← Chapters

အခန်း ၁၉၆၁

Vol. 131 Ch. 1961

အခန်း ၁၉၆၁

Vol. 131 Ch. 1961

အခန်း (၁၉၆၁)

တစ်နေရာတည်းမှ လာသူများ

နတ်သခင် ရှီယွဲ့ ခဏခန့် စဉ်းစားတွေးတောလိုက်ပြီးနောက် လုချန်းကို

“ကျွန်မ အထဲကို နောက်တစ်ခေါက် ထပ်ဝင်ဖို့ အစီအစဉ်ရှိတယ်။”

ထိုမဟာစွမ်းအားကြီးပုဂ္ဂိုလ် တကယ် သေဆုံးသွားခြင်း မဟုတ်နိုင်ကြောင်း သူမ ခန့်မှန်းထားသော်လည်း ထိုကမ္ဘာငယ်အတွင်း၌ သူမအတွက် အခွင့်အရေးတစ်ခု ဧကန်မုချ ရှိနေလိမ့်မည်ဟူသော သူမ၏ အလိုလိုသိစိတ်ကို နတ်သခင် ရှီယွဲ့ ယုံကြည်နေမိသည်။

ယခုအခါ ထျန်းရန် နတ်ဘုရား နယ်မြေတွင် နတ်ဧကရာဇ်တစ်ပါး ရှိနှင့်နေပြီဖြစ်ရာ ထျန်းရန် နတ်ဘုရား နယ်မြေ၏ ကံစွမ်းအားမှာ ငါးသာများ၍ ရေမတွေ့သကဲ့သို့ အကန့်အသတ် ရှိနေခဲ့ပြီ ဖြစ်သည်။

ဧကရာဇ်အဆင့်သို့ တက်ရောက်ရန် အတွက် ကံစွမ်းအားအပေါ် မှီခိုသည့် နည်းလမ်း အလုပ် မဖြစ်နိုင်တော့သဖြင့် သူမအနေနှင့် လမ်းဟောင်းကိုစွန့်၍ အခြားနည်းလမ်းတစ်ခုကို ရှာဖွေရမည်သာ ဖြစ်၏။

သူမတွင် အဆင့်တက်ရန် အခြားနည်းလမ်းတစ်ခု ရှိပြီးသား ဖြစ်သော်လည်း အတားအဆီးကို ဖြတ်ကျော်ကာ စစ်မှန်သော အမြီးကိုးခု ကောင်းကင်မြေခွေးတစ်ကောင်အဖြစ် အဆင့်ချိုးဖျက်မည် ဆိုပါကလည်း အချို့သော အခွင့်အရေးများကို လိုအပ်နေသေးသည်။

အကယ်၍ ကျင့်ကြံခြင်းသက်သက်အပေါ်တွင်သာ မှီခိုနေမည်ဆိုပါက မည်သည့်အချိန်ကျမှ နတ်ဧကရာဇ်အဆင့်သို့ အောင်မြင်စွာ တက်ရောက်နိုင်မည်ကို သူမ မသိနိုင်ပေ။

ထိုကမ္ဘာငယ်မှာ သားရဲတွင်းကဲ့သို့ အန္တရာယ်များဖြင့် ပြည့်နှက်နေသော်လည်း သူမအား အမြီးကိုးခု ကောင်းကင်မြေခွေးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲပေးစေနိုင်မည့် အခွင့်အရေးတစ်ခု ရှိနေနိုင်ပါက စွန့်စားရကျိုး နပ်သည်။

နတ်သခင် ရှီယွဲ့က အထဲသို့ နောက်တစ်ကြိမ် ဝင်လိုသည်ကို တွေ့မြင်လျှင် လုချန်းက

“ကောင်းပြီ... ကျုပ်လည်း လိုက်ခဲ့မယ်။ အကယ်၍ ကျုပ် တို့ အဲဒီမဟာစွမ်းအားကြီးပုဂ္ဂိုလ် ကျန်ရှိနေတဲ့ ဝိညာဉ်နဲ့ တကယ်ဆုံခဲ့ရင် ကျုပ် ချက်ချင်း ‘ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံ’ ကို တည်ဆောက်လိုက်မယ်။”

မည်သို့ပင်ဆိုစေ နတ်သခင် ရှီယွဲ့သည် စနစ်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီသော အမျိုးသမီးတစ်ဦး ဖြစ်နေသဖြင့် လုချန်းအနေနှင့် သူမ အန္တရာယ်တောထဲသို့ စွန့်စားဝင်ရောက်သွားသည်ကို ဘာမှမလုပ်ပဲ ဒီတိုင်း ကြည့်မနေနိုင်ပေ။ သူ ဧကန်မုချ ကူညီပေးရန် လိုအပ်သည်။

ထို့ပြင် သူသည် ထိုခန္ဓာကိုယ်နှင့် နတ်အာရုံ ချိတ်ဆက်မှုကို စောင်းကြိုးပြတ်သကဲ့သို့ ချက်ချင်း ဖြတ်တောက်နိုင်စွမ်း ရှိသဖြင့် အကယ်၍ ထိုနေရာတွင် သူ၏ နတ်ဝိညာဉ်ကို ဖျက်ဆီးလိုသော မဟာစွမ်းအားကြီးပုဂ္ဂိုလ်၏ ကျန်ရှိနေသည့် ဝိညာဉ် တကယ် ရှိနေလျှင်ပင် ၎င်းအတွက် အလွန် ခက်ခဲသော အလုပ်တစ်ခု ဖြစ်ပေလိမ့်မည်။

သူ၏ ခန္ဓာကိုယ်ကို ပူးကပ်၍ ပြန်လည်ဝင်စားခြင်း ပြုသွားမလား ဆိုသည့်အချက်ကိုလည်း သူမစိုးရိမ်ပေ။ သူ၏ ကိုယ်ထည်မှာ လူနတ်ကိုယ်ထည်မျှသာ ဖြစ်သောကြောင့် ထိုခန္ဓာကိုယ်၌ ပြန်လည်ဝင်စားခြင်းက မည်သည့် အကျိုးအမြတ်မှ ရှိမည်မဟုတ်ပေ။

ထို့နောက် သူတို့နှစ်ဦးစလုံးသည် မျက်လုံးများကို ထပ်မံ မှိတ်လိုက်ကြရာ မကြာမီမှာပင် သူတို့၏ အသိစိတ်များ သူတို့၏ ကိုယ်ပွားများဆီသို့ ပြန်လည်ရောက်ရှိသွားတော့၏။

သူတို့၏ အသိစိတ်များ ကိုယ်ပွားများထံ ပြန်ရောက်သွားသည့်အခါ ယခင်က မြင်တွေ့ခဲ့ရသည့် အလောင်းတောင်နှင့် သွေးပင်လယ်ကြီးမှာ လုံးဝ ပျောက်ကွယ်သွားပြီး သူတို့၏ မျက်စိရှေ့တွင် ခမ်းနားထည်ဝါလှသော နန်းတော်ကြီးတစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။

သူတို့နှစ်ဦးသည် ပတ်ဝန်းကျင်ကို ကြည့်ရှုရန် ချက်ချင်း လှည့်လိုက်ကြသော်လည်း မည်သည့် ဝိညာဉ်၏ အငွေ့အသက်ကိုမှ စိုးစဉ်းမျှ မတွေ့ရ။

နတ်သခင် ရှီယွဲ့သည် နန်းတော်အား နတ်အာရုံဖြင့် စမ်းသပ်စစ်ဆေးရန် ထပ်မံ ကြိုးပမ်းကြည့်သော်လည်း နတ်အာရုံကို သုံးခြင်းက မျက်စိမှိတ်၍ လမ်းလျှောက် နေရသကဲ့သို့ ဘာမှစူးစမ်း၍ မရသေးသဖြင့် နန်းတော်အတွင်း၌ ဘာရှိနေသည်ကို သူမ မသိနိုင်သေးပေ။

ထို့နောက် နတ်သခင် ရှီယွဲ့က လုချန်းအား

“အဲဒီနန်းတော်တွေကို သွားကြည့်ရအောင်”

“ကောင်းပြီ။”

ထို့နောက်တွင် သူတို့နှစ်ဦးသည် အပြိုင်အဆိုင်ပင် အဝေးရှိ နန်းတော်အုပ်စုဆီသို့ လျှောက်လှမ်းသွားကြ၏။

ထိုအချိန်တွင် နန်းတော်ဆီသို့ ဦးတည်ထားပြီး နတ်ရွှေဖြင့် ပြုလုပ်ထားသော ပင်မလမ်းမကြီးသည် သူတို့နှစ်ဦးကို လမ်းညွှန်ပြသနေသည့်အလား ရွှေရောင်အလင်းတန်းများ ဝင်းပစွာ ဖြာထွက်နေသည်။

ရွှေရောင်အလင်းများ လင်းလက်နေသော လမ်းကို တွေ့မြင်လျှင် နတ်သခင် ရှီယွဲ့နှင့် လုချန်းတို့သည် ဤနန်းတော်အတွင်း၌ တစ်မျိုးမျိုးသော ဝိညာဉ် ရှိနေရမည်ဟု ကောင်းစွာ သဘောပေါက်လိုက်ကြသည်။

၎င်းမှာ ကျန်ရှိနေသော ဝိညာဉ် သို့မဟုတ် ရတနာဝိညာဉ်တစ်ခု ဖြစ်နိုင်၏။ မည်သို့ပင်ဆိုစေ တစ်စုံတစ်ခုက ဤကမ္ဘာငယ်အတွင်းရှိ အရာအားလုံးကို ထိန်းချုပ်နေခြင်း ဖြစ်သည်။

သို့သော် ဤအရာက အံ့ဩစရာ မဟုတ်ပေ။

လျှို့ဝှက်နယ်မြေများတွင် ဖြစ်စေ၊ မဟာစွမ်းအားကြီးပုဂ္ဂိုလ်များ ချန်ထားခဲ့သော အမွေအနှစ်နေရာများတွင် ဖြစ်စေ ကျန်ရှိနေသော ဝိညာဉ်များ သို့မဟုတ် ရတနာဝိညာဉ်များ ဧကန်မုချ ရှိနေတတ်စမြဲ ဖြစ်သည်။

ယေဘုယျအားဖြင့် အမွေအနှစ်ကို ယူဆောင်သွားပြီးနောက် ကျန်ရှိနေသော ဝိညာဉ် သို့မဟုတ် ရတနာဝိညာဉ်သည်လည်း မီးခိုးလို ပျောက်ကွယ်သွားလိမ့်မည်။

သူတို့နှစ်ဦးသည် ခြေလှမ်းများကို အရှိန် မြှင့်တင်ကာ ရွှေရောင်လင်းနေသော လမ်းအတိုင်း နန်းတော်အတွင်းသို့ လိုက်ပါဝင်ရောက်သွားကြသည်။

နန်းတော်ကြီးသည် နတ်ဂိုဏ်းကြီးများ၏ နန်းတော်များကဲ့သို့ပင် အလွန် ကျယ်ဝန်းလှသော်လည်း လုချန်းတို့သည် ထိုနန်းတော်များထဲသို့ တန်းဝင်မသွားပဲ အောက်ခြေရှိ ရွှေရောင်လမ်းအတိုင်းသာ ဆက်လက် လျှောက်လှမ်းခဲ့ကြသည်။

သူတို့ တစ်လခန့် လျှောက်လှမ်းပြီးနောက်တွင် ရွှေရောင်လမ်း၏ အဆုံးသို့ ရောက်ရှိသွားကာ ထိုနေရာ၌ တောင်ကြီးသဖွယ် ခံ့ညားထည်ဝါသော နန်းတော်ကြီးတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။

နန်းတော်၏ ဘေးတစ်ဖက်တစ်ချက်စီတွင် အမြင့် မီတာ တစ်ရာကျော်ရှိသော ရွှေရောင်ရုပ်တုကြီး နှစ်ရုပ် ရှိနေပြီး တစ်ခုမှာ လူသားရုပ်တုဖြစ်ကာ အခြားတစ်ခုကတော့ ဖီးနစ်ငှက်နှင့် တူပုံရသည်။

လုချန်းနှင့် နတ်သခင် ရှီယွဲ့တို့သည် နန်းတော်၏ အဝင်ဝတွင် ခဏခန့် ရပ်နေကြပြီး ချက်ချင်း အထဲသို့ လှမ်းမဝင်ကြသေးပေ။

နန်းတော်အတွင်း၌ တစ်စုံတစ်ခုသော အန္တရာယ် ရှိနေနိုင်သည်ဟု သူတို့ ကြိုတင်သိမြင်နေကြပြီး နန်းတော်နောက်ကွယ်မှ တည်ရှိမှုသည် သူတို့အား ရည်ရွယ်ချက်ရှိရှိဖြင့် ငါးစာချ ဆွဲဆောင်ခေါ်ယူခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။

အဝင်ဝတွင် အတန်ကြာ ရပ်နေပြီးနောက် လုချန်းက နတ်သခင် ရှီယွဲ့ကို

“ခင်ဗျား အထဲဝင်ပြီး သွားကြည့်ချင်လား”

ဟု စမေးလိုက်သည်။

နတ်သခင် ရှီယွဲ့က စိတ်ကိုအေးချမ်းစွာထားကာ တည်ငြိမ်စွာဖြင့်

“ဒီအထိ ရောက်လာမှတော့ ဘာလို့ မသွားရမှာလဲ”

ဟု ဆိုလိုက်၏။

ထိုစကားများနှင့်အတူ နတ်သခင် ရှီယွဲ့သည် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ပြီး သူမ၏ ရှေ့မှောက်ရှိ ခံ့ညားထည်ဝါသော နန်းတော်ကြီးဆီသို့ တိုက်ရိုက် လျှောက်လှမ်းသွားတော့သည်။

နတ်သခင် ရှီယွဲ့ အထဲဝင်သွားသည်ကို တွေ့မြင်လျှင် လုချန်းလည်း အရိပ်ပမာ နောက်မှ ထပ်ချပ်မကွာ လိုက်သွားခဲ့သည်။

နန်းတော်နောက်ကွယ်မှ အရာက သူတို့အား ဤနေရာသို့ အဘယ်ကြောင့် ဆွဲဆောင်လိုနေသလဲဟု သူလည်း အလွန် စိတ်ဝင်စားနေမိသည်။

မကြာမီမှာပင် သူတို့နှစ်ဦးသည် ကြီးမားလှသော ခန်းမကြီးအတွင်းသို့ ဝင်ရောက်လာကြသည်။

ခန်းမတစ်ခုလုံးမှာ ဗလာကျင်းနေပြီး မည်သည့် ပရိဘောဂမှ ရှိမနေပေ။

ဒါက...

လုံးဝ ဗလာကျင်းနေသော ခန်းမကြီးကို တွေ့မြင်လိုက်ရသဖြင့် သူတို့နှစ်ဦးစလုံး ကြက်သေ သေကာ မှင်တက်သွားကြသည်။

နန်းတော်နောက်ကွယ်က တည်ရှိမှုက သူတို့အား ဘာမှမရှိသော နေရာတစ်ခုဆီသို့ ရောက်အောင် တမင်ဆွဲဆောင်ခဲ့ခြင်းလား။

ဒါဆို သူတို့ကို ဒီနေရာကို ဘာလို့ ခေါ်လာတာလဲ။

သူတို့ကို ခေါ်ယူ နောက်ပြောင်တာလား။

ခန်းမကြီးအတွင်း ပတ်ပတ်လည်ကို လုချန်း စေ့စေ့စပ်စပ် ကြည့်ရှုလိုက်ရာ မကြာမီမှာပင် ခန်းမရှိ တိုင်လုံးများပေါ်တွင် ထွင်းထုထားသော အင်းကွက်အချို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့မှာ ကောင်းကင်လှေကား၏ အောက်ခြေရှိ ကျောက်စာတိုင်ပေါ်မှ အင်းကွက်များနှင့် ထပ်တူနီးပါး ဆင်တူနေသည်။

ထိုအခါ သူ့ ထံသို့ ရင်းနှီးသော ခံစားချက်တစ်ခု တိုးဝင်လာပြီး ထိုအင်းကွက်များကို တစ်နေရာရာတွင် ယခင်က တွေ့မြင်ဖူးခဲ့သကဲ့သို့ပင် ဖြစ်နေသည်။

ထိုအခိုက်အတန့်တွင် တိုင်လုံးများပေါ်ရှိ အင်းကွက်များဆီမှ စူးရှတောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး ဖီးနစ်ငှက်၏ ပုံရိပ်တစ်ခု တဖြည်းဖြည်းချင်း ပုံပေါ်လာတော့သည်။

ဤဖီးနစ်ငှက်ပုံရိပ်ကို တွေ့မြင်လျှင် နတ်သခင် ရှီယွဲ့နှင့် လုချန်းတို့ ချက်ချင်းပင် စိုးရိမ်စိတ်ဖြင့် သတိကြီးစွာ ထားလိုက်ကြ၏။

နောက်တစ်ချက်တွင် ဖီးနစ်ငှက်ပုံရိပ်သည် သူတို့နှစ်ဦးကို ကြည့်ကာ လူသားဘာသာစကားဖြင့်

“ကျုပ် နောက်ဆုံးတော့ ကျုပ် ရဲ့ ဇာတိမြေက လူတစ်ယောက်ကို တွေ့နိုင်ခဲ့ပြီပဲ။”

ဖီးနစ်ပုံရိပ် ပြောလိုက်သည့် စကားကို ကြားရလျှင် လုချန်းနှင့် နတ်သခင် ရှီယွဲ့တို့သည် နားမလည်နိုင် ဖြစ်သွားကြသည်။

၎င်း၏ ဇာတိမြေက လူ ဟုတ်လား။

၎င်း၏ ဇာတိမြေက လာသောသူမှာ မည်သူနည်း။

လုချန်း မကြာမီပင် သတိဝင်လာပြီး သူ့ရှေ့မှောက်ရှိ ဖီးနစ်၏ ကျန်ရှိနေသော ဝိညာဉ်ကို သံသယစိတ်ဖြင့် ကြည့်ကာ ဖီးနစ်ပြောသော ၎င်း၏ ဇာတိမြေက လူဆိုတာ သူ့ကို ရည်ညွှန်းခြင်း ဖြစ်နိုင်မလားဟု မတွေးပဲ မနေနိုင်ဖြစ်သွားသည်။

မည်သို့ပင်ဆိုစေကာမူ ကောင်းကင်လှေကားပေါ်တွင် ရှိနေစဉ်အတွင်း သူတစ်ဦးတည်းသာ ထူးခြားသော သတင်းစကားကို ရရှိခဲ့ခြင်းဖြစ်၏။ ထို့ပြင် ထိုတိုင်လုံးများပေါ်ရှိ အင်းကွက်များမှာလည်း သူ့ကို သိသိသာသာ တုံ့ပြန်မှုပေးကာ လှုံ့ဆော်မှု ဖြစ်ပေါ်စေခဲ့ပြီးနောက် ဤဖီးနစ်ငှက်၏ ဝိညာဉ် ပုံပေါ်လာခြင်း ဖြစ်သည်။

ထိုအချိန်တွင် လုချန်းက ကွေ့ပတ်မနေပဲ

“ခင်ဗျားက ဘယ်သူလဲ”

ဟုမေးလိုက်၏။

ဖီးနစ်ဝိညာဉ်သည် လုချန်းကို စေ့စေ့စပ်စပ် အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် မယုံကြည်နိုင်ပုံဖြင့်

“... လူနတ် တစ်ပါးလား”

ဟု ဆိုလိုက်သည်။

“ခင်ဗျားရဲ့ ကျင့်စဉ်အဆင့်က ဘာလို့ လူနတ်အဆင့်ပဲ ရှိနေရတာလဲ။”

ဖီးနစ်ဝိညာဉ်၏ မယုံကြည်နိုင်လောက်အောင် ဖြစ်နေသော အမူအရာကို တွေ့မြင်လျှင် လုချန်းက ခပ်ဖွဖွ ရယ်မောလိုက်ပြီး

“ဒီကမ္ဘာငယ်က နတ်သခင်အဆင့်တွေကို အထဲဝင်ခွင့် ပိတ်ပင်ထားတာလေ။ နတ်သခင်အဆင့်အောက်က ကျင့်ကြံသူတွေကို ပိတ်ထားတာ မဟုတ်ဘူး။ ကျုပ် ရဲ့ ကျင့်ကြံမှုက နတ်သခင်အဆင့်အောက်မှာ ရှိနေတာပဲ။ ကျုပ် ဘာလို့ အထဲဝင်လို့ မရရမှာလဲ။”

ဖီးနစ်ဝိညာဉ်သည် တစ်စုံတစ်ခုကို စဉ်းစားနေသည့်အလား တွေးတောခြင်းထဲသို့ ကျရောက်သွားသည်။

ထိုအခိုက်အတန့်တွင် လုချန်းနှင့် နတ်သခင် ရှီယွဲ့တို့သည် တစ်ပြိုင်နက်တည်း လှည့်ကာ မျက်လုံးထောင့်မှနေ၍ တစ်ဦးကိုတစ်ဦး အပြန်အလှန် ကြည့်လိုက်ကြသည်။

ထို့နောက် နတ်သခင် ရှီယွဲ့က နတ်အာရုံဖြင့်

“ရှင် သူ့ကို သိလို့လား”

ဟု လှမ်းမေးလိုက်သည်။

ဖီးနစ်ကျန်ရှိဝိညာဉ်သည် လုချန်းကို ပို၍ အာရုံစိုက်နေခဲ့တာ ထင်ရှားသဖြင့် သူ့ကို သိနေနိုင်သည်ဟု နတ်သခင် ရှီယွဲ့က သံသယဝင်မိခြင်း ဖြစ်သည်။

လုချန်းက

“ကျုပ်လည်း ဒီကမ္ဘာငယ်ထဲကို ပထမဆုံးအကြိမ် ဝင်ဖူးတာ သူ့ကိုလည်း ပထမဆုံးအကြိမ် တွေ့မြင်ဖူးတာပဲ။ ကျုပ်က သူ့ကို ဘယ်လိုလုပ် သိမှာလဲ”

ဟု တုံ့ပြန်ဖြေကြားလိုက်သည်။

နတ်သခင် ရှီယွဲ့လည်း ဆက်၍ မမေးတော့။

သူမသည် သူရှေ့ရှိ ဖီးနစ်ဝိညာဉ်ထံသို့ ပြန်လှည့်ကြည့်ကာ ၎င်း၏ လှုပ်ရှားမှု တစ်စုံတစ်ရာကိုမဆို မျက်ခြည်မပြတ် သတိကြီးစွာဖြင့် စောင့်ကြည့်နေလိုက်တော့သည်။

အတန်ကြာပြီးနောက်တွင် ဖီးနစ်ဝိညာဉ်က နောက်ဆုံး၌ စကားဆိုလာသည်။

“ဟူး... ထားလိုက်ပါတော့... ကျုပ် ရဲ့ ဇာတိမြေက လူတစ်ယောက်နဲ့ ဆုံတွေ့ခွင့်ရတာတင်ပဲ တော်တော်လေးကို ခက်ခဲလှပါပြီ။”

ထိုအခါ လုချန်းက

“ခင်ဗျားပြောချင်တာက ကျုပ် နဲ့ခင်ဗျားက တစ်နေရာတည်းက လာတာလို့ ပြောချင်တာလား။”

ဖီးနစ်က

“ဟုတ်တယ်... ကျုပ် တို့နှစ်ယောက်လုံးက ပြင်ပလောကက က သတ္တဝါတွေပဲ။”

“အတိအကျ ပြောရရင် ကျုပ် တို့တွေဟာ ဝိညာဉ်နယ်ပယ်လို့ ခေါ်တဲ့ နေရာတစ်ခုကနေ လာကြတာ။”

ဤအရာကို ကြားရလျှင် လုချန်း အလွန် အံ့ဩမသွားခဲ့။ သူ၏ ဇစ်မြစ်သည် ထျန်းရန် နတ်ဘုရား နယ်မြေမှ မဟုတ်နိုင်ကြောင်း သူ အစောကတည်းက သံသယဝင်ခဲ့ဖူးသောကြောင့် ဖြစ်၏။

ထို့နောက် လုချန်းက

“ကျုပ်နဲ့ခင်ဗျားက တစ်နေရာတည်းက လာတာဆိုတာကို ခင်ဗျား ဘယ်လိုမျိုး အတည်ပြုနိုင်တာလဲ။”

--

………….

All Chapters