← Chapters

အခန်း (၄၄၃-၄၄၄)

Vol. 43 Ch. 443-444

အခန်း (၄၄၃-၄၄၄)

Vol. 43 Ch. 443-444

အပိုင်း (၄၄၃)

တစ္ဆေဘုံမှ တမန်တော်များသည် အကြီးအကျယ် ထိုးစစ်ဆင်လာခဲ့ကြပြီး၊ ချင်းယွင်ကျိသည် ၀မ်လင်းတိုက်ရှိရာ အရပ်ဆီသို့ တည်ကြည်လေးနက်စွာ ကြည့်နေလေသည်။

၀မ်လင်းတိုက်ပေါ်တွင် ဖြစ်ပွားနေသော စစ်ပွဲကြီးကို သူ အာရုံခံမိပြီး ဖြစ်လေသည်။ ထို့အပြင်၊ ထိုတိုက်ပွဲကြီးအတွင်းရှိ အခြားတစ်ဖက်သော အင်အားစုမှာ တစ္ဆေဘုံမှ တမန်တော်များသာ ဖြစ်ရမည် သူ သုံးသပ်မိလေသည်။

ကျိုးရွှမ်ရှန်းနှင့် ကျိုးကျွင်းချန်တို့အပြင်၊ ၀မ်လင်းဂိုဏ်းတွင် ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး အမှန်တကယ် ရှိနေလိမ့်မည် သူ မထင်မှတ်ထားခဲ့ချေ။

ကျန်းယန်နှင့် သူ၏အဖွဲ့သည် တစ္ဆေတမန်တော် မည်မျှကို လွှတ်ပေးခဲ့သနည်း တွေးတောရင်း ခေါင်းကိုက်ရလေတော့သည်။ ဤတစ္ဆေတမန်တော်များက တစ္ဆေဘုံမှနေ၍ အဆက်မပြတ် ထွက်ပေါ်နေမည်ဆိုပါက ကျင့်ကြံခြင်းလောကအနေဖြင့် မည်သို့ လုပ်ဆောင်သင့်ပါသနည်း။

လန်ကျားအထွတ်အမြတ်မြေတွင်လည်း၊ သူတော်စင်သခင်သည် ၀မ်လင်းတိုက်ရှိရာ အရပ်ဆီသို့ အလွန်တရာ အံ့အားသင့်စွာဖြင့် လှမ်းကြည့်နေခဲ့လေသည်။ ၎င်းမှာ ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူများအကြားရှိ စစ်မှန်သော တိုက်ပွဲကြီးတစ်ခုပင် ဖြစ်၏။ ကောင်းကင်နှင့်မြေပြင်၏ တရားဥပဒေများကို တုန်လှုပ်သွားစေသော ထိတ်လန့်ဖွယ်ရာ ဖြစ်စဉ်ကြီးက သူ၏ ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံမှုကို အလွန်တရာ ထင်ရှားစေခဲ့ပေသည်။

သူတော်စင်သခင်မှာ နားမလည်နိုင် ဖြစ်နေရ၏။ အဇူရာတိမ်ဂိုဏ်းက ၀မ်လင်းဂိုဏ်းနှင့် တိုက်ခိုက်နေခြင်းများလော။ သို့မတ်ပါက၊ ၀မ်လင်းဂိုဏ်းအနေဖြင့် ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးကို အဘယ်ကြောင့် စေလွှတ်ရန် လိုအပ်ပါမည်နည်း။ ထို့အပြင်၊ သူ၏ အာရုံခံမှုသာ မှန်ကန်မည်ဆိုလျှင်၊ တစ်ဦး သို့မတ် နှစ်ဦးထက်မက ရှိနေပေသည်။

"တူရှန်း... အဇူရာတိမ်ဂိုဏ်းဆီ သွားပြီး မေးကြည့်စမ်း"

သူတော်စင်သခင်က အမိန့်ပေးလိုက်လေသည်။ သူကိုယ်တိုင်ကမူ ယွင်မုန့်စိမ့်တောရှိရာ အရပ်ဆီသို့ သတိဝီရိယရှိစွာဖြင့် လှမ်းကြည့်လိုက်၏။

ထိုအချိန်တွင် ယွင်မုန့်စိမ့်တော၏ ဗဟိုချက်၌၊ မင်ယဲ့နှင့် အခြားသူများမှာလည်း လုံးဝ မှင်တက်ကာ ဇဝေဇဝါ ဖြစ်နေကြလေသည်။ သူတို့၏ ကိုယ်ပိုင်အငွေ့အသက်များက ကျင့်ကြံခြင်းလောကထဲတွင် ထွက်ပေါ်လာသည်ကို သူတို့ ဘယ်လိုလုပ် အာရုံခံမိနေကြခြင်းနည်း။ တစ္ဆေတံခါးပေါက်ဆိုသည်မှာ ယွင်မုန့်စိမ့်တော တစ်နေရာတည်းတွင်သာ ရှိသည် မတ်ပါလော။

သူတို့သည် အခြေအနေကို စုံစမ်းမေးမြန်းရန်အတွက် လူတစ်ဦးကို တစ္ဆေဘုံဆီသို့ ကမန်းကတန်း ပြန်လွှတ်လိုက်ကြပြီး၊ ခဏအကြာတွင် စုံစမ်းခဲ့သူ ပြန်ရောက်လာခဲ့လေသည်။

"မင်ရှီ... ဘာတွေဖြစ်နေတာလဲ" မင်ယဲ့က မေးလိုက်၏။ "နောက်ထပ် လမ်းကြောင်းတစ်ခု ရှိနေသေးလို့လား"

"မတည်ငြိမ်တဲ့ လမ်းကြောင်းတစ်ခု ရှိနေတယ်" မင်ရှီက ထူးဆန်းသော အမူအရာဖြင့် ပြန်ဖြေလေသည်။ "အဲဒီ မတည်ငြိမ်တဲ့ လမ်းကြောင်းက အမှောင်ညဘုရင်ကြီးရဲ့ နယ်မြေထဲမှာ တည်ရှိနေတာလို့ ဘုရင်ကြီးက ပြောတယ်"

လက်ရှိတွင် ငရဲတံခါးပေါက်ကို ထိန်းထားသူမှာ အမှောင်ညဘုရင်ဖြစ်ပြီး မကြာမီ ပိတ်သွားတော့မည် ဖြစ်လေသည်။ ဤငရဲတံခါးပေါက် မည်သို့ပွင့်လာခဲ့သနည်းဆိုသည်ကို အမှောင်ညဘုရင် ကိုယ်တိုင်ပင် မသိရှိပါချေ။

မင်ယဲ့သည် မျက်မှောင်ကြုတ်လိုက်ပြီး "အမှောင်ညဘုရင်က ငါတို့ရဲ့ အလုပ်ကို လုလုပ်နေတာ မဟုတ်ဘူးလား... ထားလိုက်ပါတော့၊ ငါတို့ လှုပ်ရှားကြစို့။ မဟုတ်ရင် ဒီဂုဏ်ပြုခံရမယ့် အခွင့်အရေးလေးတောင် တခြားသူတွေ လုယူသွားလိမ့်မယ်"

ယွင်မုန့်စိမ့်တော၏ အနက်ရှိုင်းဆုံးနေရာမှ တစ္ဆေတမန်တော် အတော်များများသည် ချက်ချင်းပင် စုစည်းရောက်ရှိလာကြ၏။

"ငါတို့ ဘယ်ဘက်ကို တိုက်ခိုက်သင့်သလဲ" တစ္ဆေတမန်တော် တစ်ဦးက မေးလိုက်သည်။

မင်ယဲ့က ခပ်ဖွဖွ ပြုံးလိုက်ပြီး "သေချာပေါက် ငါတို့ အကုန်လုံးကို တိုက်ခိုက်မှာပေါ့။ လန်ကျားအထွတ်အမြတ်မြေကို ငါ ကိုင်တွယ်ဖြေရှင်းမယ်၊ မင်းတို့က တခြားနေရာတွေကို ခွဲပြီး တိုက်ခိုက်ကြ"

ယွင်မုန့်စိမ့်တောမှ တစ္ဆေတမန်တော်များသည်လည်း စတင် ထွက်ခွာသွားကြလေတော့သည်။

လန်ကျားအထွတ်အမြတ်မြေတွင်မူ၊ တူရှန်းသည် အဇူရာတိမ်ဂိုဏ်းမှ ပြန်ရောက်လာခဲ့ပြီဖြစ်ပြီး သူတော်စင်သခင်ထံသို့ အလျင်စလို သတင်းပို့လေသည်။

"၀မ်လင်းဂိုဏ်းကို တိုက်ခိုက်နေတာ အဇူရာတိမ်ဂိုဏ်း မဟုတ်ဘူးဗျ။ ၀မ်လင်းဂိုဏ်းကို လှုပ်ရှားနေတာ တစ္ဆေဘုံက တမန်တော်တွေလို့ ဂိုဏ်းချုပ်ချင်းယွင်ကျိက ပြောတယ်"

သူတော်စင်သခင်မှာ အလွန်တရာ အံ့အားသင့်သွားရတော့၏။ တစ္ဆေဘုံမှ တမန်တော်များသည် ယွင်မုန့်စိမ့်တောထဲတွင် ရှိနေသည် မဟုတ်ပါလော။ ယခင်က ဝတ်ရုံနက်နှင့်လူကို သူ ချက်ချင်း သတိရလိုက်လေသည်။ ဤတစ္ဆေဘုံတမန်တော်သည် ဂိုဏ်းတစ်ဂိုဏ်းတည်းကိုသာ ပစ်မှတ်ထားနေခြင်း မဟုတ်ဘဲ၊ ဂိုဏ်းများအားလုံးကို ပစ်မှတ်ထားနေခြင်း ဖြစ်ပုံရပေသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် သူတော်စင်သခင်သည် သက်ပြင်းတစ်ချက် ချလိုက်နိုင်လေသည်။

၀မ်လင်းဂိုဏ်းမှာ တစ္ဆေဘုံ၏ တမန်တော်များ တိုက်ခိုက်ခြင်းကို ခံရမှတော့၊ ကွေ့ယွမ်ဘုရားကျောင်းနှင့် မြင့်မြတ်ဝိညာဉ်ဂိုဏ်းတို့သည်လည်း ချွင်းချက်ဖြစ်နေလိမ့်မည် မဟုတ်ပေ။ ဂိုဏ်းများအားလုံးက တစ္ဆေဘုံမှ တမန်တော်များ၏ တိုက်ခိုက်မှုကို ခံရချိန်တွင် မည်သူကမျှ ဘေးကင်းလုံခြုံစွာ နေနိုင်မည်မတ်ဘဲ၊ ၀မ်လင်းဂိုဏ်းနှင့် အခြားသူများက ဝင်ရောက်လှုပ်ရှားလာနိုင်သည်ဟူသော ယခင်က စိုးရိမ်ပူပန်မှုများမှာလည်း ဆက်လက် တည်ရှိမနေတော့ချေ။

ဂိုဏ်းများအားလုံးကို တစ္ဆေဘုံ၏ တမန်တော်များက ချုပ်ကိုင်ဟန့်တားထားလေပြီ။ အဇူရာတိမ်ဂိုဏ်းမှလွဲ၍ပေါ့။ အဘယ်ကြောင့်ဆိုသော် အဇူရာတိမ်ဂိုဏ်းတွင် အခြေခံအုတ်မြစ် အရင်းအမြစ်များ မရှိသောကြောင့်၊ တစ္ဆေဘုံမှ တမန်တော်များကို တိုက်ခိုက်ရာတွင် အလေးအနက်မထားသော အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့ပေသည်။

ရုတ်တရက် သူတော်စင်သခင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားလေသည်။ သူသည် လျင်မြန်စွာ မတ်တတ်ရပ်လိုက်ပြီး ယွင်မုန့်စိမ့်တောရှိရာဆီသို့ ပျံသန်းသွားရင်း၊ တူရှန်းထံသို့ သတင်းစကား ဆက်လက် ပေးပို့လိုက်၏။

"တစ္ဆေဘုံက တမန်တော်တွေ လှုပ်ရှားလာပြီ။ အဇူရာတိမ်ဂိုဏ်းဆီက အကူအညီတောင်းဖို့ သူတို့ကို အသိပေးလိုက်"

"ကူညီလို့ မရဘူးဗျ" တူရှန်းက ခါးသက်သက် ပြုံးလျက် ပြန်ဖြေလေသည်။ "ကျန်းယန်က အဇူရာတိမ်ဂိုဏ်းဆီကနေ မိစ္ဆာအများအပြားကိုခေါ်ပြီး မိစ္ဆာမျိုးနွယ်စုတွေဆီ ထွက်သွားပြီ။ သူ့မှာ အရေးကြီးတဲ့ ကိစ္စတွေ လုပ်စရာရှိတယ်လို့ ဆိုတယ်"

အဇူရာတိမ်ဂိုဏ်းအနေဖြင့် ချင်းယွင်တိုက်ကို ကာကွယ်ရန် အရင်းအမြစ်အချို့ကို ချန်လှပ်ထားရန် လိုအပ်သေးသဖြင့် လောလောဆယ်တွင် သူတို့ကို မကူညီနိုင်ကြောင်း ဂိုဏ်းချုပ်ချင်းယွင်ကျိက ပြောဆိုခဲ့လေသည်။

သူတော်စင်သခင်မှာ ဆွံ့အသွားရတော့၏။

ဤအခြေအနေသို့ ရောက်ရှိနေချိန်တွင်၊ သူတို့သည် မဟာမိတ်များကို အားကိုး၍မရနိုင်တော့ဘဲ မိမိကိုယ်ကိုယ်သာ အားကိုးရတော့မည် ဖြစ်ပေသည်။ သူသည် လန်ကျားတိုက်၏ အပြင်ဘက်တွင် ရပ်လျက် မင်ယဲ့အား အေးစက်စွာ စိုက်ကြည့်နေလေသည်။

မင်ယဲ့သည် ဦးခေါင်းခွံရာဇပလ္လင်ပေါ်တွင် ထိုင်လျက် ခပ်ဖွဖွ ပြုံးလိုက်၏။

"လူဝင်စားခြင်းအာဏာကို မဖြစ်မနေ ထိန်းသိမ်းရမယ်၊ ဘယ်သူမှ တားဆီးလို့မရဘူး။ မင်းရဲ့ အင်အားတွေ တိုးတက်လာတယ်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ တိုးတက်လာရင်တောင်မှ အလကားပဲ။ ငါ မြင်နိုင်သမျှ အရာအားလုံးက ငါရဲ့ နယ်မြေပဲ"

၎င်း၏ အရိုးဖြူလှံတံကို တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့်၊ မင်ယဲ့သည် လန်ကျားတိုက်ဆီသို့ မိုင်ရာနှင့်ချီ ကျယ်ဝန်းသော မီးခိုးဖြူရောင် နယ်မြေကြီးတစ်ခုဖြင့် အကြီးအကျယ် ကျူးကျော်ဝင်ရောက်လာခဲ့လေသည်။ မီးခိုးဖြူရောင် နယ်ခြားမျဉ်း ဖြတ်သန်းသွားသော နေရာတိုင်းတွင် အရာခပ်သိမ်း သေဆုံးသွားကြ၏။ မြေကြီးကိုယ်တိုင်ပင်လျှင် မည်သည့် သက်ဝင်လှုပ်ရှားမှုမျှ မရှိတော့သော သေဆုံးနေသည့် မြေအဖြစ်သို့ ပြောင်းလဲသွားလေသည်။ မီးခိုးဖြူရောင် နယ်ခြားမျဉ်းမှာ ဆက်လက် ကျယ်ပြန့်နေဆဲပင် ဖြစ်လေသည်။

သူတော်စင်သခင်က လှောင်ပြောင်လိုက်သည်။

"အရင်ကသာဆိုရင် မင်းရဲ့အကွက်ကို ငါ တုံ့ပြန်နိုင်ခဲ့မှာ မတ်ဘူး။ ဒါပေမဲ့ အခုတော့... ပညာရှင်တွေအားလုံး ငါ့နောက်က လိုက်ဆိုကြစမ်း"

သူတော်စင်သခင်၏ ကြီးမားကျယ်ပြန့်လှသော နတ်အာရုံများသည် လန်ကျားတိုက် တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားလေတော့သည်။ မိမိကိုယ်ကိုယ် ပညာရှင်များအဖြစ် သတ်မှတ်ထားကြသော ရေတွက်မရနိုင်သည့် လူများသည် သူတို့၏ စိတ်နှလုံးထဲတွင် ရုတ်တရက် တင်းကြပ်သွားမှုကို ခံစားလိုက်ကြရ၏။ သူတို့သည် ကျောင်းတော်ဆီသို့ ပြန်လည်ရောက်ရှိသွားပြီး ဆရာသခင်များနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ကြရလေသည်။ သူတို့သည် အလိုအလျောက်ပင် တည်ကြည်လေးနက်စွာနှင့် ရိုသေလေးစားစွာ ထိုင်ချလိုက်ကြတော့သည်။ ပညာရှင်များ မတ်သော သူများသည်လည်း သူတော်စင်သခင်၏ နတ်အာရုံများကို အာရုံခံမိကြပြီး စူးစမ်းလိုစိတ် တစ်ရပ်ကို ခံစားလိုက်ကြရလေသည်။

"လူသုံးယောက် အတူလမ်းလျှောက်သွားရင်၊ အဲဒီအထဲမှာ ငါ့ကို ဆရာလုပ်နိုင်တဲ့သူ တစ်ယောက်တော့ သေချာပေါက် ပါတယ်"

သူတော်စင်သခင်က ဦးဆောင် ရွတ်ဆိုလိုက်လေသည်။

လန်ကျားတိုက်ပေါ်ရှိ ရေတွက်မရနိုင်သော ပညာရှင်များက "လူသုံးယောက် အတူလမ်းလျှောက်သွားရင်၊ အဲဒီအထဲမှာ ငါ့ကို ဆရာလုပ်နိုင်တဲ့သူ တစ်ယောက်တော့ သေချာပေါက် ပါတယ်" ဟစ်ကြွေးလိုက်ကြလေသည်။

"ဝုန်း"

အစွမ်းထက်ပြီး ဖြောင့်မတ်မှန်ကန်သော အငွေ့အသက်တစ်ခုသည် လန်ကျားတိုက်၏ အစိတ်အပိုင်း အသီးသီးမှ ပြင်းထန်သော မုန်တိုင်းကြီးတစ်ခုကဲ့သို့ ထွက်ပေါ်လာခဲ့လေသည်။

"သင်ယူရခြင်းနှင့် သင်ယူထားသည်များကို လက်တွေ့ကျင့်သုံးရခြင်းမှာ ပျော်ရွှင်မှုတစ်ခုပင်ဖြစ်သည်"

သူတော်စင်ဆရာသခင်က နောက်တစ်ဖန် ဦးဆောင် ရွတ်ဆိုလိုက်ပြန်လေသည်။ ရေတွက်မရနိုင်သော စာဖတ်သူများသည် ဆက်လက် လိုက်ဆိုကြလေ၏။

ရေတွက်မရနိုင်သော ပညာရှင်များ ရွတ်ဆိုလိုက်သည်နှင့်အမျှ၊ လန်ကျားတိုက် တစ်ခုလုံး၏ ဖြောင့်မတ်မှန်ကန်သော စိတ်ဝိညာဉ်မှာ ပို၍ပို၍ အားကောင်းလာခဲ့လေသည်။ လန်ကျားတိုက် တစ်ခုလုံးသည် အဖြူရောင် အလင်းတန်းများဖြင့် ပြည့်နှက်သွားတော့၏။ မင်ယဲ့၏ မီးခိုးဖြူရောင် နယ်မြေနှင့် ထိတွေ့လိုက်သောအခါ၊ ထိုအဖြူရောင် အလင်းတန်းက မီးခိုးဖြူရောင် နယ်မြေကို ချက်ချင်း လွင့်စင်သွားစေပြီး နောက်ဆုတ်သွားစေခဲ့လေသည်။

"ပြည်သူများကို နယ်မြေ နယ်နိမိတ်များဖြင့် အုပ်ချုပ်၍မရနိုင်သကဲ့သို့၊ တိုင်းပြည်ကိုလည်း တောင်တန်းများနှင့် မြစ်ချောင်းများ၏ အန္တရာယ်များဖြင့် လုံခြုံအောင် မစွမ်းဆောင်နိုင်ပါချေ"

သူတော်စင်သခင်သည် နောက်တစ်ကြိမ် ဦးဆောင် ရွတ်ဆိုလိုက်ပြန်လေသည်။

ရေတွက်မရနိုင်သော ပညာရှင်များက ဤစာကြောင်းကို ရွတ်ဆိုလိုက်သည့်အခါတွင်၊ ဖြောင့်မတ်မှန်ကန်သော စွမ်းအင်များဖြင့် ဖွဲ့စည်းထားသည့် နှိုင်းယှဉ်၍မရနိုင်လောက်အောင် ကြီးမားကျယ်ပြန့်လှသော နယ်မြေတစ်ခုသည် လန်ကျားတိုက်ကို ဖုံးလွှမ်းသွားခဲ့ပြီး၊ အမှောင်ည၏ သေခြင်းတရား နယ်မြေကို လုံးဝ မောင်းထုတ်ပစ်လိုက်လေသည်။

မင်ယဲ့သည် သူတော်စင်သခင်အား စူးစိုက်ကြည့်လိုက်လေသည်။ ပြီးခဲ့သည့်တစ်ခေါက်က အလွန်တရာ အားနည်းခဲ့သော ဤအဖိုးကြီးမှာ ယခုတစ်ကြိမ်တွင် သူ စိတ်ကူးထားသည်ထက် ပို၍ အစွမ်းထက်နေလိမ့်မည် သူ မမျှော်လင့်ထားခဲ့ချေ။ ပို၍ အရေးကြီးသည်မှာ၊ ဤအရာက သဘာဝတရား၏ ဥပဒေသများကိုပင် အသုံးပြုမထားခြင်းပင် ဖြစ်လေသည်။ ၎င်းမှာ မိစ္ဆာမျိုးနွယ်စု၏ စွမ်းအားလည်း မဟုတ်သကဲ့သို့၊ သားရဲမျိုးနွယ်စု၏ စွမ်းအားလည်း မဟုတ်ပါချေ...

အတွေးတစ်ခုက သူ့အား ရိုက်ခတ်သွား၏။ ဤသည်မှာ မသိရှိရသေးသော အခြား မဟာတာအိုတစ်ခုများ ဖြစ်နေနိုင်သလော။

သူသည် ထူးခြားပြီး ကွဲပြားသော လမ်းစဉ်တစ်ခုကို လျှောက်လှမ်းခဲ့သူ တစ်ဦးနှင့် ဆုံတွေ့ခဲ့ခြင်း ဖြစ်ပေသည်။

မင်ယဲ့သည် သေခြင်းတရား နယ်မြေကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး၊ ဦးခေါင်းခွံရာဇပလ္လင်ပေါ်တွင် ထိုင်ကာ သူတော်စင်သခင်အား ငုံ့ကြည့်လျက် ဖြည်းညှင်းစွာ ပြောလိုက်လေသည်။

"မင်းရဲ့ မဟာတာအိုက တကယ်ကို အနည်းငယ် ထူးခြားပါတယ်။ ဒါပေမဲ့ ငါပြောခဲ့သလိုပဲ၊ လူဝင်စားခြင်းအာဏာကို မဖြစ်မနေ ပြန်လည် တည်ဆောက်ရမယ်။ စောင့်နေလိုက်... ငါ ပြန်လာခဲ့မယ်"

တိုက်တစ်ခုလုံး၏ စွမ်းအားကို စုစည်းနိုင်ပြီး လန်ကျားတိုက်ဆီသို့ ကျူးကျော်ဝင်ရောက်ရန် မဖြစ်နိုင်တော့အောင် ဖန်တီးနိုင်သည့် လမ်းစဉ်သစ်တစ်ခုကို သူ ရှာဖွေတွေ့ရှိခဲ့လေသည်။ ဤကိစ္စကို ဘုရင်ကြီးထံသို့ ချက်ချင်း သတင်းပို့ရန် လိုအပ်ပေသည်။

မင်ယဲ့သည် ယွင်မုန့်စိမ့်တော၏ ဗဟိုချက်ဆီသို့ ပြန်သွားလေတော့သည်။

သို့ရာတွင် သူတော်စင်သခင်၏ မျက်နှာအမူအရာမှာ သက်သာရာရမသွားခဲ့ဘဲ၊ ပို၍ပင် တည်ကြည်လေးနက်လာခဲ့လေသည်။ မင်ယဲ့အား တိုက်ခိုက်ရန်အတွက်၊ သူသည် သူတော်စင်လမ်းစဉ်၏ စွမ်းအားကို ထုတ်ဖော်ပြသခဲ့ရပြီး၊ မင်ယဲ့၏ သေခြင်းတရား နယ်မြေကို တွန်းလှန်ရန် သူတို့၏ ဖြောင့်မတ်မှန်ကန်သော စိတ်ဝိညာဉ်များကို အသုံးပြုကြရန် ပညာရှင်များအားလုံးကို နှိုးဆော်ခဲ့ရလေသည်။ သို့သော်လည်း ပြဿနာမှာ ဖြေရှင်းပြီးစီးမသွားခဲ့ဘဲ၊ ပို၍ပင် ရှုပ်ထွေးလာခဲ့ပေသည်။

ဤသည်မှာ လန်ကျားအထွတ်အမြတ်မြေ၏ အမွေအနှစ်များကို တကယ်ပင် စွန့်လွှတ်ရတော့မည် ဆိုလိုခြင်းလော။ လန်ကျားအထွတ်အမြတ်မြေအတွက် အရာအားလုံးကို စတေးခဲ့ကြသော ထိုဘိုးဘေးကြီးများအားလုံးသည် သေမင်းထံသို့ အပို့ခံရရန် သက်သက်သာ ဖြစ်နေခဲ့သည်လော။

ဤသည်မှာ အလွန်တရာ ရက်စက်လွန်းလှပြီး၊ သူတို့၏ ဘိုးဘေးများအပေါ်တွင် မတရားရာကျလှပေသည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါ ဘိုးဘေးကြီးများသည် သူတို့၏ နောက်ဆုံးကျန်ရှိနေသော အလင်းရောင် အမျှင်တန်းလေးကို လန်ကျားအထွတ်အမြတ်မြေအတွက် ထားရစ်ခဲ့ခြင်းဖြင့် သူတို့၏ သေလုမျောပါး နေ့ရက်များကို အသက်ဆက်နေခဲ့ကြခြင်း ဖြစ်သောကြောင့်ပင်တည်း။

အပိုင်း (၄၄၄)

ရှို့ယိဘုရားကျောင်းတွင်၊ ကျောင်းထိုင်ဆရာတော်သည် တစ္ဆေဘုံမှ တမန်တော်များ ကျူးကျော်ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် သတိပြုမိလိုက်လေသည်။

"မဟာနှင်းတောင်တန်းက အကြီးအကဲကို အသိပေးပြီး အကူအညီတောင်းလိုက်ကြ" ကျောင်းထိုင်ဆရာတော်က ချက်ချင်း အမိန့်ပေးလိုက်၏။

ထို့နောက် သူသည် အမတသတ်ဖြတ်ဓားကို ဆွဲထုတ်လိုက်ရာ၊ ဓားအလင်းတန်းတစ်ခုသည် ရှို့ယိဘုရားကျောင်း၏ တောင်ဘက်သို့ တန်ထိုး ပျံသန်းသွားတော့၏။

"ချွင်"

အမတသတ်ဖြတ်ဓားသည် အနက်ရောင် သံချိတ်တစ်ခုနှင့် ရိုက်ခတ်သွားပြီး ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာလေသည်။

ရှို့ယိဘုရားကျောင်းသို့ ကျူးကျော်ဝင်ရောက်လာသော တစ္ဆေတမန်တော် နှစ်ဦးရှိလေသည်။ ထိုအထဲမှ တစ်ဦးမှာ ဖုတ်ကောင်နှင့်တူပြီး သံချိတ်ကို ကိုင်ဆောင်ထားကာ၊ ကျောင်းထိုင်ဆရာတော်နှင့် ထိပ်တိုက်ရင်ဆိုင်နေသော တစ္ဆေတမန်တော်ပင် ဖြစ်၏။ အခြားတစ်ဦးမှာမူ ရွှံ့ဖြင့် ပြုလုပ်ထားပုံရပြီး ၎င်း၏ ခန္ဓာကိုယ်မှာ အဆက်မပြတ် တွန့်လိမ်လှုပ်ရှားနေလေသည်။

"သူက မင်းအပိုင်ပဲ။ ငါက ဟိုတစ်ယောက်ကို သွားရိတ်သိမ်းလိုက်ဦးမယ်"

ရွှံ့တစ္ဆေတမန်တော်သည် ဖုတ်ကောင်တစ္ဆေတမန်တော်အား နှုတ်ဆက်လိုက်ပြီး ရှို့ယိဘုရားကျောင်းရှိရာဆီသို့ ဆက်လက် ထွက်ခွာသွားလေသည်။ ကျောင်းထိုင်ဆရာတော်မှာ ပြာယာခတ်သွားပြီး သူ့အား ကြားဖြတ်တားဆီးရန် ကမန်းကတန်း ဓားကို ဆွဲထုတ်လိုက်၏။

ဖုတ်ကောင်တစ္ဆေတမန်တော်က ရယ်မောလိုက်လေသည်။

"မင်းက တစ်ယောက်တည်းနဲ့ နှစ်ယောက်ကို ရင်ဆိုင်ချင်နေတာလား"

သံချိတ်သည် ကျောင်းထိုင်ဆရာတော်ထံသို့ ရမ်းခတ်လာ၏။ ထိုသံချိတ်တွင် မည်သည့် တရားဥပဒေစွမ်းအား လှုပ်ခတ်မှုမျှ မရှိပုံရသော်လည်း၊ ကျောင်းထိုင်ဆရာတော်သည် သူ၏ ဝိညာဉ် အချိတ်ခံလိုက်ရတော့မတတ် ခံစားလိုက်ရလေသည်။

ကျောင်းထိုင်ဆရာတော်မှာ အလွန်အမင်း ထိတ်လန့်သွားခဲ့ပြီး ရွှံ့တစ္ဆေတမန်တော်ကို ဂရုမစိုက်နိုင်တော့ချေ။ သူသည် သူ၏ ဓားနယ်မြေကို လျင်မြန်စွာ ဖြန့်ကြက်လိုက်၏။ ဓားနယ်မြေ ဖြန့်ကြက်ပြီးမှသာလျှင် သံချိတ်ပေါ်ရှိ မီးခိုးရောင်မျဉ်းကြောင်းများသည် သူ၏ ခန္ဓာကိုယ်နှင့် ချိတ်ဆက်မိနေပြီဖြစ်ကြောင်း သူ သတိပြုမိလိုက်တော့သည်။

"ဖြတ်စမ်း"

ကျောင်းထိုင်ဆရာတော်သည် ဓားကိုဝှေ့ယမ်းကာ ၎င်း၏စွမ်းအင်များကို ထိန်းချုပ်၍ မီးခိုးရောင်မျဉ်းများကို ခုတ်ပိုင်းလိုက်လေသည်။ ထိုမီးခိုးရောင်မျဉ်းများသည် တစ်ခုပြီးတစ်ခု ပြတ်တောက်သွားကာ နောက်ဆုံးတွင် အားလုံး ပျက်စီးသွားတော့၏။ ဤမျဉ်းကြောင်းများ လုံးဝ ပျက်စီးသွားပြီးနောက်မှသာ ကျောင်းထိုင်ဆရာတော်သည် သူ၏ ဝိညာဉ် ပြန်လည် တည်ငြိမ်အေးချမ်းသွားကြောင်း ခံစားလိုက်ရလေသည်။

"စိတ်ဝင်စားစရာပဲ"

ဖုတ်ကောင်တစ္ဆေတမန်တော်သည် ၎င်း၏ ထက်မြက်လှသော သံချိတ်ကို ဝှေ့ယမ်းကာ ကျောင်းထိုင်ဆရာတော်၏ ခန္ဓာကိုယ်ကို အဆက်မပြတ် ရိုက်ခတ်နေလေသည်။ တစ်ချိန်တည်းမှာပင်၊ သံချိတ်ထံမှ မီးခိုးရောင် အဆောင်စာလုံးများ ထွက်ပေါ်လာပြီး ကျောင်းထိုင်ဆရာတော်ထံသို့ ပျံသန်းလာကြ၏။

ကျောင်းထိုင်ဆရာတော်သည် အမတသတ်ဖြတ်ဓားကို ကိုင်ဆောင်ကာ သံချိတ်များကို ကာကွယ်ဟန့်တားရင်း၊ တစ္ဆေတမန်တော်၏ ခန္ဓာကိုယ်ကို တစ်ပြိုင်နက် ခုတ်ပိုင်းနေခဲ့လေသည်။ ထိုအချိန်မှာပင် သူ၏ ဓားပညာရပ်သည် ရေတွက်မရနိုင်သော ဓားအလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး ထိုမီးခိုးရောင် အဆောင်စာလုံးများကို အဆက်မပြတ် ဖြတ်တောက်နေခဲ့၏။

ထိုအချိန်တွင် ရွှံ့တစ္ဆေတမန်တော်မှာ ရှို့ယိဘုရားကျောင်းသို့ ရောက်ရှိလုနီးပါး ဖြစ်နေစဉ်၊ မဟာနှင်းတောင်တန်းမှ အကြီးအကဲသည် နောက်ဆုံးတွင် ရောက်ရှိလာခဲ့လေသည်။

ရွှံ့တစ္ဆေတမန်တော်နှင့် ရှို့ယိဘုရားကျောင်းအကြားတွင် ရေခဲမြစ်ကြီးတစ်ခု သွယ်တန်းသွား၏။ မဟာနှင်းတောင်တန်း အကြီးအကဲ၏ ရေခဲတရားဥပဒေများသည် လန်ချင်းဖုန်း၏ ဥပဒေသများထက် အဆပေါင်း ဘီလီယံနှင့်ချီ၍ ပိုမို အစွမ်းထက်လှပေသည်။ ကောင်းကင်နှင့်မြေပြင်၏ တရားဥပဒေ စွမ်းအားများ အားလုံးသည် ရေခဲမြစ်အတွင်း၌ အေးခဲသွားကြလေတော့သည်။

ရွှံ့တစ္ဆေတမန်တော်သည် မျက်မှောင်ကြုတ်လိုက်ပြီး၊ ၎င်း၏ ခန္ဓာကိုယ်မှာ မြေအောက်သို့ ရုတ်တရက် ပျောက်ကွယ်သွားကာ မြေပြင်တစ်ခုလုံးကို ကျယ်ဝန်းလှသော ရွှံ့နွံပြင်ကြီးအဖြစ်သို့ ပြောင်းလဲပစ်လိုက်လေသည်။ သို့သော်လည်း ဤမြေပြင်ကြီးမှာ သေခြင်းတရား၏ အငွေ့အသက်များဖြင့် ပြည့်နှက်နေပေသည်။

ထို့နောက် သက်ဝင်လှုပ်ရှားမှုကင်းမဲ့သော ရွှံ့နွံပြင်ကြီးသည် ရေခဲမြစ်ကြီးနှင့် ထိပ်တိုက် ရင်ဆိုင်မိသွားတော့၏။ ရှို့ယိဘုရားကျောင်းရှိ အခြေအနေမှာ ယာယီအားဖြင့် အခြေအနေ တင်းမာလျက် ရပ်တန့်သွားခဲ့လေသည်။

ယွင်ရှောင်နန်းတော်ဘက်တွင်လည်း၊ သူတို့သည် တစ္ဆေဘုံတမန်တော် နှစ်ဦး၏ တိုက်ခိုက်မှုများကို ရင်ဆိုင်နေကြရလေသည်။ ယွင်ရှောင်နန်းတော်အရှင်သခင်သည် တစ္ဆေဘုံတမန်တော် တစ်ဦးအား ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်ဖြေရှင်းနေစဉ်၊ ပင်လယ်ကောင်းကင်မျှော်စင် အရှင်သခင်က ကူညီပေးလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် ပင်လယ်ကောင်းကင်မျှော်စင်ထံမှ အကူအညီကိုလည်း တောင်းခံခဲ့လေသည်။

တစ္ဆေဘုံတမန်တော်၏ အခြေအနေနှင့် ရင်ဆိုင်ရချိန်တွင်၊ ပင်လယ်ကောင်းကင်မျှော်စင် အရှင်သခင်သည် ကူညီပေးရန် ရှေ့သို့ ထွက်လာခဲ့ဆဲပင် ဖြစ်၏။ တစ္ဆေဘုံတမန်တော်မှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှသဖြင့် သူ မကူညီဘဲ မနေနိုင်ခဲ့ချေ။ အကယ်၍ တစ္ဆေဘုံတမန်တော်ကသာ ယွင်ရှောင်နန်းတော်ကို ဖျက်ဆီးပစ်လိုက်မည်ဆိုလျှင်၊ နောက်ထပ် အလှည့်ကျမည့်သူမှာ ပင်လယ်ကောင်းကင်မျှော်စင်ပင် ဖြစ်ပေလိမ့်မည်။

အခြားတစ်ဖက်တွင်လည်း၊ လန်ကျားအထွတ်အမြတ်မြေသည် တစ္ဆေဘုံတမန်တော်များ၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရဆဲပင်။ သူက ယွင်ရှောင်နန်းတော်ကို ကူညီပေးခြင်းမှာ လန်ကျားအထွတ်အမြတ်မြေအပေါ် ကျရောက်နေသော ဖိအားများကို လျော့ကျသွားစေရန်အတွက် ဖြစ်လေသည်။

လောကကြီး၏ နေရာအနှံ့အပြားတွင် စစ်ပွဲကြီးများ ပေါက်ကွဲထွက်ပေါ်နေခဲ့ချေပြီ။

ငြိမ်းချမ်းနေပုံရသော တစ်ခုတည်းသော နေရာများမှာ ကောင်းကင်နှလုံးသားကျွန်းနှင့် အဇူရာတိမ်ဂိုဏ်းတို့သာ ဖြစ်ကြပေသည်။ သို့သော်လည်း ကောင်းကင်နှလုံးသားကျွန်းမှာ ကျူးကျော်ဝင်ရောက်ခြင်း ခံထားရပြီးဖြစ်ကာ ၎င်း၏ မှော်ရတနာများထဲမှ တစ်ခုကို ယာယီအားဖြင့် ဆုံးရှုံးထားခဲ့ရလေသည်။ ဆန့်ကျင်ဘက်အားဖြင့်၊ အဇူရာတိမ်ဂိုဏ်းမှာမူ ပွဲကြည့်ပရိသတ်သက်သက်သာ ဖြစ်လာခဲ့လေတော့သည်။

အဇူရာတိမ်ဂိုဏ်းတွင်၊ လင်းယွင်ကျိသည် ၀မ်လင်းဂိုဏ်းရှိရာ အရပ်ဆီသို့ တည်ကြည်လေးနက်စွာ ကြည့်ရင်း မေးလိုက်လေသည်။

"ဂိုဏ်းတူအစ်ကိုကြီး... အကယ်၍ ၀မ်လင်းဂိုဏ်းသာ တစ္ဆေဘုံတမန်တော်တွေရဲ့ ဖျက်ဆီးမှုကို ခံလိုက်ရရင်၊ ငါတို့ အဇူရာတိမ်ဂိုဏ်းလည်း အန္တရာယ်ကျရောက်နိုင်တယ် မတ်လား"

သူသည် တစ္ဆေတမန်တော်များ၏ လျှို့ဝှက်ချက်များကို မသိရှိထားပါချေ။

ချင်းယွင်ကျိသည် သူ့ဘာသာ ခါးသက်သက်သာ ပြုံးလိုက်မိ၏။ ကျန်းယန်နှင့် အခြားသူများ ဖွင့်လှစ်ခဲ့သော ငရဲတံခါးပေါက်ကြီး အမြန်ဆုံး ပြန်ပိတ်သွားစေရန်သာ သူ မျှော်လင့်မိလေသည်။ သို့မတ်ဘဲ တစ္ဆေတမန်တော်များကိုသာ သောင်းကျန်းခွင့် ပြုထားလိုက်မည်ဆိုလျှင်... ဤတစ္ဆေတမန်တော်များသည် သေသင့်သေထိုက်သူများကိုသာ တကယ် သတ်၊ မသတ် ဆိုသည်ကို မည်သူက သိနိုင်ပါမည်နည်း။

တစ္ဆေဘုံတမန်တော် တစ်ဦး၏ ဖိနှိပ်မှုအောက်တွင်၊ ၀မ်လင်းဂိုဏ်းမှ ကျိုးကျွင်းချန်မှာ မိမိကိုယ်ကိုယ် ကာကွယ်နိုင်ရုံမျှသာ တတ်နိုင်ခဲ့လေသည်။ ထို့အပြင်၊ ဤတစ္ဆေတမန်တော်များ၏ သေခြင်းတရား စွမ်းအားသည် မဟာတာအိုများကို ပျက်စီးသွားစေနိုင်စွမ်း ရှိပေသည်။

ကျိုးကျွင်းချန်သည် သူ၏ မဟာတာအိုမှာ ဆုတ်ယုတ်ကျဆင်းခြင်းဆီသို့ ဦးတည်နေကြောင်း ခံစားလိုက်ရသဖြင့်၊ သူ၏ စိတ်နှလုံးထဲတွင် အဆုံးအစမရှိသော အကြောက်တရားတို့ဖြင့် ပြည့်နှက်သွားတော့၏။ သူသည် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တွင် ရှိနေပြီး မဟာတာအိုတစ်ခုကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

အကယ်၍ သူ၏ မဟာတာအိုသာ လုံးဝ သေဆုံးသွားခဲ့ပါက၊ သူ တိုက်ရိုက် သေဆုံးသွားမည်လော။ သို့မတ် နတ်ဝိညာဉ်အဆင့်မှနေ၍ ပြန်လည် စတင်ကျင့်ကြံရမည်လော။ သူ မသိပါချေ၊ ဤကဲ့သို့သော အခြေအနေမျိုးကို သူ တစ်ခါမှ မကြုံဖူးခဲ့ပေ။ ထို့ကြောင့် တစ္ဆေဘုံ၏ တမန်တော်များနှင့် တိုက်ခိုက်လေလေ သူ ပို၍ အားနည်းလာလေလေဖြစ်ပြီး၊ သူ၏ စိုးရိမ်ကြောက်ရွံ့မှုများမှာလည်း ပို၍ ပို၍ ကြီးမားလာခဲ့လေတော့သည်။

ကျိုးရွှမ်ရှန်းမှာ အလွန်အမင်း ဒေါသထွက်နေခဲ့လေသည်။ သူသည် သူ၏ရှေ့ရှိ တစ္ဆေတမန်တော်အား တိုက်ခိုက်ရန် ကောင်းကင်နှင့်မြေပြင်၏ တရားဥပဒေများကို အဆက်မပြတ် အသုံးပြုနေခဲ့သော်လည်း၊ ထိုတစ္ဆေတမန်တော်၏ ရှေ့တွင် သူ ဘာမျှ မတတ်နိုင်ခဲ့ချေ။

ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့်၊ သူသည် တစ္ဆေဘုံတမန်တော်နှင့် အမှန်တကယ် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိသော်ငြားလည်း၊ ၎င်းအား သတ်ဖြတ်ရန်မူ မစွမ်းဆောင်နိုင်ခဲ့ပေ။ ဤအခြေအနေအောက်တွင် စစ်ပွဲသာ ဆက်လက် ဖြစ်ပွားနေမည်ဆိုပါက၊ ၀မ်လင်းဂိုဏ်းမှာ သေချာပေါက် ပျက်စီးရတော့မည် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကျိုးကျွင်းချန် အန္တရာယ် ကျရောက်နေပြီဖြစ်ကြောင်းကို သူ သဘောပေါက်လိုက်သောကြောင့်ပင်တည်း။

ထိုနေရာတွင် ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်ရှိ ဘိုးဘေးကြီးတစ်ဦးလည်း ရှိနေသေးပြီး သူလည်း သေချာပေါက် ကပ်ဘေးဆိုက်နေလေပြီ။ ဤဘိုးဘေးကြီးများသည် သူတို့၏ သက်တမ်းကုန်ဆုံးနေခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ သူတို့ ထွက်ပေါ် လာသည့်အခါတွင်၊ သူတို့ဘဝ၏ နောက်ဆုံးကျန်ရှိနေသော အလင်းရောင် အမျှင်တန်းလေးကို ထုတ်ဖော်နိုင်သည် ဆိုသော်ငြားလည်း၊ သူတို့မှာ သေဆုံးရန် ကံကြမ္မာ သတ်မှတ်ခံထားရပြီး ဖြစ်လေသည်။

၀မ်လင်းဂိုဏ်းသည် နေ့ရက်တစ်ရက်တည်းအတွင်းမှာပင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦးကို ဆုံးရှုံးရတော့မည်လော။ သို့သော်လည်း ကျိုးရွှမ်ရှန်းမှာ ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေရုံမှတစ်ပါး အခြား ဘာမျှ မတတ်နိုင်ခဲ့ချေ။

နေ့ဝက်တာကာလမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့လေပြီ။

"ငါတို့ သွားရတော့မယ်"

တစ္ဆေတမန်တော် သုံးဦးသည် တစ်ဦးပြီးတစ်ဦး သတင်းစကား ပေးပို့လိုက်ကြ၏။

"ဒါက စနစ်တကျ ဖွင့်လှစ်ထားတဲ့ တစ္ဆေတံခါးပေါက် မဟုတ်ဘူး။ ဘုရင်ကြီးအနေနဲ့ နေ့ဝက်လောက်ပဲ ထိန်းထားနိုင်မှာ။ ဒီထက်ပိုပြီး နောက်ကျသွားရင်၊ ငါတို့ တခြားနေရာကနေ ပြန်ရလိမ့်မယ်။ အဲဒီအချိန်ကျရင် ငါတို့အားလုံး ဒုက္ခကြီးကြီးမားမား ရောက်ကြလိမ့်မယ်"

မြင်းစီးသူရဲ တစ္ဆေတမန်တော်က တည်ငြိမ်စွာ ပြောလိုက်လေသည်။

"ငါ့ရှေ့က တစ်ယောက်ကို ငါ မသတ်နိုင်ခဲ့ဘူး ဆိုပေမဲ့လည်း၊ သူကတော့ သေချာပေါက် ကပ်ဆိုက်နေပါပြီ။ အနည်းဆုံးတော့ ငါတို့တွေ လူဝင်စားခြင်းအာဏာကို ထိန်းသိမ်းနိုင်ခဲ့တယ်။ အဲဒီအတွက် ဂုဏ်ပြုခံရမယ့် အခွင့်အရေးကတော့ ဘယ်မှ မပြေးပါဘူး"

သေသင့်သေထိုက်နေသော ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်ရှိ အစွမ်းထက် ကျင့်ကြံသူတစ်ဦးမှာ မသေဆုံးခဲ့ချေ။ ဤအချက်က တာအိုပေါင်းစည်းခြင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦးထက် လူဝင်စားခြင်းအာဏာအပေါ် များစွာ ပို၍ အန္တရာယ်ကြီးမားစေပေသည်။ ထို့ကြောင့် သူတို့သည် တာဝန်၏ တစ်စိတ်တစ်ပိုင်းကို အမှန်တကယ် ပြီးမြောက်ခဲ့ခြင်း ဖြစ်လေသည်။

"ဒါဆိုရင်လည်း ဆုတ်ခွာကြစို့"

တစ္ဆေတမန်တော် သုံးဦးသည် ချက်ချင်းပင် နောက်ဆုတ်သွားကြပြီး မီရှန်ဂိုဏ်းရှိရာ အရပ်ဘက်ရှိ တစ္ဆေတံခါးပေါက်ဆီသို့ ပြန်လည် ဆုတ်ခွာသွားကြလေတော့သည်။

ကျိုးရွှမ်ရှန်းသည် ဆုတ်ခွာသွားသော တစ္ဆေဘုံတမန်တော် သုံးဦးအား ဒေါသနှင့် စိတ်ပျက်လက်ပျက်ဖြစ်မှုတို့ဖြင့် ကြည့်နေခဲ့လေသည်။ သူသည် သူတို့ကို မတားဆီးနိုင်ခဲ့သကဲ့သို့၊ မတားဆီးသင့်ပါချေ။ အဘယ်ကြောင့်ဆိုသော် ကျိုးကျွင်းချန်သာ ထိုနေရာတွင် ထပ်မံနေနေမည်ဆိုပါက သေဆုံးသွားမည် ဖြစ်သောကြောင့်ပင်တည်း။

ကျိုးရွှမ်ရှန်းသည် ကျိုးကျွင်းချန်ထံသို့ ချဉ်းကပ်သွားပြီး၊ မဟာတာအို အများစုမှာ သေဆုံး နေပြီဖြစ်သော ကျိုးကျွင်းချန်အား ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ကြည့်ကာ ပြောလိုက်လေသည်။

"မင်းရဲ့ မီးတောက်မဟာတာအိုကို အမြန်ဆုံး ပြန်လည်ကုစားနိုင်ဖို့ ရတနာတိုက်ထဲမှာရှိတဲ့ မီးဓာတ် သဘာဝရတနာတွေထဲက ကြိုက်တာကို ယူသုံးလို့ရတယ်"

သူ မသေဆုံးသေးသရွေ့၊ လုံလောက်သော ရှားပါးအဖိုးတန် သဘာဝပစ္စည်းများနှင့် ကျိုးကျွင်းချန်၏ မီးတောက်တာအိုအပေါ် နားလည်သဘောပေါက်မှုတို့ ပေါင်းစပ်လိုက်ပါက၊ ၎င်းကို ပြန်လည် ကုစားနိုင်ဆဲပင် ဖြစ်လေသည်။

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ကြီး"

ကျိုးကျွင်းချန်သည် ခါးသက်သက် မျက်နှာအမူအရာဖြင့် ဂိုဏ်းအတွင်းသို့ ပြန်လည် ဝင်ရောက်သွားတော့၏။ ယခုအခါ သူ တကယ်ပင် မည်သူ့ကိုမျှ မယှဉ်နိုင်တော့ချေ။

ကျိုးရွှမ်ရှန်းသည် သက်တမ်းကုန်ဆုံးနေသော ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူ၏ရှေ့တွင် ချက်ချင်း ထွက်ပေါ်လာခဲ့ပြီး ခါးသက်သက် မျက်နှာအမူအရာဖြင့် မေးလိုက်လေသည်။

"ဆရာဦးလေးဟောက်လင်း... အဲဒါကို ချိတ်ပိတ်ထားလို့ ရနိုင်သေးလား"

ဆရာဦးလေးဟောက်လင်းက ခါးသက်သက် ပြုံးလျက် ခေါင်းခါလိုက်၏။

"အခုတော့ မဖြစ်နိုင်တော့ဘူးကွ"

"တစ္ဆေဘုံက တမန်တော်ကို ရင်ဆိုင်လိုက်ရတဲ့အခါ ငါ့ရဲ့ သက်စောင့်အင်အားတွေ အားလုံး ငြိမ်းသက်သွားခဲ့ပြီ။ အခု ငါ အသက်ရှင်နေသေးတဲ့ အကြောင်းရင်းက မင်း ငါ့ကို စကားလာပြောမှာကို စောင့်နေလို့ သက်သက်ပဲ။ မူလကတော့ ဂိုဏ်းအတွက် တစ်ခုခု လုပ်ပေးချင်ခဲ့တာ၊ ဒါပေမဲ့ အခုတော့ ငါ့ဘာသာ ဘေးဒုက္ခ ဆောင်ကြဉ်းလာသလို ဖြစ်သွားပြီ။ တော်ပါပြီလေ... တော်ပါပြီ"

စကားပြောနေစဉ်မှာပင်၊ သူ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း လွင့်စင်ပျောက်ကွယ်သွားခဲ့ပြီး သူ၏ ဝိညာဉ်မှာ ကောင်းကင်နှင့်မြေပြင်အကြားသို့ အနည်းငယ်ချင်းစီ ပြန့်ကျဲလွင့်စင်သွားတော့၏။ ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးမှာ ဤကဲ့သို့ပင် သေဆုံးသွားခဲ့လေပြီ။

ကျိုးရွှမ်ရှန်းသည် သူ၏ နှလုံးသားထဲတွင် ကြီးမားလှသော နာကျင်မှုကြီးတစ်ရပ်ကို ခံစားလိုက်ရလေသည်။ ဤသည်မှာ ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ အခြေခံအုတ်မြစ်ဖြစ်ပြီး၊ ၎င်းကို တစ္ဆေဘုံ၏ တမန်တော်က ယူဆောင်သွားခဲ့ချေပြီတကား။

All Chapters