← Chapters

နောက်ထပ်ခရီးစဉ်

Vol. 23 Ch. 321

နောက်ထပ်ခရီးစဉ်

Vol. 23 Ch. 321

အခန်း (၃၂၁) : နောက်ထပ်ခရီးစဉ်

ဝူဟုန်က အမွေအနှစ်ကို ရယူပြီးသည့်နောက်တွင် ဤကမ္ဘာသို့ ရောက်လာသည့်တာဝန်က ပြီးဆုံးသွားလေပြီ။ ယခု သူမက လွတ်လပ်သွားပြီဖြစ်၍ သေမျိုးချီအား ထုတ်လွှတ်ပေးနေသည့် မူလအရင်းအမြစ်ကို စုံစမ်းချင်မိသည်။ ထို့ကြောင့် သူမက လျှို့ဝှက်နယ်မြေမှ ထွက်လာပြီးသည့်နောက်တွင် စုံစမ်းမှုကို စတင်လိုက်၏။

ဝူဟုန်က အချိန်မဖြုန်းချင်သောကြောင့် တည့်တိုးလုပ်ဖို့သာ ဆုံးဖြတ်ထားသည်။ သူမ၏ အမြင်အာရုံကာ ကာလံဒေသံအား ထိုးဖောက်သွားကာ ဤကမ္ဘာအား အုပ်စိုးသည့် စည်းမျဉ်းများအလွန်တွင် ဗဟိုချက်ကို မြင်လိုက်ရသည်။

ထို့နောက် သူမက နေရာကျယ်တစ်ခုအတွင်း မြူခိုးတစ်ခု မြောလွင့်နေသည်ကို မြင်လိုက်ရသည်။ မိစ္ဆာနတ်ဘုရားကိုးပါး ကမ္ဘာနှင့်မတူဘဲ ထိုမြူခိုးတွင် ဝန်းရံထားသည့် သင်္ကေတမျိုး မရှိပေ။ သို့သော်လည်း အလယ်၌မူ အပြာရောင် သတ္တုလုံးတစ်ခု လွင့်မြောနေပြီး စွမ်းအားကို ထုတ်လွှတ်ပေးနေဟန်ပေါ်သည်။ ဝူဟုန်က သူမ၏ အရှိန်အဝါနှင့် အငွေ့အသက်အား စည်းပိတ်လိုက်ပြီးနောက် မြူခိုးအသွင် တည်ရှိနေသည့် ကောင်းကင်တာအို၏ အသိစိတ်တည်ရှိသော ကမ္ဘာ၏ ဦးတည်ချက်ဆီ ဝင်ရောက်လိုက်သည်။ သူမ ဝင်ရောက်လိုက်သည်နှင့် သူမက အချိန်မဖြုန်းဘဲ ထိုအပြာရောင်သတ္တုလုံးကို စူးစမ်းလိုက်သည်။

မသေမျိုး အရင်းအမြစ်လား

ဝူဟုန်က အနည်းငယ် အံ့အားသင့်စွာ တွေးလိုက်မိသည်။ ဤသို့သော အရာမျိုးက ထာဝရအရှင်များ၊ ထာဝရအုပ်စိုးသူနှင့် ထာဝရဘုရင်များကသာ ထာဝရချီကို စုပ်ယူပြီး ကျင့်ကြံကြလေ့ ရှိသည်။ ယခုကား အလွှာနိမ့်တွင် တည်ရှိနေသည်။

ထိုအရာကို စစ်ဆေးပြီးသည့်နောက်တွင် သူမက ထိုမသေမျိုး အရင်းအမြစ်၏ တည်ရှိမှုသည် လူလုပ်ပုံစံနှင့် တူသောကြောင့် တစ်ယောက်ယောက်က ဒီကမ္ဘာအား ပြောင်းလဲပြီး မသေမျိုးချီကို ဖြန့်ချီနိုင်ဖို့ ထားခဲ့ကြောင်း ခန့်မှန်းမိလိုက်သည်။

တကယ်လို့ ဝမ်ဝေ့သာ မသေမျိုးအရင်းအမြစ်သာ ရသွားမယ်ဆိုရင် သူ အများကြီး လုပ်နိုင်လာလိမ့်မယ်။ အနည်းဆုံးတော့ သူ့အတွက် ထာဝရအရှင်တွေ ဖန်တီးဖို့ အရမ်းကို လွယ်ကူသွားလိမ့်မယ်။

နောင်ကျရင် ဘယ်လိုဖြစ်ဖြစ် သူ တာအိုသက်သေပြတဲ့အခါ ဒီကမ္ဘာက သူ အုပ်စိုးရမဲ့ စာရင်းထဲမှာ ပါကိုပါရမယ် …

ဝူဟုန်က ဤကမ္ဘာတွင် မွေးဖွားလာမည့် အနာဂတ် မသေမျိုးဧကရာဇ်များအကြောင်း မစဉ်းစားပေ။ သူမအတွက် ထိုသူများက ဝမ်ဝေ့အတွက် ခြေနင်းကျောက်သာ ဖြစ်၏။

ဝူဟုန်က ဆုံးဖြတ်ချက် ချပြီးသည့်နောက်တွင် ကောင်းကင်တာအိုက သူမ၏ တည်ရှိမှုအား သတိပြုမိပြီး နှင်မထုတ်ခင် ထွက်သွားဖို့ ဆုံးဖြတ်လိုက်သည်။ မသေမျိုးအရင်းအမြစ်အတွက်မူ ဝမ်ဝေ့၏ ပြဿနာသာ ဖြစ်ပေသည်။

ကမ္ဘာ၏ ဗဟိုချက်မှ ထွက်လာပြီးသည့်နောက်တွင် သူမက ချက်ချင်းထွက်မသွားဘဲ မှတ်ဉာဏ်ထဲရှိ နေရာများကို သွားရောက်လည်ပတ်လိုက်သည်။ သူမက ဝမ်ဝေ့နှင့် ဆက်နွယ်နေသည့် မှတ်ဉာဏ်များရှိရာ နေရာများဆီ ရောက်သွားခဲ့သည်။ သူမ၏ အမြင်တွင် စွမ်းအားဖြည်းဖြည်းချင်း မြင့်တက်လာသည့် ဆံပင်နီနှင့် လူငယ်လေးကိုသာ မြင်ယောင်နေမိသည်။ သူ့ မျက်ဝန်းများက အေးစက်နေသော်လည်း မျက်ဝန်းအတွင်း၌မူ ဝမ်းနည်းမှုနှင့် အထီးကျန်မှုတို့ကို မြင်တွေ့နိုင်လေသည်။

ထိုအမျိုးသားက စွမ်းအားမြန်မြန် ရရှိဖို့အတွက် အကန့်အသတ်မရှိဘဲ သူ့အတွက် အသုံးဝင်သည့်သူများကို သတ်ဖြတ်ရင်း အသုံးချခဲ့သည်။ သူက ဤကမ္ဘာ၏ အထွတ်အထိပ်သို့ ရောက်ရှိသည့်အခါ သူ့ကိုယ်သူ ဧကရာဇ်ဟု ကြေညာပြီး အသင်္ချေမျိုးနွယ်များနှင့် ကမ္ဘာများထံမှ ကိုးကွယ်မှုကို ခံယူစဉ်အခါကလည်း သူ့မျက်နှာအထက် ပျော်ရွှင်မှု မရှိခဲ့ပေ။ နာကျင်မှု၊ ဝမ်းနည်းမှုနှင့် လက်စားချေဖို့  စိတ်ဆန္ဒတို့သာ တည်ရှိလေသည်။

ဝူဟုန်က လေဟာနယ်အတွင်း ပျံသန်းရင်း အသက်ရှည်လမ်းစဉ်ကမ္ဘာအား ကြည့်လိုက်သည်။ အသက်ရှည်လမ်းစဉ်ကမ္ဘာကြီးက ဝမ်ဝေ့၏ ဘဝအကြောင်း စဉ်းစားလိုက်၏။

သူ ထာဝရဧကရာဇ် ဖြစ်လာပြီးသည့်နောက်တွင် သေဆုံးထားသော မိသားစုနှင့်အတူ ဂိုဏ်းတပည့်များအား ပြန်လည်အသက်သွင်းလိုခဲ့သည်။ သူ့အတွက် ကံဆိုးသည်က တိထျန်းက အလွန်ရက်စက်ကာ သူတို့၏ ဝိညာဉ်များအထိ အပြီးတိုင် သုတ်သင်ထားခဲ့သည်။ ထို့ကြောင့် ဝမ်ဝေ့က သူတို့၏ ဝိညာဉ်များကို ပြန်လည်ဝင်စားခြင်း စက်ဝန်းမှ မခေါ်ဆောင်ဘဲ သူတို့အတွက် ခန္ဓာကိုယ်သာ ပြန်လည်ပြုလုပ်ထားနိုင်သည်။ တကယ်တော့ ထိုလူများက လုံးဝ သေဆုံးပြီးသား ဖြစ်ကြ၏။

ထို့နောက်တွင် သူ့ဘဝတွင် ရည်မှန်းချက်နှစ်ခုသာ ရှိတော့သည်။ ပထမတစ်ခုက တိထျန်းနှင့် သူ့ချစ်ရသူအားလုံးကို သတ်ဖို့ဖြစ်ပြီး ဒုတိယတစ်ခုက ကောင်းကင်ဘုံအဆင့် ဖြစ်လာဖို့ ဖြစ်သည်။ အကြောင်းမှာ သူက ထိုကျင့်ကြံဆင့်တွင် ကျင့်ကြံသူများက အသက်ကို ဖန်တီးနိုင်သည်ဟု သင်ယူခဲ့ရ၍ ဖြစ်သည်။

ထို့ကြောင့် သူက သူ့ ရည်ရွယ်ချက်နောက် လိုက်ကာ ထာဝရတက်လှမ်းခြင်းကမ္ဘာသို့ တက်လှမ်းခဲ့၏။ သို့သော်လည်း သိပ်မကြာခင် တိထျန်းက ကောင်းကင်ဘုံအဆင့်သို့ ရောက်ရှိသွားကြောင်း သိလိုက်ရသည်။

သူက သူနှင့် လက်ရည်တူဖြစ်လိုလျှင် အချိန်များစွာ လိုအပ်ပေလိမ့်မည်။ ဧကရာဇ်နယ်ပယ်အဆင့်တွင် ကျင့်ကြံမှုက ယွမ်ခေတ်အချိန်နှင့် တွက်ချက်လေ့ရှိသည်။ တစ်ယွမ်ခေတ်က ၁.၂၆၉ သန်းတစ်သောင်း သက်တမ်းနှင့် တူညီလေသည်။ သူက အချိန်များများ မဖြုန်းချင်လိုသောကြောင့် အသက်ရှည်လမ်းစဉ်ကမ္ဘာတွင် အသုံးပြုခဲ့သည့် နည်းလမ်းတစ်ခုအား ထုတ်သုံးခဲ့သည်။ သူက ဂိုဏ်းများနှင့် မိသားစုများကို သတ်ကာ သူ့ ကျင့်ကြံနှုန်းကို တိုးမြှင့်ပေးမည့် အရင်းအမြစ်များကို ရယူခဲ့သည်။

ထိုရလဒ်ကြောင့် သူက ရန်သူများစွာ ရှိနေပြီး ဆက်တိုက်ဆိုသလို ထွက်ပြေးနေရသည်။ ကံကောင်းစွာဖြင့် သူ တက်လှမ်းပြီးနောက် ဧကရီဝူနှင့် တွေ့ဆုံကာ ကန့်သတ်နယ်မြေအတွင်း ရောက်ရှိသွားခဲ့သည်။

သူမကို သိကျွမ်းပြီးသည့်နောက်တွင် ကမ္ဘာမြေမှ သူ့အတွေးအခေါ်များကို အသုံးပြုာ သူမအား အကူအညီ ပေးပြီးသည့်နောက်တွင် သူတို့က မိတ်ဆွေဖြစ်လာကြသည်။ သူ့အတွက် သူမက ထိုကမ္ဘာ၌ တစ်ဦးတည်းသော မိတ်ဆွေ ဖြစ်၏။

အကြိမ်များစွာတိုင် ဝမ်ဝေ့ အသက်ရှင်ကျန်ရှိနေသည့် အကြောင်းအရင်းမှာ ဧကရီဝူက ဝင်စွက်ဖက်ကာ ကာကွယ်ပေးခဲ့၍ ဖြစ်သည်။ ထိုစဉ်အချိန်က သူက သူမအတွက် ချစ်ခင်မှု ခံစားမိခဲ့သော်လည်း ဖွင့်မပြောရဲခဲ့ပေ။

သူ့စိတ်ထဲတွင် လက်စားချေဖို့နှင့် သူ့မိသားစုကို အသက်ပြန်သွင်းဖို့ ကိစ္စများနှင့်သာ ပြည့်နှက်နေလေ၏။ ဒုတိယတစ်ခုအနေဖြင့် သူက ကျိန်စာသင့်နေသည်ဟု ယုံကြည်ထားသည်။

အကယ်၍ သူမသာ သူ့တာအိုလက်တွဲဖော် ဖြစ်လာခဲ့လျှင် ကိစ္စများထဲ သူမကို ဆွဲသွင်းမိသလိုဖြစ်ပြီး သေဆုံးသွားနိုင်လေသည်။ ထို့ကြောင့် သူက သူမနှင့် အကွာအဝေးတစ်ခု အမြဲခြားထားလေ၏။ သူ၏ မဆင်မခြင် အပြုအမူများကြောင့် အချိန်တိုအတွင်း ကောင်းကင်ဘုံအဆင့် ဖြစ်လာခဲ့သည်။ ထို့နောက် သူက တိထျန်းနှင့် ဒုတိယအကြိမ် တိုက်ခိုက်ခဲ့၏။ ထိုအချိန်တွင် ဝမ်ဝေ့က မကောင်းဆိုးဝါးနတ်ဘုရားခန္ဓာကိုယ် ဆင့်ကဲပြောင်းလဲခြင်း ၁၂ ဆင့်မြောက်တွင် သူက ၁၁ဆင့်မြောက်အထိ ရရှိထားပြီးသား ဖြစ်၏။ ထို့ကြောင့် သူက ထိုတိုက်ပွဲတွင် အနိုင်ရရှိခဲ့သည်။ သူက တိထျန်းအား ဖမ်းဆီးကာ သူ့စိတ်ထဲရှိသမျှ ဆိုးဆိုးရွားရွား အရာအားလုံးကို ကြုံတွေ့ခံစားစေခဲ့သည်။ သူ အင်တာနက်အပေါ် ဖတ်ရှုထားသော အရာများကိုပင် စမ်းကြည့်ခဲ့သည်။

တိထျန်းကို ဒေါသဖြင့် သတ်လိုက်ပြီးသည့်နောက်တွင်ပင် ထိုအပြုအမူက သူ့အား အေးချမ်းမှု ယူဆောင်လာမပေးပေ။ သူ့ နှလုံးသားထဲ ဗလာကျင်းနေသည့် အပေါက်ကြီး တစ်ပေါက်ကြီးအား မဖြည့်ဆည်းနိုင်ကြပေ။

ထို့ကြောင့် သူက ကောင်းကင်ဘုံ ကျင့်ကြံသူတစ်ယောက်အနေနှင့် စွမ်းအားအား အသုံးပြုကာ သူ့မိသားစုနှင့် ဂိုဏ်းအား ဖန်တီးခဲ့သည်။ အရာအားလုံးက အတူတူဖြစ်ပြီး သူ၏ ခန္ဓာကိုယ်၊ သွေးမျိုးဆက်၊ ဝိညာဉ်၊ မှတ်ဉာဏ်နှင့် အတွေ့အကြုံများအထိ ဖြစ်သည်။ ကံဆိုးစွာဖြင့် ဝမ်ဝေ့က သူတို့သည် တကယ်မဟုတ်ဘဲ ပုံစံတူနေကြောင်းသာ သိလေသည်။

ထိုအချက်က သူ့အား ပို၍ ရူးသွပ်သွားစေသည်။ ထိုစဉ်ဝမ်ဝေ့က သူ့ဘဝသည် ဟာသပြက်လုံး တစ်ခုမှလွဲ၍ ဘာမှမဟုတ်ကြောင်း ကံကြမ္မာကသာ သူ့ကို ကစားနေကြောင်း သဘောပေါက်သွားလေ၏။

သူ့ဘဝ၏ အနိမ့်ဆုံးအခြေအနေတွင် သူက အရာအားလုံးကို လက်လျှော့ကာ သူ့မိသားစုနှင့် ပြန်လည်ပေါင်းစည်းဖို့ ပြင်လိုက်သည်။ ထိုစိတ်ဓာတ်ကျမှုအတွင်းမှ ဆွဲခေါ်ပေးခဲ့သူက ဧကရီဝူသာ ဖြစ်၏။ သူမက သူ့တာအိုနှလုံးသား ကွဲကြေသွားပြီး သူ့ကိုယ်သူ လက်လျှော့ခြင်းမှ တားဆီးခဲ့သည်။

နောက်ဆုံးတွင် သူ့ဘဝအတွက် ရှေ့ဆက်ရမည့်လမ်းကို ဆုံးဖြတ်လိုက်သည့် အခိုက်အတန့် ဖြစ်လာသည်။ သူက သူ့မိသားစုနှင့် ဂိုဏ်း၏ အကြွင်းမဲ့ ကံတရားအား ပြောင်းလဲလိုလေသည်။ ထို့ကြောင့် ဝမ်ဝေ့က ကံကြမ္မာတာအိုကို အရူးအမူးဖြစ်လာခဲ့ပြီး မူလတာအိုကို စွန့်ပစ်ကာ ကံကြမ္မာတာအိုကို စတင်ကျင့်ကြံခဲ့သည်။ သူက ထိုတာအိုဖြင့် စံပြတစ်ယောက် ဖြစ်လာချင်မိ၏။

ကံဆိုးစွာဖြင့် ထာဝရတက်လှမ်းခြင်းကမ္ဘာ၏ အရှုပ်အထွေးများကြောင့် စံပြတစ်ယောက်ဖြစ်လာခြင်းက မလွယ်ကူခဲ့ပေ။ ထို့အပြင် သူ့တွင် ရန်သူများစွာ ရှိနေသေးသည်။

ထို့ကြောင့် သူက ဟွင်သွမ်းအတွင်း ဝင်ရောက်ကာ အခွင့်အရေးများ ရှာဖွေခဲ့သည်။ စမ်းသပ်ချက်အကြိမ်များစွာ ဖြတ်ကျော်ပြီးသည့်နောက်တွင် ထိုကံကြမ္မာတာအိုဖြင့် စံပြဖြစ်လာဖို့ ရည်မှန်းချက်က အောင်မြင်လာခဲ့သည်။ အိမ်သို့ ပြန်လာပြီးသည့်နောက်တွင် သူက ဧကရီဝူ၏ အခြေအနေသည် သိပ်မကောင်းကြောင်း မြင်လိုက်ရ၏။ လူများစွာက သူမတို့ကို သတ်ချင်နေကြသည်။

ထို့နေ့ရက်တွင် သူက သူမကို ကယ်တင်ဖို့ စံပြငါးယောက်အထက်၊ တာအိုအုပ်စိုးသူများနှင့် ထာဝရဘုရင်မြောက်များစွာကို သတ်ဖြတ်ခဲ့သည်။ ထို့နောက် သူက အကြာကြီးစောင့်ဆိုင်းခဲ့ရသည့် ဆန္ဒက ပြည့်စုံသွားလေသည်။

ထိုနေ့တွင် ဖြစ်ခဲ့သည့် ကံကြမ္မာကို ပြန်လည်ပြောင်းခြင်း

ထိုနေ့ရက်က သူ အရာအားလုံးကို ဆုံးရှုံးလိုက်ရသည့် နေ့ရက် ဖြစ်လေသည်။ သူ့မိသားစုနှင့် ချစ်ရသူများနှင့် သူ့ပုခုံးပေါ်မှ အလေးချိန်က နောက်ဆုံးတော့ ပေါ့သွားလေပြီ။ ထို့နောက် သူက ဧကရီဝူအား လက်ထပ်ခွင့်တောင်းခဲ့လေသည်။

ထိုစဉ် ဧကရီဝူ၏ စကားများက “ ရှင်က အချိန်ဆွဲလိုက်တာ”

ထိုသည်က သူတို့နှစ်ဦး ပျော်ရွှင်စွာ ပေါင်းဖက်ကြလေသတည်းဟု ဇာတ်ကြောင်းဖြစ်မည်ဟု ထင်နေသည်လား။ ကံဆိုးစွာဖြင့် အရာအားလုံးက မရိုးရှင်းလှပေ။ ဝမ်ဝေ့က လူတချို့အပေါ် သူနှင့် ဧကရီဝူကြား ပဋိပက္ခများ ဖြစ်စေသည့် ကံကြမ္မာဝဋ်ကြွေး ရှိထားခဲ့သည်။

ဝူဟုန်၏ အတွေးများက ထိုနေရာသို့ ရောက်သည့်အခါ သူမ၏ မျက်နှာထားက ချက်ချင်းပြောင်းလဲသွားလေ၏။ အကယ်၍ ဝမ်ဝေ့သာ ဒီနေရာမှာရှိနေလျှင် သူ့တာအိုလက်တွဲဖော်၏ မျက်နှာက သူတစ်ခါမှ မကြုံတွေ့ဖူးသည့် မနာလိုမှုဖြင့် ပြည့်နှက်နေသည်ကို မြင်ရလိမ့်မည်။

ဝူဟုန်က အံကြိတ်ကာ သူမ၏ စိတ်အတွင်း မိန်းမလှလေးတစ်ဦးကို မြင်ယောင်လာမိသည် “ ရှုကျွင်းယောင်”

သူမက အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူမဘာသာသူမ တည်ငြိမ်အောင် လုပ်လိုက်သည်။

“ ဒီအချိန်စက်ဝန်းက ပြောင်းလဲသွားပြီ။ ဝမ်ဝေ့က သူမနဲ့ တွေ့ချင်မှတောင် တွေ့မှာ။ တကယ်လို့ သူ တွေ့ခဲ့ရင်တောင်မှပဲ စိတ်ခံစားချက် မပါရှိတဲ့ ကံကြမ္မာဝဋ်ကြွေးက အသုံးမဝင်ဘူး”

သူမ ခေတ္တရပ်လိုက်ပြီးနောက် ရယ်မောလိုက်သည်။

“ ငါက ဘာကို စိုးရိမ်နေတာလဲ။ ဒီတစ်ခေါက် သူ့ပုံစံက အရင်အချိန်စက်ဝန်းထက် ပိုပြီးတော့တောင် ရက်စက်သေးတယ်။ သူက သူမကို စိတ်ခံစားချက် ကံကြမ္မာဝဋ်ကြွေးမျိုး ရှိနေမယ်ဆိုရင်တောင် သူက ဂရုစိုက်မှာ မဟုတ်ဘူး။ အထူးသဖြင့် သူမရဲ့ အပြုအမူတွေက ငါတို့ရဲ့ ဆက်ဆံရေးပေါ်မှာ ပဋိပက္ခ ဖြစ်လာစေမယ်ဆိုရင်ပေါ့”

ထိုသို့ ပြောပြီးသည့်နောက်တွင် ဝူဟုန်က ထိုပြဿနာကို ဆက်လက်၍ အာရုံမစိုက်တော့ပေ။ သူမက လက်ဝှေ့လိုက်သည့်အခါ လေဟာနယ် သင်္ဘောတစ်စင်းပေါ်ထွက်လာ၏။ သူမက ထိုအရာကို ထိန်းချုပ်ရင်း အာကာပြင်ကို ချိုးဖောက်ကာ အဆုံးမဲ့လေဟာနယ်၏ တစ်နေရာသို့ ဦးတည်လိုက်သည်။

All Chapters