိုး မိသားစုများနှင့် ဂိုဏ်းများတည်ရှိရာ ပီရှို့ကုန်းမြေ ဖြစ်၏။
သူမက ဘေးပတ်လည်ကို ကြည့်လိုက်ပြီးနောက် သူမ၏ လက်ရှိအင်အားဖြင့် ထိုနေရာကို ပျံသန်းသွားလျှင် နှစ်ရာချီ ကြာမြင့်မည်မှန်း သိလိုက်သည်။ ထိုအချိန်က သူမကို ပင်လယ်သားရဲများနှင့် နတ်ဆိုးသားရဲပျံများ မတိုက်ခိုက်သည့်အချိန်ကို တွက်ထားခြင်း ဖြစ်သည်။
ထို့ကြောင့် ဝူဟုန်က ထိုနေရာကို သွားနိုင်မည့် နည်းလမ်းရှိသည့်သူများကို ရှာဖွေဖို့ ဆုံးဖြတ်လိုက်သည်။ သူမက ဘေးပတ်လည်ကို ကြည့်ပြီးသည့်နောက်တွင် ပီရှို့ကုန်းမြေသို့ သွားလာနိုင်ပြီး ပင်လယ်ထဲ အာဏာရှိသည့် တစ်ဦးတည်းသောအဖွဲ့မှာ အပြာရောင်စိတ်ဝိညာဉ် ကုန်သွယ်ရေးအဖွဲ့အစည်းသာ ဖြစ်ကြောင်း သိခဲ့ရသည်။
ကံဆိုးစွာဖြင့် ဈေးနှုန်းက မတန်မဆ များပြားလွန်းနေသောကြောင့် လူအများစုက မတတ်နိုင်ကြပေ။ အဆုံးသတ်တွင် သူမက မိုးမြေလိုအပ်ချက်တချို့ကို တွက်ချက်ပြီး လူမနေထိုင်သည့်ကျွန်းများမှ ဝိညာဉ်သွေးကြောများကို ရယူခဲ့သည်။ ထိုဝိညာဉ်ကျောက်တုံးများဖြင့် သူမက လက်မှတ်ဖိုး တတ်နိုင်သွားလေ၏။
ဝူဟုန်က အပြာရောင်စိတ်ဝိညာဉ် ကုန်သွယ်ရေးအဖွဲ့အစည်း၏ သင်္ဘောပေါ်သို့ တက်ပြီးသည့်နောက်တွင် အနည်းငယ် စိတ်ခုသွားလေသည်။ သူမ၏ အင်အားဖြင့် ဤကမ္ဘာရှိလူများက သူမ၏ ပြိုင်ဘက် ဖြစ်ရဲ့လားဟု သံသယဖြစ်လာသည်။ ကံဆိုးစွာဖြင့် သူမ၏ အင်အားများက ကန့်သတ်ခံထားရပြီး နည်းလမ်းများမှာလည်း အကန့်အသတ် ရှိနေလေသည်။ နမူနာအားဖြင့် သူမကိုသာ မကန့်သတ်ထားပါက သူမ ဦးတည်ရာကို ရောက်ရှိဖို့ လေဟာနယ်ကိုသာ ချိုးဖောက်သွားလိုက်မည် သို့မဟုတ် ပျံသန်းသွားလိုက်မည်။
အဆိုးရွားဆုံးဆိုလျှင် သူမက ထိုနေရာကို ရောက်ဖို့ ပျံသန်းရေးရတနာကို မွမ်းမံသန့်စင်နိုင်လေသည်။ ကံဆိုးစွာဖြင့် ထိုနည်းလမ်းက မအောင်မြင်ပေ။ ဤကမ္ဘာ၏ မွမ်းမံရေးနည်းလမ်းကို အသုံးပြုပြီးသည့်နောက်တွင်ပင် သူမ ပြုလုပ်နိုင်သည့် ရတနာ၏ အဆင့်က သူမ၏ ပျံသန်းနှုန်းထက် အနည်းငယ်မျှပင် ပိုမြန်ဆန်နေလေသည်။
သူမ၏ နောက်အကြံအစည်က အပြာရောင်စိတ်ဝိညာဉ် ကုန်သွယ်ရေး အဖွဲ့အစည်း၏ အထက်ပိုင်းများကို ထိန်းချုပ်ပြီး သူတို့၏ ခရီးဝေးကူးသန်းမှု အစီအရင်ကို အသုံးပြုဖို့ ဖြစ်သည်။ ကံဆိုးစွာဖြင့် သူမက ဝိညာဉ်ကို စတင်သုံးလိုက်သည်နှင့် ကောင်းကင်တာအိုဆီမှ သတိပေးချက်ကို စတင်ခံစားမိလိုက်သည်။
အဆုံးသတ်တွင်မူ သူမက ဒေါသထွက်သော်လည်း သူမ၏ ဦးတည်ရာကိုရောက်ဖို့ တရားဝင်နည်းလမ်းများကိုသာ အသုံးပြုလိုက်ရသည်။ ထို့ကြောင့် ကူးသန်းရေးအစီအရင်များစွာကို ဖြတ်သန်းပြီးသည့်နောက်တွင် သူမ၏ ဦးတည်ချက်အား သုံးလအတွင်း ရောက်ရှိသွားလေ၏။
သူမက ပီရှို့ကုန်းမြေသို့ ခြေချလိုက်သည်နှင့် အချိန်ဖြုန်းမနေတော့ပေ။ သူမက ရွှေအမြုတေ ကျင့်စဉ်ရှိသော အားကောင်းသည့် ဂိုဏ်းအများစုအကြောင်းကို ရှာဖွေလိုက်သည်။
……………
ဓားပျံဂိုဏ်းက သေမျိုးလောကတွင် အားအကောင်းဆုံးဂိုဏ်းတစ်ခု ဖြစ်ပြီး စိတ်ဝိညာဉ်လောကနှင့် ဆက်သွယ်မှု ရှိလေသည်။ သူတို့က ထိုမှ သတင်းများကို လက်ခံရယူပြီး အလွှာမြင့်မှ အထွတ်အထိပ် အရင်းအမြစ်တချို့ကို ရရှိနိုင်ကြသည်။ သူတို့၏ စာကြည့်တိုက်အတွင်းတွင် ကိုယ်ဖျောက်ထားသည့် ဝူဟုန်က သူတို့၏ ကျင့်စဉ်များကို ဖတ်ရှုရုံသာမက သူတို့ အလွှာမြင့်မှ ရရှိထားသည့် သတင်းအချက်အလက် အားလုံးကို ဖတ်ရှုနေလေသည်။ ဤတစ်ကြိမ် သူမက အချိန်မဖြုန်းမိစေရန် ပြင်ဆင်ထားလေသည်။
သူမက ဖတ်ရှုပြီးသည်နှင့် ရွှေအမြုတေ နယ်ပယ်အဆင့်၏ အရှိန်အဝါကို လှုံ့ဆော်လိုက်သည်။ တကယ်တော့ သူမ၏ နယ်ပယ်နှင့် နားလည်နိုင်စွမ်းဖြင့် ဝူဟုန်က ရွှေအမြုတေကို သူမဘာသာ သူမ ဖန်တီးနိုင်လေသည်။ ကံဆိုးစွာဖြင့် သူမက ထိုသို့ လုပ်လျှင်ပင် ဤကမ္ဘာ၏ နည်းလမ်းဖြင့် တူညီမည်မဟုတ်ပေ။ အကြောင်းမှာ သူမက ဤကမ္ဘာကို အုပ်စိုးသည့် စည်းမျဉ်းများအပေါ် နက်နက်နဲနဲ နားလည်ခြင်း မရှိပေ။ အကယ်၍ သူမသာ ကျင့်ကြံရေး နည်းစနစ်များစွာကို စုဆောင်းနိုင်ခဲ့လျှင် ဤကမ္ဘာ၏ မိုးမြေစည်းမျဉ်းများကို ဖမ်းဆုပ်နိုင်ပြီး သူမအတွက် ကျင့်စဉ်ကို ဖန်တီးနိုင်လိမ့်မည်။ သို့သော် အရမ်းကို ကြာရှည်လွန်းလှသည်။
ထို့ကြောင့် သူမက သူမ အလိုရှိသလောက် ရရှိပြီးသည့်နောက်တွင် ကျတ်တီးကုန်းမြေသို့ ပျံသန်းသွားလိုက်ပြီး သူမ၏ အံ့ဖွယ်ပင်လယ်အတွင်း အမြုတေအတုကို ဖန်တီးလိုက်သည်။ သူမက ထိုသို့လုပ်ပြီးသည်နှင့် ကောင်းကင်ထက်တွင် တိမ်တိုက်များ စုဝေးလာပြီး မိုးကြိုးစမ်းသပ်ချက် ကျရောက်လာလေသည်။
ဤကမ္ဘာ၏ စံနှုန်းဖြင့် ကပ်ဘေးစမ်းသပ်ချက်ကို ခံယူပြီးသည့်နောက်တွင် စိတ်ဝိညာဉ်လောက၏ လမ်းကြောင်းက ပွင့်လာလေသည်။
သိပ်မကြာခင် ဝူဟုန်က စင်မြင့်တစ်ခုအထက် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရ၏။ သူမ ပထမဆုံး သတိထားမိသည်က မိုးမြေကြားရှိ ဝိညာဉ်ချီ တိုးမြင့်လာခြင်းဖြစ်ပြီး ဘေးပတ်ဝန်းကျင်ရှိလူများက သူမအား စိတ်အားထက်သန်စွာ ကြည့်နေကြလေသည်။ သူမက ထိုအချက်ကို လျစ်လျူရှုထားလေသည်။
အကြောင်းမှာ သူမက သူတို့သည် ဤနေရာတွင် အဘယ်ကြောင့်ရှိနေမှန်း သိနေ၍ ဖြစ်သည်။ ထိုလူထဲမှတစ်ယောက်က သူမအား ကြည့်ကာ ပြောလိုက်သည် “ ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ တာအိုအုတ်မြစ်လဲ။ သူမရဲ့ အမြုတေက အနည်းဆုံး အဆင့် ၇ ရှိတယ်။ အဲ့ထက်တောင် ပိုနေနိုင်တယ်”
“ မင်း ဘာသိလို့လဲ”
နောက်ထပ် လူတစ်ယောက်က ပြန်ဖြေလိုက်သည် “ ငါက အမြင့်ဆုံး အဆင့်အမြုတေနဲ့ ပြိုင်ဘက်ကင်းပါ ရမီရှင်ကိုတောင် တွေ့ဖူးတယ်။ သူမက ပိုကောင်းတယ်လို့ ခံစားရတယ်”
“ အဆင့် ၉ အမြုတေထက် ပိုကောင်းတာလား။ အဲလိုအရာမျိုးက တကယ်ရှိလို့လား”
ဝူဟုန်က ထိုလူများအား တည်တည်ငြိမ်ငြိမ်သာ ကြည့်လိုက်သည်။ သူမ၏ အမြုတေအတု အားကောင်းနေရသည့် အကြောင်းအရင်းမှာ ယခင်အချိန်စက်ဝန်းမှ ဝမ်ဝေ့၏ နမူနာအတိုင်း လိုက်လုပ်ထား၍ ဖြစ်သည်။
သူက ရွှေအမြုတေအဆင့်သို့ ရောက်ရှိပြီးသည့်နောက်တွင် အမြုတေကို ချိုးဖောက်ကာ ပြန်လည်စုစည်းမည့် နည်းလမ်းကို ဖန်တီးခဲ့သည်။ ထိုဖြစ်စဉ်က ကိုးကြိမ်တိုင် ကြာမြင့်ခဲ့ပြီး တစ်ကြိမ်ချင်းဆီက အဆင့် ၉ အမြုတေ ကိုးခု ဖြစ်လာလေသည်။
ဤအရာက သူ့အား ဤကျင့်ကြံရေးနည်းစနစ် ကန့်သတ်ချက်ကို ကျော်လွန်သွားစေသည်။ လူအများက ထိုအချက်ကို သိသွားကြသည့်အခါ ပထမပိုင်းတွင် အံ့ဩသွားပြီး အားကျနေကြသည်။ အကြောင်းမှာ ထိုအမြုတေက ဝမ်ဝေ့အား ဝိညာဉ် အသွင်ပြောင်းအဆင့် ကျင့်ကြံသူများကို တိုက်ခိုက်နိုင်စွမ်း ပေးထား၍ ဖြစ်သည်။
သို့သော် သိပ်မကြာခင် ထိုလူများက သူ့အား နှာခေါင်းရှုံ့လာကြ၏။ အကြောင်းမှာ အမြုတေက ချိုးဖောက်ဖို့ မဖြစ်နိုင်သောကြောင့် ကနဦးဝိညာဉ်ကို ပြုစုပျိုးထောင်ဖို့ မဖြစ်နိုင်ပေ။
ထို့ကြောင့် ဝမ်ဝေ့က တိုက်ပွဲစွမ်းရည် ဆိုးဆိုးရွားရွားရှိခဲ့ပြီး တစ်ဘဝလုံး ရွှေအမြုတေအဆင့်သာ ရပ်တန့်နေဖို့ ကံပါလာခဲ့သည်။ နှစ်ငါးရာကြာပြီးနောက် သူက သေဆုံးလိမ့်မည် ဖြစ်၏။
ကံဆိုးစွာဖြင့် သူက တစ်ကမ္ဘာလုံးအား မှားယွင်းကြောင်း သက်သေပြခဲ့သည်။ သူ့ ဒုတိယဘဝမှ ကံကြမ္မာကောင်း မီးတောက်ကို အသုံးပြုကာ အားကောင်းပြီး ထူးကဲသည့် ကနဦးဝိညာဉ်ကို ပြုစုပျိုးထောင်နိုင်ခဲ့သည်။
တက်လှမ်းခြင်းစင်မြင့်ရှေ့ရှိ လူအများစုက သေမျိုးကမ္ဘာမှ ပါရမီရှင်များကို ခေါ်ဆောင်ဖို့ ရောက်ရှိလာခြင်း ဖြစ်၏။ ဝူဟုန်၏ ပါရမီဖြင့် ထိပ်တန်းဂိုဏ်းနှင့် မိသားစုအများစုက သူမအား ခေါ်ချင်ကြသည်။
အဆုံးသတ်၌ သူမက စိတ်ဝိညာဉ်နယ်ပယ်ထဲ ရှိသည့် ဓားပျံဂိုဏ်း၏ အဖွဲ့ခွဲထဲ ဝင်ဖို့ ရွေးချယ်လိုက်သည်။ ထိုလမ်းပြသမား၏ အကူအညီဖြင့် သူမက ဂိုဏ်း၏ ပင်မနေရာသို့ အလျင်အမြန် ရောက်ရှိသွားလေသည်။
အကြီးအကဲများနှင့် အထွတ်အထိပ် အကြီးအကဲများကလည်း ပါရမီရှင်တစ်ယောက် ရရှိသည့်အတွက် ပျော်ရွှင်နေကာ သူမအား နွေးနွေးထွေးထွေး ကြိုဆိုကြလေသည်။
သို့သော်လည်း သူမ ရောက်ရှိသည့်နေ့တွင် ဝူဟုန်က ဓားပျံဂိုဏ်း၏ စာကြည့်တိုက်အတွင်း ကျူးကျော်ကာ သူတို့၏ ကျင့်ကြံရေးနည်းစနစ်များအား သင်ယူခဲ့သည်။
သူမက ကနဦးဝိညာဉ်၊ ဝိညာဉ်အသွင်အပြောင်းအဆင့်ကို မည်သို့ချိုးဖောက်မည်ကို သင်ယူခဲ့ပြီး နောက်ဆုံးတွင် မြေကမ္ဘာမသေမျိုး အဆင့်နှင့် မသေမျိုးနယ်ပယ်အထိ တက်လှမ်းဖို့ အကြောင်း ရှာဖွေခဲ့သည်။ သို့သော်လည်း သူမ၏ အာရုံကို ဖမ်းစားသွားနိုင်သည့် ကိစ္စတချို့က ထိုကမ္ဘာ၏ ကျင့်ကြံရေးနည်းစနစ် ဖြစ်ပေသည်။
ပထမတစ်ခုက သက်တမ်း သိသိသာသာ တိုးမြှင့်လာခြင်း ဖြစ်၏။ ရွှေအမြုတေ ကျင့်ကြံသူက နှစ်ငါးရာ နေထိုင်နိုင်ပြီး ကနဦးဝိညာဉ်က နှစ် နှစ်ထောင် နေထိုင်နိုင်သည်။ ဝိညာဉ်အသွင်ပြောင်းအဆင့်တွင်မူ နှစ်ငါးထောင် ဖြစ်၏။ သို့သော်လည်း မြေကမ္ဘာ မသေမျိုးသည် နှစ်ဆယ်သန်း နေထိုင်နိုင်လေသည်။ သို့သော် ဤသို့သော သက်တမ်းမျိုးက သူတို့ အသင်္ချေအင်ပါယာကမ္ဘာ၏ ဧကရာဇ်တစ်ပိုင်းသာ ရရှိနိုင်သော အရာ ဖြစ်၏။
နောက်ထပ် သူမ၏ အာရုံကို ဖမ်းစားသွားနိုင်သည့် အချက်မှာ မြေကမ္ဘာမသေမျိုးအဆင့်သို့ အဆင့်တက်လှမ်းဖို့ရာ စည်းမျဉ်းများ နားလည်ဖို့ မလိုအပ်ပေ။
ဝူဟုန်၏ နားလည်နိုင်စွမ်းအရ ဤအဆုံးမဲ့ လေဟာနယ်အတွင်း ကျင့်ကြံရေးနည်းစနစ်အားလုံးကို အဆင့် ၉ ဆင့်နှင့် ၁၀ ဆင့်မြောက် ဧကရာဇ်အဆင့်ဟူ၍ ခွဲခြားထားသည်ကို သိလေသည်။ ထို့အပြင် ၇ ဆင့်မြောက်တွင် ကျင့်ကြံသူအများစုက စည်းမျဉ်းကို နားလည်ဖို့ စတင်ကြိုးစားရသည်။ ထိုသူများက စောစောစီးစီး လုပ်နိုင်ကြသော်လည်း အများစုကမူ အဆင့် ၇ ကျမှ လုပ်နိုင်ကြလေသည်။ သို့သော်လည်း ဤမသေမျိုး နည်းစနစ်က အတူတူတော့ မဟုတ်ပေ။
ဝူဟုန်က ကျင့်ကြံရေး နည်းစနစ်ကို ကြည့်ရင်း ရေရွတ်လိုက်သည် “ မြေကမ္ဘာမသေမျိုးအဆင့်ကို ရောက်ဖို့ ဝိညာဉ်ကနေ မိုးမြေကြားရှိတဲ့ မသေမျိုးချီကို ဖမ်းယူပြီးတော့ ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို သန့်စင်ရမယ်”
သူမက ခေတ္တရပ်တန့်သွားလေသည်။
“ မသေမျိုးချီလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
သူမ သိထားသလောက် မသေမျိုးချီသည် အထွတ်အထိပ် ကျင့်ကြံသူများ သို့မဟုတ် အဆင့် ၉ ကျင့်ကြံသူများအနေဖြင့် ထာဝရအရှင်ဖြစ်လာဖို့ လိုအပ်သည့်အရာ ဖြစ်၏။ မဟာဧကရာဇ်များကသာ သူတို့၏ စွမ်းအားဖြင့် အလွှာမြင့်မှ မသေမျိုးချီကို ရယူကာ အသုံးမပြုခင် သန့်စင်နိုင်ကြသည်။
ထို့ကြောင့် ဤကမ္ဘာတွင် မည်သို့ သေမျိုးချီ ရှိနေနိုင်မည်နည်း။
ဝူဟုန်က တုံ့ဆိုင်းခြင်း မရှိဘဲ စတင်စုံစမ်းလိုက်သည်။ သူမက ဤကမ္ဘာတွင် မသေမျိုးချီ ရှိနေလိမ့်မည်ဟု မထင်မိပေ။ မဟုတ်လျှင် ဝမ်ဝေ့က ယခင်အချိန်စက်ဝန်းတွင် သူမအား ပြောပြခဲ့လိမ့်မည်။ ဤအချိန်စက်ဝန်းက သူမတို့ လက်လှမ်းမမှီသည်အထိ ပြောင်းလဲသွားလျှင်တော့ မပြောတတ်ပေ။
သူမက မျက်လုံးမှိတ်လိုက်ကာ တရားထိုင်လိုက်သည်။ ထို့နောက် သူမက ကမ္ဘာဦးစိတ်ဝိညာဉ်ကို ထိန်းချုပ်ပြီး ဤကမ္ဘာ၏ ဝိညာဉ်အသွင်ပြောင်းအဆင့်၏ အံ့ဖွယ်ဝိညာဉ်နှင့် ဆင်တူအောင် လုပ်ဆောင်လိုက်သည်။ နောက်ဆုံးတွင် သူမက မိုးမြေကြားရှိ မသေမျိုးချီကို ဖမ်းဆုပ်ဖို့ ကြိုးစားလိုက်၏။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူမက မျက်လုံးပွင့်လာကာ ရေရွတ်လိုက်သည် “ ဒါက ဒီလိုကိုး”