← Chapters

အခန်း ၁၉၃၆

Vol. 130 Ch. 1936

အခန်း ၁၉၃၆

Vol. 130 Ch. 1936

အခန်း( ၁၉၃၆ )

ရောက်လာတဲ့အခါ သိလိမ့်မယ်

ထိုအခိုက်အတန့်တွင် ယွမ်ယုတိသည် ကျင့်စဉ်ကြောင့် ရင်ထဲ၌ ဆူဝေလှုပ်ခတ်လာသည့် ခံစားချက်ကို အသည်းအသန် ဖိနှိပ်ရန် ကြိုးစားရင်း လုချန်း၏ ဇဝေဇဝါဖြစ်နေသော မျက်ဝန်းများကို စိုက်ကြည့်နေ၏။

ယွမ်ယုတိက လုချန်းကို

“ရှင်... ဒီနတ်နိယာမ ပေးခဲ့တာ ကျွန်မ ဒီအပေါ်မှာ စွဲလန်းသွားစေပြီး ရှင့်ရဲ့ အလိုကျ ထိန်းချုပ်မှုအောက် ရောက်သွားအောင် တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်လား...”

ယွမ်ယုတိ၏ စကားကို ကြားလျှင် လုချန်း အော်ဟစ်ရယ်မောလိုက်မိ၏။ သူ ထိုသို့ လုံးဝ မတွေးခဲ့သလို ဤနတ်နိယာမမှာ အမျိုးသမီးများ ကျင့်ကြံရန် ပိုသင့်တော်လိမ့်မည်ဟုလည်း အစက မသိခဲ့ပေ။

လုချန်းက

“ကျုပ်မှာ အဲဒီလို ရည်ရွယ်ချက်မျိုး မရှိပါဘူး။ နောက်ပိုင်းကျရင် ကျုပ်ရဲ့ စွမ်းအားအများစုကို တခြားနေရာတွေမှာပဲ အာရုံစိုက်ရတော့မှာမို့လို့ ခင်ဗျားရဲ့ ကျင့်စဉ်အပေါ် သက်ရောက်မှုရှိသွားမှာ စိုးရိမ်တာနဲ့ပဲ ဒီနတ်နိယာမကို ခင်ဗျားဆီ စေတနာအပြည့်နှင့် လွှဲပြောင်းပေးခဲ့တာပါ။”

ထိုအခိုက်တွင် လုချန်း၏ မျက်နှာထက်၌ နောက်ပြောင်ကျီစယ်လိုသော အပြုံးရိပ်တစ်ခု ထင်ဟပ်ပေါ်လာပြီး

“ဆရာက ကျုပ် ခင်ဗျားကို ဒီနတ်နိယာမ သင်ပေးတာ ခင်ဗျား အဲ့ဒီထဲမှာ နစ်မြော သွားစေချင်လို့လို့ ထင်နေတာပဲ။ ဒါဆို ဒီနတ်နိယာမကို ကျင့်ကြံတာက ဆရာ့ကို...”

ထိုနေရာတွင် လုချန်း ခဏခန့် ရပ်လိုက်ပြီးနောက် ကိုယ်ကို အသာအယာ ကိုင်းညွတ်ကာ သူ၏ ရင်ဘတ်ကို ယွမ်ယုတိနှင့် နီးကပ်စွာ ဖိကပ်လျက် သူမ၏ နားနားသို့ တိုးတိုးလေး ကပ်ပြောလိုက်၏။

“မရပ်တန့်နိုင်အောင် ရူးသွပ်သွားစေတာလား”

ထိုစကားကို ကြားလျှင် ယွမ်ယုတိ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်လည်း ချက်ချင်းပင် တုန်လှုပ်ချောက်ချားသွား၏။

လုချန်း သူမအား နတ်နိယာမ သင်ကြားပေးခဲ့ခြင်းမှာ တကယ်ပဲ ထိုသို့သော မကောင်းသော ရည်ရွယ်ချက်မျိုး မရှိခဲ့၍လား။

သို့ဆိုလျှင် ထိုအရာကို ဝန်ခံလိုက်ခြင်းက သူမသည် ဤနတ်နိယာမကျင့်စဉ်ကို ကျင့်ကြံရသည်ကို မည်မျှ နှစ်သက်စွဲလန်းနေကြောင်း ဖော်ပြရာ ရောက်သွားပေလိမ့်မည်။

လုချန်း၏ မျက်လုံးထဲတွင် သူမအား အကျင့် ပျက်ပြားသော မိန်းမတစ်ယောက်ကဲ့သို့ မြင်သွားမည် မဟုတ်ပါလား။

ထိုသို့ တွေးမိသည်နှင့် ယွမ်ယုတိ ရင်ထဲ၌ ရုတ်တရက် အလွန် ဒေါသထွက်လာ၏။

ထိုအခိုက်အတန့်တွင် လုချန်းက သူရင်ဘတ်ကို အနည်းငယ် မကာ ယွမ်ယုတိ၏ ချောမောလှပသော မျက်နှာကို စူးစူးဝါးဝါး ဆက်၍ စိုက်ကြည့်နေမိရာ အေးစက်လှပသော နတ်သမီး၏ ပါးပြင်များ သွေးရောင်လွှမ်းကာ သိသိသာသာ နီရဲလာသည်ကို မြင်တွေ့လိုက်ရသဖြင့် လုချန်း၏ မျက်နှာထက်မှ အပြုံးလည်း ပိုမိုတောက်ပကျယ်ပြန့်လာတော့၏။

ဤလူအား ဆက်လက်၍ မောက်မာဝင့်ကြွားခွင့် မပေးရန် ယွမ်ယုတိ စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် သူ့ကို လျှပ်တပြတ် တစ်ပတ်လှန်ကာ ဖိနှိပ်လိုက်ပြီး ဝိညာဉ်ညှို့ဓာတ် ကျမ်းစာကို ရူးသွပ်စွာ စတင် လည်ပတ်စေတော့၏။

သူမကို လူမိသွားပြီဖြစ်၍ ဆက်လက်ပြီး ဟန်ဆောင်ထိန်းချုပ် သိက္ခာစောင့်နေရန် မလိုတော့ပေ။

ထို့ပြင် သူမသည် နတ်သခင်တစ်ဦး ဖြစ်သဖြင့် လုချန်းအနေနှင့် သူမ၏ ကျင့်ကြံခြင်းဆိုင်ရာ ကိရိယာတစ်ခု ဖြစ်လာရခြင်းမှာ သူ့အတွက် ဂုဏ်ယူစရာ အခွင့်အရေးသာ ဖြစ်ပြီး သူမဘက်မှ ရှက်ရွံ့နေစရာ အကြောင်းပြချက် စိုးစဉ်းမှ မရှိပေ။

ယွမ်ယုတိက ရုတ်တရက် စွမ်းအားအပြည့်အဝကို လုံ့ဆော်လိုက်သဖြင့် လုချန်းအား ထိတ်လန့်တုန်လှုပ်ကာ လုံးဝ မငြိမ်မသက် ဖြစ်သွားစေပြီး လက်ရှိအချိန်တွင် သူ၏ စွမ်းအင်အားလုံးကို ဤခန္ဓာကိုယ်ပေါ်၌သာ အာရုံစိုက်ထားရတော့၏။

ထိုနောက်ပိုင်း အချိန်အတော်ကြာသောအခါ လုချန်း သူမအပေါ် မည်သို့ ကဲ့ရဲ့မြင်မည်ကို ဂရုမစိုက်တော့ပဲ ရူးသွပ်စွာ ဆက်လက်ကျင့်ကြံနေတော့သည်။

ယွမ်ယုတိ၏ ရူးရူးမူးမူး ကျင့်ကြံမှုကြောင့် လုချန်းလည်း တခြားအရာများကို အာရုံစိုက်နိုင်ခြင်း မရှိတော့ပေ။ အေးစက်လှပသော နတ်သမီးတစ်ယောက် အရာအားလုံးကို လွှတ်ချလိုက်သည့်အခါ မည်မျှအထိ ပြင်းထန်သွားနိုင်ကြောင်းလည်း သူ လက်တွေ့မြင်ခွင့် ရသွားတော့၏။

ကံကောင်းက သူသည် မူလအစ လမ်းစဉ်ကို ကျင့်ကြံထားသဖြင့် လမ်းစဉ်အသွယ်သွယ်ကို ဆင်းသက်ဖြစ်ပေါ်စေနိုင်ပြီး ခန္ဓာကိုယ် ၏ ကန့်သတ်ချက်သို့ ရောက်ခါနီးတိုင်း ဖန်တီးခြင်း လမ်းစဉ် စွမ်းအားကို အသုံးပြု၍ ပြန်လည် ကုစားနိုင်ခြင်း ဖြစ်၏။

အကြောင်းရင်း တစ်စုံတစ်ရာကြောင့် ယွမ်ယုတိ သူအပေါ် ကလဲ့စားချေနေသည်ဟု လုချန်း ခက်ခဲစွာ ခံစားနေရသော်လည်း အခြားတစ်ဖက်တွင်မူ ထိုသို့သော ကလဲ့စားချေမှုကို အမြဲတစေ ဝမ်းမြောက်ဝမ်းသာ ဆီးကြိုနေမိပြန်သည်။

……

ညဉ့်နက်သန်းခေါင်ယံတစ်ခုတွင်။

ရေခဲနန်းဆောင်အတွင်း အရိပ်နှစ်ခု ထပ်တူကျနေ၏။

အိပ်ဆောင်တစ်ခုလုံးတွင် လမ်းစဉ်အငွေ့အသက်မျိုးစုံ ဖုံးလွှမ်းလျက် ခမ်းနားသော ခန်းမဆောင်ကြီးအတွင်း၌ တစ်ခါတစ်ရံ တိုးတိတ်သောအသံများ ထွက်ပေါ်နေ၏။

ထိုစဉ် ရုတ်တရက် နန်းဆောင်အတွင်းမှ လှုပ်ရှားရုန်းကန်သံများ လုံးဝ ရပ်တန့်သွား၏။

ယွမ်ယုတိသည် ကျင့်ကြံခြင်းကို ရုတ်တရက် ရပ်တန့်ကာ ထထိုင်လိုက်ပြီး ချင်နတ်ဘုရားနိုင်ငံ၏ မြို့တော်ရှိရာ အရပ်မျက်နှာသို့ လှမ်းကြည့်လိုက်၏။

ခဏအကြာတွင် သူမ၏ ဦးခေါင်းကို အသာငုံ့၍ လုချန်းကို စိုက်ကြည့်ကာ မေးလိုက်၏။

“ရှင်... အာရုံခံမိလား”

လုချန်း ယွမ်ယုတိ ဆိုလိုသည့်အရာကို သဘာဝကျကျ သိနေ၏။ အကြောင်းမူကား နတ်သခင် ကောင်းကင်သည် ချင်နတ်ဘုရားနိုင်ငံတွင် အချိန်အတော်ကြာအောင် လှည့်လည်သွားလာနေခဲ့သောကြောင့် ဖြစ်၏။

လွန်ခဲ့သောရက်များတွင် သူ၏ အာရုံစိုက်မှုအားလုံးမှာ ယွမ်ယုတိအပေါ်၌သာ လုံးလုံးလျားလျား ရှိနေသော်လည်း ချင်နတ်ဘုရားနိုင်ငံမှာ သူကိုယ်တိုင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ကံစွမ်းအားမှာလည်း သူနှင့် ဆက်စပ်နေသဖြင့် နိုင်ငံအတွင်း ဖြစ်ပေါ်သည့် လှုပ်ခတ်မှုမှန်သမျှကို သူ ချက်ချင်းပင် အာရုံခံသိမြင်နိုင်သည်။

လုချန်းက

“သူ ချင်နတ်ဘုရားနိုင်ငံထဲမှာ ရှိနေတာ တော်တော်ကြာပြီ။ ကျုပ်ရဲ့ ပင်မကိုယ်ကို ရှာဖွေနေပုံရပေမဲ့ သူရဲ့ ရည်ရွယ်ချက်က ခင်ဗျား ဖြစ်လိမ့်မယ်လို့ ကျုပ် သံသယရှိတယ်။”

ယွမ်ယုတိသည် နတ်သခင်တစ်ဦး၏ အငွေ့အသက်ကိုသာ အာရုံခံမိခြင်းသာဖြစ်ပြီး မည်သူမည်ဝါမှန်း မသိသဖြင့်

“ဘယ်သူရောက်လာတာလဲဆိုတာ ရှင် သိလား”

လုချန်းက

“ကျုပ် သိတယ်”

ယွမ်ယုတိ ဆက်လက် မေးမြန်းလိုက်၏။

“ဘယ်သူလဲ”

လုချန်း အပြုံးဖြင့် တုံ့ပြန်လိုက်၏။

“သူ ရောက်လာတဲ့အခါ ခင်ဗျား သိလိမ့်မယ်”

နတ်သခင်တစ်ဦးအတွက် ချင်နတ်ဘုရားနိုင်ငံမှ လျှို့ဝှက်လဝန်း နန်းတော်သို့ ရောက်ရှိရန် မျက်စိတစ်မှိတ်သာ ကြာမြင့်လိမ့်မည်။

မကြာမီပင် ထိုနတ်သခင်၏ အငွေ့အသက်သည် လျှို့ဝှက်လဝန်း နန်းတော်၏ အပြင်ဘက်နားလေးတွင် ပေါ်ပေါက်လာတော့၏။

နောက်တစ်ခဏ၌ ထိုနတ်သခင်ထံမှ နတ်အာရုံတစ်ခု လျှို့ဝှက်လဝန်း နန်းတော်ဆီသို့ လွှမ်းခြုံစီးဆင်းလာသည်ကို ယွမ်ယုတိ အာရုံခံမိလိုက်သည်။ နန်းတော်၏ နည်းဗျူဟာ ပုံစံသည် နတ်သခင်၏ နတ်အာရုံဖြင့် ရှာဖွေစူးစမ်းမှုကို မခုခံနိုင်ခဲ့ပေ။

ထို့ပြင် ယွမ်ယုတိ၏ ရေခဲနန်းဆောင်တွင် သီးခြားခွဲထုတ်ခြင်း နည်းဗျူဟာပုံစံ တပ်ဆင်ထားခြင်း မရှိသဖြင့် နတ်သခင် ကောင်းကင်၏ နတ်အာရုံသည် လျှို့ဝှက်လဝန်း နန်းတော်တစ်ခုလုံးကို လွယ်ကူချောမွေ့စွာပင် စူးစမ်းစစ်ဆေးသွားနိုင်ခဲ့၏။

နတ်သခင် ကောင်းကင် ရေခဲနန်းဆောင်ကို စူးစမ်းရှာဖွေလိုက်သည့်အခါ ယွမ်ယုတိနှင့် လုချန်းတို့ ရေနှင့်ငါးကဲ့သို့ ရင်းနှီးကျွမ်းဝင်စွာ ပတ်သက်နေသည်ကို ကွက်ကွက်ကွင်းကွင်း တွေ့ရှိသွားတော့၏။ ချက်ချင်းပင် သူမ၏ မျက်နှာ ဆိုးရွားစွာ ပျက်ယွင်းသွားပြီး နတ်သခင် ယွမ်မုန့် ပြောခဲ့သည့်အတိုင်း လုချန်းနှင့် ယွမ်ယုတိတို့ အတူတူရှိနေကြခြင်း ဖြစ်ကြောင်း သေချာသွားတော့၏။

သို့သော်လည်း...

လက်ရှိတွင် ယွမ်ယုတိနှင့် ရှိနေသော လုချန်းမှာ ရွှေနတ်ကျင့်စဉ်အဆင့်သာ ရှိသဖြင့် သူ၏ ပင်မကိုယ် မဟုတ်တာ ထင်ရှားလှပေသည်။

သို့တိုင်အောင် နတ်သခင်တစ်ဦး ဖြစ်နေပြီဖြစ်ပြီဖြစ်သော ယွမ်ယုတိက လုချန်း၏ ကိုယ်ပွားနှင့် ဤကဲ့သို့သော အရှက်သိက္ခာမဲ့သည့် လုပ်ရပ်များကို မည်သို့ လက်ရဲဇက်ရဲ ပြုလုပ်နိုင်ရသနည်း။

နတ်အာရုံတစ်ခု ဖြတ်သန်းသွားသည်ကို အာရုံခံမိလျှင် ဤမြင်ကွင်းအား အတိတ်ကပုံရိပ်လို အလွန်ပင် ရင်းနှီးကျွမ်းဝင်နေသကဲ့သို့ လုချန်း ချက်ချင်း ခံစားလိုက်ရ၏။

သူ ယခင်က ယဲ့ချူယောင်နှင့် အတူရှိနေစဉ်အချိန်ကလည်း သူတို့၏ လှုပ်ရှားမှုကို အမိဖမ်းမိခဲ့သူမှာ ယဲ့ချူယောင်၏ ဆရာပင် ဖြစ်ကြောင်း ပြန်လည် သတိရမိသွားသည်။

ယခုအခါ ယွမ်ယုတိနှင့် ရင်းနှီးကျွမ်းဝင်နေစဉ်တွင်လည်း ယွမ်ယုတိ၏ ဆရာ ဖြစ်သော နတ်သခင် ကောင်းကင်က ထပ်မံ၍ တွေ့ရှိသွားပြန်ပေပြီ။

ဤအချိန်တွင်တော့ ရောက်ရှိလာသူ မည်သူဖြစ်ကြောင်း ယွမ်ယုတိ ကောင်းကောင်းကြီး သိသွားပြီဖြစ်သည်။

သူမ အနည်းငယ် မှင်တက်သွား၏။ သူမ၏ ဆရာက သူမအား လာရောက်ရှာဖွေရန် အရိုင်းနယ်မြေသို့အထိ ခြေဆန့်ကာ အဝေးကြီး လာလိမ့်မည်ဟု ယွမ်ယုတိ အိပ်မက်ပင် မက်မထားခဲ့ပေ။

ထိုစဉ် နတ်သခင် ကောင်းကင်၏ အသံလွှင့်ချက် ယွမ်ယုတိ၏ စိတ်ထဲ၌ ဟိန်းခနဲ ထွက်ပေါ်လာ၏။

“ယုတိ... ထွက်ခဲ့စမ်း”

သတိ ဝင်လာလျှင် ယွမ်ယုတိ၏ မျက်ခုံးများမှာ တင်းကျပ်စွာ တွန့်သွား၏။ သူမ၏ ဆရာ အရိုင်းနယ်မြေသို့ လာရောက်ခြင်းမှာ ကောင်းသော ကိစ္စ ဖြစ်ပုံမရပေ။

ထို့နောက် ယွမ်ယုတိလည်း လုချန်း၏ အပေါ်မှ ထလိုက်ပြီး လက်ဟန်တစ်ခု လျှပ်တပြတ် ပြုလုပ်လိုက်ရာ တစ်ခဏအတွင်းမှာပင် ကြည်လင်သော ရေခဲပြာရောင် ဝတ်ရုံရှည်တစ်ခု သူမ၏ ကျော့ရှင်းလှပသော ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားတော့၏။

မကြာမီပင် လျှို့ဝှက်လဝန်း နန်းတော်၏ အထက် ကောင်းကင်ယံသို့ ယွမ်ယုတိ ရောက်ရှိသွားတော့သည်။

ယွမ်ယုတိ ပေါ်လာသည်ကို တွေ့မြင်လျှင် နတ်သခင် ကောင်းကင်က ချက်ချင်းပင် ဒေါသတကြီး အသံလွှင့်လိုက်၏။

“နင့်ရဲ့ အစ်မဟာ လုချန်းကြောင့် လျှို့ဝှက်လဝန်း ကျောင်းတော်ကနေ နှင်ထုတ်ခံခဲ့ရတယ်ဆိုတာကို နင် မသိဘူးလား။”

ထိုအရာကို ကြားလျှင် ယွမ်ယုတိက ခပ်အေးအေးပင် တုံ့ပြန်လိုက်၏။

“ကျွန်မ သိပါတယ်”

နတ်သခင် ကောင်းကင် မျက်ခုံးတွန့်သွားပြီး

“သိရဲ့သားနဲ့ ဘာလို့ သူ့ပတ်သက်နေသေးတာလဲ။ နင့်အစ်မရဲ့ ခြေရာအတိုင်း ထပ်ချပ်မကွာ လိုက်ချင်လို့လား”

မည်သည့် မျက်နှာအမူအရာမှ မပြပဲ ယွမ်ယုတိ တုံ့ပြန်လိုက်၏။

“နတ်သခင် ကောင်းကင်... ကျွန်မက လျှို့ဝှက်လဝန်း နန်းတော်ရဲ့ တပည့်တစ်ယောက် မဟုတ်တော့တာမို့လို့ ဒါက ရှင့်နဲ့ ဘာမှ သက်ဆိုင်ပုံမပေါ်ပါဘူး။”

လျှို့ဝှက်လဝန်း ကျောင်းတော်မှ ထွက်ခွာလာပြီးနောက် သူမသည် နတ်သခင် ကောင်းကင်နှင့် ဆက်ဆံရေးကို အပြတ်အသတ် ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။ ယွမ်ယုတိသာ ကျောင်းတော်မှ ထွက်ခွာရဲပါက သူမအား တပည့်အဖြစ် ထာဝရ အသိအမှတ်ပြုတော့မည် မဟုတ်ကြောင်း နတ်သခင် ကောင်းကင်က ထိုစဉ်က ပြတ်ပြတ်သားသား ပြောခဲ့ဖူးသည်။

ယွမ်ယုတိ၏ အေးစက်လှသော အမူအရာကို မြင်သော်လည်း နတ်သခင် ကောင်းကင် အံ့ဩတုန်လှုပ် မသွားပေ။ ယွမ်ယုတိ သူမအပေါ် မကျေမချမ်းဖြစ်နေဆဲဖြစ်ကြောင်း သူမ ကောင်းကောင်း သိနေသောကြောင့် ဖြစ်၏။

သူမကြောင့် ယွမ်ချင်းရှု လျှို့ဝှက်လဝန်း ကျောင်းတော်မှ မတရားနှင်ထုတ်ခံရခြင်း ဖြစ်သည်ဟု ယွမ်ယုတိ ယုံကြည်ထားသည်။

ယွမ်ချင်းရှုသည် အမှားတစ်ခု ပြုလုပ်မိပြီး လုချန်းထံ၌ သူမကိုယ်သူမ ဆုံးရှုံးခဲ့ရသော်လည်း သူမသည် လျှို့ဝှက်လဝန်း ကျောင်းတော်၏ တောင်ထိပ်သခင်တစ်ဦး၏ တပည့်ရင်း ဖြစ်နေဆဲပင် ဖြစ်၏။

အကယ်၍ ထိုစဉ်က နတ်သခင် ကောင်းကင်သာ စကားတစ်ခွန်း ပြောပေးခဲ့ပါက ယွမ်ချင်းရှုသည် အလွန်ဆုံးအားဖြင့် သူတော်စင်မ ရာထူးမှသာ ဆုံးရှုံးရမည်ဖြစ်ပြီး ကျောင်းတော်မှ အနှင်ထုတ်ခံရသည့် အဆင့်အထိ ဘယ်တော့မှ ရောက်ရှိလိမ့်မည် မဟုတ်ပေ။

နတ်သခင် ကောင်းကင်က

“မင်း ငါ့ကို မုန်းတီးနေတုန်းပဲဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ငါ လုပ်ခဲ့တာတွေအားလုံးက မင်းအစ်မရဲ့ အကျိုးစီးပွားအတွက်ပဲ။”

ယွမ်ယုတိ မေးခွန်းထုတ်လိုက်၏။

ယွမ်ယုတိက

“နတ်သခင် ကောင်းကင်က ဒီအတိတ်ဟောင်း အကြောင်းအရာတွေကို ပြောဖို့အတွက် အရိုင်းနယ်မြေအထိ အဝေးကြီး ပင်ပန်းခံ လာခဲ့တာလား။”

--

………….

All Chapters