← Chapters

အခန်း ၁၉၄၀

Vol. 130 Ch. 1940

အခန်း ၁၉၄၀

Vol. 130 Ch. 1940

အခန်း( ၁၉၄၀)

နတ်စွမ်းအားများ ပြန်လည် နိုးထလာခြင်း

နတ်သခင် ယွမ်မုန့်၏ မေးခွန်းကို ရင်ဆိုင်ရလျှင် နတ်သခင် ကောင်းကင်က ထိမ်ချန်ခြင်းမရှိ ပွင့်ပွင့်လင်းလင်းပင် တုံ့ပြန်လိုက်သည်။

“လျှို့ဝှက်လဝန်း နန်းတော် နတ်ဂိုဏ်းရဲ့ ကံကြမ္မာဟာ လုချန်းရဲ့ ချင် နတ်ဘုရားနိုင်ငံရဲ့ ကံစွမ်းအားနဲ့ ထူးဆန်းစွာ စပ်ယှက်ချိတ်ဆက်နေပုံရတယ်။ အရိုင်းနယ်မြေထဲမှာဆိုရင် သူရဲ့ စွမ်းအားက ပိုပြီးတော့တောင် တိုးတက်အားကောင်းလာနိုင်တယ်။”

နတ်သခင် ကောင်းကင်၏ စကားကို ကြားရလျှင် နတ်သခင် ယွမ်မုန့်က လှိုင်းမထသော ရေပြင်ပမာ တည်ငြိမ်အေးဆေးသော လေသံဖြင့် မေးလိုက်သည်။

“လုချန်းရဲ့ ပင်မကိုယ်ကလည်း အရိုင်းနယ်မြေထဲမှာ ရှိနေတာလား။”

လုချန်း၏ ပင်မကိုယ်သည် လက်ရှိတွင် မည်သည့်ကျင့်စဉ်အဆင့်သို့ ဆိုက်ရောက်နေကြောင်းနှင့် ထို့ပြင် တစ်နေ့သောအခါတွင် ၎င်းက သူတို့၏ ဘိုးဘေး၏ စီမံကိန်းကို နှောင့်ယှက်ထိခိုက်လာနိုင်သလားဆိုသည်ကို သူမ စူးစမ်းချင်စိတ် ပြင်းပြနေမိသည်။

သူတို့၏ ဘိုးဘေးသည် သတ္တဝါဆန်းများ ချိပ်ပိတ်ခြင်းကို ဖျက်ဆီးပြီး ထျန်းရန် နတ်ဘုရားနယ်မြေသို့ ကျူးကျော်ဝင်ရောက်လာရန် စောင့်စားမျှော်လင့်နေခြင်းဖြစ်ပြီး လုချန်းကတော့ နေဝင်တောင်တန်း၏ ချိပ်ပိတ်ခြင်းကို ပိုခိုင်မာတောင့်တင်းအောင် ကူညီထောက်ပံ့ပေးနိုင်သည့်သူ ဖြစ်နေသည်။

ရပ်တည်ချက်ချင်း နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် လုချန်းသည် ယခုအခါ လျှို့ဝှက်လဝန်း ကျောင်းတော်နှင့် တောင်နှင့်မြောက်လို ဆန့်ကျင်ဘက် နေရာတွင် ရပ်တည်နေခြင်းပင်။

အရေးအကြီးဆုံး အချက်မှာ လုချန်းသည် ယခုအခါ ယွမ်ယုတိနှင့် ပတ်သက်ဆက်နွှယ်နေပြီး လျှို့ဝှက်လဝန်း ကျောင်းတော်ကတော့ သူတော်စင်မ အရည်အချင်းရှိသူ အားလုံးကို ဇာတိမြေသို့ ပြန်လည်ခေါ်ဆောင်ရန် စဉ်းစားနေသဖြင့် လုချန်းနှင့် ပဋိပက္ခဖြစ်ပွားခြင်းအား ရှောင်လွှဲ၍ မရနိုင်တော့ပေ။

နတ်သခင် ကောင်းကင်က

“ကျွန်မ ချင် နတ်ဘုရားနိုင်ငံနဲ့ လျှို့ဝှက်လဝန်း နန်းတော် နှစ်ခုလုံးကို စုံစမ်းစစ်ဆေးခဲ့ပေမဲ့ လုချန်းရဲ့ ရွှေနတ်အဆင့် ကိုယ်ပွားကိုပဲ တွေ့ရှိခဲ့ရပါတယ်။ လုချန်းရဲ့ ပင်မကိုယ် ဒါမှမဟုတ် အခြား နတ်သခင်တွေရဲ့ အရှိန်အဝါ အရိပ်အယောင်ကိုတောင် မတွေ့ခဲ့ရပါဘူး။”

ထို့နောက် နတ်သခင် ကောင်းကင်က သူမ၏ ခန့်မှန်းချက်တစ်ခုကို တင်ပြလိုက်သည်။

“ဖြစ်နိုင်ခြေရှိတာက လုချန်းရဲ့ ပင်မကိုယ်ကလည်း လက်ရှိမှာ ရွှေနတ်အဆင့်မှာပဲ ရှိနေသေးတာလား။”

နတ်သခင် ယွမ်မုန့်က ခေါင်းခါယမ်းကာ

“လုံးဝ မဖြစ်နိုင်ဘူး။ သူတော်စင်အဆင့် နည်းဗျူဟာအင်းကွက်တွေကို ရေးထိုးနိုင်တဲ့ စွမ်းရည်တစ်ခုတည်းနဲ့တင် လုချန်းရဲ့ နတ်ဝိညာဉ် ဘယ်လောက်အထိ အားကောင်းလဲဆိုတာ သက်သေပြဖို့ လုံလောက်နေပြီ။ ရွှေနတ်အဆင့် ရုပ်ခန္ဓာ ကိုယ်တစ်ခုက ဒီလောက်အထိ ထည်ဝါအားကောင်းတဲ့ နတ်ဝိညာဉ်ကို ကြံ့ကြံ့ခံ မတောင့်ခံနိုင်ဘူး။”

နတ်ဘုရားတစ်ပါး၏ နတ်ဝိညာဉ်အား ရုပ်ခန္ဓာမှ သီးသန့်ခွဲထွက်နိုင်၏။ နတ်အများစုအတွက် ရုပ်ခန္ဓာဆိုသည်မှာ နတ်ဝိညာဉ်နားခိုရာ အိမ်တစ်ခုသာ ဖြစ်သည်။ နတ်ဝိညာဉ် ရုပ်လွှာ တည်ရှိနေပါက ရုပ်ခန္ဓာကို အကြိမ်ကြိမ်အခါခါ ပြန်လည်ပုံဖော်ဖန်တီးနိုင်သည်။

သို့သော်ငြားလည်း ထိုအရာက နတ်ဘုရားတစ်ပါး၏ နတ်ဝိညာဉ်သည် မည်သည့်ခန္ဓာကိုယ်ကိုမဆို စိတ်တိုင်းကျ အသုံးပြုနိုင်သည်ဟု မဆိုလိုပေ။

ရုပ်ခန္ဓာ၏ ကျင့်စဉ်အဆင့်နှင့် ဝိညာဉ်စွမ်းအားတို့ မကိုက်ညီလျှင် ခန္ဓာကိုယ်သည် သဲရဲတိုက်ပမာ လျင်မြန်စွာ ပျက်စီးပြိုလဲသွားလိမ့်မည်။

ဟုတ်ပါသည်။ အတိတ်ဘဝမှ အားကြီးသည့် နတ်ဝိညာဉ်ကို သိမ်းဆည်းနိုင်သော ခန္ဓာကိုယ် ပိုင်ဆိုင်ထားသည့် နတ်များ ရှိပါသည်။ သို့သော် ထိုသို့ ဖြစ်ရခြင်းမှာ ဘဝကူးပြောင်းလာသည့် နတ်တိုင်းနီးပါးသည် သူတို့၏ နတ်ဝိညာဉ်ကို လုံခြုံစွာ ချိပ်ပိတ်ထားသောကြောင့် ဖြစ်သည်။

ဘဝကူးပြောင်းပြီးနောက် နတ်ဝိညာဉ်သည် အလိုအလျောက် ချိပ်ပိတ်သွားပြီး ရုပ်ခန္ဓာ ပိုစွမ်းအားကြီးလာမှသာ ဝိညာဉ်သည် ချိပ်ပိတ်ခြင်းကို စတင်ဖွင့်လှစ်ကာ အတိတ်ဘဝ မှတ်ဉာဏ်များကို တရွေ့ရွေ့နှင့် တဖြည်းဖြည်း ပြန်လည်စီးဝင်စေခြင်း ဖြစ်သည်။

လုချန်း၏ နတ်သခင်အဆင့်ရှိ နတ်ဝိညာဉ်သာ ရွှေနတ်အဆင့် ခန္ဓာကိုယ်ထဲတွင် ကိန်းအောင်းနေမည်ဆိုပါက ထိုခန္ဓာကိုယ်သည် မျက်စိတစ်မှိတ် လျှပ်တစ်ပြက် အတွင်း ပြိုကွဲပျက်စီးသွားလိမ့်မည်။

အကယ်၍ လုချန်းသည် ဘဝကူးပြောင်းလာသည့် နတ်ဘုရားတစ်ပါး ဖြစ်နေလျှင်တော့ သူ၏ ရွှေနတ်အဆင့် ခန္ဓာကိုယ်က သူ၏ ချိပ်ပိတ်ထားသော နတ်ဝိညာဉ်ကို ကောင်းစွာ လက်ခံထားနိုင်သော်လည်း ထိုသို့ဆိုလျှင် သူ၏ ချိပ်ပိတ်ထားသော နတ်ဝိညာဉ်သည် ဆန်းကြယ်လှသော သူတော်စင်အဆင့် နည်းဗျူဟာအင်းကွက်များကို ရေးထိုးနိုင်လိမ့်မည် မဟုတ်ပေ။

လုချန်းတွင် ထူးကဲလှသော နတ်သခင်အဆင့်ရှိ နတ်ဝိညာဉ် ရှိနေသဖြင့် သူ၏ ပင်မကိုယ်သည်လည်း နတ်သခင်အဆင့် စွမ်းအား ဧကန်မုချ ရှိပေလိမ့်မည်။

နတ်သခင် ယွမ်မုန့်၏ စကားကို ကြားလျှင် နတ်သခင် ကောင်းကင်လည်း ရွှေနတ်အဆင့် ခန္ဓာကိုယ်က နတ်သခင်၏ နတ်ဝိညာဉ်ကို မထိန်းထားနိုင်ကြောင်း ကွင်းကွင်းကွက်ကွက် သဘောပေါက်သွားသဖြင့် ဘာမှထပ်၍ မပြောတော့ပေ။

ထို့နောက် နတ်သခင် ယွမ်မုန့်က

“သူက ဇာတိမြေကို ပြန်မလာချင်ဘူးဆိုမှတော့ ကျွန်မကိုယ်တိုင်ပဲ အရိုင်းနယ်မြေကို သွားပြီး သူ့ကို မရရအောင် ပြန်ခေါ်လာခဲ့မယ်။”

ထိုအရာကို ကြားလျှင် နတ်သခင် ကောင်းကင်သည် ဆွံ့အသွားပြီး နတ်သခင် ယွမ်မုန့်တစ်ယောက် တကယ်အတည် ပြောနေခြင်းလားဟု စိုးရိမ်စိတ်ဖြင့် တွေးတောမိသွားသည်။

ယွမ်မုန့်သည် မဟာအင်အားကြီးအုပ်စုတစ်စု၏ ဥသျှောင် ဖြစ်၏။ သူမသည် နတ်ဂိုဏ်းမှ လွယ်လွယ်ကူကူ ထွက်ခွာ၍မရနိုင် ပေ။ ထိုအချက်ကို ထည့်သွင်းစဉ်းစားကာ နတ်သခင် ယွမ်မုန့်သည် ဤအရာကို ယွမ်ယုတိအား ခြိမ်းခြောက်ရန်အတွက်သာ ပြောခြင်းဖြစ်သည်ဟု သူမ အစက ထင်မှတ်ခဲ့ခြင်းဖြစ်၏။

ထို့နောက် နတ်သခင် ကောင်းကင်က

“ဒီလို ကိစ္စအသေးအမွှားလေးကို အခြား နတ်သခင်တွေကိုပဲ လွှတ်ပြီး ဖြေရှင်းခိုင်းလို့ ရတာပဲ။ ကျောင်းတော်သခင်ကိုယ်တိုင် သွားဖို့ မလိုပါဘူး မဟုတ်လား။”

နတ်သခင် ယွမ်မုန့်က

“ဒါက ဘိုးဘေးရဲ့ အမိန့်ပဲ။ သူ ဘာကြောင့် သူတော်စင်မ အရည်အချင်းရှိသူတွေကို ကောက်ရိုးပုံထဲ အပ်ရှာသလို လိုက်ရှာနေလဲဆိုတာ ကျွန်မ မသိပေမဲ့ ဘိုးဘေးရဲ့ စကားတွအရ ဒီအရာရဲ့ အရေးပါမှုကို သက်သေပြနေတယ်။”

“ယွမ်ယုတိက နတ်သခင်အဆင့်ကို အောင်မြင်စွာ တက်ရောက်သွားပြီဖြစ်သလို လုချန်းရဲ့ လက်တွဲ ကူညီမှုလည်း ရှိနေတော့ သာမန် နတ်သခင်တွေကို လွှတ်ရင် အရိုင်းနယ်မြေကနေ သူ့ကို လက်ရဖမ်းဆီး ပြန်ခေါ်လာနိုင်ဖို့ မလွယ်ဘူး။”

ထိုသို့ပြောရင်း နတ်သခင် ယွမ်မုန့် ခဏခန့်ရပ်ကာ ရုတ်တရက် စဉ်းစားတွေးတောလိုက်ပြီးနောက်

“အခု ပြန်တွေးကြည့်ရင် လုချန်းရဲ့ ပင်မကိုယ် အဲဒီအရိုင်းမြေမှာ မရှိတာက ကျွန်မတို့အတွက် ပိုပြီး အကျိုးရှိနိုင်တယ်”

ဟု ဆက်ပြောလိုက်သည်။

အကယ်၍ လုချန်း အရိုင်းနယ်မြေတွင် မရှိပါက ယွမ်ယုတိကို လက်ရဖမ်းဆီးရန်အတွက် သူမတစ်ဦးတည်းကိုသာ အောင်နိုင်အောင် တိုက်ခိုက်ရန် လိုအပ်၏။ ရှိနေသော လုချန်း၏ ကိုယ်ပွားကတော့ နတ်သခင်အဆင့် စွမ်းအားကို မည်သို့မှ အပြည့်အဝ ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ပေ။

နတ်သခင် ယွမ်မုန့်၏ စကားကို ကြားရလျှင် နတ်သခင် ကောင်းကင်လည်း ကျောက်ရုပ်ပမာ တိတ်ဆိတ်သွား‌တော့၏။ ယွမ်ယုတိကို လျှို့ဝှက်လဝန်း ကျောင်းတော်သို့ အတင်းအဓမ္မ ပြန်ခေါ်လာခြင်းက ရေရှည်အတွက် ပညာရှိရာ မကျနိုင်ကြောင်းလည်း သူမ ရင်ထဲတွင် ခံစားလိုက်ရသည်။

နတ်သခင် ယွမ်မုန့်က လျှို့ဝှက်လဝန်း ကျောင်းတော်၏ နတ်သခင်များကို အရေးပေါ် စုစည်းရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ထျန်းရန် နတ်ဘုရားနယ်မြေ၏ မြေပြင်ကြီး တစ်ခုလုံး တုန်ခါသွားပြီး ကောင်းကင်ယံရှိ လျှို့ဝှက်လဝန်း ကျောင်းတော်ကိုပင် လှုပ်ခါသွားစေသည်။

နောက်ထပ် မျက်စိတစ်မှိတ်ခန့်ကြာသော အခိုက်အတန့်တွင် ထျန်းရန် နတ်ဘုရားနယ်မြေ၏ နတ်စွမ်းအားအငွေ့အသက်များသည် ကမ္ဘာဦးအစက နတ်စွမ်းအားများ ပြန်လည်နိုးထလာဘိသကဲ့သို့ ရုတ်တရက် ပြင်းထန်ထကြွလာခဲ့သည်။

ကောင်းကင်နှင့် မြေကြီးကြားရှိ ထူးဆန်းသော အပြောင်းအလဲကို အာရုံခံမိသဖြင့် နတ်သခင် ယွမ်မုန့်နှင့် နတ်သခင် ကောင်းကင်တို့သည် ယွမ်မုန့်ခန်းမထဲမှ လျှပ်စီးပမာ ချက်ချင်းထွက်ခွာကာ ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။

သူတို့ ထွက်လာချိန်၌ လျှို့ဝှက်လဝန်း ကျောင်းတော်မှ နတ်သခင်များသည်လည်း ကောင်းကင်အထက် တိမ်စိုင်များပေါ်မှနေ၍ ထျန်းရန် နတ်ဘုရားနယ်မြေ၏ အပြောင်းအလဲကို စိုးရိမ်တကြီး အာရုံခံနေကြပြီ ဖြစ်သည်။

လေထုထဲတွင် ပို၍သိပ်သည်း ကြီးထွားလာသော နတ်စွမ်းအားအငွေ့အသက်များကို ခံစားမိရင်း နတ်သခင်များလည်း တစ်ဦးမျက်နှာ တစ်ဦးကြည့်လိုက်ကြ၏။

“ဘာတွေဖြစ်နေတာလဲ... ဘာလို့ ထျန်းရန် နတ်ဘုရားနယ်မြေရဲ့ နတ်စွမ်းအားအငွေ့အသက်တွေက ဒီရေတက်သလို ရုတ်တရက်ကြီး မြင့်တက်လာရတာလဲ။”

“နောက်ထပ် ကပ်ဘေးတစ်ခု ကျရောက်တော့မှာမို့လို့လား။”

“နတ်စွမ်းအားအငွေ့အသက်တွေ ပြန်လည်နိုးထလာတာက ကံကောင်းခြင်း ဖြစ်သင့်တာမဟုတ်ဘူးလား။ ကမ္ဘာဦး ရှေးဟောင်းခေတ်တုန်းက ထျန်းရန် နတ်ဘုရားနယ်မြေရဲ့ နတ်စွမ်းအားအငွေ့အသက်တွေက အခုထက်တောင် ပိုပြီး ကြွယ်ဝခဲ့တယ်လို့ လူပြောသူပြော ရှိကြတယ်။”

“နတ်စွမ်းအားအငွေ့အသက်တွေကအကြောင်းပြချက်မရှိပဲ တိုးပွားမလာနိုင်ဘူး။ အထူးသဖြင့် နတ်စွမ်းအား သိပ်သည်းဆက ကောင်းကင်အထိ ရုတ်တရက်ကြီး ထိုးတက်လာတာဆိုတော့ ဒါက ကောင်းတဲ့အရာ ဖြစ်ချင်မှဖြစ်မှာ။”

နတ်သခင် ယွမ်မုန့်သည် စကားတစ်ခွန်းမှမဆိုပဲ နှုတ်ဆိတ်နေပြီး အလယ်ပိုင်းနယ်ရှိ အခြားသော အခြေအနေများကို စူးစမ်းရန် နတ်အာရုံကို ဖြန့်ကြက်လိုက်၏။ လျှို့ဝှက်လဝန်း ကျောင်းတော် တစ်ဂိုဏ်းတည်း သက်ရောက်မှုရှိသည် မဟုတ်ပဲ အလယ်ပိုင်းနယ်ရှိ အခြားသော ဒေသအနှံ့အပြားတွင်လည်း နတ်စွမ်းအားအငွေ့အသက်များ သိသိသာသာ ဆူပွက်မြင့်တက်လာကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။

လုချန်းနှင့် တို့လူစု နေဝင်တောင်တန်း၏ ချိပ်ပိတ်ခြင်းကို ခိုင်မာအောင် ပြုလုပ်ခဲ့ခြင်းကြောင့် ထျန်းရန် နတ်ဘုရားနယ်မြေ၏ နတ်စွမ်းအားအငွေ့အသက်များ တိုးပွားမြင့်တက်လာခြင်း ဖြစ်နိုင်မလားဟု နတ်သခင် ယွမ်မုန့် မတွေးပဲ မနေနိုင်ဖြစ်မိသည်။

ထိုထူးဆန်းသော အတွေး ဝင်လာသဖြင့် နတ်သခင် ယွမ်မုန့် သူမ၏ ခေါင်းယမ်းကာ ချက်ချင်းပင် ထိုအတွေးကို ငြင်းပယ်လိုက်သည်။

အကယ်၍ နေဝင်တောင်တန်း၏ ချိပ်ပိတ်ခြင်းကို ပိုခိုင်မာအောင် လုပ်ခြင်းက ထျန်းရန် နတ်ဘုရားနယ်မြေ၏ နတ်စွမ်းအားအငွေ့အသက်ကို ဆပွားတိုးပွားစေနိုင်သည်ဆိုပါက စွမ်းအားပြင်းထန်မှုမှာ လှေကားထစ်ပမာ အဆင့်ဆင့် ဖြစ်စဉ်တစ်ခုအတိုင်း စီးဆင်းသွားရမည်ဖြစ်သည်။

လုချန်းတို့ လူစုသည် တစ်နေရာချင်းစီအလိုက် ချိပ်ပိတ်ခြင်းကို တစိုက်မတ်မတ် ခိုင်မာအောင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တစ်ပြိုင်နက်တည်း တစ်ဟုန်ထိုး လုပ်ဆောင်ခဲ့ခြင်းမဟုတ်သဖြင့် နတ်စွမ်းအား သိပ်သည်းဆများ ရုတ်တရက်ကြီး မိုးပေါ်ထိုးတက်လာစရာ အကြောင်းမရှိပေ။

ယခုအကြိမ် နတ်စွမ်းအားအငွေ့အသက်များ ပြန်လည်နိုးထလာခြင်းက တကယ့်ကို ပဟေဠိဆန်စွာ ထူးဆန်းလွန်းလှသည်။

ထိုစိုးရိမ်ဖွယ် အခိုက်အတန့်တွင် နတ်သခင် ယွမ်မုန့်သည် မျက်လုံးများကို မှိတ်ကာ သူမ၏ ကျင့်ကြံခြင်းလမ်းစဉ်ကို အာရုံခံကြည့်လိုက်၏။ ထိုအခါ လမ်းစဉ်များသည် ထိုသတ္တဝါဆန်း၏ မိစ္ဆာစွမ်းအားဖြင့် တိုက်စားဖျက်ဆီးမှုကို ခံနေရဆဲဖြစ်ကြောင်း ကောင်းစွာ သိလိုက်ရသည်။

ထို့နောက် နတ်သခင် ယွမ်မုန့်က မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး နတ်သခင်များထံသို့

“အခုချက်ချင်း အရေးပေါ် ဆွေးနွေးဖို့ ယွမ်မုန့်ခန်းမကို လာခဲ့ကြ”

ဟု အသံလွှင့်လိုက်သည်။

သူမ၏ အမိန့်သံနှင့်အတူ သူမကိုယ်တိုင်လည်း ယွမ်မုန့်ခန်းမဆီသို့ ဦးဆောင်ကာ ပြန်လည်ဝင်ရောက်သွားခဲ့သည်။

အခြားသော နတ်သခင်များသည်လည်း ယွမ်မုန့်ခန်းမသို့ လိုက်ပါလာကြပြီး နတ်စွမ်းအားအငွေ့အသက်များ တိုးပွားလာရသည့် လျှို့ဝှက်အကြောင်းရင်းများကို စတင် ဆွေးနွေးကြတော့သည်။

အမျိုးမျိုးသော စိတ်ကူး ခန့်မှန်းချက်များကို ရဲရဲဝံ့ဝံ့ တင်ပြခဲ့ကြသော်လည်း မည်သည့်အရာကမှ အထောက်အထား ခိုင်လုံမှုမရှိပေ။ သူတို့ပြောသော ယူဆချက်များမှာ သက်သေပြစရာမရှိသော စိတ်ကူးမှန်းဆချက်များသာ ဖြစ်သည်။

နတ်သခင် ယွမ်မုန့်လည်း နတ်စွမ်းအား တိုးပွားလာရသည့် အကြောင်းရင်းခံကို စုံစမ်းရန် လူများကို စေလွှတ်ခြင်းမှတစ်ပါး အခြားလမ်းရွေးချယ်စရာမရှိတော့ပေ။ အလယ်ပိုင်းနယ်မြေကဲ့သို့ပင် အခြားသော နယ် မြေများတွင်လည်း နတ်စွမ်းအားများ ပြန်လည်နိုးထလာခြင်း ရှိမရှိကို သိနိုင်ရန် အခြားနယ်မြေများဆီသို့ လျှို့ဝှက်သံတမန်များကို စေလွှတ်လိုက်ရတော့သည်။

အမှန်စင်စစ် နတ်စွမ်းအားအငွေ့အသက် အလုံးအရင်း ပြန်လည်နိုးထလာခြင်းမှာ အလယ်ပိုင်းနယ်တစ်ခုတည်းတင် မဟုတ်ပေ။ မြောက်ပိုင်းနယ်နှင့် အရိုင်းနယ်မြေ နှစ်ခုလုံးတွင်လည်း နတ်စွမ်းအားများ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလောက်အောင် ထိုးတက်လာခဲ့ခြင်းဖြစ်သည်။

……..

အရိုင်းနယ်မြေ။

လျှို့ဝှက်လဝန်း ကျောင်းတော်။

ရေခဲနန်းတော်။

ယွမ်ယုတိသည် လုချန်းနှင့် အကြိတ်အနယ် ရင်ဆိုင်တိုက်ခိုက်နေစဉ် လျှို့ဝှက်လဝန်း နန်းတော်အတွင်းရှိ နတ်စွမ်းအားအငွေ့အသက်များ တစ်ဟုန်ထိုး လျင်မြန်စွာ မြင့်တက်လာမှုကို ရုတ်တရက် အာရုံခံမိသွားပြီး လှုပ်ရှားမှုများကို မရပ်တန့်ပဲ မနေနိုင်ဖြစ်သွားခဲ့သည်။

သူမ၏ နတ်အာရုံကို ဖြန့်ကြက်၍ နဂါးနယ်မြေတစ်ခုလုံးကို နှံ့စပ်အောင် စုံစမ်းစစ်ဆေးလိုက်ရာ လျှို့ဝှက်လဝန်း နန်းတော်သာမက နဂါးနယ်မြေရှိ နေရာအမြောက်အမြားတွင်လည်း နတ်စွမ်းအားအငွေ့အသက်များ လျင်မြန်စွာ မြင့်တက်လာနေကြောင်း တွေ့ရသည်။

ယခုအခါ နတ်စွမ်းအားများသည် ရှေးယခင် ရွှေခေတ် အဆင့်အတန်းများနှင့်ပင် တူညီနေပြီဖြစ်ကြောင်း အံ့ဩဖွယ်ရာ ရှာဖွေတွေ့ရှိလိုက်ရသည်။

--

………….

All Chapters