← Chapters

အခန်း ၁၉၄၉

Vol. 130 Ch. 1949

အခန်း ၁၉၄၉

Vol. 130 Ch. 1949

အခန်း( ၁၉၄၉ )

လုချန်း လိုချင်သော အရာ

လုချန်း၏ စကားကို ကြားလျှင် နတ်သခင် ရှီယွဲ့က ခပ်ဟဟ ရယ်မောလိုက်ပြီး

“နတ်ဆိုးဧကရာဇ်က ဘယ်လိုလုပ်ပြီး ဒီလောက် သဘောကောင်းရမှာလဲ။ သူက လောကကြီးကို ဖျက်ဆီးဖို့ သတ္တဝါဆန်းတွေကို တမင်သက်သက် လွှတ်မပေးတာတင်ပဲ တော်တော်လေး ကျေးဇူးတင်ရနေပါပြီ။”

လုချန်းက

“ဒါဆို နဝမကောင်းကင်တက္ကသိုလ်က တောင်ပိုင်းနယ်မှာ ဘာလုပ်နေတာလဲ။”

နတ်သခင် ရှီယွဲ့က

“ကျွန်မတို့ရဲ့ သတင်းအချက်အလက်တွေအရတော့ နဝမကောင်းကင်တက္ကသိုလ်ဟာ တောင်ပိုင်းနယ် ကစဉ့်ကလျား နယ်မြေထဲက ကမ္ဘာငယ်တစ်ခုရဲ့ အဝင်အဝကို ရှာဖွေတွေ့ရှိခဲ့ပုံရတယ်။ အဲဒီကမ္ဘာငယ်က တစ်ချိန်က မဟာစွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် နေထိုင်ခဲ့တဲ့နေရာပဲ။ အခု သူတို့က အဲဒီနေရာမှာ အခွင့်အရေးတွေကို ရှာဖွေဖို့ လူတွေကို စေလွှတ်နေကြတာ။”

လုချန်းက ဇဝေဇဝါဖြင့်

“မဟာစွမ်းအားကြီးပုဂ္ဂိုလ် ဟုတ်လား”

ဟု မေးလိုက်၏။

နတ်သခင် ရှီယွဲ့က ဆက်လက်၍

“တချို့ကတော့ မကြာသေးမီနှစ်တွေအတွင်း ဖုံးကွယ်နေတဲ့ နတ်အရှိန်အဝါတွေ ပြန်လည်နိုးထလာတာဟာ နတ်ဧကရာဇ်တစ်ပါး ကျဆုံးသွားခဲ့တာကြောင့်လို့ ခန့်မှန်းကြတယ်။ အဲဒီနတ်ဧကရာဇ်ရဲ့ နတ်စွမ်းအားတွေက ထျန်းရန် နတ်ဘုရား နယ်မြေထဲကို ပြန်လည်စီးဝင်လာလို့ နတ်စွမ်းအားတွေ နိုးထလာတာ ဖြစ်နိုင်တယ်။”

“ပြီးတော့ တောင်ပိုင်းနယ်ရဲ့ ကစဉ့်ကလျား နယ်မြေထဲက အဲဒီကမ္ဘာငယ်ရဲ့ အဝင်အဝဟာ ဘဝတစ်ပါး ပြောင်းသွားတဲ့ ကွယ်လွန်သွားတဲ့ နတ်ဧကရာဇ် တစ်ချိန်က အခြေချ နေထိုင်ခဲ့တဲ့ နေရာအတိအကျပဲ။”

“နတ်ဧကရာဇ်တစ်ပါး နေထိုင်ခဲ့တဲ့ နေရာမှာ ကောင်းကင်က ပေးတဲ့ အခွင့်အရေးတွေ အမြောက်အမြား ရှိနေမှာ ဧကန်မုချပဲ။ ဒါကြောင့် နဝမကောင်းကင်တက္ကသိုလ်က အဲဒီနတ်ဧကရာဇ် ချန်ထားခဲ့တဲ့ တန်ဖိုးဖြတ်မရတဲ့ အခွင့်အရေးတွေကို ရယူဖို့ တောင်ပိုင်းနယ်ရဲ့ ကစဉ့်ကလျား နယ်မြေဆီကို လူတွေ အလုအယက် စေလွှတ်နေတာ ဖြစ်ရမယ်။”

နတ်သခင် ရှီယွဲ့၏ စကားကို ကြားလျှင် လုချန်း ခဏခန့် စဉ်းစားတွေးတောလိုက်ပြီး နတ်သခင် ရှီယွဲ့၏ ခန့်မှန်းချက် အလွန်ပင် အကျိုးအကြောင်းဆီလျော်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

ထျန်းရန် နတ်ဘုရား နယ်မြေအတွင်းရှိ နတ်အရှိန်အဝါများသည် မီးခိုးမထွက်ပဲ မီးမတောက်သလို အကြောင်းရင်းမရှိပဲ ပေါ်ပေါက်လာမည်မဟုတ်ပေ။ ထို့ကြောင့် နတ်ဧကရာဇ်တစ်ပါး ကျဆုံးခြင်းက နတ်အစွမ်းအားများ ရုတ်ချည်း ပြန်လည်နိုးထလာခြင်းကို တကယ် ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်နိုင်သည်။

ခဏခန့် စဉ်းစားပြီးနောက် လုချန်း သတိပြန်ဝင်လာကာ နတ်သခင် ရှီယွဲ့ကို ပြုံးလျက် ကြည့်ပြီး

“နဝမကောင်းကင်တက္ကသိုလ်က နတ်ဧကရာဇ်တစ်ပါးရဲ့ ကမ္ဘာငယ်အဝင်အဝကို ရှာတွေ့တာက ကျုပ်နဲ့ ဘာဆိုင်လို့လဲ။ နတ်သခင် ရှီယွဲ့က ဒါကို ကျုပ်ကို ဘာလို့ လာပြောရတာလဲ။”

လုချန်းသည် နတ်သခင် ရှီယွဲ့ လာရောက်ရသည့် ရည်ရွယ်ချက်ကို ကောင်းကောင်းကြီး ခန့်မှန်းမိပြီးသား ဖြစ်သည်။ ယခုအချိန်တွင် ထျန်းရန် နတ်ဘုရား နယ်မြေရှိ အင်အားစုများစွာသည် သူ့ကို ဝှက်ဖဲတစ်ခုအဖြစ် ထားရှိရန် သူ့ကိုယ်ပွားကို ၎င်းတို့နှင့်အတူ ရှိနေစေချင်ကြကြောင်း သူ သိထား၏။

ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံသည် သတ္တဝါဆန်းများကိုသာ ချိပ်ပိတ်နိုင်သည် မဟုတ်ပေ။ အဆုံးစွန်၌ ၎င်းသည် လုံလောက်သော စွမ်းအားများ ထည့်သွင်းပေးမည်ဆိုပါက နတ်သခင်များကိုပင် ချိပ်ပိတ်နိုင်သည့် သူတော်စင် အဆင့် နည်းဗျူဟာပုံစံ တစ်ခု ဖြစ်သည်။

နတ်သခင် ရှီယွဲ့သည် သူ့ကို သူမ၏ သားရဲမဟာမိတ် အဖွဲ့ဝင်များနှင့်အတူ အခွင့်အရေးများကို လုယူရန်အတွက် တောင်ပိုင်းနယ်သို့ အတူတူ သွားစေချင်သောကြောင့် ဤနေရာသို့ လာခဲ့ခြင်း ဖြစ်နိုင်ခြေ အများဆုံးပင်။

လုချန်း၏ မျက်နှာပေါ်ရှိ အပြုံးကို တွေ့မြင်လျှင် နတ်သခင် ရှီယွဲ့လည်း သူမ၏ ရည်ရွယ်ချက်ကို လုချန်း ရိပ်မိသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူ့အပြုံးက သူမအပေါ် လက်တစ်လုံးခြား အသာစီးရထားကြောင်း သေချာနေသည့်အလား ပြသနေသဖြင့် သူမကို အနည်းငယ် မကျေမနပ် ဖြစ်သွားစေသည်။

သို့သော်လည်း သူမသည် နောက်ဆုံးတွင် စိတ်ကို ထိန်းချုပ်လိုက်ပြီး

“ရှင်က နတ်ဧကရာဇ်တစ်ပါးရဲ့ အခွင့်အရေးတွေကို စိတ်မဝင်စားဘူးလား”

ဟု မေးလိုက်၏။

လုချန်းက ပခုံးတစ်ချက်တွန့်ကာ

“ကျုပ် စိတ်ဝင်စားရင်တောင် အဲဒီအခွင့်အရေးတွေကို ရဖို့ အသက်ရှင်ကျန်ရစ်ဦးမှ ဖြစ်မှာပါ။ အဲဒီအခွင့်အရေးတွေကို နတ်ဧကရာဇ်တစ်ပါး ကျောထောက်နောက်ခံပြုထားတဲ့ နဝမကောင်းကင်တက္ကသိုလ်က မျက်စိကျနေတာ။ ခင်ဗျားက နတ်ဧကရာဇ်တစ်ပါးကို တကယ် ဆန့်ကျင်နိုင်မယ်လို့ ထင်နေတာလား။”

နတ်သခင် ရှီယွဲ့က

“ကျွန်မတို့ နတ်ဧကရာဇ်တစ်ပါးကို မဆန့်ကျင်ရဲတာကတော့ အမှန်ပဲ။ ဒါပေမဲ့ နတ်ဧကရာဇ်တစ်ပါး ချန်ထားခဲ့တဲ့ အခွင့်အရေးတွေက အများကြီး ရှိနေတာ။ နဝမကောင်းကင်တက္ကသိုလ်ကလည်း နတ်ဧကရာဇ် ချန်ထားခဲ့တဲ့ ရတနာအားလုံးကို လက်ဝါးကြီးအုပ် ရှာတွေ့နိုင်မှာ မဟုတ်ဘူး။”

“နောက်ပြီး နတ်ဧကရာဇ် နေထိုင်ခဲ့တဲ့ ကမ္ဘာငယ်ဟာ ကန့်သတ်ချက်တွေနဲ့ ထောင်ချောက်တွေ အမြောက်အမြားနဲ့ ပြည့်နှက်နေမှာ ဧကန်မုချပဲ။ ဒါကြောင့် နဝမကောင်းကင်တက္ကသိုလ်က သူတို့အတွက် ဓားစာခံလို လမ်းရှင်းပေးမယ့်သူတွေကို လိုအပ်နေတာပေါ့။”

“ဒီသတင်းက ကျွန်မတို့ရဲ့ သူလျှိုတွေ စုံစမ်းလို့ ပေါက်ကြားလာတာလို့ ရှင်ထင်နေသလား။ ထင်ရှားတာကတော့ နဝမကောင်းကင်တက္ကသိုလ်က တခြားအင်အားစုတွေကို လမ်းရှင်းခိုင်းဖို့အတွက် ဒီသတင်းကို တမင်သက်သက် ထုတ်လွှင့်လိုက်တာပဲ။”

ထျန်းရန် နတ်ဘုရား နယ်မြေအတွင်းရှိ အင်အားစုများသည် နဝမကောင်းကင်တက္ကသိုလ်၏ လှုပ်ရှားမှုများကို မျက်ခြေမပြတ် စောင့်ကြည့်နေကြသော်လည်း ၎င်းတို့ အများဆုံး သိနိုင်သည်မှာ နဝမကောင်းကင်တက္ကသိုလ်မှ လူများ တောင်ပိုင်းနယ်သို့ ဦးတည်သွားနေကြသည်ဟူသောအချက်သာ ဖြစ်သည်။

နတ်ဧကရာဇ်တစ်ပါး ကျဆုံးသွားသည်ဟူသည့် သတင်းမျိုးမှာ နဝမကောင်းကင်တက္ကသိုလ်က တမင် ဖြန့်ဝေလိုက်ခြင်း ဖြစ်ကြောင်း ရှင်းလင်းလှသည်။ မဟုတ်ပါက အခြားအင်အားစုများသည် နတ်ဧကရာဇ်တစ်ပါး ကျဆုံးခြင်းကို ဘာမှသိနိုင်မည်မဟုတ်သလို တောင်ပိုင်းနယ်၏ ကစဉ့်ကလျား နယ်မြေထဲတွင် ကမ္ဘာငယ်အဝင်အဝတစ်ခု ရှိနေကြောင်းကိုလည်း သိနိုင်မည်မဟုတ်ပေ။

နတ်သခင် ရှီယွဲ့၏ စကားကို သေချာနားထောင်ပြီးနောက် လုချန်း ခဏခန့် စဉ်းစားလိုက်ကာ သူမ၏ ခန့်မှန်းချက် အတော်လေး အကျိုးအကြောင်းဆီလျော်သည်ဟု ယူဆလိုက်သည်။

သို့သော် ဖုံးကွယ်မထားပဲ အမှန်အတိုင်းပြောရလျှင် နဝမကောင်းကင်တက္ကသိုလ်က အခြားအင်အားစုများကို “နတ်ဧကရာဇ်” ၏ ကမ္ဘာငယ်ထဲသို့ တံခါးဖွင့် ဝင်ခွင့်ပြုမည်ဆိုလျှင်ပင် သူတို့သည် နတ်ဧကရာဇ်တစ်ပါး၏ အခွင့်အရေးများကို စိတ်ဝင်စားမှု မရှိကြောင်း ပြသနေခြင်းပင်။

အဆုံးစွန်၌ သူ့တွင် စနစ်တစ်ခု ရှိနေပြီး ထိုစနစ်မှတစ်ဆင့် သူသည် သူတော်စင် အဆင့် နတ်ကျင့်စဉ်များနှင့် နတ်လက်နက်များကို စိတ်တိုင်းကျ ရယူနိုင်သည်။ ထို့ကြောင့် နတ်ဧကရာဇ်တစ်ပါး ချန်ထားခဲ့သော ကမ္ဘာငယ်ကို လိုက်လံရှာဖွေရင်း အချိန်ဖြုန်းနေရန် မလိုအပ်ပေ။

နတ်သခင် ရှီယွဲ့ ပြောသကဲ့သို့ နတ်ဧကရာဇ် ချန်ထားခဲ့သော ကမ္ဘာငယ်သည် ကန့်သတ်ချက်များနှင့် ပြည့်နှက်နေသည်။ သူ၏ကိုယ်ပွား မမျှော်လင့်ထားသော ဘေးအန္တရာယ်များနှင့် ကြုံတွေ့ရမည်ကို မစိုးရိမ်သော်လည်း ထိုနေရာသို့ ဝင်ရောက်ခြင်းက တကယ်ပင် ဒုက္ခများလှပေလိမ့်မည်။

ထိုအချိန်တွင် လုချန်းက

“နဝမကောင်းကင်တက္ကသိုလ်က တခြားအင်အားစုတွေကို ဓားစာခံလို လမ်းရှင်းခိုင်းဖို့ ဒီသတင်းကို ထုတ်ပြန်ခဲ့တာကို ခင်ဗျားလည်း ကွက်ကွက်ကွင်းကွင်း သိနေတာပဲ။ အကယ်၍ ကောင်းတဲ့အရာတွေ တကယ်ရှိနေရင်လည်း နဝမကောင်းကင်တက္ကသိုလ်က လူတွေကပဲ အကုန်ယူသွားမှာ။ ခင်ဗျားတို့အတွက် ဘာမှကျန်မှာ မဟုတ်ဘူး။ ခင်ဗျားလည်း အချိန်မဖြုန်းတာ ပိုကောင်းလိမ့်မယ်။”

လုချန်းက နတ်ဧကရာဇ်၏ ကမ္ဘာငယ်ကို စိတ်ဝင်စားမှုမရှိသည်ကို တွေ့မြင်လျှင် နတ်သခင် ရှီယွဲ့၏ မျက်နှာအမူအရာ အနည်းငယ် တည်တံ့သွားပြီး

“အဲဒီကမ္ဘာငယ်ထဲမှာ ကျွန်မနဲ့သက်ဆိုင်တဲ့ အခွင့်အရေးတစ်ခု ရှိနေတယ်လို့ ကျွန်မစိတ်ထဲမှာ ကြိုတင်သိမြင်မှုတစ်ခု ရှိနေတယ်။”

ထိုစကားကို ကြားလျှင် လုချန်းသည် နတ်သခင် ရှီယွဲ့၏ လှပသော မျက်နှာကို စိုက်ကြည့်လိုက်ပြီး သူမ နောက်ပြောင်နေခြင်း ရှိမရှိကို သူမ၏ မျက်နှာအမူအရာမှတစ်ဆင့် ခွဲခြားသိရန် ကြိုးစားလိုက်သည်။

အမှန်စင်စစ်လည်း နတ်သခင်များသည် အချို့သောအရာများကို ခံစားသိနိုင်သည်။ ကောင်းကင်လျှို့ဝှက်ချက်ကို တွက်ချက်နိုင်စွမ်း မရှိလျှင်ပင် ၎င်းတို့သည် ဆိုက်ရောက်လာတော့မည့် အသက်ဘေး အကျပ်အတည်းကဲ့သို့သော အနာဂတ် ဖြစ်ရပ်အချို့ကို ကြိုတင်ခံစားနိုင်ကြသည်။

ထို့ကြောင့် နတ်သခင်တစ်ပါး၏ စိတ်အာရုံခံစားမှုသည် အလွန်ပင် အရေးကြီးလှသည်။

လုချန်းက ရွှန်းရွှန်းစားစား ပြုံးလျက်

“ခင်ဗျားက ခင်ဗျားနဲ့သက်ဆိုင်တဲ့ အခွင့်အရေးကို ကြိုတင်ခံစားမိနေမှတော့ သားရဲမဟာမိတ်က လူတွေနဲ့အတူ ဘာလို့မသွားတာလဲ။ ဒါတွေကို ကျုပ်ကို ဘာလို့ လာပြောနေရတာလဲ။ ခင်ဗျား ထွက်သွားပြီးရင် သားရဲမဟာမိတ် ဖရိုဖရဲ မတည်မငြိမ် ဖြစ်သွားမှာကို စိုးရိမ်လို့ ကျုပ်ကို ကူညီစောင့်ရှောက်ပေးစေချင်တာလား။”

လုချန်း၏ စကားကို ကြားလျှင် နတ်သခင် ရှီယွဲ့၏ မျက်ခုံးများ ပိုပြီး တွန့်သွားသည်။ ဤမြေခွေးအိုလို လူယုတ်မာသည် သူမ ယနေ့ ဘာကြောင့် လာခဲ့သည်ကို ရှင်းရှင်းလင်းလင်း သိနေပါလျက်နှင့် ဘာမှမသိသလိုမျိုး ဟန်ဆောင်နေခြင်း ဖြစ်၏။

နတ်သခင် ရှီယွဲ့က ဖုံးကွယ်မထားပဲ ပွင့်ပွင့်လင်းလင်းပင်

“ကျွန်မက ရှင့်ကို ကျွန်မနဲ့အတူ အဲဒီနတ်ဧကရာဇ် ချန်ထားခဲ့တဲ့ ကမ္ဘာငယ်ကို သွားရောက် ရှာဖွေစေချင်တာ။”

လုချန်းက ချက်ချင်းပင်

“ကျုပ် မသွားဘူး”

ဟု တုံ့ပြန်လိုက်၏။

လုချန်းက စဉ်းစားပင်မစဉ်းစားပဲ ချက်ချင်းငြင်းပယ်လိုက်သည်ကို တွေ့မြင်လျှင် နတ်သခင် ရှီယွဲ့ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး

“ဒါက ရုပ်သေးကိုယ်ထည်တစ်ခုပဲလေ။ ရှင်က သေရမှာကို ကြောက်နေတာလား။”

လုချန်းက

“ကျုပ်က ရေမရတဲ့ နေရာမှာ ရေတွင်းတူးသလို အဓိပ္ပာယ်မရှိတဲ့အရာတွေပေါ်မှာ စွမ်းအားနဲ့ အချိန်တွေကို မဖြုန်းတီးချင်ရုံတင်ပါ။ ပြီးတော့ ကျုပ်က နတ်ဧကရာဇ်ရဲ့ အခွင့်အရေးတွေကိုလည်း သိပ်စိတ်ဝင်စားတာ မဟုတ်ဘူး။ ပြီးတော့ နဝမကောင်းကင်တက္ကသိုလ်က လူတွေလည်း ရှိနေတာဆိုတော့ ကျုပ် အခွင့်အရေး တချို့ ရခဲ့ရင်တောင် သူတို့ကပဲ လုယူသွားမှာ။ ဒါက လေထဲတိုက်အိမ်သွားဆောက်သလို အချည်းနှီး ဖြစ်မယ့် ခရီးစဉ်ပဲ။ ဘာအကျိုးအမြတ်မှ မရှိပဲနဲ့ ကျုပ်က ဘာလို့ အဲဒီကမ္ဘာငယ်ကို သွားရှာရမှာလဲ။”

လုချန်း၏ စကားထဲမှ ဆိုလိုရင်းကို နတ်သခင် ရှီယွဲ့ ချက်ချင်းပင် ကွင်းကွင်းကွက်ကွက် သဘောပေါက်လိုက်သည်။ ဤမြေခွေးအိုလို လူယုတ်မာသည် ငါးကြင်းဆီနဲ့ ငါးကြင်းကြော်ဖို့ အကျိုးအမြတ် တောင်းဆိုနေခြင်း ဖြစ်သည်။

နတ်သခင် ရှီယွဲ့က ကွေ့ဝိုက်မနေပဲ

“ရှင် ဘာလိုချင်တာလဲ။ ပွင့်လင်းလင်းသာ ဗြောင်ပြောလိုက်စမ်းပါ”

ဟု မေးလိုက်၏။

လုချန်းက ကောက်ကျစ်စွာ အနည်းငယ် ပြုံးလိုက်ပြီး နတ်သခင် ရှီယွဲ့၏ ဖြူဝင်းသော မျက်နှာကို ကြည့်ကာ

“ကျုပ် အလိုရှိတဲ့အရာကို နတ်သခင် ရှီယွဲ့ သိပြီးသား ဖြစ်ရမှာပါ။”

လုချန်း၏ စကားကို ကြားလျှင် နတ်သခင် ရှီယွဲ့သည် သူမ၏ နတ်စွမ်းအားများကို မထိန်းချုပ်နိုင်ပဲ မီးတောင်ပေါက်ကွဲသလို ပေါက်ကွဲထွက်စေခဲ့ပြီး သူမထံမှ နတ်သခင်တစ်ပါး၏ ဖိအားများ ထွက်ပေါ်လာ တော့သည်။

သို့သော်လည်း ခဏခန့်အတွင်းမှာပင် နတ်သခင် ရှီယွဲ့သည် ထိုဖိအားများကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး သူမ၏ ဒေါသကို ထိန်းချုပ်ရန် ကြိုးစားကာ

“အဲဒီတောင်းဆိုချက်က ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ ရှင်သိသင့်တယ်။ တခြားတစ်ခုကိုပဲ ရွေးချယ်လိုက်ပါ။”

လုချန်း လိုက်မည်ဆိုလျှင်ပင် ဤအရာသည် အကူအညီတစ်ခုမျှသာ ဖြစ်၏။ သူမ တောင်ပိုင်းနယ်သို့ သွားလျှင်တောင် သူမ မျှော်လင့်ထားသည့် အခွင့်အရေးကို ရချင်မှ ရရှိလိမ့်မည်။ လုချန်းထံမှ အကူအညီတစ်ခု ရယူရန်အတွက် သူမ၏ ခန္ဓာကိုယ်ကို မည်သို့ ပေးအပ်နိုင်မည်နည်း။

အဆုံးစွန်၌ သူမသည် မြင့်မြတ်သော နတ်သခင်တစ်ပါး ဖြစ်ပြီး ဤမျှအထိ ဈေးမပေါပေ။

--

………….

All Chapters