← Chapters

အခန်း (၄၃၇-၄၃၈)

Vol. 43 Ch. 437-438

အခန်း (၄၃၇-၄၃၈)

Vol. 43 Ch. 437-438

အပိုင်း (၄၃၇)

"တာအိုမိတ်ဆွေကျန်း"

ကုန်းရှို့ပင်းသည် ဆံပင်များ ဖရိုဖရဲဖြစ်ကာ မျက်လုံးများ ကယောင်ကတမ်း ဖြစ်နေသော်လည်း ကျန်းယန်ထံသို့ လာရောက်တွေ့ဆုံခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ သူ၏ဖခင်ဖြစ်သူ၏ အမိန့်ကြောင့်ပင်တည်း။ သူသည် စိတ်အခြေအနေ မကောင်းလှသော်လည်း ကျန်းယန်ကို ရင်ဆိုင်ရမည်ကို ကြောက်ရွံ့နေဆဲဖြစ်ကာ ဖခင်၏စကားကို နားထောင်ရမည်သာ ဖြစ်ပေသည်။

ကျန်းယန်သည် ကုန်းရှို့ပင်းအား ဘာပြောရမှန်းမသိအောင် စိုက်ကြည့်နေမိလေသည်။

"ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါ။ ကျင့်ကြံအားထုတ်နေခြင်းက ဘာအဓိပ္ပာယ်ရှိသေးလို့လဲ"

ကုန်းရှို့ပင်းက သူ၏ဖခင် မှာကြားလိုက်သည့်အတိုင်း ကျန်းယန်ကို မေးခွန်းထုတ်လေသည်။

ကျန်းယန်သည် စိတ်ထဲမှ ခေါင်းခါလိုက်မိ၏။

ကိုယ်ချစ်တဲ့ စော်မှာ ကလေးတစ်ယောက် ရှိနေတာနဲ့ပဲ ဘာဖြစ်သွားမှာမို့လို့လဲ။ သူ တကယ်ကြီး ဘဝကို သံသယဝင်လာတာလား။

ရိုးသားသူတစ်ယောက်အတွက် ဤကိစ္စက အနည်းငယ် လွန်ကဲလွန်းသည်ဆိုသော်ငြားလည်း ယနေ့တွင် သူသည် စိတ်ပိုင်းဆိုင်ရာ လမ်းပြဆရာတစ်ဦးအဖြစ် သရုပ်ဆောင်ရတော့မည့်ပုံပင်။

"ထိုင်ပါဦး"

ကျန်းယန်က လက်ဟန်ပြလိုက်လေသည်။

ကုန်းရှို့ပင်းသည် မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ကျန်းယန်ကို တည့်တည့်မတ်မတ် စိုက်ကြည့်နေ၏။ ထိုမျက်လုံးများတွင် မည်သည့် သက်ဝင်လှုပ်ရှားမှုမျှ မရှိချေ။

"မင်းအထင် ဘာက အဓိပ္ပာယ်ရှိတာလဲ"

ကျန်းယန်က မေးလိုက်သည်။

ကုန်းရှို့ပင်းက ခေါင်းခါလျက်

"အားလုံးက အဓိပ္ပာယ်မရှိဘူးလို့ ကျုပ်ထင်တယ်"

"ဒါဆိုလည်း မင်း သွားသေလိုက်လေ"

အခြားအချိန်များတွင်သာဆိုလျှင် ကျန်းယန်သည် ကုန်းရှို့ပင်းအား ဤစကားကိုသာ အတိအကျ ပြောမိမည်မှာ သေချာလှပေသည်။ သို့သော်လည်း ယခုအချိန်တွင် ဤကောင်လေး၏ စိတ်အခြေအနေမှာ တည်ငြိမ်မှုမရှိပေ။ အကယ်၍ သူသာ တကယ်သေသွားခဲ့လျှင် သူတော်စင်သခင်အား ရှင်းပြနိုင်မည်မတ် စိုးရိမ်ရလေသည်။ ထို့အပြင် ယခုအခါ နှစ်ဖက်အဖွဲ့အစည်းများမှာ မဟာမိတ်များ ဖြစ်နေကြချေပြီ။

"သူတော်စင်သခင်က မင်းကို ရှို့ပင်း လို့ နာမည်ပေးခဲ့ပြီး ကြီးမားတဲ့ မျှော်လင့်ချက်တွေ ထားခဲ့တာ။ အခုကျတော့ အရာအားလုံးက အဓိပ္ပာယ်မရှိဘူးလို့ မင်းက ငါ့ကို လာပြောနေတာလား"

ကျန်းယန်က ခေါင်းခါလိုက်သည်။

"မင်း ဘာတွေတွေးနေလဲဆိုတာကို သူတော်စင်သခင်သာ သိသွားရင် အရမ်းကို စိတ်ပျက်သွားလိမ့်မယ်လို့ ငါထင်တယ်"

ကုန်းရှို့ပင်းသည် ခေါင်းကိုငုံ့လိုက်ရာ သူ၏မျက်နှာအမူအရာမှာ ပို၍ပင် စိတ်ဓာတ်ကျဆင်းသွားပုံပေါ်လေသည်။

"သူတော်စင်သခင်က မင်းကို ပေးထားတဲ့ ရှို့ပင်း ဆိုတဲ့ နာမည်ရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို မင်းသိရဲ့လား"

ကျန်းယန်က ဖြည်းညှင်းစွာ မေးလိုက်၏။

"ကျုပ်သိပါတယ်"

ကုန်းရှို့ပင်းက ခံစားချက်မဲ့စွာ ပြန်ဖြေလေသည်။

"ကျုပ်ရဲ့ဖခင်က ကျုပ်ကို ကိုယ်ကျင့်တရားကို ပြုစုပျိုးထောင်ပြီး မိသားစုကို စီမံကွပ်ကဲကာ တိုင်းပြည်ကို အုပ်ချုပ်ပြီးတော့ လောကကြီးကို ငြိမ်းချမ်းစေချင်ခဲ့တာပါ။ ဒါပေမဲ့ ကျုပ်က သူ့ကို စိတ်ပျက်စေခဲ့ပြီ"

ကျန်းယန်က ပြုံးလျက် ပြောလိုက်သည်။

"မင်းက သူတော်စင်သခင်ကို စိတ်ပျက်စေခဲ့တဲ့ အကြောင်းရင်းက သူတော်စင်သခင် ဆိုလိုတဲ့ အဓိပ္ပာယ်ကို မင်း နားမလည်ခဲ့လို့ပဲ။ မင်းက သူတော်စင်သခင်ရဲ့ သားဖြစ်နေတဲ့အတွက် ငယ်စဉ်ကတည်းက သူ့ရဲ့ အရိပ်အောက်မှာ ဖုံးလွှမ်းခံခဲ့ရပြီး သူပြောသမျှစကားတွေကို သေချာမစဉ်းစားဘဲ အမြဲတမ်း တစ်သဝေမတိမ်း လိုက်နာခဲ့တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူတော်စင်သခင်ရဲ့ ရှေ့မှာ မင်းအတွက် ကိုယ်ပိုင်အမြင်ဆိုတာ မရှိဘူး။ သူခိုင်းတာမှန်သမျှကို လုပ်ခဲ့တာပဲ။ ဒီလိုအခြေအနေမျိုးအောက်မှာ မင်းက လူသားတစ်ယောက်ရဲ့ အခြေခံကျတဲ့ ဂုဏ်သတ္တိတွေကိုတောင် ဆုံးရှုံးနေခဲ့ပြီ။ ဒါဆို သူတော်စင်သခင်ရဲ့ မျှော်လင့်ချက်တွေကို မင်း ဘယ်လိုလုပ် ဖြည့်ဆည်းပေးနိုင်တော့မလဲ"

"ဒါဆို ကျုပ် ဘာလုပ်သင့်သလဲ"

ကုန်းရှို့ပင်း၏ မျက်လုံးများ အနည်းငယ် တောက်ပသွားလေသည်။ အချစ်ရေးကံခေမှုကြောင့် ရင်ကွဲနာကျရခြင်းက နာကျင်ရသော်လည်း ဖခင်ဖြစ်သူထံမှ ရရှိထားသော လွှမ်းမိုးမှုက အလွန်တရာ အားကောင်းလှပေသည်။ ထို့ကြောင့် သူသည် ဖခင်၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးလိုစိတ်ဖြင့် ရင်ကွဲရသည့် ဝမ်းနည်းပူဆွေးမှုကို ဖိနှိပ်ထားနိုင်ခဲ့လေသည်။

"မနေ့ညက မင်း အိပ်မပျော်ဘူး မတ်လား"

ကျန်းယန်က ပြန်မေးလိုက်သည်။

ကုန်းရှို့ပင်းက ခေါင်းခါလိုက်၏။ သူ ဘယ်လိုလုပ် အိပ်ပျော်နိုင်ပါမည်နည်း။

ကျန်းယန်က အနည်းငယ် ပြုံးလိုက်ပြီး

"မင်း အရင်ဆုံး တစ်ရေးလောက် အိပ်လိုက်ဦး။ မင်း နိုးလာတဲ့အခါ မင်းအဖေရဲ့ မျှော်လင့်ချက်တွေကို ဘယ်လိုဖြည့်ဆည်းပေးရမလဲဆိုတာနဲ့ သူ့မျက်စိထဲမှာ သားကောင်းတစ်ယောက် ဘယ်လိုဖြစ်လာနိုင်မလဲဆိုတာကို ငါ ပြောပြမယ်၊ တ်ပြီလား"

"ကျုပ်..."

"အိပ်လိုက်တော့"

ကျန်းယန်က ကုန်းရှို့ပင်းအား လက်ဟန်ပြလိုက်လေသည်။

ကုန်းရှို့ပင်း စကားပြောရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် အိပ်မောကျချင်စိတ်များ လွှမ်းမိုးလာခဲ့ရာ သူသည် မြေပြင်ပေါ်တွင်ပင် အိပ်မောကျသွားတော့၏။ ထိုစဉ် ချင်းယွင်ကျိ ထွက်ပေါ်လာပြီး အိပ်မောကျနေသော ကုန်းရှို့ပင်းကို တစ်ချက်ကြည့်ကာ ကျန်းယန်အား ပြောလေသည်။

"လန်ကျားအထွတ်အမြတ်မြေနဲ့ ငါတို့ရဲ့ ဆက်ဆံရေးက အခုတော်တော်လေး ကောင်းမွန်နေပြီ။ ပြီးတော့ သူတော်စင်သခင်ကလည်း ငါတို့ အဇူရာတိမ်ဂိုဏ်းကို အများကြီး ကူညီပေးခဲ့တယ်။ ဒါကြောင့် မင်း သူ့ကို ဆက်ပြီး မစနောက်သင့်တော့ဘူး... ဒါက သူတော်စင်သခင်အပေါ် မတရားရာကျတယ်"

သူသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဆက်ပြောလေ၏။

"ဒါပေမဲ့ သူတော်စင်သခင်ရဲ့ လက်ထပ်ခွင့်တောင်းတဲ့ ကိစ္စကို မင်း အပြီးတိုင် ဖြေရှင်းပေးနိုင်ခဲ့တဲ့အတွက် ငါ အရမ်းကို ကျေနပ်မိတယ်"

သူတော်စင်သခင်နှင့် သူ၏သားဖြစ်သူတို့သည် စစ်ထူမင်ယွဲ့၏အကြောင်းကို နောက်တစ်ဖန် ဘယ်သောအခါမျှ ထုတ်ဖော်ပြောဆိုတော့မည် မတ်ကြောင်းကို သူ သေချာသလောက် ရှိနေခဲ့လေပြီ။

ကျန်းယန်သည် လက်ကိုဝှေ့ယမ်းလိုက်ကာ ကောင်းကင်နှင့်မြေပြင်၏ မူလစွမ်းအင်ကို အသုံးပြု၍ ကုန်းရှို့ပင်းအား ထိန်းချုပ်လိုက်ပြီး ရေကန်ဘေးရှိ ပက်လက်ကုလားထိုင်ပေါ်သို့ ပစ်တင်ပေးလိုက်လေသည်။ ထို့နောက် သူက ဆရာဖြစ်သူအား ထိုင်ရန် ဖိတ်ခေါ်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။

"ဆရာ... စိတ်မပူပါနဲ့။ သူတော်စင်သခင်က ကျွန်တော့်ကို အကျိုးအမြတ်တွေ ပေးထားမှတော့ သူ့ရဲ့ကိစ္စတွေ အောင်မြင်အောင် ကျွန်တော် သေချာပေါက် ကူညီပေးမှာပါ။ ပြီးတော့ သူ့သားကိုလည်း လမ်းညွှန်မှုကောင်းတွေ ပေးသွားပါ့မယ်"

"ဒါဆိုရင်လည်း ငါ စိတ်အေးရပါပြီလေ" ချင်းယွင်ကျိက ခေါင်းညိတ်လိုက်ပြီး "စောစောက သူတော်စင်သခင် ပြောသွားတဲ့ အခြေအနေနဲ့ပတ်သက်ပြီး မင်း ဘယ်လိုထင်လဲ" မေးလိုက်လေသည်။

"၀မ်လင်းဂိုဏ်း၊ ကွေ့ယွမ်ဘုရားကျောင်းနဲ့ မြင့်မြတ်ဝိညာဉ်ဂိုဏ်းတို့က လန်ကျားအထွတ်အမြတ်မြေဘက်မှာ တစ္ဆေဘုံမှ တမန်တော်တွေနဲ့ တိုက်ခိုက်နေရတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး ကမောက်ကမဖြစ်အောင် သေချာပေါက် ဖန်တီးကြလိမ့်မယ်။ ကောင်းကင်နှလုံးသားကျွန်းမှာ ပြဿနာကြီးကြီးမားမား ကြုံရနိုင်တယ်လို့ မင်း တစ်ခါက ခန့်မှန်းခဲ့ဖူးတယ်လေ။ ဒီတစ်ကြိမ်တော့ သူတို့က ကောင်းကင်နှလုံးသားကျွန်းကို တကယ်ကြီး လှုပ်ရှားလာနိုင်တယ်။ မဟာမိတ်တွေအနေနဲ့ သူတို့ကို သတိပေးသင့်သလား"

ကျန်းယန်က လက်ကိုဝှေ့ယမ်းလိုက်ပြီး ပြုံးလျက် "ဆရာ... သူတို့ကို သတိပေးနေစရာ မလိုပါဘူး" ကွေ့ယွမ်ဘုရားကျောင်းနှင့် ၀မ်လင်းဂိုဏ်းတို့မှာ အခြားသူများကို ဒုက္ခပေးနိုင်မည့် အခြေအနေမျိုး ရှိလာမည်မတ်သောကြောင့်ပင်လေ။

"ဟင်"

ချင်းယွင်ကျိမှာ အနည်းငယ် အံ့အားသင့်သွားလေသည်။ သူ မသိထားသည့် အခြေအနေတစ်ခုခုများ ရှိနေလေသလော။

ကျန်းယန်က ထူးဆန်းသော လေသံဖြင့် ပြောလိုက်သည်။

"ဟူတလီက ကျွန်တော်တို့ အဇူရာတိမ်ဂိုဏ်းမှာ နေလာတာ နှစ်အတော်ကြာပြီဆိုတော့ သူ အိမ်လွမ်းနေလောက်ပြီ။ နောက်ရက်အနည်းငယ်ကြာရင် မိစ္ဆာသခင်ကိုခေါ်ပြီး ဟူတလီကို တောင်တစ်သောင်းတောင်တန်းဆီ ပြန်ပို့ပေးရင်း သူ့မိသားစုနဲ့ မိဘတွေကို သွားတွေ့ခိုင်းမလို့ စီစဉ်ထားတယ်"

ချင်းယွင်ကျိသည် သဘောပေါက်သွားဟန်ဖြင့် "မင်းက မိစ္ဆာမျိုးနွယ်တွေနဲ့ ပူးပေါင်းပြီး သူတို့အတွက် ပြဿနာတချို့ ဖန်တီးပေးချင်လို့လား"

သူက မေးလိုက်လေသည်။

"မတ်ဘူး၊ မတ်ဘူး၊ မတ်ပါဘူးဗျာ" ကျန်းယန်က ခေါင်းကို အကြိမ်ကြိမ် ခါရမ်းလိုက်သည်။ "ဒီတစ်ကြိမ် ဟူတလီအပေါ် ကျွန်တော်တို့ အဇူရာတိမ်ဂိုဏ်းရဲ့ လေးစားမှုကို ပြသတဲ့အနေနဲ့ မိစ္ဆာတွေ လိုက်ပို့တာအပြင် ကျွန်တော်တို့ အဇူရာတိမ်ဂိုဏ်းက အကြီးအကဲတစ်ယောက်ပါ ခရီးစဉ်မှာ အတူလိုက်ပါသွားရင် ပိုကောင်းလိမ့်မယ်။ ဆရာဦးလေးငါးက အရမ်းကို သင့်တော်မယ်လို့ ကျွန်တော်ထင်တယ်။ အဲဒီအချိန်ကျရင် ကျွန်တော်တို့ကိုယ်တိုင် ဟူတလီကို တောင်တစ်သောင်းတောင်တန်းအထိ လိုက်ပို့ကြမယ်"

သူက ဆက်လက်၍ ရှင်းပြလေသည်။

"ကျွန်တော် ခရီးစဉ်လမ်းကြောင်းကို စစ်ဆေးကြည့်ပြီးပြီ။ ဒီတစ်ကြိမ် တောင်တစ်သောင်းတောင်တန်းဆီ သွားတဲ့အခါ မီရှန်ဂိုဏ်းရဲ့ နေရာဟောင်းကို ဖြတ်မသွားရဘူး ဆိုပေမဲ့လည်း အကွာအဝေးက သိပ်မဝေးလှဘူး။ ပြီးခဲ့တဲ့တစ်ခေါက်က မီရှန်ဂိုဏ်းမှာ လူတွေအများကြီး သေဆုံးခဲ့ကြတယ်။ အဲဒီနေရာက အရမ်းကို ခြောက်ခြားစရာကောင်းတယ်လို့ ကျွန်တော် ခံစားရပြီး တစ္ဆေဘုံက လူတွေ အဲဒီမှာ ထွက်ပေါ်လာမှာကို စိုးရိမ်မိတယ်။ မီရှန်ဂိုဏ်းရဲ့ အနီးတစ်ဝိုက်မှာ တစ္ဆေတွေ ထွက်ပေါ်လာတဲ့အခါ ၀မ်လင်းဂိုဏ်း၊ ကွေ့ယွမ်ဘုရားကျောင်းနဲ့ မြင့်မြတ်ဝိညာဉ်ဂိုဏ်းတို့က တခြားသူတွေကို ဒုက္ခပေးဖို့ စိတ်ဝင်စားတော့မှာ မတ်ဘူးလို့ ကျွန်တော်ထင်တယ်"

ချင်းယွင်ကျိမှာ မှင်တက်သွားလေတော့၏။

ကိစ္စများက ဤမျှအထိ ထင်ရှားနေမှတော့ သူ ဘယ်လိုလုပ် နားမလည်ဘဲ နေပါမည်နည်း။ ဤကောင်စုတ်လေးက ငရဲတံခါးပေါက်ကို နောက်တစ်ဖန် ဖွင့်လှစ်တော့မည်လော။ ထို့အပြင် ၎င်းနေရာမှာ ၀မ်လင်းဂိုဏ်း၊ ကွေ့ယွမ်ဘုရားကျောင်းနှင့် မြင့်မြတ်ဝိညာဉ်ဂိုဏ်းတို့၏ ဘေးနားတွင် အတိအကျ တည်ရှိနေပေသည်။

တစ္ဆေဘုံမှ တမန်တော်များ ထွက်ပေါ်လာသည့်အခါ ဂိုဏ်းကြီးသုံးဂိုဏ်းလုံးမှာ အထူးသတိထားနေကြရလိမ့်မည် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် တစ္ဆေဘုံမှ တမန်တော်များသည် ဂိုဏ်းတစ်ခုချင်းစီ၏ အခြေခံအုတ်မြစ်များကို ပစ်မှတ်ထားနေသောကြောင့်ပင်တည်း။ မိမိတို့၏ အခြေခံအုတ်မြစ်များကို ကာကွယ်စောင့်ရှောက်ရမည် ဖြစ်သောကြောင့် အဆိုပါ ဂိုဏ်းသုံးဂိုဏ်းသည် အခြားသူများနှင့် ရင်ဆိုင်ဖြေရှင်းရန် ရည်ရွယ်ချက် ရှိတော့မည်မတ်ပေ။

ချင်းယွင်ကျိသည် အသက်ပြင်းပြင်းရှူလိုက်ပြီး "ဆိုးရွားတဲ့ ကိစ္စတစ်ခုခုများ ဖြစ်မလာနိုင်ဘူးလား" မေးလိုက်လေသည်။

ထိုကိစ္စအတွက် သူ၏စိတ်ထဲတွင် မည်သည့် ဝန်ထုပ်ဝန်ပိုးမျှ မခံစားရချေ။ မည်သို့ပင်ဆိုစေကာမူ အဇူရာတိမ်ဂိုဏ်းတွင် မည်သည့် အခြေခံအုတ်မြစ်မျှ မရှိပေ။ သို့ဖြစ်ရာ အခြားဂိုဏ်းများတွင်ကော အဘယ်ကြောင့် အခြေခံအုတ်မြစ် ရှိနေသင့်ပါသနည်း။ လူတိုင်း၏ အခြေခံအုတ်မြစ်များ ပျက်စီးသွားပါက နောင်အနာဂတ်တွင် အဇူရာတိမ်ဂိုဏ်းအနေဖြင့် မည်သူ့ကိုမျှ ကြောက်ရွံ့နေစရာ လိုတော့မည်မတ်ပေ။

ယခု သူ၏ တစ်ခုတည်းသော စိုးရိမ်မှုမှာ ကျန်းယန်နှင့် သူ၏အဖွဲ့ ငရဲတံခါးပေါက်ကို ဖွင့်လိုက်ချိန်တွင် တစ်စုံတစ်ရာ မှားယွင်းသွားမည်ကိုပင် ဖြစ်လေသည်။

"ကျွန်တော်တို့ ငရဲတံခါးပေါက်ကို ဖွင့်လိုက်တယ်ဆိုတာ ဘယ်သူမှ သိမှာမတ်ပါဘူး" ကျန်းယန်က ပြုံးလျက် ပြောလိုက်သည်။

"အခုချိန်အထိ ကျွန်တော်တို့ ငရဲတံခါးပေါက် ဖွင့်ခဲ့တာကို လူအနည်းငယ်လောက်ပဲ သိပြီး သူတို့ထဲက ဘယ်သူကမှ တခြားသူတွေကို ပြောပြမှာ မတ်ဘူး"

"ငါပြောနေတာက တစ္ဆေဘုံကို ပြောတာ"

ချင်းယွင်ကျိက အလေးအနက်ထား၍ ပြောလေသည်။

သူတို့သည် ယခင်က တစ္ဆေဘုံ၏ ထိတ်လန့်ဖွယ်ရာ သက်ရှိအငွေ့အသက်ကို ရင်ဆိုင်ခဲ့ဖူးပြီး ငရဲတံခါးပေါက်ကို ဖွင့်လှစ်ခြင်းမှာ သူတို့ စိတ်ကူးထားသည်ထက် များစွာပို၍ ကြောက်မက်ဖွယ်ကောင်းကြောင်းကို သိထားကြလေသည်။

ကျန်းယန်က ခေါင်းခါလိုက်ပြီး ပြောလေသည်။

"ကျွန်တော် အဲဒီအကြောင်းကို သေချာစဉ်းစားပြီးပါပြီ။ ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်တော်တို့ တစ္ဆေတံခါးပေါက်ကို ဖွင့်ခဲ့တာက ဘာအဓိပ္ပာယ်မှမရှိတဲ့ လုပ်ရပ်တစ်ခု ဖြစ်နေခဲ့လို့ တစ္ဆေဘုံက အဲဒီလောက် ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့တာပါ။ ဒီတစ်ကြိမ်မှာတော့ သက်တမ်းကုန်ဆုံးသွားတဲ့ သူတွေကို ရိတ်သိမ်းဖို့ တစ္ဆေဘုံကို ကူညီပေးမလို့နဲ့ တစ္ဆေဘုံရဲ့ လူဝင်စားခြင်းအာဏာကို ထိန်းသိမ်းပေးဖို့အတွက် ငရဲတံခါးပေါက်ကို ဖွင့်လှစ်မှာပါ။ ဒါကြောင့် သူတို့က ကျွန်တော်တို့ကို ကျေးဇူးတင်လွန်းလို့ ပြဿနာလာရှာမှာ မတ်တာ သေချာပါတယ်။ ပြီးတော့ ကျွန်တော်နဲ့အတူ ဂူဒူအာတို့ကိုလည်း ခေါ်သွားမှာ မတ်လား"

ထိုအခိုက်မှသာချင်းယွင်ကျိမှာ စိတ်အေးသွားလေတော့၏။

လောကကြီးတစ်ခုလုံးမှာ ကမောက်ကမဖြစ်နေပြီး ရှေ့ဆက်ရမည့် လမ်းခရီးက မည်သည့်နေရာတွင် ရှိနေသည်ကို သူ လုံးဝ မသိနိုင်ပေ။ ဤသို့ဖြစ်နေမှတော့ ကျန်းယန်ကိုသာ သူလုပ်ချင်ရာ လုပ်ခွင့်ပြုလိုက်လျှင် မကောင်းပေဘူးလော။ အခြားသော အကျိုးအမြတ်တချို့ကို ရရှိလာနိုင်ကောင်းပေသည်။ သေချာပေါက်ပင် အကောင်းဆုံးသော ရလဒ်မှာ ကွေ့ယွမ်ဘုရားကျောင်း၊ ၀မ်လင်းဂိုဏ်းနှင့် မြင့်မြတ်ဝိညာဉ်ဂိုဏ်းတို့၏ အခြေခံအုတ်မြစ်များကို အမြစ်ပြတ် ချေမှုန်းနိုင်ခြင်းပင် ဖြစ်ပေလိမ့်မည်။

ထို့နောက် ကျန်းယန်က ဆက်လက်၍ ပြောလေသည်။

"တောင်တစ်သောင်းတောင်တန်းဆိုတာ အရမ်းကျယ်ဝန်းတဲ့ နယ်မြေတစ်ခုဖြစ်ပြီး ကျင့်ကြံခြင်းလောကထဲက လူအနည်းငယ်လောက်ပဲ အဲဒီထဲကို ဝင်ရောက်နိုင်ကြတာပါ။ ဒါကြောင့် တောင်တစ်သောင်းတောင်တန်းထဲမှာ ကျွန်တော်တို့ လိုအပ်တဲ့ အရာတစ်ခုခုတော့ သေချာပေါက် ရှိနေလိမ့်မယ်။ ဒီတစ်ကြိမ် ကျွန်တော်တို့ရဲ့ အရင်းအမြစ်တွေကို ထပ်ပြီး မြှင့်တင်နိုင်ဖို့အတွက် တောင်တစ်သောင်းတောင်တန်းနဲ့ သွားရောက် ကုန်သွယ်မှုလုပ်ဖို့ ပစ္စည်းတချို့နဲ့ သေရေးရှင်ရေးဆေးရည်တွေကို ယူသွားဖို့ စီစဉ်ထားတယ်။ ပထမ ငါးနှစ်စီမံကိန်းက နီးပါးလောက် ပြီးပြည့်စုံနေပါပြီ။ ကျွန်တော်တို့မှာ ဖွံ့ဖြိုးတိုးတက်ဖို့ အချိန်ဆယ့်ငါးနှစ် ကျန်သေးတယ် ဆိုပေမဲ့လည်း အဲဒီအချိန်က မကြာခင် ရောက်လာတော့မှာပါ"

သူ၏ မျက်လုံးများတွင် ယုံကြည်မှုတို့ အပြည့်အဝ ရှိနေလေသည်။

"လက်ရှိအခြေအနေအရဆိုရင် ဆယ့်ငါးနှစ်ကြာတဲ့အခါ ကျွန်တော်တို့ဟာ လောကကြီးထဲမှာရှိတဲ့ အခြားဂိုဏ်းတွေ အားလုံးကို ရင်ဆိုင်နိုင်စွမ်း ရှိလာပါလိမ့်မယ်"

ဂိုဏ်းများအားလုံး၏ အခြေခံအုတ်မြစ်များ ပျက်စီးသွားသောအခါ အဇူရာတိမ်ဂိုဏ်း၏ အကြီးမားဆုံးသော ကပ်ဘေးကြီးသည်လည်း ကွယ်ပျောက်သွားတော့မည် ဖြစ်ပေသတည်း။

အပိုင်း (၄၃၈)

ကုန်းရှို့ပင်းသည် အချိန်အတော်ကြာအောင် အိပ်မောကျသွားခဲ့သည် ခံစားလိုက်ရလေသည်။ သူ နိုးလာသောအခါ ရေကန်ဘေးတွင် လဲလျောင်းနေမိကြောင်း တွေ့လိုက်ရသဖြင့် အလွန်တရာ အံ့အားသင့်သွားတော့၏။

သေချာစွာ ပြန်လည်ဆင်ခြင်ကြည့်လိုက်သောအခါ သူသည် ရေကန်ဘေးရှိ ပက်လက်ကုလားထိုင်ပေါ်တွင် အိပ်ပျော်နေခဲ့ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရလေသည်။

သူ မတ်တတ်ရပ်လိုက်ချိန်တွင် ဟူတလီမှာ ၎င်း၏ မူလသားရဲပုံစံကို ဖော်ဆောင်ထားကာ သူ၏ဘေးနားတွင် လဲလျောင်းလျက် သူ့အား ထူးဆန်းသော အကြည့်များဖြင့် စိုက်ကြည့်နေကြောင်း တွေ့လိုက်ရ၏။ ကုန်းရှို့ပင်းမှာ ထပ်မံ၍ လန့်ဖျပ်သွားပြန်လေသည်။ ဤမျှကြီးမားလှသော ကျားကြီးတစ်ကောင်က သူ၏ဘေးနားတွင် ရှိနေပြီး သူ့အား စိုက်ကြည့်နေသောကြောင့်ပင်။

"ကျန်းယန်ကော ဘယ်မှာလဲ" ကုန်းရှို့ပင်းက မေးလိုက်လေသည်။ ထိုကျားကြီးမှာ ဟူတလီဖြစ်ကြောင်းကို သူ သိထားပေသည်။

ကျားကြီးဟူတလီသည် ၎င်း၏လက်ဖဝါးဖြင့် စံအိမ်တော်၏ အခန်းဘက်သို့ ညွှန်ပြလိုက်ပြီးနောက် ခေါင်းကိုငုံ့ကာ ၎င်း၏ကိုယ်တွင်းရှိ ဆေးစွမ်းအင်များကို သန့်စင်နေလေတော့၏။ သဘာဝကျစွာပင် သူသည်လည်း သက်တံ့ငါးဟင်းချိုကို ရရှိထားခဲ့လေသည်။ သူ၏ သားရဲခန္ဓာကိုယ်ကို ပိုမိုသန်မာလာစေရန်အတွက် ခန္ဓာကိုယ်တစ်ခုလုံးရှိ အလွန်ကြီးမားလှသော ဆေးစွမ်းအင်များကို လှည့်ပတ်စီးဆင်းစေရန် လိုအပ်နေပေသည်။

အခန်းထဲတွင်တော့ ကျန်းယန်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး ဝင်လာသော ကုန်းရှို့ပင်းအား ကြည့်ကာ မေးလိုက်၏။

"နိုးလာပြီလား"

ကုန်းရှို့ပင်းသည် အနည်းငယ် အနေခက်လှစွာဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် ကျန်းယန်၏ရှေ့တွင် ထိုင်ချလိုက်လေသည်။ တစ်ရေးလောက် အိပ်လိုက်ရပြီးနောက် သူ၏ စိတ်ပိုင်းဆိုင်ရာရော ခံစားချက်ပိုင်းဆိုင်ရာပါ များစွာ ပိုမိုကောင်းမွန်လာခဲ့ပေသည်။

"အစ်ကိုကျန်း... ကျုပ်ရဲ့အဖေက ခင်ဗျားဆီကနေ သင်ယူဖို့ ကျုပ်ကို ဒီကို လွှတ်လိုက်တာပါ" ကုန်းရှို့ပင်းက ပွင့်လင်းစွာ ပြောလိုက်လေသည်။ "ကျေးဇူးပြုပြီး ကျုပ်ကို လမ်းညွှန်မှုလေးတွေ ပေးပါဦး"

ကျန်းယန်က အပြင်ဘက်သို့ လက်ညိုးထိုးပြကာ ပြောလိုက်၏။

"သွား... တစ်ပုံစံတည်း တူညီတဲ့ သစ်ရွက်နှစ်ရွက်ကို သွားရှာခဲ့"

ကုန်းရှို့ပင်းသည် ခေတ္တမျှ မှင်တက်သွားပြီးနောက် စကားနားထောင်စွာဖြင့် မတ်တတ်ရပ်ကာ သစ်ရွက်များကို သွားရောက်ရှာဖွေလေတော့သည်။ သူ ထွက်သွားပြီးနောက် နေ့ဝက်ခန့်ကြာသည်အထိ ပြန်ရောက်မလာခဲ့ချေ။

ကျန်းယန်မှာ ဘာပြောရမှန်းပင် မသိတော့ပေ။

ဒီကောင် ကျပ်မပြည့်တာလားဟ၊ ဒါမှမတ် သောက်ရမ်းကို ရိုးသားတဲ့လူများလား

ယခုအခါ သူတော်စင်သခင်၏ ကူကယ်ရာမဲ့ဖြစ်နေရမှုကို သူ အပြည့်အဝ နားလည်နိုင်သွားခဲ့လေပြီ။ အဘယ်ကြောင့်ဆိုသော် ကုန်းရှို့ပင်းမှာ ရိုးသားလွန်းနေသောကြောင့်ပင်။ သူသည် ဉာဏ်ကောင်းသည်မှာ သေချာလှသော်လည်း သူ၏ ခေါင်းမာမှုက တစ်ခါတစ်ရံတွင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။

ကျန်းယန်သည် သက်ပြင်းချလိုက်ပြီး မတ်တတ်ရပ်ကာ တောင်တန်းများနှင့် သစ်တောများထဲတွင် ကုန်းရှို့ပင်းအား လိုက်လံရှာဖွေခြင်းမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။

ထိုအချိန်တွင် ကုန်းရှို့ပင်းသည် တစ်ပုံစံတည်း တူညီသော သစ်ရွက်နှစ်ရွက်ကို ကြိုးကြိုးစားစား ရှာဖွေနေဆဲပင် ဖြစ်လေသည်။ သို့သော်လည်း သစ်တောထဲရှိ ရေတွက်မရနိုင်သော သစ်ရွက်များထဲတွင် တစ်ထပ်တည်းကျနေသော သစ်ရွက်နှစ်ရွက်ကို သူ မရှာတွေ့နိုင်ခဲ့သဖြင့် ပြန်လည်သတင်းပို့ရန် မလာနိုင်ဖြစ်နေခြင်းပင်။

ကျန်းယန် ရောက်လာသည်ကို မြင်သောအခါ ကုန်းရှို့ပင်းမှာ အနည်းငယ် ပြာယာခတ်သွားပုံပေါ်ပြီး ကမန်းကတန်း ပြောလိုက်၏။

"အစ်ကိုကျန်း... ကျုပ်ကို အချိန်နည်းနည်းလောက် ထပ်ပေးပါဦး။ ကျုပ် သေချာပေါက် ရှာတွေ့နိုင်မှာပါ"

သူ၏ဖခင်က သူ့အား ကျန်းယန်ထံသို့လာ၍ ဆွေးနွေးတိုင်ပင်ရန် မှာကြားထားခဲ့သဖြင့် သူသည် ကျန်းယန်၏ စကားများကို အလွန်တရာ အလေးထား နားထောင်လေသည်။

"တော်တော့... ဆက်မရှာနဲ့တော့"

ကျန်းယန်က စိတ်မရှည်စွာဖြင့် ပြောလိုက်လေသည်။

"လောကကြီးမှာ တစ်ပုံစံတည်း အတိအကျတူတဲ့ သစ်ရွက်နှစ်ရွက်ဆိုတာ မရှိဘူး။ တစ်ပုံစံတည်း တူတဲ့ ပန်းနှစ်ပွင့်ဆိုတာလည်း မရှိသလို တစ်ပုံစံတည်း တူတဲ့ လူနှစ်ယောက်ဆိုတာလည်း လုံးဝမရှိဘူး"

သူက အလေးအနက် ဆက်ပြောလေ၏။

"ဒီစက္ကန့်မှာရှိနေတဲ့ မင်းနဲ့ နောက်တစ်စက္ကန့်မှာရှိနေမယ့် မင်းတောင်မှ အတိအကျ တစ်ပုံစံတည်း မတ်ဘူးဆိုတာကို မင်း နားလည်ရဲ့လား။ ဘာဖြစ်လို့လဲဆိုတော့ လောကကြီးထဲက အရာခပ်သိမ်းဟာ အမြဲတမ်း ပြောင်းလဲနေလို့ပဲ။ အမြဲတမ်း ပြောင်းလဲနေတဲ့ အရာတွေထဲမှာ ငြိမ်သက်တည်ငြိမ်ပြီး ထာဝရတည်တံ့နေမယ့် အရာတစ်ခုကို မင်း ရှာဖွေဖို့ကြိုးစားနေရင် အဲဒါက တည်ရှိနေမှာ မတ်ဘူး။ နားလည်ပြီလား"

ကုန်းရှို့ပင်းသည် ရိုးသားသူဖြစ်သော်ငြားလည်း သူ၏ ဉာဏ်ရည်မှာ လုံးဝ ချို့တဲ့နေခြင်း မရှိပေ။ သူသည် ကျန်းယန်၏ စကားများကို ခေတ္တမျှ စဉ်းစားဆင်ခြင်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်လေသည်။ အတိအကျ တူညီသော ပန်းများနှင့် သစ်ရွက်များ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဤသဘောတရားကိုတော့ သူ နားလည်သဘောပေါက်သွားပေသည်။

ကျန်းယန်က ဖြည်းညှင်းစွာ ပြောလိုက်၏။

"မင်း ဒီသဘောတရားကို နားလည်သွားမှတော့ တခြားသူတွေဆီကနေ ဘယ်လောက်ပဲ သင်ယူဖို့ ကြိုးစားကြိုးစား မင်းက သူတို့ ဖြစ်လာမှာမဟုတ်ဘူး ဆိုတာကိုလည်း နားလည်သင့်တယ်။ အဲဒီလူက မင်းရဲ့အဖေ ဖြစ်နေရင်တောင်မှပဲလေ။ မင်းက မင်းကိုယ်မင်းပဲ ဖြစ်တည်နိုင်တယ်။ မင်းက ကုန်းရှို့ပင်းပဲ... ဒီလောကကြီးမှာ တစ်ဦးတည်းသော ကုန်းရှို့ပင်းပဲ၊ တခြားဘယ်သူမှ မဟုတ်ဘူး"

ကုန်းရှို့ပင်းသည် မည်သည့်စကားမျှ မဆိုဘဲ တိတ်ဆိတ်နေလေသည်။ ဤသဘောတရားကို သူ နားလည်သော်လည်း သူ၏ဖခင်မှာ မည်သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်ပါသနည်း။ အတုယူ အားကျလောက်စရာ မကောင်းသောသူ ဘယ်လိုလုပ် ဖြစ်နိုင်ပါမည်နည်း။

"သူတော်စင်သခင်က ဘယ်လိုပုဂ္ဂိုလ်မျိုးလို့ မင်းထင်လဲ" ကျန်းယန်က ထပ်မံမေးမြန်းလိုက်သည်။

ကုန်းရှို့ပင်းက ချက်ချင်းပင် နှုတ်မှထွက်ကျလာ၏။

"ကျုပ်ရဲ့ဖခင်က ဒီလောကကြီးမှာ အကြီးကျယ်ဆုံးနဲ့ အပြည့်စုံဆုံးသော ပုဂ္ဂိုလ်ကြီးပါ။ ကျုပ်အဖေလောက် ပြည့်စုံတဲ့သူကို ကျုပ် တစ်ခါမှ မမြင်ဖူးဘူး..."

"မဟုတ်ဘူး... မင်းရဲ့ဖခင်က တကယ်တော့ အောက်တန်းကျပြီး အရှက်မရှိတဲ့ လူတစ်ယောက်ပဲ" ကျန်းယန်က ခေါင်းခါလျက် ပြောလိုက်လေသည်။

ကုန်းရှို့ပင်းမှာ ချက်ချင်းပင် ဒေါသထွက်သွားကာ မျက်နှာများ နီရဲလာပြီး ကျန်းယန်အား စိုက်ကြည့်လိုက်တော့၏။ အကယ်၍ သူသာ ကျန်းယန်၏လက်တွင် အကြိမ်များစွာ အရှုံးမပေးခဲ့ရဘူးဆိုလျှင် သူ ချက်ချင်း လက်ပါမိနေလောက်ပြီ ဖြစ်လေသည်။

ကျန်းယန်က ခပ်ဖွဖွ ပြုံးလိုက်သည်။

"မင်းရဲ့အမြင်ဘက်ကကြည့်ရင် မင်းရဲ့အဖေက သေချာပေါက် အလွန်ကြီးကျယ်ပြီး ပြည့်စုံလုံလောက်ပါတယ်။ ဒါပေမဲ့ လန်ကျားအထွတ်အမြတ်မြေရဲ့ ရန်သူတွေဘက်က ကြည့်ရင်ကော ဘယ်လိုနေမလဲ။ အဲဒီ ရန်သူတွေရဲ့ မျက်စိထဲမှာတော့ မင်းရဲ့အဖေဟာ အောက်တန်းကျပြီး အရှက်မရှိတဲ့ လူတစ်ယောက်ပဲ။ ပိုပြီး အားနည်းတဲ့ ရန်သူတွေအတွက်ကျတော့ မင်းရဲ့အဖေဟာ သွေးအေးပြီး ရက်စက်တဲ့သူတစ်ယောက် ဖြစ်နေပြန်ရော။ လန်ကျားအထွတ်အမြတ်မြေထဲက သန်းနဲ့ချီတဲ့ သာမန်ပြည်သူတွေအတွက်ကျတော့ မင်းရဲ့အဖေဟာ အမြင့်မြတ်ဆုံးသော နတ်ဘုရားတစ်ပါးပဲ။ တခြားသူတွေအားလုံးရဲ့ အမြင်တွေက မှားနေတယ်လို့ မင်း ရဲရဲဝံ့ဝံ့ ပြောရဲသလား"

ကုန်းရှို့ပင်းသည် ပါးစပ်ဟလိုက်သော်လည်း မည်သည့်စကားမျှ ထွက်မလာခဲ့ချေ။ သူသည် သူ၏ဖခင်ကို မည်မျှပင် အတုယူ လေးစားနေစေကာမူ အခြားသူများ၏ မျက်စိထဲတွင် သူ၏ဖခင်က ပြည့်စုံလွန်းနေသည်တော့ ဘယ်သောအခါမျှ မပြောနိုင်ပေဘူး မဟုတ်ပါလော။

ထို့နောက် ကျန်းယန်က ဆက်မေးလေ၏။

"တခြားသူတွေအားလုံးရဲ့ အမြင်တွေကလည်း မှန်ကန်နေမှတော့ မင်းမြင်တွေ့ခဲ့ရတဲ့ ဖခင် ဆိုတာကသာ မင်းရဲ့ဖခင် အစစ်အမှန်ဖြစ်တယ်လို့ မင်း ဘယ်လိုလုပ် ပြောရဲမှာလဲ။ မင်းရဲ့အဖေဆီကနေ သင်ယူတာက မမှားပါဘူး။ သူ့ကို အတုခိုးတာကလည်း ပြဿနာတစ်ခု မဟုတ်ဘူး။ သူက တကယ်ကို သင်ယူဖို့၊ အတုခိုးဖို့နဲ့ နောက်ကလိုက်ဖို့ ထိုက်တန်ပါတယ်။ ဒါပေမဲ့ မင်း မြင်တွေ့ခဲ့ရတဲ့ အရာတွေကိုပဲ အတုခိုးနေမယ်ဆိုရင် မင်းအဖေလိုမျိုး ဘယ်လိုလုပ် ဖြစ်လာနိုင်မှာလဲ"

ကျန်းယန်သည် မှော်ရတနာဖြစ်သော နဂါးမင်းခြင်းတောင်းကို ထုတ်ယူလိုက်ပြီး ၎င်းအား လက်ညိုးထိုးပြကာ ကုန်းရှို့ပင်းကို ပြောလိုက်သည်။

"မင်းက သူ့ရဲ့ မျက်နှာပြင်ကိုကြည့်ပြီး စက်လုံးပုံသဏ္ဌာန်ရှိတယ်လို့ ပြောမယ်ဟုတ်တယ်မလား။ သူ့ရဲ့ အပေါက်ဝကို မြင်တာနဲ့ ချက်ချင်း အဲဒါကို အပေါက်တစ်ခုလို့ ခေါ်လိုက်တာကကော မှန်ရဲ့လား။ ငါတို့တွေ တစ်ခုခုကို ကြည့်တဲ့အခါ ပုံစံတစ်ခုလုံးကိုသာမက သူ့ရဲ့ ရှုထောင့်အားလုံးကိုပါ မြင်အောင်ကြည့်ရမယ်။ ဒါမှသာ မှန်ကန်တဲ့ ချဉ်းကပ်မှုဖြစ်တယ်"

ကုန်းရှို့ပင်းသည် ခေါင်းကို ခပ်ဖွဖွ ညိတ်လိုက်လေသည်။ ကျန်းယန် ပြောပြခဲ့သော သဘောတရားများကို သူ အပြည့်အဝ နားလည်သဘောပေါက်သွားခဲ့လေပြီ။

ကျန်းယန်သည် စံအိမ်တော်သို့ ပြန်ရန် ကုန်းရှို့ပင်းအား လက်ဟန်ပြ ဖိတ်ခေါ်လိုက်လေသည်။ အပြန်လမ်းတွင် ကုန်းရှို့ပင်းက မေးလိုက်၏။

"ဒါဆို ခင်ဗျားဆိုလိုတာက ကျုပ်အဖေရဲ့ ဘဝထဲက တခြားသော ရှုထောင့်တွေကိုလည်း သင်ယူစေချင်တာလား"

"သေချာပေါက် သင်ယူသင့်တာပေါ့" ကျန်းယန်က ခေါင်းညိတ်လိုက်သည်။ "မင်းရဲ့အဖေက ငါတို့တွေ သင်ယူသင့်တဲ့သူတစ်ယောက် ဖြစ်နေပေမဲ့ တခြားသူတွေကကော မသင်ယူသင့်ဘူးလို့ ဆိုလိုတာလား။ လူတိုင်းမှာ အားသာချက်တွေ ကိုယ်စီရှိကြတယ်။ အဲဒါတွေက ငါတို့ သင်ယူသင့်တဲ့ အားသာချက်တွေပဲ။ ဒါကြောင့် လူသုံးယောက် အတူလမ်းလျှောက်သွားရင် အဲဒီအထဲမှာ ငါ့ကို ဆရာလုပ်နိုင်တဲ့သူ တစ်ယောက်တော့ သေချာပေါက် ပါတယ် ဆိုတဲ့ စကားပုံ ရှိတာပေါ့။ ဒါပေမဲ့ ငါတို့အတွက် မကောင်းတဲ့အရာတွေကိုတော့ မသင်ယူသင့်ဘူး။ ဒါကြောင့် ကောင်းမွန်တဲ့အရာတွေကို ရွေးချယ်ပြီး လိုက်နာသင့်သလို ဆိုးရွားတဲ့အရာတွေကို ပြင်ဆင်သင့်တယ်"

ကုန်းရှို့ပင်းမှာ အလွန်တရာ တုန်လှုပ်သွားတော့၏။ သူသည် ပညာရှင်တစ်ဦး ဖြစ်ပေသည်။ ကျန်းယန်က သူ့အား ဆက်သွယ်ပြောဆိုနေပုံမှာ အံ့မခန်းလောက်အောင် နက်နဲလှပေသည်။

ထို့အပြင် ကုန်းရှို့ပင်းသည် ပါရမီရှင်စစ်တလင်းတွင် ကျန်းယန်နှင့် ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ခဲ့ဖူးပြီး ကျန်းယန်က ပါရမီရှင်များအားလုံးထံမှ ပညာရပ်များကို သင်ယူနေခဲ့သည်ကိုလည်း မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရလေသည်။ ထို့ကြောင့် သူသည် ကျန်းယန်၏ စကားများနှင့်ပတ်သက်၍ မည်သည့် သံသယမျှ မရှိတော့ချေ။ ဤစကားများကို သူ လုံးဝ ယုံကြည်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် ကျန်းယန်ကိုယ်တိုင်က ၎င်းစကားများကို အကြီးမားဆုံး လက်တွေ့ကျင့်သုံးနေသူ ဖြစ်သောကြောင့်ပင်တည်း။

ကျန်းယန်သည် ကုန်းရှို့ပင်းအား ထပ်မံထိုင်ရန် ဖိတ်ခေါ်လိုက်ပြီး သူ၏လက်ကိုမြှောက်ကာ မြေပြင်ပေါ်တွင် ကြေးဒင်္ဂါး ပုံစံတစ်ခုကို ဆွဲလိုက်လေသည်။ ထို့နောက် ထိုကြေးဒင်္ဂါးပုံစံကို လက်ညိုးထိုးပြကာ ကုန်းရှို့ပင်းအား ပြောလိုက်၏။

"လူတစ်ယောက်အနေနဲ့ အပြင်ပန်းမှာ ပျော့ပြောင်းညင်သာနေသင့်ပေမဲ့ အတွင်းစိတ်ကတော့ ခိုင်မာနေသင့်တယ်။ အပြင်ဘက်က စက်ဝိုင်းပုံစံက အရာခပ်သိမ်းကို ကြုံတွေ့ရတဲ့အခါနဲ့ လေ့လာသင်ယူတဲ့အခါမှာ ထားရှိရမယ့် ငါတို့ရဲ့ သဘောထားကို ကိုယ်စားပြုတယ်။ ဒီစက်ဝိုင်းက ချောမွေ့ပြောင်လက်နေဖို့ကို ဆိုလိုတာမဟုတ်ဘဲ လူတော်လူကောင်းတစ်ယောက်ဆိုတာ ကိရိယာတန်ဆာပလာတစ်ခု မဟုတ်ဘူး ဆိုတဲ့ သဘောတရားကို ဆိုလိုတာဖြစ်တယ်"

သူက မြေပြင်ပေါ်ရှိ ပုံစံကို သေချာစွာ ညွှန်ပြလျက် ဆက်ပြောလေသည်။

"လူတော်လူကောင်းတစ်ယောက်ဟာ ကိရိယာတန်ဆာပလာတစ်ခု မဟုတ်ဘူး ဆိုတဲ့ အချက်ကြောင့်ပဲ ငါတို့တွေက ဘယ်အရာကိုမဆို လက်ခံနိုင်စွမ်းရှိလာပြီး နောက်ဆုံးမှာတော့ မြစ်ချောင်းအသွယ်သွယ်ကို လက်ခံပွေ့ဖက်ထားတဲ့ သမုဒ္ဒရာကြီးလိုမျိုး ငါတို့ရဲ့ ကျယ်ဝန်းလှတဲ့ အခြေအနေတစ်ခုကို ရရှိနိုင်မှာဖြစ်တယ်။ အဲဒါက ငါတို့ နှလုံးသားထဲမှာ အမြတ်တနိုး တန်ဖိုးထားရမယ့် အရာဖြစ်ပြီး ငါတို့ရဲ့ နောက်ဆုံးခံတပ်လည်း ဖြစ်တယ်။ အကယ်၍ ငါတို့မှာ အတွင်းပိုင်း ယုံကြည်ချက်တွေသာ ကင်းမဲ့နေမယ်ဆိုရင် နောက်ဆုံးမှာတော့ ရေစီးရာနောက်ကို မျောပါသွားရလိမ့်မယ်"

ဤနေရာသို့အရောက်တွင် ကျန်းယန်သည် ကုန်းရှို့ပင်းအား မော့ကြည့်လိုက်ပြီး အလေးအနက် ပြောလိုက်လေသည်။

"လေးစားရတဲ့ မင်းအဖေက မင်းကို ရှို့ပင်း လို့ နာမည်ပေးခဲ့ပြီး ကိုယ်ကျင့်တရားကို ပြုစုပျိုးထောင်၊ မိသားစုကို စီမံကွပ်ကဲ၊ တိုင်းပြည်ကို အုပ်ချုပ်ပြီး လောကကြီးကို ငြိမ်းချမ်းစေဖို့ မျှော်လင့်ခဲ့တယ်။ အဲဒါက သိပ်ပြီး တိကျမှန်ကန်မှုမရှိဘူးလို့ ငါထင်တယ်"

"ဘာဖြစ်လို့လဲ" ကုန်းရှို့ပင်းက မေးလိုက်လေသည်။

သူသည် သူ၏ဖခင်အကြောင်းကို ပထမဆုံး စတင်ပြောဆိုစဉ်ကကဲ့သို့ ဒေါသထွက်နေသည့် အခြေအနေမျိုးတွင် မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူသည် များပြားလှစွာသော သဘောတရားများကို စုပ်ယူနားလည်ထားပြီးဖြစ်သောကြောင့်တည်း။

"ကိုယ်ကျင့်တရားကို ပြုစုပျိုးထောင်ခြင်း၊ မိသားစုကို စီမံကွပ်ကဲခြင်း၊ တိုင်းပြည်ကို အုပ်ချုပ်ခြင်းနဲ့ လောကကြီးကို ငြိမ်းချမ်းစေခြင်းဆိုတာတွေက သင်ယူမှုလုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး မိမိကိုယ်ကို တိုးတက်စေတဲ့ လုပ်ငန်းစဉ်တစ်ခုပဲဖြစ်တယ်" ကျန်းယန်က မြေပြင်ပေါ်ရှိ ပုံစံကို လက်ညိုးထိုးပြလိုက်သည်။ "ဒီလုပ်ငန်းစဉ်တွေက ဝန်းရံနေတဲ့ စက်ဝိုင်းတွေဖြစ်ပြီး လူတော်လူကောင်းတစ်ယောက်ဟာ ကိရိယာတန်ဆာပလာတစ်ခု မဟုတ်ဘူး ဆိုတဲ့ သဘောတရားကိုလည်း ကိုယ်စားပြုတယ်။ ဒါပေမဲ့ မင်းရဲ့ အူတိုင် ကကော ဘယ်မှာလဲ။ မင်းရဲ့ အနှစ်သာရက ဘယ်မှာလဲ"

ကျန်းယန်၏ မျက်လုံးများက စူးရှတောက်ပသွား၏။

"မင်း ဘာလုပ်ချင်တာလဲ။ မင်းက ဘာဖြစ်လို့ ကိုယ်ကျင့်တရားကို ပြုစုပျိုးထောင်၊ မိသားစုကို စီမံကွပ်ကဲ၊ တိုင်းပြည်ကို အုပ်ချုပ်ပြီး လောကကြီးကို ငြိမ်းချမ်းစေချင်ရတာလဲ။ ဒါကြောင့် အဲဒီအရာတွေရဲ့ရှေ့မှာ စိတ်နှလုံးကို ဖြောင့်မတ်စေခြင်း နဲ့ ရိုးသားဖြူစင်ခြင်း ဆိုတာကို ထည့်သွင်းသင့်တယ်။ မင်းရဲ့ နှလုံးသားက တကယ်လိုလားတောင့်တနေတဲ့ အရာက ဘာလဲဆိုတာကို နားလည်သွားပြီး အဲဒီဆန္ဒကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားနိုင်ပြီဆိုရင် ပြင်ပက အရာတွေကြောင့် မင်း ထပ်ပြီး ဒုက္ခရောက်နေတော့မှာ မတ်ဘူး"

ဤနေရာတွင် ကျန်းယန်သည် ထူးဆန်းသော အပြုံးတစ်ခုကို ပြုံးလိုက်လေသည်။

"အနည်းဆုံးတော့ ပါရမီရှင်စစ်တလင်းမှာ ငါ့ကြောင့် မင်း သေလုမျောပါး ဖြစ်ခဲ့ရတော့မှာ မဟုတ်ဘူးပေါ့"

ကုန်းရှို့ပင်းသည် အစပိုင်းတွင် တော်တော်လေး စိတ်လှုပ်ရှားနေခဲ့သော်လည်း နောက်ဆုံးစကားတစ်ခွန်းကြောင့် ဆွံ့အသွားရလေတော့သတည်း။

All Chapters