← Chapters

အခန်း (၄၄၅-၄၄၆)

Vol. 43 Ch. 445-446

အခန်း (၄၄၅-၄၄၆)

Vol. 43 Ch. 445-446

အပိုင်း (၄၄၅)

ဆုတ်ခွာသွားသော တစ္ဆေတမန်တော် နှစ်ဦးအား ကြည့်ရင်း ကွေ့ယွမ်ဘုရားကျောင်း၏ ကျောင်းထိုင်ဆရာတော်သည် သူ၏ နှလုံးသားထဲတွင် ပြင်းထန်လှသော နာကျင်မှုကြီးတစ်ရပ်ကို ခံစားလိုက်ရလေသည်။

သူတို့၏ ကွေ့ယွမ်ဘုရားကျောင်းသည်လည်း ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ အခြေခံအုတ်မြစ်ကို ဆုံးရှုံးလိုက်ရချေပြီ။

ဤဘိုးဘေးကြီးများသည် သူတို့၏ အကောင်းဆုံးသော အချိန်ကာလများကို လွန်မြောက်ခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ ချိတ်ပိတ်ထားမှု ကျိုးပေါက်သွားပြီး နောက်ဆုံးတိုက်ပွဲကြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက်၊ သူတို့မှာ သေချာပေါက် သေဆုံးကြရမည်သာ ဖြစ်ပေသည်။ ထို့အပြင်၊ သူတို့ ရင်ဆိုင်ခဲ့ရသည်မှာ တစ္ဆေဘုံမှ တမန်တော်များပင် ဖြစ်နေလေသည်။

ကွေ့ယွမ်ဘုရားကျောင်း၏ ကျောင်းထိုင်ဆရာတော်မှာ အလွန်အမင်း ဒေါသထွက်နေခဲ့၏။ ဤတစ္ဆေတမန်တော်များက အတိအကျ ဘယ်နေရာမှ ထွက်ပေါ်လာခဲ့ခြင်းနည်း။

ယွင်မုန့်စိမ့်တောမှာ အရှေ့ဘက်အစွန်အဖျားတွင် တည်ရှိပြီး၊ သူတို့၏ ကွေ့ယွမ်ဘုရားကျောင်းမှာ အနောက်ဘက်အစွန်အဖျားတွင် တည်ရှိပေသည်။ သူတို့နေရာသည် အလုံခြုံဆုံးသော နေရာတစ်ခု ဖြစ်နေသင့်သည် မတ်ပါလော။

ယခုအခါ ကွေ့ယွမ်ဘုရားကျောင်း ကြုံတွေ့ရသော ဆုံးရှုံးမှုများမှာ လန်ကျားအထွတ်အမြတ်မြေ၊ ရှို့ယိဘုရားကျောင်းနှင့် ယွင်ရှောင်နန်းတော်တို့ ကြုံတွေ့ရသည့် ဆုံးရှုံးမှုများထက် များစွာ ပိုမို ကြီးမားနေခဲ့ချေပြီ။

သူ လုံးဝ မသိရှိထားသောအရာမှာ ယွင်မုန့်စိမ့်တော၏ တစ္ဆေတံခါးပေါက်ကြီး ပွင့်သွားပြီးနောက်၊ ၎င်းကို ပြန်လည်ပိတ်ဆို့ရန်မှာ ထိုမျှ မလွယ်ကူလှကြောင်းကိုပင် ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် တည်ငြိမ်သော လမ်းကြောင်းတစ်ခု ရှိနေသောကြောင့်တည်း။

အခြေအနေများက ဤသို့ဖြစ်နေမှတော့၊ ယွင်မုန့်စိမ့်တောမှ တစ္ဆေတမန်တော်များသည် လုံးဝ အလျင်စလို ဖြစ်မနေခဲ့ကြချေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏အမြင်တွင်၊ ဤလူစုမှာ အစောနှင့်အနှောင်း သေဆုံးကြရမည်သာ ဖြစ်သောကြောင့်ပင်။ ထိုသူများမှာ ယခင်ကတည်းက သေဆုံးပြီးသား ဖြစ်နေလျှင်ပင်၊ သူတို့ လုပ်ဆောင်ရန် လိုအပ်သည့်အရာမှာ ၎င်းတို့အား ပြန်လည်ထွက်ပေါ်လာစေရန် ကမောက်ကမ အခြေအနေအချို့ကို ဖန်တီးပေးလိုက်ရုံသာဖြစ်ပြီး၊ ထိုအခါ သူတို့သည် သဘာဝကျစွာပင် သေဆုံးသွားကြလိမ့်မည် ဖြစ်၏။

ဤအခြေအနေများအောက်တွင်၊ ယွင်မုန့်စိမ့်တောမှ တစ္ဆေတမန်တော်များသည် အကြမ်းဖက်မှုများကို မသုံးစွဲဘဲ ဖြည်းညှင်းစွာနှင့် စနစ်တကျသာ ရှေ့သို့ ချီတက်ခဲ့ကြလေသည်။

သို့သော်လည်း၊ မီရှန်ဂိုဏ်းရှိ တစ္ဆေတံခါးပေါက်မှာမူ ယာယီမျှသာ ပွင့်လှစ်ခဲ့ခြင်း ဖြစ်လေသည်။ အကယ်၍ ဘုရင်ကြီး တစ်ပါးကသာ ဤငရဲတံခါးပေါက်ကို ထိန်းသိမ်းထားခြင်း မရှိခဲ့ပါက၊ ၎င်းမှာ အလွန် လျင်မြန်စွာပင် ပြန်လည် ပိတ်သွားမည် ဖြစ်၏။ ဘုရင်ကြီး ကိုယ်တိုင် ဝင်ရောက် စွက်ဖက်ပေးခဲ့လျှင်ပင်၊ ၎င်းမှာ နေ့ဝက်ခန့်သာ ခံနိုင်ရည်ရှိခဲ့လေသည်။

ဤတစ္ဆေတမန်တော်များအတွက် အချိန် နေ့ဝက်ခန့်သာ ကျန်ရှိနေတော့ချိန်တွင်၊ သူတို့သည် ၎င်းတို့၏ အစွမ်းထက်ဆုံးသော စွမ်းအားများကို ထုတ်ဖော်၍ ပြင်းထန်လှသော ထိုးစစ်ကြီးတစ်ခုကို ဘယ်လိုလုပ် မဆင်နွှဲဘဲ နေနိုင်ပါမည်နည်း။

ဤကဲ့သို့သော အခြေအနေများအောက်တွင်၊ ၀မ်လင်းဂိုဏ်းသည် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦးကို ဆုံးရှုံးရလုနီးပါး ဖြစ်ခဲ့ပြီး၊ ကွေ့ယွမ်ဘုရားကျောင်းမှာ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးကို ဆုံးရှုံးလိုက်ရလေသည်။ ထို့အပြင်၊ သူတို့အားလုံးမှာ ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်ရှိ ထိတ်လန့်ဖွယ်ရာ သက်တမ်းရင့် ဘီလူးကြီးများပင် ဖြစ်ကြပေသည်။

မြင့်မြတ်ဝိညာဉ်ဂိုဏ်းသည်လည်း ဆုံးရှုံးမှုကြီးကြီးမားမားနှင့် ကြုံတွေ့ခဲ့ရလေသည်။

၀မ်လင်းဂိုဏ်းကဲ့သို့ပင်၊ သူတို့သည် တစ္ဆေဘုံမှ တမန်တော် သုံးဦးအား ရင်ဆိုင်ခဲ့ကြရ၏။ သို့သော် ၀မ်လင်းဂိုဏ်းတွင် ထင်ထင်ရှားရှား တည်ရှိနေသော ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦးသာ ရှိပေသည်။ ထို့အပြင်၊ သူတို့ထံတွင် ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်၌ ရှိနေသော ကျိုးရွှမ်ရှန်းကဲ့သို့ ပုဂ္ဂိုလ်မျိုးလည်း မရှိပါချေ။

အခြား ရွေးချယ်စရာ နည်းလမ်းမရှိတော့သဖြင့်၊ အချိန်အကြာကြီး မေ့လျော့ခံထားရသော ဘိုးဘေးကြီးများသည် သဘာဝကျစွာပင် ရှေ့သို့ ထွက်လာခဲ့ကြရလေတော့သည်။

ထို့နောက်တွင်တော့၊ မြင့်မြတ်ဝိညာဉ်ဂိုဏ်းသည် ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးကို ဆုံးရှုံးလိုက်ရပြီး၊ ထင်ထင်ရှားရှား တည်ရှိနေသော ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦးသာ ကျန်ရစ်တော့၏။ ထို့အပြင်၊ တစ္ဆေဘုံတမန်တော်များ၏ တိုက်ခိုက်မှုအောက်တွင် သူတို့၏ မဟာတာအိုသည်လည်း ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရလေသည်။

အချုပ်အားဖြင့် ဆိုရသော်၊ မြင့်မြတ်ဝိညာဉ်ဂိုဏ်း၏ အခြေအနေမှာ အလွန်အမင်း ဆိုးရွားလှပေသည်။

"တစ္ဆေဘုံက တမန်တော်တွေ ဆုတ်ခွာသွားကြပြီ" ဂူဒူအာက ကျန်းယန်အား ကြည့်လိုက်လေသည်။ "ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တွေ သေကုန်ကြပြီဆိုတာ သေချာတယ်။ အဲဒီလူတွေက မူလကတည်းက သေရမယ့်သူတွေပဲလေ။ တစ္ဆေဘုံက တမန်တော်နဲ့သာ ဆုံတွေ့ခဲ့ရင် သူတို့ သေချာပေါက် အသက်ရှင်ကျန်ရစ်ခဲ့မှာ မဟုတ်ဘူး"

"ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူ ဘယ်နှယောက်တောင် သေသွားတာလဲ" ကျန်းယန်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်လေသည်။

သူသည် ဂိုဏ်းအတော်များများ၏ အခြေခံအုတ်မြစ်များကို အမြစ်ပြတ် ချေမှုန်းနိုင်ရန်အတွက် တစ္ဆေတံခါးပေါက်ကို စွန့်စားဖွင့်လှစ်ခဲ့ခြင်း မတ်ပါလော။

"အကြမ်းဖျင်း ခန့်မှန်းရရင်တော့... တစ်ယောက်သေတယ်" ဂူဒူအာကိုယ်တိုင်လည်း သိပ်ပြီး သေချာမှုမရှိလှပေ။ "တခြားသူတွေများ သတိပြုမိသွားသေးလားတော့ ငါ မသိဘူး"

သူသည် တိုက်ရိုက် စောင့်ကြည့်လေ့လာခဲ့ခြင်း မတ်ဘဲ၊ တိုက်ပွဲ၏ အခြေအနေကို အာရုံခံကြည့်ရုံမျှသာ ပြုလုပ်ခဲ့ခြင်း ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ပြဿနာ မရှာလိုသောကြောင့်ပင်။

ဂိုဏ်းသုံးဂိုဏ်းမှာ ပြင်းထန်လှသော ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရသည် ဆိုသော်ငြားလည်း၊ သူတို့ထံတွင် ထည့်သွင်းစဉ်းစားရမည့် အင်အားစုများ ဆက်လက် တည်ရှိနေဆဲပင် ဖြစ်၏။ အကယ်၍ ဤအရင်းအမြစ်များ အားလုံးကိုသာ စုစည်းလှုပ်ရှားလိုက်မည်ဆိုပါက၊ အဇူရာတိမ်ဂိုဏ်းမှာ ကြီးမားလှသော အကျပ်အတည်းတစ်ခုအတွင်းသို့ ကျရောက်သွားပေလိမ့်မည်။

သွေးထွက်အောင် ကြိုးပမ်းအားထုတ်၍ တည်ဆောက်ထားခဲ့ရသော အခြေအနေများ အားလုံးသည် အချိန်မရွေး ပြိုကျပျက်စီးသွားနိုင်ပေသည်။ ထို့ကြောင့်၊ သူတို့သည် ယခုအခါတွင် အလွန်တရာ ငြိမ်သက်စွာ နေထိုင်နေကြပြီး ပြဿနာကို ဘယ်သောအခါမျှ မရှာကြချေ။ ထို့အပြင်၊ တစ္ဆေတံခါးပေါက်ကို ဖွင့်လှစ်လိုက်တိုင်း ဂိုဏ်းအတော်များများကို အားနည်းသွားစေသည်ဖြစ်ရာ၊ ဤထက် ပိုမိုကောင်းမွန်သော နည်းလမ်းဟူ၍ ရှိပါသေးသလော။

ကျန်းယန်သည် ခေတ္တမျှ စဉ်းစားဆင်ခြင်လိုက်ပြီးနောက်၊ ထူးဆန်းသော လေသံဖြင့် ပြောလိုက်လေသည်။

"ငါတို့တွေ ငရဲတံခါးပေါက်ကို နောက်တစ်ခါ ထပ်ဖွင့်လိုက်ရင် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းမနေဘူးလား"

ဟွာလင်းကျိမှာ စမ်းသပ်ကြည့်ရန် အလွန်အမင်း စိတ်အားထက်သန်နေခဲ့၏။ တစ္ဆေတံခါးပေါက်ကို ဖွင့်လှစ်ခြင်းက သူတို့အတွက် ပြဿနာမဖြစ်စေသည့်အပြင် ဂိုဏ်းအတော်များများကိုပါ ဆုံးရှုံးမှုကြီးမားစေခဲ့သည်ဖြစ်ရာ၊ သူ၏ စိတ်နှလုံးထဲတွင် မည်သည့် ဝန်ထုပ်ဝန်ပိုးမျှ မရှိတော့ချေ။

ဂူဒူအာက သူ့အား ကမန်းကတန်း တားဆီးလိုက်ပြီး ပြောလေသည်။

"ထားလိုက်ပါတော့ကွာ... အခုချိန်မှာ ဂိုဏ်းသုံးဂိုဏ်းလုံးက အရမ်းကို အာရုံခံစားမှု မြန်နေကြတယ်။ ငါတို့က နောက်ထပ် တစ္ဆေတံခါးပေါက် တစ်ခုကို ထပ်ဖွင့်လိုက်ရင်၊ အဲဒါကို ငါတို့လုပ်တာမှန်း သူတို့ တွေ့သွားနိုင်တယ်။ အဲဒီအခါ ဝမ်းနည်းပူဆွေးမှုတွေ လွှမ်းမိုးသွားပြီး ငါတို့ကို အသေအကျေ တိုက်ခိုက်ကြလိမ့်မယ်"

ဂိုဏ်းသုံးဂိုဏ်းသည် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးစီ ဆုံးရှုံးသွားမှုအပေါ် ဝမ်းနည်းကြေကွဲနေကြခြင်း ဖြစ်သည်။ ဤအချိန်မျိုးတွင် သူတို့ကို သွားရောက် ဆွပေးလိုက်မည်ဆိုပါက၊ သူတို့ဘက်က အသေအလဲ ပြန်လည် မတိုက်ခိုက်ဘဲ နေမည်မတ်ပေ။

"ဒါဆိုလည်း လောလောဆယ် သူတို့ကို လွှတ်ထားလိုက်ဦးမယ်။ သူတို့ရဲ့ ဝမ်းနည်းပူဆွေးမှုတွေကို မေ့လုနီးပါး ဖြစ်သွားတဲ့အခါကျမှ တိတ်တိတ်လေး ပြန်ဖွင့်ကြတာပေါ့" ကျန်းယန်က ပြုံးလျက် ခေါင်းညိတ်လိုက်လေသည်။ "ဆရာဦးလေးငါး... ဒီတစ်ကြိမ် ဦးလေးက အကျိုးဆောင်မှုကြီးတစ်ခုကို ပြုလုပ်ပေးနိုင်ခဲ့တယ်။ ဒီအကြောင်းကို သိတဲ့သူ သိပ်မများဘူး ဆိုပေမဲ့လည်း၊ ကျွန်တော် ဦးလေးကို အထူးဂုဏ်ပြုမှတ်တမ်းတစ်ခု ပေးပါ့မယ်"

ဟွာလင်းကျိက ရယ်မောလိုက်ပြီး "နောက်တစ်ချိန်ကျရင် ဒုတိယ အဆောင်လက်ဖွဲ့ကို ငါ စမ်းကြည့်ချင်သေးတယ်" ပြောလိုက်၏။

ပထမ တစ္ဆေအဆောင်လက်ဖွဲ့ကပင် ဤမျှအထိ အစွမ်းထက်နေခဲ့လျှင်၊ ဒုတိယ တစ္ဆေအဆောင်လက်ဖွဲ့ကကော မည်သို့သော ပုံစံမျိုး ဖြစ်နေပါမည်နည်း။

ဘေးနားတွင် ရပ်နေသော ဂူဒူအာသည် ကျန်းယန်အား အဓိပ္ပာယ်ပါသော အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်လေသည်။ ဤကောင်လေးသည် ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ခန်းမဆီမှ အတိအကျ ဘယ်လောက်တောင် ရရှိခဲ့ခြင်းနည်း။

တစ္ဆေအဆောင်လက်ဖွဲ့ တစ်ခုတည်းကပင် ငရဲတံခါးပေါက်များကို ဖွင့်လှစ်နိုင်စွမ်းရှိနေခြင်းက လုံလောက်အောင် ကြောက်မက်ဖွယ် ကောင်းနေခဲ့လေပြီ။ ဒုတိယ တစ်ခုကတော့...

ထိုအဖွဲ့ စကားပြောဆိုနေကြဆဲမှာပင်၊ မီရှန်ဂိုဏ်းရှိရာ အရပ်ဘက်ရှိ တစ္ဆေတံခါးပေါက်ကြီးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး နောက်ဆုံးတွင် လုံးဝ ပိတ်သွားခဲ့ရာ၊ ၎င်းမှာ တစ်ခါမှ မတည်ရှိခဲ့ဖူးသည့်အလားပင် ဖြစ်လေသည်။

ငရဲတံခါးပေါက်ကြီး လုံးဝ ပိတ်သွားသည်နှင့်တစ်ပြိုင်နက်၊ အဝါပုပ်ရောင် မြူခိုးတိမ်တိုက်တစ်ခုသည် ဘယ်ဆီမှန်းမသိ ထွက်ပေါ်လာခဲ့ပြီး ကျန်းယန်ထံသို့ ကျဆင်းလာတော့၏။

ကျန်းယန်မှာ လုံးဝကို မှင်တက်အံ့သြသွားလေတော့သည်။

ဤအရာက ဘာပါနည်း။

ဂူဒူအာက "မြန်မြန်... အဲဒါကို သိမ်းလိုက်။ မင်းရဲ့ အမွှေးတိုင်အိုးကိုသုံးပြီး သိမ်းလိုက်စမ်း" အော်ဟစ်လိုက်လေသည်။

ကျန်းယန်မှာ အလွန်တရာ တုန်လှုပ်သွားတော့၏။ ဤအရာက သူ၏ ခံစားချက်များကို ဘယ်သောအခါမျှ ထုတ်ဖော်လေ့မရှိသော မိစ္ဆာကြီးတစ်ပါးကိုပင် အမှန်တကယ် ထိတ်လန့်သွားစေခဲ့လေသည်။

သူသည် အမတသန့်စင်အ‌မွှေးတိုင်အိုးကို ချက်ချင်း ထုတ်ယူလိုက်ပြီး မြူခိုးများကို ၎င်းအတွင်းသို့ သိမ်းဆည်းလိုက်လေသည်။ ထို့နောက် ဂူဒူအာအား ကြည့်ကာ "ဒါက ဘာကြီးလဲ" မေးလိုက်၏။

"မင်းက ကြီးမားတဲ့ အကျိုးဆောင်မှုကြီးတစ်ခုကို လုပ်ခဲ့တာပဲ" ဂူဒူအာသည် ကျန်းယန်အား စိတ်ပျက်လက်ပျက်ဖြစ်မှု၊ ဆွံ့အမှုနှင့် မနာလိုဖြစ်မှုတို့ ရောယှက်နေသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။ "ဒါက ကောင်းကင်နဲ့မြေပြင်ရဲ့ နက်နဲတဲ့ လျှို့ဝှက်ချက်တွေ ပါဝင်နေတဲ့ ကောင်းမှုကုသိုလ်ပဲ။ ကောင်းကင်နဲ့မြေပြင်အတွက် အကျိုးပြုခဲ့တဲ့ သူတွေသာ ဒီဆုလာဘ်ကို ရရှိနိုင်တာဖြစ်တယ်"

၎င်း၏ အရောင်အသွေးကို ကြည့်ရခြင်းအားဖြင့်၊ ဤသည်မှာ တစ္ဆေဘုံမှ ပေးအပ်သော ဆုလာဘ်တစ်ခု ဖြစ်ရမည်။ အခြားတစ်နည်းအားဖြင့် ဆိုရသော်၊ မင်းက ငရဲတံခါးပေါက်ကို အချိန်ကိုက် ဖွင့်လှစ်လိုက်ခြင်းပင် ဖြစ်ပေသည်။

ကျန်းယန်၏ မျက်လုံးများ ချက်ချင်းပင် တောက်ပသွားလေတော့၏။

သူတို့သည် ငရဲတံခါးပေါက်များကို ဖွင့်လှစ်ခဲ့ပြီး တစ္ဆေဘုံ၏ လူဝင်စားခြင်းအာဏာကို ထိန်းသိမ်းပေးခဲ့သောကြောင့်၊ တစ္ဆေဘုံက သူတို့ကို ဆုချီးမြှင့်ခဲ့ခြင်း ဖြစ်လေသည်။

"ဆရာဦးလေးငါး... သွားကြစို့၊ နောက်တစ်ခါ ထပ်စမ်းကြည့်ရအောင်" ကျန်းယန်က ကမန်းကတန်း ပြောလိုက်လေသည်။

ရန်သူများကို ဖယ်ရှားရှင်းလင်းခြင်းအတွက် ဆုလာဘ်များ ရှိနေသည်ဖြစ်ရာ၊ ဤမျှ ကောင်းမွန်သော အခွင့်အရေးမျိုးကို မည်သူက လက်လွတ်ခံနိုင်ပါမည်နည်း။

"တော်တော့... ဆက်မဖွင့်နဲ့တော့" ဂူဒူအာက ခါးသက်သက် ပြုံးလျက် ပြောလိုက်လေသည်။ "ကောင်းမှုကုသိုလ်တွေ အားလုံးက မင်းဆီကို ရောက်လာခဲ့ပြီ။ မင်းရဲ့ စွမ်းဆောင်ရည်တွေကို အသိအမှတ်ပြု ခံလိုက်ရပြီ ဆိုပေမဲ့လည်း၊ နောက်တစ်ခါ ထပ်မဖွင့်မိအောင် သတိထား။ မဟုတ်ရင် အဲဒီ တစ္ဆေတမန်တော်တွေရဲ့ သတ်ဖြတ်တာကို မင်း ခံရလိမ့်မယ်"

ထိုတစ္ဆေတမန်တော်များသည် အချိန်အကြာကြီး အလွန်အမင်း ကြိုးပမ်းအားထုတ်ခဲ့ကြရပြီးမှ၊ တံခါးဖွင့်ပေးလိုက်သော သူက ဆုလာဘ်ကို ရရှိသွားခဲ့သည်... ထိုအခါကျမှ တစ္ဆေတမန်တော်တွေ ရူးမသွားဘူးဆိုရင်တော့ တကယ့်ကို ထူးဆန်းနေလိမ့်မည်။

ဟွာလင်းကျိက ထူးဆန်းသော လေသံဖြင့် "ဒါဆို ငါ့ရဲ့ ဆုလာဘ်ကကော ဘယ်မှာလဲ။ ငရဲတံခါးပေါက်ကို ဖွင့်ခဲ့တာက ငါလေ" မေးလိုက်၏။

သူက ဘာဖြစ်လို့ မရရှိခဲ့ပါသနည်း။

ဂူဒူအာကိုယ်တိုင်လည်း နားမလည်နိုင် ဖြစ်နေရ၏။ ဤကိစ္စကို ဟွာလင်းကျိက ထင်ထင်ရှားရှား လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါလျက်နှင့်၊ ဟွာလင်းကျိက အဘယ်ကြောင့် ဆုလာဘ် မရရှိခဲ့ပါသနည်း။

ကျန်းယန်သည် တည်ငြိမ်အေးဆေးစွာပင် ရှိနေခဲ့ပြီး၊ အမတသန့်စင်အ‌မွှေးတိုင်အိုးကို သူ၏ ခရမ်းနန်းတော်အတွင်းသို့ သိမ်းဆည်းထားလိုက်လေပြီ။ သူက ဆုလာဘ်ရရှိပြီး ဟွာလင်းကျိ မရရှိခဲ့ခြင်း၏ အကြောင်းရင်းမှာ တစ္ဆေဘုံ အမှတ်အသားနှင့် သက်ဆိုင်နေလိမ့်မည် သူ ခံစားမိလေသည်။

ထိုအခိုက်အတန့်တွင် တစ္ဆေဘုံအတွင်းရှိ တစ္ဆေတမန်တော် တစ်စုမှာ လုံးဝကို မှင်တက် ဇဝေဇဝါ ဖြစ်နေကြကြောင်းကို သူ လုံးဝ မသိရှိခဲ့ချေ။

သူတို့သည် လူဝင်စားခြင်းအာဏာကို ထိန်းသိမ်းခဲ့ကြပြီး ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်ရှိ သက်ရှိသုံးဦးကို သတ်ဖြတ်ကာ၊ တစ္ဆေဘုံ၏ လူဝင်စားခြင်းအာဏာကို ပြီးပြည့်စုံစေခဲ့သော်ငြားလည်း၊ နောက်ဆုံးတွင် သူတို့အား ဆံခြည်မျှင်တစ်မျှင်စာလောက်ရှိသော ကောင်းမှုကုသိုလ် အနည်းငယ်ကိုသာ ပေးအပ်ခဲ့လေသည်။

ဤမျှ ကြီးမားလှသော အကျိုးဆောင်မှုကြီးများ ရှိနေပါလျက်နှင့်၊ ကောင်းမှုကုသိုလ်တွေက ဘယ်နေရာဆီ ရောက်သွားခဲ့ခြင်းနည်း။

အမှောင်ညတစ္ဆေဘုရင်မှာလည်း အလွန်အမင်း နားမလည်နိုင် ဖြစ်နေရလေသည်။ သူသည် တစ္ဆေတံခါးပေါက်ကြီးကို နေ့ဝက်ခန့် ထိန်းထားပေးခဲ့ရပြီး သူ၏ လက်အောက်ငယ်သားများမှာလည်း အလုပ်များနေခဲ့ကြပါလျက်နှင့်၊ နောက်ဆုံးတွင် သူ့အား ပဲစိမ်းစေ့ တစ်စေ့စာလောက်သာ ပေးအပ်ခဲ့သည်လော။

တစ္ဆေဘုံက ဘယ်အချိန်ကစပြီး ဤမျှအထိ ကပ်စီးနှဲသွားခဲ့ခြင်းနည်း။ သို့မဟုတ်ပါက၊ သူတို့၏ စွမ်းဆောင်ရည်များကို လျှော့ပေါ့တွက်ချက် ခံလိုက်ရခြင်းလော။

သူတို့၏ ဂုဏ်ပြုခံရမယ့် အကျိုးဆောင်မှုတွေကို ဘယ်သူက ခိုးယူသွားခဲ့ခြင်းနည်း။

အပိုင်း (၄၄၆)

"စီနီယာ... ကောင်းမှုကုသိုလ်ရဲ့ အသုံးဝင်ပုံက အတိအကျ ဘာများလဲ" ကျန်းယန်က ဂူဒူအာအား မေးလိုက်လေသည်။

ဂူဒူအာက နက်ရှိုင်းသော ခံစားချက်ဖြင့် ပြောလိုက်၏။

"ကောင်းမှုကုသိုလ်ဆိုတာ အလွန်တရာ အသုံးဝင်လှပေတယ်... မင်းဆီမှာ လုံလောက်တဲ့ ကောင်းမှုကုသိုလ်တွေ ရှိနေသရွေ့၊ မင်း မစွမ်းဆောင်နိုင်တဲ့ အရာဟူ၍ ဘာတစ်ခုမှ မရှိတော့ဘူး။ ဒါက လောကကြီးမှာ အကြီးမားဆုံးသော အခွင့်အရေးကြီးပဲ"

သို့သော်လည်း၊ ၎င်းမှာ ကံတရားအကြောင်းဖန်မှသာ ဆုံတွေ့နိုင်သော အရာမျိုးဖြစ်ပြီး၊ တမင်တကာ လိုက်လံရှာဖွေ၍ ရနိုင်သော အရာမျိုး မတ်ပါချေ။

"ဥပမာအားဖြင့်၊ ဒီတစ်ကြိမ်မှာ တစ္ဆေဘုံရဲ့ လူဝင်စားခြင်းအာဏာဟာ ကောင်းကင်နဲ့မြေပြင်မှာရှိတဲ့ သက်ရှိခပ်သိမ်းအတွက် အလွန်အမင်း အရေးပါလှတယ်။ မင်းက တစ္ဆေဘုံရဲ့ လူဝင်စားခြင်းအာဏာကို ထိန်းသိမ်းပေးခဲ့တယ်။ အဲဒါက ကောင်းကင်နဲ့မြေပြင်အတွက် ကြီးမားတဲ့ အောင်မြင်မှုတစ်ခုဖြစ်ပြီး၊ မင်းက ကောင်းမှုကုသိုလ်ကို သဘာဝကျကျ ရရှိခဲ့တာပဲ"

သူက ဆက်လက် ရှင်းပြလေသည်။

"ဒီကောင်းမှုကုသိုလ်ကို လက်နက်တွေ သန့်စင်ဖန်တီးတဲ့နေရာမှာဖြစ်စေ၊ တာအိုသဘောတရားတွေကို နားလည်သဘောပေါက်ဖို့အတွက်ဖြစ်စေ၊ ဒါမှမဟုတ် မှော်ရတနာတွေ ဖန်တီးတဲ့နေရာမှာဖြစ်စေ အသုံးပြုလို့ရတယ်"

ဘေးနားတွင် ရပ်နေသော ဟွာလင်းကျိမှာ ဆွံ့အလျက် ရှိနေ၏။ သူ၏ ကောင်းမှုကုသိုလ်များကကော ဘယ်ရောက်သွားသနည်း။

ကျန်းယန်သည် အမတသန့်စင်အ‌မွှေးတိုင်အိုး၏ အတွင်းဘက်သို့ လှမ်းကြည့်လိုက်ရာ၊ ၎င်းအတွင်းရှိ ကောင်းမှုကုသိုလ်များကို မြင်တွေ့ရသောအခါ သူ၏ စိတ်နှလုံးထဲတွင် ပြင်းထန်သော စိတ်လှုပ်ရှားမှုတို့ တန်ထိုး တက်လာခဲ့လေသည်။

ဒါက ဒီလောက်တောင် တန်ဖိုးကြီးတာလား၊ ဘယ်နေရာမှာများ ငါသုံးရင် ကောင်းမလဲ အင်း…

သူသည် အချိန်အတော်ကြာအောင် စဉ်းစားဆင်ခြင်နေခဲ့ပြီးနောက်၊ ဤအရာများထဲမှ မည်သည့်အရာကမျှ သူ၏ ဆရာဖြစ်သူ၏ အင်အားကို မြှင့်တင်ပေးခြင်းလောက် အရေးမကြီးကြောင်း ခံစားလိုက်ရလေသည်။ ထိုအရာက အဇူရာတိမ်ဂိုဏ်း၏ အရေးအကြီးဆုံးသော နောက်ဆုံးဖဲချပ်ကြီးပင် ဖြစ်ပေသည်။

ပြန်ရောက်သွားသည့်အခါ၊ ဤကောင်းမှုကုသိုလ်ကို ဆရာဖြစ်သူထံသို့ ပေးအပ်မည် ဖြစ်၏။ အကယ်၍ ၎င်းက ဆရာဖြစ်သူအား ကပ်ဘေးဖြတ်ကျော်ခြင်းအလယ်အဆင့်ဆီသို့ ချိုးဖောက်ဝင်ရောက်နိုင်ရန် ကူညီပေးနိုင်ခဲ့မည်ဆိုလျှင်၊ အဇူရာတိမ်ဂိုဏ်းမှာ လုံခြုံသွားပြီ ဖြစ်ပေသည်။

"ငါတို့ တောင်တစ်သောင်းတောင်တန်းဆီ ရောက်တော့မယ်" ဟူတလီက ရုတ်တရက် ပြောလိုက်လေသည်။ "ရင်းနှီးနေတဲ့ နေရာတွေကိုတောင် ငါ မြင်နေရပြီ"

သူသည် အဇူရာတိမ် လျှို့ဝှက်နယ်မြေ ဆီသို့ ရုတ်တရက် ခေါ်ဆောင်ခြင်း ခံခဲ့ရသူဖြစ်ရာ၊ တောင်တစ်သောင်းတောင်တန်း၏ အပြင်ဘက်ရှိ နယ်မြေများနှင့် ပတ်သက်၍ ဘာတစ်ခုမျှ မသိရှိခဲ့ချေ။ ဆန့်ကျင်ဘက်အားဖြင့်၊ တောင်တစ်သောင်းတောင်တန်း အနီးရှိ အစိတ်အပိုင်းများကိုမူ သူ ကောင်းစွာ ရင်းနှီးကျွမ်းဝင်နေခဲ့ပေသည်။

သားရဲမျိုးနွယ်စုများရှိရာဆီသို့ နီးကပ်လာပြီဖြစ်ကြောင်း ကြားလိုက်ရသောအခါ၊ ကျန်းယန်သည် သူ၏ စိတ်ကို ပြန်လည် တည်ငြိမ်စေလိုက်ပြီး၊ ဟူတလီ၏ လည်ပင်းကို ဖက်ကာ တိုးတိတ်စွာ မေးလိုက်၏။

"ငါ မင်းကို သတိပေးထားတဲ့အရာကို မှတ်မိရဲ့လား"

"သေချာပေါက် လက်ဆောင်ပေါ့" ဟူတလီက ခေါင်းညိတ်လိုက်သည်။

"လက်ဆောင်တွေအပြင်၊ မင်းကိုယ်တိုင်အတွက် စားစရာနဲ့ လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း ပြင်ဆင်ခဲ့ရဦးမယ်" ကျန်းယန်က စိတ်မရှည်စွာဖြင့် မှာကြားလိုက်လေသည်။ "ငါတို့ အဇူရာတိမ်ဂိုဏ်းက မင်းကို မကောင်းမကန်း မဆက်ဆံခဲ့ဘူး။ ဒါပေမဲ့ မင်းက ငါတို့ဆီက သာမန်အစားအစာတွေကိုပဲ စားနေလို့ မရဘူးလေ၊ ဟုတ်တယ်မလား။ အချိန် ၁၅ နှစ်တောင် ကျန်သေးတာ။ မင်းရဲ့ ကျင့်ကြံခြင်းကို ပစ်ထားလို့ မရဘူး"

"နားလည်ပါပြီ" ဟူတလီက အလေးအနက် ခေါင်းညိတ်လိုက်လေသည်။

ထိုစကားမှာ ယုတ္တိရှိကြောင်းနှင့် သူကိုယ်တိုင်အတွက် အနည်းဆုံးတော့ အစားအစာအချို့ ပြင်ဆင်သင့်ကြောင်း သူ ခံစားလိုက်ရ၏။

ထို့နောက် သူတို့သည် တောင်တစ်သောင်းတောင်တန်း၏နယ်စပ်သို့ ရောက်ရှိလာခဲ့ကြလေသည်။ ကျန်းယန်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်၏။

"ဒါက မင်းတို့ သားရဲမျိုးနွယ်စုရဲ့ နယ်မြေဆိုတော့၊ ငါတို့တွေ ဝင်သွားဖို့ သိပ်အဆင်မပြေဘူး။ သွား... မင်းရဲ့ မိဘတွေနဲ့ အကြီးအကဲတွေကို သွားရောက် ဂါရဝပြုချေ။ မင်းအတွက် လက်ဆောင်အဖြစ် မင်းရဲ့ အကြီးအကဲတွေအတွက် ဆေးလုံးတချို့ကို ငါ ဒီမှာ ပြင်ဆင်ပေးထားတယ်။ မင်းက ငါတို့ အဇူရာတိမ်ဂိုဏ်းမှာ နေလာတာ အတော်ကြာပြီဆိုတော့၊ အိမ်ပြန်ရင် လက်ဆောင်တစ်ခုခုတော့ ပါသင့်တာပေါ့"

ထို့နောက် သူသည် ကျောက်စိမ်းသေတ္တာ အတော်များများကို ထုတ်ပေးလိုက်လေသည်။ ကျောက်စိမ်းသေတ္တာ တစ်ခုချင်းစီ၏ အတွင်း၌ တန်ချန်ကျိ မကြာသေးမီကမှ ဖော်စပ်ထားသော အဖိုးတန် ဆေးလုံးတစ်လုံးစီ ပါဝင်နေ၏။ ဤဆေးလုံးများကို သားရဲမျိုးနွယ်စုအား တမင်တကာ ပြသရန်အတွက် ထည့်သွင်းပေးလိုက်ခြင်း ဖြစ်ပေသည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"

ဟူတလီသည် လက်ဆောင်များကို ကျေးဇူးတင်ဝမ်းမြောက်စွာဖြင့် လက်ခံလိုက်ပြီးနောက်၊ တောင်တစ်သောင်းတောင်တန်းရှိရာဆီသို့ ဦးတည် ထွက်ခွာသွားလေတော့သည်။

သူသည် ၎င်း၏ သားရဲခန္ဓာကိုယ်ပုံစံကို ဖော်ဆောင်လိုက်ပြီး တောင်တစ်သောင်းတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာဆီသို့ ဟိန်းဟောက်လိုက်ရာ၊ ကျားဟိန်းသံကြီးမှာ တောင်တန်းများ၏ အနက်ရှိုင်းဆုံး အရပ်ဆီသို့ ပဲ့တင်ထပ် သွားတော့၏။

တစ်ခဏချင်းအတွင်းမှာပင်၊ တောင်တစ်သောင်းတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာမှာ သက်ဝင်လှုပ်ရှားလာခဲ့ပြီး၊ အစွမ်းထက် သားရဲကြီးများ၏ အငွေ့အသက်များ ထွက်ပေါ်လာခဲ့လေသည်။ မကြာမီမှာပင် ဟူတလီသည် တောင်တစ်သောင်းတောင်တန်း၏ အနက်ရှိုင်းဆုံး အရပ်ထဲသို့ ပျောက်ကွယ်သွားတော့သည်။

ခဏအကြာတွင်၊ ယခင်က အဇူရာတိမ်ဂိုဏ်းဆီသို့ လာရောက်ခဲ့ဖူးသော ဝက်ဝံကြီး ထွက်လာခဲ့ပြီး ကျန်းယန်နှင့် အခြားသူများအား ပြောလိုက်လေသည်။

"ညီတော်ကျားက မင်းတို့ကို တောင်တစ်သောင်းတောင်တန်းထဲ ဝင်ခဲ့ဖို့ ဖိတ်ခေါ်နေတယ်"

ကျန်းယန်က ပြုံးလျက် ခေါင်းခါလိုက်ပြီး ပြောလေ၏။

"ဒါက ခင်ဗျားတို့ သားရဲမျိုးနွယ်စုရဲ့ တားမြစ်နယ်မြေဖြစ်ပြီး၊ ကျွန်တော်တို့ လူသားတွေ ဒီကို ခြေချဖို့ဆိုတာ သိပ်အဆင်မပြေပါဘူး။ ဟူတလီက အိမ်နဲ့ကင်းကွာနေတာ အတော်ကြာပြီဖြစ်ပြီး သူ့ရဲ့ အကြီးအကဲတွေကို အရမ်းလွမ်းနေလို့၊ သူ့ကို လာပို့ပေးတာ သက်သက်ပါ။ သေချာပေါက်၊ ဒီတစ်ကြိမ် ခင်ဗျားတို့ သားရဲမျိုးနွယ်စုက အရေးကြီးတဲ့ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးစရာ ကိစ္စတချို့လည်း ရှိနေပါသေးတယ်။ အကယ်၍ အဆင်ပြေမယ်ဆိုရင်၊ ကိစ္စရပ်တွေကို အပြင်ဘက်ကနေ ဆွေးနွေးနိုင်ဖို့အတွက် ကိုယ်စားလှယ်တစ်ယောက်လောက် စေလွှတ်ပေးပါလား"

ဝက်ဝံကြီးသည် ကျန်းယန်နှင့် အခြားသူများကို တစ်ချက်ကြည့်လိုက်ပြီးနောက်၊ တောင်တစ်သောင်းတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာဆီသို့ ပြန်သွားလေတော့သည်။

ဤတစ်ကြိမ်တွင်မူ၊ နေ့ဝက်ခန့် စောင့်ဆိုင်းပြီးနောက်၊ နောက်ဆုံးတွင် တောင်တစ်သောင်းတောင်တန်း၏ အနက်ရှိုင်းဆုံး အရပ်ဆီမှ သတင်းစကား ရရှိခဲ့လေပြီ။ ယခင်က အဇူရာတိမ်ဂိုဏ်းသို့ လာရောက်ခဲ့ဖူးကြသော နဂါးသားရဲကြီး၊ မျောက်ဝံသားရဲကြီးနှင့် အခြားသော အစွမ်းထက် သားရဲကြီး နှစ်ပါးတို့သည် အပြင်သို့ ထွက်ပေါ်လာခဲ့ကြလေသည်။

မျောက်ဝံသားရဲကြီးသည် ၎င်း၏ မူလခန္ဓာကိုယ်အစစ်အမှန်ကို ဖော်ဆောင်လိုက်ပြီး၊ ကြီးမားလှသော လက်သည်းကြီးဖြင့် ဆန့်ထုတ်ကာ တောင်တစ်သောင်းတောင်တန်းအတွင်းမှ တောင်ထွတ်တစ်ခုကို ဆွဲယူလိုက်လေသည်။ ထို့နောက် သူသည် တောင်ထိပ်ကို တစ်ချက်ပုတ်ကာ ပြန့်ပြူးသွားစေလိုက်၏။

"အားလုံးပဲ... ကျေးဇူးပြု၍" နဂါးသားရဲကြီးက ဖိတ်ခေါ်လိုက်လေသည်။

ကျန်းယန်၊ ဟွာလင်းကျိနှင့် သွေးအရိပ်မိစ္ဆာငါးပါးတို့သည် တောင်ထိပ်ပေါ်တွင် ထိုင်ချလိုက်ကြလေသည်။ အားလုံး ထိုင်ပြီးကြသောအခါ၊ နဂါးသားရဲကြီးက တည်ကြည်လေးနက်စွာ ပြောလိုက်လေသည်။

"ငါတို့တွေ ဟူတလီကို စစ်ဆေးကြည့်ပြီးပြီ။ သူက တကယ်ကို အမြင့်ဆုံးအနေအထားနဲ့အရမ်းကောင်းမွန်နေပြီး မင်းတို့ အဇူရာတိမ်ဂိုဏ်းက သူ့ကို မကောင်းမကန် မဆက်ဆံခဲ့ဘူးဆိုတာကို သက်သေပြနေတယ်။ ဒီရှုထောင့်ကနေ ကြည့်ရရင်၊ မင်းတို့ရဲ့ ကျေးဇူးကို ငါတို့ အသိအမှတ်ပြုပါတယ်။ ကဲ... အခု မင်း ဘာအကြောင်းကို ပြောချင်တာလဲ"

"ပါရမီရှင်စစ်တလင်း"

ကျန်းယန်သည် သူ၏လက်ကိုမြှောက်ကာ ပါရမီရှင်စစ်တလင်း မြေပုံကို ဖန်တီးပုံဖော်လိုက်ပြီး နဂါးသားရဲကြီးအား ပြောလိုက်လေသည်။

"ကျွန်တော့်ဘေးနားမှာရှိတဲ့ မိစ္ဆာစီနီယာကြီးတွေက နောက်ဆယ်နှစ်ကျော်ကြာရင် ပါရမီရှင်စစ်တလင်းကို ဖွင့်လှစ်ဖို့ ဆုံးဖြတ်ထားကြတယ်။ ပြီးခဲ့တဲ့တစ်ခေါက်က ခင်ဗျားတို့ကို ကျွန်တော် ပြောခဲ့သလိုပဲ၊ ပါရမီရှင်စစ်တလင်းဆိုတာ တကယ်တော့ အမွေအနှစ်နယ်မြေတစ်ခုပဲ။ အမတ၊ မိစ္ဆာ၊ သားရဲနဲ့ တစ္ဆေဆိုတဲ့ မျိုးနွယ်စုလေးခု ပူးပေါင်းလိုက်မှသာလျှင်၊ ပါရမီရှင်စစ်တလင်းဆီကနေ အကြီးမားဆုံးသော အကျိုးအမြတ်တွေကို ရရှိနိုင်မှာဖြစ်တယ်။ ဒါကြောင့် ပါရမီရှင်စစ်တလင်း ပွင့်လာတဲ့အခါ အတူတကွ ပူးပေါင်းနိုင်ဖို့အတွက် ခင်ဗျားတို့ကို လာတွေ့တာပါ"

အစွမ်းထက် သားရဲကြီးအတော်များများမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြလေသည်။ သူတို့အားလုံးသည် ဟူတလီကို စောင့်ကြည့်စစ်ဆေးပြီး ဖြစ်၏။ ကျားဖြူနတ်ဘုရားပညာရပ်၏ အမွေအနှစ်မှာ အမှန်တကယ်ပင် အံ့မခန်းလောက်အောင် ကောင်းမွန်လှပေသည်။ ကံမကောင်းစွာဖြင့်၊ ကျားဖြူနတ်ဘုရားပညာရပ်သည် ကျားမျိုးနွယ်စုမှ အစွမ်းထက် သားရဲများအတွက်သာ သင့်လျော်ပြီး အခြား မျိုးနွယ်စုများအတွက် မသင့်လျော်ပါချေ။

ပါရမီရှင်စစ်တလင်းသည် အမွေအနှစ်နယ်မြေတစ်ခု ဖြစ်နေမှတော့၊ သူတို့ကိုယ်ပိုင် မျိုးနွယ်စုများ၏ အမွေအနှစ်များကို ရရှိနိုင်ရန် ဖြစ်နိုင်ခြေ ရှိမနေဘူးလော။

မျောက်ဝံသားရဲကြီးက ဖြည်းညှင်းစွာ ပြောလိုက်လေသည်။

"မင်းတို့ လူသားမျိုးနွယ်နဲ့ ထားရှိထားတဲ့ ငါတို့ရဲ့ သဘောတူညီချက်က အာဏာတည်နေဆဲပဲ။ တောင်တစ်သောင်းတောင်တန်းထဲကနေ အလျင်စလို ထွက်ခွာသွားတာက ပညာရှိရာ မရောက်ဘူး။ အကယ်၍ ငါတို့ မျိုးနွယ်စုနှစ်ခု ထပ်ပြီး ပဋိပက္ခဖြစ်ကြရင်၊ အကျိုးဆက်တွေက အရမ်းကို ဒုက္ခများလိမ့်မယ်။ မင်းတို့ အဇူရာတိမ်ဂိုဏ်းက ငါတို့ သားရဲမျိုးနွယ်စုကို တောင်ပေါ်ကနေ ထွက်ခွာလာဖို့ လူသိရှင်ကြား တရားဝင် ဖိတ်ခေါ်တာမျိုး မလုပ်မချင်းပေါ့"

သားရဲမျိုးနွယ်စုအနေဖြင့် ဤပြစ်မှုကို သူတို့ဘာသာ တာဝန်မယူလိုကြချေ။

ကျန်းယန်သည် သူ၏ခေါင်းကို ပြတ်သားစွာ ခါရမ်းလိုက်ပြီး အလေးအနက် ပြောလိုက်လေသည်။

"အဲဒီတုန်းက လူသားမျိုးနွယ် အကြီးအကဲတွေနဲ့ ခင်ဗျားတို့ ဘာကတိတွေ ထားခဲ့ကြလဲဆိုတာ ကျွန်တော် မသိဘူး။ ဒါကြောင့် သဘာဝကျကျပဲ အဲဒါကို ကျွန်တော် သဘောမတူနိုင်ပါဘူး။ ဒါပေမဲ့ အချက်တစ်ချက်ကိုတော့ ကျွန်တော် သိတယ်။ လောကကြီးထဲက အရာခပ်သိမ်းဟာ အမြဲတမ်း ပြောင်းလဲနေပြီး၊ အဲဒီတုန်းက ပေးခဲ့တဲ့ ကတိတွေက ဒီကနေ့မှာတည်ချင်မှ တည်တော့မှာပါ။ သေချာပေါက်၊ ကျွန်တော့်ရဲ့ နားလည်မှုက မှန်၊ မမှန် ဆိုတာကိုတော့ ကျွန်တော် မသိဘူး။ သို့သော်လည်း၊ ဒီသဘောတူညီချက်ကို ချိုးဖောက်မလား၊ မချိုးဖောက်ဘူးလား ဆိုတာကိုတော့ ခင်ဗျားတို့ဘာသာ ဆုံးဖြတ်ရမှာဖြစ်ပြီး၊ အကျိုးဆက်တွေကိုလည်း ခင်ဗျားတို့ကိုယ်တိုင် တာဝန်ယူရလိမ့်မယ်။ ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ဘဲနဲ့ ဒီအမွေအနှစ်ကြီးကို ရရှိဖို့ မျှော်လင့်နေလို့တော့ မရဘူးလေ၊ တ်တယ်မလား"

အစွမ်းထက် သားရဲကြီးများသည် အတော်လေး သဘောထား ပြည့်ဝကြပေသည်။ ထိုကဲ့သို့သော ကိစ္စမျိုးမှာ ယုတ္တိမတန်ကြောင်းကို သူတို့လည်း ခံစားမိကြ၏။ သို့သော်လည်း၊ သဘောတူညီချက်ကို ချိုးဖောက်ခြင်း၏ အကျိုးဆက်များကို သားရဲမျိုးနွယ်စုက တာဝန်မယူနိုင်ပါချေ။ တန်ပြန်သက်ရောက်မှုကြီးက ဘယ်အချိန်ကျမှ ဆိုက်ရောက်လာမည်ကို မည်သူက သိနိုင်ပါမည်နည်း။

ကျန်းယန်သည် သက်တမ်းရင့် သားရဲကြီးလေးပါးအား တစ်ချက်ကြည့်လိုက်ပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်လေသည်။

"ကျင့်ကြံခြင်းလောကထဲမှာ၊ သားရဲမျိုးနွယ်စုကို မမြင်တွေ့ရတော့တာ နှစ်ပေါင်းဘယ်လောက်တောင် ကြာခဲ့ပြီလဲဆိုတာ ကျွန်တော် မသိဘူး။ ဒါပေမဲ့ မိစ္ဆာမျိုးနွယ်စုတွေကတော့ ဒီလောကကြီးထဲမှာ ထွက်ပေါ်နေခဲ့တာ နှစ်ထောင်ပေါင်းများစွာ ရှိနေခဲ့ပြီ။ အလားတူပဲ၊ ရေတွက်မရနိုင်တဲ့ နှစ်ပေါင်းများစွာကြာအောင် ထွက်မလာခဲ့တဲ့ တစ္ဆေမျိုးနွယ်စုကလည်း ဒီကောင်းကင်ယံအောက်မှာ ထွက်ပေါ်လာခဲ့ပြီ။ ခင်ဗျားတို့ သားရဲတွေက တောင်တစ်သောင်းတောင်တန်းထဲမှာ အမြဲတမ်း နေထိုင်နေခဲ့ကြတယ် ဆိုပေမဲ့လည်း၊ ကိုယ့်ကိုယ်ကိုယ် ချိတ်ပိတ်ထားခြင်းအားဖြင့်၊ အနှစ်သာရအားဖြင့်တော့ ဒီလောကကြီးထဲမှာ မရှိနေကြဘူး။ အခု အမတ၊ မိစ္ဆာနဲ့ တစ္ဆေတွေ အားလုံး ထွက်ပေါ်လာခဲ့ကြပြီ... ခင်ဗျားတို့ သားရဲမျိုးနွယ်စု တစ်ခုတည်းသာ လိုအပ်နေတာပါ။ ပါရမီရှင်စစ်တလင်း အမွေအနှစ် နယ်မြေတွေမှာ အမတ၊ မိစ္ဆာ၊ သားရဲနဲ့ တစ္ဆေတို့ ပါဝင်နေတယ်။ သခင်ကြီးတို့... အဲဒီအချက်တွေဆီကနေ ဘာတစ်ခုမှ သဘောမပေါက်မိကြဘူးလား"

အစွမ်းထက် သားရဲကြီးအတော်များများမှာ လန့်ဖျပ်သွားကြပြီး၊ နဂါးသားရဲကြီးက ကမန်းကတန်း မေးလိုက်လေသည်။

"တစ္ဆေမျိုးနွယ်စုတွေ ထွက်ပေါ်လာပြီလား"

"ထွက်ပေါ်လာပါပြီ" ကျန်းယန်က ခေါင်းညိတ်လိုက်သည်။ "မကြာသေးမီကမှ၊ တစ္ဆေဘုံက တမန်တော်တွေဟာ လောက အနှံ့အပြားမှာရှိတဲ့ ဂိုဏ်းအသီးသီးကို တိုက်ခိုက်ခဲ့ကြပြီး ကြီးမားတဲ့ ကမောက်ကမဖြစ်မှုတွေကို ဖန်တီးခဲ့ကြတယ်"

သားရဲကြီးလေးပါးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး၊ သူတို့အချင်းချင်း နတ်အာရုံဖြင့် ဆက်သွယ် စကားပြောဆိုကြလေတော့သည်။ ခဏအကြာတွင်၊ အခြားသော သားရဲကြီးတစ်ပါးက မေးလိုက်၏။

"မင်းက လူသားတစ်ယောက် ဖြစ်နေပါလျက်နဲ့၊ ဘာဖြစ်လို့ ဒီအကြောင်းတွေကို ငါတို့ကို လာပြောပြနေရတာလဲ"

"ကျွန်တော်က မဟာမိတ် ရှာဖွေနေတာပါ" ကျန်းယန်က အလွန်တရာ တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်လေသည်။ "ဒီလောကကြီးဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ ကမောက်ကမ အခြေအနေကြီးတစ်ခုဆီ ပေါက်ကွဲထွက်ပေါ်တော့မယ်လို့ ကျွန်တော် ခံစားရတယ်။ ဒါကြောင့် အသက်ရှင်သန်နိုင်ဖို့အတွက်၊ ကျွန်တော်တို့ မဟာမိတ် ရှာဖွေနေကြတာပါ။ နောက်ထပ် အရေးကြီးတဲ့ အကြောင်းရင်းတစ်ခုကတော့ ကျွန်တော်တို့ရဲ့ အပြန်အလှန် အင်အားတွေကို မြှင့်တင်နိုင်ဖို့အတွက် ခင်ဗျားတို့ရဲ့ တောင်တစ်သောင်းတောင်တန်း ဒေသနဲ့ ကုန်သွယ်ရေး ဆက်ဆံမှုတွေ တည်ဆောက်ချင်လို့ပါ။ တောင်တစ်သောင်းတောင်တန်းထဲမှာ ကျွန်တော်တို့ လိုအပ်တဲ့ သဘာဝပစ္စည်းတွေ၊ ဆေးဖက်ဝင် အပင်တွေနဲ့ အခြားသော ရှားပါးအဖိုးတန် ရတနာတွေ သေချာပေါက် ရှိနေလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ အလားတူပဲ၊ ကျွန်တော်တို့ အဇူရာတိမ်ဂိုဏ်းမှာလည်း ခင်ဗျားတို့ လိုအပ်တဲ့အရာတွေ သေချာပေါက် ရှိနေပါတယ်။ အနာဂတ် အခြေအနေတွေကို ရင်ဆိုင် ဖြေရှင်းနိုင်ဖို့အတွက်၊ ကျွန်တော်တို့ အချင်းချင်း အရင်းအမြစ်တွေကို ဖလှယ်ကြပြီး အင်အားကို မြှင့်တင်နိုင်ပါတယ်"

All Chapters