အခန်း ၁၉၃၈
Vol. 130 Ch. 1938
အခန်း( ၁၉၃၈ )
ရှာဖွေမရနိုင်သည့် လုချန်း၏ ပင်မကိုယ်
လုချန်း၏ စကားကို ကြားလျှင် နတ်သခင် ကောင်းကင်က အေးစက်စွာ နှာခေါင်းရှုံ့ကာ
“ကျွန်မ ရှင့်ကို ကြိုတင်သတိပေးပြီးပြီ။ ရှင်က အခု လျှို့ဝှက်လဝန်း ကျောင်းတော်ရဲ့ တပည့်တစ်ယောက် ဖြစ်သွားရုံနဲ့ ကျောင်းတော်သခင်က ရှင့်ကို အလိုလိုက်ပြီး ထင်တိုင်းကြဲခွင့်ပြုလိမ့်မယ်လို့ မထင်နဲ့။”
လုချန်းက
“နတ်သခင် ယွမ်မုန့်က ကျုပ်ကို ထင်တိုင်းကြဲခွင့်ပြုမယ်လို့ ကျုပ်မထင်ပါဘူး။ ဒါပေမဲ့ သူက ကျုပ်ကို စိတ်ထင်တိုင်း တစ်ခုခု လုပ်နိုင်လိမ့်မယ်လို့လည်း ကျုပ်မထင်ဘူး”
ဟု တုံ့ပြန်ပြောဆိုလိုက်သည်။
နတ်သခင် ကောင်းကင် အံ့အားသင့် ဆွံ့အသွားရ၏။ လုချန်းက နတ်သခင် ယွမ်မုန့်ကို ဤမျှ အရေးမစိုက်ပဲ ဗြောင်ကျကျ ပြောဆိုရဲ လိမ့်မည်ဟု သူမ အိမ်မက်ပင် မမက်ဖူးချေ။
သို့သော် မကြာမီပင် နတ်သခင် ကောင်းကင်သဘောပေါက်သွားသည်။ လုချန်းသည် ထျန်းရန် နတ်ဘုရား နယ်မြေတွင် အလွန် နာမည်ကြီးနေသူ ဖြစ်ပြီး လက်ရှိအချိန်၌ ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို ရေးဆွဲနိုင်သည့် တစ်ဦးတည်းသော နတ်တစ်ပါး ဖြစ်နေ၏။
အင်အားစုအားလုံးက လုချန်းကို သူတို့၏ နယ်မြေသို့ ဧည့်သည်တော်အဖြစ် ကိုယ်ပွားတစ်ခု စေလွှတ်ပေးရန် အလိုရှိနေကြသည်။
ထျန်းရန် နတ်ဘုရား နယ်မြေရှိ လုချန်း၏ လက်ရှိ အရှိန်အဝါ အဆင့်အတန်းသည် လျှို့ဝှက်လဝန်း ကျောင်းတော် အလွယ်တကူ အရေးယူနိုင်သော ဖြစ်တည်မှုတစ်ခု မဟုတ်တော့ပေ။
အကယ်၍ သူတို့က လုချန်းကို တကယ် အရေးယူမည်ဆိုပါက သူက စကားတစ်ခွန်းပင် ဟစရာမလိုပဲ ထျန်းရန် နတ်ဘုရား နယ်မြေရှိ မဟာအင်အားကြီးအုပ်စုအားလုံးက လျှို့ဝှက်လဝန်း ကျောင်းတော်ကို လာရောက် တိုက်ခိုက်ကြလိမ့်မည်။
နတ်သခင် ကောင်းကင်က နှာခေါင်းရှုံ့လျက်
“ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို ရှင် တစ်ယောက်တည်းပဲ ရေးဆွဲနိုင်လို့ မဟာအင်အားကြီးအုပ်စုအားလုံးက ရှင့်ကို ကာကွယ်ပေးကြလိမ့်မယ်။ ဒါကြောင့် လျှို့ဝှက်လဝန်း ကျောင်းတော်က ရှင့်ကို မထိရဲဘူးလို့ ထင်နေတာပဲ။”
“လောလောဆယ်မှာတော့ ရှင်တစ်ယောက်တည်းပဲ ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို ရေးဆွဲနိုင်တာ ဖြစ်နိုင်ပေမဲ့ တခြားနတ်သခင်တွေ ရေကုန်ရေခမ်း ဆက်လက်လေ့ကျင့်နေတာနဲ့အမျှ တစ်နေ့မှာ တခြားနတ်သခင်တွေလည်း ရေးဆွဲနိုင်လာမယ့်နေ့ ရောက်လာလိမ့်မယ်။ အဲဒီနေ့ရောက်လို့ ရှင့်မှာ တန်ဖိုးမရှိတော့တဲ့အခါ ဘယ်သူက ရှင့်ကို ဆက်ပြီး ကာကွယ်ပေးဦးမလဲဆိုတာ ကျွန်မ စောင့်ကြည့်ချင်သေးတယ်။”
လုချန်းက ခပ်ဖွဖွရယ်မောကာ
“အဲ့ဒါကတော့ ဆရာ စိတ်ပူပင်သောက ရောက်စရာ ကိစ္စ မဟုတ်ပါဘူး။”
လုချန်းက လုံးဝ ဂရုမစိုက်သည်ကို တွေ့မြင်လျှင် နတ်သခင် ကောင်းကင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ထပ်မံ၍ စကားမဆိုတော့ပဲ လှည့်ထွက်သွားခဲ့သည်။
မည်သို့ပင်ဆိုစေ သူမသည် ယွမ်ယုတိကို စိတ်ရှည်လက်ရှည် ဖျောင်းဖျရန် ကြိုးစားခဲ့ပြီးပြီဖြစ်သလို နတ်သခင် ယွမ်မုန့်က အရိုင်းနယ်မြေသို့ ကိုယ်တိုင်လာလိမ့်မည်ဖြစ်ကြောင်းကိုလည်း ယွမ်ယုတိကို အသိပေးခဲ့ပြီးဖြစ်သည်။
ယွမ်ယုတိ မည်သို့ ရွေးချယ်လုပ်ဆောင်သည်ဖြစ်စေ သူမနှင့် မဆိုင်တော့ပေ။
ယွမ်ယုတိသည် အရိုင်းနယ်မြေမှ ထွက်ခွာပြီး အခြားနယ်မြေသို့ ထွက်ပြေးမလားဆိုသည်က သူမ ပူပန်စိုးရိမ်ရမည့်အရာ မဟုတ်ပေ။
သူမ၏ စိတ်ထဲတွင်လည်း ယွမ်ယုတိကို ပြန်ခေါ်လာခြင်းနှင့် ပတ်သက်၍ တကယ်ပင် တော်တော်လေး ဒွိဟဖြစ်နေသဖြင့် ယွမ်ယုတိ ကိုယ်တိုင် ဆုံးဖြတ်စေရန် ထားခဲ့မည်ဟုသာ ဆုံးဖြတ်လိုက်၏။ သူမ၏ တာဝန်မှာ သတင်းစကား ပါးရန်သာ ဖြစ်သည်။
နတ်သခင် ကောင်းကင် ထွက်ခွာသွားပြီးနောက် ယွမ်ယုတိသည် လုချန်းနှင့်အတူ ရေခဲနန်းတော်သို့ မျက်စိတစ်မှိတ်အတွင်း တည်နေရာရွှေ့ပြောင်းကာ ပြန်ရောက်သွားခဲ့သည်။
နန်းတော်သို့ ပြန်ရောက်လျှင် လုချန်း၏ ငြိမ်ငြိမ်မနေသော လက်က ယွမ်ယုတိ၏ ခါးဘေးတွင် ကပ်တွဲလျက် ရှိနေဆဲဖြစ်သည်။
လုချန်း၏ လက်ကို သတိပြုမိလျှင် ယွမ်ယုတိက သူ့ကို မျက်မှောင်ကြုတ်၍ စိုက်ကြည့်ကာ
“တခြားလူတွေရှေ့မှာ ကျွန်မအပေါ် စည်းကျော်ပြီး ပြုမူဖို့ ရှင့်ကို ခွင့်မပြုထားဘူးနော်။”
ထိုစကားကို ကြားလျှင် လုချန်းက ပြုံး၍
“စည်းကျော်တာ ဟုတ်လား။ ခင်ဗျားက ကျုပ်မိန်းမပဲ။ ကျုပ်တို့တွေ စုံတွဲကျင့်စဉ်ကို အကြိမ်ကြိမ် အတူတူ ကျင့်ကြံခဲ့ပြီးပြီပဲ။ နည်းနည်းလောက် ဖက်တာက ဘာမှ မဟုတ်ပါဘူး။”
သူ့စကား ဆုံးသည်နှင့် ယွမ်ယုတိထံမှ ရေခဲတမျှ အေးစက်သော အငွေ့အသက်များ ချက်ချင်း ထွက်ပေါ်လာပြီး လုချန်း၏ လက်ကို တွန်းဖယ်ခါထုတ်ပစ်လိုက်သည်။
ထို့နောက် သူမက သတိပေးလိုက်၏။
“ရှင်က ကျွန်မအတွက် ကျင့်ကြံခြင်း ကိရိယာသက်သက်ပဲ။ ကျွန်မက ရှင့်ရဲ့ အပိုင်ပစ္စည်း မဟုတ်ဘူး။ အဲဒီလို လေထဲတိုက်အိမ်ဆောက်တဲ့ လက်တွေ့မကျတဲ့ အတွေးတွေကို စွန့်လွှတ်လိုက်ဖို့ ရှင့်ကို အကြံပြုချင်တယ်။”
သူ့မိန်းမ ဟု ပြောခြင်းက သူမသည် သူ၏ အပိုင်ပစ္စည်း ဖြစ်နေသည့်အလား ဖြစ်နေ၏။ နတ်သခင် တစ်ဦးအနေနှင့် ဤကဲ့သို့သော စကားလုံးများကို သူမ ဘယ်လိုမှ သည်းမခံနိုင်ပေ။
လုချန်းက မချိပြုံးပြုံးလျက်
“ဟုတ်ကဲ့...ဟုတ်ကဲ့... ဆရာ ပြောတာ မှန်ပါတယ်။ တပည့်က ဆရာ့ရဲ့ ကျင့်ကြံခြင်း ကိရိယာသက်သက်ပါပဲ။”
လုချန်း၏ ဝတ်ကျေတန်းကျေ လေသံကို ကြားလျှင် ယွမ်ယုတိ၏ အေးစက်လှသော မျက်နှာသွင်ပြင်သည် ပို၍ပင် ကျောက်ခဲတမျှ တင်းမာသွားသည်။
ဒီကောင်စုတ်က ပါးစပ်ကတစ်မျိုး လက် တွေ့တစ်မျိုး လုပ်နေ၏။
ပါးစပ်ကသာ တစ်မျိုးပြောနေသော်လည်း သူ့စိတ်ထဲမှာတော့ သူမကို သူ့ရဲ့ အိမ်မွေးတိရစ္ဆာန်တစ်ကောင်လို နှိမ်ချတွေးနေလောက်ပြီ။
လုချန်း၌ ထိုကဲ့သို့သော အတွေးမျိုး ရှိနေသည်ကို တွေးမိလျှင် ယွမ်ယုတိ အလွန် မပျော်မရွှင် ဖြစ်သွားသော်လည်း လုချန်း၏ စိတ်ထဲရှိ အရာကို သူမ ပြောင်းလဲ၍ မရပေ။
ယွမ်ယုတိသည် ရုတ်တရက် လျှပ်စီးလက်သလို လက်ကို မြှောက်ကာ လုချန်း၏ ရင်ဘတ်ကို ဆွဲကိုင်လိုက်ပြီး နောက်တစ်ခဏတွင် သူ့ကို ကုတင်ပေါ်သို့ တွန်းချကာ သူ့အပေါ်မှ အုပ်မိုးထားလိုက်သည်။
မည်သူက မည်သူ့ကို ပိုင်ဆိုင်ကြောင်း လုချန်းကို သူမ သိစေချင်သည်။ လုချန်းကို သူမ၏ အောက်တွင် ဖိချထားခြင်းက သူမ၏ ရပ်တည်ချက်ကို ပြန်လည် အတည်ပြုနိုင်သဖြင့် ထိုခံစားချက်က သူမကို တကယ် စိတ်ကျေနပ်စေ၏။
လုချန်းသည် ယွမ်ယုတိ၏ အတင်းအဓမ္မ ပြုမူမှုကို လုံးဝ မခုခံပဲ သူမကို ငြိမ်သက်စွာ စိုက်ကြည့်နေခဲ့သည်။
မကြာမီပင် ယွမ်ယုတိသည် လုချန်းကို သူမ၏ ကျင့်ကြံခြင်း ကိရိယာအဖြစ် ထပ်မံ၍ မဆိုင်းမတွ ပြောင်းလဲလိုက်ပြန်သည်။
…..
တစ်ချိန်တည်းမှာပင်။
နတ်သခင် ကောင်းကင်သည် နဂါးနယ်မြေမှ ချက်ချင်း ထွက်ခွာမသွားသေးချေ။ အကြောင်းမှာ သူမသည် နတ်သခင် ယွမ်မုန့် ပေးအပ်ထားသည့် အခြားတာဝန်တစ်ခုကို မမေ့မလျော့ သတိရနေသေးသောကြောင့် ဖြစ်သည်။
ထိုအရာမှာ လုချန်း၏ ပင်မကိုယ် ဘယ်မှာလဲဟူသည့် ပဟေဠိကို ဖြေရှင်းရန် ဖြစ်သည်။
သူမသည် ယခင်က ချင်နိုင်ငံသို့ သွားရောက်ခဲ့ဖူးပြီး ထိုနေရာတွင် လုချန်း၏ ရွှေနတ် ကိုယ်ပွားသာ ရှိသဖြင့် သူမကို ဇဝေဇဝါ ဖြစ်စေခဲ့သည်။
လုချန်းသည် နတ်ဘုရား နိုင်ငံတစ်ခုကို တည်ထောင်ခဲ့ပြီး နိုင်ငံ၏ ကံစွမ်းအား ကောင်းချီးပေးမှုကြောင့် သူ၏ ကျင့်ကြံမှုနှုန်း ပိုမြန်ဆန်လာရန် ထိုနေရာ၌သာ ရှိနေရမည် ဖြစ်သော်လည်း သူ၏ ပင်မကိုယ်မှာ သူ၏ ကိုယ်ပိုင်နတ်ဘုရားနိုင်ငံတွင် မရှိပေ။
အကယ်၍ သူက သူ၏ ကိုယ်ပိုင်နိုင်ငံတွင် မရှိလျှင် အခြား မည်သည့်နေရာတွင် ရှိနိုင်မည်နည်း။
ချင်နိုင်ငံနှင့် လျှို့ဝှက်လဝန်း နန်းတော်တို့၏ ကံစွမ်းအား ချိတ်ဆက်ထားပုံရသည်ကို သူမ ဝေဝေဝါးဝါး ခံစားခဲ့ရသည်။
လုချန်းအတွက် ချင်နိုင်ငံတွင် နေသည်ဖြစ်စေ လျှို့ဝှက်လဝန်း နန်းတော်တွင် နေသည်ဖြစ်စေ ဆံခြည်တစ်မျှပင် ကွာခြားမှု ရှိလိမ့်မည်မဟုတ်ပေ။
လုချန်း၏ ပင်မကိုယ်သည် ချင်နိုင်ငံတွင် မရှိသဖြင့် လျှို့ဝှက်လဝန်း နန်းတော်တွင် ရှိနေရန် ရာခိုင်နှုန်းပြည့် အလွန်ပင် ဖြစ်နိုင်ခြေရှိသည်။
ယခင်က လုချန်း၏ ရွှေနတ် ကိုယ်ပွားသည် သူမကို မျက်စိလည်လမ်းမှားအောင် လုပ်ရန် ဉာဏ်ဆင်လှည့်စားထားခြင်းသက်သက် ဖြစ်နိုင်သည်။
ထိုသို့ တွေးမိပြီးနောက် နတ်သခင် ကောင်းကင်သည် သူမ၏ နတ်အာရုံကို ထပ်မံ ထုတ်လွှတ်လိုက်ပြီး လျှို့ဝှက်လဝန်း နန်းတော်တစ်ခုလုံးကို စေ့စေ့စပ်စပ် နောက်တစ်ကြိမ် ရှာဖွေစစ်ဆေးလိုက်သည်။
သို့သော် သူမ၏ နတ်အာရုံ လျှို့ဝှက်လဝန်း နန်းတော်သို့ ရောက်ရှိသွားသည်နှင့် ယွမ်ယုတိတစ်ယောက် လုချန်းကို ပြင်းထန်စွာ ပြုမူနေသည်ကို တွေ့လိုက်ရသဖြင့် သူမ အံ့အားသင့်သွားသည်။
နတ်သခင် ကောင်းကင် သူမ၏ လက်သီးကို ခပ်ဖွဖွ ဆုပ်လိုက်မိ၏။ နတ်သခင် အဆင့်သို့ တက်ရောက်သွားသည့် ယွမ်ယုတိသည် တောင်ပေါ်က လိမ့်ကျသလို ဤမျှအထိ အဆင့်နိမ့် ကျဆင်းသွားလိမ့်မည်ဟု မထင်မှတ်ထားပေ။
သူမ ထွက်ခွာသွားပြီး မကြာသေးမီမှာပင် ယွမ်ယုတိသည် ဤကဲ့သို့သော အပြုအမူမျိုးကို ပြုလုပ်ရန် စိတ်အားထက်သန်နေခဲ့သည်။
ထို့ပြင် သူမကပင် ဦးဆောင် ပြုလုပ်နေခြင်း ဖြစ်သည်။
နတ်သခင် ကောင်းကင်သည် သူမ မြင်တွေ့ခဲ့ရသည့်အရာကို လျစ်လျူရှုကာ သူမ၏ နတ်အာရုံဖြင့် နဂါးနယ်မြေကို ဆက်လက် ရှာဖွေနေခဲ့သည်။
ယွမ်ယုတိ သူမ၏ နတ်အာရုံကို ဧကန်မုချ ခံစားမိလိမ့်မည်ကို သူမ သိသော်လည်း ယွမ်ယုတိတွင် ရှက်စိတ် ရှိ၊ မရှိနှင့် သူမ၏ စောင့်ကြည့်မှုအောက်တွင် ဤကဲ့သို့သော အပြုအမူများကို ဆက်လက် ရဲရဲဝံ့ဝံ့ လုပ်ဆောင်ရဲ၊ မရဲကိုလည်း စမ်းသပ်ကြည့်ချင်ခဲ့သည်။
သို့သော် အံ့ဩစရာကောင်းသည်မှာ လျှို့ဝှက်လဝန်း နန်းတော်ကို အကြိမ်ကြိမ် ရှာဖွေစစ်ဆေးပြီးနောက်တွင်ပင် အခြားနတ်သခင်၏ အငွေ့အသက်ကို သူမ ရှာမတွေ့ခဲ့သလို ယွမ်ယုတိကလည်း လုံးဝ ရပ်တန့်သွားခြင်း မရှိပေ။
သူမ၏ သည်းခံနိုင်စွမ်း အကန့်အသတ်သို့ ရောက်ရှိသွားသဖြင့် နတ်သခင် ကောင်းကင်လည်း နှာခေါင်းရှုံ့ကာ သူမ၏ နတ်အာရုံကို ရုပ်သိမ်းလိုက်ပြီး
“ကယ်မရနိုင်တော့တဲ့သူပဲ”
ဟု ရေရွတ်လိုက်သည်။
ထိုသို့ပြောပြီးနောက် နတ်သခင် ကောင်းကင်သည် နောက်ဆုံးတွင် အပြန်ခရီးကို စတင်ခဲ့တော့သည်။
နတ်သခင် ကောင်းကင်၏ နတ်အာရုံ ပျောက်ကွယ်သွားလျှင်မှသာ ယွမ်ယုတိသည် သူမ၏ အပြုအမူများကို ရပ်တန့်လိုက်ပြီး နတ်သခင် ကောင်းကင် ထွက်ခွာသွားသည့် ဘက်သို့ ကြည့်ကာ အတွေးကမ္ဘာထဲ နစ်မျောနေခဲ့သည်။
လုချန်းက ပြုံးပြီး
“ဆရာနဲ့ ကျုပ်က တော်တော်တူတယ်ဆိုတာကို ကျုပ် သတိထားမိတယ်။”
ယွမ်ယုတိက သူ့ကို ငုံ့ကြည့်ကာ
“ဘာကို တူတာလဲ”
လုချန်းက
“ဆရာ မှတ်မိလား။ ကျုပ်နဲ့ ချူယောင် စုံတွဲကျင့်စဉ် ကျင့်ကြံနေတုန်းက ဆရာ ရုတ်တရက် ရောက်လာခဲ့တာလေ။”
ယွမ်ယုတိက အေးစက်စွာဖြင့်
“ရှင် ဘာကိုပြောချင်တာလဲ”
လုချန်းက ပြုံးလျက်
“ဆရာ ကျုပ်တို့ကို မိသွားတုန်းက ကျုပ် ရှက်စိတ်မရှိခဲ့ရုံတင်မကပဲ ပိုတောင် စိတ်လှုပ်ရှားသွားသေးတယ်။”
“ကြည့်ရတာ ဆရာကလည်း ကျုပ်လိုပဲ သူများ အကြည့်ခံရတာကို သဘောကျပုံရတယ်။”
ထိုစကားကို ကြားလျှင် ယွမ်ယုတိ၏ ခန္ဓာကိုယ်မှ မီးတောင်ပေါက်ကွဲသလို အေးစက်သော အငွေ့အသက်များ ပေါက်ကွဲထွက်လာပြီး သူမ၏ ဆံပင်များသည် အေးစက်သော လေထဲတွင် လွင့်ပျံသွားခဲ့သည်။
လုချန်း၏ စကားများသည် အနှစ်သာရအားဖြင့် သူမကို သိက္ခာမရှိသော အရှက်မရှိ အပျော်အပါးမက်သူတစ်ဦးအဖြစ် သိသိသာသာ စော်ကားနေခြင်း ဖြစ်သည်။
ယွမ်ယုတိ ဒေါသပုန်ထကာ စိတ်ဆိုးသွားသည်ကို မြင်သော်လည်း လုချန်းက ဆက်လက်၍
“စောစောတုန်းက အလွန်အစွမ်းထက်တဲ့ နတ်အာရုံတစ်ခု လျှို့ဝှက်လဝန်း နန်းတော်ကို လွှမ်းခြုံထားတယ်။ အဲ့ဒါက ဧကန်မုချ နတ်သခင် ကောင်းကင်ရဲ့ နတ်အာရုံပဲ ဖြစ်ရမယ်။”
“ကျုပ်တောင် အာရုံခံစားမိသေးတာ... ဆရာ သတိမထားမိဘူးဆိုတာ ကျုပ် ဘယ်လိုမှ မယုံဘူး။”
နောက်ဆုံးတွင် သည်းမခံ မအောင့်အီးနိုင်တော့သော ယွမ်ယုတိက
“ပါးစပ်ပိတ်စမ်း”
ဟု ဒေါသတကြီး ငေါက်ငမ်းလိုက်သည်။
ထိုသို့ပြောပြီးသည်နှင့် ယွမ်ယုတိသည် လုချန်း၏ ပါးစပ်ကို နတ်စွမ်းအားဖြင့် ချက်ချင်း ချိပ်ပိတ်လိုက်သည်။
ထို့နောက် ယွမ်ယုတိက အေးစက်စွာဖြင့်
“ရှင်က အသုံးဝင်နေသေးလို့ သည်းခံပေးလိုက်မယ်။ မဟုတ်ရင် စောစောက အရှက်ခွဲတဲ့ စကားတွေအတွက်ရှင့်ကို ကျွန်မ အစဖျောက် သတ်ပစ်လိုက်ပြီ။”
ထိုသို့ပြောပြီးနောက် ယွမ်ယုတိသည် ကျင့်ကြံခြင်းကို အစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်ခဲ့သည်။ လုချန်းသည် အဓိပ္ပာယ်မရှိသော စကားများ ပြောရတာကို သဘောကျကြောင်း သူမ သိသဖြင့် ယခု သူ့ပါးစပ်ကို ပိတ်လိုက်ခြင်းက သူ၏ စော်ကားမှုများအတွက် သင့်တော်သော ပြစ်ဒဏ်တစ်ခု ဖြစ်သည်။
--
…………